← Chapters

ဝတ်ရုံနီမီးတစ္ဆေနှင့် ဆုံတွေ့ခြင်း

Vol. 3 Ch. 26

ဝတ်ရုံနီမီးတစ္ဆေနှင့် ဆုံတွေ့ခြင်း

Vol. 3 Ch. 26

“ဪ... ဂိုဏ်းတူအစ်ကို အောင်ထျန်းလုံ ကိုး၊ ကျွန်တော်ကတော့ မော်ရှန်းဂိုဏ်းရဲ့ အဓိကတပည့်သစ် လင်းရန်ယန်ပါ၊ ဂိုဏ်းတူအစ်ကို ယိမေ နဲ့ ဂိုဏ်းတူအစ်ကို စစ်မုတို့ ပြောပြလို့ ဂိုဏ်းတူအစ်ကိုအကြောင်း ကြားဖူးပါတယ် ၊ အခုလို ဆုံရတာ တကယ်ကို တိုက်ဆိုင်လွန်းပါတယ်”

လင်းရန်ယန် သည် ပြုံးရွှင်စွာဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်တော့သည်။

“မင်းက ငါ့ရဲ့ မော်ရှန်းညီငယ်လေး ဖြစ်နေတာကိုး၊ နေပါဦး... ယိမေနဲ့ စစ်မုတို့ရော နေကောင်းကြရဲ့လား”

နှစ်ပေါင်းများစွာ ကွဲကွာနေသော ဂိုဏ်းတူညီအစ်ကိုများ၏ သတင်းကို ကြားရသဖြင့် အောင်ထျန်းလုံ မှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။

“ဟုတ်ကဲ့ ၊ သူတို့အားလုံး နေကောင်းကြပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းကနေ ထွက်သွားကြပါပြီ”

လင်းရန်ယန်က ဦးလေးကိုး၏ ဂိုဏ်းအတွင်း အဆင့်မှာ အောင်ထျန်းလုံထက် သာလွန်သွားပြီ ဖြစ်ကြောင်းကိုမူ အားနာသဖြင့် ထည့်မပြောတော့ပေ။ အောက်ထျန်းလုံ၏ စွမ်းအားမှာလည်း အံ့ဖွယ်ကောင်းလှသည်။ သူသည် မြေကမ္ဘာအရှင်သခင် အဆင့်ကိုးသို့ ရောက်ရှိနေပြီး သူ၏ လက်ထဲမှ မိစ္ဆာသတ်ဓားနှင့်ဆိုပါက ‘ကောင်းကင်အရှင်သခင်’ တစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

“သူတို့ ဂိုဏ်းက ထွက်သွားကြပြီလား ၊ ဒါကတော့ သဘာဝပါပဲလေ၊ စောင့်ရှောက်ရမယ့် အန္တရာယ်ရှိတဲ့ နေရာတွေ များပြားလှတာဆိုတော့လေ”

အောက်ထျန်းလုံက နားလည်စွာဖြင့် ပြောလိုက်သည်။ သူကိုယ်တိုင်သည်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ဂိုဏ်းချုပ်၏ လျှို့ဝှက်အမိန့်ဖြင့် အန္တရာယ်ရှိသော နေရာတစ်ခုကို သွားရောက်စောင့်ရှောက်ခဲ့ရသူ တစ်ဦးပင်ဖြစ်သည်။

“ဒါနဲ့ ညီလေး... မင်း ဘယ်ကို သွားမလို့လဲ၊ တို့သားအဖကတော့ ရှူမြို့ကို သွားမလို့လေ ၊ လမ်းကြုံရင် အတူသွားကြတာပေါ့”

“ကျွန်တော်က ပျောက်ဆုံးနေတဲ့ ‘ရှီးရွှမ်းပန် ကြေးဝါချပ်ဝတ်ဖုတ်ကောင်’ ကို ရှာဖို့ တာဝန်ယူထားတာပါ၊ ဒီနားတစ်ဝိုက်မှာ ရှိနေတယ်လို့ သိရပေမဲ့ ရှာရတာတော့ မလွယ်လှဘူး”

လင်းရန်ယန်က သက်ပြင်းချလျက် ပြောလိုက်ရာ အောက်ထျန်းလုံ၏ မျက်ဝန်းများမှာ တောက်ပသွားတော့သည်။

“ဒါဆိုရင်တော့ အတော်ပဲ၊ ရှူမြို့မှာ ငါ့ရဲ့ ဂိုဏ်းတူညီမ ဝမ်မုန့် ရှိတယ် ၊ သူမက ဗေဒင်နဲ့ တွက်ချက်တဲ့ ပညာမှာ အလွန်ကျွမ်းကျင်တာ၊ သူမကို တွက်ချက်ခိုင်းလိုက်ရင် ဖုတ်ကောင်ရှိတဲ့နေရာကို ချက်ချင်းသိရမှာပေါ့၊ ပြီးတော့ ဒီကြေးဝါချပ်ဝတ်ဖုတ်ကောင်က အစွမ်းထက်တယ် ၊ ငါလည်း ဝိုင်းကူပေးမယ်လေ၊ ဒါမှ နင်ရွှမ်းကို ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ဆပ်ရာရောက်မှာပေါ့”

“ဝါး... တကယ်ကြီးလား ၊ ဒါဆို ကိုကိုလင်းရန်ယန်နဲ့ ကျွန်မတို့ အတူတူ ခရီးသွားရတော့မှာပေါ့”

အောင်နင်ရွှမ်းမှာလည်း ဝမ်းသာအားရ ဖြစ်သွားရသည်။ အသက်ရွယ်တူပြီး စိတ်တူကိုယ်တူရှိသော သူနှင့်အတူ ခရီးသွားရမည်မှာ ပျော်စရာတစ်ခုဟုဆိုလျှင်လည်း မမှာပေ။ ထိုစဉ် လင်းရန်ယန်၏ အသိစိတ်အာရုံထဲ၌ စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာတော့သည်။

“ဒင်... ဇာတ်လမ်းကွက် ဖော်ထုတ်မိပါပြီ - ‘ဝိညာဉ်အာရုံ အထူးတာဝန်’ စတင်ပါပြီ၊ တာဝန် - ဝတ်စုံရုံနီမီးတစ္ဆေကို သုတ်သင်ရန်၊ ဆုလာဘ် - အလိုအလျောက် ဆုလာဘ် ၁၅ ခု ၊ အလယ်အလတ်အဆင့် ကောင်းကင် ကျင့်စဉ် တစ်ခုနှင့် အခြားသော ပစ္စည်းများ”

လင်းရန်ယန်က စိတ်ထဲ၌ ကြိတ်၍ ဝမ်းသာသွားသည်။ တစ်ဆက်တည်းမှာပင် သူက ယခင်က သတ်ခဲ့သော မိစ္ဆာအတွက် ဆုလာဘ်များကိုလည်း တောင်းဆိုလိုက်ရာ လေဓာတ်ခန္ဓာ ဆုလာဘ်များ ရရှိလိုက်သဖြင့် သူ၏ လေဓာတ်စွမ်းအားမှာ တတိယအဆင့်သို့ မြင့်တက်သွားတော့သည်။

“ဒါဆိုရင်တော့ ဂိုဏ်းတူအစ်ကို့ ကို အားကိုးရတော့မှာဘဲ ကျွန်တော်လည်း ဘယ်လိုရှာရမလဲ စိတ်ညစ်နေတာနဲ့ အတော်ပဲ” လင်းရန်ယန်က ပျော်ရွှင်သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။

“နေဦး... နေဦး... ဖေဖေ ၊ သမီးအတွက် ရေသွားခပ်တာ ဘယ်မှာလဲ”

အောင်နင်ရွှမ်းက လင်းရန်ယန်တို့ စကားဝိုင်းကိုဖြတ်ကာ သူမ၏ ဖခင်ကို လှမ်းမေးလိုက်သည်။ သူမမှာ လူဝံကြီးနှင့် ပြေးလွှားခဲ့ရသဖြင့် အာခေါင်များပင် ခြောက်ကပ်နေပြီဖြစ်သည်။ အောင်ထျန်းလုံမှာမူ ရေဘူးကို လမ်းမှာ ဖိတ်စင်ခဲ့သဖြင့် မျက်နှာငယ်လေး ဖြစ်နေရှာသည်။

“ရေလား... ကျွန်တော့်ဆီမှာ ရှိပါတယ်”

လင်းရန်ယန်က သူ၏ သိုလှောင်လက်စွပ်အတွင်းမှ သစ်သားဓာတ်စွမ်းအားများ ပါဝင်ပြီး ချိုမြိန်လှသည့် ရေဘူးတစ်ဘူးကို ထုတ်ပေးလိုက်သည်။ အောင်နင်ရွှမ်းမှာ ရေငတ်နေသဖြင့် တစ်ကျိုက်တည်းနှင့် ကုန်အောင် မော့သောက်လိုက်တော့သည်။ သို့သော် သောက်ပြီးမှသာ ဤရေဘူးမှာ လင်းရန်ယန်၏ ရေဘူးဖြစ်ကြောင်း သတိရသွားကာ ပါးပြင်လေးများ ရဲတက်သွားတော့သည်။

‘ဒုက္ခပဲ... ငါ ကိုကိုလင်းရန်ယန်ရဲ့ ရေဘူးကို သောက်မိသွားပြီ၊ ဖေဖေပြောဖူးတာ ယောကျ်ားနဲ့ မိန်းမ နမ်းမိရင် ဗိုက်ကြီးတတ်တယ်ဆိုတော့... အခုက သွယ်ဝိုက်ပြီး နမ်းလိုက်သလို ဖြစ်သွားတာလား’

သူမသည် စိုးရိမ်တကြီးဖြင့် မိမိ၏ ဝမ်းဗိုက်ကို ပြန်လည် စမ်းသပ်နေခဲ့သည်။ လင်းရန်ယန်ကမူ သူမ ဘာဖြစ်နေမှန်း မသိဘဲ ရေဘူးထဲသို့ ရေများ ထပ်မံဖြည့်တင်းပေးလိုက်သည်။

“ကဲ... ရေသောက်လို့ ဝပြီဆိုရင်တော့ ခရီးဆက်ကြရအောင်၊ ဒီတောင်ကြီးကို ကျော်လိုက်ရင် ဂိုဏ်းတူညီ ကျူးကော့ခုံဖျင် ရဲ့ အိမ်ကို ရောက်ပြီ၊ ဒါပေမဲ့ မရောက်ခင်မှာ ညီလေးကို လက်ဆောင်ကြီးတစ်ခု ပေးရဦးမယ်”

အောင်ထျန်းလုံက ရှေ့ရှိ တောင်ကြီးကို ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။ ထိုတောင်မှာ ‘သင်္ချိုင်းတောင်’ ဟု အမည်ရပြီး ‘ဝတ်ရုံနီမီးတစ္ဆေ’ ကြီး စိုးမိုးထားသော နေရာဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ ‘ဝိညာဉ်ဘုရင်’ အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသည်။

“ဝတ်ရုံနီမီးတစ္ဆေ ဟုတ်လား ၊ မော်ရှန်းဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ တွေ့ဖူးပါတယ် ၊ အခုလို တိုက်ခိုက်ခွင့်ရတာ တကယ်ကို စိတ်လှုပ်ရှားစရာပဲ”

လင်းရန်ယန်က ပြောလိုက်သည်။ ထိုမီးတစ္ဆေမှာ လူသားဘဝတုန်းက မီးဓာတ်ခန္ဓာ ပိုင်ဆိုင်ခဲ့သော မိစ္ဆာကျင့်ကြံသူ တစ်ဦး ဖြစ်သဖြင့် သာမန် ဝိညာဉ်ဘုရင် တစ်ပါးနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။

သူတို့ သားအဖနှင့် လင်းရန်ယန်တို့ သင်္ချိုင်းတောင်ပေါ်သို့ တက်လာစဉ် တောင်ထိပ်ရှိ ဂူအတွင်း၌ ဝတ်ရုံနီမီးတစ္ဆေကြီးမှာ ဦးခေါင်းခွံများဖြင့် ပြုလုပ်ထားသော ရာဇပလ္လင်ပေါ်၌ ထိုင်နေ၏။ သူမ၏ လက်အောက်ခံ ဝိညာဉ်များက ကျူးကော့ခုံဖျင်ကို သတ်ရန် ကြံစည်နေသော သတင်းများကို တင်ပြနေကြသည်။

“ဝုန်း... ဝုန်း... ဝုန်း”

ရုတ်တရက် တောင်တစ်ခုလုံး တုန်ခါသွားပြီး ဂူအတွင်းရှိ ကျောက်တုံးများမှာ ပြိုကျလာတော့သည်။

“ဘာဖြစ်တာလဲ”

“ငလျင်လှုပ်တာလား”

“မသိတော့ဘူး... အပြင်ကို မြန်မြန်ပြေးကြစမ်း”

မိစ္ဆာဝိညာဉ်များမှာ ထိတ်လန့်တကြားဖြင့် ဂူအပြင်ဘက်သို့ ပြေးထွက်လာကြတော့သည်။

All Chapters