← Chapters

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်

Vol. 24 Ch. 331

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်

Vol. 24 Ch. 331

လင်ဂုဟိုင် ထိုအရာကိုကြားပြီး ရယ်ချင်သွား၏။

"မင်းပြောပုံက မင်းကပဲ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကျွမ်းကျင်နေသလိုလိုနဲ့...."

ဂျန်ဖန်း မျက်လုံးမိတ်ပြီး ခံစားကြည့်လိုက်ည်။

သေချာပေါက်ပင်။ သူ့ခန္ဓာကိုယ်ထဲကို ဓားချီတစ်စွန်းတစ်စစိမ့်ဝင်နေပြီး သွေးကြောတွေကို ထိုးဖောက်သည့်အခါ အနည်းငယ် စူးရှသည့်နာကျင်မှုကို ခံစားရ၏။

ဤအရာက အစသာရှိသေး၏။

ကျင့်ကြံချိန်ကြာလာသည်နှင် ဓားချီက တိုးလာမည်ဖြစ်သည်။

လင်းဂုဟိုင်ပြောတာ မမှားပေ။

ဤနေရာရှိဓားချီ၏အသိအမှတ်ပြုမခံရပဲ အချိန်အတော်ကြာလေ့ကျင့်ဖို့က မဖြစ်နိုင်ပေ။

ကံကောင်းစွာဖြင့်....

သူက ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို နားလည်ထားခဲ့သည်။

ချက်ချင်းပဲ ဓားနှလုံးသားကို တိတ်တဆိတ် အသက်သွင်းလိုက်၏။

ဓားထိန်းချုပ်ခြင်းနည်းစနစ်၏ဓားချီထွက်ပေါ်လာသည်နှင့် ဤနေရာရှိဓားချီက ချက်ချင်းပဲ သိမ်မွေ့ကျိုးနွံ့သွား၏။

ရှုယင်းရင် စူးရှသည့်ခံစားမှုပျောက်ကွယ်သွား၍ စိတ်ရှုပ်စွာ ရေရွတ်လိုက်သည်။

"ထင်ယောင်ထင်မှားတစ်ခုလား...."

သူမက လင်ဂုဟိုင်ကို သသယဖြင့်ကြည့်လိုက်သည်။

လင်ဂုဟိုင် သူမတို့ကို ခြောက်လန့်ဖို့ကြိုးစားနေသည်လား.....

ထိုအရာကိုတွေမိသည့်အခါ စိုးရိမ်နေတာရပ်ပြီး မျက်လုံးမိတ်ကာ ကျင့်ကြံနေလိုက်သည်။

လင်ဂုဟိုင် လှောင်ပြောင်လိုက်၏။

"ခေါင်းမာတဲ့ဟာတွေ...."

"ဘယ်လောက်ခံမလဲကြည့်ကြတာပေါ့...."

"နေ့ဝက်ခံရင်ကို ငါ့နာမည်ကို ပြောင်းပြန်ရေးပစ်မယ်...."

မကြာမီ...

နှစ်နာရီကုန်ဆုံးသွားခဲ့သည်။

လင်းဂုဟိုင်နှင့် တပည့်အနည်းငယ် တဖြည်းဖြည်း အံ့အားသင့်လာကြ၏။

ဂျန်ဖန်းနှင့် ရှုယင်းရင် အေးအေးဆေးဆေး လေ့ကျင့်နေကြပြီး လုံးဝသက်တောင့်သက်သာမရှိသည့်အမူအရာမပြပေ။

သူတို့အော်ရာတွေက အချိန်ကြာလေလေ တဖြည်းဖြည်းပိုတိုးလာခဲ့သည်။

မည်သည့်ဓားချီမှ မရှိသလိုပင်။

ပိုဆိုးတာက.....

အခြားဂိုဏ်းမှပါရမီရှင်တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ဤနေရာကို ရှာတွေ့လာကြ၏။

ထိပ်တန်းကျင့်ကြံရေးနေရာနှစ်ခုကျန်နေသေးတာမြင်သည့်အခါ ချက်ချင်းပဲ အပြေးသွားတော့၏။

ဤမြင်ကွင်းက အသင်္ချေဓားဂိုဏ်းတပည့်တွေကို စိုးရိမ်သွားစေခဲ့သည်။

"စီနီယာအကိုလင်း, ကျွန်တော်တို့ ဘာလုပ်သင့်လဲ...."

လင်ဂုဟိုင် အံ့ကြိတ်ပြီး ပြောလိုက်သည်။

"ခဏထပ်စောင့်လိုက်အုန်း။ သူတို့ နေ့တစ်ဝက်နေနိုင်မယ်လို့ ငါမယုံဘူး....."

မျက်စိတစ်မိတ်အတွင်း နေ့တစ်ဝက်ကုန်ဆုံးသွား၏။

ဤနေရာက ဂိုဏ်းအသီးသီးမှ တပည့်များစွာဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ကျန်ရှိသည့်ထိပ်တန်းနေရာနှစ်ခု ယူသွားပြီးတာကို မပြောသေးလိုသေးပေ။

အနည်းငယ်နိမ့်ကျသည့်နေရာတွေတောင် ယူပြီးသွားကြပြီဖြစ်သည်။

သို့ပေမယ့် လင်ဂုဟိုင်နှင့် အခြားအသင်္ချေဓားဂိုဏ်းတပည့်တွေကို ပိုပြီးပျာယာခတ်သွားစေတာက....

ဂျန်ဖန်းနှင့် ရှုယင်းရင် အေးအေးဆေးဆေး ဆက်လက်ကျင့်ကြံနေကြတာဖြစ်သည်။

"ဘာလို့ ဒီလိုဖြစ်ရတာလဲ...."

လင်ဂုဟိုင် မယုံနိုင်ဖြစ်နေခဲ့သည်။

သူ နားမလည်တော့ပေ။

ဘာကြောင့် ဤနေရာရှိဓားချီက ဂျန်ဖန်းနှင့် လိုက်လျောညီထွေရှိနေပြီး သူနှင့်ရှုယင်းရင်းကို မငြင်းပယ်ရသနည်း။

ထိုအရာက မဖြစ်သင့်ပေ။

ကံမကောင်းစွာဖြင့်, ယခု ထိုအကြောင်းတွေးဖို့ အချိန်မဟုတ်ပေ။

အစက ယုံကြည်မှုရှိနေသည့် အသင်္ချေဓားဂိုဏ်းတပည့်တွေ ယခု စိုးရိမ်နေကြပြီဖြစ်သည်။

"စီနီယာအကိုလင်း, ကျွန်တော်တို့ဘာလုပ်သင့်လဲ...."

အကောင်းဆုံးကျင့်ကြံရေးနေရာနှစ်ခုက မရနိုင်တော့ပေ။

အခြားကောင်းမွန်သည့်နေရာတွေကလည်း ပိုင်ရှင်ရှိသွားပြီဖြစ်သည်။

ယခု, သာမန်နေရာတွေတောင် သူတို့မရနိုင်တော့ပေ။

လင်ဂုဟိုင်မျက်နှာ မဲမှောင်သွားပြီး အော်ပြောလိုက်သည်။

"ဘာတွေ ထိပ်ထိပ်ပျာပျာ ဖြစ်နေတာလဲ...."

"ငါရှိနေတာပဲမဟုတ်ဘူးလား..."

သူက ရမ္မက်ဂိုဏ်းပိုင်ဆိုင်သည့်အခြားသာလွန်ကျင့်ကြံရေးနေရာကို အေးစက်စွာကြည့်ပြီး နှာမှုတ်လိုက်သည်။

"ကျီရူယွဲ့, မင်းတို့ကျင့်ကြံနေတာ အတော်ကြာနေပြီ။ မင်းတို့နေရာကို လက်လျော့ဖို့ အချိန်ရောက်ပြီ..."

နံပါတ် ၁ အရိပ်စောင့်နေရာမရတော့ သူက ရမ္မက်ဂိုဏ်းဘက်လှည့်လာခဲ့သည်။

ကျီရူယွဲ့ ပါးစပ်ထဲမှာခါးသီးမှုကို ခံစားလိုက်ရသည်။

လင်ဂုဟိုင် ဂျန်ဖန်းနှင့်မယှဥ်နိုင်လျှင် သူမတို့ဘက်လှည့်လာမှာ မျှော်လင့်ထားပြီဖြစ်သည်။

တစ်ဖက်လူက ဒဏ်ရာရထားသော်လည်းအမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ဖြစ်နေဆဲဖြစ်သည်။

သူမဘယ်လိုလုပ် ယှဥ်နိုင်မည်နည်း။

တွန့်ဆုတ်စွာနှင့် ထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲ....

ဂျန်ဖန်း ကျင့်ကြံနေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ရမ္မက်ဂိုဏ်းကို ငါကာကွယ်ထားတာ...."

ကျီရူယွဲ့ အလွန်ဝမ်းသာသွား၏။

သူမက ဂျန်ဖန်းဆီ လက်ချင်းယှက် ကျေးဇူးတင်ပြီး ဆက်ကျင့်ကြံနေလိုက်သည်။

လင်ဂုဟိုင်မျက်နှာ ပြောင်းလဲသွားပြီး ပြောလိုက်သည်။

"မင်းဘာကို ဆိုလိုတာလဲ...."

"ရမ္မက်ဂိုဏ်းကိစ္စမှာ ဝင်ပါဖို့ရည်ရွယ်ထားတာလား...."

ဂျန်ဖန်း ဖြည်းညင်းစွာမျက်လုံးဖွင့်လိုက်ပြီး စူးရှသည့်အလင်းတစ်ချက်ဖြတ်ပြေးသွား၏။

"မင်းက လက်မခံဘူးလား..."

လင်ဂုဟိုင် ပါးစပ်ဖွင့်လိုက်ပေမယ့် တစ်ဖက်လူ၏ ကြောက်မက်ဖွယ်ရုပ်ခန္ဓာကို သတိရသွား၏။

မခံချိမခံသာဖြင့် သူ့အကြည့်ကို နဲ့ယွင်ရှီးနှင့် တိမ်စိမ်းဂိုဏ်းတပည့်တွေဆီရွေ့ပြီး အော်ပြောလိုက်၏။

"ဖယ်ကြစမ်း, မင်းတို့ မျက်စိမပါတဲ့ စောက်ရူးကောင်တွေ...."

နဲ့ယွင်ရှီး တစ်ဖက်လူ၏အော်ရာကြောင့် ထိတ်လန့်သွားပြီး ဘေးဖယ်ပေးဖို့ ပြင်လိုက်သည်။

သို့ပေမယ့်....

ဂျန်ဖန်း နောက်တစ်ကြိမ် အေးစက်စွာပြောလိုက်သည်။

"တိမ်စိမ်းဂိုဏ်းကိုလည်း ငါကာကွယ်ထားတယ်...."

နဲ့ယွင်ရှီး အလွန်ပျော်ရွင်သွားပြီး လက်ချင်းယှက်ပြီး အကြိမ်ကြိမ်ကျေးဇူးတင်လိုက်သည်။

ထို့နောက် သက်တောင့်သက်သာဖြင့် ပြန်ထိုင်လိုက်၏။

ကံကောင်းစွာဖြင့် နံပါတ် ၁ အရိပ်စောင့်ရှိနေခဲ့သည်။ မဟုတ်လျှင် ဤတတိယအဆင့်ကျင့်ကြံရေးနေရာက သူမတို့ဟာ ဟုတ်တော့မည်မဟုတ်ပေ။

လင်ဂုဟိုင် အတော်လေးစိတ်တိုနေပြီး အခြားကောင်းမွန်သည့်ကျင့်ကြံရေးနေရာတွေဘက်လှည့်လိုက်သည်။

"သူတို့ကိုတော့ မင်းကာကွယ်မထားဘူးမလား..."

ဂျန်ဖန်း မျက်ခုံးပင့်လိုက်ပြီး အနည်းငယ် စိတ်မရှည်ဖြစ်လာခဲ့သည်။

"ငါ ဆူညံတာတွေ မကြိုက်ဘူး။ အခြားနေရာရှာပြီး ကျင့်ကြံရီ..."

ကျင့်ကြံခြင်း ဆက်တိုက်နှောက်ယှက်ခံရတာ လူတိုင်း စိတ်တိုမှာပဲဖြစ်သည်။

အသင်္ချေဓားဂိုဏ်းကို ဤနေရာမှာထားလျှင် ဘယ်လိုနှောက်ယှက်မှုတွေလုပ်အုန်းမလဲ မည်သူမှမသိနိုင်ပေ။

"ဘာ?...."

အသင်္ချေဓားဂိုဏ်းတပည့် ၅ ယောက် မျက်နှာအကြီးအကျယ်ပြောင်းလဲသွား၏။

"အကောင်းဆုံးကျင့်ကြံရေးနေရာအားလုံးက ဒီမှာရှိတာလေ...."

"ငါတို့ မထွက်သွားနိုင်ဘူး...."

"ဟုတ်တယ်, ဘာလို့ငါတို့က ထွက်သွားရမှာလဲ။ ငါတို့အသင်္ချေဓားဂိုဏ်းက အိမ်ရှင်ဖြစ်ပါရက်နဲ့ ကျင့်ကြံဖို့နေရာတစ်ခုတောင်မရဘူး...."

ဂျန်ဖန်း စိတ်ရှည်မှု အကန့်အသတ်ကို ရောက်လာခဲ့သည်။

သူက မြေပြင်ကို လက်နှစ်ဖက်ဖြင့်ရိုက်ပြီး ခုန်ထလိုက်သည်။

ထို့နောက် လှုပ်ရှားမှုနည်းလမ်းနှင့် နောက်ခံပုံရိပ်တွေချန်ထားခဲ့ပြီး လင်ဂုဟိုင်ကို လက်သီးနှစ်ဖက်ဖြင့် ထိုးချလိုက်သည်။

လင်ဂုဟိုင် တုန်လှုပ်သွားပြီး အလျှင်အမြန် ကာကွယ်လိုက်သည်။

သို့ပေမယ့် ဒဏ်ရာရထားပြီးဖြစ်၍....

ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။

ချက်ချင်းပဲ လွင့်ပျံသွားကာဓားသစ်တောထဲရှိဓားတွေနှင့်ဝင်တိုက်၍ ပါးစပ်မှသွေးအန်လိုက်ရသည်။

"မင်း..."

လင်းဂုဟိုင် ဒေါသထွက်သွား၏။

ဘာကြောင့် သူ့ကို ရုတ််တရက် တိုက်ခိုက်ရသနည်း။

ဂျန်ဖန်း အေးစက်စွာ ပြောလိုက်သည်။

"မင်းလူတွေခေါ်ပြီး ထွက်သွားလိုက်..."

"ဆက်ဆူညံနေအုန်းမယ်ဆိုရင်, ငါဆက်ရိုက်မှာ..."

လင်ဂုဟိုင် ရှက်လည်းရှက် ဒေါသလည်းထွက်သွား၏။

ဤကောင်က မောက်မာလွန်းနေသည်မဟုတ်လား....

သို့ပေမယ့် ခွန်အားချင်းမယှဥ်နိုင်၍ ထွက်သွားဖို့သာ ရွေးချယ်နိုင်၏။

ထို့နောက် တပည့်ငါးယောက်ကို ဒေါသတကြီးကြည့်ပြီး အော်ပြောလိုက်သည်။

"မင်းတို့ဘာတွေတွေဝေနေတာလဲ....."

"အခြားနေရာသွားရှာမယ်...."

သူတို့သာထွက်မသွားလျှင် သူနောက်တစ်ကြိမ် အရိုက်ခံရမည်ဖြစ်သည်။

အသင်္ချေဓားဂိုဏ်းတပည့် ၅ ယောက် မခံချိမခံသာဖြစ်သွားကြသည်။

သူတို့က လင်ဂုဟိုင်အားကိုးဖြင့် ထိပ်တန်းကျင့်ကြံရေးနေရာတွေရဖို့ မျှော်လင့်ခဲ့ကြ၏။

သို့ပေမယ့် သူက မျက်နှာဖုံးနှင့်လူဆီမှာ အပြတ်အသတ်ရှုံးနိမ့်သွားခဲ့သည်။

ထိုအရာကိုလက်ခံလိုက်သည့်အခါ အခြားကောင်းမွန်သည့်ကျင့်ကြံရေးနေရာတွေ ရှုံးဆုံးသွားရုံသာမက နေ့တစ်ဝက်လည်း အလဟသဖြစ်သွားခဲ့သည်။

ထိပ်တန်းကျင့်ကြံရေးနေရာတွေကို မပြောလိုသေးပေ သာမန်နေရာလေးတွေတောင် မရနိုင်တော့ပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ချိုးဖြတ်ဖို့ မျှော်လင့်ထားသည့် အသင်္ချေဓားဂိုဏ်းတပည်တွေ ယခုတော့ လင်ဂုဟိုင်ကို မုန်တီးနေခဲ့ကြသည်။

သူတို့စိတ်ပျက်အားငယ်စွာထွက်သွားတာကိုကြည့်နေရင်း...

ဂျန်ဖန်း သူ့နေရာပြန်သွားပြီး ဆက်လက်ကျင့်ကြံလိုက်သည်။

နစ်နာသည်ဟုခံစားနေရသည့် နဲ့ယွင်ရှီးနှင့် တိမ်စိမ်းဂိုဏ်းတပည့်တွေလည်း ယခုမှ အတော်လေး စိတ်သက်သာယာရသွားခဲ့သည်။

အိမ်ရှင်ဖြစ်သည့် အသင်္ချေဓားဂိုဏ်း သာမန်နေရာတစ်ခုတောင်မရခဲ့ပေ။

သူတို့က အဆင့် ၃ ကျင့်ကြံရေးနေရာရခဲ့သည်။ ဘာတွေထပ်လိုချင်ရအုန်းမည်း။

ဤသို့ဖြင့်, သူတို့က ပျော်ရွင်စွာပဲ ဆက်လက်ကျင့်ကြံနေလိုက်ကြသည်။

တစ်ရက်ကြာပြီးနောက်....

ဂျန်ဖန်း ပထမဦးစွာ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို ချိုးဖြတ်သွား၏။

အဆင့် ၈ ၌ အချိန်အတော်ကြာနေပြီဖြစ်၍ သူ့အုတ်မြစ်က အလွန်အမင်းခိုင်မာသည်။

ထို့ကြောင့် အဆင့် ၉ ကို ချိုးဖြတ်တာက သဘာဝပင်။

ဤသို့ဖြင့်, သူက ရပ်ဖို့ ရည်ရွယ်ချက်မရှိပေ။

အချိန်ကိုအမိအရဆုပ်ကိုင်ပြီး ဆက်လက်ကျင့်ကြံနေခဲ့သည်။

နှစ်ရက်ကြာပြီးနောက်....

သူတို့၏ ဓားသစ်တောထဲလေ့ကျင့်မှုမပြီးဆုံးခင်....

သူက နောက်ဆုံးမှာ အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်လာခဲ့သည်။

သူ့မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာ၏။

အဆင့် ၉ နှင့် အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကြားက ကွာခြားချက်ကို လျှော့တွက်လို့မရပေ။

အဆင့် ၈ ကနေ အဆင့် ၉ ကိုချိုးဖြတ်ကတာထက် နှစ်ဆလောက် ပိုခက်၏။

ဓားသစ်တောမရှိလျှင် ထိပ်တန်းအခြေခံတည်ဆောက်ခြင်းဆေးလုံးတွေနှင့်တောင် အနည်းဆုံး ၂လ လောက်ကြာမည်ဖြစ်သည်။

ဤခရီးက တကယ်ပဲ အသီးအပွင့်များ၏။

တစ်ချိန်တည်းမှာပဲ...

ရှုယင်းရင်လည်း အကျိုးအမြတ်ကြီးကြီးမားမားရခဲ့သည်။

ထိပ်တန်းကျင့်ကြံရေးနေရာကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၃ မှ ကံကြမ္မာကိုဖီဆန်ကာ အဆင့် ၃ ဆင့်ခုန်တက်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ကို ရောက်သွားခဲ့သည်။

အလွန်ပျော်ရွင်နေပြီး သူမက ဂျန်ဖန်းလက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ငါ အခြေခံတည်ဆောက်ခြင်း အဆင့် ၆ ကို ချိုးဖြတ်သွားပြီး။ အဆင့် ၆ နော်..."

ဤကြီးမားသည့်အဆင့်ချိုးဖြတ်မှုက အိမ်မက်တစ်ခုလိုပင်။

ကျီရူယွဲ့လည်း ပျော်ရွင်နေပြီး ပြောလိုက်သည်။

"ငါလည်း အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ကို ချိုးဖြတ်သွားပြီ....."

အဆင့် ၅ မှစပြီး သူမက အဆင့် ၂ ဆင့် ခုန်တက်သွားခဲ့သည်။

အခြားရမ္မက်ဂိုဏ်းတပည့်တွေကတော့ သူတို့ကျင့်ကြံရေးမြင့်မားသောကြောင့် အဆင့်တစ််ဆင့်သာချိုးဖြတ်နိုင်ခဲ့ပြီး အဆင့် ၈ မှ အဆင့် ၉ ကို ရောက်ရှိသွားခဲ့သည်။

ထိုစဥ်, တိမ်စိမ်းဂိုဏ်း၌....

မူလက အဆင့် ၆၊ အဆင့် ၇ တွေဖြစ်သည့် တိမ်စိမ်းဂိုဏ်းတပည့်လေးယောက် နောက်တစ်ဆင့်ကို ချိုးဖြတ်နိုင်၏။

နဲ့ယွင်ရှီးတစ်ယောက်သာ အဆင့် ၈ ဖြစ်ပြီး ကျင့်ကြံရာနေရာနိမ့်ကျမှုကြောင့် မချိုးဖြတ်နိုင်ဖြစ်နေခဲ့သည်။

သူမက အဆင့် ၈ ပြီးပြည့်စုံခြင်းအဆင့်၌သာ ရှိနေသေး၏။

သူမ၌ သာလွန်ကျင့်ကြံရေးနေရာသာရှိလျှင် အစောကြီးကတည်းက အဆင့် ၉ ကို ချိုးဖြတ်ပြီးနေပြီဖြစ်သည်။

ပျော်ရွင်နေသည့် ကျီရူယွဲ့နှင့် အခြားရမ္မက်ဂိုဏ်းတပည့်တွေကို မြင်သည့်အခါ အစောပိုင်းတွေဝေမှုကို ပိုလို့တောင်နောင်တရသွား၏။

သူမက အခွင့်အရေးကို လွဲချော်သွားခဲ့သည်။

ထို့ပြင် သူမ၏ ဂျူနီယာညီမ, မောင်လေးတွေကိုသာ ဆွဲထားသလိုဖြစ်နေခဲ့သည်။

သို့ပေမယ့် ဂျန်ဖန်းကာကွယ်မှုမရှိပဲ သူမတို့က အဆင့် ၃ နေရာတောင် ထိန်းထားနိုင်မည်မဟုတ်ပေ။

သူမ၏ ကျေးဇူးတင်မှုကို ဖော်ပြဖို့ပြင်လိုက်ချိန်မှာပဲ....

ရုတ်တရက်....

မိုးကြိုးချောင်းတစ်ခု အရှေ့မြောက်ဘက်ကို ပစ်ချလိုက်ပြီး ကျယ်လောင်သည့်အသံက အဆင့်သင့်မဖြစ်သေးသည့်လူအုပ်ကို တုန်လှုပ်သွားစေခဲ့သည်။

ဂျန်ဖန်း ရုတ်တရက် ထရပ်လိုက်ပြီး အရှေ့မြောက်ဘက်ကို ကြည့်လိုက်သည်။

သူက ချီလင်းလေး၏အစောပိုင်းခံစားမှုကို တွေးမိလိုက်၏။

အရှေ့မြောက်ဘက်ရှိစိတ်ဝိညာဥ်စွမ်းအင်က ဤနေရာနှင့်ယှဥ်နိုင်၏။

သို့ပေမယ့် နိမိတ်မကောင်းမှုကိုလည်း ခံစားရသည်ဟူ၍ပင်။

All Chapters