လျို့ဝှက်ဆန်းကြယ်သောမြူ
Vol. 24 Ch. 332
ဂျန်ဖန်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
သူက လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
"ပစ္စည်းတွေသိမ်းကြ၊ ဓားသစ်တောက ချက်ချင်း ထွက်ခွာကြမယ်..."
ထိုအရာဘာပဲဖြစ်ဖြစ်.....
ဝေးဝေးမှာနေတာ မှန်ကန်သည့်ရွေးချယ်မှုပင်။
ရှုယင်းရင်း၊ နဲ့ယွင်ရှီးနှင့် အခြားတိမ်စိမ်းဂိုဏ်းတပည့်တွေ မနေနိုင်ပဲ အစောပိုင်းကပြောသည့် "ဓားသစ်တောအန္တရာယ်"ကို တွေးမိလိ
သူတို့ဘယ်လိုလုပ် ကြန့်ကြာရဲမည်နည်း။
ချက်ချင်းပဲ ပစ္စည်းတွေသိမ်းကာ ဂျန်ဖန်းနောက်လိုက်လာကြ၏။
ကျီရူယွဲ့ ပိုလို့တောင် ပြတ်သား၏။
ကျင့်ကြံရေးပစ္စည်းအချို့ကို တိုက်ရိုက်စွန့်ပစ်ကာ ရမ္မက်ဂိုဏ်းတပည့်တွေနှင့်အတူ ဂျန်ဖန်းနောက် ထပ်ကြပ်မကွာလိုက်သွားခဲ့သည်။
"ဂျူနီယာညီမ, ဒီလောက်အလျှင်လိုဖို့မလိုဘူးမလား..."
ရမ္မက်ဂိုဏ်းမှတပည့်တစ်ယောက် မသုံးရသေးသည့် စိတ်ဝိညာဥ်ဆေးပုလင်းများစွာကို တွန့်ဆုတ်စွာကြည့်လိုက်သည်။
ကျီရူယွဲ့မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"အလျှင်လိုရမယ်...."
"သုံးရက်ကုန်သွားပေမယ့် အဲ့ဒီအန္တရာယ်က ဖြေရှင်းလို့မပြီးသေးဘူး...."
"အသင်္ချေဓားဂိုဏ်းက အဲ့အန္တရာယ်ကိုလျော့တွက်ထားတာ ဒါမှမဟုတ် လုရှီယီကို အထင်ကြီးနေတာပဲ..."
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက သတင်းကောင်းတော့မဟုတ်ဘူး...."
"နံပါတ် ၁ အရိပ်စောင့်က ဒါကိုသိလို့ ငါတို့ကို မြန်မြန်ထွက်သွားခိုင်းတာ..."
ထိုအခါမှ ရမ္မက်ဂိုဏ်းမှတပည့် ပြဿနာ၏ပြင်းထန်မှုကို နားလည်သွားသည်။
သူတို့က သဘာဝအလျောက်တုန်ယင်သွားကြ၏။
သိမ်းဆည်းချိန်မရသည့်ပစ္စည်းတွေကို စွန့်ပစ်ကာ ဂျန်ဖန်းနှောက်မှ အမြန်လိုက်သွားတော့သည်။
လုံလုံခြုံခြုံပြန်ရောက်လျှင် အကောင်းဆုံးဖြစ်သည်။
ကံမကောင်း၍ အမည်မသိအန္တရာယ်နှင့်တိုးလျှင် ဂျန်ဖန်းဘေးရှိတာ သံသယရှိစရာမလိုအောင် ပိုဘေးကင်းမည်ဖြစ်သည်။
အဖွဲ့က အလျှင်အမြန်ပဲ လာရာလမ်းတစ်လျှောက် ပြန်လာနေကြ၏။
အသင်္ချေဓားဂိုဏ်းသခင်နှင့် ဂိုဏ်းအသီးသီးအကြီးအကဲတွေဆီရောက်သည်နှင့် လုံခြုံပြီဖြစ်သည်။
ထူးဆန်းစွာပဲ...
ဂျန်ဖန်း ၂၅ မိနစ်လောက်လမ်းလျှောက်ပြီးနောက် ရပ်တန့်လိုက်၏။
သူက သူ့ရှေ့ကိုကြည့်ပြီး အတော်လေး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ရှုယင်းရင်း အံ့အားသင့်စွာ ပြောလိုက်သည်။
"ငါ...ငါတို့ ပြန်ရောက်လာတယ်....'
သူတို့ရှေ့ရှိနေရာက အစောပိုင်းကျင့်ကြံနေသည့်နေရာအတိအကျပင်။
အဖိုးတန်ထိပ်တန်းဓားကျိုးနှစ်ချောင်းနှင့် သူတို့ထားခဲ့သည့် ပစ္စည်းတွေ ထိုနေရာမှာ ရှိနေဆဲဖြစ်သည်။
ကျီရူယွဲ့၏လှပသည့်မျက်လုံးတွေ ဝိုင်းစက်သွား၏။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."
"ငါတို့လာရာအတိုင်းသွားခဲ့တာ အသိသာကြီးပါ။ ဘယ်လိုလုပ် ဓားသစ်တောထဲမှာ လမ်းပျောက်နေရတာလဲ...."
ဂျန်ဖန်းလည်း အတော်အလေးအနက်ဖြစ်နေ၏။
သူ ဦးတည်ချက်မှားလျှင်တောင် အတူသွားသည့်လူဆယ်ယောက်လုံး မှားတာတာ့ မဖြစ်နိုင်ပေ။
ထိုအရာက လမ်းပျောက်ရုံမဟုတ်ပေ။
သူက စိတ်ထဲ အတွေးတစ်ခုပေါ်လာပြီး လှုပ်ရှားမှုနည်းလမ်းသုံးကာ ဓားကျိုးတစ်ချောင်းပေါ်ကိုတက်လိုက်သည်။
ထို့နောက် အဝေးကိုကြည့်ပြီး လာရာလမ်းကိုရှာဖို့ကြိုးစားလိုက်၏။
ဓားသစ်တောက အချင်းမိုင်ပေါင်းများစွာသာကျယ်ပြီး အစွန်းကိုမြင်ရ၏။
သို့ပေမယ့် သူလေထဲကိုခုန်တက်လိုက်သည့်အခါ မျက်နှာပြောင်းလဲသွား၏။
ပါးလွာသည့်မြူတစ်ခု ဓားသစ်တောကို ဝန်းရံနေခဲ့သည်။
အရောင်က မတိမ်မနက်ပဲ အမြင်အာရုံကို ပိတ်ဆို့ထား၏။
အများဆုံးမှ မိုင်ဝက်လောက်သာ မြင်ရ၏။
သူ့အမူအရာပြောင်းလဲသွားတာမြင်တော့ တပည့်တွေစိုးရိမ်သွားပြီး ခုန်တက်၍ ကိုယ်တိုင်ကြည့်လိုက်သည်။
မြင်ကွင်းကိုမြင်သည့်အခါ လူတိုင်း ထိတ်လန့်သွားကြ၏။
"မြူတွေက ဘယ်ကရောက်လာတာလဲ...."
"လမ်းကို လုံးဝအာရုံခံလို့မရတော့ဘူး...."
"ငါတို့လာတုန်းက လမ်းကအရှင်းကြီးပါ။ အခုဘယ်ရောက်သွားတာလဲ...."
ရှုယင်းရင် ပတ်ဝန်းကျင်ကိုကြည့်ပြီး သူမ၏လှပသည့်မျက်နှာလေးက တဖြည်းဖြည်း ဖြူဖြော့လာခဲ့သည်။
"နံပါတ် ၁ အရိပ်စောင့်, ငါတို့လူခွဲပြီး ဒီမြူတွေကို ဖောက်ထွက်ကြည့်ရင်ကော....."
တစ်ခဏတွေးပြီးနောက် သူမ အကြံပေးလိုက်သည်။
"ငါတို့မှာ လူဆယ်ယောက်ရှိတယ်၊ တစ်ယောက်တော့ကံကောင်းပြီး ဓားသစ်တောထဲက ထွက်နိုင်မှာပဲ...."
"အဲ့ဒီအခါ အသင်္ချေဓားဂိုဏ်းသခင်နဲ့ အကြီးအကဲတွေကို သတင်းပို့နိုင်ပြီး ကျန်တဲ့ငါတိုလည်း လွတ်မြောက်နိုင်တယ်...."
ဤအရာက တကယ်ပဲ ဖြစ်နိုင်ချေအရှိဆုံးနည်းလမ်းဖြစ်၏။
မြူတွေဘယ်ကပဲလာလာ၊ ဘယ်လောက်ထူးဆန်းထူးဆန်း ဂိုဏ်းသခင်နှင့် အကြီးအကဲတွေပါဝင်လာလျှင် ဘာမှမဟုတ်တော့ပေ။
ဂျန်ဖန်း တစ်ခဏတွေးပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် သူနားတွေ လှုပ်ရှားသွား၏။
အစောပိုင်း ဤနေရာမှာလေ့ကျင့်နေသည့် ဂိုဏ်းပေါင်းစုံမှတပည့်တွေ ပြန်ရောက်လာခဲ့သည်။
"နင်တို့လည်း လမ်းပျောက်နေတာလား..."
ကျီရူယွဲ့ တပည့် ၂၀ ကိုကြည့်ပြီး မျက်နှာပြောင်းလဲသွားခဲ့သည်။
သူတို့ရောက်ပြီး သိပ်မကြာခင်မှာပဲ...
နောက်ထပ်လူတစ်စု ထပ်ရောက်လာခဲ့သည်။
သူတို့က အသင်္ချေဓားဂိုဏ်းတပည့်တွေမှလွဲပြီး အခြားသူမဟုတ်ပေ။
သို့ပေမယ့် လင်းဂုဟိုင်ကိုတော့ ဘယ်မှာမှ မတွေ့ရပေ။
အသင်္ချေဓားဂိုဏ်းတပည့် ၅ ယောက်သာ ထိတ်လန့်သည့်မျက်နှာတွေဖြင့် ပြန်ရောက်လာကြ၏။
"နင်တို့လဲပြန်ရောက်လာတာလား..."
ရှုယင်းရင် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
လင်းဂုဟိုင်မရှိတော့၍ သူတို့က အများကြီးပိုနှိမ့်ချလာကြသည်။
ရိုးသားစွာပဲ ကြုံတွေ့ခဲ့တာတွေကို ပြောပြလိုက်ကြသည်။
သူတို့က မြောက်ဘက်၌ သာမန်ကျင့်ကြံရေးနေရာတစ်ခုရှာတွေ့ပြီး ကျင့်ကြံနေခဲ့သည်။
ပြန်ထွက်ဖို့ပြင်လိုက်ချိန်မှာတော့ လမ်းပျောက်နေတာ နားလည်လိုက်ကြသည်။
ထူးဆန်းစွာဖြင့် ဤနေရာကို ပြန်ရောက်လာခဲ့သည်။
ဂျန်ဖန်း မျက်နှာလေးလံသွား၏။
"တစ်စုံတစ်ယောက်က တပည့်တွေ ဒီနေရာမှာလာစုအောင် ကြိုးကိုင်နေမှာ ငါကြောက်မိတယ်...."
သူတို့ ဤနေရာပြန်ရောက်လာကြသလို အခြားနေရာမှာလေ့ကျင့်နေသည့် အသင်္ချေဓားဂိုဏ်းတပည့်တွေလည်း ပြန်ရောက်လာခဲ့သည်။
တစ်စုံတစ်ယောက်က မြူတွေကိုထိန်းချုပ်ပြီး တပည့်တွေဤနေရာမှာလာစုအောင် ကြိုးကိုင်နေသလိုပင်။
သူ့ခန့်မှန်းချက်က မှန်နိုင်၏။
မကြာမီ....
စိတ်ဝိညာဥ်သားရဲဂိုဏ်း၊ ကောင်းကင်သံစဥ်ဂိုဏ်း၊ သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း၊ မြင့်မြတ်ဂိုဏ်းမှပါရမီရှင်တွေတောင် အရပ်မျက်နှာအသီးသီးမှရောက်လာကြ၏။
ဂျန်ဖန်း အနည်းငယ် စိုးရိမ်လာ၏။
"ဘယ်သူက မြူတွေကို တိတ်တဆိတ် ထိန်းချုုပ်နေတာလဲ..."
"ဂိုဏ်းအသီးသီးကပါရမီရှင်တပည့်တွေကို ဒီနေရာမှာစုစည်းခိုင်းတာ ဘာရည်ရွယ်ချက်နဲ့လဲ...."
သူက ဆိုးရွားသည့်ခံစားချက်တွေရနေ၏။
ဤလူ၏ရည်ရွယ်ချက်က သေချာပေါက် မကောင်းပေ။
ရှုယင်းရင်လည်း တစ်ခုခုမှားနေတာကို ခံစားမိပြီး ပြောလိုက်သည်။
"ငါတို့လူခွဲပြီး အမြန်ဖောက်ထွက်သင့်တယ်...."
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။
"အသုံးမဝင်ဖူး...."
"အခြားနေရာမှာကျင့်ကြံနေတဲ့တပည့်တွေတောင် ဒီရောက်အောင်လမ်းညွှန်ခံလိုက်ရတာ...."
"ဒါဟာ ဒီမြူမှာ ထင်ယောင်ထင်မှားစွမ်းအားရှိပြီး လူအုပ်ကို စိတ်ရှုပ်ထွေးအောင်လုပ်နိုင်တာကို ပြနေတာပဲ။ တစ်ယောက်ထဲသွားရင် ပိုအန္တရာယ်ရှိနိုင်တယ်...."
ရှုယင်းရင် အနီရောင်နှုတ်ခမ်းလေးကိုကိုက်ပြီး မျက်နှာက ဆက်တိုက်ပြောင်းလဲနေခဲ့သည်။
ဓားသစ်တောအနှံ့ကတပည့်တွေတောင် မြူထဲကမထွက်နိုင်ကြပေ။
လူစုခွဲသွားလျှင် ရလဒ်က မူလနေရာကိုပဲပြန်ရောက်မှာဖြစ်သည်။
ဖောက်ထွက်ဖို့က မဖြစ်နိုင်ပေ။
ထို့ပြင် မြူတွေနောက်၌ တစ်စုံတစ်ယောက်ရှိနေ၍ သေချာပေါက် မကောင်းသည့်ရည်ရွယ်ချက်နှင့်ဖြစ်မည်ပင်။
လူခွဲသွားခြင်းက တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရနိုင်၏။
"ဒါဆို, နင် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ..."
ရှုယင်းရင်းမေးလိုက်သည်။
ကျီရူယွဲ့ ရမ္မက်ဂိုဏ်းတပည့်တွေခေါ်ပြီး ရောက်လာ၏။ သူမက ဂျန်ဖန်းကို ခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာသိသာ၏။
နဲ့ယွင်ရှီးလည်း တိမ်စိမ်းဂိုဏ်းတပည့်တွေကိုခေါ်ပြီး အကူအညီပေးဖို့ရောက်လာခဲ့သည်။
ဂျန်ဖန်း လင်ဂုဟိုင်အသာအယာအနိုင်ယူလိုက်တာကိုမြင်သည့် ဂိုဏ်းပေါင်းများစွာမှတပည့်တွေလည်း ပတ်ပတ်လည်မှာ စုဝေးလာကြ၏။
အသင်္ချေဓားဂိုဏ်းတပည့် ၅ ယောက်လည်း ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး မတွေဝေပဲ ဂျန်ဖန်းနားကပ်လာခဲ့သည်။
သူတို့က ဂျန်ဖန်းကို ခေါင်းဆောင်အဖြစ် သံသယမရှိစွာကြည့်နေခဲ့သည်။
ဂျန်ဖန်း လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
"လူတိုင်း, စိတ်အေးအေးထားကြပါ..."
"ထိတ်လန့်နေလို့မဖြစ်ဘူး..."
"ငါတို့ ခွန်အားတွေစုပေါင်းမှပဲ ရန်သူကို ခုခံနိုင်မှာ...."
စကားလုံးအနည်းငယ်က တပည့်တွေ၏ကြောက်လန့်မှုကို လုံးဝမဖယ်ရှားနိုင်ပေ။
သို့ပေမယ့် ထိုအရာက သူတို့ကို သတ္တိရှိသွားစေ၏။
"စီနီယာအကို, ငါတို့အားလုံး မင်းဦးဆောင်မှုနောက်လိုက်မယ်...."
အသင်္ချေဓားဂိုဏ်းတပည့်တွေ ပြောလိုက်သည်။
အိမ်ရှင်ဂိုဏ်းတပည့်တွေပြောတာမြင်တော့ အခြားဂိုဏ်းတပည့်တွေလည်း သဘာဝအတိုင်း သူ့ကို ခေါင်းဆောင်အဖြစ်မြင်ကြ၏။
အားလုံးက အမိန့်နာခံဖို့ အသင့်ဖြစ်နေကြသည်။
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ, အခြေအနေက အရေးကြီးနေပြီဆိုတော့ လူတိုင်း ငါဦးဆောင်မှုနောက် ယာယီတော့လိုက်လိုက်ကြ..."
"ငါ့မှာအစီအစဥ်နှစ်ခုရှိတယ်...."
"တစ်ခုက,နည်းဗျူဟာအရ အလယ်မှာငါ့ကိုထားပြီး စက်ဝိုင်းသဏ္ဍာန်ကာကွယ်ရေးအစီအရင်ဖွဲ့စည်းမယ်...."
"အနီးကပ်တိုက်ခိုက်တာကျွမ်းကျင်တဲ့တပည့်တွေ အပြင်ဘက်အလွှာမှာနေပြီး အဝေးတိုက်ခိုက်တာကျွမ်းကျင်တဲ့တပည့်တွေကတော့ အတွင်းလွှာမှာနေကြ..."
"ခုခံရေးအစီအရင်နဲ့ မှော်လက်နက်ရှိတဲ့လူတွေကလည်း ဘာမှထိန်ချန်မထားပဲ အကုန်ခင်းကြင်းကြပါ...."
တပည့်တွေ နာခံလိုက်ကြသည်။
သေရေးရှင်းရေးအခြေအနေဖြစ်၍ မည်သူမှ ထိန်ချန်မထားရဲပေ။
မကြာမီ, အပြင်ဘက်၌ ခုခံရေးအစီအရင် ငါးခု ခြောက်ခုလောက် ခင်းကျင်းပြီးသွား၏။
အမြုတေဖွဲ့စည်းခြင်းအဆင့်သားရဲတောင် ချက်ချင်းချိုးဖြတ်နိုင်မည်မဟုတ်ပေ။
ဂျန်ဖန်း ခေါင်းညိတ်ပြီး မျက်လုံးမှေးကျဥ်းလိုက်သည်။
"ဒုတိယတစ်ခုကတော့, ဂိုဏ်းတစ်ခုချင်းဆီက လူစာရင်းစစ်ပြီး ပျောက်နေတဲ့လူရှိရင် ချက်ချင်းအသိပေးပါ..."
"ငါ့အထင်အရတော့ မြူဖန်တီးတဲ့လူက ငါတို့ဂိုဏ်း ၉ ဂိုဏ်းထဲက တစ်ယောက်လို့ပဲထင်တယ်...."
ဓားသစ်တောက အသင်္ချေဓားဂိုဏ်း၏ အရေးကြီးလျို့ဝှက်နယ်မြေဖြစ်၏။
မဖွင့်ခင် အပြင်လူရှိမရှိ အသင်္ချေဓားဂိုဏ်းက သေသေချာချာ စစ်ဆေးမည်ဖြစ်သည်။
ဖွင့်ပြီးနောက်၌ ဂိုဏ်း ၉ ဂိုဏ်းမှ မဟုတ်သည့် မည်သူမဆို ဓားသစ်တောကို မဖိတ်ခေါ်ပဲ ဝင်ရဲမည်မဟုတ်ပေ။
ဤသို့ဖြင့်, ဖြစ်နိုင်ချေတစ်ခုသာရှိတော့သည်။
ထိုလူက ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေကြား ရောဝင်လာခြင်းဖြစ်သည်။
ဤသို့ဖြင့်....
ဂိုဏ်းတပည့်တွေ သူတို့လူအရေအတွက်ကို ချက်ချင်းစစ်ဆေးတော့၏။
မကြာမီ, အသင်္ချေဓားဂိုဏ်းတပည့်တွေ သတင်းပို့လိုက်သည်။
"စီနီယာအကို့ကို တင်ပြပါတယ်။ ကျွန်တော်တို့စီနီယာအကိုလင်း ပျောက်နေပါတယ်..."
"သူက ခုနလေးတင်လမ်းဦးဆောင်နေတာ။ နောက်တော့မြူထဲမှာပျောက်ပြီး လူစုကွဲသွားတာပဲ...."
လင်းဂုဟိုင်လား....
ဂျန်ဖန်း ချက်ချင်းပဲ သူ့ကိုစားရင်းထဲကပယ်လိုက်သည်။
"အခြားပျောက်နေတဲ့လူတွေရှိသေးလား...."
လင်းဂုဟိုင်က ဤလူအုပ်ကို ရင်ဆိုင်ဖို့ကြိုးစားမည်လား....
ပထမဦးစွာ, သူက ထိုလောက်မသန်မာပေ။
ဒုတိယအနေဖြင့် တစ်ခုခုဆုံးရှုံးမှုရှိလျှင် အသင်္ချေဓားဂိုဏ်းက တာဝန်ခံရမည်ပင်။
အသင်္ချေဓားဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် သူ့မှာ ထိုကဲ့သို့လုပ်ဖို့ အကြောင်းပြချက်မရှိပေ။
"မြင့်မြတ်ဂိုဏ်း, အားလုံးရှိတယ်..."
"စိတ်ဝိညာဥ်သားရဲဂိုဏ်းလည်းစုံတယ်..."
"အသင်္ချေဓားဂိုဏ်းလည်း အကုန်ရှိတယ်...."
ဂိုဏ်းများစွာ တင်ပြလိုက်ပြီး တစ်ယောက်မှပျောက်မနေခဲ့ပေ။
နောက်ဆုံး၌ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"စစ်မှန်မိုးကြိုးဂိုဏ်း, အကုန်ရှိတယ်..."
ဂျန်ဖန်း အသံလာရာကြည့်လိုက်သည့်အခါ စစ်မှန်မိုးကြိုးဂိုဏ်းမှ အမျိုးသားတပည့်သုံးယောက်သာမြင်လိုက်သည်။
သူ့မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
"တစ်ယောက်မှမပျောက်တာသေချာလား..."
စစ်မှန်မိုးကြိုးဂိုဏ်း၌ ကျိုးကြောင်းမဆီလျော်သည့်သွေးနီရောင်ဝတ်တပည့်မလည်းရှိသာ သိသာ၏။
လွန်ခဲ့သည့်ညကတောင် သူမ သူ့ကြောင့် အဆိပ်မိပြီး သတိမေ့သွားခဲ့သည်။