← Chapters

သူ့အကြောင်းပြောရင် ဒေါသထွက်တယ်

Vol. 3 Ch. 28

သူ့အကြောင်းပြောရင် ဒေါသထွက်တယ်

Vol. 3 Ch. 28

ဝိညာဉ်များက လူ့ဘ၀တွင် သားသမီးမြေးမြစ် ထွန်းကားထားမှရမည် ဖြစ်သည်။ အကယ်၍ မျိုးဆက် မရှိပါက သေ‌သောအခါ ဆွေမျိုးသားချင်းကိုသာ အားကိုးရမည် ဖြစ်ပြီး ၊ ဆွေမျိုးကို အားကိုးရသည်မှာလည်း သူတို့၏ အိမ်သို့ သွားရောက်ရသည်သာ ဖြစ်သည်။ အကွာအဝေး နီးကပ်ပါက ပြဿနာမရှိသော်လည်း ၊ ခရီးဝေးကွာလှပြီး ကျင့်ကြံခြင်း အဆင့်အတန်း မြင့်မားသူ၏ စောင့်ရှောက်မှု မပါဝင်ပါက လမ်းခုလတ်၌ပင် လေလွင့်ဝိညာဉ် ဘဝသို့ ရောက်ရှိသွားနိုင်သည်။

“ဆရာ ၊ ကျွန်တော်တို့ ပတ်ပတ်လည်မှာ ရှာဖွေပြီးပါပြီ ၊ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မတွေ့ရပါဘူးခင်ဗျ”

“ဆရာ ၊ ကျွန်တော့်ဘက်မှာလည်း အတူတူပါပဲ”

“ဒါက တကယ့်ကို ရက်စက်လွန်းတယ် ၊ မွေးကင်းစ ကလေးငယ်တွေတောင် သွေးစုပ်ခံထားရတယ်၊ ဒီမြင်းစီးဓားပြတွေက သာမန်လူသားတွေ မဟုတ်တာတော့ အသေအချာပဲ”

“ဟုတ်တယ် ဆရာ ၊ ဒီကိစ္စကို ဂိုဏ်းကို အစီရင်ခံရမလားခင်ဗျ”

ချန်းဟော် ၏ တပည့်လေးဦးဖြစ်သော သုန်း ၊ နန် ၊ ရှီး ၊ ပေ တို့က အရပ်မျက်နှာ အသီးသီးမှ ပြန်လည်ရောက်ရှိလာကြ၏။ သူတို့ မြင်တွေ့ခဲ့ရသော မြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ချန်းဟော်၏ မျက်နှာမှာလည်း တည်ကြည်လေးနက်သွားတော့သည်။

“ငါတို့မှာ တာဝန်ရှိနေသေးတယ် ၊ ဒါကို အမြန်ဆုံး ဂိုဏ်းကို အစီရင်ခံမှ ဖြစ်မယ်၊ ငါ့အထင်တော့ ဒီမြင်းစီးဓားပြတွေက မိစ္ဆာကျင့်ကြံသူတွေ ဒါမှမဟုတ် စုန်းကဝေတွေ ဖြစ်နိုင်တယ်၊ သူတို့ကို အမြန်ဆုံး မနှိမ်နင်းနိုင်ရင် လူတွေအများကြီး ထပ်သေဦးမှာပဲ”

ချန်းဟော်က မော်ရှန်းဂိုဏ်း၏ ဆက်သွယ်ရေး ဂါထာတော်ကို အသုံးပြုကာ ဘိုးဘေးကြီးများထံမှတစ်ဆင့် ဂိုဏ်းတူအစ်ကို ထံသို့ အကြောင်းကြားစာ ပေးပို့လိုက်တော့သည်။

ရှူမြို့ရှိ ‘ကျူပေါင်ခန်းမ’ ဟူသော ဆိုင်ကလေးမှာ အလွန်ပင် ရိုးရှင်းလှသော် နာမည်ရှိလှသည်။ ရ ထိုအမည်ကို ဆိုင်ရှင်ဖြစ်သူ ကျူးကော့ခုံဖျင် သည် သုံးရက်သုံးညတိုင်တိုင် စဉ်းစားကာ ပေးထားခြင်း ဖြစ်သည်။ သူ၏ ဆိုင်မှာ စက္ကူရုပ်များ ၊ အမွှေးတိုင်နှင့် ဖယောင်းတိုင်များသာမက ၊ အထူးမှာယူထားသော ငရဲသုံးငွေစက္ကူများကိုလည်း ရောင်းချသည်။

“ဟဲဟဲ... ငါပေးတဲ့ နာမည်က အတော်ကို ကောင်းတာပဲ၊ တစ္ဆေပွဲတော် ရောက်ဖို့ လဝက်ပဲ လိုတော့တာဆိုတော့ အရောင်းအဝယ်က တကယ့်ကို ကောင်းနေတာပဲ”

ကျူးကော့ခုံဖျင်သည် စားပွဲပေါ်ရှိ ငွေဒင်္ဂါးများကို ရေတွက်ရင်း ပေါင်နှစ်ရာကျော်ရှိသော ကလေးငယ်တစ်ဦးကဲ့သို့ ပျော်ရွှင်နေသည်။

“ဟွန့်... ရှင်ကတော့ ပိုက်ဆံ ၊ ပိုက်ဆံနဲ့ ပိုက်ဆံပဲ သိတယ်၊ အကယ်၍ ဂိုဏ်းတူ အစ်ကိုသာ ရှင် ကျင့်ကြံခြင်းကို ပစ်ပယ်ထားတာ သိရင်တော့ သေသေချာချာ ဆုံးမတော့မှာ ”

ဆွဲဆောင်မှုရှိသော အမျိုးသမီးကြီး ဝမ်မုန့် က ကျူးကော့ခုံဖျင်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

“ကြည့်စမ်း... မင်းက သူ့အကြောင်း ထပ်ပြောပြန်ပြီလား”

ဂိုဏ်းတူအစ်ကို (အောင်ထျန်းလုံ) ဟူသော အသံကို ကြားသည်နှင့် ကျူးကော့ခုံဖျင်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

“ဂိုဏ်းတူအစ်ကိုအကြောင်း ပြောတာ ဘာဖြစ်လို့လဲ ၊ ရှင့်ကိုက ဘာဖြစ်နေမှန်း မသိဘူး၊ ဂိုဏ်းတူအစ်ကိုက ရှင့်ကို ဘာမှမပြောဘဲ ထွက်သွားတာက သူ့မှာ အခက်အခဲရှိလို့ နေမှာပေါ့၊ ရှင်ကတော့ နှစ်တွေ ဒီလောက်ကြာတာတောင် သူ့အကြောင်းပြောရင် ဒေါသထွက်နေတုန်းပဲ”

ဝမ်မုက ပြန်လည် ဆူပူလိုက်ရာ ကျူးကော့ခုံဖျင်မှာ စိတ်ကောက်ကာ မျက်နှာလွှဲသွားတော့သည်။ ထိုစဉ် သူတို့၏ သားဖြစ်သူ ကျူးကော့ရှောင်မင် (ယွင်ကောင်း) က နောက်ဖေးဘက်မှ စိတ်လှုပ်ရှားစွာ ပြေးဝင်လာ၏။

“ဖေဖေ... ဖေဖေ ၊ လာပါဦး ၊ သားမှာ အကောင်းစား ပြစရာလေး ရှိတယ်”

ယွင်ကောင်းက သူ၏ဖခင်ကို နောက်ဖေးသို့ ဆွဲခေါ်သွားပေရာ ရေတွင်းနားတွင် ထူးဆန်းသော အင်တာနာများ တပ်ဆင်ထားသည့် အိုးကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းမှာ အနောက်တိုင်းမှ သင်ယူလာသော လျှပ်စစ်ထုတ်စက်နှင့် အချက်ပြဖမ်းစက် ဖြစ်ကာ ယွင်ကောင်းသည် စက်ကို အားသွန်ခွန်စိုက် လှည့်လိုက်ရာ လျှပ်စစ်စွမ်းအားများ ထွက်ပေါ်လာတော့သည်။

ထိုအချိန်၌ ကောင်းကင်ယံတွင် ဝိညာဉ်လမ်းပြမီးအိမ်ကို ကိုင်ဆောင်ထားသော ဝိညာဉ်မလေးတစ်ဦး ဖြတ်သန်းသွားစဉ် အချက်ပြစက်၏ စွမ်းအားကြောင့် လျှပ်စီးလက်ကာ မီးတောက်သွားခဲ့ပြီး။

“ဝုန်း”

ပြင်းထန်လှသော ပေါက်ကွဲမှုနှင့်အတူ အိုးအဖုံးမှာ လွင့်ထွက်သွားတော့သည်။

“အမလေး... လန့်လိုက်တာ”

ယွင်ကောင်းနှင့် ကျူးကော့ခုံဖျင်တို့မှာ မှင်သက်နေစဉ် ၊ ဝမ်မုန့်က အသံကြားသဖြင့် ပြေးထွက်လာတော့သည်။ ပေါက်ကွဲသွားသောအိုးကို တွေ့လိုက်ရသွားသည့်အခါ သူမ၏မျက်နှာသည် ချက်ချင်းဆိုသလို ဒေါသရိပ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

“ဟဲ့... ဒါ အဒေါ်ကျောက်ရဲ့ အိုးကြီး မဟုတ်လား၊ ဒီနေ့ ဘာလို့ အ‌ကြောင်းရင်း မရှိဘဲနဲ့ ငါ့အိမ်ကို အိုးလာတောင်းတာလဲလို့ စဉ်းစားနေတာ ၊ လတ်စသတ်တော့ နင် ခိုးလာတာကိုး”

ဝမ်မုန့်၏ ကိုယ်ပေါ်မှ အရှိန်အဝါများ ထွက်ပေါ်လာပြီး ဆံပင်များပင် ထောင်တက်သွားတော့သည်။ သူမက ကြက်မွှေးတံကို ဆွဲကိုင်ကာ သူတို့ သားအဖထံသို့ လျှောက်လှမ်းလာတော့သည်။

“မေမေ... မေမေ ၊ သားပြောတာ နားထောင်ဦး ၊ ဖေဖေ သားကိုကယ်ပါဦး”

“ငါတောင် မနည်းလွတ်အောင် ပြေးနေရတာ ၊ ငါ အရင်နှင့်သွားပြီ သားလေးရေ”

ကျူးကော့ခုံဖျင်က ထွက်ပြေးရန် ကြိုးစားသော်လည်း သားဖြစ်သူ၏ ‘ဖေဖေက ကျွန်တော့်ရဲ့ အဖေအရင်း မဟုတ်ဘူးလား’ ဟူသော စကားကြောင့် ရပ်တန့်သွားခဲ့သည်။ သူက ရင်ဘတ်ကို မတ်ကာ သားဖြစ်သူရှေ့တွင် ကာကွယ်ရပ်တည်ပေးလိုက်သည်။

“မုန့်မုန့်... ငါ့ကို မျက်နှာသာ ပေးပါဦး ၊ တော်လိုက်ပါတော့”

“မျက်နှာသာ ပေးရမယ် ဟုတ်လား ၊ ရှင့်မျက်နှာက ဘယ်လောက်တန်လို့လဲ၊ ရှင့်ကိုပါ တစ်ခါတည်း ရိုက်ပစ်မယ်”

ဝမ်မုန့်၏ ကြက်မွှေးတံက လေထဲတွင် ဝှေ့ယမ်းသွားပြီး ၊ ကျူးကော့ခုံဖျင်နှင့် ယွင်ကောင်းတို့၏ အော်ဟစ်သံများမှာ ကျူပေါင်ခန်းမအတွင်း ပဲ့တင်ထပ်သွားတော့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့ သားအဖမှာ ခြံဝင်းအတွင်း၌ ဒူးထောက်နေခဲ့ရသည်။

ကျူးကော့ခုံဖျင်မှာ ဒဏ်ရာများကို ဆေးထည့်ရန် ဆင်ခြေပေးကာ ထွက်ပြေးသွားသဖြင့် ယွင်ကောင်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ ထိုစဉ် သူ၏ အနောက်ဘက်ရှိ ရေတွင်းအတွင်းမှ -

“ဂလု... ဂလု”

ဟူသော ထူးဆန်းသော အသံများ ထွက်ပေါ်လာတော့သည်။

All Chapters