← Chapters

ရေခဲပြင်၏ ပဟေဠိ

Vol. 3 Ch. 29

ရေခဲပြင်၏ ပဟေဠိ

Vol. 3 Ch. 29

“ဘာဖြစ်တာလဲ”

ယွင်ကောင်းက စူးစမ်းလိုစိတ်ဖြင့် ရေတွင်းဝသို့ ငဲ့စောင်းကြည့်လိုက်သည်။

“ဝုန်း”

ထိုခဏ၌ပင် ဖြူဖျော့သော မျက်နှာရှိသည့် ဝိညာဉ်မလေးတစ်ဦးသည် ရေတွင်းအတွင်းမှ ရုတ်ခြည်း ပျံသန်းထွက်ပေါ်လာတော့သည်။

“တစ္ဆေ... တစ္ဆေကြီးဗျို့”

ယွင်ကောင်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် မျက်လုံးများ ပြူးထွက်လျက် သတိလစ် မေ့မြောသွားတော့သည်။ ထိုဝိညာဉ်မလေးမှာမူ ဝေဝေဝါးဝါးဖြင့် ယွင်ကောင်း၏ ရင်ဘတ်ရှိ ကျောက်စိမ်းဆွဲပြားအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

“အား... မိန်းမ ၊ ဖြည်းဖြည်းလုပ်ပါဦး ၊ နာတယ်ဗျ”

ဧည့်ခန်းအတွင်း၌ ကျူးကော့ခုံဖျင် သည် မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် အော်ဟစ်နေသည်။

“ဟွန့်... ဘယ်သူက ရှင့်ကို ဟန်လုပ်ခိုင်းလို့လဲ၊ သားရှေ့မှာ ကာကွယ်ပြပြီး သားအဖသံယောဇဉ် ကြီးမားကြောင်း ပြချင်တာ မဟုတ်လား”

ဝမ်မုန့် က ငြိုငြင်စွာ ဆိုလိုက်၏။ ကျူးကော့ခုံဖျင်မှာမူ ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် -

“ဒါပေါ့... သူက ငါ့သားပဲလေ၊ ငါမကာကွယ်ရင် ဘယ်သူက ကာကွယ်မှာလဲ ၊ အောင်ထျန်းလုံ က လာကာကွယ်ပေးမှာလား”

“ရှင်ကတော့လေ... သူ့အကြောင်း ပြောပြန်ပြီ၊ ကဲ... ရှင့်ဘာသာ ဆေးထည့်တော့ ၊ ကျွန်မ သွားပြီ”

ဝမ်မုန့်က စိတ်ပျက်လက်ပျက်ဖြင့် ဆေးဘူးကို ပစ်ချကာ ထွက်သွားတော့သည်။

“ဒေါက်... ဒေါက်... ဒေါက်”

ထိုစဉ် အိမ်ရှေ့တံခါးခေါက်သံ ထွက်ပေါ်လာ၏။ ကျူးကော့ခုံဖျင်င စိတ်ထဲ၌ ကြိတ်၍ ဝမ်းသာနေသည်။ အကယ်၍သာ အောက်ထျန်းလုံက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဇနီးနှင့် သားကို ပစ်မသွားခဲ့ပါက သူက ဝမ်မုန့်နှင့် လက်ထပ်ခွင့် ရရှိမည် မဟုတ်ပေ။ သူသည် ပြုံးရွှင်စွာဖြင့် တံခါးသွားဖွင့်လိုက်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်နှာရှိ အပြုံးများမှာ ရေခဲကဲ့သို့ အေးစက်တောင့်တင်းသွားရတော့သည်။

“ဂိုဏ်း... ဂိုဏ်းတူအစ်ကို”

ကျူးကော့ခုံဖျင်၏ အသံမှာ တုန်ရီနေသည်။ သူ၏ရှေ့တွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ အောင်ထျန်းလုံပင် ဖြစ်နေသည်။

“ညီလေး... မတွေ့ရတာ ကြာပြီနော်”

အောင်ထျန်းလုံက ဖော်ရွေစွာ နှုတ်ဆက်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ ဖက်လဲတကင်း လုပ်ရန် ပြင်လိုက်၏။ သို့သော် ကျူးကော့ခုံဖျင်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

“ဂိုဏ်းတူ အစ်ကို ဖြစ်နေရင်လည်း သေပေတော့ ၊ တောက်”

သူသည် အောင်ထျန်းလုံ၏ ရင်ဘတ်ကို အားပြင်းသော ကန်ချက်ဖြင့် ကန်ထုတ်လိုက်ရာ အောက်ထျန်းလုံမှာ အငိုက်မိသွားသဖြင့် နောက်သို့ လွင့်စင်သွားပြီး လင်းရန်ယန် က အနောက်မှ လှမ်း၍ ဖမ်းထိန်းပေးလိုက်ရသည်။

“ဝုန်း”

ထို့နောက် ကျူးကော့ခုံဖျင်က တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။

“ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ”

အောင်ထျန်းလုံမှာ ကြောင်အသွားရသည်။ အောင်နင်ရွှမ်း ကမူ ဒေါသတကြီးဖြင့် -

“မဖြစ်နိုင်တာ ဖေဖေ ၊ သူက ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရတာလဲ ၊ မြင်တာနဲ့ ကန်ထုတ်ရတယ်လို့”

“ဟဲဟဲ... ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်ကို ကျူးကော့ကတော့ အစ်ကို့ကို ကြိုဆိုမယ့်ပုံ မပေါ်ဘူးဗျ”

လင်းရန်ယန်က စနောက်သလို ပြောလိုက်၏။ ခဏအကြာတွင် ဝမ်မုန့်က အသံကြားသဖြင့် ထွက်လာပြီး အောင်ထျန်းလုံကို မြင်သောအခါ ဝမ်းသာအားရဖြင့် ဆီးကြိုလိုက်တော့သည်။ သို့သော် ကျူးကော့ခုံဖျင်မှာမူ သူတို့နှစ်ဦးကြားတွင် ကာစီးကာစီး လုပ်နေသဖြင့် ဝမ်မုန့်က သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ရသည်။

“ဂိုဏ်းတူအစ်ကို... ဒါနဲ့ ဒီကလေးမလေးက ဘယ်သူလဲဟင်”

“ကျွန်မနာမည်က အောင်နင်ရွှမ်းပါ ၊ ဖေဖေရဲ့ သမီးပါ”

ထိုစကားကြောင့် ဝမ်မုန့်နှင့် ကျူးကော့ခုံဖျင်တို့မှာ မှင်သက်သွားကြရသည်။ အောက်ထျန်းလုံ ထွက်သွားပြီး မကြာမီမှာပင် သမီးရနေပြီဆိုပါက သူက အပြင်တွင် မိန်းမရှိနေခဲ့ခြင်းဖြစ်နိုင်ပေသည်။ ကျူးကော့ခုံဖျင်‌က‌တော့ ဒေါသထွက်နေခဲ့ပြီး ဝမ်မုန့်ကမူ နင်ရွှမ်းလေးကို ချစ်ခင်စွာဖြင့် လက်ဆွဲနှုတ်ဆက်နေသည်။

“ဒါဆိုရင် ဒီချောမောတဲ့ လူငယ်လေးကရော... ဂိုဏ်းတူအစ်ကိုရဲ့ သမက်လောင်းလား”

ဝမ်မုန့်က ပြုံးစစဖြင့် လင်းရန်ယန်ကို ကြည့်ကာ မေးလိုက်ရာ နင်ရွှမ်း၏ ပါးပြင်လေးများမှာ ရှက်သွေးဖြာကာ နီရဲသွားတော့သည်။

“မဟုတ်ပါဘူး အန်တီရဲ့ ၊ သူက ဖေဖေ့ရဲ့ ဂိုဏ်းတူညီလေးပါ”

“ဂိုဏ်းတူညီလေး ဟုတ်လား”

လင်းရန်ယန်က ရှေ့သို့ တိုးထွက်ကာ ရိုသေစွာ နှုတ်ဆက်လိုက်၏။

“ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူ အစ်မတို့ကို ဂါရဝပြုပါတယ်၊ ကျွန်တော်က မော်ရှန်းဂိုဏ်းရဲ့ အဓိကတပည့်သစ် လင်းရန်ယန်ပါ၊ ဂိုဏ်းရဲ့ တာဝန်တစ်ခုကြောင့် ‘ရှီးရွှမ်းပန် ကြေးဝါချပ်ဝတ်ဖုတ်ကောင်’ ရှိတဲ့နေရာကို တွက်ချက်ပေးဖို့ ဂိုဏ်းတူအစ်မဆီကို အကူအညီတောင်းဖို့ လာတာပါ”

“ဟားဟားဟား... ဒါဆိုရင်တော့ ဂိုဏ်းတူညီလေးပေါ့ ၊ လာ... လာ... အိမ်ထဲဝင်ကြဦး၊ ဒီလိုကိစ္စမျိုးက အသေးအဖွဲလေးပါ”

ကျူးကော့ခုံဖျင်မှာ မော်ရှန်းတပည့်ဟု ကြားသည်နှင့် သဘောကျသွားကာ ဖော်ရွေစွာ ခေါ်ဆောင်သွားတော့သည်။

ညစာ စားသောက်ပြီးနောက် အောင်ထျန်းလုံက သူ ကွဲကွာနေခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြတော့၏။ သူက ဂိုဏ်းချုပ်၏ အမိန့်ဖြင့် တိဗက်ဒေသရှိ အန္တရာယ်ရှိသော နေရာတစ်ခုကို သွားရောက် စောင့်ရှောက်ခဲ့ရခြင်း ဖြစ်သည်။ အောင်နင်ရွှမ်းမှာ ထိုနေရာ၌ သူတွေ့ရှိခဲ့သော မိဘမဲ့ကလေးငယ် တစ်ဦးသာ ဖြစ်သော်လည်း ထိုလျှို့ဝှက်ချက်ကိုမူ သူ ထုတ်မပြောခဲ့ပေ။

“အခုတလော အဲ့ဒီဒေသမှာ ပြင်းထန်တဲ့ ရေခဲမုန်တိုင်းတွေ ဖြစ်ပေါ်နေပြီး မိုင်တစ်ရာ ပတ်လည်က အရာအားလုံး ခဲနေပြီ၊ နှင်းမြေခွေးဘုရင်ကလည်း ‘မိစ္ဆာဘုရင်’ အဆင့်ကို ရောက်နေပြီ၊ ရေခဲဓာတ်ခန္ဓာ ကို ပိုင်ဆိုင်ထားတယ် ၊ ငါတောင် သူ့ကို မယှဉ်နိုင်ဘူး”

အောင်ထျန်းလုံက သက်ပြင်းချလျက် ဆိုလိုက်၏။ ထို့ကြောင့် သူက အောက်နင်ရွှမ်းကို မော်ရှန်းဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာပြီး ဂိုဏ်းရှိ အကြီးအကဲများ၏ အကူအညီဖြင့် ထိုဘေးအန္တရာယ်ကို ဖြေရှင်းရန် ရည်မှန်းထားခြင်း ဖြစ်သည်။

All Chapters