Chapters

ဓာတ်ငါးပါးစွမ်းအားများ စုစည်းခြင်း

Vol. 3 Ch. 30

ဓာတ်ငါးပါးစွမ်းအားများ စုစည်းခြင်း

Vol. 3 Ch. 30

“ဪ... ဒီလိုကိုး၊ ဂိုဏ်းတူအစ်ကိုက ဒီနှစ်တွေအတွင်းမှာ အမြဲတမ်း တိုက်ပွဲဝင်နေခဲ့ရတာလား ၊ ကျွန်မဖြင့် ဒါတွေကို လုံးဝမသိခဲ့ဘူး”

အောင်ထျန်းလုံ ၏ စကားကို ကြားရသောအခါ ဝမ်မုန့်က သူမ၏ ဂိုဏ်းတူအစ်ကိုအပေါ် ရင်ထဲမှ လှိုက်လှဲစွာ သနားဂရုဏာ သက်မိသွားတော့သည်။ အတိတ်ကာလကပင် အောင်ထျန်းလုံသည် သူတို့အပေါ်၌ မွေးချင်းမောင်နှမအရင်းများကဲ့သို့ ကြင်နာယုယခဲ့သူ တစ်ဦးပင်ဖြစ်သည်။

“ဟွန့်... စောစောကလည်း ပြန်မလာဘူး ၊ နောက်ကျမှလည်း ပြန်မလာဘူး၊ အခုမှ ကွက်တိပြန်လာတာ ကြည့်ရတာ တစ်ခုခုတော့ မရိုးသားဘူးပဲ”

ကျူးကော့ခုံဖျင် ကမူ အောက်ထျန်းလုံ၏ ပြောစကားများကို ယုံကြည်သော်လည်း ၊ ဤလူက ရည်ရွယ်ချက်တစ်ခုခုဖြင့် ပြန်လာခြင်းဖြစ်မည်ဟု သံသယ၀င်နေသေးသည်။

“ကဲပါ... ငါ့ကိစ္စတွေကို ခဏထားလိုက်ပါဦး၊ ဂိုဏ်းတူညီမက တွက်ချက်ခြင်းအတတ်မှာ ကျွမ်းကျင်တာဆိုတော့ ၊ ညီလေးလင်းရန်ယန်အတွက် ‘ရှီးရွှမ်းပန် ကြေးဝါချပ်ဝတ်ဖုတ်ကောင်’ ရဲ့ တည်နေရာကို တစ်ချက်လောက် တွက်ချက်ပေးပါဦး၊ တကယ်တော့ တိုက်ဆိုင်လွန်းတယ် ၊ ဒီနေ့သာ ညီလေးလင်းရန်ယန်နဲ့ မဆုံခဲ့ရင် နင်ရွှမ်းလေးဟာ မိစ္ဆာသားရဲရဲ့ ဝါးမြိုတာကို ခံလိုက်ရမှာ အသေအချာပဲ”

အောင်ထျန်းလုံက လင်းရန်ယန်၏ ကျေးဇူးကို ထပ်လောင်းပြောဆိုလိုက်၏။

“တကယ်ကြီးလား ၊ ဒါဆိုရင်တော့ မောင်လေးက တို့မိသားစုတစ်ခုလုံးရဲ့ ကျေးဇူးရှင်ကြီးပေါ့”

ဝမ်မုန့်က အရမ်းကျေးဇူးတင်နေသော မျက်ဝန်းများဖြင့် လင်းရန်ယန်ကို ကြည့်ကာ ပြောလိုက်သည်။ သို့သော် ‘မိသားစုတစ်ခုလုံး’ ဟူသော စကားလုံးကြောင့် ကျူးကော့ခုံဖျင်မှာ မိမိကိုယ်ကိုယ် ဘေးဖယ်ခံထားရသူ တစ်ဦးကဲ့သို့ ခံစားလိုက်ရတော့သည်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး ၊ ဘေးဒုက္ခရောက်နေသူကို ကူညီတာဟာ မော်ရှန်းတပည့်တို့ရဲ့ ကျင့်ဝတ်ပဲလေ”

လင်းရန်ယန်က အေးဆေးစွာပင် လက်ကာပြလိုက်သည်။

“ကောင်းလိုက်တဲ့ စကား ၊ ဒါမှ မော်ရှန်းတပည့် ပီသတာပေါ့”

အောက်ထျန်းလုံက လင်းရန်ယန်ကို မချီးမွမ်းဘဲ မနေနိုင်တော့ပေ။ ထို့နောက် ဝမ်မုန့်က တွက်ချက်ရန်အတွက် ဝတ်စုံလဲကာ ဘိုးဘေးခန်းမအတွင်းသို့ ဝင်သွားတော့သည်။ သူမက ရှေးဟောင်းသံလိုက်အိမ်မြှောင်ကို အသုံးပြု၍ ဂါထာမန္တရားများ ရွတ်ဆိုလိုက်ရာ အိမ်မြှောင်ပေါ်၌ အနက်ရောင် အလင်းစက်တစ်ခု ပေါ်ပေါက်လာခဲ့၏။

“တွေ့ပြီ... အဲ့ဒီမိစ္ဆာက အခု အနောက်တောင်ဘက် ဆယ်ကီလိုမီတာ အကွာမှာပဲ ရှိနေတာ ၊ တော်တော်လေး နီးကပ်နေတာပဲ”

ဝမ်မုန့်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ လင်းရန်ယန်က တွက်ချက်ခြင်းအတတ်၏ အသုံးဝင်ပုံကို မြင်တွေ့ရသောအခါ မိမိကိုယ်တိုင်လည်း သင်ယူလိုစိတ်များ ပြင်းပြလာတော့သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူ အစ်မ ၊ ဒါဆိုရင် ကျွန်တော်သွားပြီး အဲ့ဒီအကောင်ကို အရင်ဆုံး ရှင်းလင်းလိုက်ပါဦးမယ်”

လင်းရန်ယန်၏ စကားကြောင့် လူတိုင်း မှင်သက်သွားကြ၏။ အောငခထျန်းလုံက လင်းရန်ယန်ကို တားဆီးကာ ထိုကြေးဝါချပ်ဝတ်ဖုတ်ကောင်သည် မြေကမ္ဘာအရှင်သခင် အဆင့်တစ်ဆယ်ခန့်အထိ စွမ်းအားရှိသဖြင့် သတိထားရန် သတိပေးလိုက်သည်။

ရုတ်တရက် ဝမ်မုန့်၏ လက်ထဲရှိ သံလိုက်အိမ်မြှောင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ဝုန်းခနဲ ပေါက်ကွဲသွားခဲ့၏။

“မကောင်းတော့ဘူး... ဒီဖုတ်ကောင်က ငါ့ရဲ့ တွက်ချက်မှုကို ချိုးဖျက်ပြီး ကိုယ်ယောင်ဖျောက်သွားပြီ”

ဝမ်မုန့်က ထိတ်လန့်တကြား ပြောလိုက်သညါ။ ဤအချက်မှာ ထိုဖုတ်ကောင်က ‘ဖုတ်ကောင်ဘုရင်’ အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။ အကယ်၍ ထိုအကောင်သာ ဖုတ်ကောင်ဘုရင် ဖြစ်သွားပါက သူ၏ ခုခံစွမ်းအားကို ဖောက်ထွက်ရန်အတွက် ဒုတိယအဆင့် ကောင်းကင်အရှင်သခင်၏ စွမ်းအားမျိုး လိုအပ်လိမ့်မည်ဖြစ်သည်။

“စိတ်မပူကြပါနဲ့ ၊ သူ ဘယ်လောက်ပဲ ပြေးပြေး အခုနက တွက်ချက်မိတဲ့နေရာကို သွားကြည့်ရင် သိရမှာပါ”

လင်းရန်ယန်က အကြံပြုလိုက်ရာ အောင်ထျန်းလုံကလည်း သဘောတူလိုက်သည်။ သူတို့က ခရီးမထွက်မီ ဝတ်ရုံနီမီးတစ္ဆေကို ကျူးကော့မိသားစု၏ အိမ်စောင့်ဂါထာဖြင့် အရင်ဆုံး ချုပ်နှောင်ထားရန် ဆုံးဖြတ်လိုက်ကြသည်။ အောငခထျန်းလုံက မီးတစ္ဆေမ ထည့်ထားသော ဝိညာဉ်ဖမ်းဘူးကို ကျူးကော့ခုံဖျင်ထံသို့ ကမ်းပေးလိုက်သည်။

ကျူးကော့ခုံဖျင်မှာ စိတ်မပါသော်လည်း အရေးကြီးသည့် ကိစ္စဖြစ်သဖြင့် ဘူးကို လက်ခံလိုက်ရသည်။ သူက ဧည့်ခန်းအလယ်ရှိ အိမ်စောင့်ဂါထာ၏ ဗဟိုချက်ဆီသို့ လျှောက်သွားလိုက်သည်။

“ခုံဖျင်... ရှင် ဒါကို လုပ်နိုင်ပါ့မလား”

ဝမ်မုန့်က စိုးရိမ်တကြီးဖြင့် မေးလိုက်တော့သည်။