← Chapters

ထူးဆန်းသည့်မှန်

Vol. 24 Ch. 333

ထူးဆန်းသည့်မှန်

Vol. 24 Ch. 333

စစ်မှန်မိုးကြိုးဂိုဏ်းတပည့်သုံးယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့အားလုံးက ဂျန်ဖန်းကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။

အဆုံးမှာတော့ သူ့တို့ရှေ့ရှိမျက်နှာဖုံးနှင့်လူက လုရှီယီနှာခေါင်းအောက်မှ ရှုယင်းရင်းကို လုထားတာဖြစ်သည်။

ထို့ကြောင့် သူတို့ဆက်ဆံရေးက သေချာပေါက်မကောင်းပေ။

"ငါတို့ အသင်္ချေဓားဂိုဏ်းလာတဲ့လမ်းမှာ ဂျူနီယာညီမနှစ်ယောက်ဆုံးရှုံးခဲ့ရတယ်...."

"ငါတို့သုံးယောက်နဲ့ စီနီယာအကိုလုပဲ ကျန်တော့တာ...."

"စီီနီယာအကိုလုက ပုန်းကွယ်နေတဲ့အန္တရာယ်ကိုဖြေရှင်းနေတုန်း၊ ငါတို့သုံးယောက်ပဲ ဒီကိုကျင့်ကြံဖို့လာခဲ့တာ။ လေးယောက်မြောက်လူမရှိဘူး...."

ဘာ?...

ဂျန်ဖန်းအမူအရာ ပြောင်းလဲသွား၏။

ထိုအမျိုးသမီးအထောက်အထားက တကယ်ပဲ ပြဿနာရှိနေခဲ့သည်။

ရှုယင်းရင်းအမူအရာလည်း အနည်းငယ်ပြောင်းလဲသွားပြီး တီးတိုးပြောလိုက်သည်။

"လွန်ခဲ့တဲ့သုံးရက်က အနီဝတ်မိန်းခလေး စစ်မှန်မိုးကြိးဂိုဏ်းနောက်ကနေ ဓားသစ်တောထဲဝင်လိုက်တာ ငါသတိထားမိတယ်...."

"အခု, သူမတစ်ယောက်တည်းပျောက်နေတယ်။ ဒီမြူတွေက သူမကြောင့်များလား...."

မဝေးသည့်တစ်နေရာ၌....

မြူထူထပ်ပြီး ကိုယ့်လက်ကိုယ်တောင်ပြန်မမြင်ရပေ။

သွေးနီရောင်ဝတ် နတ်ဆိုးအင်ပါယာ၏သမီးတော် သူမလက်ထဲ၌ ရှေးဟောင်းအမြုတေတစ်ခုကို ကိုင်ထားခဲ့သည်။

ထိုအရာက မိရုဆိုသည့်သားရဲ၏အမြုတေဖြစ်သည်။

၎င်းမှ မြူတွေအဆက်မပြတ်ထုတ်လွတ်နေပြီး ဓားသစ်တောတစ်ခုလုံးကို နစ်မြုပ်သွားစေခဲ့သည်။

ထို့ကြောင့် လူတွေလမ်းပျောက်ပြီး ဤနေရာမှာ တဖြည်းဖြည်းစုဝေးလာကြတာဖြစ်သည်။

ဂျန်ဖန်းနှင့်အခြားလူတွေပြောတာနားထောင်နေပြီး သူမဦးခေါင်းရှိ ချိုသေးသေးနှစ်ခုက ဖျော့တော့သည့်အနီရောင်အလင်းတန်းတွေတောက်ပလာ၏။

သူမက အနည်းငယ်ပြုံးလိုက်သည်။

"မဆိုးဘူးပဲ...."

"ငါကို ဒီလောက်မြန်မြန်တွေ့သွားပြီ...."

"ဒါပေမယ့်, ဘာဖြစ်လဲ....."

"အခု နင်တို့အားလုံးစုဝေးနေပြီဆိုတော့ နင်တို့ရဲအဆုံးသတ်က မဝေးတော့ဘူ...."

ထိုအခိုက်အတန့်၌....

သူမအောက်က ညီးညူးသံတစ်ခုထွက်ပေါ်လာခဲ့သည်။

အောက်ကြည့်လိုက်သည့်အခါ ထိုအရာက ပျောက်နေသည့်လင်းဂုဟိုင်ပင်။

သို့ပေမယ့် လွန်ခဲ့သည့်သုံးရက်ကထက် အခြေအနေပိုဆိုးနေခဲ့သည်။

နံရိုးအားလုံးကျိုးကျေနေပြီး အသက်ရှူသံက ပိုပိုအားနည်လာနေ၏။

သေခါနီးအခြေအနေကို ရောက်နေပြီဖြစ်သည်။

နတ်ဆိုးအင်ပါယာသမီးတော် လှောင်ပြောင်လိုက်၏။

"နင့်ရဲ့ဒီလိုအခြေအနေနဲ့ ငါ့ကိုတိုက်ခိုက်ချင်သေးတာလား....."

"နင့်ကိုအရင်ပို့ပေးလိုက်မယ်....."

လက်စသတ်တော့ လမ်းဦးဆောင်နေသည့်လင်းဂုဟိုင် အမှတ်တမဲ့ နတ်ဆိုးအင်ပါယာသမီးတော်နှင့် တွေ့ဆုံခဲ့တာဖြစ်သည်။

သူမအလှကြောင့်မှင်သက်သွားပြီး ဂျူနီယာညီ၊ညီမတွေကို ချန်ထားကာ တစ်ယောက်တည်းချည်းကပ်သွားတာဖြစ်သည်။

ရလဒ်ကတော့ သိသာလှ၏။

နတ်ဆိုးအင်ပါယာသမီးတော်၏ မသေမရှင်ရိုက်နှက်မှုကို ခံခဲ့ရ၏။

သူမက ကျောက်စိမ်းလိုခြေထောက်မြောက်ပြီး လင်ဂုဟိုင်ခေါင်းကို နင်းခြေဖို့ပြင်လိုက်၏။

သို့ပေမယ့် ထိုအခိုက်အတန့်မှာပဲ....

မိုးကြိုးလျှပ်စီးတစ်ကြောင်း သတိမပေးနဲ့ ရှေ့မြေကြီးကိုပစ်ချလာပြီး ဘာမှမရှိသည့်မြေကြီးမှ ထူးဆန်းသည့်အော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပဲ....

ဆိုးယုတ်သည့် အနက်ရောင်မီးခိုးတစ်ခု မြေပြင်မှ ထွက်ပေါ်လာပြီး မသဲမကွဲအရိပ်တစ်ခုမြူတွေနှင့်အတူ ရှေ့ကိုပြေးထွက်သွားခဲ့သည်။

ခဏကြာပြီးနောက်...

လုရှီယီ ဒေါသတကြီး နောက်ကနေလိုက်ပါလာခဲ့သည်။

"သေစမ်း, နောက်တစ်ကြိမ်လွတ်သွားပြန်ပြီ...."

"ဒီနတ်ဆိုးစိတ်ဝိညာဥ်က ဘာလို့ ဒီလောက်ဉာဏ်နီဉာဏ်နက်များရတာလဲ...."

သူက မကျေမနပ်ရေရွတ်ပြီး နောက်ကဆက်လိုက်သွား၏။

နတ်ဆိုးအင်ပါယာသမီးတော် မြင်ကွင်းတစ်ခုလုံးကိုကြည့်နေပြီး သူမ၏ ရွှတ်နောက်နောက်မျက်နှာ၌ ယခုဆို လေးနက်သည့်အမူအရာတွေ အစားထိုးနေပြီဖြစ်သည်။

"နတ်ဆိုးစိတ်ဝိညာဥ်? ငါအမြင်မှားနေတာလား...."

"ဂိုဏ်း ၉ ဂိုဏ်းမှာ ဘယ်လိုလုပ် နတ်ဆိုးစိတ်ဝိညာဥ်တစ်ခုရှိနေတာလဲ...."

"ပြီးတော့ ကြည့်ရတာ နောက်ကလိုက်နေတဲ့လူသားကလန်ကလူကို ကစားနေတာနဲ့တူတယ်...."

"အသာအယာသတ်နိုင်တာ အသိသာကြီးပဲကိုး..."

သူမ၏ လှပသည့်မျက်လုံးတွေ အရောင်လက်သွား၏။

သူမက ဤနေရာရှိပါရမီရှင်တပည့်အားလုံးကိုသတ်ဖို့ရည်ရွယ်ထား၏။ သို့ပေမယ့် ယခု သူမခြေထောက်ကိုပြန်ရုတ်ပြီး ပြောလိုက်သည်။

"နတ်ဆိုးစိတ်ဝိညာဥ်က ကိုင်တွယ်ရမလွယ်ဘူး...."

"သူလည်း လူသားပါရမီရှင်တပည့်တွေဆီ ဦးတည်နေတာဆိုတော့ သူတို့အချင်းချင်း အရင်တိုက်ခိုက်ခိုင်းလိုက်မယ်...."

"လူသားပါရမီရှင်အားလုံးအသတ်ခံရရင်တော့ အကောင်းဆုံးပဲ...."

"မဟုတ်လို့ အဲ့ချိန်မှသတ်ရင်လည်း နောက်မကျသေးပါဘူး...."

ထိုစဥ်...

ဂိုဏ်းအသီးသီးမှတပည့်တွေ အချိန်အတော်ကြာကတည်းက အသင့်အနေထားဖြစ်နေပြီး မည်သည့်အန္တရာယ်လက္ခဏာမှ မမြင်ရသည့်အခါ အနည်းငယ် လျော့ရဲလာကြ၏။

"ငါတို့အတွေးလွန်နေတာများလား...."

"ဒီမြူတွေကို ဓားသစ်တောက ထုတ်တာဆိုရင်ကော..."

"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့။ အသင်္ချေဓားဂိုဏ်းတပည့်တွေ ဒီနေရာမှာပိတ်မိနေတာ မင်းမမြင်ဘူးလား။ မြူတွေရှိရင် ငါတို့ကြိုသိမှာပဲလေ...."

"ဘယ်လိုတောင်ပြောရဲတာလဲ။ မင်းတို့ဘာလုပ်လိုက်လဲကြည့်အုန်း။ အခြေခံလုံခြုံမှုတောင်မရှိပဲ ဓားသစ်တောကိုဘာကြောင့်ဖွင့်လဲ...."

"ဟေး, မင်းကျေးဇူးမကန်းနဲ့။ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမအမိန့်ကြောင့်မဟုတ်ရင် ငါတို့အသင်္ချေဓားဂိုဏ်းရတနာမြေကို မင်းတို့အပြင်လူတွေအတွက်ဖွင့်ပေးမယ်တဲ့လား..."

.....

နှစ်ဖက်က အဆုံးမရှိ ငြင်းခုံနေကြ၏။

ဂျန်ဖန်း ပတ်ဝန်းကျင်ကို မျက်လုံးပိတ်အာရုံနေပြီး ရုတ်တရက်ဖွင့်ကာ အော်ပြောလိုက်သည်။

"တိတ်ကြစမ်း...."

"တစ်ခုခုလာနေပြီ...."

"အာလုံးသတိနဲ့နေကြ..."

ထိုအရာကိုကြားသည့်ခါ တပည့်တွေ၏မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး သံသယဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက်....

ပတ်ဝန်းကျင်က တိတ်ဆိတ်နေခဲ့သည်။

အပြင်ဘက်ဆုံးအလွှာမှာစောင့်ကြပ်နေသည့် စစ်မှန်မိုးကြိုးဂိုဏ်းတပည့်တစ်ယောက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"ဘာမှမရှိ..."

ဆုံးအောင်တောင်မပြောလိုက်ရပေ။

သူ့ရှေ့မြေပြင်မှ အနက်ရောင်မြူတစ်ခု သတိပေးခြင်းမရှိပဲ ပေါက်ကွဲထွက်လာပြီး အစီအရင်ကို တည့်တည့်မတ်မတ် တိုက်ခိုက်လိုက်သည်။

ရှဲ...

အစီရင်ဖြင့်ဖန်တီးထားသည့်အလင်းမျက်နှာပြင် ချက်ချင်းပဲ အနက်ရောင်အပေါက်တစ်ခုအဖြစ် တိုက်စားခံလိုက်ရ၏။

အစီအရင်အလွှာငါးထပ်က အနက်ရောင်မြူရှေ့၌ စက္ကူတစ်ရွက်လိုဖြစ်နေခဲ့သည်။

ထိုအရာက ချက်ချင်းပဲ စစ်မှန်မိုးကြိုးဂိုဏ်းတပည့်ဆီရောက်လာခဲ့သည်။

သူက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

"ဘာကြီးလဲ...."

အလျှင်အမြန်ပဲ ခုခံဖို့ ဓားရှည်ဆွဲထုတ်လိုက်၏။

သို့ပေမယ့် မြူက ဓားကိုအသာအယာလွင့်စင်သွားစေပြီး တပည့်မျက်နှာကို ဝင်ဆောင့်လိုက်သည်။

ထိုအရေးကြီးအခိုက်အတန့်၌....

ဂျန်ဖန်း ပြတ်ပြတ်သားသား လှုပ်ရှားလိုက်သည်။

"ကောင်းကင်နဲ့မြေပြင်ကြယ်ကြွေခြင်း..."

လွမ်းဆွတ်ခြင်းဆီးနှင်းဓား ကျယ်လောင်သည့်အသံတွေထုတ်လွတ်လာပြီး အနက်ရောင်မြူကို အပြင်းအထန်တုန်ယင်သွားစေခဲ့သည်။

စစ်မှန်မိုးကြိုးဂိုဏ်းတပည့်ဆီသွားနေသည့် ၎င်းအရှိန်လည်း နှေးသွားခဲ့သည်။

ထို့နောက် အလွန်အမင်းအေးစက်သည့်ဓားချီ ရုတ်တရက် ရောက်လာပြီး အနက်ရောင်မြူကို ထိုးဖောက်သွား၏။

ဘန်း!

သတ္တုချင်းတိုက်သံတစ်ခု တိတ်ဆိတ်နေသည့်ဓားသစ်တောတစ်လျှောက် ပဲ့တင်ထပ်သွားပြီး အနက်ရောင်မြူကို နောက်ပြန်လွင့်သွားစေခဲ့သည်။

ထိုအခါ အနက်ရောင်မြူ မြေပြင်မှာပြန့်ကျဲသွား၏။

ဂျန်ဖန်း အံ့အားသင့်သွားသည်။

"ဘာလဲဟ..."

သက်ရှိတစ်မျိုးလား....

တစ်ယောက်ယောက်ထိန်းချုပ်နေတဲ့ အရာဝတ္ထုတစ်ခုလား....

ဒါမှမဟုတ် သန့်စင်တဲ့ဓာတ်ငွေ့တစ်မျိုးလား....

ဤကဲ့သို့ထူးဆန်းသည့်ပစ္စည်းမျိုး သူမြင်ဖူးတာ ပထမဆုံးပင်။

"ကိ... ကိ... ကိ...."

အနက်ရောင်မြူ နာကျင်စွာဖြင့် စူးစူးရှရှ အော်လိုက်သည်။

ထို့နောက် မှင်ကဲ့သို့မဲနက်သည့်အလင်းတန်းတစ်ခု မြူထဲမှထွက်ပေါ်လာပြီး ဂျန်ဖန်းဆီတည့်တည့်မတ်မတ်ပြေးဝင်လာ၏။

ဂျန်ဖန်း မျက်နှာ ပြောင်းလဲသွား၏။

ရှောင်တိမ်းရင်းဖြင့် နောက်ရှိလူတွေကို အသိပေးလိုက်သည်။

"လူစုခွဲကြ..."

ဝှစ်!

အနက်ရောင်အလင်တန်းက မယုံနိုင်လောက်အောင်မြန်ဆန်လှ၏။ ဂျန်ဖန်းတုံ့ပြန်သည့်အချိန်၌ အနက်ရောင်အလင်းတန်းက သူ့ရှေ့ကိုရောက်နေပြီဖြစ်သည်။

ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ ရှောင်တိမ်းလိုက်၏။

အနက်ရောင်အလင်းတန်း ပုခုံးကိုရှပ်ထိသွားပြီး ကပ်သီးလေးလွဲချော်သွားသည်။

ပုခုံးရှိအဝတ် ရှဲရှဲမြည်သံနှင့်အတူ တိုက်စားခံလိုက်ရသည်။

တိုက်စားခံရသည့်အဝတ် သူ့ပုခုံးသားကိုထိသည့်အခါ မီးချော်ရည်နှင့်ထိလိုက်ရသလို ပြင်းထန်ပူလောင်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။

ဂျန်ဖန်း နာကျင်စွာညည်းညူလိုက်ပြီး အဝတ်စကို ဓားဖြင့် ဖယ်ထုတ်လိုက်၏။

သူ့ပုခုံးကိုကြည့်လိုက်သည့်အခါ အရေးပြားတော်တော်များများ ပုပ်သိုးဆွေးမြေ့နေပြီး အနက်ရောင်အသားစတွေထွက်ပေါ်နေခဲ့သည်။

ဤအရာက သူ့ကို နိုးနိုးကြားကြားဖြစ်သွားစေ၏။

အဝတ်စနှင့်ထိမိရုံကကို အရေးပြားကိုပုပ်သိုးဆွေးမွေ့သွားစေ၏။

အနက်ရောင်အလင်းတန်းသာ သူ့ခန္ဓာကိုယ်ကိုထိမှန်သွားလျှင် အသားတွေအရိုးထိ ချက်ချင်း ပုပ်သွားမည်မဟုတ်လား....

ကြီးမားသည့်အချက်ပေးသံတွေ သူ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်မြူလူးလိမ့်လှုပ်ရှားနေပြီး ဒုတိယအကြိမ်တိုက်ခိုက်ဖို့ ပြင်ဆင်နေသလိုပင်။

ထိုအရာကိုမြင်တော့ သူက ဘယ်လိုလုပ် ရန်သူကို အခွင့်အရေးပေးနိုင်မည်နည်း။

အလျှင်အမြန်ပဲ ဓားသိုင်း ထုတ်ဖော်လိုက်သည့်အခါ များစွာသောဓားချီတွေ အနက်ရောင်မြူပေါ် ပြင်းထန်စွာဝင်ဆောင့်သွား၏။

သို့ပေမယ့် ဂျန်ဖန်းကို ထိတ်လန့်သွားစေတာက....

ထိုမြူခိုးက ဓားချီကြောင့် လုံးဝသက်ရောက်မခံရတာပင်။

တိုက်ခိုက်မှုတိုင်းက ၎င်းကို နောက်အနည်းငယ်သာဆုတ်သွားစေပြီး ပျက်စီးမသွားစေပေ။

ဤအချိန်၌ သူက အခြေခံတည်ဆောက်ခြင်း အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ဖြစ်ပြီး "ဓားနှလုံးသားထွင်းထုခြင်း"သာသုံးလျှင် အရင်ကထက်စွမ်းအားနှစ်ဆ ထုတ်နိုင်၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ တောင် ခုခံနိုင်မည်မဟုတ်ပေ။

မြူခိုးလေးတစ်ခုကို ပြန့်ကျဲမသွားစေတာ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

"ကိ... ကိ... ကိ...."

အဆက်မပြတ်တိုက်ခိုက်ခံရပြီးနောက် အနက်ရောင်မြူ ပိုမိုဒေါသထွက်လာပြီး စူးစူးဝါးဝါးအော်လိုက်၏။

ထိုအခါ ၎င်းပတ်လည်ရှိ အနက်ရောင်မြူတွေ အလျှင်အမြန်ပြန့်ကားလားပြီး မမျှော်လင့်ပဲ လူသားပုံစံအနက်ရောင်မြူအဖြစ်ပြောင်းလဲသွား၏။

မတူတာက...

ခေါင်းက ထူးဆန်းစွာပဲ အနက်ရောင်မှန်တစ်ခုဖြစ်နေခဲ့သည်။

မှန်ထဲ၌ အနက်ရောင်အလင်း မရေမတွက်နိုင်အောင်ရှိနေပြီး အလျှင်အမြန်စုစည်းနေခဲ့သည်။

တိုက်ခိုက်လိုက်လျှင်....

မုန်တိုင်းတစ်ခုကဲ့သို့သော ထိုအလင်းတန်းတွေကို ဂျန်ဖန်း လှုပ်ရှားမှုနည်းလမ်းဖြင့် ရှောင်တိမ်းနိုင်၏။

သို့ပေမယ့် ရှိနေသည့်တပည့်တွေ မည်သူမှ ရှောင်နိုင်မည်မဟုတ်ပေ။

အကျိုးဆက်က....

သံသယရှိစရာမလိုအောင် အလောင်းကောင်ဖြစ်သွားပြီး ပြာအဖြစ်တိုက်စားခံရမှာပဲဖြစ်သည်။

ဘာလုပ်ရမလဲ....

ဤထူးဆန်းသည့်အနက်ရောင်မြူက သာမန်တိုက်ခိုက်မှုတွေ လုံးဝသက်ရောက်မှုမရှိပေ။

အတွေးပေါင်းမြောက်များစွာ ဂျန်ဖန်းစိတ်ထဲ ဖြတ်ပြေးသွား၏။

ရုတ်တရက် သူက တစ်စုံတစ်ခုကို မှတ်မိသွားပြီး မျက်လုံးတွေစူးရှသွားကာ ရေရွတ်လိုက်သည်။

"ဒါ ဓားသစ်တောထဲက ပုန်းကွယ်နေတဲ့အန္တရာယ်များလား...."

အသင်္ချေဓားဂိုဏ်း မိုးကြိုးစွမ်းအင်မှာကျွမ်းကျင်သည့် စစ်မှန်မိုးကြိုးဂိုဏ်းမှ အကြီးအကဲတွေနှင့်တပည့်တွေဖိတ်ခေါ်တာကို တွေးမိပြီး.....

သူ့မျက်လုံးတွေ တောက်ပသွား၏။

All Chapters