ဝိညာဉ်ချောမွေ့စေခြင်း၏ အကျိုးအာနိသင်
Vol. 4 Ch. 34
“ဒါ့အပြင် ယွင်ကောင်း ဆိုတဲ့ အဲဒီကလေးကလည်း ငယ်ငယ်လေးကတည်းက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို အရမ်းအားကျတာ၊ အကယ်၍ သူသာ ညီလေးရဲ့ အံ့မခန်းစွမ်းရည်တွေကို သိသွားရင်တော့ တကယ့်ကို ဝမ်းသာအားရ ဖြစ်နေတော့မှာပဲ”
ဝမ်မုန့် ကလည်း ပြုံးရွှင်စွာဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
“အို... ယွင်ကောင်း ဟုတ်လား၊ သူက ညီလေးနဲ့ ညီမလေးတို့ရဲ့ သားလား၊ ကောင်းတာပေါ့ ၊ ပြန်ပြီးတော့ သွားတွေ့ကြရအောင် ၊ သူကလည်း ကျူးကော့ခုံဖျင် လိုပဲ ဝဝတုတ်တုတ်ကြီး ဖြစ်နေမလားလို့ သိချင်မိတယ်”
အောင်းထျန်းလုံ ကလည်း ရယ်မောလျက် ဆို၏။
“ကျွန်တော့်လိုတော့ ဘယ်ဟုတ်မလဲ၊ အဲဒီကလေးက အစ်ကိုကြီးလိုပဲ ပိန်ပိန်ပါးပါး လူစားမျိုးပါ”
သို့သော် ကျူးကော့ခုံဖျင် ကမူ တိုးညင်းစွာ ရေရွတ်နေသည်။ သူသည်ထိုသို့တွေးတောမိရင်း အနည်းငယ် ထိတ်လန့်သွားခဲ့၏။ အကယ်၍ အောင်းထျန်းလုံက သူ၏သားကို မြင်တွေ့ပြီးနောက် မိသားစု ပြန်လည်ပေါင်းစည်းလိုသည့် ဆန္ဒများ ဖြစ်ပေါ်လာပါက ၊ သူကိုယ်တိုင်မှာမူ ဘေးဖယ်ခံလိုက်ရတော့မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
…
“အဘိုး ရှို ၊ ကျွန်တော့်အဖေတို့ ဘယ်မှာလဲဟင်”
ကျူးကော့မိသားစုနေအိမ်အတွင်း၌ ယွင်ကောင်းသည် ဧည့်ခန်းထဲသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။
“သခင်မလေးတို့လား၊ သူတို့ကတော့ မြေးလေးရဲ့ အကြီးဆုံးဦးလေး ၊ ဦးလေး လေးတို့နဲ့အတူ ဖုတ်ကောင်ဖမ်းဖို့ အပြင်ထွက်သွားကြလေရဲ့”
အဘိုးရှိုသည် ထိုစကားကို ကြားသောအခါ တဟဲဟဲ ရယ်မောရင်း လျှောက်လာ၏။ ဤလူအိုကြီးမှာ သေလုနီးပါး ရုပ်ပေါက်နေသော်လည်း နားမှာမူ အတော်ပင် ပါးလှသည်။ သူသည် လင်းရန်ယန် တို့ ပြောဆိုခဲ့သမျှကို အစောပိုင်းကပင် တိတ်တဆိတ် ချောင်းမြောင်းနားထောင်ထားခဲ့ခြင်း ဖြစ်သည်။ သူ အပြင်သို့ ထွက်မလာခဲ့ခြင်းမှာလည်း မဝံ့ရဲသောကြောင့်ပင် ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် သူသည် အောင်းထျန်းလုံကို မြင်တွေ့လိုက်ရမှပင် ၊ လွန်ခဲ့သော ၁၈ နှစ်ပတ်လုံး ယွင်ကောင်းမှာ ကျူးကော့ခုံဖျင်၏ သားအရင်းဖြစ်ကြောင်းကို ခုံဖျင်အား ပြောပြရန် မေ့လျော့နေခဲ့ခြင်းကို သတိရသွားခြင်း ဖြစ်သည်။ အကယ်၍ ခုံဖျင်သာ ဤအမှန်တရားကို သိရှိသွားပါက ၊ သူသည် လူတိုင်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“ဘာ... အကြီးဆုံးဦးလေးလာ၊။ ဦးလေးကြီး အောင်းထျန်းလုံ ပြန်ရောက်လာတာလား”
သို့သော် ယွင်ကောင်းမှာမူ အဘိုးရှို၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။
“ဟုတ်တယ် သခင်လေး၊ သခင်လေးကြီး ပြန်ရောက်နေပြီ။ အို... ဟုတ်သားပဲ ၊ အရမ်းလည်း ဝမ်းမသာနေနဲ့ဦး၊ သခင်လေးကြီးက အရမ်းခေါင်းမာတာ၊ အကယ်၍ မြေးလေးက တစ္ဆေမလေးတစ်ကောင်ကို ဆောင်ထားတာကို သူသာ သိသွားရင်တော့ ၊ ဓားနဲ့ တစ်ချက်တည်း ပိုင်းသတ်ပစ်မှာ အသေအချာပဲ”
ယွင်ကောင်း ဝမ်းသာနေသည်ကို မြင်သောအခါ အဘိုးရှိုက အပျော်မလွန်ရန် တားမြစ်လိုက်၏။ ထိုစကားကို ကြားသည်နှင့် ယွင်ကောင်းမှာ မှင်သက်သွားတော့သည်။
“အဘိုးရှို... အဘိုး သိနေတာလား၊ ကျွန်တော် ဘယ်လိုလုပ်ရမလဲ၊ စူးဝမ် က မကောင်းတဲ့ တစ္ဆေမဟုတ်ဘူးလေ”
ယွင်ကောင်းသည် ပျာပျာသလဲ ဖြစ်သွားပြီး သူ၏ ရင်ခွင်ထဲရှိ ကျောက်စိမ်းဆွဲပြားကို အမြန်ပင် ကာကွယ်ထားလိုက်၏။
“စကားမပြောနဲ့၊ အကယ်၍ သူမကသာ မကောင်းတဲ့ တစ္ဆေဆိုရင် ၊ သခင်လေးကြီး ပြန်လာတာကို စောင့်မနေဘဲ ငါကိုယ်တိုင်ပဲ သတ်ပစ်လိုက်မှာပေါ့၊ ဒါပေမဲ့ သခင်လေးကြီးကတော့ မတူဘူး ၊ သူက မှားသတ်ရတာကိုပဲ ရွေးချယ်လိမ့်မယ်၊ မြေးက အဲဒီတစ္ဆေမလေးကို အိမ်ခေါင်မိုးတိုင်ပေါ်မှာ သွားဝှက်ထားလိုက်။ အဲဒီမှာ ဝတ်စုံနီမီးတစ္ဆေရဲ့ အရှိန်အဝါတွေ ရှိနေတော့ ဒီတစ္ဆေမလေးရဲ့ တစ္ဆေအငွေ့အသက်တွေကို ဖုံးကွယ်ထားပေးနိုင်လိမ့်မယ်”
အဘိုးရှိုသည် ဝါရင့် မြေခွေးအိုကြီးပီပီ ချက်ချင်းပင် အကြံတစ်ခု ထုတ်ပေးလိုက်၏။
“ဝတ်ရုံနီမီးတစ္ဆေလား၊ အဲဒါက ဘာကြီးလဲဟင်”
ယွင်ကောင်းမှာ ခဏမျှ ကြောင်သွားတော့သည်။
“ယွင်ကောင်း... အဘိုးရှို ၊ တံခါးဖွင့်ပေးပါဦး ၊ တို့တွေ ပြန်ရောက်ပြီ”
ထိုစဉ် အပြင်ဘက်မှ မိခင်ဖြစ်သူ၏ အသံကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ သူသည် အနီးရှိ လှေကားကို အမြန်ဆွဲယူကာ အပေါ်သို့ တက်လိုက်ပြီး ကျောက်စိမ်းဆွဲပြားကို ဝှက်ထားလိုက်တော့သည်။ ထို့နောက် တံခါးဖွင့်ပေးရန် အပြေးအလွှား သွားတော့သည်။
သို့သော် သူ သတိမထားမိသည်မှာ ကျောက်စိမ်းဆွဲပြားကို ဝတ်ရုံနီမီးတစ္ဆေ၏ ဘေးတွင် ထားလိုက်သည်နှင့် ၊ မီးတစ္ဆေမမသည် ကျောက်စိမ်းဆွဲပြားအတွင်းရှိ စွမ်းအားများကို ချက်ချင်းပင် စတင်စုပ်ယူနေခြင်းပင် ဖြစ်သည်။ အမှန်စင်စစ် ဤကျောက်စိမ်းဆွဲပြားမှာ အဆင့်မြင့် မီးဓာတ်ဝိညာဉ်ကျောက်ဖြင့် ထုဆစ်ထားခြင်း ဖြစ်သည်။
မီးဓာတ်ဝိညာဉ်ကျောက်ဆိုသည်မှာ ပြင်းထန်သော မီးဓာတ်စွမ်းအင်များ ကိန်းအောင်းနေသည့် ဝိညာဉ်ကျောက်တုံး ဖြစ်သည်။ သာမန်ကျင့်ကြံသူများသည် ၎င်းကို တိုက်ရိုက်မစုပ်ယူနိုင်သော်လည်း ၊ ခန္ဓာကိုယ်ကို ကျန်းမာစေသည့် အဆောင်အယောင်အဖြစ် ပြုလုပ်ထားပါက မွေးရာပါ အားနည်းသူများအတွက် အထူးပင် အကျိုးပြုသည်။
ယွင်ကောင်းမှာလည်း ထိုကဲ့သို့သော သူပင် ဖြစ်၏။ သူသည် ခြောက်လသားအရွယ်နှင့် မွေးဖွားလာခဲ့သဖြင့် ထိုစဉ်က သေလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အဘိုးဖြစ်သူ ဆရာကြီး ဝမ်ယွမ် ချန်ထားရစ်ခဲ့သည့် ဤအဆောင်အယောင်ကြောင့်သာ သူသည် အသက်ရှင်သန်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့်ပင် ယွင်ကောင်းသည် တာအိုကျင့်ကြံသူ မိသားစုမှ မွေးဖွားလာသော်လည်း ကျင့်ကြံခြင်းကို မပြုနိုင်ဘဲ ၊ နောက်ဆုံးတွင် အနောက်တိုင်းပညာရပ်များကိုသာ သင်ယူရန် စေလွှတ်ခြင်း ခံခဲ့ရသည်။
“ကျွီ”
တံခါးပွင့်သွားသောအခါ ယွင်ကောင်းသည် လင်းရန်ယန်နှင့် အဖွဲ့သားများကို မြင်တွေ့လိုက်ရ၏။
“အဖေ... အမေ... အဘိုးရှိုက ပြောတယ် ၊ ဦးလေးကြီး ပြန်လာတယ်ဆို”
ယွင်ကောင်းသည် စိတ်လှုပ်ရှားစွာဖြင့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ရာ ၊ သူ၏ အကြည့်မှာ ခန့်ညားထည်ဝါသော အောင်းထျန်းလုံထံ၌ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
“ဦးလေးက ဦးလေးကြီး အောင်းထျန်းလုံ မဟုတ်လား”
ယွင်ကောင်းက သူ့ကို ချက်ချင်းပင် မှတ်မိသွား၏။
“ဟုတ်တယ် ၊ မင်းက ယွင်ကောင်း ဖြစ်ရမယ်၊ မင်းက မင်းအမေရဲ့ ရုပ်ရည်ကို အပြည့်အဝ ဆက်ခံထားတာပဲ ၊ ခုံဖျင်နဲ့ မတူတာ တကယ့်ကို ကံကောင်းတယ်လို့ ဆိုရမယ်”
အောင်ထျန်းလုံက ပြုံးလျက် ကောင်လေး၏ ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။
“ဟီးဟီး... ချီးကျူးတာ ကျေးဇူးတင်ပါတယ် ဦးလေးကြီး”
ယွင်ကောင်းက ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။ ထို့နောက် ဝမ်မုန့် က လင်းရန်ယန်နှင့် အောင်းနင်ရွှမ်း တို့ကို ယွင်ကောင်းနှင့် မိတ်ဆက်ပေးလိုက်၏။ လင်းရန်ယန်မှာ မော်ရှန်းဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ဖြစ်သည့်အပြင် ဖုတ်ကောင်ဘုရင်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သူ ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ ယွင်ကောင်းမှာ အံ့အားသင့်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လင်းရန်ယန်မှာ သူနှင့် သက်တူရွယ်တူမျှသာ ရှိသော်လည်း ထိုမျှ စွမ်းအားကြီးမားနေသောကြောင့်ပင် ဖြစ်သည်။
“ကဲ... ကဲ... ဘာလို့ အပြင်မှာ ရပ်နေကြတာလဲ၊ အထဲကို မြန်မြန်ဝင်ပြီး ထိုင်ကြပါဦး၊ မိသားစုဝင်တွေကတော့ စကားပြောကြပါဦး ၊ လူစိမ်းဖြစ်တဲ့ ကျွန်တော်ကတော့ သွားပြီး ချက်ပြုတ်လိုက်ပါဦးမယ်”
သို့သော် လူတိုင်း ပျော်ရွှင်နေကြသည်ကို မြင်သောအခါ ကျူးကော့ခုံဖျင် က စိတ်မပါလက်ပါဖြင့် ပြောဆိုလိုက်၏။ ထို့နောက် သူသည် မီးဖိုချောင်ဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားတော့သည်။
“လူစိမ်းဟုတ်လား၊ ဒီလူ ဘာဆေးတွေ မှားသောက်ထားလဲ မသိပါဘူး”
ဝမ်မုန့် သည် ချက်ချင်းပင် စိတ်တိုသွားသော်လည်း ၊ ဧည့်သည်များ ရှိနေသဖြင့် ဒေါသကို ထိန်းထားလိုက်ရ၏။ အဖွဲ့သားများမှာ အစာစားသောက်ကာ ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ၊ ဝမ်မုန့် ၏ စီစဉ်ပေးမှုဖြင့် အိပ်စက်အနားယူရန် သွားကြတော့သည်။ အချိန်မှာလည်း ညနက်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
“ဝုန်း”
ညဉ့်နက်ပိုင်းအချိန်... ဧည့်ခန်းအတွင်း၌ ရုတ်တရက် မီးလျှံတစ်ခု လက်ခနဲ ပေါ်လာ၏။
“ဟင်... အဆင့်မြင့် မီးဓာတ်ဝိညာဉ်ကျောက်လား၊ ဒီဝတ်ရုံနီမီးတစ္ဆေက ဒီလောက်အထိ ကံကောင်းတဲ့ ကြုံကြိုက်မှုမျိုး ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး”
လင်းရန်ယန်သည် အိမ်ခေါင်မိုးတိုင်ပေါ်သို့ ပျံတက်လိုက်ရာ ၊ ဝိညာဉ်ဖမ်းဘူးအတွင်းရှိ ဝတ်ရုံနီမီးတစ္ဆေမှာ မီးဓာတ်စွမ်းအင်များကို စုပ်ယူနေသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ ဤအခြေအနေအရဆိုလျှင် မီးတစ္ဆေမမှာ လင်းရန်ယန်၏ အကူအညီမပါဘဲ ရက်အနည်းငယ်အတွင်း တစ္ဆေဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ အကယ်၍ ထိုအချိန်တွင် သူမက ချုပ်နှိပ်မှုတံဆိပ်ကို ဖျက်ဆီးလိုက်ပါက အတော်လေး ပြဿနာတက်သွားနိုင်သည်။
“ကံဆိုးတာကတော့ ငါက ရက်အနည်းငယ်အထိ စောင့်မနေနိုင်တာပဲ၊ ငါပဲ ကူညီပေးလိုက်ပါ့မယ်”
လင်းရန်ယန်က သာယာစွာ ပြုံးလိုက်တော့သည်။ ထို့နောက် သူ၏ လက်အစုံမှာ အစီရင်သင်္ကေတများကို အရှိန်အဟုန်ဖြင့် ပြောင်းလဲလိုက်တော့သည်။
“ဝုန်း ဝုန်း ဝုန်း”
ခဏအတွင်းမှာပင် သူ၏ လက်အတွင်းမှ အစီရင်သင်္ကေတ မြောက်မြားစွာ ထွက်ပေါ်လာပြီး ဝိညာဉ်ဖမ်းဘူးပေါ်၌ တံဆိပ်ခတ်နှိပ်လိုက်တော့သည်။ ဧရာမ အစီရင်နှစ်ခုကို ဝိညာဉ်ဖမ်းဘူးပေါ်တွင် ထွင်းထုလိုက်၏။ မူလက မိစ္ဆာများကို ချုပ်နှိပ်ရန်သာ ဖြစ်သော ဤဘူးမှာ ၊ ယခုအခါ ဝိညာဉ်များကို စုစည်းပေးနိုင်သည့်အပြင် ဝိညာဉ်ကို သန့်စင်ချောမွေ့စေသည့် အာနိသင်ပါရှိသော ဘူးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဘေးကင်းစေရန်အတွက် လင်းရန်ယန်သည် ထိုအစီရင်နှစ်ခု၏ အပေါ်တွင် ကိုယ်တိုင်ဖျက်ဆီးမည့် အစီရင် တစ်ခုကိုလည်း ထည့်သွင်းထားလိုက်၏။ ဝတ်ရုံနီမီးတစ္ဆေ အဆင့်တက်ပြီးသည်နှင့် ထိုအစီရင်နှစ်ခုမှာ လက္ခဏာမကျန်ဘဲ ပျက်စီးသွားမည် ဖြစ်သည်။
“ဒီနှုန်းအတိုင်းဆိုရင် နောက်ဆုံး တစ်ရက်အတွင်းမှာပဲ အဆင့်တက်သွားတော့မှာ”
လင်းရန်ယန်က ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ၊ သူ၏ ကိုယ်ပေါ်မှ မီးလျှံအလင်းတစ်ခုနှင့်အတူ ထိုနေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် လင်းရန်ယန် နိုးထလာခဲ့သည်။ သူ ရင်ပြင်သို့ ရောက်ရှိသွားသောအခါ အောင်းထျန်းလုံသည် အောင်းနင်ရွှမ်း နှင့်အတူ ကျင့်ကြံခြင်းကို ပြုလုပ်နေသည်ကို တွေ့ရှိရ၏။ သူတို့နှစ်ဦးအပြင် ကျူးကော့ခုံဖျင် မှာလည်း ချွေးတဒီးဒီး ကျလျက် မောဟိုက်နေသည်ကို တွေ့လိုက်ရသည်။ အမှန်စင်စစ် သူသည် ဂိုဏ်းတူအစ်ကိုကြီး၏ ဆွဲခေါ်မှုကြောင့် ကျင့်ကြံခြင်းကို မဖြစ်မနေ ပြုလုပ်နေရခြင်းပင် ဖြစ်သည်။
“ညီလေး ၊ နိုးပြီလား”
လင်းရန်ယန်ကို မြင်သောအခါ အောင်းထျန်းလုံက ပြုံးလျက် နှုတ်ဆက်လိုက်၏။
“ဟုတ်ကဲ့ ဂိုဏ်းတူအစ်ကို၊ အားလုံးက စောလှချည်လား၊ ဂိုဏ်းတူအစ်ကို ခုံဖျင်တောင် ဒီလောက်အထိ တက်ကြွနေပါ့လား”
လင်းရန်ယန်က မနေနိုင်ဘဲ စနောက်လိုက်တော့သည်။
“မ... မပြောပါနဲ့တော့ ညီလေးရာ၊ ငါတော့ သေတော့မှာပဲ၊ အစ်ကိုကြီးကို ငါ့အတွက် မြန်မြန်လေး အသနားခံပေးပါဦး၊ ငါတော့ အလုပ်လုပ်ရင်းနဲ့တင် သေသွားတော့မှာပဲ”
ကျူးကော့ခုံဖျင် ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ၊ သေလုနီးပါး ဖြစ်နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။