← Chapters

မယုံကြည်နိုင်ဖွယ်ရာ

Vol. 4 Ch. 35

မယုံကြည်နိုင်ဖွယ်ရာ

Vol. 4 Ch. 35

“ဟက်…… ၊ မင်းကတော့ ညည်းညူဖို့ပဲ သိတယ် ၊ ဒီလောက် လေ့ကျင့်ခန်းလေးကိုတောင် မအောင့်အီးနိုင်ဘူးလား ၊ ဆက်လုပ်စမ်း”

ကံဆိုးစွာဖြင့် နောက်တစ်ခဏ၌ပင် ကျူးကော့ခုံဖျင် သည် အောင်းထျန်းလုံ ၏ အော်ငေါက်ခြင်းကို ခံလိုက်ရတော့သည်။ သူသည် အကူအညီမဲ့စွာဖြင့် မျက်နှာကိုမဲ့ရှုံ့လျက် ဆက်လက်ကျင့်ကြံနေရ၏။

“ဪ... ညီလေး ၊ မနေ့က ကြည့်ရတာ ညီလေးက ‘ဓာတ်ငါးပါး ချုပ်နှိပ်ခြင်းအတတ်’ ကို အတော်လေး စိတ်ဝင်စားပုံရတယ် ၊ ငါ သင်ပေးရင် ဘယ်လိုလဲ”

ထိုစဉ် အောင်းထျန်းလုံက ပြုံးရွှင်စွာဖြင့် စကားစလိုက်သည်။

“ကျွန်တော်ကလည်း ဂိုဏ်းတူအစ်ကို့ကို ဘယ်လိုပြောရမလဲလို့ စဉ်းစားနေတာပါ ၊ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို”

လင်းရန်ယန် သည်လည်း အံ့အားသင့်သွားရ၏။ သူသည် ချိတ်ပိတ်ခြင်းအတတ်များကို အမှန်တကယ်ပင် စိတ်ဝင်စားသည်။ အဘယ့်ကြောင့်ဆိုသော် ချိတ်ပိတ်ခြင်းအတတ်များမှာ ရှားပါးလှပြီး ၎င်းတွင် အစီရင်အတတ်ပညာ နှင့်ဆိုင်သော ဗဟုသုတများစွာ ပါဝင်နေသောကြောင့် ပင်ဖြစ်သည်။ အခြေခံခိုင်မာမှုမရှိဘဲ ဤအတတ်ပညာကို ကျွမ်းကျင်ရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။

“ဒီလောက်လည်း အားနာမနေပါနဲ့ ၊ လာ... အရင်ဆုံး ဂိုဏ်းတူအစ်ကို လက်တွေ့ပြမယ်”

အောင်းထျန်းလုံသည် သာယာစွာ ပြုံးလိုက်ပြီးနောက် သူ၏ လေ့ကျင့်မှုကို ရပ်တန့်ကာ လက်ချောင်းများဖြင့် အစီရင်သင်္ကေတများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လိုက်၏။ တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအင်များမှာ လျင်မြန်စွာ စုစည်းလာတော့သည်။

သူ၏ လက်ချောင်းထိပ်ငါးချောင်းပေါ်တွင် ကွဲပြားခြားနားသော အရောင်ငါးမျိုးရှိသည့် ဝိညာဉ်စွမ်းအင်များမှာ မီးလျှံငယ်ငါးခုကဲ့သို့ တောက်ပလာတော့သည်။ သူ၏ လက်ဖဝါးအလယ်ဗဟို၌မူ ထူးဆန်းသော အစီရင်စာလုံးတစ်ခုက ထိုစွမ်းအင်ငါးမျိုးကို ဆက်သွယ်ပေးထားသည်။

“ဓာတ်ငါးပါး ချိတ်ပိတ်ခြင်းအတတ်... ချိတ်ပိတ်စေ”

အောင်းထျန်းလုံ၏ ဟိန်းဟောက်သံနှင့်အတူ သူ၏ လက်ဖဝါးကို ကောင်းကင်သို့ ဝှေ့ယမ်းလိုက်ရာ ၊ ဝိညာဉ်စွမ်းအင်ငါးခုမှာ ရောင်စုံအလင်းတိုင်ကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ကောင်းကင်၌ ပျံသန်းနေသော တောငန်းတစ်ကောင်ထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်တော့သည်။

“ဖျတ်”

တောငန်းမှာ ရောင်စုံအလင်းတိုင်၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီးနောက် ၊ တစာစာအော်ဟစ်လျက် ရောင်စုံအလင်းလုံးလေးတစ်ခုအဖြစ် ပြောင်းလဲကာ မြေပြင်သို့ ဖြည်းညင်းစွာ ကျဆင်းလာတော့သည်။

“ငါလည်း ဒီဓာတ်ငါးပါး ချိတ်ပိတ်ခြင်းအတတ်ကို ကျင့်ကြံခါစပဲ ရှိသေးတယ် ၊ ဒါက ကောင်းကင်အဆင့်မြင့် ချိတ်ပိတ်ခြင်းအတတ်တစ်ခုပဲ။ ဒါပေမဲ့ မှတ်တမ်းတွေအရတော့ ၊ အကယ်၍ တစ်ဦးတစ်ယောက်ဟာ ဓာတ်ငါးပါးစွမ်းအားထဲက တစ်ခုခုကို ပိုင်ဆိုင်ထားရင် ကောင်းကင်အဆင့်အမြင့်ဆုံး စွမ်းအားကို ထုတ်ဖော်နိုင်ပြီး ၊ ဓာတ်ငါးပါးခန္ဓာ အားလုံးကိုသာ စုစည်းနိုင်ရင်တော့ ပထမအဆင့်မှာတင် အလယ်လတ်အဆင့်ဝိညာဉ် စွမ်းအားအထိ ရှိနိုင်တယ်လို့ ဆိုကြတယ်၊ ကံဆိုးတာကတော့ ဓာတ်ငါးပါးခန္ဓာ အားလုံးကို စုစည်းဖို့ဆိုတာ စိတ်ကူးယဉ်အိမ်မက်တစ်ခုလိုပဲ ဖြစ်နေတာပဲ”

အောင်းထျန်းလုံက သက်ပြင်းချရင်း ဆိုလိုက်သည်။ သာမန်လူတစ်ဦးအတွက် ဓာတ်ခန္ဓာတစ်ခု ပိုင်ဆိုင်ရန်ပင် မလွယ်ကူလှပေ။ ဂိုဏ်းတစ်ခု၌ မျိုးဆက်တစ်ခုတွင် ဓာတ်ခန္ဓာပိုင်ရှင် တစ်ဦး သို့မဟုတ် နှစ်ဦးသာ ထွက်ပေါ်လေ့ရှိသည်။ ထို့ပြင် ဓာတ်ခန္ဓာနှစ်ခု ပိုင်ဆိုင်သူမှာ နှစ်ပေါင်း သုံးရာမှ ငါးရာအတွင်း တစ်ဦးသာ ပေါ်ထွက်တတ်ပြီး ၊ ဓာတ်ခန္ဓာငါးခုစလုံး ပိုင်ဆိုင်သူမှာမူ နှစ်ပေါင်း သန်းချီကြာလျှင်ပင် တစ်ဦး ပေါ်ထွက်ရန် ခဲယဉ်းလှသည်။

“ညီလေး ၊ ဒါတွေကတော့ ကျင့်ကြံခြင်းရဲ့ အခြေခံတွေနဲ့ နည်းလမ်းတွေပဲ ၊ သေချာကြည့်ထားဦး ၊ နားမလည်တာရှိရင် ငါ့ကိုမေးပါ”

အောင်းထျန်းလုံက အသေးစိတ် ရှင်းပြနေစဉ်မှာပင် သူ၏ ကိုယ်ပေါ်၌ ချွေးစေးများ ထွက်လာ၏။ ထို့နောက် သူသည် လင်းရန်ယန်ထံသို့ ကျောက်စိမ်းပေလွှာတစ်ခုကို ကမ်းပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို”

လင်းရန်ယန်သည် ဓာတ်ငါးပါး ချိတ်ပိတ်ခြင်းအတတ်၏ စွမ်းအားမှာ သူထင်ထားသည်ထက် များစွာ သာလွန်နေသဖြင့် အလွန်ပင် ဝမ်းမြောက်သွားတော့၏။ သူသည် ဓာတ်ငါးပါးခန္ဓာ အဆင့် (၃) အထိ ပိုင်ဆိုင်ထားသူဖြစ်ရာ ၊ ဤအတတ်၏ စွမ်းအားမှာ အနည်းဆုံး ဝိညာဉ်အဆင့်အမြင့်ဆုံးအထိ ရှိနိုင်လိမ့်မည်။

“စနစ်... ဓာတ်ငါးပါး ချုပ်နှိပ်ခြင်းအတတ်ကို အလိုအလျောက် သိုင်းပညာကျင့်ကြံခြင်း သုံးလိုက်တော့”

လင်းရန်ယန်က တွန့်ဆုတ်မနေဘဲ စနစ်ကို အမိန့်ပေးလိုက်သည်။

[ဒင်... အမိန့်ကို လက်ခံရရှိပါပြီ ၊ သင်ယူခြင်း စတင်နေပါ ပြီ]

နောက်တစ်ခဏ၌ ကျင့်ကြံခြင်း အတွေ့အကြုံများစွာမှာ လင်းရန်ယန်၏ အသိအာရုံထဲသို့ စီးဝင်လာတော့သည်။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် သူသည် အောင်းထျန်းလုံကဲ့သို့ပင် ၁% ကျွမ်းကျင်မှုသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

“အရင်ဆုံး စမ်းကြည့်ရအောင်”

လင်းရန်ယန်သည် လက်နှစ်ဖက်ကို အရှိန်အဟုန်ဖြင့် လှုပ်ရှားကာ အစီရင်သင်္ကေတများ ကို ဖော်ဆောင်လိုက်တော့၏။

“ဝုန်း... ဝုန်း... ဝုန်း”

ပတ်ဝန်းကျင်ရှိ ဓာတ်ငါးပါးစွမ်းအားများမှာ သူ၏ လက်အောက်၌ လျင်မြန်စွာ စုစည်းလာတော့သည်။

“ဟင်...”

ကျင့်ကြံခြင်း ပြန်လည်စတင်ရန်ပြင်နေသော အောင်းထျန်းလုံမှာ ရင်းနှီးသော စွမ်းအင်လှုပ်ခတ်မှုကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိသည်။ ထိုအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သူသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။ ထိုအသံကို ကြားလိုက်သော ခုံဖျင်နှင့် အောင်းနင်ရွှမ်း တို့လည်း စူးစမ်းစွာ ကြည့်လိုက်ကြသည်။ လင်းရန်ယန်သည် သူ၏ ညာလက်အတွင်း၌ ဓာတ်ငါးပါး ဝိညာဉ်မီးလျှံများကို စုစည်းနေသည်ကို မြင်တွေ့လိုက်ရ၏။

“ဓာတ်ငါးပါး ချိတ်ပိတ်ခြင်းအတတ်”

လင်းရန်ယန်၏ တိုးညင်းသော ဟိန်းဟောက်သံနှင့်အတူ လက်ဖဝါးကို ကောင်းကင်သို့ ဝှေ့ယမ်းလိုက်ရာ ၊ နောက်ထပ် တောငန်းတစ်ကောင်မှာ ရောင်စုံအလင်းလုံးအတွင်း ပိတ်မိကာ ခြံဝင်းထဲသို့ ကျဆင်းလာတော့သည်။

“ငါက ဆယ်နှစ် ၊ ဆယ်နှစ်တောင် ကျင့်ခဲ့ရတာပါလား”

အောင်ထျန်းလုံမှာ မိမိကိုယ်ကိုယ်ပင် သံသယဝင်လာမိတော့သည်။

“အစ်ကိုလင်းရန်ယန်က တကယ့်ကို တော်တာပဲ”

အောင်းနင်ရွှမ်း မှာမူ အားကျမြတ်နိုးသော မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။

“မဖြစ်နိုင်တာ ၊ သူက ခုချက်ချင်း သင်ပြီး ခုချက်ချင်း တတ်သွားတာလား”

ကျူးကော့ခုံဖျင် ကလည်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်တော့သည်။ ဤမျှ စွမ်းအားကြီးသော အတတ်ပညာကို မိနစ်နှစ်ဆယ်အတွင်း တတ်မြောက်သွားခြင်းမှာ မယုံကြည်နိုင်ဖွယ်ရာ ပါရမီရှင်တစ်ဦး၏ စွမ်းဆောင်ချက်ပင် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို၊ ဒါနဲ့ ဂိုဏ်းတူအစ်မ ဝမ်မုန့် ရှိမလားဟင် ၊ ကျွန်တော် သူမဆီကနေ နိမိတ်ဖတ်အတတ်ကို သင်ယူချင်လို့ပါ၊ ကျွန်တော့်မှာ ပါရမီရှိမရှိ သိချင်လို့ပါ”

လင်းရန်ယန်က ပြုံးလျက် မေးမြန်းလိုက်ရာ ၊ အောင်းထျန်းလုံမှာ အံ့ဩမှုများကြားမှပင် ဆိုင်ထဲမှာ ရှိကြောင်း ဖြေကြားလိုက်၏။

မိနစ်အနည်းငယ် ကြာပြီးနောက်...

ဘိုးဘေးစင်ရှေ့၌ ဝမ်မုန့် သည် နိမိတ်ဖတ်အတတ်၏ သင်ယူနည်းနှင့် ရှောင်ကြဉ်ရမည့် အချက်များကို လင်းရန်ယန်အား ရှင်းပြနေသည်။

“တို့တွေရဲ့ အတတ်ပညာမှာ အကြီးမားဆုံး တားမြစ်ချက်ကတော့ မိမိကိုယ်ကိုယ်အတွက် နိမိတ်မဖတ်ရတာပဲ၊ ဘယ်သူမဆို ကိုယ့်အတွက်ကိုယ် နိမိတ်ဖတ်ရင် ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေရလိမ့်မယ်၊ ဒါက ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းပဲ၊ ဒါ့အပြင် နိမိတ်မဖတ်ရတဲ့ အချက်သုံးချက် ရှိသေးတယ်”

ဝမ်မုန့် က လင်းရန်ယန်ကို တည်ကြည်စွာ ပြောဆိုလိုက်သည်။

“အို... နိမိတ်မဖတ်ရတဲ့ အချက်သုံးချက် ဟုတ်လား”

“ဟုတ်တယ်၊ ပထမအချက်က လူတစ်ယောက်ရဲ့ သက်တမ်းကို နိမိတ်မဖတ်ရဘူး၊ သက်တမ်းဆိုတာ ငရဲပြည်ရဲ့ ‘သေခြင်းရှင်ခြင်းမှတ်တမ်း’ မှာ သတ်မှတ်ထားပြီးသားမို့ သာမန်လူတွေက ဒါကို မသိသင့်ဘူး၊ ဒုတိယအချက်က မိစ္ဆာကျင့်ကြံသူတွေအတွက် နိမိတ်မဖတ်ပေးရဘူး၊ အဲဒါက လူဆိုးကို အားပေးကူညီရာ ရောက်သလို ၊ သူတို့ ကျူးလွန်တဲ့ မကောင်းမှုတွေရဲ့ ကံကြမ္မာ အကျိုးဆက်ကို နင်ပါ ခံစားရလိမ့်မယ်”

All Chapters