← Chapters

မြေကမ္ဘာအရှင်သခင် အဆင့် (၇)

Vol. 4 Ch. 32

မြေကမ္ဘာအရှင်သခင် အဆင့် (၇)

Vol. 4 Ch. 32

စနစ်၏ အသိပေးအကြောင်းကြားသံသည် လင်းရန်ယန် ၏ စိတ်အာရုံထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအသံကို ကြားရသောအခါ လင်းရန်ယန်၏ နှုတ်ခမ်းအစုံမှာ အောင်နိုင်သူတစ်ဦး၏ အပြုံးအသွင် အနည်းငယ် ကွေးညွတ်သွားတော့သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ၊ ဖုတ်ကောင်၏အဆင့်ကို “ဖုတ်ကောင်ဘုရင်” အထိ မြှင့်တင်ပေးလိုက်ပြီးနောက် တာဝန်အောင်မြင်မှု အဆင့်သတ်မှတ်ချက်မှာ အနည်းဆုံး အဆင့် (A) သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် လင်းရန်ယန်သည် အဆင့် (S) ရရှိရန် နည်းလမ်းကိုလည်း အကြမ်းဖျင်း ခန့်မှန်းမိသည်။ ၎င်းမှာ အခြားမဟုတ်ဘဲ ရှီးရွှမ်းပန် ရှိ မိစ္ဆာဂိုဏ်းငယ်တစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်ရန်ပင် ဖြစ်လိမ့်မည်။

“ဆုလာဘ်တွေ နှစ်ဆရမယ်ဆိုတော့ ဒီတစ်ခေါက်မှာ အစွမ်းသတ္တိအသစ် အခု ၃၀ တိတိ ရတော့မှာပဲ၊ ဒါဆိုရင် ကျန်နေတဲ့ ဓာတ်ကြီးနှစ်ပါး ခန္ဓာတွေကို အဆင့်တက်ဖို့ လုံလောက်သွားပြီ မဟုတ်လား”

လင်းရန်ယန်သည် ရင်ခုန်စွာဖြင့် မျှော်လင့်နေမိသည်။ ဓာတ်ငါးပါးစွမ်းအားများ စုစည်းမိသွားခြင်းမှာ တစ်ခုတည်းသော ဓာတ်ခန္ဓာထက် များစွာ သာလွန်ထူးကဲမည်မှာ အသေအချာပင် ဖြစ်သည်။

“ဂိုဏ်းတူအစ်ကို ၊ ကျွန်တော် မျက်စိမှားတာလား ၊ ညီလေးလင်းရန်ယန်က ဖုတ်ကောင်ဘုရင်ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား”

တစ်ဖက်တွင်မူ ကျူးကော့ခုံဖျင် သည် အံ့အားသင့်လွန်းသဖြင့် တုန်တုန်ရီရီ ရေရွတ်နေ၏။ ဘေးရှိ ဝမ်မုန့် မှာလည်း မှင်သက်နေဆဲ ဖြစ်သည်။

“အဟမ်း... ငါလည်း အဲ့ဒီလိုပဲ မြင်လိုက်တာ”

အောင်းထျန်းလုံ ပင်လျှင် ဤခဏ၌ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် လင်းရန်ယန်သည် ကြေးဝါချပ်ဝတ်ဖုတ်ကောင်ဘုရင်ကို တကယ်ပင် မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။

ဤအရာ၏ ခုခံကာကွယ်နိုင်စွမ်းမှာ ပထမအဆင့် သတ္တုဓာတ်ခန္ဓာ ရှိသော ဖုတ်ကောင်ဘုရင်နှင့် နှိုင်းယှဉ်နိုင်ပါက ၊ သာမန်ထက် လေးဆခန့် ပိုမိုမာကျောသည်။ သာမန် ပထမအဆင့် ကောင်းကင်အရှင်သခင် တစ်ဦးပင်လျှင် ၎င်း၏ ခုခံမှုကို ဖောက်ထွက်ရန်မှာ အလွန်ပင်ခဲယဉ်းလှသည်။

ထို့ကြောင့်လည်း အမွှေးအမျှင်ထူသော ဖုတ်ကောင်အဆင့်သာ ရှိသေးသည့် ကြေးဝါချပ်ဝတ်ဖုတ်ကောင်ကို သတ်ဖြတ်ခြင်းအတွက် လင်းရန်ယန် ရရှိသည့် တာဝန်ဆုလာဘ်မှာ အစွမ်းသတ္တိ ၁၅ ခုအထိ များပြားနေခြင်း ဖြစ်၏။ ယခုအချိန်တွင် သူတို့အားလုံး၏ ရင်ထဲ၌ အံ့ဩထိတ်လန့်မှုများသာ လွှမ်းမိုးနေတော့သည်။

“ဝါး... အစ်ကိုလင်းရန်ယန် ၊ အစ်ကိုက တကယ်ကို တော်တာပဲ ၊ ဖုတ်ကောင်ဘုရင်ကိုတောင် သတ်နိုင်တယ်နော်”

စိတ်လှုပ်ရှားနေသော အသံလေးတစ်ခုသည် ဆိတ်ငြိမ်မှုကို ဖြိုခွင်းလိုက်သကဲ့သို့ ဖြစ်သွား၏။ ထိုအခါမှ လူတိုင်း သတိဝင်လာပြီး လင်းရန်ယန်ရှိရာသို့ အမြန်လျှောက်သွားကြတော့သည်။

“ညီလေး ၊ မင်းရဲ့ စွမ်းအားတွေကို ဒီလောက်အထိ ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ တကယ်မထင်ထားဘူး”

အောင်းထျန်းလုံက လင်းရန်ယန်ကို ကြည့်ကာ အားကျမနာလိုစွာဖြင့် ရေရွတ်လိုက်၏။

“ဟုတ်တယ် မောင်လေးရဲ့၊ အစတုန်းက မောင်လေးက ကြေးဝါချပ်ဝတ်ဖုတ်ကောင်ကို နှိမ်နင်းမယ်လို့ ပြောတုန်းက မောင်လေးက သူ့အစွမ်းကို မသိလို့ ပြောတယ်လို့ တို့တွေ ထင်ခဲ့တာ၊ တကယ်တော့ မောင်လေးရဲ့ အစွမ်းကို တို့တွေက မသိခဲ့တာပဲ”

ဝမ်မုန့် က မိမိကိုယ်ကိုယ် ရှက်ရယ်ရယ်လျက် ပြောလိုက်သည်။

“ဒီနှစ် ဘိုးဘေးကန်တော့ပွဲ ပြီးရင်တော့ မော်ရှန်းဂိုဏ်းရဲ့ ဂိုဏ်းသားဦးဆောင်သူ နေရာက ညီလေးဆီ ရောက်မှာ အသေအချာပဲ၊ အဲ့ဒီကျရင်တော့ အဆင့်အတန်းအရ ညီလေးကို ဂိုဏ်းတူအစ်ကိုလို့တောင် ပြန်ခေါ်ရတော့မယ်ထင်တယ်”

ကျူးကော့ခုံဖျင် ကလည်း လှိုက်လှဲစွာ သက်ပြင်းချရင်း ဆိုလိုက်၏။ ဘိုးဘေးကန်တော့ပွဲကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ၊ ထိုပွဲ၌ မော်ရှန်းဂိုဏ်း၏ အဓိကတပည့်များအားလုံးသည် သူတို့၏ ပါရမီနှင့် စွမ်းအားကို ပြန်လည်စစ်ဆေးမှုအား ခံယူကြရသည်။ အစွမ်းထက်ဆုံးသူသည် ဂိုဏ်းသားဦးဆောင်သူအဖြစ် သတ်မှတ်ခြင်း ခံရမည်။

အောင်းထျန်းလုံသည် မော်ရှန်းဂိုဏ်းနှင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သဖြင့် သူ၏ အဆင့်မှာ တတိယနေရာသို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဦးလေးကိုး ၏ တာအိုပညာ ပါရမီမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသောကြောင့် ဖြစ်သည်။ လင်းရန်ယန်သည် ဤပွဲတွင် ပါဝင်လာပြီး သူ၏ စွမ်းအားကို ထုတ်ဖော်ပြသလိုက်ပါက ဂိုဏ်းသားအားလုံး မည်မျှ ထိတ်လန့်သွားမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။ ထိုအချိန်တွင် ရှီးကျန့် သည် ဂိုဏ်းသားဦးဆောင်သူ နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။

“ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူမမတို့ကလည်း စနောက်နေပြန်ပြီ ၊ အဲ့ဒီအချိန်ရောက်မှပဲ ကြည့်ကြတာပေါ့ဗျာ”

လင်းရန်ယန်က ကူကယ်ရာမဲ့စွာ ပြုံးလျက် ဆိုလိုက်၏။ ဘိုးဘေးကန်တော့ပွဲသို့ ရောက်ရန်မှာ လဝက်ခန့်သာ လိုတော့သော်လည်း ၊ ထိုအချိန်ရောက်လျှင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ကောင်းကင်အရှင်သခင် အဆင့်သို့ ရောက်ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအခါ သူသည် ဂိုဏ်းသားဦးဆောင်သူထက် ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲ တစ်ဦး ဖြစ်လာလိမ့်မည်။

“ဝုန်း”

ထိုစဉ် လင်းရန်ယန်သည် သူ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ သိသိသာသာ လှုပ်ခတ်လာသည်ကို ခံစားလိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ အဆင့်တက်တော့မည့် အရိပ်အယောင်ပင် ဖြစသေည်။

မနေ့ကမှ ဆရာကြီး စစ်မု ၏ အိမ်တွင် အဆင့်တက်ခဲ့သော်လည်း ၊ အဆ တစ်သောင်းမက မြန်ဆန်သော ကျင့်ကြံခြင်းနှုန်းမှာ အမှန်တကယ်ပင် လျှော့တွက်၍ မရပေ။ သူသည် ချက်ချင်းပင် မြေပြင်ကို ကန်လျက် လူတိုင်း၏ အံ့ဩနေသော မျက်ဝန်းများကြားမှ ကောင်းကင်သို့ ပျံတက်သွားတော့သည်။

“ဝုန်း”

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ကြီးမား ကျယ်ပြန့်လှသော ဝိညာဉ်ဖိအားကြီးသည် ထိုနေရာရှိ လူတိုင်းကို လွှမ်းခြုံသွားခဲ့တော့သည်။ ထိုစွမ်းအားအောက်တွင် စွမ်းအားအနည်းဆုံးဖြစ်သော အောင်းနင်ရွှမ်း မှာ လဲကျလုနီးပါး ဖြစ်သွားရာ ၊ အောင်းထျန်းလုံက သူ၏ စွမ်းအားဖြင့် အချိန်မီ ကာကွယ်ပေးလိုက်ရသည်။

သို့သော် ထိုဖိအားကြီးမှာ ပိုမိုပြင်းထန်လာရာ ၊ မြေကမ္ဘာအရှင်သခင် စတုတ္ထအဆင့်ရှိသော ဝမ်မုန့် နှင့် ကျူးကော့ခုံဖျင် တို့ပင်လျှင် မခံမရပ်နိုင် ဖြစ်လာကြတော့သည်။

“ဒါက တကယ်ပဲ အဆင့်တက်နေတာလား ၊ ညီလေးက ဘယ်အဆင့်ကို တက်နေတာမို့လို့ ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ၊ ဒဏ္ဍာရီလာ ကောင်းကင်အရှင်သခင်တွေ အဆင့်တက်တာထက်တောင် ပိုပြင်းထန်နေပါလား”

ကျူးကော့ခုံးဖျင် ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ ဝဝတုတ်တုတ် ခန္ဓာကိုယ်မှ အသားဆိုင်များမှာ ထိုဖိအားကြောင့် ပြားချပ်သွားရသည်ကို ကြည့်ခြင်းဖြင့် သူ မည်မျှ ခံစားနေရသည်ကို သိနိုင်သည်။

“ပါရမီထူးခြားသူတွေ အဆင့်တက်တဲ့အခါမှာ သာမန်လူတွေထက် အဆပေါင်း ရာနဲ့ထောင်နဲ့ချီပြီး ထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တယ်လို့ ငါကြားဖူးခဲ့တယ်၊ အခုတော့ အဲ့ဒီဒဏ္ဍာရီတွေက တကယ်ဖြစ်ကြောင်း ငါသိလိုက်ရပြီ”

အောင်းထျန်းလုံသည် ကောင်းကင်ရှိ လင်းရန်ယန်ကို ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်ဖြင့် ဆိုလိုက်သည်။ သို့သော် ထိုခံစားချက်နောက်တွင် ဝမ်းမြောက်မှုက ကပ်ပါလာ၏။ အဘယ့်ကြောင့်ဆိုသော် လင်းရန်ယန်သည် သူ၏ မော်ရှန်းဂိုဏ်းဝင် တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ဘိုးဘေးကြီး ကွယ်လွန်လုနီးပါး ဖြစ်နေသော ဤကာလတွင် လင်းရန်ယန်၏ ထွက်ပေါ်လာမှုမှာ မော်ရှန်းဂိုဏ်းအတွက် ကြီးမားသော အင်အားတစ်ခု ဖြစ်လာလိမ့်မည်။

“ဝုန်း”

ရုတ်တရက် ကောင်းကင်ရှိ လင်းရန်ယန်၏ စွမ်းအားမှာ အဆင့်သစ်တစ်ခုသို့ တိုးမြင့်သွားတော့သည်။ တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ အက်ကွဲသွားပြီး ၊ မီတာတစ်ထောင် ပတ်လည်ရှိ သစ်ပင်များမှာလည်း ပြင်းထန်စွာ ကြေမွ ပေါက်ကွဲသွားခဲ့တော့သည်။ ဝမ်မုန့် နှင့် ကျူးကော့ခုံဖျင် တို့မှာ မြေပြင်ပေါ်သို့ လဲကျသွားကြရာ ၊ အောင်းထျန်းလုံက သူ၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ လူတိုင်းကို အကာအကွယ် ပေးလိုက်ရ၏။ သို့သော် သူကိုယ်တိုင်ပင်လျှင် ခက်ခဲစွာ တောင့်ခံနေရသည်။

ကံကောင်းထောက်မစွာဖြင့် လင်းရန်ယန်၏ အဆင့်တက်ခြင်း အရှိန်အဝါမှာ တဖြည်းဖြည်းချင်း ငြိမ်သက်သွားတော့သည်။ အဆုံးမရှိသော စွမ်းအင်များ အားလုံးကို လင်းရန်ယန်က ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအားသစ်များကို ခံစားရင်း လင်းရန်ယန်သည် ကျေနပ်စွာ ပြုံးလိုက်မိသည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ အရှင်၏ ကျင့်ကြံခြင်းအဆင့်မှာ မြေကမ္ဘာအရှင်သခင် အဆင့် (၇) သို့ တက်လှမ်းသွားပါပြီ]

လင်းရန်ယန်သည် သူ၏ အဆင့်သစ်ကို ကြည့်ကာ သာယာစွာ ပြုံးလိုက်သည်။

“စနစ်... ဒီဆုလာဘ်တွေကို အခုပဲ တင်ပေးတော့”

လင်းရန်ယန်က တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ရိုက် အမိန့်ပေးလိုက်၏။

[ဒင်... တာဝန်အောင်မြင်မှုအတွက် ဂုဏ်ယူပါသည် အရှင် ၊ ရရှိသော အစွမ်းသတ္တိများ - ရေဓာတ်ခန္ဓာ ၁ ၊ မြေဓာတ်ခန္ဓာ ၄ ၊ အလိုအလျောက် ကျင့်ကြံခြင်း ၂ ၊ အလိုအလျောက် သိုင်းပညာ ၂ ၊ အလိုအလျောက် ငွေဝင်ခြင်း ၃ ၊ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု ၅ ၊ ကုသိုလ်တော် ရွှေရောင်အလင်း ၅ ၊ စိတ်စွမ်းအင် ၈ ၊ ရရှိသော ကျင့်စဉ် - ရေဓာတ်စစ်လက်နက်အတတ် (ကောင်းကင်အဆင့်မြင့်) ၊ ရရှိသော ပစ္စည်းများ - လူသားအဆင့် ပစ္စည်း ၃၀၀ ၊ မြေကမ္ဘာအဆင့် ပစ္စည်း ၃၀ ၊ ကောင်းကင်အဆင့် ပစ္စည်း ၃]

လင်းရန်ယန်၏ စိတ်ထဲ၌ အသိပေးသံများမှာ ဆက်တိုက် ထွက်ပေါ်နေတော့သည်။ ယခုတစ်ကြိမ် ရရှိသော အစွမ်းသတ္တိများမှာ ၃၀ တိတိ ဖြစ်သည့်အပြင် ၊ ၎င်းတို့သည် လင်းရန်ယန်၏ အစွမ်းအချို့ကို အဆင့်မြှင့်တင်ရန် လုံလောက်လှသည်။

“စနစ်... အစွမ်းသတ္တိ အားလုံးကို အခုပဲ ထည့်သွင်းလိုက်တော့”

[ဒင်... အမိန့်ကို လက်ခံရရှိပါပြီ ၊ ထည့်သွင်းခြင်း စတင်နေပါပြီ]

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ ရေဓာတ်ခန္ဓာမှာ LV3 သို့ မြှင့်တင်ပြီးပါပြီ ၊ ရေဓာတ်စွမ်းအား မြှင့်တင်မှုမှာ ၈၀၀% သို့ ရောက်ရှိသွားပါပြီ]

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ မြေဓာတ်ခန္ဓာမှာ LV3 သို့ မြှင့်တင်ပြီးပါပြီ ၊ မြေဓာတ်စွမ်းအား မြှင့်တင်မှုမှာ ၈၀၀% သို့ ရောက်ရှိသွားပါပြီ]

All Chapters