← Chapters

အိမ်ထောင်ရေးကံကြမ္မာ

Vol. 4 Ch. 37

အိမ်ထောင်ရေးကံကြမ္မာ

Vol. 4 Ch. 37

ယခင်ကမူ သူမသည် ဤအချက်အလက်များကို အလွတ်မှတ်သားရန်အတွက် တစ်နှစ်တိတိ အချိန်ပေးခဲ့ရသည်။ အမှန်စင်စစ် ကျောက်စိမ်းပေလွှာဆိုသည်မှာ စာအုပ်၏ အခြားပုံစံတစ်မျိုးမျှသာ ဖြစ်ရာ ၊ ၎င်းကို လက်ခံရရှိလိုက်ရုံနှင့် အတွင်း၌ ပါရှိသော အသိပညာ ဗဟုသုတအားလုံးကို မှတ်မိသွားမည်ဟု မဆိုလိုပေ။

၎င်းကို လက်ခံရရှိပြီးနောက်တွင်လည်း အဖန်တလဲလဲ ပြန်လည်ကျက်မှတ်ရန် လိုအပ်သေးသည်။ ရုပ်ဝတ္တုစာအုပ်များထက် များစွာ ရိုးရှင်းလွယ်ကူသည်ဟု ဆိုနိုင်သော်လည်း ၊ တစ်ညတာအတွင်း တတ်မြောက်နိုင်သောအရာမျိုးတော့ မဟုတ်ပါပေ။

လင်းရန်ယန် သည်လည်း တွန့်ဆုတ်မနေဘဲ ကျောက်စိမ်းပေလွှာကို ချက်ချင်းကောက်ယူကာ သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဖိကပ်လိုက်၏။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် ဧရာမ အသိပညာရေလှိုင်းကြီးတစ်ခုမှာ သူ၏ အသိအာရုံထဲသို့ ဒလဟော စီးဝင်သွားတော့သည်။

[ဒင်... ကောင်းကင်အမိန့်တော်သခင် အသက်မွေးဝမ်းကျောင်းကို ရှာဖွေတွေ့ရှိပါသည်။ အသက်မွေးဝမ်းကျောင်းအားလုံး ကျွမ်းကျင်မှုစနစ် အတွင်းသို့ ပေါင်းစပ်လိုက်ပါပြီ၊ သင်ယူခြင်း စတင်နေပါပြီ]

အသိပေးသံသည် လင်းရန်ယန်၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားပြီး ၊ တခဏချင်းမှာပင် ကျယ်ပြန့်လှသော မှတ်ဉာဏ်များမှာ ဒီရေအလား တိုးဝင်လာတော့သည်။ လင်းရန်ယန်၏ အသက်မွေးဝမ်းကျောင်းစနစ်မှာ အဆင့် (၄) သို့ ရောက်ရှိနေပြီဖြစ်ရာ ၊ တစ်ရက်လျှင် ကျင့်ကြံခြင်း အတွေ့အကြုံ နှစ်ပေါင်းတစ်ထောင်အထိ ရရှိနိုင်သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံများကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် လင်းရန်ယန်သည် ရက်ပေါင်းများစွာစာ ကျင့်ကြံခြင်း မှတ်ဉာဏ်များကို ရရှိသွားခဲ့သည်။

နှစ်မိနစ် ၊ သုံးမိနစ်ခန့် ကြာပြီးနောက်တွင် လင်းရန်ယန်သည် ကောင်းကင်အမိန့်တော်သခင် အဆင့်ကို လူသားအဆင့်နိမ့် သို့ မြှင့်တင်လိုက်နိုင်သည်။ ရှေးယခင်ကတည်းကပင် ဖုန်းရွှေပညာနှင့် နိမိတ်ဖတ်အတတ်မှာ မျိုးနွယ်တူပင် ဖြစ်ရာ ၊ ဤအဆင့်ရှိသော ကောင်းကင်အမိန့်တော်သခင်တစ်ဦးသည် အခြေခံဖုန်းရွှေပညာရပ်အချို့ကို စတင်သင်ယူနိုင်ပြီဖြစ်သည်။

အခြေခံအဆင့် အစီရင်ဆရာတစ်ဦး မြင်တွေ့ရသော ဖုန်းရွှေမှာ ပစ္စည်းများ နေရာချထားမှုအပေါ် အာရုံစိုက်သော်လည်း ၊ ကောင်းကင်အမိန့်တော်သခင် မြင်တွေ့ရသော ဖုန်းရွှေမှာမူ ရလဒ်နှင့် အကျိုးဆက်ကို ခွဲခြားသိမြင်နိုင်ခြင်းပင် ဖြစ်၏။ ဥပမာအားဖြင့် လူတစ်ဦးကို မည်သည့်နေရာ၌ မြှုပ်နှံပါက သူ၏ သားစဉ်မြေးဆက်များ မည်သို့အောင်မြင်ကျော်ကြားမည် ဆိုသည်မှာ ကောင်းကင်အမိန့်တော်သခင်၏ ဖုန်းရွှေအတတ်ပင် ဖြစ်သည်။

သို့သော် ၎င်းတို့ကို မည်သို့ မြှုပ်နှံရမည်ဆိုသည်မှာမူ အစီရင်ဆရာ၏ ဖုန်းရွှေအတတ် ဖြစ်၏။ ဤနှစ်ခု၏ ကွဲပြားခြားနားမှုမှာ မြင့်မားသော အဆင့်သို့ ရောက်ရှိမှသာ သိသာထင်ရှားလာလိမ့်မည်။ လင်းရန်ယန် လေ့လာနေစဉ်မှာပင် အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးသွားတော့သည်။ မကြာမီ တစ်နာရီခန့် ကြာမြင့်သွားတော့သည်။

လင်းရန်ယန်၏ ဘေးတွင် ထိုင်နေသော အောင်းနင်ရွှမ်း သည် ၊ သူ မျက်စိမှိတ်လျက် အသိပညာများကို လက်ခံရယူနေသည်ကို စူးစမ်းသော မျက်ဝန်းများဖြင့် ကြည့်နေ၏။

“အစ်ကိုလင်းရန်ယန်က ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်တတ်လဲ မသိဘူး၊ သူ့ကြည့်ရတာ သိမ်မွေ့ပြီး ယဉ်ကျေးတော့ ၊ ဂုဏ်သရေရှိတဲ့ မိသားစုက မိန်းကလေးမျိုးကိုပဲ ကြိုက်မှာပေါ့နော်”

အောင်းနင်ရွှမ်း၏ အတွေးများမှာ ဟိုရောက်ဒီရောက် ဖြစ်နေတော့သည်၊ ဤခဏ၌ သူမ၏ စိတ်အစုံတွင် လင်းရန်ယန်က သူမကို ကယ်တင်ခဲ့သည့် မြင်ကွင်းနှင့် မနေ့ညက ဖုတ်ကောင်ကို သတ်ဖြတ်ခဲ့သည့် အံ့မခန်းစွမ်းအားများသာ ကြီးစိုးနေသည်။ သိုင်းပညာကို ရူးသွပ်သော အောင်းထျန်းလုံနှင့်အတူ ကြီးပြင်းလာသူပီပီ ၊ သူမသည် အစွမ်းထက်သောသူများကို အထူးပင် လေးစားအားကျတတ်၏။

လင်းရန်ယန်မှာ ရုပ်ရည်ခန့်ညားရုံသာမက စွမ်းအားလည်း အလွန်ကြီးမားနေသဖြင့် သူမအတွက် အထူးပင် ဆွဲဆောင်မှုရှိနေတော့သည်။

“နေဦး... ငါ အစ်ကိုလင်းရန်ယန်ကို စိတ်ဝင်စားသွားတာလား”

ရုတ်တရက် အောင်းနင်ရွှမ်း၏ အတွေးတို့မှာ ပြောင်းလဲသွားပြီး သူမကိုယ်တိုင်ပင် ထိတ်လန့်သွားမိ၏။ ထို့နောက် ဂိုဏ်းတူအစ်မ ဝမ်မုန့် ပြောခဲ့သည့် ၊ သူမ၏ ဘဝတွင် အိမ်ထောင်ရေးကံကြမ္မာမျှင် တစ်ခုတည်းသာ ရှိပြီး တစ်သက်လုံးတွင် လူတစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးကာ လက်တွဲသွားရမည်ဟူသော စကားကို သတိရသွားတော့သည်။

အဲဒီလူက လင်းရန်ယန်များ ဖြစ်နေမလား ဟုတွေးနေတော့သည်။

ထိုသို့တွေးမိသည်နှင့် သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ စိတ်ရှုပ်ထွေးသွားတော့သည်။ လင်းရန်ယန်နှင့် သိခဲ့သည်မှာ တစ်ရက်မျှသာ ရှိသေးသည် မဟုတ်ပါလား။ သို့သော် လင်းရန်ယန်နှင့် ဆုံတွေ့ခဲ့ချိန်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောမိသောအခါ ၊ သူမ၏ ရင်ထဲ၌ မျှော်လင့်ချက်ကလေးတစ်ခု ဖြစ်ပေါ်လာ၏။ အကယ်၍ တကယ်သာ ဖြစ်လာခဲ့မည်ဆိုလျှင်လည်း မဆိုးလှပါပေ။

“ဟူး”

ထိုစဉ် လင်းရန်ယန်သည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီးနောက် ၊ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထိုအခါ သူ၏ရှေ့၌ ငေးမောနေသော အောင်းနင်ရွှမ်းကို တွေ့လိုက်ရ၏။

အောင်နင်ရွှမ်း၏ နုနယ်ချောမောသော မျက်နှာလေးကြောင့် လင်းရန်ယန်၏ ရင်မှာ တစ်ချက်မျှ တုန်လှုပ်သွားရသည်။

“အောင်းနင်ရွှမ်း ၊ သတိထားဦးလေ”

လင်းရန်ယန်က ပြုံးလျက် အောင်းနင်ရွှမ်း၏ မျက်လုံးရှေ့တွင် လက်ကို ဝှေ့ယမ်းလိုက်၏။

“ဟင်...”

သူ၏ လုပ်ရပ်ကြောင့် ငေးနေသော အောင်းနင်ရွှမ်းမှာ လန့်ဖျပ်သွားတော့သည်။ မိမိ ငေးကြည့်နေသည်ကို လင်းရန်ယန် မိသွားမှန်း သိလိုက်ရသောအခါ ၊ သူမသည် မျက်နှာလေး နီမြန်းလျက် ခေါင်းကို အမြန်လွှဲလိုက်၏။ လင်းရန်ယန် တစ်ခုခုကို သိသွားမည်ကို သူမ အလွန်ပင် စိုးရိမ်နေမိတော့သည်။

“အောင်းနင်ရွှမ်း ၊ မင်းရဲ့လက်ကို အရင်ထုတ်ပေးပါဦး၊ မင်းရဲ့ အနာဂတ် အိမ်ထောင်ရေးကံကြမ္မာကို ငါ ကြည့်ပေးချင်လို့ပါ”

လင်းရန်ယန်က စမ်းသပ်ကြည့်လိုသော ဆန္ဒဖြင့် ပြောလိုက်၏။ တစ်နာရီကြာ လေ့လာမှုမှာ ကျင့်ကြံခြင်း နှစ်ငါးဆယ်နှင့် တူညီသည်။ သူ၏ ကောင်းကင်အမိန့်တော်သခင် ပါရမီမှာ ထူးကဲခြင်းမရှိသော်လည်း ၊ ယခုအခါ မြေကမ္ဘာ အလယ်လတ်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် ဝမ်မုန့်နှင့် တူညီသော အဆင့်သို့ ရောက်နေပြီဖြစ်ရာ ၊ ဝမ်မုန့် မြင်တွေ့ခဲ့ရသည့်အရာကို သူကိုယ်တိုင်လည်း မြင်တွေ့လိုသည်။

“ဟင်... အစ်ကိုလင်းရန်ယန်ကလည်း ကြည့်ချင်တာလား ၊ မကြည့်ဘဲ နေလိုက်ရင် မကောင်းဘူးလားဟင်”

လင်းရန်ယန်၏ စကားကြောင့် အောင်းနင်ရွှမ်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။ လင်းရန်ယန်၏ ပါရမီမှာ ကြောက်စရာကောင်းလှရာ ၊ အကယ်၍ သူမ ကြိုက်နေသောသူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း သူ မြင်သွားပါက အလွန်ပင် ရှက်စရာကောင်းမည်ဟု တွေးနေတော့သည်။

“ဟေး... ဦးလေး လေး ၊ ခင်ဗျားတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ ၊ ကျွန်တော်လည်း ပါမယ်လေ”

ထိုစဉ် မီးရှူးမီးပန်းများနှင့် ဗောက်အိုးများစွာကို သယ်ဆောင်လာသော ယွင်ကောင်း ရောက်ရှိလာသည်။ လင်းရန်ယန်နှင့် အောင်နင်ရွှမ်းတို့ ကစားနေကြသည်ဟု ထင်မှတ်ကာ သူက ဝမ်းသာအားရ ပြေးဝင်လာ၏။

“မင်း လာတာ အချိန်ကိုက်ပဲ၊ မင်းရဲ့လက်ကို ထုတ်ပေးဦး ၊ ငါ ကြည့်ပေးမယ်”

အောင်းနင်ရွှမ်း ရှက်နေသည်ကို မြင်သောအခါ လင်းရန်ယန်က သူမကို အတင်းမတိုက်တွန်းတော့ဘဲ ၊ ရောက်ရှိလာသော ယွင်ကောင်းကိုသာ ကြည့်ရန် ဆုံးဖြတ်လိုက်၏။

“ဪ... ဦးလေး လေးက လက္ခဏာကြည့်တာ သင်နေတာကိုး၊ ဟီးဟီး... ကျွန်တော့်အမေကလည်း အမြဲကြည့်ပေးနေကျပါ၊ ကဲ... ဦးလေး လေး ဘာမြင်လဲ ပြောကြည့်ပါဦး ၊ ကျွန်တော် စစ်ဆေးပေးမယ်”

ယွင်ကောင်းသည် ဆရာလုပ်ခွင့်ရသဖြင့် ဝမ်းသာအားရဖြစ်ကာ သူ၏ ညာလက်ကို အမြန်ကမ်းပေးလိုက်၏။

“ကောင်းပြီလေ”

လင်းရန်ယန်က ပြုံးလျက် ယွင်ကောင်း၏ လက်ကိုကိုင်ကာ သေချာစွာ ကြည့်ရှုလိုက်တော့သည်။

“အရင်ဆုံး မင်းရဲ့ ကံကြမ္မာမျဉ်းကနေ စပြောရရင် ၊ မင်းရဲ့ ကံက ဒီဘဝမှာ အတော်လေး ကောင်းပါတယ်၊ မွေးကင်းစအရွယ်မှာ သေလုနီးပါး အသက်ဘေးဒုက္ခကြီးတစ်ခု ကြုံခဲ့ရတာကလွဲရင် ၊ မင်း တစ်သက်လုံး အစားအသောက် အဝတ်အစားအတွက် ပူစရာမလိုဘဲ နေသွားရလိမ့်မယ်၊ အရမ်းကြီး ချမ်းသာကြွယ်ဝတာမျိုး မဟုတ်ပေမယ့် သူဌေးလေးတစ်ယောက်တော့ ဖြစ်မှာပဲ”

လင်းရန်ယန်သည် ယွင်ကောင်း၏ အခြေခံကံကြမ္မာကို တစ်ချက်တည်းနှင့် မြင်လိုက်၏။

“ဝါး... ဦးလေး လေး ၊ ကျွန်တော် မွေးတုန်းက ဘေးဒုက္ခကြုံခဲ့တာကို တကယ် မြင်တာလား ၊ တကယ့်ကို တော်တာပဲ”

ယွင်ကောင်းက အားကျစွာဖြင့် အော်ဟစ်လိုက်တော့သည်။ ၎င်းမှာ သူ၏မိခင် ပြောပြဖူးသည်နှင့် တစ်ထပ်တည်း ကျနေသောကြောင့်ပင် ဖြစ်သည်။

“နောက်တစ်ခုက အိမ်ထောင်ရေးကံကြမ္မာပဲ၊ မင်း အသက် ၁၉ နှစ်မှာ ပထမဆုံး ကြိုက်တဲ့သူနဲ့ ဆုံပြီး အဖြတ်ခံရလိမ့်မယ်၊ အသက် ၂၀ မှာ နောက်တစ်ယောက်နဲ့ ဆုံပြီး ထပ်ပြီး အဖြတ်ခံရပြန်လိမ့်မယ်၊ အဲဒီနောက်မှာတော့ မင်း နှစ်တိုင်း ကြိုက်တဲ့သူနဲ့ ဆုံတွေ့နေမှာ ဖြစ်ပေမယ့် ၊ သုံးလအတွင်းမှာပဲ အမြဲတမ်း အဖြတ်ခံရလိမ့်မယ်၊ မင်း တစ်သက်လုံး ချစ်သွားမယ့်သူနဲ့ကတော့ အသက် ၂၈ နှစ်ကျမှ ဆုံလိမ့်မယ်”

လင်းရန်ယန်သည် ယွင်ကောင်း၏ အိမ်ထောင်ရေးကံကြမ္မာကို ကြည့်ကာ မချိပြုံး ပြုံးလိုက်မိသည်။ ဤသည်မှာ အမှန်တကယ်ပင် သနားစရာ ကောင်းလှ၏။ လက္ခဏာအရဆိုလျှင် သူသည် အမြဲတမ်း စိတ်ရင်းနှင့် ချစ်တတ်သော်လည်း အမြဲတမ်း အစွန့်ပစ်ခံရသူ ဖြစ်နေသည်။ အချို့နေရာများတွင်မူ အလိမ်အညာပင် ခံရဦးမည် ဖြစ်၏။

“ဗျာ... ကျွန်တော်က အမြဲတမ်း အဖြတ်ခံရမှာလား၊ ဒါကြောင့်မို့ အမေက ကျွန်တော့်လက်ကို ကြည့်တိုင်း မျက်မှောင်ကြီးကြုတ်ပြီး စိတ်ဆိုးနေတာကိုး”

ယွင်ကောင်းမှာ ဆွံ့အသွားတော့သည်။

“ဝါး... အစ်မ တွက်ပေးတာနဲ့ အတူတူပဲလား၊ အစ်ကိုလင်းရန်ယန်က တကယ့်ကို တော်တာပဲ”

ဘေးမှ အောင်းနင်ရွှမ်းလည်း သက်ပြင်းချနိုင်သွား၏။ သူမ၏လက်ကို အကြည့်မခံလိုက်ရခြင်းမှာ ကံကောင်းသည်ဟု ဆိုရပေမည် ၊ သို့မဟုတ်ပါက သူမ ချစ်နေသောသူမှာ သူဖြစ်ကြောင်း လင်းရန်ယန် သိသွားလိမ့်မည်။

“ဒါဆိုရင် မင်းရဲ့ ကျင့်ကြံသူကံကြမ္မာ အကြောင်းကို ငါ ပြောပြမယ်”

လင်းရန်ယန်သည် ယွင်ကောင်း၏ လက်ဖဝါးအတွင်းရှိ အလွန်လျှို့ဝှက်လှသော ကောင်းကင်အမိန့်တော်မျဉ်း ဆီသို့ အကြည့်ကို လွှဲလိုက်၏။ ဤမျဉ်းကို ရှေးဟောင်း ကောင်းကင်အမိန့်တော်သခင်များသာ မြင်နိုင်ပြီး ၊ ဝမ်မုန့်ပင်လျှင် မြင်တွေ့နိုင်စွမ်း မရှိပေ။

သို့သော် လင်းရန်ယန်၏ အသက်မွေးဝမ်းကျောင်းများမှာ စနစ်က ပေးထားခြင်းဖြစ်ရာ ၊ ပျောက်ကွယ်နေသော လက်နက်ပန်းပဲနှင့် ဆေးဖော်စပ်နည်းများသာမက ၊ ပျောက်ကွယ်နေသော ကံကြမ္မာကြည့်နည်းများကိုလည်း သူ အလုံးစုံ သိရှိနိုင်သည်။

“ကျင့်ကြံသူကံကြမ္မာ ဆိုတာလည်း ရှိသေးတာလား ၊ အဲဒါက ဘာကြီးလဲဗျ”

ယွင်ကောင်းမှာ ကြောင်အသွားသည်။ သူ၏မိခင်မှာ ဤအကြောင်းကို တစ်ခါမျှ မပြောပြဖူးသောကြောင့်ပင် ဖြစ်သည်။

All Chapters