← Chapters

စိတ်နှလုံး အေးချမ်းခြင်း

Vol. 4 Ch. 39

စိတ်နှလုံး အေးချမ်းခြင်း

Vol. 4 Ch. 39

အမှန်စင်စစ် ဤနည်းလမ်းဖြင့် အကြောများကို ပြန်လည်ပုံဖော်ပြီးပါက ၊ တစ်ဦးတစ်ယောက်၏ ပါရမီမှာ အနည်းဆုံး နှစ်ဆ သို့မဟုတ် သုံးဆခန့်အထိ တိုးတက်လာနိုင်သည်။ ယွင်ကောင်း ၏ ပါရမီမှာ မူလကပင် အတော်လေး ကောင်းမွန်သော်လည်း ၊ လမစေ့ဘဲ မွေးဖွားလာခဲ့သဖြင့် အချို့သော အကြောများမှာ ကောင်းမွန်စွာ မဖွံ့ဖြိုးခဲ့ခြင်းသာ ဖြစ်၏။

အကယ်၍သာ ထိုအကြောများ ပုံမှန်ဖွံ့ဖြိုးခဲ့ပါက ၊ သူ၏ တာအိုကျင့်ကြံခြင်း ပါရမီမှာ အလွန်ပင် ထူးခြားနေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တတိယမြောက် မျိုးဆက်ဖြစ်သည့် ‘ကောင်းကင်အမိန့်တော်သခင်’ တစ်ဦး၏ ပါရမီမှာ သူ၏လက်ထက်သို့ ရောက်ရှိလာချိန်တွင် အားနည်းနေရန် အကြောင်းမရှိသောကြောင့်ပင်။ နောင်တစ်ချိန်တွင် သူသည်လည်း ကောင်းကင်အမိန့်တော်သခင် တစ်ဦး ဖြစ်လာနိုင်ခြေမှာ ကိုးဆယ်ရာခိုင်နှုန်းခန့် ရှိနေသည်။

ယခုအခါ သူ၏ ပါရမီမှာ နှစ်ဆ ၊ သုံးဆခန့် ပိုမိုမြင့်မားလာပြီ ဖြစ်ရာ ၊ ကောင်းကင်အမိန့်တော်သခင် ဖြစ်လာမည်မှာ သေချာသလောက် ရှိနေပြီ။ မည်မျှ မြင့်မားသော နယ်ပယ်သို့ ရောက်ရှိမည်ကိုမူ ခန့်မှန်းရ ခက်ခဲလှ၏။ ထိုအရာအားလုံးမှာ သူ၏ ကြိုးစားအားထုတ်မှုနှင့် သူရရှိထားသော ပါရမီကို မည်မျှ အသုံးချနိုင်မည်နည်း ဆိုသည့်အပေါ်တွင်သာ မူတည်တော့သည်။

“မဖြစ်နိုင်တာ ၊ ဦးလေး လေးရာ ၊ ဘာလို့ အဲဒါကို စောစောက မပြောခဲ့တာလဲ”

မီးလျှံများကြားမှ ယွင်ကောင်းသည် စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်ငိုယိုနေတော့သည်။

“မင်းမှ ငါ့ကို မမေးတာပဲ”

လင်းရန်ယန် က ပခုံးတွန့်ပြလိုက်ပြီးနောက် ၊ အစီရင်သင်္ကေတ မြောက်မြားစွာကို ဆက်လက်၍ ထည့်သွင်းပေးနေ၏။ သူသည် ယွင်ကောင်း၏ ပါရမီကို ပြုပြင်မြှင့်တင်ပေးရသည့် အကြောင်းရင်းမှာ ၊ ပထမဦးစွာ ယွင်ကောင်း၏ တာအိုပါရမီ ပြောင်းလဲသွားပြီးနောက် သူ၏ ‘ကျင့်ကြံသူလမ်းကြောင်း’ မှာ လိုက်ပါပြောင်းလဲသွားခြင်း ရှိမရှိကို စမ်းသပ်လိုသောကြောင့် ဖြစ်သည်။ အကယ်၍သာ ပြောင်းလဲသွားခဲ့ပါက ၊ ကောင်းကင်ကို ဆန့်ကျင်၍ ကံကြမ္မာကို ပြောင်းလဲနိုင်သည် ဆိုသည်မှာ အမှန်တကယ် တည်ရှိကြောင်း သက်သေပြနိုင်လိမ့်မည်။

ဒုတိယအချက်မှာမူ သူ့အား နိမိတ်ဖတ်အတတ်ပညာများ သင်ကြားပေးခဲ့သော ဝမ်မုန့် ကို ကျေးဇူးဆပ်လိုသောကြောင့်ပင် ဖြစ်သည်။ လင်းရန်ယန်သည် သူတစ်ပါး၏ ကျေးဇူးကို အလကားယူတတ်သော လူစားမျိုး မဟုတ်ပေ။ သူသည် အောင်းထျန်းလုံ ဆီမှ ချိတ်ပိတ်ခြင်းအတတ်ကို သင်ယူခဲ့စဉ်ကလည်း အောင်းနင်ရွှမ်း ကို ကယ်တင်ပေးခဲ့ဖူးသဖြင့် စိတ်ထဲတွင် အေးချမ်းနေခဲ့ခြင်း ဖြစ်၏။

ထိုစဉ် ရင်ပြင်အတွင်းရှိ အောင်းထျန်းလုံမှာ ရုတ်တရက် မျက်မှောင်ကြုတ်သွားတော့သည်။

“ဒါ ဘာအသံလဲ၊ ယွင်ကောင်း ဆိုတဲ့ ကောင်လေးရဲ့ အော်သံကို ကြားလိုက်ရသလိုပဲ”

သူသည် ဇဝေဇဝါ ဖြစ်သွားတော့၏။

“ကျွန်တော်လည်း ကြားလိုက်သလိုပဲ ၊ ဘိုးဘေးစင်ဆီကနေ လာတာ”

ကျူးကော့ခုံဖျင် မှာလည်း ထိတ်လန့်သွားမိသည်။

“သွားကြည့်ကြရအောင်”

အောင်းထျန်းလုံသည် လျင်မြန်စွာပင် ဘိုးဘေးစင်ဆီသို့ ပြေးထွက်သွားတော့သည်။

“ဟေး... ဟေး... ဟေး... ကျွန်တော့်ကို စောင့်ပါဦး၊ သူက ကျွန်တော့်သားပါ ၊ အစ်ကိုကြီးက ဘာလို့ ကျွန်တော့်ထက် ပိုပြီး စိတ်လှုပ်ရှားနေရတာလဲ”

ကျူးကော့ခုံဖျင်မှာ အော်ဟစ်ရင်း နောက်မှ လိုက်လာ၏။ သို့သော် သူသည် တစ်မနက်လုံး ကျင့်ကြံခြင်းကို ပြင်းထန်စွာ ပြုလုပ်ထားရသဖြင့် ခြေကုန်လက်ပန်း ကျနေပြီဖြစ်ရာ ၊ အောင်းထျန်းလုံ၏ ကျောပြင် ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေရတော့သည်။

“ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ သား... သား ဘာလို့ မီးထဲ ရောက်နေရတာလဲ”

ဝမ်မုန့်သည်လည်း ဆူညံသံများကြောင့် အပြေးအလွှား ရောက်ရှိလာခဲ့ရာ ၊ မီးလျှံများကြားတွင် အကင်ခံနေရသော သားဖြစ်သူကို မြင်သောအခါ ချက်ချင်းပင် ပျာယာခတ်သွားတော့သည်။

“ကယ်ပါဦး အမေ ၊ ကျွန်တော် သေတော့မယ်”

မီးလျှံများကြားရှိ ယွင်ကောင်းမှာ မိခင်ဖြစ်သူကို မြင်သောအခါ အားကိုးတကြီး အော်ဟစ်လေတော့သည်။ ခဏအကြာ၌ သူ၏ အကြောအခြင်များမှာ မီးလျှံများ၏ ပြန်လည်သန့်စင်ခြင်းကို ခံနေရသဖြင့် မည်းတူးနေသကဲ့သို့ ခံစားနေရ၏။

“မောင်လေး လင်းရန်ယန် ၊ မင်း ဘာတွေ လုပ်နေတာလဲ”

ဝမ်မုန့်သည် လင်းရန်ယန်ကို မြင်သောအခါ အလွန်ပင် စိုးရိမ်သွား၏။ လင်းရန်ယန်သည် ယွင်ကောင်းအပေါ် မကောင်းကြံမည်မဟုတ်ကြောင်း သူမ ယုံကြည်သော်လည်း ၊ သားဖြစ်သူ မည်းတူးနေသည်ကို မြင်ရသဖြင့် မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။

“အစ်မ ၊ အစ်ကိုလင်းရန်ယန်က မောင်လေး ကျင့်ကြံခြင်း ပြုနိုင်အောင်လို့ သူ့ရဲ့ အကြောတွေကို ပြန်လည်ပုံဖော်ပေးနေတာပါ၊ ဒါပေမဲ့ ဖြစ်စဉ်ကတော့ အတော်လေး နာကျင်လိမ့်မယ်နော်”

လင်းရန်ယန် စကားမပြောရသေးမီမှာပင် ဘေးမှ အောင်းနင်ရွှမ်းက အမြန်ဝင်ရောက် ရှင်းပြလိုက်၏။

“ဘာ... အကြောတွေကို ပြန်လည်ပုံဖော်ပေးနေတာ ဟုတ်လား၊ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဝမ်မုန့်၏ မျက်နှာမှာ ချက်ချင်းပင် အကြီးအကျယ် ပျက်သွားတော့သည်။ လွန်ခဲ့သော နှစ်များအတွင်း သူမသည် ဆေးဖော်စပ်သူ မြောက်မြားစွာနှင့် ဆုံတွေ့ခဲ့ဖူးသော်လည်း ၊ အားလုံးက တစ်ညီတစ်ညွတ်တည်း ပြောဆိုခဲ့ကြသည်မှာ ယွင်ကောင်း၏ အခြေအနေကို ကုသရန် နည်းလမ်းနှစ်သွယ်သာ ရှိသည်။

ပထမနည်းလမ်းမှာ ဒဏ္ဍာရီလာ ‘ဇီဝအသက်ပေးဆေးလုံး’ ပင် ဖြစ်သည်။ ၎င်းမှာ ဝိညာဉ်အဆင့် ဆေးလုံးဖြစ်ပြီး ၊ ၎င်းကို သောက်သုံးပြီးပါက အကြောများအားလုံး ပြတ်တောက်နေလျှင်ပင် ပြန်လည်ပုံဖော်ပေးနိုင်သည်။

ဒုတိယနည်းလမ်းမှာ ရှေးယခင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ‘လူသားဆေးလုံး သန့်စင်နည်း’ ကို အသုံးပြု၍ လူတစ်ဦးကို ဆေးလုံးတစ်လုံးကဲ့သို့ ပြန်လည်သန့်စင်ခြင်း ဖြစ်၏။ ၎င်းမှာ အကြောများကို ပြန်လည်ကောင်းမွန်စေရုံသာမက ၊ ပါရမီကိုပါ ပိုမိုမြင့်မားသော အဆင့်သို့ ပို့ဆောင်ပေးနိုင်သည်။

သို့သော် ဤနည်းလမ်းနှစ်ခုလုံးမှာ လက်ရှိ ကျင့်ကြံခြင်းလောက၏ ဆေးဖော်စပ်မှု အဆင့်အတန်းအရ မဖြစ်နိုင်သလောက်ပင်။ အမှန်စင်စစ် အခြားနည်းလမ်းတစ်ခုလည်း ရှိပါသေးသည်။ ၎င်းမှာ လောကရှိ သက်ရှိအားလုံး၏ ဇီဝအသက်စွမ်းအားကို ထိန်းချုပ်နိုင်သည့် ဒဏ္ဍာရီလာ ‘ဇီဝဓာတ်ခန္ဓာ’ ကို ပိုင်ဆိုင်ထားသူတစ်ဦးနှင့် ဆုံတွေ့ခြင်း ဖြစ်၏။ သို့သော် ထိုကဲ့သို့သောသူမှာ ရှေးဟောင်းကျင့်ကြံခြင်းလောကမှာပင် ပေါ်ထွက်ခဲ့ဖူးခြင်း မရှိပါပေ။

“ဒါက... ‘လူသားဆေးလုံး သန့်စင်နည်း’ လား၊ ဒါ ဒဏ္ဍာရီလာ လူသားဆေးလုံး သန့်စင်နည်းများလား”

ဝမ်မုန့်သည် ထိတ်လန့်အံ့ဩသွားတော့၏၊ ဆေးဖော်စပ်သူတွေ ပြောပြချက်အရ ၊ ဤနည်းလမ်းကို အသုံးပြုရန်အတွက် အနည်းဆုံး ‘ကောင်းကင်အဆင့်မြင့်’ ရှိသော ဆေးဖော်စပ်သူ ဖြစ်ရန် လိုအပ်သည်၊ လင်းရန်ယန်သည် အဘယ့်ကြောင့် ယွင်ကောင်းကို ဆေးလုံးတစ်လုံးကဲ့သို့ သန့်စင်နေရသနည်း၊ ပြီးတော့ လင်းရန်ယန်မှာ အဘယ့်ကြောင့် မီးဓာတ်ခန္ဓာကိုပါ ပိုင်ဆိုင်နေရသနည်း။ ဝမ်မုန့်၏ မျက်စိရှေ့မှ မြင်ကွင်းအားလုံးမှာ အိမ်မက်တစ်ခုအလားပင်။

“ဝုန်း”

ထိုစဉ် လင်းရန်ယန်သည် သူ၏ လက်ကြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။ တစ်ခဏချင်းမှာပင် ကောင်းကင်အနှံ့ လွှမ်းခြုံနေသော မီးလျှံများမှာ ပျောက်ကွယ်သွားတော့သည်။

“ဘုတ်”

မည်းတူးနေသော ယွင်ကောင်းမှာ မြေပြင်ပေါ်သို့ ပျော့ခွေကာ လဲကျသွားတော့သည်။ သူဝတ်ဆင်ထားသော အဝတ်အစားများ လုံးဝ မလောင်ကျွမ်းသွားခြင်းကပင် ၊ လင်းရန်ယန်၏ မီးလျှံထိန်းချုပ်မှုမှာ မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြနေ၏။

“ယွင်ကောင်း”

ဝမ်မုန့်သည် အော်ဟစ်လျက် မြေပြင်ပေါ်သို့ လဲကျသွားသော သားဖြစ်သူကို အပြေးအလွှား သွားရောက် ထွေးပွေ့လိုက်သည်။

“ယွင်ကောင်း ဘာလို့ မည်းတူးနေရတာလဲ၊ ညီမလေး... ဘာတွေ ဖြစ်ကုန်တာလဲ”

အောင်းထျန်းလုံသည်လည်း အပြေးအလွှား ရောက်ရှိလာပြီး ၊ ယွင်ကောင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အမြန်ပင် စမ်းသပ်ကြည့်လိုက်၏။

“ကျွတ်”

ထိုစဉ် ယွင်ကောင်း၏ ခန္ဓာကိုယ်ပေါ်ရှိ မည်းတူးနေသော အလွှာများမှာ အက်ကွဲသွားပြီး ၊ နောက်တစ်ခဏ၌ အပြစ်အနာအဆာကင်းသော အသားအရေသစ်များ လူတိုင်း၏ မျက်စိရှေ့၌ ပေါ်ထွက်လာတော့သည်။

“ဟား... ယွင်ကောင်းရဲ့ အကြောတွေက တကယ်ပဲ ပြန်ကောင်းသွားပြီ ၊ ပြီးတော့ အရင်ကထက် အဆပေါင်းများစွာ ပိုပြီး သန်မာနေပါလား၊ ဒီလို ပါရမီမျိုးဆိုရင် ငါနဲ့တောင် အဆင့်တူနေပြီပဲ”

အောင်းထျန်းလုံမှာ အံ့ဩလွန်း၍ ဆွံ့အသွားရပ၏။

“ဘာ... အစ်ကိုကြီး ပြောတာ တကယ်လား၊ ကောင်းလိုက်တာ ၊ ဒါဆိုရင် ယွင်ကောင်းလည်း ကျင့်ကြံလို့ ရပြီပေါ့နော်”

ဝမ်မုန့်က အောင်းထျန်းလုံကို အားကိုးတကြီးနှင့် ဝမ်းသာအားရ ကြည့်လိုက်၏။

“ဟုတ်တယ် ညီမလေး ၊ ယွင်ကောင်း ကျင့်ကြံလို့ ရပြီ”

အောင်ထျန်းလုံကလည်း ကျေနပ်စွာ ပြုံးပြလိုက်သည်။ ဤမျှ သဟဇာတဖြစ်နေသော မြင်ကွင်းမှာ ၊ ခွဲခွာနေရတာကြာမြင့်နေပြီဖြစ်သော မိသားစုတစ်ခု ပြန်လည်ပေါင်းစည်းသွားသည့်နှယ်။ ဤမြင်ကွင်းကို ရောက်ရှိလာစဖြစ်သော ကျူးကော့ခုံဖျင်က အတိုင်းသား မြင်တွေ့လိုက်တော့သည်။

“ကျွန်တော် ဒီမှာ မရှိသင့်ဘူး ထင်တယ်”

ကျူးကော့ခုံဖျင်သည် လင်းရန်ယန်နှင့် အောင်းနင်ရွှမ်းတို့ကို ကြည့်ကာ စိတ်ပျက်အားငယ်သော မျက်နှာဖြင့် ပြောဆိုလိုက်၏။

“ကျွန်တော် မပြောသင့်ပေမယ့် ၊‌ ဂိုဏ်းတူအစ်ကိုက တကယ့်ကို လူပိုတစ်ယောက်လို ဖြစ်နေတာပဲ”

လင်းရန်ယန်ကလည်း သက်ပြင်းချရင်း ဆိုလိုက်သည်။

ယွင်ကောင်း၏ ပါရမီမှာ ပြန်လည်ကောင်းမွန်လာရုံသာမက သိသိသာသာ တိုးတက်လာခဲ့သဖြင့် ၊ လင်းရန်ယန်သည် ကျူးကော့မိသားစု၏ ကျေးဇူးရှင်ကြီး ဖြစ်သွားတော့သည်။ ယွင်ကောင်း ကျင့်ကြံနိုင်ခြင်းကို ဂုဏ်ပြုရန်အတွက် ၊ ဝမ်မုန့်သည် ဟင်းလျာမြောက်မြားစွာကို ကိုယ်တိုင်ချက်ပြုတ်၍ နှစ်သစ်ကူးပွဲထက်ပင် စည်ကားသော ဂုဏ်ပြုပွဲတစ်ခုကို ကျင်းပပေးလိုက်၏။ ရယ်မောသံများမှာ ညဉ့်နက်သည်အထိ မရပ်စဲနိုင်ခဲ့ပါ။

ညဉ့်နက်ပိုင်း လမ်းမတစ်ခုပေါ်တွင် ၊ ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လမ်းလျှောက်တုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ကျူးကော့မိသားစု၏ အိမ်ရှေ့သို့ ရောက်ရှိလာတော့သည်။

“ဟင်းဟင်း... နောက်ဆုံးတော့ ရောက်လာပြီပဲ။ ခုံဖျင်... ခုံဖျင် ၊ အရင်က မင်း ငါ့မိန်းမကို လုခဲ့တဲ့ အာဃာတအတွက် ၊ ဒီနေ့ဟာ ကလဲ့စားချေရမယ့်နေ့ပဲ”

ထိုသူ၏ ရုပ်ရည်မှာ လုံရှောက်ကွမ်း နှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေပေရာ ၊ ပုံစံတူ တစ်ယောက်တည်းကဲ့သို့ပင်။ သူသည်ကား ‘လောက၏ နံပါတ်တစ် မော်’ ဟု လူသိများသော လုံနန်ဖျင် ပင် ဖြစ်သည်။ သူသည် လုံမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်ပြီး ၊ လုံမိသားစုဝင်များမှာ မော်ရှန်းဂိုဏ်းသို့ ဝင်ရောက်ကာ ကျင့်ကြံခွင့် မရရှိခဲ့ကြပေ။

All Chapters