ငါလည်း ဒီလို ချစ်သူမျိုး ရှာရမယ်
Vol. 37 Ch. 461
M နိုင်ငံမှာတော့..
M နိုင်ငံရေတပ်၏ အဆင့်မြင့်အရာရှိကြီးများ စုဝေး နေကြသည့် အစည်းအဝေးခန်းမအတွင်း၌ လေထုမှ ာမူ ပူပြင်းလျက်ရှိနေသည်။လွန်ခဲ့သည့် ရက်အန ည်းငယ်တွင် တောင်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း၌ မောင်းသူမဲ့ ဒုံးပျံဖျက်သင်္ဘောတစ်စင်း နစ်မြုပ်သွား ရသည့် ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှု ရလဒ်များ အား သူတို့ ဆွေးနွေးနေကြခြင်းဖြစ်၏။
အစည်းအဝေးစားပွဲပေါ်တွင် ပေရာပေါင်းများစွာ န က်ရှိုင်းသော ရေအောက်ကြမ်းပြင်၌ ရေအောက် စ က်ရုပ်များမှ ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် အ ထောက်အထားများမှာမူ ပြန့်ကျဲနေသည်။
အရာရှိတစ်ဦးက လေးနက်စွာ ပြောလိုက်၏။
"လူကြီးမင်းတို့ ..အခြေအနေက ရှင်းပါတယ်. ဒီဧရာ မ ရေသားရဲကြီးက ကျွန်တော်တို့ စစ်သင်္ဘောကို တို က်ခိုက်ပြီး နစ်မြုပ်အောင် လုပ်ခဲ့တာပဲ"
"မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အဲ ဒီသတ္တဝါဟာ ပေ ၃၀၀ လောက် ရှည်လျားတဲ့ အန က်ရောင် သားရဲကြီးတစ်ကောင် ဖြစ်ပါတယ်.. ပြီးခဲ့ တဲ့အကြိမ်က ကုန်သွယ်သင်္ဘောကို တိုက်ခိုက်ခဲ့တဲ့ ကောင်ပဲလို့ ကျွန်တော် ယူဆထားပါတယ်"
စုံစမ်းစစ်ဆေးချက်များအရ ယခင်နစ်မြုပ်ခဲ့သော စ စ်သင်္ဘော ၂၀ ၏ သင်္ဘောအောက်ခြေ၌ အဝိုင်း ပုံ စံ ပေါက်ပြဲနေသည့် အရာများ တွေ့ရှိရသော်လည်း ယ ခုတစ်ကြိမ်တွင်မူ သံမဏိပြားကိုပင် အလွယ်တ ကူ ခြစ်ခွဲနိုင်သည့် ချွန်ထက်သော လက်သည်းရာများ ကိုသာ သူတို့ တွေ့ရှိရသည်။
နောက်ဆုံးမှာတော့ အရာရှိကြီးများသည် တညီတ ညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်ကြ၏။ဤပေ ၃၀၀ ရှည်သော အနက်ရောင်ဘီလူးကောင်ကြီးသည် အတ္တလန္တိတ်သမုဒ္ဒရာ၏ လုံခြုံရေးအား ခြိမ်းခြော က်နေသည့် ပုန်းကွယ်နေသော အန္တရာယ်ပင် ဖြစ်ပေ သည်။
ထို့ကြောင့် ရေတပ်အဖွဲ့တစ်ဖွဲ့အား စေလွှတ်ကာ ထို သားရဲကို ရှာဖွေဖယ်ရှားရန် အမိန့်ထုတ် ပြန်လိုက် ကြ၏။
M နိုင်ငံမှ အရာရှိများသည် ခေတ်မီစစ်လက်နက်န ည်းပညာများရှေ့မှောက်တွင် ထိုရေသားရဲကြီး အ ဆုံးသတ်သွားလိမ့်မည်ဟု ယုံကြည်နေကြသည်။
.........
သမုဒ္ဒရာတစ်ဖက်ခြမ်းတွင် စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း လျူယောင်နှင့်လီချန်လဲ့တို့မှာမူ တိ ဗက်၏ အလှအပများကြားတွင် အေးချမ်းစွာ ရှိ နေ ကြသည်။သူတို့သည် ဘူးနန်းတော်၊ဂျိုခန် ဘုရား ကျောင်းနှင့် နမ်ကိုရေကန်တို့၏ ရှုခင်းများအား လှ ည့်လည်ကြည့်ရှုပြီးနောက် အခုတော့ ပေ ၆၀၀၀ ခန့် နက်ရှိုင်းသည့် ဗြဟ္မပုတ္တရ ချောက်ကြီးဆီသို့ ရောက် လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် တစ်နှစ်ပတ် လုံး မြူမှုံတို့ကြား ပုန်းကွယ်နေတတ်သည့် 'နတ်သ မီးတောင်ထိပ်' ဟု တင်စားရသော နမ်ဂျက်ဘာဝါ တောင်၏ ဓားဦးသဖွယ် ချွန်ထက်သည့် ပုံသဏ္ဌာန် အား ကြည်လင်စွာ မြင်တွေ့လိုက်ရသည်။
လျူယောင်သည် ပျော်ရွှင်စွာဖြင့် ထိုရှားပါးသော မြင်ကွင်းအား မှတ်တမ်းတင်ရန် ဖုန်းဖြင့် ဓာတ်ပုံမျ ား တဖျတ်ဖျတ် ရိုက်ကူးနေမိသည်။
နောက်တစ်နေ့တွင်မူ သူတို့သည် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ခြေသို့ ခရီးဆက်ခဲ့ကြသည်။
လမ်းခရီးကား ကွေ့ကောက်လှသဖြင့် အထူးထုတ် G-Class ကားဖြင့်သာ သွားလာနိုင်သည်။ခရီးသွား များ ပြည့်နှက်နေသည့် ကားရပ်နားစခန်းသို့ ရောက် သောအခါ လမ်းပြအမျိုးသမီး ရှောင်အိုင်းက လှမ်း ပြောလိုက်၏။
"အစ်ကိုလျူ..ရှေ့ကလမ်းကိုတော့ လမ်းလျှောက် တက်မှ ရပါတော့မယ်.."
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော် အမြင့်တွင် အောက်ဆီဂျင် နည်းပါးလှသဖြင့် ခရီး သည်များမှာ လမ်းဘေးတွင် ထိုင်ကာ အောက်ဆီဂျ င်ဘူးများအား အားကိုးနေကြရသည်။ လီချန်လဲ့မှာ လည်း မောဟိုက်လာပြီး ညည်းတွားလိုက်သည်။
"အစ်ကိုယောင်..ကျွန်မ ဆက်မလျှောက်နိုင်တော့ဘူး ”
လျူယောင်သည် ဘာမျှပြန်မပြောဘဲ ပြုံးလျက်နှင့် ပင် လီချန်လဲ့အား ကျောပိုးရန် ပြင်လိုက်၏။ရှောင် အိုင်းကမူ အန္တရာယ်ရှိနိုင်ကြောင်း သတိပေးသော်လ ည်း လျူယောင်က ပေါ့ပေါ့ပါးပါးပင် ငြင်းပယ်လို က်သည်။သူ၏ ထူးခြားလှသော ခန္ဓာကိုယ်ကြံ့ခိုင် မှုက ဤအမြင့်ပိုင်းရှိ လေဖိအားဒဏ်ကို လုံးဝ မ မှုပေ။
ခရီးသွားများစွာမှာတော့ လေကို ခက်ခဲစွာ ရူရှိုက် နေရချိန်တွင် လျူယောင်မှာမူ လီချန်လဲ့အား ကျော ပိုးလျက် သာမန်လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးစွ ာ ခြေလှမ်းလှမ်းနေသည်။ထိုမြင်ကွင်းအား ကြည့် ပြီး အခြားသော စုံတွဲများသည် မနာလိုစိတ်နှင့်အား ကျစိတ်တို့ ဒွန်တွဲနေကြသည်။
ခရီးသည်များသည် တစ်ယောက်တစ်ပေါက် ရေရွ တ်ကုန်ကြ၏။
"ဘုရားရေ..ဒီလူက လူတစ်ယောက်ကို ကျောပိုးထာ းပြီး ဒီအမြင့်မှာ အေးအေးဆေးဆေး လမ်းလျှော က်နေတာလား.."
လျူယောင်ကတော့ မျက်နှာမပျက် အသက်ရူပင် မ မှားဘဲ လီချန်လဲ့အား ကျောပိုးလျက် ဧဝရက်တော င်၏ အခြေစိုက်စခန်းဆီသို့သာ ခိုင်မာသော ခြေလှ မ်းများဖြင့် ဦးတည်သွားနေပေသည်။
အနောက်ကနေလိုက်ပါလာသည့် ရှောင်အိုင်းမှာ လ ည်း ထိုမြင်ကွင်းအား ကြည့်ရင်းနှင့်ပင် စိတ်ထဲမှ တိ တ်တိတ်လေး ရေရွတ်မိလိုက်၏။
"ဟယ် အားကျလိုက်တာ..ငါလည်း နောက်ဆိုရင် ဒီ လို ကြံ့ခိုင်တဲ့ ရည်းစားမျိုးပဲ ရှာရမယ်..."