← Chapters

ဧရာမရေသားရဲကြီးနဲ့လိပ်ကြီး တွေ့ပြီ

Vol. 37 Ch. 463

ဧရာမရေသားရဲကြီးနဲ့လိပ်ကြီး တွေ့ပြီ

Vol. 37 Ch. 463

အမှောင်ထုကဲ့သို့ မည်းနက်ပြီး ဧရာမအရွယ်အစား ရှိသော ထိုသတ္တဝါကြီးသည် ပင်လယ်ပြင်၏ ငြိမ်း ချမ်းမှုအား ဖျက်ဆီးကာ ရမ်းကားလွန်းနေသည်။

အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ တံငါလှေများနှင့် ကု န်သွယ်သင်္ဘောများအား ရက်ရက်စက်စက် တိုက်ခို က်ခဲ့သည့်အပြင် M နိုင်ငံ ရေတပ်၏ စစ်သင်္ဘော တ စ်စင်းကိုပင် သမုဒ္ဒရာကြမ်းပြင်သို့ ပို့ဆောင်နိုင်ခဲ့ သ ည့် ထိုရေသားရဲကြီးသည် ယခုအခါမှာတော့ ပစိဖိ တ်သမုဒ္ဒရာအတွင်းသို့ ကျူးကျော်ဝင် ရောက်လာခဲ့ ပြီပဲဖြစ်၏။

ကျိုးယန်သည် မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ် အယောင်များဖြင့် လျူယောင်အား တင်ပြနေသည်။

"သူဋေး... အတ္တလန္တိတ်မှာက ကျွန်တော်တို့သင်္ဘော သိပ်မရှိပေမယ့် ဒီပစိဖိတ်ကတော့ မတူဘူး..ဒါက ကျွန်တော်တို့ရဲ့ အဓိက ကုန်သွယ် လမ်းကြောင်းပဲ.. သင်္ဘောတွေ အသွားအပြန် အရမ်းများပါတယ် ခ ဗျ”

လျူယောင်သည် ခေတ္တမျှ စဉ်းစားကာ နှစ်သိမ့်လို က်၏။

"မင်း..အရမ်း စိတ်မပူပါနဲ့..ငါ နည်းလမ်းတစ်ခုခု စဉ်းစားကြည့်အုံးမယ်.."

ကျိုးယန်သည် လျူယောင်အား အကြွင်းမဲ့ ယုံကြည် သူပင် ဖြစ်၏။သူဋေးက 'နည်းလမ်းရှာမည်' ဟုပြော လျှင် မည်မျှခက်ခဲသည့် ပြဿနာဖြစ်ပါစေ အဖြေ တစ်ခု ရှိနေမည်မှာ သေချာလှပေသည်။

ကျိုးယန် ထွက်သွားပြီးနောက် လျူယောင်သည် သူ ၏ အိမ်မွေးတိရစ္ဆာန် ထိန်းချုပ်ရေးချပ်ပြားအား ဖွ င့်ကာ လိပ်ကြီး၏ တည်နေရာကို စစ်ဆေးလိုက်သ ည်။လတ်တလောတွင် လိပ်ကြီးသည် တောင်ပစိဖိ တ်၏ ရေနက်ပိုင်းတွင် ကျက်စားနေပြီး ဝေလငါးမျာ းနှင့် ငါးမန်းဖြူကြီးများအား အမဲလိုက်ကာ အား အင်ဖြည့်တင်းနေခဲ့၏။

လိပ်ကြီးသည် အန္တာတိကနှင့် နီးကပ်သော ရေခဲရေ ပြင်အထိ ရောက်ခဲ့ဖူးသော်လည်း ပင်ဂွင်းတို့၏ အရ သာက ပေါ့ပျက်ပျက်နိုင်လွန်းသဖြင့် ထိုအေးစိမ့် သော ပတ်ဝန်းကျင်အား သူ သိပ်မနှစ်ခြိုက်လှပေ။

"ငါ့ကောင်ကြီး... အနက်ရောင် ဧရာမရေသားရဲကြီး.. .ပေါ်လာပြီ.."

လျူယောင့် အသံသည် လိပ်ကြီး၏ စိတ်အာရုံထဲ တွင် ပဲ့တင်ထပ်သွား၏။ထိုအခါ လိပ်ကြီးသည် ချ က်ချင်းဆိုသလိုပင် စိတ်ထဲမှ တက်ကြွလာပြီး ပြန် လည် မေးမြန်းလိုက်သည်။

“ဟိုတစ်ခေါက်က ကျွန်တော်နဲ့တိုက်ဖူးတဲ့ ပေ သုံးရာ ကျော်ရှည်တဲ့ အကောင်ကြီးလား..သခင်ရ..”

လျူယောင် ခေါင်းညိတ်ကာ ညွှန်ကြားလိုက်၏။

"ဟုတ်တယ်.. အဲဒီအကောင်ပဲ.ဒီကောင်က အရမ်းရို င်းစိုင်းပြီး သင်္ဘောတွေကို ဖျက်ဆီးရတာ ဝါသနာပါ နေတယ်.. ငါတို့ရဲ့ သင်္ဘောတွေကို ဒီကောင် ဒုက္ခမ ပေးနိုင်အောင် မင်းကူညီမှဖြစ်မယ်.."

လိပ်ကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သ ည်။

“အဲ့ကောင် အခု.. ဘယ်မှာလည်းသခင်..ကျနော်..အဲ့ ကောင်ကို သွားပြီး ပညာပေးလိုက်မယ်..”

လျူယောင်သည် လိပ်ကြီးအား တည်နေရာ ပြောပြ ရင်း သတိပေးစကား ဆိုလိုက်သည်။

"မင်း သတိထားနော်..ဒီကောင့်ကို ထိပ်တိုက် ရင်ဆိုင် ဖို့ထက် လွန်ခဲ့တဲ့ တစ်ခေါက်ကလိုပဲ ဗျူဟာသုံးပြီး နှောင့်ယှက်တဲ့နည်းကိုပဲ သုံး.. အဲ့ကောင်ကို အတ္တလ န္တိတ်သမုဒ္ဒရာဘက် ပြန်မောင်းထုတ်နိုင်ရင် ပိုကောင် းတယ်..."

လိပ်ကြီးသည် သူ၏ ဧရာမလှံကို စုတ်ကိုင်ကာ လျူ ယောင် ညွှန်ပြသည့် ရေပြင်ဆီသို့ ဦးတည်ကာ ထွက် ခွာလာသည်။တစ်နာရီလျှင် ရေမိုင် ၃၀၀ ကျော်နှုန်း ဖြင့် လျှပ်စီးကဲ့သို့ ကူးခတ်သွားရာ ရေမိုင် ၁၀၀၀ ကျော် ခရီးအား ခဏချင်းအတွင်းပင် လိပ်ကြီး ရော က်ရှိသွား၏။

ထိုနေရာသို့ လိပ်ကြီး ရောက်သော် ပင်လယ်ပြင်ပေါ် တွင် ပျက် စီးနေသော သစ်သားပြားအချို့အား သူ တွေ့လိုက်ရသည်။၎င်းတို့သည် မကြာသေးမီကမှ ရေသားရဲကြီး တိုက်ခိုက်ခြင်းကို ခံလိုက်ရသည့် တံ ငါလှေ၏ အကြွင်းအကျန်များ ဖြစ်ဟန်တူ၏။

လိပ်ကြီးသည် စိတ်အေးလက်အေးပင် ရေမျက်နှာ ပြင်အောက် မီတာဆယ်ဂဏန်းအကွာမှနေ၍ ထိုရေ သားရဲကြီးအား စတင်ရှာဖွေနေသည်။

ရှာဖွေနေရင်း ဗိုက်ဆာလာသဖြင့် အနီးအနားရှိ ပေ ၃၀ ကျော်ရှည်သော အပြာရောင်ဝေလငါးကြီး တစ် ကောင်အား လိပ်ကြီး အမဲလိုက်လိုက်၏။လိပ်ကြီး ၏ ခွန်အားနှင့်အရှိန်အောက်တွင်မူ ထိုသမုဒ္ဒရာ၏ ဘုရင်ဖြစ်သော ဝေလငါးကြီးမှာ အစားအစာ အဆ င့်မျှသာ ရှိတော့သည်။

ငါးမန်းဖြူကြီးများပင် လိပ်ကြီး၏ ထည်ဝါလှသော ကိုယ်ထည်ကို မြင်သည်နှင့် အစာဝေစုအား မငဲ့ကွ က်ရဲတော့ဘဲ ဝေးရာသို့ ထွက်ပြေးကြကုန်သည်။

ဝေလငါးကြီးအား စားသောက်ပြီးနောက် လိပ်ကြီး သည် သာယာသော ရာသီဥတုအောက်တွင် နေပူစ ာလှုံရန် ရေမျက်နှာပြင်အောက် အနည်းငယ်သို့ တ က်လာခဲ့၏။ သခင်ဖြစ်သူ လျူယောင်က လူသား တို့၏ ဂြိုဟ်တုနှင့် သင်္ဘောများ မမြင်အောင် ရေပေါ် သို့ လုံးဝမတက်ရန် မှာကြားထားသဖြင့် သူသည် ရေအောက်မှပင် အနားယူနေခြင်းဖြစ်ပေသည်။

သို့ပေမဲ့ မိနစ်အနည်းငယ်အကြာမှာတော့ လိပ်ကြီး ၏ တိရစ္ဆာန်အသိစိတ်ကနေ 'အန္တရာယ်' တစ်ခုအား အာရုံရလိုက်၏။

"မဟုတ်ဘူး...ဒါ အန္တရာယ်ပဲ.."

သူသည် လျင်မြန်စွာပင် ဘေးဘက်သို့ ရှောင်တိမ်း လိုက်သည်။ မီတာတစ်ထောင်ကျော်အကွာသို့ ရော က်မှ ပြန်ကြည့်လိုက်သောအခါ ပေ ၃၀၀ ရှည်သော အနက်ရောင်ရေသားရဲကြီးက သူ့အား တိုက်ခိုက်ရန် အားယူနေသည်ကို တွေ့လိုက်ရသည်။

လိပ်ကြီးက စိတ်ထဲမှ ဒေါသထွက်ကာ ကြုံးဝါး လို က်၏။

“အံမယ်..ဒီကောင်က..ငါ့ကိုတောင် ချောင်းတိုက်ရဲ တာပဲ..”

နှစ်ကောင်သား ရေအောက် မီတာ ၃၀ ခန့်တွင် စက္က န့်အနည်းငယ်မျှ အပြန်အလှန် စိုက်ကြည့်နေကြ သ ည်။ထို့နောက် အနက်ရောင်ရေသားရဲကြီးက ဒေါသ တကြီးဖြင့် စတင်တိုက်ခိုက်ရန် ပြေးဝင်လာသော် လည်း လိပ်ကြီးကမူ အရှိန်အဟုန်ဖြင့် ကူးခတ်ကာ ရှောင်ထွက်သွားလိုက်၏။

အမြန်နူန်းချင်း မယှဉ်နိုင်သော အနက်ရောင် ရေသ ားရဲကြီးမှာမူ လိပ်ကြီး၏ အရိပ်ကိုပင် မဖမ်းနိုင်ဘဲ ကျန်ရစ်ခဲ့ကာ ဒေါသတကြီးဖြင့် သောင်းကျန်းနေ ပေသည်။

လိပ်ကြီးကတော့ အဝေးမှနေ၍ ရေသားရဲကြီး၏ ပုံ ပန်းသဏ္ဌာန်အား ကြည့်ကာ စိတ်ထဲမှ ပျော်ရွှင်စွာ ရေရွတ်လိုက်၏။

“ဟဲဟဲ..မင်း..ငါ့ကို မမြင်ရဘူးမို့လား. .ဒီပစီဖိတ်သ မုဒ္ဒရာဆိုတာ ငါ့နယ်မြေကွ မင်းက..ငါ့ နယ်မြေထဲ ခြေလှမ်းမှားဝင်မှတော့ ငါ ဘယ်လို နှိပ်စက်မလဲဆို တာ မင်း စောင့်ကြည့်နေလိုက်..”

All Chapters