လက်မြောက် အရူံးပေးခြင်း
Vol. 37 Ch. 464
လိပ်ကြီးသည် လုံလောက်သော အကွာအဝေးတစ်ခု အား ထိန်းထားရင်း ရေသားရဲကြီး၏အနောက်မှ ထ ပ်ကြပ်မကွာ လိုက်ပါနေပေသည်။
အနက်ရောင်ရေသားရဲကြီးမှာမူ မိမိအား တစ်စုံတစ် ယောက်က ချောင်းမြောင်းနေသည်ကို မသိနိုင်သော် လည်း လိပ်ကြီးကမူ သူ့ကို အတိုင်းသား မြင်နေရ၏ ။၎င်းဖြစ်ရပ်မှာ တစ်ဦးက အလင်းထဲတွင်ရှိနေပြီး အခြားတစ်ဦးက အမှောင်ထဲမှ ပုန်းကွယ်ကြည့်ရှုနေ သကဲ့သို့ပင် ဖြစ်နေသည်။
လိပ်ကြီးသည် အလျင်စလိုမလုပ်ဘဲ စိတ်ရှည်လက် ရှည် စောင့်ဆိုင်းနေ၏။
အနက်ရောင်ရေသားရဲကြီးက ဒေါသတကြီးဖြင့် ပင် လယ်ပြင်တွင် ခုန်ပေါက်သောင်းကျန်းနေစဉ် လိပ် ကြီးကမူ အဝေးမှနေ၍ တိတ်တဆိတ် လိုက်ပါလာ ခဲ့သည်။
မိနစ် ၂၀ မှ ၃၀ ခန့်အထိ နောက်ယောင်ခံလိုက်ပြီး နောက် အချိန်ကျပြီဟု ယူဆကာ လိပ်ကြီးသည် အ ကွာအဝေးအား တဖြည်းဖြည်း ချဉ်းကပ်လိုက်၏။ရ န်သူရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန်မ လုပ်ဘဲ သတိကြီးစွာဖြင့် တိုးညင်းသော အသံပင် မ ထွက်အောင် သူ ဂရုစိုက်ခဲ့သည်။
မီတာ ရာဂဏန်းအနည်းငယ်မျှသာ ကွာဝေးတော့သ ည့်အချိန်တွင် လိပ်ကြီးသည် ပုန်းလျှိုးတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။သို့ပေမဲ့ ရေသားရဲကြီးမှာလည်း သတိမလျော့ဘဲ နိုးနိုးကြားကြား ရှိနေပေသည်။
သူသည် ပတ်ဝန်းကျင်အား စူးစမ်းနေရင်း ရုတ်တရ က် ခေါင်းလှည့်ကြည့်လိုက်ရာ မီတာရာဂဏန်းအ ကွာမှာရှိနေသော လိပ်ကြီးအား မြင်တွေ့သွားပြီး ဒေါ သများ အပြင်းအထန် ပေါက်ကွဲလာပေသည်။
သူသည် လိပ်ကြီး၏ အကြံအစည်အား ကောင်းစွာရိ ပ်မိနေ၏။
ယခင်ကလည်း ဤလိပ်ကြီးကြောင့်ပင် သူ အရှုံးနှင့် ရင်ဆိုင်ရကာ အတ္တလန္တိတ်သမုဒ္ဒရာသို့ စိတ်ပျက်အ ားငယ်စွာ ပြန်သွားခဲ့ရဖူးသည် မဟုတ်ပေလော..။
အနက်ရောင်ရေသားရဲကြီးသည် လိပ်ကြီးဆီသို့ အ ရှိန်အဟုန်အပြည့်ဖြင့် ပြေးဝင်လာသောအခါ လိပ် ကြီးသည် အခွင့်အရေး လွတ်သွားပြီမှန်း သိလိုက် သော်လည်း သူ စိတ်ဓာတ်မကျခဲ့ပေ။သူသည် ဤ ရေသားရဲကြီး နောက်သို့သာ တိတ်တဆိတ် လိုက် နေမည်ဆိုလျှင် နောင်တွင် အခွင့်အလမ်းကောင်းမျာ းစွာ ရရှိဦးမည်ဖြစ်ကြောင်း လိပ်ကြီး သိနေ၏။
ထို့ကြောင့် ရန်သူက ပြေးဝင်လာချိန်တွင် လိပ်ကြီး သည် တွေဝေခြင်းမရှိဘဲ လျင်မြန်စွာ ရှောင်ထွက် သွားခဲ့သည်။ ခဏအကြာမှာတော့ လိပ်ကြီးသည် ပင်လယ်ရေအောက်တွင် ထပ်မံ ပျောက်ကွယ်သွား ပြန်သည်။
အနက်ရောင်ရေသားရဲကြီးမှာမူ မိမိရန်သူကို ရှာ မ တွေ့သည့် ဒေါသအား ဖြေဖျောက်ရန် အဝေးတွင် ရှိနေသော ကုန်သွယ်သင်္ဘောတစ်စင်းဆီသို့ အရှိန် ဖြင့် ပြေးဝင်သွားတော့သည်။၎င်းမှာ တန်ချိန် ၂၀,၀ ၀၀ မှ ၃၀,၀၀၀ ခန့်ရှိသော M နိုင်ငံမှ ကုန်တင်သင်္ဘေ ာကြီးဖြစ်ပြီးတောင်အမေရိကမှ ကြေးနီသတ္တုရိုင်း များအား သယ်ယူလာခြင်းပင်ဖြစ်၏။
ထိုသင်္ဘောကြီးမှာတော့ အနက်ရောင်ရေသားရဲကြီး နှင့် ဆုံမိသဖြင့် ကံဆိုးသွားခဲ့ရချေပြီ။
ရေသားရဲကြီးသည် အကြမ်းဖက်စွာ ပြေးဝင်လာ၍ ဧရာမလက်သည်းကြီးများဖြင့် ရိုက်ချလိုက်ရာ သ င်္ဘောကိုယ်ထည်မှာမူ စက္ကူတစ်ရွက်ကဲ့သို့ လွယ်ကူ စွာ ပြဲထွက်သွားပြီး ရေလိုင်းအောက်တွင် ကြီးမား သော အပေါက်ကြီး ဖြစ်ပေါ်သွားသည်။
သင်္ဘောသားများမှာတော့ မမျှော်လင့်ဘဲ ရောက်ရှိ လာသော ဤဘီလူးကြီးကြောင့် ထိတ်လန့်တကြား အော်ဟစ် အကူအညီတောင်းယုံကလွဲ၍ ဘာမျှ မ တတ်နိုင်ခဲ့ပေ။
လေးလံသော သတ္တုရိုင်းများကြောင့် သင်္ဘောကြီး သည် အချိန်ခဏလေးအတွင်းမှာပင် နစ်မြုပ်သွား ခဲ့ရသည်။
လိပ်ကြီးသည် ထိုမြင်ကွင်းအား အဝေးမှ စောင့်ကြ ည့်နေခဲ့ရပြီး သူ ဝင်ရောက်မကူညီနိုင်ခဲ့ပေ။ပေ ၃၀၀ ရှည်သော ဤရေသားရဲကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ရ န် သူ့တွင် ယုံကြည်မှု မရှိသေးသောကြောင့် ဖြစ်၏။ ရေသားရဲကြီးသည် သူ၏ဒေါသအား သင်္ဘောပေါ် တွင် ပုံချပြီးနောက် ထွက်ခွာသွားခဲ့သည်။
လိပ်ကြီးသည် အရင် တိုက်ခိုက်ထားသည့် အတွေ့ အကြုံအရ ပုန်းလျှိုးတိုက်ခိုက်ရန် မလောတော့ဘဲ အဝေးမှသာ ထပ်ကြပ်မကွာ လိုက်ပါနေခဲ့သည်။
အစပိုင်းတွင် ရေသားရဲကြီးသည် သတိထား နေသေ ာ်လည်း နာရီအနည်းငယ်ကြာလာသောအခါ ပင်ပန် းလာပြီး သူ သတိလျော့စပြုလာ၏။ထိုစဉ်မှာပဲ သူ ၏ ရှေ့တွင် ငါးအုပ်ကြီးတစ်အုပ်အား တွေ့လိုက် ရ သဖြင့် ဗိုက်ဆာနေသော ရေသားရဲကြီးသည် အစာ စားရန် ပြင်ဆင်တော့သည်။
လိပ်ကြီးက ထိုမြင်ကွင်းအား ကြည့်ကာ စိတ်ထဲမှ တိ တ်တဆိတ် ပျော်ရွှင်နေ၏။အမဲလိုက်နေချိန်တွင် သ တိများ လျော့နည်းသွားသည့် အချိန်ဖြစ်ကြောင်း သူ သိနေပေသည်။
လိပ်ကြီး စိတ်ထဲမှ ကြုံးဝါးကာ အမြန်ကူးခတ်လိုက် ၏။
"မင်းက ငါးစားချင်နေတုန်းပဲကိုး.. ငါကတော့ နော က်ရက်တွေထိ မင်းကို ဝိတ်ချခိုင်းဖို့ စီစဉ်ထားတာ.."
အကွာအဝေးမှာ မီတာ သုံးလေးရာသာ ကွာဝေးတေ ာ့သည်။ရေသားရဲကြီးမှာမူ ငါးအုပ်ကြီးကိုသာ အာ ရုံစိုက်နေသဖြင့် လိပ်ကြီး သူ့အနား ရောက်လာသည် အား သတိမထားမိပေ။သူသည် ငါးကြီးများအား ကြည့်ကာ သွားရည်ကျနေစဉ်မှာပင် သူ၏နောက်မှ လှုပ်ရှားသံတစ်သံ ဖြစ်ပေါ်လာ၏။
ရေသားရဲကြီးသည် ယခင် အတွေ့အကြုံအရ ၎င်း မှာ လိပ်ကြီးဖြစ်ကြောင်း သိလိုက်ရသဖြင့် သွေးအန် မတတ် ဒေါသထွက်သွားသည်။
"မင်းတို့ လူငယ်တွေက အစာစားနေချိန်တောင် ရုတ် တရက် တိုက်ခိုက်ရလား"
ရေသားရဲကြီးသာ စကားပြောနိုင်ပါလျှင် ဤကဲ့သို့ ပြောမိပေလိမ့်မည်။
လိပ်ကြီးသည် ပေါက်ကွဲခြင်းစွမ်းရည်အား အသုံးပြု ကာ ဧရာမလှံဖြင့် ရေသားရဲကြီးထံသို့ တိုက်ရိုက်ချိန် ရွယ်လိုက်၏။လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသေ ာအရှိန်ဖြင့် လှံဖျားသည် ရေသားရဲကြီး၏ မာကျေ ာသော အကြေးခွံများအား ဖောက်ထွက်ကာ ကိုယ် တွင်းသို့ တစ်ပေကျော်ခန့် စိုက်ဝင်သွားသည်။
လှံချက်ထိသွားသည်နှင့် ရပ်တန့်မနေဘဲ လှံကို ဆွဲ နှုတ်ကာ ချက်ချင်းဆိုသလိုပင် လိပ်ကြီး ထွက်ခွာ လာခဲ့သည်။ရေသားရဲကြီးမှာမူ ဒေါသတကြီးဖြင့် အ နောက်မှ လိုက်လာသော်လည်း လိပ်ကြီးမှာတော့ ပျောက်ကွယ်သွားပြန်ပြီဖြစ်၏။ သုံးရက်ဆက်တိုက် လိပ်ကြီးသည် ရေသားရဲကြီးအား ဤကဲ့သို့နှောင့်ယှ က်ခဲ့သည်။
ရေသားရဲကြီး သတိလျော့တိုင်း လိပ်ကြီး တိုက် ခိုက် ခဲ့ရာ ဆယ်ကြိမ်တွင် ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် အောင် မြင်ခဲ့၏။
ရေသားရဲကြီး၏ ကိုယ်ပေါ်တွင် ဒဏ်ရာအမြောက် အမြား ရှိနေပြီဖြစ်သော်လည်း ပို၍ဆိုးသည်မှာ သူ သည် သုံးရက်တိုင်တိုင် ဘာမှမစားရ မနား ရသေး ခြင်းပင်။အစာရှာတိုင်း လိပ်ကြီး ပေါ်လာတတ် သ ဖြင့် သူသည် သတိမလျော့ရဲဘဲ အမြဲတမ်း ပင်ပန်း နွမ်းနယ်နေခဲ့ရသည်။
လိပ်ကြီးမှာမူ နေ့တိုင်း ငါးကြီးများအား ဖမ်းစားကာ အားအင်အပြည့်ဖြင့် ရှိနေပေသည်။
နောက်ဆုံးတစ်ကြိမ် ပုန်းလျှိုးကွယ်လျှိုးတိုက်ခိုက်မှု အောင်မြင်ပြီးနောက် လိပ်ကြီးသည် ထုံးစံအတိုင်း လှံကို ဆွဲနှုတ်ကာ ထွက်ခွာလာခဲ့သည်။သို့ပေမဲ့ ဤ တစ်ကြိမ်တွင်မူ ရေသားရဲကြီးက အနောက်မှ လိုက် မလာတော့ပေ။နေရာမှာပင် ငြိမ်သက်နေသည်။
လိပ်ကြီးသည် သံသယဖြင့် အနားသို့ ကပ်ကြည့် လို က်ရာ ရေသားရဲကြီးမှာ ခေါင်းငိုက်စိုက်ကျကာ မ ည်သည့် ခုခံလိုစိတ်မျှ မရှိတော့သည်ကို သူ တွေ့ လို က်ရ၏။
ရေသားရဲကြီးသည် မောပန်းနွမ်းနယ်လွန်းသဖြင့် အရှုံးပေးလိုက်သည့် ပုံစံမျိုးပင် ဖြစ်နေသည်။
"ဘာလဲဟ..ဒီကောင် ငါ့ကို လက်နက်ချလိုက်တာလ ား.."
လိပ်ကြီးသည် အံ့အားသင့်စွာ တွေးတောရင်း လျူ ယောင်နှင့် အဆက်အသွယ် အမြန် လုပ်လိုက်၏။
"သခင်ရေ.. မြန်မြန်ကြည့်ပါဦး.. ဒီမှာ ဘာတွေ ဖြစ် နေတာလဲ မသိဘူး.."