← Chapters

လိပ်ကြီးမှာ ညီလေး ရှိနေပြီ

Vol. 37 Ch. 465

လိပ်ကြီးမှာ ညီလေး ရှိနေပြီ

Vol. 37 Ch. 465

လျူယောင်သည် သူ၏ တတိယအမြင်အား ချက် ချင်းဆိုသလိုပင် ဖွင့်ကြည့်လိုက်၏။

အရင်ဆုံး သူ အံ့ဩမိသည်မှာ လိပ်ကြီး၏ မဆုတ် မနစ်သော ဇွဲလုံ့လပင် ဖြစ်သည်။သုံးရက်နှင့် သုံးည တိုင်တိုင် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက်တွင်မူ ထိုအနက်ရောင် ဧရာမရေသားရဲကြီးမှာ မည်သည့် ခုခံလိုစိတ်မျှ မရှိတော့ဘဲ နုံးချည့်စွာ ခေါင်းငိုက်စိုက် ကျနေရှာသည်။

ထိုစဉ်မှာပဲ လိပ်ကြီးထံမှ ဝမ်းမြောက်ဝမ်းသာ အာ မေဍိတ်သံ ထွက်ပေါ်လာ၏။

"သခင်ရ...ဒီကောင်..ကျွန်တော်နဲ့ ဆက်သွယ်နေပြီ ဗျ.. ဟားဟား... ကျွန်တော် တကယ်ပဲ..ဒီကောင့် ..စကားကို နားလည်နေပြီ.."

လျူယောင် အံ့အားသင့်သွားရသည်။ဤသည်မှာ မ မျှော်လင့်ထားသော ရလဒ်ကောင်းတစ်ခုပင်။သူ၏ စိတ်ထဲတွင် ရုတ်တရက် အကြံတစ်ခု ပေါ်လာပြီး လိပ်ကြီးအား ညွှန်ကြားလိုက်၏။

"ဒါဟာ အခွင့်အရေးကောင်းပဲ ငါ့ကောင်ကြီး.. မင်း အဲ့ကောင်နဲ့ ဆက်သွယ်လို့ရနေပြီဆိုရင် သူ့ကို ယဉ်ပ ါးအောင်လုပ်ပြီး မင်းရဲ့ ညီလေးအဖြစ် သိမ်းသွင်း လိုက်တော့.."

"ဟီးဟီး.. ဒါဆိုရင် ကျွန်တော့်မှာ ညီလေးတစ်ယော က် ရတော့မှာပေါ့.."

လိပ်ကြီး၏ စိတ်လှုပ်ရှားမှုမှာ လျူယောင်၏ စိတ် အာရုံထဲအထိ ပြင်းထန်စွာ စီးဝင်လာသည်။

အလျား ပေ ၃၀၀ ကျော်၊ အလေးချိန် တန် ၂,၅၀၀ ကျော်ရှိသည့် တိုက်ခိုက်ရေးစွမ်းအား အပြည့်ရှိသေ ာ သားရဲကြီးတစ်ကောင်သည် မိမိတို့၏ ဘက်တေ ာ်သား ဖြစ်လာတော့မည် မဟုတ်ပေလော။

လျူယောင်က ထပ်မံ၍ အကြံပေးလိုက်၏။

"ငါ့ကောင်ကြီး...မင်း ဒီကောင့်ကို..ခြိမ်းခြောက်တာ ရော..မြှူဆွယ်တာရော နှစ်မျိုးလုံးသုံးပြီး မင်းရဲ့ နေ ာက်လိုက် ဖြစ်အောင်လုပ်.."

လိပ်ကြီးနှင့် ထိုအနက်ရောင် ရေသားရဲကြီးတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်သွယ် နေ ကြသည်။လျူယောင်ကမူ ဘေးမှ ကြည့်နေရုံသာ တတ်နိုင်၏။

လိပ်ကြီးက ပျော်ရွှင်စွာ စိန်ခေါ်လိုက်၏။

"ဟေ့ကောင်ကြီး..မင်း...ငါနဲ့. ထပ်တိုက်ဦးမှာလား.."

ရေသားရဲကြီးက ချက်ခြင်းဆိုသလိုပင် တောင်းပ န်တိုးလျှိုးနေသည်။

"မတိုက်တော့ဘူး... မတိုက်တော့ပါဘူး... ငါ အရှုံး ပေးပါပြီ"

"မင်း အရှုံးပေးရင် ငါ့ကို မင်းရဲ့အကိုလို့ သတ်မှတ် ရမယ်..အခုကစပြီး ငါ့အမိန့်ကို မင်း..နားထောင် ရ မယ်.."

သို့ပေမဲ့ ရေသားရဲကြီးကမူ ဇွဲမလျှော့သေးဘဲ ပြန် ပြောလိုက်၏။

"ငါက မင်းရဲ့ ညီလေး ဖြစ်ရမှာလား..မဖြစ်နိုင်တာ.. ငါက မင်းထက် အသက်ကြီးတာပဲ.. ငါက အစ်ကို ကြီး လုပ်ရမှာပေါ့ကွ.."

လိပ်ကြီး သူ၏ ဧရာမလှံကြီးအား မြှောက်ကာ ခြိမ်း ခြောက်လိုက်ပြန်သည်။

"မင်းက ညီလေး မလုပ်ချင်ဘူးဆိုရင်.. ငါနဲ့နောက် ထပ် သုံးရက်လောက် ထပ်တိုက်ကြတာပေါ့ကွာ.."

"အာ..မတိုက်တော့ပါဘူး... ငါ အခု ဗိုက်ဆာလွန်းလို့ သေတော့မယ်.. ပင်ပန်းနေပြီ..တစ်နေရာမှာ အိပ်ပဲ အိပ်ချင်တော့တယ်.."

လိပ်ကြီးက လေသံပျော့ကာ မြှူဆွယ်လိုက်၏။

"ငါ့ကို အစ်ကိုကြီးလို့ လက်ခံရင် မင်းအတွက် အ ကျိုးကျေးဇူးတွေ ရှိတယ်.. ရေအောက်ချောက်ကြီး တစ်ခုကို ငါ သိတယ်..အဲဒီမှာ တန်ချိန် ရာနဲ့ချီတဲ့ ဧ ရာမ ရေဘဝဲကြီးတွေ အများကြီးရှိတယ်.."

"အမ်..ဧရာမ ရေဘဝဲကြီးတွေ ဟုတ်လား"

ထိုစကားအား ကြားသောအခါ ဗိုက်ဆာနေသော အ နက်ရောင် ရေသားရဲကြီးမှာမူ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားပြီး အညံ့ခံလိုက်ပေသည်။

"အစ်ကိုကြီး.. ဒီနေ့ကစပြီး အစ်ကိုကြီးက ကျွန်တော့် ရဲ့ အစ်ကိုကြီးပဲ.. ကျွန်တော့်ကို အဲဒီနေရာကို.. အခု ပဲ ခေါ်သွားပါတော့"

လိပ်ကြီးသည် သူ၏ ညီအသစ်လေးအတွက် အမ ည်တစ်ခု လိုချင်သဖြင့် လျူယောင်ထံသို့ အကူအ ညီ တောင်းခံလိုက်သည်။ရေသားရဲကြီး၏ ပုံပန်းသ ဏ္ဍာန်အား ကြည့်ကာ လျူယောင် ဆုံးဖြတ်ပေးလို က်၏။

"ငါ့ကောင်ကြီး..ဒီကောင့် တစ်ကိုယ်လုံးက အနက် ရောင်ဖြစ်ပြီး ချွန်ထက်တဲ့ လက်သည်းလေးချောင်း ရှိတယ်.. ဒဏ္ဍာရီလာ နဂါးနဲ့လည်း ဆင်တယ်.. ဒါ ကြောင့် ဒီကောင့်ကို ငါတို့ “နဂါးနက်”'လို့ ခေါ်ကြ တာ ပေါ့..."

ဤအမည်အား လိပ်ကြီးကလည်း အလွန်သဘော ကျသွား၏။ထို့နောက် လိပ်ကြီးသည် သူ၏ ညီအ သစ်လေးအား လျူယောင်၏ သင်္ဘောများကို ခွဲခြာ းသိမြင်စေရန် ယူနီဗာဆယ်၏ တံဆိပ်ပါသော သ င်္ဘောတစ်စင်းထံ ခေါ်ဆောင်သွားခဲ့သည်။

"ညီလေး... မှတ်ထား.. ဒီတံဆိပ်ပါတဲ့ သင်္ဘောတွေ ကို မထိရဘူး.. ဒါက ငါ့သခင်ရဲ့ သင်္ဘောတွေပဲ. .သူ တို့ကို မင်း ကာကွယ်ပေးရမယ်.."

"အာ..အစ်ကိုကြီးမှာတောင် သခင်ရှိတာလား.. ကော င်းပြီ... အစ်ကိုကြီးရဲ့ သခင်က ကျွန်တော့်ရဲ့ သခင် လည်း ဖြစ်တာပေါ့..ကျွန်တော် မှတ်ထားပါ့မယ်"

နဂါးနက်က ချက်ခြင်းပင် ကတိပေးလိုက်၏။

ဤအတောအတွင်း M နိုင်ငံ၏ အကြီးဆုံး ရေကြော င်းပို့ဆောင်ရေး လုပ်ငန်းစုဖြစ်သော ဗော့ဂ်သင်္ဘော အုပ်စု၏ ဥက္ကဋ္ဌ နစ်စတန်မှာမူ စိတ်အနှောင့်အယှက် ဖြစ်နေရသည်။

ပြီးခဲ့သော ခြောက်လအတွင်း မြောက်အမေရိကနှင့် ဥရောပ ရေကြောင်းလမ်းတွင် သူတို့၏ လက်ဝါးကြီ းအုပ်မှုအား ယူနီဗာဆဲလ်က စတင်စိန်ခေါ်လာခြင်း ကြောင့်ပင် ဖြစ်၏။သူသည် ယူနီဗာဆဲလ်လုပ်ငန်းစု အား နှောက်ယှက်ရန် အခွင့်အရေး ချောင်းနေသော် လည်း ထိုကု မ္ပဏီ၏ အင်အားကို ကြောက်ရွံ့သဖြင့် အလျင်စလို မလုပ်ဆောင်ဝံ့ပေ။

ယခုမှာမူ နစ်စတန်တွင် အခြားသောကတစ်ခု ရော က်နေရ၏။၎င်းသည် မြောက်ပစိဖိတ်သမုဒ္ဒရာ အ တွင်း၌ သူတို့၏ ကုန်တင်သင်္ဘောကြီးတစ်စင်း ထပ် မံ၍ နစ်မြုပ်သွားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

All Chapters