ပစ္စည်း သယ်ယူပို့ဆောင်သူ
Vol. 37 Ch. 466
"ဟာကွာ..ဒါက ဘယ်လိုဖြစ်ရတာလဲ.."
သတင်းဆိုးအား နစ်စတန် ကြားလိုက်ရပြီးနောက် သူသည် လက်ထဲမှခွက်အား ဒေါသတကြီး ရိုက်ခွဲ ပစ်လိုက်ရာ စားပွဲပေါ်ရှိ လက်ရာမြောက်လှသော ကော်ဖီခွက်ကလေးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေ သွားခဲ့ရသည်။
သူ မှန်မှန်ကန်ကန် မှတ်မိနေသည်ဆိုပါက ဤသည် မှာ တစ်လနီးပါးကာလအတွင်း ၎င်းတို့၏ တတိယ မြောက် သင်္ဘောပျက်မှုပင် ဖြစ်သည်။ဗော့ဂ်လုပ်ငန် းစု တည်ထောင်ပြီးကတည်းက ဤမျှ တိုတောင်း သော ကာလအတွင်း သင်္ဘောပျက်စီးမှုမျိုး သူ တစ် ခါမျှ မကြုံခဲ့ဖူးချေ။
တစ်လအတွင်းမှာပင် သူ၏ သင်္ဘောသုံးစင်း နစ်မြု ပ်ခဲ့ရပြီ ဖြစ်သည်။
ယခုလေးတင် နစ်မြုပ်သွားသည့် ကြီးမားသော ကွန် တိန်နာသင်္ဘောကြီးမှာ စံချိန်တင် ကွန်တိန်နာအလုံး ပေါင်း ၇,၀၀၀ ကျော် တင်ဆောင်ထားပြီး မြောက်ပ စိဖိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်၏ ။ဤသည်မှာ အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးပင် ဖြစ်တော့သည်။
ပေ ၃၀၀ ကျော် ရှည်လျားသော ကွန်တိန်နာသင်္ဘော ကြီးနှင့် စံချိန်တင် ကွန်တိန်နာ ၇,၀၀၀ ကျော် ဆုံးရှုံး ရသည်မှာ အဓိက မဟုတ်သေးဘဲ အရေးအကြီးဆုံး မှာ ဖောက်သည်များ၏ ကုန်ပစ္စည်းများ ပင်လယ်ထဲ နစ်မြုပ်သွားခြင်းပင် ဖြစ်၏။
၎င်းသည် ဗော့ဂ်လုပ်ငန်းစုအတွက် ပြန်လည်ကုစား ရန် ခက်ခဲသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ တစ်လအတွင်း သင်္ဘောသုံးစင်း နစ်မြုပ်သွားရ ခြင်း ကြောင့် ရေရှည်လက်တွဲလာသော ဝါရင့်ဖောက် သ ည်ကြီးများပင်လျှင် ယုံကြည်မှုလျော့နည်းကာ လက် တွဲဖို့ တုံ့ဆိုင်းသွားနိုင်ခြေ ရှိနေသည်။
"ဖက်ခ်..."
နစ်စတန်သည် စားပွဲပေါ်ရှိ ဖိုင်တွဲတစ်ခုအား ဆွဲယူ ကာ ကြမ်းပြင်ပေါ်သို့ ဆောင့်ချပစ်လိုက်၏။
.......
ထိုအချိန်မှာတော့ ရုံးခန်းအတွင်း၌ လျူယောင် သ ည် သတင်းများကို ဖတ်ရှုနေရင်း မြောက်ပစိဖိတ် သမုဒ္ဒရာတွင် ဗော့ဂ်လုပ်ငန်းစု၏ ကုန်တင် သင်္ဘော ကြီး နစ်မြုပ် သွားသည့် သတင်းအား တွေ့ရှိသွားသ ည်။
လျူယောင် စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
"ဒါဟာ.. ဟိုကောင် နဂါးနက်ဆိုတဲ့ကောင် လုပ်တာပဲ ဖြစ်ရမယ်.."
လိပ်ကြီးနှင့် ယှဉ်လျှင် နဂါးနက်ကြီးမှာ အမှန်တက ယ်ပင် အရိုင်းဆန်လွန်းလှ၏။သူသည် လိပ်ကြီး၏ ညီလေးဖြစ်လာသည်မှာ ရက်အနည်းငယ်သာ ရှိ သေးသော်လည်း ခေတ္တမျှပင် နားမနေဘဲ နောက်ထ ပ် သင်္ဘောကြီးတစ်စင်းအား ထပ်မံနစ်မြုပ်စေခဲ့ ပြန် ပြီဖြစ်သည်။
" ဒေါက်..ဒေါက်..ဒေါက်"
လျူယောင် ထိုသို့ တွေးတောနေစဉ်တွင် တံခါးခေါ က်သံ ကြားလိုက်ရပြီးနောက် ကျိုးယန်သည် လေးန က်သော မျက်နှာထားဖြင့် တံခါးအား တွန်းဖွင့်ကာ ဝင်လာခဲ့သည်။
"သူဋေး ဗော့ဂ်ရဲ့ သင်္ဘောကြီးတစ်စင်း မြောက်ပစိ ဖိတ်သမုဒ္ဒရာမှာ နစ်မြုပ်သွားပြန်ပြီ..သူတို့.. အကြီး အကျယ် ဆုံးရှုံးမှုတွေ ဖြစ်နေပါတယ်.."
လျူယောင် အေးဆေးစွာ ပြန်ပြောလိုက်၏။
"အင်း..ငါ သိပြီးသားပါ..သတင်းတွေမှာလည်း ဖော် ပြထားတယ်"
ကျိုးယန်က ဆက်လက်၍ ပြောလိုက်သည်။
"ကျွန်တော် အရမ်းစိတ်ပူနေတယ်..သူဋေး.. ကျွန် တော်တို့ သင်္ဘောတွေသာ ဒီလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင် ဗော့ဂ်လုပ်ငန်းစုထက်တောင် အရှုံးက ပိုကြီးသွားနိုင် ပါတယ်.."
လျူယောင်ကမူ အာမခံကာ ပြန်ပြောလိုက်၏။
"ဒီကိစ္စကို မင်း စိတ်မပူပါနဲ့..ငါတို့ သင်္ဘောတွေက တော့ ဒီလိုမျိုး ဖြစ်မှာမဟုတ်ဘူး..ဒါကြောင့် စိတ်ချ လက်ချ ရွက်လွှင့်နိုင်ပါတယ်"
"ဘာလဲ ဒီလိုမျိုး ဖြစ်မှာမဟုတ်ဘူး.. စိတ်ချလက်ချ ရွက်လွှင့်နိုင်တယ် ဟုတ်လား.."
ကျိုးယန်မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ သတိဝင်လ ာကာ မေးမြန်းလိုက်၏။
"သူဋေး..အဲ့ဒါ တကယ်လား.."
လျူယောင်က ပြတ်သားစွာ ပြောလိုက်၏။
"ဟုတ်တယ်.. တကယ်ပါ.. ငါတို့ သင်္ဘောတွေက ပစိ ဖိတ်သမုဒ္ဒရာမှာပဲဖြစ်ဖြစ်..အတ္တလန္တိတ်သမုဒ္ဒရာမှာပဲဖြစ်ဖြစ်..အဲဒီ ဧရာမအနက်ရောင် ရေသားရဲကြီးရဲ့ တိုက်ခိုက်မှုကို လုံးဝခံရမှာ မဟုတ်ဘူး"
"ဝိုး..အရမ်းကောင်းတာပဲ.."
ကျိုးယန်မှာတော့ အလွန်အမင်း ဝမ်းသာသွားသည်။
ခုနက ဗော့ဂ်ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီ၏ သ င်္ဘောကြီး နစ်မြုပ်မှုကို သိလိုက်ရစဉ်က မိမိတို့သ င်္ဘောများပါ ထိုသို့ ဖြစ်မည်ကို သူ စိုးရိမ်ပူပန်နေခဲ့ ခြင်း ဖြစ်သည်။ယခုမူ ထိုကိစ္စများကို စိတ်ပူနေရန် မလိုတော့ချေ။မိမိ၏သူဋေးက သင်္ဘောများ လုံခြုံ ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီ မဟုတ် ပေလော။
"အခုမှပဲ ကျွန်တော် စိတ်အေးသွားရပြီ သူဋေးရာ.. အများကြီး စိတ်ပေါ့ပါးသွားတယ်ဗျာ.."
လျူယောင်က ဆက်လက်၍ ပြောလိုက်၏။
"နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းမှာ အထူးသဖြင့် ဥရောပနဲ့ M နိုင်ငံမှာဗော့ဂ်လုပ်ငန်းစု က ငါတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ပဲ တစ်လတေ ာင် မပြည့်သေးခင်မှာ သူတို့ရဲ့ သင်္ဘောကြီး သုံးစင် း နစ်သွားတာဟာ ငါတို့အတွက်တော့ အခွင့်အရေး ကောင်း တစ်ခုပဲ.."
ကျိုးယန်ကလည်း လျူယောင်၏ အမြင်ကို ထောက် ခံပြီး တင်ပြလိုက်သည်။
"ဟုတ်ပါတယ် သူဋေး..ဒီ မတော်တဆမှုတွေက သူ တို့ရဲ့ နာမည်ဂုဏ်သတင်းကို အကြီးအကျယ် ထိခို က်စေမှာပါ.. ဒါက ကျွန်တော်တို့အတွက် အခွင့်အလ မ်းကြီး တစ်ခုပါပဲ..သူဋေး..ကျွန်တော် M နိုင်ငံမှာ ရှိ တဲ့ ဌာနခွဲကို သင်္ဘောကြီးတွေ ထပ်ဖြည့်ပြီး လုပ်ငန်း တိုးချဲ့ဖို့ စီစဉ်လိုက်ပါတော့မယ်"
လျူယောင်က ခေါင်းညိတ်ပြကာ ခွင််ပြုလိုက်၏။
"ငါ ဘာမှ ကန့်ကွက်စရာ မရှိဘူး.. သင်္ဘောအရေအ တွက်ကို နှစ်ဆတိုးရင်တောင် ပြဿနာမရှိဘူး..မင်း စိတ်ကြိုက် လုပ်ဆောင်နိုင်တယ်"
M နိုင်ငံနှင့် ဥရောပရှိ ရေကြောင်းပို့ဆောင်ရေး ဈေး ကွက်ဝေစုအား ချဲ့ထွင်ခြင်းသည် ယူနီဗာဆဲလ် လုပ် ငန်းစု တစ်ခုလုံးအတွက် အလွန်ကောင်းမွန်သော ခြေလှမ်းတစ်လှမ်းပင် ဖြစ်၏။
M နိုင်ငံတွင် ယူနီဗာဆဲလ် ဌာနခွဲကို တည်ထောင်ခဲ့ သည့် ခြောက်လတာအတွင်း ဗော့ဂ်လုပ်ငန်းစု ကဲ့သို့ သော ပြိုင်ဘက်ကြီးရှိနေ၍ ဖွံ့ဖြိုးတိုးတက်ရန်မှာ ခ က်ခဲနေခဲ့သော်လည်း ယခုမူ အခွင့်အရေးမှာ ရောက် လာပြီ ဖြစ်သည်။
ကျိုးယန်သည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့ပြီး မြောက်အမေရိကမှ ဌာနခွဲကို အားတက်သရော တိုး ချဲ့ရန် ပြင်ဆင်တော့သည်။ကျိုးယန် ထွက်သွားပြီး နောက် လျူယောင်သည် လိပ်ကြီးနှင့် စိတ်ချင်း ဆ က်သွယ်လိုက်၏။
"ငါ့ကောင်ကြီး..မြောက်ပစိဖိတ်မှာ ကွန်တိန်နာ သ င်္ဘောတစ်စင်း နစ်သွားတယ်..အဲဒါ နဂါးနက်လုပ်တာ မဟုတ်လား.."
"အာ နဂါးနက်က တကယ်ပဲ ပြဿနာရှာခဲ့တာလား သခင်ရ...သူ အခု ဘယ်မှာ ပုန်းနေရမှန်း မသိဘူး.. ကြောက်နေတဲ့ ပုံစံပဲ.."
လျူယောင်သည် အနည်းငယ် အံ့အားသင့်သွား၏။
နဂါးနက်ကဲ့သို့ အရိုင်းဆန်သော သတ္တဝါက လိပ်ကြီး ၏ ညီလေးဖြစ်ပြီးနောက်တွင် ဤမျှ ကြောက်တတ် လာကာ ယာယီပုန်းအောင်းနေတတ်သည်အထိ သိ နားလည်လိမ့်မယ်ဟူ၍ သူ မမျှော်လင့်ထားမိချေ။
"ပြဿနာရှာတာက ကိစ္စမရှိပါဘူး..သူ့ကို အပြစ် မ တင်ပါနဲ့..မင်းကို အလုပ်တစ်ခု ပေးမယ်.."
"သခင်..ကျနော့်ကို ပြောသာပြောလိုက်စမ်းဘာ.. ကျ နော် ဘာလုပ်ပေးရမလဲ"
"ငါ.. အနက်ရောင်သတ္တုတွေ ထပ်လိုချင်တယ်.. အ ရင်တစ်ခေါက်က နေရာမှာပဲ အချောင်း၂၀၀ လော က် သယ်ပြီး ထားပေးပါ.. ပြီးရင် ငါ့ကို အသိပေးပါ"
"သခင်..အလျင်လိုနေတာလား.."
လိပ်ကြီးက မေးရာ လျူယောင် ပြန်ဖြေလိုက်၏။
"အချိန်တွေ အများကြီး ရှိပါတယ် တစ်ပတ်လောက် ဆို ပြဿနာ မရှိဘူးမလား"
"အိုခေဘာ သခင်.. ပြဿနာမရှိပါဘူး..ကျွန်တော် ပြီးအောင် လုပ်လိုက်ပါ့မယ်" လိပ်ကြီးက တုံ့ဆိုင်း ခြင်းမရှိဘဲ သဘောတူလိုက်သည်။
ထိုစဉ်မှာပင် နဂါးနက်ပြန်ရောက်လာပြီး စိုးရိမ်တ ကြီးဖြင့် မေးလိုက်၏။
"အစ်ကိုကြီး..ကျွန်တော် တကယ်ပဲ ပြဿနာတွေ ရှာ မိပြန်ပြီလား.."
လိပ်ကြီးက ခေါင်းခါကာ ပြန်ဖြေလိုက်၏။
"မဟုတ်ပါဘူး..ခုနက မင်းရဲ့လုပ်ရပ်ဟာ ပြိုင်ဘက် သင်္ဘောကို နစ်မြုပ်စေခဲ့တာလို့ သခင်က ပြောတာ ပါ.. ဒါကြောင့် အမှားတစ်ခုလို့ သူ မယူဆပါဘူး"
ဤစကားကို ကြားသောအခါမှ နဂါးနက်သည် သက် ပြင်းချနိုင်တော့သည်။သူသည် ကပ်ဘေးတစ်ခု ဖန် တီးမိသည်ဟု ထင်မှတ်ကာ စိုးရိမ်နေမိခြင်းဖြစ်၏။ သခင်၏ ပြိုင်ဘက်အား တိုက်ခိုက်ခြင်းဖြစ်၍ ပြ ဿနာမရှိတော့သောကြောင့် သူ စိတ်အေးသွားခဲ့ရ သည်။
လိပ်ကြီးကမူ နဂါးနက် ဘာတွေးနေသည်ကို ဂရုမစို က်ဘဲ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ပြောလိုက်၏။
"နဂါးနက်.ငါ...မင်းအတွက် အလုပ်တစ်ခု ပေးမယ်"
အမှန်စင်စစ် ၎င်းမှာ လျူယောင်က ခိုင်းစေသော အ လုပ်ဖြစ်သော်လည်း လိပ်ကြီးကမူ နဂါးနက်အား လွှဲ ပေးလိုက်ခြင်း ဖြစ်၏။သူသည် နဂါးနက်အား အာ ကာသယာဥ်ပျက်ကြီး၏ ဂိုဒေါင်ထဲသို့ ခေါ်ဆောင် သွားပြီး အနက်ရောင် သတ္တုချောင်းများအား သယ် ဆောင်ခိုင်းလိုက်သည်။
နဂါးနက်သည် သတ္တုချောင်း ဒါဇင်ကျော်ကို သူ၏ ဧရာမပါးစပ်ကြီးဖြင့် တစ်ပြိုင်နက် ငုံခဲလိုက်ပြီး ရှေ့ လက်သည်းများဖြင့်လည်း အချို့အား ဖမ်းဆုပ်လို က်ရာ တစ်ကြိမ်တည်းဖြင့် အချောင်း ၂၀ ကျော်ကို သယ်ဆောင်နိုင်ခဲ့သည်။
ထိုသို့ သယ်ယူပို့ဆောင်နိုင်စွမ်းမှာ အံ့မခန်းပင် ဖြစ် ၏။
လိပ်ကြီးမှာလည်း ကျေနပ်သွားပြီး နဂါးနက်သည် ပ စ္စည်းသယ်ဆောင်ရန်အတွက် မွေးဖွားလာသူ ဖြစ် ကြောင်း သိရှိသွား၏။မိမိပင် တစ်ကြိမ်လျှင် အချေ ာင်း ၂၀ ခန့် သာ သယ်နိုင်ကြောင်း ပျော်ရွှင်စွာတွေး တောမိလိုက်သည်။
"ဟေး..အစ်ကိုကြီး..အစ်ကိုကြီးက ဘာလို့ လက်ဗ လာနဲ့လဲ.. ဘာလို့ မသယ်တာလဲ"
နဂါးနက်က မေးရာ လိပ်ကြီးမှာမူ မျက်နှာပူသွားပြီး ချက်ချင်းဆိုသလိုပင် ဆင်ခြေပေးလိုက်သည်။
"ငါက မင်းကို လမ်းပြပေးနေတာလေ.. ငါ လမ်းပြမှ မင်းက ဘယ်လိုသယ်ရမလဲဆိုတာ သိမှာပေါ့"
"အော်.ဒီလိုလား.." နဂါးနက်ကလည်း လိပ်ကြီး၏ စကားအား ဟုတ်လိနိုးနိုးနှင့် ဆက်မမေးတော့ပေ။
လိပ်ကြီးသည် နဂါးနက်အား ဦးဆောင်ကာ အနက် ရောင် သတ္တုချောင်း ၂၀ ကို ရေတိမ်ပိုင်း ပင်လယ် ကြမ်းပြင်နေရာသို့ ပို့ဆောင်လိုက်သည်။နောက်ပိုင်း တွင်မူ လိပ်ကြီးသည် ပစ္စည်းသယ်သည့် အလုပ်ကို ကိုယ်တိုင်မလုပ်တော့ဘဲ ညီလေးဖြစ်သူ နဂါးနက်ကို သာ အကုန်ခိုင်းစေပြီး သူကမူ စိတ်အေးလက်အေး နားနေတော့သည်။
နောက်ရက်အနည်းငယ်အတွင်း နဂါးနက်သည် နေ့စ ဉ်နှင့်အမျှ ပစ္စည်းသယ်ဆောင်သူအဖြစ် လုပ်ကိုင်ခဲ့ ပြီး သတ္တုချောင်း ၂၀၀ စလုံးအား ရေတိမ်ပိုင်းပင် လယ်ထဲသို့ အောင်မြင်စွာ သယ်ယူပေးခဲ့သည်။လိပ် ကြီးကမူ ပျော်ရွှင်စွာဖြင့် အနားယူနေခဲ့သည်။
အလုပ်အားလုံး ပြီးဆုံးသွားသောအခါ လိပ်ကြီးက ချီးမွမ်းလိုက်၏။
"နဂါးနက်ကြီး..မင်း တော်တော်လေး ကြိုးစားခဲ့တ ယ် ဟဲဟဲ.."
ထိုအခါ နဂါးနက်က မေးမြန်းလိုက်သည်။
"အစ်ကိုကြီး.ကျွန်တော့်အလုပ်တွေ ပြီးပြီဆိုတော့ ဆုလာဒ်ကော မရှိဘူးလား"
လိပ်ကြီးက နဂါးနက်အား အံ့အားသင့်စွာကြည့်ကာ ရေရွတ်လိုက်၏။
"အိုး.ဒီကောင်က မတုံးလှဘူးပဲ..ဆုလာဒ်တောင်းဖို့ တောင် သိနေပြီ" ထို့နောက် လိပ်ကြီးသည် လှိုဏ်ဂူ ထဲမှ ဧရာမရေဘဝဲကြီး တစ်ကောင်ကို ဆွဲထုတ်၍ ပေးလိုက်သည်။
"ရော့.. ဒါက မင်းအတွက် ဆုလာဒ်ပဲ"
နဂါးနက်သည် ထိုရေဘဝဲကြီးအား ကြည့်ကာ စိတ် ထဲမှ တွေးတောနေမိသည်။
"အမ်..ဒီရေဘဝဲကြီးက ငါ ကိုယ်တိုင် ချောက်ကြီးထဲ ကနေ ..ဖမ်းခဲ့တာ မဟုတ်ဘူးလား"