← Chapters

M နိုင်ငံမှ ယူနီဗာဆဲလ်ဌာနခွဲ

Vol. 37 Ch. 467

M နိုင်ငံမှ ယူနီဗာဆဲလ်ဌာနခွဲ

Vol. 37 Ch. 467

ဤရေဘဝဲကြီးအား မြင်လိုက်ရသောအခါ နဂါးနက် မှာ အံ့အားသင့်သွားပြီး မေးလိုက်၏။

"ဟေး..အစ်ကိုကြီး..ဒါ ကျွန်တော်ကိုယ်တိုင် ဖမ်းလာ ခဲ့တာ မဟုတ်ဘူးလား.."

လိပ်ကြီးကမူ ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

"အေးလေ..ဒါ..မင်း ချောက်ကြီးထဲမှာ ဖမ်းခဲ့တာပဲ"

"ဒါ..ဒါ.."

နဂါးနက်က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာ ပင် လိပ်ကြီးက စကားစဖြတ်၍ ပြောလိုက်၏။

"မင်း ဖမ်းပြီးတာနဲ့ ငါ့ကို အပ်ရမယ်..အဲဒါ အရင်က ငါ့ပိုင်နက်လေ..အခု ငါက မင်းကို ပြန်ပြီး ဆုချတာ လေ..ဘာပြဿနာရှိလို့လဲ.."

"ဟိုဟာ..ပြဿနာတော့ မရှိပါဘူး... ဒါပေမဲ့ တစ်ခုခု တော့ မှားနေသလိုပဲနော်"

နဂါးနက်၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေတော့သည် ။သူ၏ ဉာဏ်ရည်မှာ အလွန်အမင်း နက်နက်ရှိုင်းရှိုင် း တွေးတောနိုင်စွမ်း မရှိသဖြင့် ဆက်လက်တွေးမ နေ တော့ဘဲ ဧရာမ ရေဘဝဲကြီးအား ဆွဲယူကာ အား ပါးတရ ကိုက်စားပစ်တော့သည်။

"အား..အစ်ကိုကြီး..ဒီရေဘဝဲက အရသာ တကယ်ရှိ တာပဲ..စားလို့ အရမ်းကောင်းတယ်.."

လိပ်ကြီးမှာမူ ကျေနပ်စွာ ပြုံးလိုက်၍ ကတိပေးလို က်၏။

"အင်း..မင်း..နောက်ဆိုလိမ္မာစမ်းပါကွာ.. ငါ့စကားကို သာ နားထောင်ရင် အနာဂတ်မှာ မင်းကို ဧရာမရေဘ ဝဲတွေ ခဏခဏ ဆုချမှာပါ..”

ထို့နောက် လိပ်ကြီးသည်လည်း နောက်ထပ် ရေဘဝဲ တစ်ကောင်အား ထုတ်ယူကာ မြိန်ယှက်စွာ စားသုံး ပြန်သည်။အမှန်စင်စစ် ဤရေဘဝဲများမှာ နဂါးနက် ကိုယ်တိုင် ဖမ်းလာခဲ့ခြင်း ဖြစ်၏။

လိပ်ကြီးသည် နဂါးနက်အား ချောက်နက်ကြီးဆီသို့ တစ်ခေါက် လမ်းပြခေါ်သွားပြီးနောက်ပိုင်းတွင် ထို နေရာသို့ သူ ကိုယ်တိုင် မသွားတော့ဘဲ နဂါးနက်ကို သာ အမိန့်ပေး၍ ဖမ်းခိုင်းတော့သည်။နဂါးနက်ကြီး ဖမ်းလာသမျှကိုလည်း လိပ်ကြီးကသာ သိမ်းဆည်း ပြီး စနစ်တကျ ပြန်လည် ဝေပေးနေခြင်း ဖြစ်သည်။

"ဒီလို ခိုင်းလို့ရတဲ့ ညီလေးတစ်ယောက်ရှိတာ ဘဝက တကယ်ကို သက်တောင့်သက်သာ ရှိလှပေတယ်ကွာ ဟီးဟီး.." လိပ်ကြီးက ဤကဲ့သို့ မကြာ ခဏ တွေး တောနေမိသည်။

ဗိုက်ပြည့်သွားပြီးနောက် လိပ်ကြီးသည် လျူယောင် ထံသို့ အလုပ်ကိစ္စအား အစီရင်ခံလိုက်သည်။

"သခင်ရေ..အနက်ရောင် သတ္တုချောင်း ၂၀၀ စုစု ပေါင်း တန်ချိန် ၄,၀၀၀ ကို သတ်မှတ်ထားတဲ့ နေရာ မှာ အကုန် ပို့ဆောင်ပေးပြီးပါပြီဗျ.."

လျူယောင်က ချက်ခြင်းဆိုသလိုပင် ချီးကျူးလိုက် သည်။

"အိုး ငါ့ကောင်ကြီး.. မဆိုးဘူးပဲ.. မင်း အလုပ်လုပ် တာ တော်တော် မြန်တာပဲ.."

"ဟီးဟီး..သခင်က ငါ သယ်တယ်လို့ ထင်နေတာပဲ ဟိုကောင်..နဂါးနက် လုပ်ခဲ့တာကို မသိဘူးပဲ.. နဂါး နက်က အပင်ပန်းခံ လုပ်ဆောင်ပြီး ငါက ချီးမွမ်း ခြင်း ခံရတာ တကယ်ကိုမှ နေလို့ကောင်းတဲ့ ခံစား ချက်ပဲကွာ.."

လိပ်ကြီးမှာမူ တစ်ကိုယ်တည်း ကျေနပ်နေတော့ သ ည်။

လျူယောင်သည် လိပ်ကြီးကပင် တန်ချိန် ၄,၀၀၀ ရှိ သော သတ္တုများအား သယ်ယူခဲ့သည်ဟု အမှန်တက ယ် ယုံကြည်နေခြင်း ဖြစ်၏။သတ္တုများ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်နှင့် လျူယောင်သည် ဖုန်းအ ား ချက်ချင်းဆိုသလိုပင် ကောက်ကိုင်ကာ အမိန့် ပေးလိုက်သည်။

အသင့်စောင့်ဆိုင်းနေသော ဘလူးဝေးလ်သင်္ဘောကြီ းနှင့်အတူ ကပ္ပတိန်ရမ်ဇီကွမ်းတို့ အဖွဲ့သည် ချက်ချ င်း ထွက်ခွာလာကြသည်။

လွန်ခဲ့သော အကြိမ်က သယ်ယူခဲ့သည့် သတ္တုများမှ ာ ရောင်းချပြီးပြီ ဖြစ်သဖြင့် ယူနီဗာဆဲလ်သတ္တု စ က်ရုံမှ ရှင်းဖေးဝမ်က နောက်ထပ် မည်သည့်အချိန် တွင် သတ္တုများ ရနိုင်မည်နည်းဟု နှစ်ကြိမ်တိုင်တိုင် သူ့အား စိတ်အားထက်သန်စွာ မေးမြန်းနေပေသည် ။

ယခုမှာမူ နောက်ထပ် ခုနစ်ရက်၊ရှစ်ရက်အတွင်းမှာပဲ တန်ချိန် ၄,၀၀၀ ရှိသော အနက်ရောင် သတ္တုများအာ း ထပ်မံ ပို့ဆောင်ပေးနိုင်တော့မည်ပင် ဖြစ်သည်။

.....

တစ်ဖက်တွင်လည်း ယူနီဗာဆဲလ်လုပ်ငန်းစု၏ ဌာန ခွဲသည် နယူးယောက်မြို့တွင် အခြေစိုက်ထားသော် လည်း လုပ်ငန်းစတင်သည်မှာ ခြောက်လခန့်သာ ရှိ သေးသဖြင့် အလုပ်ချိန်မှာ အတိုင်းအတာ တစ်ခုအ ထိသာ ရှိနေ သေးသည်။

သင်္ဘောအနည်းငယ်ဖြင့်သာ ဥရောပနှင့် မြောက်အ မေရိက လမ်းကြောင်းကိုသာ အဓိကထား၍ လုပ် ဆောင်နေရခြင်းပင် ဖြစ်သည်။၎င်းတို့၏ အဓိက ပြို င်ဘက်မှာ M နိုင်ငံ၏ အကြီးဆုံး ရေကြောင်းပို့ဆော င်ရေး လုပ်ငန်းစုဖြစ်သည့် ဗော့ဂ်လုပ်ငန်းစုပင် ဖြစ် ၏။

ဗော့ဂ်လုပ်ငန်းစုသည် နယူးယောက်တွင်ပင် ရုံးချုပ် ရှိပြီး ဥရောပနှင့် M နိုင်ငံမှ ရေကြောင်း ကုန်သွယ်ရေ း ၈၀ ရာခိုင်နှုန်းနီးပါးအား လက်ဝါးကြီးအုပ်ကာ ထိန်းချုပ်ထားပေသည်။

ယူနီဗာဆဲလ်၏ရေကြောင်းဌာနခွဲမှ မန်နေဂျာချုပ် ချင်ကျိုးနှင့် ဒုမန်နေဂျာချုပ်နှစ်ဦးတို့သည် မကြာမီ ကျင်းပတော့မည့် M နိုင်ငံမှ ရေကြောင်းပို့ဆောင်ရေ း ညီလာခံအကြောင်း ဆွေးနွေးနေကြသည်။ဒုမန် နေဂျာ တစ်ဦးက မေးလိုက်၏။

"မန်နေဂျာချုပ်.ကျွန်တော်တို့ တကယ်ပဲ စင်ပေါ်မှာ စကားမပြောတော့ဘူးလား"

ချင်ကျိုးက ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်၏။

"မိနစ်ပိုင်းလောက် စကားပြောဖို့အတွက် ဒေါ်လာ တ စ်သန်း ပေးရမှာက.. မလိုအပ်ဘူးလို့ ထင်တယ်.."

နှစ်စဉ်ကျင်းပမြဲဖြစ်သော ဤညီလာခံအား ဗော့ဂ်လု ပ်ငန်းစုမှ ဦးဆောင်စီစဉ်ခြင်း ဖြစ်ပြီး ၎င်းတို့ကဲ့သို့ အင်အားကြီး ကုမ္ပဏီများသာ စင်ပေါ်တွင် မိနစ် ၃၀ ကျော်ကြာ စကားပြောခွင့် ရကြ၏။

အခြား ကုမ္ပဏီငယ်များမှာမူ ၅ မိနစ်ခန့် စကားပြော ခွင့်ရရန် ဒေါ်လာ ၁ သန်း ပေးဆောင်ရမည် ဖြစ်သည် ။ချင်ကျိုးက မိမိတို့ ကုမ္ပဏီ၏ လက်ရှိ လုပ်ငန်းပမာ ဏမှာ အလွန်သေးငယ်နေသေးသဖြင့် ထိုမျှ အကုန် အကျခံရန် မလိုဘူးဟု ဆုံးဖြတ်ထားခြင်း ဖြစ်၏။

" တီ..တီ..တီ.."

ထိုစဉ် စားပွဲပေါ်ရှိ ဖုန်းမြည်လာသဖြင့် ချင်ကျိုး ကေ ာက်ကိုင်လိုက်ရာ ကျိုးယန်၏ အသံအား သူ ကြား လိုက်ရသည်။

"ချင်ကျိုး..သတင်းကောင်း ပြောစရာရှိပါတယ်… ယူ နီဗာဆဲလ်အဖွဲ့ချုပ်က M နိုင်ငံမှာရှိတဲ့ ဌာနခွဲကို တိုး ချဲ့ဖို့ ဆုံးဖြတ်လိုက်ပြီ.. 'ရွှေခေါင်းလောင်း၊ 'ကျင်း ဟွာ ၊ 'ရှီကန်း ' နဲ့ 'ရှီဘန်း အပါအဝင် ကွန်တိန်နာ သင်္ဘောကြီး ၇ စင်းကို ခဗျားတို့ ဌာနခွဲဆီ လွှဲပြောင်း ပေးတော့မှာပါ.."

ချင်ကျိုးမှာမူ မယုံကြည်နိုင်လောက်အောင် ဝမ်းသာ သွားပြီး စိတ်လူပ်ရှားစွာ မေးမြန်းလိုက်၏။

"မစ္စတာကျိုး..ဒါ..ဒါ တကယ်လားဗျာ.."

ကျိုးယန်က ဆက်လက်၍ ပြောလိုက်သည်။

"ဟုတ်ပါတယ်.. ဒါ့အပြင် သင်္ဘောအသစ်တွေ တည် ဆောက်ဖို့အတွက်လည်း အမေရိကန်ဒေါ်လာ ၁ ဘီ လီယံ ထပ်မံ ရင်းနှီးမြှုပ်နှံမှာပါ.. အခု M နိုင်ငံ ရေ ကြောင်းပို့ဆောင်ရေး ညီလာခံမှာလည်း ကျွန်တော် တို့ ကုမ္ပဏီက စင်ပေါ်မှာ စကားပြောရပါမယ်.. ပြီး တော့ သူဋေးလျူ ကိုယ်တိုင်လည်း ဒီညီလာခံကို တ က်ရောက်မှာပါ"

ဖုန်းချလိုက်ပြီးနောက် ချင်ကျိုး၏ မျက်နှာမှာ ပျော် ရွှင်မှုကြောင့် နီရဲနေပေသည်။

သူသည် ဒုမန်နေဂျာချုပ်နှစ်ဦးအား အကျိုးအကြော င်း ရှင်းပြလိုက်ရာ ၎င်းတို့အားလုံးမှာ ဝမ်းသာအားရ ဖြစ်သွားကြ၏။

"ကောင်းလိုက်တာဗျာ..အခုမှပဲ ငါတို့ တိုက်ပွဲကြီး တ စ်ပွဲ စတိုက်နိုင်တော့မယ်"

ဤကဲ့သို့ရေရွတ်ရင်း M နိုင်ငံမှာရှိသော ယူနီဗာဆဲ လ် ရေကြောင်း ဌာနခွဲ၏ တောက်ပသော အနာဂတ် အား မျှော်လင့်ချက်များအပြည့်ဖြင့် ဝိုင်းဝန်း ဆွေး နွေးနေကြပါတော့သည်။

All Chapters