← Chapters

ပြောင်းလဲသွားခြင်း

Vol. 37 Ch. 468

ပြောင်းလဲသွားခြင်း

Vol. 37 Ch. 468

ဒုမန်နေဂျာရှိဝမ်ယောင်က အပြည့်အဝ ထောက်ခံရ င်း ပြောလိုက်သည်။

“ရုံးချုပ်က..ကျွန်တော်တို့ ဌာနခွဲအပေါ် တော်တော် လေး အလေးထားတာပဲ.. ဒါဟာ ဝမ်းသာစရာဖြစ် သလို တစ်ဖက်မှာလည်း တာဝန်တွေ ပိုကြီးလာတာ ပေါ့ဗျာ..”

မန်နေဂျာချုပ်ချင်ကျိုးကလည်း ခေါင်းညိတ်ကာ ဝ င်ပြောလိုက်၏။

“ဟုတ်တယ်..သင်္ဘောတွေရဲ့ ကုန်တင်နိုင်စွမ်းက တ န်ချိန် လေးသန်းကနေ ငါးသန်းအထိ မြင့်တက်လာ တဲ့အခါ အဲဒီသင်္ဘောတွေ အမြဲလည်ပတ်နေဖို့ လုံ လောက်တဲ့ လုပ်ငန်းတွေ ရအောင် ဆွဲဆောင်နိုင်ဖို့ လိုအပ်လာပြီလေ”

မန်နေဂျာချုပ်ချင်ကျိုးက ဆက်ပြောလိုက်သည်။

‘ငါတို့ နောက်ဆို လက်ဖက်ရည်သောက်ဖို့တောင် အ ချိန်ရတော့မှာ မဟုတ်ဘူး ဗောဂ့်လိုမျိုး အင်အားကြီး တဲ့ ရေကြောင်း လုပ်ငန်းစုဆီကနေ အလုပ်တွေ လု ယူရတော့မှာပဲ..’

“လက်ရှိ ရေကြောင်းလုပ်ငန်းက အခြေအနေ သိပ်မ ကောင်းလှဘူး..ဌာနခွဲရဲ့ သင်္ဘောတင်ဆောင်နိုင်မှုက တန်ချိန် ၅ သိန်း၊ ၆ သိန်းကနေ ၄ သန်း၊ ၅ သန်းအထိ အလျင်အမြန် ခုန်တက်သွားတာဆိုတော့ ဒီပမာဏ ကြီးကို ထောက်ပံ့ပေးနိုင်ဖို့အတွက် သင်္ဘောတွေ အ မြောက်အမြား လိုအပ်လာတာပဲ..”

သူတို့သုံးယောက်စလုံးက ဒီအချက်အား ကောင်းစွာ နားလည်ထားကြသည်။

.......

ဟွာဟိုင်းမြို့သို့ လီချန်လဲ့ ပြန်ရောက်လာ၏။သူမသ ည် ကျင်းဖန်းခရိုင်တွင် ရက်အနည်းငယ်ကြာ နေထိုင် ကာ မိဘများနှင့်အတူ အချိန်ကုန်ဆုံးခဲ့ ခြင်းဖြစ်သ ည်။

လျူယောင် ပျော်ရွှင်စွာ မေးလိုက်၏။

“လဲ့လဲ့..ဦးလေးနဲ့ အန်တီတို့ကို ဟွာဟိုင်းမြို့ကို ဘာ လို့ တစ်ခါတည်း ခေါ်မလာခဲ့တာလဲ..”

“အော် အကိုယောင်..သူတို့က ရာသီဥတု အေးမှ လာ ချင်ကြတာ..အခုက သိပ်ပူသေးတယ်တဲ့.. ပြီးတော့ ကျင်းဖန်းခရိုင်က အခုဆို အများကြီး ပြောင်းလဲ တိုး တက်နေပြီဆိုတော့ အဲဒီမှာ နေရတာ အဆင်ပြေတ ယ်လို့ ပြောကြတယ်..”

ကျင်းဖန်းခရိုင်၏ ပြောင်းလဲမှုများအား သူမက ဝမ်း သာအားရ ပြန်ပြောပြနေ၏။

“အစ်ကိုယောင်ခရိုင်မြို့လေးက အံ့ဩစရာကောင်း လောက်အောင် ပြောင်းလဲသွားတာပဲ ...အဓိကလမ်း မကြီးတွေကို လေးလမ်းသွားကနေ ခြောက်လမ်းသွာ းအထိ တိုးချဲ့လိုက်ပြီ..ဗဟိုရင်ပြင်မှာလည်း အခု ဆို..ဈေးဝယ်စင်တာကြီး ရှိလာပြီ ခရိုင်ရဲ့ ပထမဆုံး ကြယ်ငါးပွင့်ဟိုတယ်လည်း ပြီးသွားပြီ သိလား..”

သူမက စိတ်လှုပ်ရှားစွာ ဆက်လက် ရှင်းပြနေသည်။

“စက်မှုဇုန်ဆိုရင်လည်း အခု အဆင့်မြင့်နည်းပညာ စ က်မှုပန်းခြံလို့ ခေါ်နေကြပြီ..ကျွန်မတို့ရဲ့ စက်ရုံကြီးနှ စ်ရုံက ဧရိယာအကျယ်ကြီးကို ယူထားတာပဲ ..ဗဟို မြို့ထဲကို တိုက်ရိုက်သွားတဲ့ ဘိုယူလမ်းမကြီးတစ် လျှောက်မှာလည်း ဇိမ်ခံလူနေရပ်ကွက်တွေ အများ ကြီး ဆောက်နေကြတယ်..”

လျူယောင်သည် ထိုလူနေရပ်ကွက်အချို့မှာ ယူနီဗာ ဆယ်မှ ဝန်ထမ်းများအတွက် စီစဉ်ပေးထား ခြင်းဖြ စ်ကြောင်း သိထားသော်လည်း စူပါမားကတ်နှင့်ကြ ယ်ငါးပွင့်ဟိုတယ်များအထိ တိုးတက်လာသည်ကို တော့ သူမပြောပြမှ သူ သိရခြင်းပင်ဖြစ်၏။

လီချန်လဲ့၏ စကားအား နားထောင်ပြီးနောက် လျူ ယောင် မေးလိုက်သည်။

“လဲ့လဲ့..မနက်ဖန် ကိုယ် M နိုင်ငံကို သွားမယ်.. မင်း လိုက်ခဲ့မလား”

“အိုး..ကျွန်မ M နိုင်ငံကို တစ်ခါမှ မရောက်ဖူးသေး ဘူး..လိုက်မယ်..လိုက်မယ်..” ဟု လီချန်လဲ့က ဝမ်း သာအားရ ပြန်ဖြေလိုက်သည်။

လျူယောင် ပြုံးကာ ပြောလိုက်၏။

“ကောင်းပြီ ဒါဆို မနက်ဖန်မနက် ကိုယ်ပိုင် လေယာဉ် နဲ့ပဲ ကိုယ်တို့ သွားကြတာပေါ့”

တစ်ဖက်တွင်လည်း M နိုင်ငံမှာတော့ သတင်းများက အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည်။ဝန်ထမ်းများက အာ းတက်သရော ဆွေးနွေးနေကြ၏။

“ငါတို့ကုမ္ပဏီက တကယ်ကြီးကျယ်တာပဲကွာ. ကုန် တင်တန်ချိန် ငါးသန်းအထိ တိုးလာတာဆိုတော့ ဗေ ာဂ့်လုပ်ငန်းစုကတောင် ငါတို့ကို အနိုင်ကျင့်လို့ မရ တော့ဘူး”

သို့ပေမဲ့ အချို့ကလည်း စိုးရိမ်နေကြသည်။

“အော်ဒါတွေ လုံလောက်အောင် မရရင်..ဆိပ်ကမ်းမှ ာပဲ..သင်္ဘောတွေကို..ရပ်ထားရပြီး အရှုံးပေါ်ကုန်မှ ာမို့လား..”

လူတိုင်းက ဗောဂ့်ရေကြောင်းလုပ်ငန်းစု၏ ဩဇာကြီ းမားမှုအား သိထားကြသဖြင့် လုပ်ငန်းလုယူရမည် မှာ ကျားပါးစပ်က အသားလုရသလိုမျိုး ခက်ခဲမည် ကို နားလည်ထားကြသည်။

စီမံခန့်ခွဲမှုပိုင်းမှ ချင်ကျိုးကတော့ အခြေအနေအား ပိုမိုပြတ်သားစွာ ကိုင်တွယ်နေပေသည်။

“အားလုံးပဲ..ကိစ္စက အတည်ဖြစ်သွားပြီ..ပထမဆုံး သင်္ဘောကြီး ၇ စီး..ငါတို့ဌာနခွဲကို ခွဲပေးမယ်.. နော က်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံလည်း ရန်ပုံငွေ ချပေးလိမ့်မယ်..အခက်အခဲတွေ ရှိပေမဲ့ လမ်းဆိုတာ ဖောက်ရင် ရှိလာတာပါပဲ..အခုလောလောဆယ် လာ မယ့် M နိုင်ငံက ရေကြောင်းညီလာခံကိုပဲ ငါတို့.. အာ ရုံစိုက်ကြရအောင်”

သူက ဝန်ထမ်းများကို အားပေးစကား ပြောလိုက်သ ည်။ဤညီလာခံတွင် မိန့်ခွန်းပြောကြားခြင်းဖြင့် ကု မ္ပဏီ၏ အမှတ်တံဆိပ်အား မြှင့်တင်ရန် သူတို့ အစီ အစဉ်ဆွဲလိုက်ကြ၏။

........

ဟွာဟိုင်း နိုင်ငံတကာလေဆိပ်တွင် လျူယောင်၏ ကိုယ်ပိုင်လေယာဉ်ကြီးက အသင့်ရှိနေသည်။ ဇိမ်ခံ ကားတန်းကြီး ဆိုက်ရောက်လာပြီး လျူယောင်၊လီ ချန်လဲ့နှင့် အဖွဲ့သားများ ဆင်းလာကြသည်။

ကျိုးယန်နှင့်ဟူဂျွန်ရှီးတို့ကဲ့သို့သော အရေးကြီးပုဂ္ဂို လ်များက လိုက်လံပို့ဆောင်ကြသဖြင့် လေဆိပ်အ တွင်းရှိ လူများစွာမှာ တအံ့တသြကြည့်ရင်း ဓာတ်ပုံ ရိုက်နေကြ၏။

“ဘုရားရေ..ဒါ ဘယ်သူလဲ..ဒါ.ဒါ ယူနီဗာဆယ်လုပ် ငန်းစုက မစ္စတာလျူ မဟုတ်လား..”

လျူယောင်ကတော့ ထိုအရာများကို ဂရုမစိုက်ဘဲ လီ ချန်လဲ့၏ လက်ကိုတွဲကာ လေယာဉ်ပေါ်သို့ တက်လို က်သည်။၁၀ နာရီကျော်ကြာ လေယာဥ် ပျံသန်းပြီး နောက် နယူးယောက်လေဆိပ်သို့ နံနက် ၉ နာရီတွင် ဆိုက် ရောက်ခဲ့သည်။

လေဆိပ်ပြင်ပမှာတော့ ချင်ကျိုးနှင့် အဖွဲ့သားများ က အသင့်စောင့်ကြိုနေကြ၏။

ချင်ကျိုးမှာမူ စိတ်လှုပ်ရှားစွာဖြင့် နာရီအား ကြည့်လို က်၊လည်စည်းအား ပြင်လိုက်နှင့် လျူယောင်တို့ကို ကြိုဆိုရန် အသင့်စောင့်နေပေသည်။

All Chapters