ဘလက်မိသားစုမှ ဖိတ်စာ
Vol. 37 Ch. 469
ချင်ကျိုး၏ ရင်ခုန်သံတို့မှာ မြန်ဆန်နေပြီး စိတ်လှုပ် ရှားမှုအား အစွမ်းကုန် ထိန်းချုပ်ထားရသည်။
သူတွင်သာမက အခြားသော ဒုတိယမန်နေဂျာများ ၏ မျက်နှာပေါ်တွင်လည်း မျှော်လင့်စောင့်စားနေသ ည့် အရိပ်အယောင်များ ထင်ဟပ်နေကြ၏။
"မစ္စတာလျူ ရောက်လာပြီ" ဟူသော အတွေးက လူ တိုင်းအား နိုးကြားစေပေသည်။
၎င်းတို့အတွက်မူ လျူယောင်သည် တောင်တစ်လုံး ကဲ့သို့ ခန့်ညားထည်ဝါပြီး မော်ကြည့်ရသည့် ပုဂ္ဂိုလ် ထူးပင် ဖြစ်၏။မိမိတို့မှာ နယ်ပယ်အသီးသီးတွင် အောင်မြင်မှု အတိုင်းအတာတစ်ခု ရှိကြသော်လည်း လျူယောင်နှင့် နှိုင်းယှဉ်လျှင်မူ အများကြီး နောက် ကျနေသေးကြောင်း ကောင်းကောင်း နားလည်ထား ကြသည်။
ချင်ကျိုးက လေသံမာမာဖြင့် အမိန့်ပေးလိုက်၏။
"အားလုံးပဲ အသင့်ပြင်ထားကြ..မစ္စတာလျူတို့အဖွဲ့ ထွက်လာတော့မယ်"
မိနစ်အနည်းငယ်အကြာတွင် လျူယောင်နှင့်အဖွဲ့ သ ည် လေဆိပ်ထွက်ပေါက်မှ ထွက်လာသည်။သူတို့ကို ကြိုဆိုရန် တန်းစီစောင့်ဆိုင်းနေသော ကားတန်းကြီး မှာလည်း ခန့်ညားလှ၏။မာစီဒီးစ်ဘင့်စ်နှင့်ကက် ဒီ လက်ကဲ့သို့သော အဆင့်မြင့်ဇိမ်ခံကားများက လေ ဆိပ်ဝန်းအတွင်း နေရာယူထားကြသည်။
ချင်ကျိုးသည် စိတ်လှုပ်ရှားမှုကို မြိုသိပ်ရင်း ရှေ့သို့ တက်လှမ်းသွားကာ နူတ်ဆက်လိုက်၏။
"မစ္စတာလျူ မင်္ဂလာပါ.. ကျွန်တော်က M နိုင်ငံ ဌာ နခွဲက ချင်ကျိုးပါ.." လျူယောင်၏ လက်အား တင်း တင်းကြပ်ကြပ် ဆုပ်ကိုင်နှုတ်ဆက်ရင်း သူ၏ ဝမ်း သာပီတိဖြစ်မှုမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲ နေပေသည်။
လျူယောင်ကလည်း ချင်းကျိုးကို မှတ်မိနေ၏။
အထူးသဖြင့် ဒီလူ M နိုင်ငံမှ ဌာနခွဲ၏ အထွေထွေ မ န်နေဂျာအဖြစ် တာဝန်မယူမီက လျူယောင်ကိုယ် တို င် သီးသန့်ခေါ်ယူ စကားပြောခဲ့ဖူးခြင်းကြောင့်ပင် ဖြ စ်သည်။ချင်ကျိုးက လျူယောင်အား မိမိအဖွဲ့သား များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးရာ လူတိုင်းက ဂု ဏ်ယူဝင့်ကြွားစွာဖြင့် လျူယောင့်အား လက်ဆွဲနှု တ်ဆက်လိုက်ကြသည်။
လေဆိပ်မှတစ်ဆင့် ကြိုတင်စီစဉ်ထားသော ဟီလ် တန်ဟိုတယ်၏ အထူးအခန်းတွင် လျူယောင် နား နေလိုက်သည်။M နိုင်ငံသို့ လျူယောင် ရောက်လာ သည့် သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားရာ နာမည် ကြီး လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်သူများကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြပေသည်။
အထူးသဖြင့် မော်တော်ကားနှင့် မိုဘိုင်းလ်ဖုန်း ထုတ် လုပ်သည့် လုပ်ငန်းရှင်များမှာ ပို၍ စိတ်လှုပ်ရှားနေ ကြ၏။သူတို့အားလုံး၏ ရည်ရွယ်ချက်မှာ တစ်ခုတ ည်းသာ ဖြစ်သည်။ ၎င်းမှာ ခေတ်သစ်နည်းပညာ၏ အသက်သွေးကြောဖြစ်သော ဂရက်ဖင်း-အလူမီနီယ မ် ဘက်ထရီများကို အနည်းငယ်မျှဖြစ်စေ ဝယ်ယူ ခွ င့်ရရှိရန်ပင်။
ဟီလ်တန်ဟိုတယ်၏ ဧည့်ခန်းမဆောင်မှာမူ လျူ ယောင်နှင့် တွေ့ခွင့်ရရန် ကြိုးပမ်းနေသည့် ဂုဏ်သ ရေရှိ ဧည့်သည်များနှင့် ပြည့်နှက်နေပေ၏။
ထိုစဉ်မှာပင် နယူးယောက်မြို့၏ သြဇာကြီးသည့် ပု ဂ္ဂိုလ်တစ်ဦးဖြစ်သော ဘလက်သီအိုဒေါထံသို့ သတ င်းရောက်ရှိသွားသည်။သူသည် ဘလက်မိသားစု ၏ ခေါင်းဆောင်ဖြစ်သလို ဗောဂ့်လုပ်ငန်းစု၏ အဓိက ရှယ်ယာရှင်လည်း ဖြစ်ပေသည်။
သို့ပေမဲ့ သူ၏ နောက်ခံသမိုင်းမှာမူ သာမန်စီးပွား ရေးသမားတစ်ဦးထက် များစွာ နက်ရှိုင်းလှ၏။
လက်အောက်ငယ်သားတစ်ယောက်က လာရောက် အစီရင်ခံလိုက်သည်။
"သခင်... ယူနီဗာဆဲလ်လုပ်ငန်းစုက နယူးယောက်ကို လျူယောင် ရောက်နေပါပြီ"
ဘလက်သီအိုဒေါ၏ မျက်လုံးများသည် တောက်ပ သွားကာ ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်၏။
"ကောင်းပြီ... ဒါက တကယ်ကို ကောင်းတဲ့ သတင်း ပဲ..သူ့ဆီ ဖိတ်စာ တစ်စောင် ပို့လိုက်စမ်း..ငါ့ဆီ လာခဲ့ ဖို့ ပြောလိုက်.."
ငယ်သားဖြစ်သူက တုံ့ဆိုင်းစွာဖြင့် ပြည်လည် တင် ပြလိုက်သည်။
"သခင်...လုပ်ငန်းရှင် အတော်များများ သွားတွေ့ကြ ပေမဲ့ သူက အားလုံးကို ငြင်းလွှတ်လိုက်တယ်လို့ သိ ရပါတယ်ခဗျ.. ကျွန်တော်တို့ ဖိတ်ကြားလွှာပို့ရင် လ ည်း သူ လာပါ့မလားမသိဘူး"
သီအိုဒေါက ခေတ္တမျှ စဉ်းစားပြီးမှ အမိန့်ပေးလိုက် သည်။
"ဒါဆိုရင် မင်းကိုယ်တိုင် သွားပို့လိုက် ..ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် သူ့ကို ဒီနေရာရောက်အောင် ခေါ်လာခဲ့ရမ ယ်.. ငါ သူ့ကို တွေ့ချင်တယ်"
ထိုအချိန်တွင် လျူယောင်မှာမူ ဟိုတယ်၌ မရှိပေ။ သူသည် လီချန်လဲ့နှင့်အတူ နယူးယောက်၏ စည်က ားလှသော လမ်းမများပေါ်တွင် ဈေးဝယ်ထွက်ရင်း အရင်းရှင်ဝါဒ၏ ခမ်းနားမှုများအား လေ့လာနေသ ည်။သူတို့နောက်တွင်မူ ကိုယ်ရံတော် ချန်းဟူနှင့်ကျေ ာက်ဟိုင်ဖုန်တို့က နီးကပ်စွာ လိုက်ပါလာကြသည်။
ကျောက်ဟိုင်ဖုန်သည် လျူယောင်၏ ယုံကြည်မှုအ ားရရှိထားသူဖြစ်ပြီး မျိုးရိုးဗီဇပြောင်းဆေးသော က် ထားသည့်အတွက် သာမန်ကိုယ်ရံတော်များထက် စွမ်းဆောင်ရည်များစွာ သာလွန်နေသူလည်း ဖြစ်၏။
လီချန်လဲ့က အံ့သြစွာ ပြောလိုက်၏။
"ကို... ဒီက ပစ္စည်းတွေက ယန်နိုင်ငံကထက် ပိုဈေး သက်သာနေသလိုပဲနော်.."
သူတို့ရှေ့တွင် ရှိနေသည်မှာ ကမ္ဘာကျော် Richard ဇိမ်ခံနာရီဆိုင်ကြီးပင် ဖြစ်သည်။မှန်ဗီရိုအတွင်းရှိ နာ ရီများ၏ ဈေးနှုန်းမှာ ဒေါ်လာသောင်း ဂဏန်းမှ သ န်းဂဏန်းအထိ ရှိနေပေသည်။လျူယောင်က ဈေးနူ န်းများအား ကြည့်လိုက်သည့်အခါ ပြည်တွင်းစျေး ထက် များစွာ သက်သာနေသည်ကို တွေ့ရသည်။
အခွန်အခနှင့် ကြားခံပွဲစားများ၏ အမြတ်များ မပါဝ င်ခြင်းကြောင့် ယခုကဲ့သို့ စျေးနူန်း ကွာဟနေခြင်းဖြ စ်ကြောင်း လျူယောင် နားလည်လိုက်သည်။
လျူယောင်၏ မျက်စိက Richard ၏ နှစ်တစ်ရာပြ ည့် အထိမ်းအမှတ် မော်ဒယ်ပေါ်တွင် ရပ်တန့်သွား သည်။ဒေါ်လာ ၁.၅၈ သန်းတန်ဖိုးရှိသည့် ထိုနာရီမှာ ပြည်တွင်း၌ ဝယ်ယူမည်ဆိုပါက ယန် ၁၆ သန်းကျေ ာ် ပေးရမည်ဖြစ်၏။
"လဲ့လဲ့... ဒီနာရီလေး ဘယ်လိုလဲ"
"အစ်ကို့လက်နဲ့ဆို အရမ်းကြည့်ကောင်းမှာပဲ"
လီချန်လဲ့က ပြုံးလျက် ပြန်ပြောလိုက်သည်။
ဆိုင်ဝန်ထမ်းအား ထိုနာရီကို ပြရန် လျူယောင် ပြော လိုက်၏။ဝန်ထမ်းဖြစ်သူက လျူယောင်၏ ပုံစံကို အကဲခတ်ရင်း အနည်းငယ် တုံ့ဆိုင်းနေသော်လည်း လျူယောင်၏ လက်ကောက်ဝတ်ရှိ ၁၅ သန်းကျော် တန် နာရီအား မြင်လိုက်ရသည့်အခါတွင်မူ သူ၏ အ မူအရာက ချက်ချင်း ပြောင်းလဲသွားတော့သည်။
ဒေါ်လာသန်းချီတန် နာရီကို ဝတ်ထားသူက နောက် တစ်လုံး ထပ်ဝယ်ရန် ပြင်နေခြင်းမှာ ထိုဝန်ထမ်း အ တွက်မူ တကယ်ကို အံ့အားသင့်စရာပင်။
"ဒီနာရီကို ယူမယ်" ဟု ပြောကာ လျူယောင်က အ နက်ရောင် ခရစ်ဒစ်ကဒ်အား ထုတ်ပေးလိုက်သည်။ နာရီအား ကြည့်ရှုစစ်ဆေးချိန်မှာ နှစ်မိနစ်ပင် မပြည့် သေးချေ။ဝန်ထမ်းဖြစ်သူမှာ အံ့သြလွန်း၍ ခေတ္တ ကြောင်အသွားပြီးမှ တုန်ရင်သော လက်များဖြင့် ကဒ်အား လှမ်းယူလိုက်ပေသည်။
လျူယောင်သည် ဇိမ်ခံပစ္စည်း၊ အဝတ်အစားနှင့် လ က်ဝတ်ရတနာများစွာအတွက် နောက်ထပ် ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုခဲ့သည်။ညနေစောင်း တွင် ချန်းဟူနှင့် ကျောက်ဟိုင်ဖုန်တို့မှာ လက်ဆောင် ပစ္စည်း အထုပ်အပိုးများစွာဖြင့် ဟိုတယ်သို့ ပြန်ရော က်လာကြသည်။
"ဒေါက် ဒေါက် ဒေါက်"
လျူယောင်ဟိုတယ်သို့ ပြန်ရောက်ပြီး မကြာမီ ချင် ကျိုးက အခန်းတံခါးအား ခေါက်၍ ဝင်လာကာ အ စီရင်ခံလိုက်သည်။
"သူဋေး.. သူဋေးအပြင်ထွက်နေတဲ့ အချိန်မှာ နာမည် ကြီး ပုဂ္ဂိုလ်တွေ အများကြီး လာတွေ့ကြပါတယ်.. ကျွန်တော် အားလုံးကို ပြန်လွှတ်လိုက်ပါတယ်ခဗျ.."
လျူယောင် ခေါင်းညိတ်ရင်း တည်ညိမ်စွာ ပြောလို က်၏။
"အင်း နောက်လည်း လာကြဦးမှာပဲဒါပေမဲ့ အားလုံး နဲ့တွေ့ဖို့ ငါ့မှာ အချိန်မရှိဘူး.."
ဒီလူတွေအားလုံးသည် သူ၏လက်ထဲမှ နည်းပညာ သစ်များကိုလိုချင်တပ်မက်နေကြသူများဖြစ်ကြောင်း လျူယောင် ကောင်းကောင်းသိသည်။
ထို့နောက် ချင်းကျိုးက လေသံအား အနည်းငယ် လျှော့ကာ ထပ်မံ တင်ပြလိုက်၏။
"နောက်ပြီး... ဘလက်မိသားစုက လူလွှတ်ပြီး ဖိတ်စ ာတစ်စောင် ပို့ထားပါတယ် သူဋေး "