← Chapters

ဧရာမ ရေသားရဲကြီး

Vol. 37 Ch. 462

ဧရာမ ရေသားရဲကြီး

Vol. 37 Ch. 462

ဒီရက်ပိုင်းအတွင်း ကျိုးယန်တစ်ယောက်မှာမူ မအား လပ်နိုင်အောင် ဖြစ်နေသည်။

ယူနီဗာဆယ်တာဝါ၏ ရုံးခန်းဆီသို့ နေ့စဉ်နှင့်အမျှ လာရောက်ကြသူများမှာ မပြတ်တောက်တော့ပေ။ တစ်ခါတစ်ရံ တစ်ရက်အတွင်းမှာပဲ အဖွဲ့ပေါင်း နှစ် သုတ် သုံးသုတ်အထိ သူ ဧည့်ခံရ၏။

ဧည့်သည်တစ်စုအား ပြန်လွှတ်လိုက်ရုံရှိသေး ဝန်ထ မ်းတစ်ဦးမှ အခန်းထဲသို့ အလျင်အမြန် ဝင်လာပြန် သည်။

"ဒုဥက္ကဋ္ဌ..လန်မာလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် အဖွဲ့ သားတွေနဲ့အတူ ရောက်နေပါတယ်.."

ထိုလန်မာမော်တော်ယာဉ်အုပ်စုသည် ဂျာမနီနိုင်ငံ၏ နာမည်ကြီး ကားအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ အဆင့်မီကားများ ထုတ်လုပ်သူလည်း ဖြစ်၏။

သို့ ပေမဲ့ ကျိုးယန်ကတော့ တည်ငြိမ်စွာဖြင့် အမိန့် ပေးလိုက်သည်။

"သူတို့ကို ပြောလိုက်ပါ..နောက်ထပ် ခြောက်လ ကြာ မှပဲ ပြည်ပ မှာယူမှုတွေ လက်ခံမယ်လို့.. အခုလော လောဆယ် ပြည်တွင်းဈေးကွက်ကိုပဲ အဓိက ထား မယ်..အထူးသဖြင့် ပြည်တွင်းဖြစ်ကားတွေကို အရင် ပေးမယ်..နောက်မှ ဖက်စပ်လုပ်ငန်းတွေ.. နောက်ဆုံး မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှိတဲ့ကားတွေကို ပေးမယ် လို့ ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါ.."

ထိုဝန်ထမ်းလေး ထွက်သွားသည်ကို ကြည့်ရင်း ကျို းယန်သည် နားထင်အား ခပ်ဖွဖွပွတ်သပ်ကာ သက် ပြင်းချလိုက်မိ၏။ယူနီဗာဆဲလ်လုပ်ငန်းစုသည် ယခု အခါ ကမ္ဘာပေါ်ရှိ ကုမ္ပဏီတိုင်း ဝိုင်းဝန်းမျက်စိကျ နေရသည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပြီ မဟုတ်ပေ လော။

ခဏအကြာမှာတော့ ထိုဝန်ထမ်းလေးမှာ ပြန်ဝင် လာပြီး တစ်ဖက်လူက စိတ်ရင်းမှန်ဖြင့် တွေ့ဆုံခွင့် တောင်းနေကြောင်း ထပ်မံသတင်းပို့လိုက်သည်။

"အား... ခေါင်းကိုက်လိုက်တာကွာ.."

ကျိုးယန် ညည်းညူရင်း ထရပ်လိုက်၏။

"ကဲ... သွားကြတာပေါ့"

တွေ့ဆုံပွဲတွင် လန်မာအဖွဲ့သားများသည် ထင်မှတ် မထားလောက်အောင်ပင် ရိုသေနှိမ့်ချသော အမူအ ရာများ ရှိနေကြ၏။ကျိုးယန်သည် သူ့အား ချီးမွမ်း စကားများ ပြောဆိုသောအခါ သူ၏ ပင်ပန်းသမျှမှ ာလည်း ကြည်နူးမှုအဖြစ် ပြောင်းလဲသွားရသည်။

ယခင်ကဆိုလျှင် ယခုကဲ့သို့သော ကမ္ဘာကျော် ကုမ္ပ ဏီကြီးများက သူ့ရှေ့တွင် ဝပ်တွားလာကြလိမ့်မည် ဟု သူ လုံးဝမတွေးဝံ့ခဲ့ပေ။

အားလုံး၏ ရည်ရွယ်ချက်မှာ အနာဂတ်၏ စွမ်းအ င်သစ်ဟု တင်စားရမည့် ဘက်ထရီအတွက်သာ ဖြစ် ပေသည်။လန်မာဥက္ကဋ္ဌက သူတို့၏ လောင်စာဆီသုံ းကားများအား လျှော့ချပြီး စွမ်း အင်သစ်ယာဉ် များ (EV) ဘက်သို့ အားသွန်ခွန်စိုက် ကူးပြောင်းမ ည့်အကြောင်း အားတက်သရော ရှင်းပြနေသည်။

"မစ္စတာကျိုး... ကျွန်တော်တို့မှာ ဘက်ထရီတွေ အ များကြီး လိုအပ်ပါတယ်.. ခင်ဗျားတို့ဘက်က အား ကောင်းကောင်းနဲ့ ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့် ပါ တယ်ဗျာ.."

ပြောကာ လန်မာဥက္ကဌက မျှော်လင့်ချက်များအပြ ည့်ဖြင့်ကျိုးယန်အား ကြည့်နေသည်။

ကျိုးယန်ကမူ အေးဆေးစွာ ငြင်းပယ်လိုက်၏။

"ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုက အကန့်အသတ် ရှိ ပါတယ်..ဒုတိယစက်ရုံကလည်း ဆောက်တုန်းပဲဆို တော့ နိုင်ငံတကာကို တင်ပို့ဖို့က နောက်ထပ် ခြောက် လလောက် စောင့်ရဦးမှာပါ.."

သို့ပေမဲ့ လန်မာအဖွဲ့က အလျှော့မပေးပေ။

"တကယ်လို့ အခုချက်ချင်းသာ ကျွန်တော်တို့ကို ပေး နိုင်မယ်ဆိုရင် ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ တိုး ပေးဖို့ အဆင်သင့်ပါပဲဗျာ.."

ထိုစကားကြောင့် ကျိုးယန်နှင့်အဖွဲ့သားများက ပြုံးမိ သွားကြ၏။လန်မာသည် ပထမဆုံး ဈေးတိုးပေး သ ည့် ကုမ္ပဏီတစ်ခု မဟုတ်ပေ။အခြားသော ပြည်ပ ကုမ္ပဏီများကလည်း စက်ရုံဆောက်ပေးမည်၊ ရင်းနှီ းမြှုပ်နှံမည် စသဖြင့် မက်လောက်စရာ ကတိများစွ ာ ပေးခဲ့ကြပြီးသားဖြစ်၏။

သို့ပေမဲ့ ကျိုးယန်အတွက်ကတော့ ထိုငွေကြေးပမာ ဏထက် သူ့နိုင်ငံ၏ ဦးစားပေးကဏ္ဍကသာ ပို၍ အ ရေးကြီးနေပေသည်။

.......

တစ်ချိန်တည်းမှာပင် M နိုင်ငံ အလံအားလွှင့်ထူထား သော ဒုံးပျံဖရီးဂိတ် စစ်သင်္ဘောနှစ်စင်းသည် အတ္တ လန္တိတ် သမုဒ္ဒရာပြင်ကျယ်ကြီးထဲတွင် ရွက်လွှင့်နေ သည်။၎င်းတို့သည် ရေငုပ် သင်္ဘောနှိမ်နင်းရေးတွင် ကျွမ်းကျင်သည့် မောင်းသူမဲ့ စစ်သင်္ဘောများ ဖြစ် ကြ၏။

ကောင်းကင်ပေါ်မှာတော့ ရဟတ်ယာဉ်များ ပျံဝဲနေ ကာ ဆိုနာစက်များဖြင့် ရေအောက်မှ အခြေအနေအ ား အမြဲမပြတ် စောင့်ကြည့်နေသော်လည်း စိတ်ပျ က်စရာကောင်းလောက်အောင်ပင် ဘာမှ မတွေ့ရ သေးပေ။

သူတို့၏ အဓိကမစ်ရှင်မှာ သတင်းကြီးနေသော" အ နက်ရောင် ဧရာမရေသားရဲ" အား ရှာဖွေဖျက်ဆီးရန် ပင် ဖြစ်သည်။

သင်္ဘောသားများမှာမူ စိတ်မရှည်မှုများ ပြည့်နှက် နေ၏။

"ဘုရားရေ...ငါတို့ ရက်အတော်ကြာ ရှာနေတာတော င် ဘာအရိပ်အယောင်မှ မတွေ့သေးဘူး ..အဲဒီကော င်က ဘယ်မှာ ပုန်းနေတာလဲကွာ "

ထိုစဉ်မှာပင် သတင်းဆိုးတစ်ခု ရောက်လာသည်။

"အားလုံးပဲ..ခုလေးတင်.. ဗော့ဂ်သင်္ဘောအုပ်စုက ကွ န်တိန်နာ သင်္ဘောကြီးတစ်စင်း တိုက်ခိုက် ခံလိုက်ရ ပါတယ်.."

ဗော့ဂ်သင်္ဘောအုပ်စု ဆိုသည်မှာ ကမ္ဘာ့နံပါတ်တစ် ရေကြောင်းပို့ဆောင်ရေးအဖွဲ့ကြီးဖြစ်ပြီး တန်ချိန် ၂၅ သန်းကျော် သယ်ယူနိုင်သည့် ဧရာမ လုပ်ငန်းစု ကြီးပင် ဖြစ်၏။စစ်သင်္ဘောများသည် အရှိန်အပြည့် ဖြင့် အခင်းဖြစ်ရာနေရာသို့ မောင်းနှင်သွားသော်လ ည်း ရောက်ရှိချိန်မှာတော့ ကွန်တိန်နာသင်္ဘောကြီးမှာ ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားခဲ့ပြီပဲ ဖြစ်သ ည်။

ရေပြင်ပေါ်မှာမူကွန်တိန်နာများနှင့်အသက်ကယ်အင်္ကျီဝတ်ထားသည့် သင်္ဘောသားအချို့သာ မျောနေ တော့သည်။

.......

လျူယောင်နှင့် လီချန်လဲ့တို့သည် တိဗက်သို့ ဆယ် ရက်ကျော်ကြာ ခရီးထွက်ပြီးနောက် ဟွာဟိုင်း မြို့ သို့ ပြန်ရောက်လာခဲ့ကြသည်။လီချန်လဲ့က သူမ ၏ မိဘများရှိရာ ကျင်းဖန်းခရိုင်သို့ ခေတ္တပြန်သွားသော် လည်း လျူယောင်ကမူ အလုပ်ကိစ္စများကြောင့် ကု မ္ပဏီ၏ရုံးခန်းထဲတွင်သာ အချိန်ကုန်ဆုံးနေရသည်။

လျူယောင် တစ်ယောက် အနက်ရောင်ဧရာမရေသာ းရဲ၏ သတင်းများအား ဖတ်ကြည့်ရင်း စိုးရိမ်စိတ် အနည်းငယ် ဝင်လာမိသည်။

"ဒီရေသားရဲက တကယ့်ကို အကြမ်းဖက်ကောင်ပဲ.. စစ်သင်္ဘောရော၊ ကုန်တင်သင်္ဘောရော မရှောင်ဘူး တိုက်နေတာပဲ..ကံကောင်းတာက ဒီကောင်က အတ္တ လန္တိတ်မှာပဲ ရှိနေလို့..ပစိဖိတ်ဘက်ကိုသာ ရောက်လ ာရင် ငါ့သင်္ဘောတွေပါ အန္တရာယ်ရှိနိုင်တယ်" ဟု လျူယောင် တွေးနေမိစဉ်မှာပင်...

"ဒေါက်..ဒေါက်..ဒေါက်”

တံခါးခေါက်သံနှင့်အတူ ကျိုးယန် တစ်ယောက် အ ခန်းထဲသို့ အလန့်တကြား ဝင်လာသည်။

"သူဋေး..သတင်းထူးတစ်ခု ရောက်လာပါတယ် ..အ ခုလေးတင် တောင်ပစိဖိတ်ရေပြင်မှာ တံငါလှေတစ် စင်း တိုက်ခိုက်ခံရပြန်ပြီ.. အသက်ရှင်ကျန်ရစ်သူ တွေရဲ့ ပြောပြချက်အရ အဲဒါက ပေ ၃၀၀ ကျော် ရှည်တဲ့ အနက်ရောင် ဧရာမရေသားရဲကြီးတဲ့..."

လျူယောင် တစ်ယောက် အံ့အားသင့်သွားရ၏။

ခုလေးတင်မှ ပစိဖိတ်ဘက်ကို မလာဖို့ သူ ဆုတော င်းနေခဲ့သော်လည်း ယခုတော့ ထိုသားရဲကြီးက သူ နှင့် နီးကပ်ရာသို့ ရောက်လာခဲ့ပြီလေ။

ကျိုးယန်သည် နံရံရှိ မြေပုံပေါ်တွင် တောင်အမေရိ ကတိုက်၏ တောင်ဘက်စွန်း၊အန္တာတိကတိုက်နှင့် မ လှမ်းမကမ်းမှာရှိသော ရေပြင်တစ်နေရာအား လက် ညှိုးထိုးပြလိုက်၏။

လျူယောင်၏ မျက်လုံးများမှာမူ ချက်ခြင်းဆိုသလို ပင် ကျဉ်းမြောင်းသွားကာ စိုးရိမ်ပူပန်မှုများ အပြည့် ဖြင့် တောင်ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကြီးအား စိုက် ကြည့်နေမိတော့သည်။

All Chapters