မြေအောက်ဂိုဏ်းခေါင်းဆောင်
Vol. 37 Ch. 470
ချင်ကျိုးက ဖိတ်စာအား လျူယောင်ထံသို့ ရိုသေစွာ ကမ်းပေးလိုက်သည်။လျူယောင်ကမူ ဖိတ်စာအား ဖတ်ကြည့်ပြီးနောက် လှောင်ပြုံးတစ်ချက် ပြုံးလိုက် ကာ ပြောလိုက်၏။
"တခြားသူတွေကတော့ ငါ့ကို လာတွေ့ဖို့ တန်းစီနေချိ န်မှာ ဒီ ဘလက်သီအိုဒေါကတော့ စိတ်ဝင်စားဖို့ကော င်းသား.. ငါ့ကို သူ့ဆီလာဖို့တောင် ဖိတ်ရဲသေးတယ်”
ချင်ကျိုးက နယူးယောက်တွင် တာဝန်ကျနေသည်မှ ာ မကြာသေးသော်လည်း ဒေသခံသတင်းများအား ကောင်းကောင်း သိထားသူဖြစ်၏။သူက စိုးရိမ်တ ကြီး သတိပေးလိုက်သည်။
"သူဋေး. ဒီ ဘလက်သီအိုဒေါ ဆိုတဲ့လူက သာမန်လူ တော့ မဟုတ်ဘူးဗျ..သူဋေးသတိထားမှ ရမယ်"
လျူယောင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဒီလူက ဘယ်လိုလူမို့လို့လဲ.."
ချင်ကျိုးက ပြန်လည်ရှင်းပြလိုက်၏။
"သူက ဘလက်မိသားစုရဲ့ ခေါင်းဆောင်ပါသူဋေး. .အပေါ်ယံမှာ ဘီလီယံချီချမ်းသာတဲ့ လုပ်ငန်းရှင်ကြီး လို့ ထင်ရပေမဲ့ တကယ်တော့ နယူးယောက်မြို့ တစ် ခုလုံးရဲ့ မြေအောက်လောကကို စိုးမိုးထားတယ်လို့ သတင်းထွက်နေပါတယ်ခဗျ.."
ထိုစကားအားကြားတော့ လျူယောင် ဂရုမစိုက်စွာ ပင် ရယ်မောလိုက်သည်။
"ဟား..အဲဒါကြောင့်လည်း ဒီလူက ဒီလောက် လေသံ မြင့်နေတာကိုး..ဒေါ်လာဘီလီယံချီ ချမ်းသာတာပဲ ဖြ စ်ဖြစ်..မြေအောက်အဖွဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ် ငါ့ အ တွက်တော့ ဘာမှမဟုတ်ဘူး.. ရီယိုမှာတုန်းကလည်း မြေအောက်ဂိုဏ်းတွေ ငါ့ကို တွန်းထုတ်ဖို့ ကြိုးစားခဲ့ ပေမဲ့ ဘာဖြစ်သွားလဲ သိတယ်မလား"
ပြောပြီးနောက် ဖိတ်စာအား အမှိုက်ပုံးထဲသို့ လျူ ယောင် ပစ်ထည့်လိုက်သည်။
"အဲဒီလူကို ပြောလိုက်... ငါ အလုပ်အရမ်းများနေလို့ လာတွေဖို့..အချိန်မရှိဘူးလို့.."
ချင်ကျိုး ထွက်သွားပြီးနောက် လျူယောင်သည် ဝံပု လွေကြေးစားအဖွဲ့၏ ခေါင်းဆောင် ကျိန်ကန်းအား ဖုန်းခေါ်ကာ ညွှန်ကြားလိုက်၏။
"ငါ အခု နယူးယောက်မှာ.. ဒီနေရာက မြေအောက်ဂို ဏ်းခေါင်းဆောင် ဘလက်သီအိုဒေါ အကြောင်းကို တစ်နာရီအတွင်း စုံစမ်းပေး"
လက်ရှိ ဝံပုလွေကြေးစားအဖွဲ့သည် ယခင်ကထက် များစွာ အစွမ်းထက်နေပြီပဲ ဖြစ်သည်။မျိုးရိုးဗီဇ ပြောင်းဆေးများ သောက်သုံးထားကြသည့် စွမ်းရ ည်မြင့် လူများဖြင့် ဖွဲ့စည်းထားသောကြောင့် ကမ္ဘာ့ ထိပ်တန်း ထောက်လှမ်းရေးအဖွဲ့များနှင့်ပင် ယှဉ်နိုင် သည့် အဆင့်ရှိနေသည်။
ကျိန့်ကန်းသည် တစ်နာရီမပြည့်မီမှာပင် သီအိုဒေါ၏ အချက်အလက်များအား လျူယောင်ထံသို့ ပေးပို့ လိုက်သည်။
ထိုအချက်အလက်များအရ ဘလက်သီအိုဒေါ ဆိုသူ သည် ဗော့ဂ်ရေကြောင်းလုပ်ငန်းစု၏ အဓိကရှယ်ယ ာရှင်ဖြစ်ရုံသာမက သူ့လက်အောက်တွင် ထိပ်တန်း လူသတ်သမားများနှင့် မြောက်ဝံကြီးဟု နာမည်ပြော င် ပေးထားသော လက်ရုံးလေးဦးရှိကြောင်း လျူ ယောင် သိလိုက်ရသည်။
ထိုအချက်အလက်များအား လျူယောင် အေးဆေး စွာ ဖတ်ကြည့်ပြီးနောက် အနားယူရန် ပြင်ဆင်လိုက် ၏။
.....
နောက်တစ်နေ့ နံနက်ပိုင်းတွင် လျူယောင်၊ လီချန်လဲ့ နှင့်ကိုယ်ရံတော်နှစ်ဦးတို့သည် နယူးယောက်မြို့၏ အလှအပကို ခံစားရန် ဟိုတယ်မှ ထွက်လာကြသည် ။နယူးယောက်တွင် ကျောင်းတက်ခဲ့ဖူးသည့် ယာဉ် မောင်း ကျောက်ဟိုင်ဖုန်က လမ်းပြအဖြစ် တာဝန် ယူကာ လျူယောင်တို့အား မန်ဟက်တန်သို့ ခေါ်လာ ခဲ့သည်။
သူတို့သည် ကြယ်သုံးပွင့်အဆင့်ရှိသော ကမ္ဘာ့ထိပ် တန်း အနောက်တိုင်း မီချယ်လင်းစား သောက်ဆိုင် ကြီးတစ်ဆိုင်တွင် နေ့လယ်စာ စားလိုက်ကြ၏။လျူ ယောင်သည် ပိုက်ဆံကို ဂရုမစိုက်ဘဲ အကောင်းဆုံး သော ဟင်းလျာများစွာအား မှာယူကာ ပျော်ရွှင်စွာ စားသောက်ခဲ့သည်။
စားရင်းနှင့်ပင် လျူယောင်က ကျေနပ်စွာ ညွှန့်ကြား လိုက်၏။
"ရှောင်ကျောက်... ဒီဆိုင်က မဆိုးဘူး.. ညနေကျရင် လည်း ကြယ်သုံးပွင့်ထက် မနိမ့်တဲ့ တခြား မီချယ်လ င်းဆိုင်တစ်ဆိုင် ရှာထားလိုက်ဦး.."
စားသောက်ဆိုင်မှအထွက် ကားပါကင်သို့ လျူယော င်တို့ အသွားတွင် လူတစ်စုက သူတို့အား ပိတ်ဆို့ လို က်သည်။ဤလူများသည် ယူနီဖောင်းအပြည့်နှင့် လ ည်စီးများအား သပ်ရပ်စွာ ဝတ်ဆင်ထားသော်လည်း ခန္ဓာကိုယ် တောင့်တင်းလှသောကြောင့် သာမန်လူ များမဟုတ်ကြောင်း သိသာလှသည်။
လီချန်လဲ့သည် ကြောက်လန့်တကြားဖြင့် လျူယော င်၏နောက်တွင် ပုန်းကွယ်လိုက်ရာ သူမ၏ လက်အာ း ပုတ်ကာ လျူယောင် နှစ်သိမ့်လိုက်သည်။
"လဲ့လဲ့..မကြောက်ပါနဲ့.. မင်း.. ဘာမှမဖြစ်စေရဘူး”
လူအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော လူဖြူ က လျူယောင်အား စိုက်ကြည့်ကာ အင်္ဂလိပ်လိုပြော လိုက်သည်။
"မစ္စတာလျူ... ကျွန်တော်တို့ သူဋေးက ခင်ဗျားကို တွေ့ချင်လို့ ဖိတ်ခိုင်းလိုက်ပါတယ်.."
လျူယောင်ကမူ လှောင်ပြုံးပြုံးရင်း ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်၏။
"မင်းတို့သူဋေးက ဘယ်သူလဲ"
"မစ္စတာလျူ လိုက်လာရင် သိရပါလိမ့်မယ်ဗျ.."
"ငါက မလိုက်ချင်ဘူးဆိုရင်ကော.." လျူယောင်က မျက်ခုံးပင့်၍ စိန်ခေါ်လိုက်သည့်အခါ ထိုလူက သူ၏ ခါးကြားထဲမှ ပစ္စတိုအား ပုတ်ပြကာ ခြိမ်းခြောက်သ ည့် လေသံဖြင့် ပြောလိုက်သည်။
"အဲဒါကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်"
ထိုလူတွေအားလုံးမှာ လက်နက်ကိုယ်စီ ပါလာကြသ ည်ကို လျူယောင် သတိထားမိလိုက်၏။လျူယောင် သည် ထိုလူတွေအား ကြောက်ရွံ့ခြင်းမရှိသော်လည် း မည်သူက ဤမျှ သတ္တိကောင်းနေသနည်း ဆိုသ ည်ကို သူ သိချင်သွားသည်။
ထို့ ကြောင့် လျူယောင် ချက်ခြင်းဆိုသလိုပင် အမိန့် ပေးလိုက်၏။
"ရှောင်ကျောက်... လဲ့လဲ့ကို ဟိုတယ် အရင်ပြန်ခေါ် သွားလိုက်..ငါ ချက်ချင်း ပြန်လာခဲ့မယ်"
လီချန်လဲ့ကမူ စိုးရိမ်တကြီးနှင့် တားဆီးရန် ကြိုးစား ချင်သော်လည်း လျူယောင်၏ စိတ်ချလက်ချ အမူ အရာကြောင့် ခေါင်းညိတ့်ပြကာ ကားထဲ၌ လိုက်ပါ သွားပေသည်။
ထိုလူအုပ်စုဘက်သို့ လှည့်၍ အေးဆေး တည်ညိမ် စွာ လျူယောင် ပြောလိုက်၏။
"ကဲ...ငါတို့..သွားကြတာပေါ့.."