အခန်း (၇၃၃-၇၃၅)
Vol. 62 Ch. 733-735
၇၃၃ -
အရိုးဖြူဧကရာဇ် ... ။
အထိမ်းအမှတ် ကျောက်တိုင်၏ မူလကိုသိရှိလိုက်ရသောအခါ ယွီရွှယ်သည် စိတ်လှုပ်ရှားသွား၏။
ကျောက်တိုင်တစ်ခုတည်းမှာပင် သိထင်၏မွေးရာပါအရိုး၊ ပြန်လည်မွေးဖွားခြင်း ရေကန်၏ ကံကြမ္မာကြေးမုံ၊ မြေအောက်ကမ္ဘာ မှန်တမ်း၏ ပြန်လည်မွေးဖွားခြင်း လမ်းစဉ် ခြောက်ပါး သုတ္တန် စသည်တို့ပါရှိနေသည်။
ထို့ကြောင့် ရှေးခေတ်ကတည်းက မှားယွင်းစွာသေဆုံးခြင်းမြို့တော်ကို စောင့်ကြပ် နိုင်ခဲ့သည်မှာ အံ့သြစရာမရှိတော့ချေ။
“ ဘယ်သူလဲ ... ။ ”
ရုတ်တရက် သတ္တုပွတ်တိုက်သံကဲ့သို့ အသံတစ်သံ ဂူအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဂူအတွင်းပိုင်းသည် ကျယ်ပြန့်ပြီး ပျက်စီးခြင်း စွမ်းအားမှာ နေရာအနှံ့တွင် ပျံနှံ့နေ၏။
မဝေးလှသော အရပ်တွင် ကြေးဝါစင်မြင့်တစ်ခုရှိပြီး စုတ်ပြတ်နေသော သံချပ်ဝတ်အရိုးစုတစ်ခု ထိုင်နေ၏။
အရိုးစုသည် နှင်းကဲ့သို့ဖြူဖွေးပြီး ကြည်လင်နေကာ ဗလာမျက်လုံးအိမ်များတွင် ရွှေရောင်နတ်ဘုရားမီးလျှံများ လောင်ကျွမ်းနေသည်။
စုတ်ပြဲနေသော သံချပ်ဝတ်ပေါ်တွင် မရေမတွက်နိုင်သည့် ဓားများ၊ လှံများ၊ လက်နက်များ၏ အမှတ်အသားများ ရှိနေခဲ့၏။
ပျက်စီးခြင်းစွမ်းအားသည် အရိုးများကြားတွင် မြွေများကဲ့သို့သွားလာနေပြီး ထူးဆန်းကြောက်မက်ဖွယ် ကောင်းသည်။
စုရီနှင့် ယွီရွယ်ကို မြင်သောအခါ အရိုးစုကြီးသည် ရုတ်တရက် ခေါင်းမော့လျက် မေးမြန်းလာခြင်းဖြစ်၏။ ပြင်းထန်ပြီး အေးစက်သော ကြောက်စရာကောင်းသည့် လွှမ်းမိုးမှုတစ်ခု ပျံ့နှံ့လာချေပြီ။
ဂူအတွင်းပြည့်နှက်နေသော ပျက်စီးခြင်းစွမ်းအင်များသည် ပွက်ပွက်ဆူကာ တဟုန်ထိုးမြင့်တက်လာ၏။
ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေကြောင်း ယွီရွယ်နားလည်လိုက်သည်။
ဤအရိုးစုစွမ်းအားသည် အလွန်ကြီးမားသောကြောင့် သူမကိုယ်တိုင်ပင် ခြိမ်းခြောက်ခံလိုက်ရ၏။
“ နားထောင်ခြင်းကျမ်းလား ... ။ ”
အရိုးစုသည် ရုတ်တရက်အံ့အားသင့်စွာ စုရီလက်ထဲရှိ ကြေးဝါတံဆိပ်ကိုကြည့်သည်။
“ မင်းက ဝိညာဉ်တာအိုနယ်ပယ်နဲ့ ဒီကို အသက်ရှင်လျက် ရောက်လာနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး ... ဒီခေတ်မျိုးဆက်တွေရဲ့ ညလူလား။ ”
ဓားများတကျွီကျွီမြည်သံကဲ့သို့ အသံမျိုးမြည်ဟည်းလျက် အရိုးစုကြီးက မတ်တပ်ထရပ်လာသည်။ မြင့်မြတ်သော နတ်ဆိုးတစ်ပါး၏ ခမ်းနားထည်ဝါသော တည်ရှိမှုမျိုးပေပင်။
“ အဲဒီကျီးလေးက ... မင်းကို လာမရှာဘူးထင်တယ် မဟုတ်ရင် ငါဘယ်သူလဲ ဆိုတာ မင်းခန့်မှန်းမိမှာသေချာပါတယ်။ ”
“ ဟုတ်လား ဒါဆို မင်းဘယ်သူလဲဆိုတာ ငါသိချင်တယ် ကောင်လေး။ ”
အရိုးစုမှ မထီမဲ့မြင်ပြုကာ ပြောကြားလိုက်သည်။ ဝိညာဉ်တာအိုနယ်ပယ် ပုရွက်ဆိတ်တစ်ကောင်သည် နတ်ဘုရား တစ်ပါးကဲ့သို့ ဟန်ဆောင်ဝံ့ သည်လော။ ရယ်စရာကောင်းချေမည်။
“ သူက အရိုးဖြူဧကရာဇ်လား။ ”
ယွီရွယ်မှ မမေးဘဲ မနေနိုင်တော့ချေ။ စုရီကခေါင်းညိတ်ပြလိုက်သည်။
“ ဟုတ်တယ် ... ခေတ်အဆက်ဆက် မရေမတွက်နိုင်တဲ့ ဧကရာဇ်တွေ ဒီနတ်ဘုရား ချိုင့်ဝှမ်းမှာ ကျရှုံးကုန်ခဲ့ကြပေမယ့် ဒီလူကတော့ခြွင်းချက်ပဲ ...
... သူ့ခန္ဓာကိုယ် ပျက်စီးသွားပေမယ့် သူ့ရဲ့ကျင့်ကြံမှုနဲ့တာအိုက အရိုးတွေနဲ့အတူ ဆက်လက် ရှင်သန်နိုင်နေတယ် ...
... ရုပ်ခန္ဓာဧကရာဇ်တွေက တာအိုကို သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သက်သေပြ တတ်ကြတယ် ... ဒီလူက သူ့တာအိုကို ...
... အရိုးတွေထဲမှာ ရေးထွင်းပြီး ရှားပါးတဲ့လမ်းကြောင်းကို ဖန်တီးထားခဲ့တယ် ... ဒါကြောင့်လည်း ပျက်စီးမှုစည်းမျဉ်းတွေက နှစ်ပေါင်းများစွာ တိုက်စားနေပေမယ့် ...
.... ယိုယွင်းမှုမရှိဘဲ ဒီနေ့အထိ အရိုးစုအဖြစ်နဲ့ခေါင်းမာစွာ ရှင်သန်နေနိုင် ခဲ့တာပါ။ ”
ထိုမှတ်ချက်များကြောင့် အရိုးဖြူဧကရာဇ်သည်ပင် အံ့အားသင့်သွားပြီး စုရီထံ ပြန်ကြည့်လိုက်သည်။
“ ဟမ့် ... မင်းရဲ့ဘိုးဘေးတွေက ဒီအကြောင်းကိုပြောပြခဲ့တာ မဟုတ်လား မင်း ငါ့ရှေ့မှာ ကြီးမြတ်သလို ဟန်ဆောင်မနေနဲ့။ ”
စုယီက အရိုးဖြူဧကရာဇ်စကားများကို လျစ်လျူရှုလျက် ယွီရွယ်ထံပြန်လှည့်ကြည့်ကာ၊
“ ငါမင်းကို လျှို့ဝှက်တံဆိပ်တစ်ခု သင်ပေးမယ် မင်းဒီအရိုးအိုကြီးကိုဖိနှိပ်ပါ ငါ နားထောင်ခြင်းကျမ်းနဲ့ စုပ်ယူမယ်။ ”
-ဟု အစီစဉ်ကို ပြောပြလိုက်၏။
“ ကောင်းပြီ ... ။ ”
ယွီရွယ်တစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။ အရိုးဖြူဧကရာဇ်က စိတ်မရှည်တော့ဘဲ၊
“ နေပါဦး ... မင်းတို့က နားထောင်ခြင်းကျမ်းနဲ့ ငါ့ကိုဖမ်းဖို့ ရောက်လာတာလား။ ”
-ဟု မေးသည်။ စုယီမှ ခေါင်းညိတ်၏။
“ မှန်တယ် ... ဒါပေမယ့် စိတ်မပူပါနဲ့ ငါ့ကိစ္စဖြေရှင်းပြီးရင် ငါမင်းကို လွှတ်ပေးမှာပါ။ ”
“ ဟား ဟား ဟား ကောင်းပြီ၊ ငါဒီမှာ နှစ်ပေါင်း (၃၆,၀၁၉)တိုင်အောင် ပိတ်မိနေခဲ့တာ အရမ်းအပြင်ထွက်ချင်တယ် မင်းကသာ ...
... ခွေးဘီလူးစု ချန်ထားခဲ့တဲ့ တံဆိပ်ကိုချိုးဖျက်ဖို့ ကူညီပေးနိုင်ရင် မင်းကို မသတ်ဘူးလို့ ငါအာမခံတယ် ... ဒါပေမယ့် မင်း မလုပ်နိုင်ရင် ဒီနေ့ မင်းကိုငါသတ်မယ်။ ”
အရိုးဖြူဧကရာဇ်မှ အေးစက်စွာ ခြိမ်းခြောက်တော့၏။ ယွီရွယ်ကရယ်ချင်စိတ်ကို ထိန်းထားရဟန်ဖြင့် ပြန်ကြည့်သည်။ စုရီက ပြုံး၏။ ထိုအမူအရာများကြောင့် အရိုးဖြူ ဧကရာဇ်သည် တစ်ခုခုမှားနေသလို ခံစားလိုက်ရပြီး၊
“ မင်းကိုသတိမပေးဘူးလို့ ငါ့ကို အပြစ်မတင်နဲ့ ဒီကြေးဝါစင်မြင့်ကိုခွေးဘီလူးစု ချန်ထားခဲ့တာပဲ ... သူ့ကိုကမ္ဘာကြီးက နတ်ဓားရှင်လို့သိကြတယ် ငါ့အမြင်မှာတော့ ရွံစရာကောင်းတဲ့ ခွေးဘီလူးအိုကြီးပဲ ...
... အမှန်အတိုင်းပြောရရင် ငါဒီမှာ နှစ်ပေါင်းများစွာ အကျဉ်းချခံရတာ အံ့သြစရာ မရှိတော့ပါဘူး ...
... ဒီခွေးဘီလူးစုက အရမ်းစွမ်းတယ် မင်းဒီကိုလာတဲ့ ရည်ရွယ်ချက်ဘာပဲဖြစ်နေပါစေ သူ့ရဲ့တံဆိပ်ကိုဖယ်ရှားဖို့ ငါ့ကိုကူညီနိုင်သရွေ့ ငါအမြဲတမ်းကျေးဇူးတင်ပြီး မင်းကို ပြန်ဆပ်ပါ့မယ်။ ”
“ မင်းပြောလို့ ပြီးပြီလား။ ”
“ ဟမ့် ... ။ ”
အရိုးဖြူဧကရာဇ်က စုရီမေးခွန်းကြောင့် မသက်မသာဖြစ်သွားသည်။ ဤလူငယ်သည် သူ့စကားကို ဂရုမစိုက်ချေ။ မောက်မာလွန်း၏။
“ ယွီရွယ် ... ဒီကျောက်စိမ်းပြားထဲမှာ တံဆိပ်ကိုဖယ်ရှားဖို့ လျှို့ဝှက်နည်းစနစ်ပါတယ်။ ”
စုရီက ယွီရွယ်ထံ ကျောက်စိမ်းပြား တစ်ချပ်ပေးသည်။ ယွီရွယ်မှ ကျောက်စိမ်းပြား ယူပြီး ခဏမျှ ဖတ်ကြည့်ကာ၊
“ ငါအဆင်သင့်ဖြစ်ပြီ။ ”
-ဟု ပြောကြားလိုက်၏။
“ ကောင်းပြီ ... ဒါဆိုစရအောင်။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး အရိုးဖြူဧကရာဇ်က၊
“ ကောင်လေး ငါ့ကိုအပြစ်မတင်နဲ့ ဒီတားမြစ်တံဆိပ်ရဲ့စွမ်းအားကို ထိလိုက်တာနဲ့ ဧကရာဇ်တောင် ပြာဖြစ်သွားလိမ့်မယ်။ ”
-ဟု အော်ဟစ်သတိပေးလိုက်၏။
“ ဝှစ် ... ။ ”
သို့သော် ယွီရွယ်ကပြုံးရယ်လျက် မီးလျှံကျောက်စိမ်းပေတံကို ဆင့်ခေါ်လိုက်ကာ ဘယ်လက်ဖြင့် တံဆိပ်တစ်ခုဖန်တီးသည်။
“ မီးလျှံကျောက်စိမ်းပေတံ ... ။ ”
ထိုမြင်ကွင်းကြောင့် အရိုးဖြူဧကရာဇ် တစ်ယောက် နှလုံးသား တုန်ရင်သွားတော့၏။ နားထောင်ခြင်းကျမ်းသည်ပင် သူ့ကို အံ့အားသင့်စေခဲ့ပြီဖြစ်သည်။
ယခုမူ မြေအောက်ကမ္ဘာဘုရင်၏ တားမြစ်ရတနာများအနက်မှ တစ်ခုဖြစ်သည့် အုပ်စိုးရှင်ရတနာကို မြင်လိုက်ရသောအခါ ဆိုဖွယ်မရှိတော့ချေ။
ဤလူငယ်နှစ်ယောက်သည် မည်သို့သောနောက်ခံမျိုးရှိမည်ကို သိချင်လာ ခဲ့သည်။ ထိုစဉ် ယွီရွယ် လက်ချောင်းများကြား ယှက်နွယ်နေသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။
“ ဟမ့် ... ။ ”
များမကြာခင် မှိန်ဖျော့နေသော ကန့်သတ်စွမ်အားတစ်ခုသည် ရေလှိုင်းများကဲ့သို့ ပျံ့နှံ့လာတော့၏။
“ ဝုန်း ... ။ ”
ထိုလှိုင်းသည် ကြေးဝါစင်မြင့်ကို တိုက်ရိုက်ထိမှန်သွားပြီး မျက်စိကွယ်စေသော အပြာရောင်အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
တကျွီကျွီမြည်လျက် ဓားပုံရိပ်များ အသက်ဝင်လာကာ အရိုးဖြူဧကရာဇ်အပေါ် လှောင်အိမ်တစ်ခုလို ပိတ်လှောင်ပစ်၏။
အရိုးဖြူဧကရာဇ်တစ်ယောက် မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား ချေပြီ။ ဤသည်မှာ တားမြစ်ဓားလှောင်အိမ်ဟု အမည်ပေးထားသော ဓားတံဆိပ်ဖြစ်၏။
ဘီလူးစု၏ အထွတ်အထိပ်ခွန်အားပေပင်။ သက်ရောက်မှုသည် တိုင်းတာ၍ မရဘဲ လျှို့ဝှက် ဆန်းကြယ်မှုများပါဝင်ကာ ပျက်စီးခြင်းစွမ်းအား တို့ဖြင့် ချိတ်ဆက်ထားသည်။
နှစ်ပေါင်းများစွာအတွင်း ဤကန့်သတ်ချက်ကို တစ်ကြိမ်ထက်မက သူ ချိုးဖြတ်ရန် ကြိုးစားခဲ့ဖူး၏။ ခြွင်းချက်မရှိဘဲ ကြိုးစားမှုအားလုံး မအောင်မြင်ချေ။
အကျိုးဆက်အနေဖြင့် အကြိမ်များစွာ သေလုမျောပါးထိုးနှက်ခံရသည်။ ယခုထိုတံဆိပ် အသက်ဝင်လာပြီဖြစ်သဖြင့် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။
အထူးသဖြင့် ထိုမိန်းကလေးသည်သာ ဤကန့်သတ်ချက်ကို မတော်တဆ ပေါက်ကွဲ သွားစေသော် သူ့အရိုးများပြာဖြစ်သွားနိုင်၏။
“ ဒါ ... ။ ”
စိုးရိမ်နေဆဲမှာပင် တားမြစ်တံဆိပ် စွမ်းအားကို မိန်းကလေးက ထိန်းချုပ်နိုင်လိုက် သောကြောင့် မျက်ခုံးပင့်သွားသည်။
မှင်သပ်အံ့အားသင့်နေရာမှ အလွန်ပျော်ရွှင်သွားပြီး အရိုးများ တဆက်ဆက် တုန်ခါလျက် စိတ်လှုပ်ရှားလာတော့သည်။
“ ငါတို့ သူ့ကိုချုပ်နှောင်သင့်လား။ ”
ယွီရွယ်က ဓားတံဆိပ်ကို ဖြေလျော့ပေးပြီးမေးသည်။ သူမ၏မေးခွန်းသည် အရိုးဖြူဧကရာဇ်ကို သတိဝင်လာစေ၏။ စုရီက နားထောင်ခြင်းကျမ်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ကာ၊
“ အရိုးဖြူ၊ ငါမင်းကိုအခွင့်အရေးပေးမယ် နာခံမှုရှိရှိနဲ့ဝင်ပါ မဟုတ်ရင် မင်းဘယ်လောက် ဆိုးရွားတဲ့ ကံကြမ္မာရမယ်ဆိုတာ ငါမသိဘူး။ ”
-ဟု ပြောကြားလိုက်သည်။
အရိုးဖြူဧကရာဇ်က တိတ်ဆိတ်နေ၏။ ရွှေရောင်မီးတောက်နေသော မျက်လုံးများသည် နားထောင်ခြင်းကျမ်းထံကြည့်ပြီး ကောက်ယူ ထွက်ပြေးရန် သွေးဆောင်ခံနေရသည်။
သို့သော် တားမြစ်ဓားလှောင်အိမ်သည် သူ့ပတ်ဝန်းကျင်တွင် ဝန်းရံထားဆဲဖြစ်သည်ကို သတိရလာသောအခါ တွန့်ဆုတ်သွား၏။
ဤတားမြစ်တံဆိပ်ကို ထိန်းချုပ်နိုင်တိုင်းသည် သူ့အပေါ်အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် သူ့ကို နားထောင်ခြင်းကျမ်းသည် ကာကွယ် ပေးနိုင်မည် မဟုတ်ချေ။
“ ကောင်လေး ... မင်းဘယ်သူလဲ။ ”
အရိုးဖြူဧကရာဇ်က ရုတ်တရက် စုရီထံပြန်မော့ကြည့်သည်။ ဤလူငယ်သည် နားထောင်ခြင်းကျမ်းနှင့် ခွေးဘီလူးစု၏ တံဆိပ်ကို နားလည်နေ၏။
“ အခု မင်းရွေးချယ်မှုတစ်ခုလုပ်ဖို့ အချိန်ရောက်ပြီ ငါပြောသလိုပဲ မင်းကူညီသရွေ့ ငါမင်းကို ထွက်ပေါက်တစ်ခုပေးမယ်။ ”
စုရီက အရိုးဖြူဧကရာဇ်မေးခွန်းကို ပြန်မဖြေဘဲ သူပြောလိုသည်များသာ ပြောလိုက် လေသည်။
“ ဟမ့် ... မင်းမှာ ညလူတွေရဲ့ဖျက်ဆီးခြင်း အရှိန်အဝါ မရှိပေမယ့် နားထောင်ခြင်းကျမ်းကို ထိန်းချုပ်နိုင်ပြီး ခွေးဘီလူးစုရဲ့ ...
... တားမြစ် ဓားတံဆိပ် စွမ်းအားကို နားလည်နေတယ် ဒါက မင်းဟာခွေးဘီလူးစုရဲ့ မျိုးရိုး ... ဒါမှမဟုတ် သူ့တပည့် ငါပြောတာ ဟုတ်တယ် မဟုတ်လား။ ”
အရိုးဖြူဧကရာဇ်က သူ့အမြင်ကို အတည်ပြုနိုင်ရန် ကြိုးသားလေသည်။ စုရီခမျာ ပြုံးလိုက်၏။
မျက်မမြင်အဘိုးကြီးနှင့် စွေ့ကျင်းယန်တို့သည်လည်း သူ့ကို အလားတူ ထင်ကြေးပေးခဲ့ဖူး၏။
တစ်ဖက်တွင် စုရီ၏အပြုံးကြောင့် အရိုးဖြူဧကရာဇ်မှာ စိတ်သက်သာရာရသွားပြီး၊
“ မင်းရဲ့ အထောက်အထားတွေကို စောစောစီးစီးသာ ဖော်ပြခဲ့ရင် ရှင်းပြနေစရာ မလိုပါဘူး ငါ့ကိုယ်တိုင် မင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာပါ။ ”
-ဟု ပြောကြားလိုက်၏။
“ ဟမ့် ... သေချာလား။ ”
ယွီရွယ်က သံသယဝင်လာသည်။ လက်ကျန်တံဆိပ်စွမ်းအားကို ထိန်းချုပ်လျက် အရိုးဖြူဧကရာဇ်ထံ စိုက်ကြည့်၏။ အရိုးဖြူ ဧကရာဇ်မှ ခေါင်းညိတ်ပြီး၊
“ ဒီခွေးဘီလူးစုက မုန်းစရာ ကောင်းနေပေမယ့် ဒီလိုအရှက်စရာကောင်းတဲ့ လုပ်ရပ်မျိုး သူလုပ်မှာ ...
... မဟုတ်ဘူးဆိုတာ ငါယုံတယ် ... မင်းတို့ကိုအမိန့်ပေးပြီးတဲ့နောက် တကယ်ပဲ သူ ကတိတည်လိမ့်မယ်။ ”
-ဟု ရှင်းပြလာ၏။ ယွီရွယ်က နားလည်သွားသည်။ အဆုံးတွင် တစ်ဖက်လူ၏ သဘောထား ပြောင်းလဲသွားခြင်းသည် စုရွှမ်ကြွယ်ကြောင့်ဖြစ်၏။
သို့သော် ဤနေရာတွင် ပိတ်မိနေသော အရိုးဖြူဧကရာဇ်သည် သူ ပြောကြားနေသည့် ဘီလူးစုသည် လွန်ခဲ့သောနှစ်ငါးရာကကွယ်လွန် သွားကြောင်း သိရှိပါက ထိုသို့ဆုံးဖြတ်ဝံ့ခြင်း ရှိ၊မရှိ သိချင်လာသည်။
“ ကောင်လေး ... ဖြစ်နိုင်ရင် ခွေးဘီလူးစုကို ငါသူနဲ့တွေ့ချင်နေတယ်လို့ ပြောပေးပါ။ ”
ထို့နောက် အရိုးဖြူဧကရာဇ်က စကားဆုံးသည်နှင့် အလင်းတန်းအဖြစ်သို့ပင် ပြောင်းလဲသွားပြီး နားထောင်ခြင်းကျမ်းထဲ လိုလိုလားလား ဝင်ရောက်သွားခဲ့၏။
“ ဘရူး ... ။ ”
ကြေးဝါရောင် တံဆိပ်မျက်နှာပြင်သည် ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်သော အလင်းနှင့် အရိပ်များ တလက်လက် တောက်ပလာ၏။
များမကြာခင် စုတ်ပြဲနေသော သံချပ်ကာဝတ် အဖြူရောင်အရိုးစုကြီးတစ်ခု ပုံရိပ်ထွက်ပေါ်လာသည်။
“ အရိုးဖြူဧကရာဇ်၊ ရွှမ်ယုအထွတ်အထိပ်အဆင့်၊ နတ်ဘုရားသင်္ချိုင်း တောင်ကြား။ ”
စုရီက လက်ဝှေ့ယမ်းလျက် ကြေးဝါတံဆိပ်ကို ပြန်လည်သိမ်းယူလိုက်သည်။ ထို့နောက် တုန့်ဆိုင်းခြင်းမရှိ လှည့်ထွက်ခဲ့၏။
“ သွားရအောင် ... နောက်ထပ် နတ်ဆိုးအိုကြီးအချို့ကိုဖမ်းဆီးပြီး အကူအညီ တောင်းရမယ်။ ”
ထိုစကားကြောင့် ယွီရွယ်တစ်ယောက် မျက်ခုံးပင့်လိုက်၏။ ဖမ်းဆီးခြင်းဖြင့် အကူအညီ တောင်းခြင်းသည် မည်သို့ကျိုးကြောင်း ညီညွှတ်နေသနည်း။
***
၇၃၄ -
ထောင်ချောက်အတွင်း ပိတ်မိခြင်း။
သက်ရှိများကင်းမဲ့နေသော ဒေသကြီးတစ်ခုတွင် သင်္ချိုင်းဂူအထိန်းအမှတ် ကျောက်တိုင်တစ်တိုင်ရှိ၏။
ကျောက်တိုင်သည် လေးပေကိုးလက်မမြင့်ပြီး လုံးဝမည်းနက်ကာ သာမန်ပုံပေါက်နေသည်။
သို့သော် သူ့ဝန်းကျင်တွင် သန့်ရှင်းပြီး တည်ကြည်သောလေထုများ ပြည့်နှက်နေပြီး ငြိမ်းချမ်းမှုကို အပြည့်အဝ ဖော်ကျူးထား၏။
၎င်းနှင့် ဆယ်ပေအကွာတွင် အနက်ဝတ် ကြေးဝါရောင် အသားအရေဖြင့် လူတစ်ယောက် ညာဘက်ခြေထောက်မြှောက်ပြီး ရှေ့တစ်လှမ်း လှမ်းတက်ရန် ရုန်းကန်နေသည်။
“ ဘုန်း ... ။ ”
ထိုခြေထောက်သည် မြေပြင်ကို ထိလိုက်သောအခါတွင် ဒေသကြီးတစ်ခုလုံး တုန်ခါသွားပြီး ဟန်ချက်ပြန်ထိန်းနိုင်ခင်မှာပင် ပြင်းစွာ ယိမ်းထိုးနေခဲ့၏။
သူ့မျက်နှာပေါ်တွင် ခြေတစ်လှမ်း လှမ်းခြင်းသည် ပင်ပန်းနွမ်းနယ်မှုများခံစားရကာ ဖြူဖျော့လျက် အသက်ရှူမဝဟန်ပေါ်လာသည်။
သို့သော် ဆယ်ပေအကွာရှိ သင်္ချိုင်းကျောက်တိုင်ထံ မော့ကြည့်လိုက်စဉ် စိတ်အားတက်ကြွမှုများ ပြန်ရလာ၏။
ဤလောကတွင် သူဟူသည် နယ်ပယ်တူအတွင်း ပြိုင်ဘက်ကင်းသော ဧကရာဇ်တစ်ပါးဖြစ်သည်။
ဤကျောက်တိုင် ဖိအားသည် ကြောက်စရာကောင်းပြီး ခြေလှမ်းတစ်လှမ်း လှမ်းမတက်နိုင်အောင်ပင် အလွန်ခက်ခဲ နေစေခဲ့၏။
နောက်သို့ ပြန်လှည့်ကြည့်ရာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာများ စွဲထင်နေသည်ကို မြင်နိုင်သည်။
ဤသင်္ချိုင်းကျောက်တိုင်အနား ဆယ်ပေမျှချဉ်းကပ်နိုင်ရန် ကိုးနှစ်နီးပါးကြာရှည် ခဲ့ရသည်။
ထိုကိုးနှစ်တာကာလအတွင်း၌ ကျောက်တိုင်၏ လျှို့ဝှက်ဆန်းကြယ်မှုအပေါ် နားလည်ရန် စိတ်ဝိညာဉ်များစွာကုန်ဆုံးရ၏။ အဆုံး၌ ဆယ်ပေအကွာသို့ လှမ်းနိုင်ချေပြီ။
“ တကယ့်ကို မြေအောက်ကမ္ဘာဘုရင် ချန်ထားခဲ့တဲ့ နတ်ဘုရားလက်ရာတစ်ခုဆိုတာ သေချာနေပြီ ...
... နှစ်တွေ မရေမတွက်နိုင်အောင် ကုန်လွန်ပြီးတာတောင် သူ့ရဲ့အရှိန်အဝါတွေက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေဆဲပဲ။ ”
အနက်ဝတ်လူက လေသံတိုးတိုးဖြင့် ညည်းညူလေသည်။ ထို့နောက် ခရမ်းရွှေရောင် ဘူးသီးတစ်လုံးထုတ်ယူကာ ဆေးပြား တစ်ပြား သွန်သောင်းလျက်မျိုချလိုက်၏။
သူ မထိုင်ဝံ့ချေ။ ထိုင်ချလိုက်ပါက ကြောက်စရာကောင်းသော ဖိအားကြီးကြောင့် ပြန်ထနိုင်တော့မည် မဟုတ်ကြောင်း နားလည်ထား၏။
ထို့ကြောင့် မတ်တပ်ရပ်လျက်ဖြင့် ဆေးပြားကို သန့်စင်ရသည်။ ဤကျောက်တိုင် အနားရောက်သည့် ပထမနှစ်အတွင်း ပေပေါင်း သုံးထောင်သာ ခရီးသွားနိုင်သည်။
ဒုတိယနှစ်တွင် ပေနှစ်ထောင်၊ တတိယနှစ်တွင် ပေတစ်ထောင် အစရှိသည်ဖြင့် ကိုးနှစ်ကြာပြီးနောက် ကျောက်တိုင်နှင့် (၁၀)ပေ အကွာသို့ ရောက်နိုင်ခဲ့၏။
ကျောက်တိုင်နှင့် နီးကပ်လာချိန်၌ ဖိအားသည် မယုံနိုင်အောင် တိုးပွားလာခဲ့သည်။ ယခုပင် ဆက်သွားရန် ခွန်အားကုန်ဆုံးနေသဖြင့် ဆေးပြားအကူအညီ ရယူနေရ၏။
“ ဒီနှုန်းနဲ့ဆိုရင် ပြန်လည် ဖြည့်တင်းခြင်း နတ်ဘုရားအနှစ်သာရဆေးပြား ငါးပြားလောက် ထပ်သုံးပြီးမှသာ ဒီကျောက်တိုင်အနား ရောက်နိုင်မယ်ထင်တယ်။ ”
ဤဆယ်ပေသည် အသိပ်သည်းဆုံး ဖိအားများ၏နယ်မြေဖြစ်၏။ အချိန်သုံးနာရီခန့် လိုပေဦးမည်။ ပြန်လည် ဖြည့်တင်းခြင်း နတ်ဘုရား အနှစ်သာရဆေးပြားများဟူသည် ပြိုင်ဘက်ကင်းဆေးပြားများဖြစ်၏။
တစ်ပြားတည်းဖြင့် သေလုမျောပါး ဒဏ်ရာရရှိနေသော ဧကရာဇ်တစ်ပါးအတွက်ပင် ချက်ချင်း အသက်ပြန်ရှင်စေနိုင်မည်။
တန်ဖိုးမဖြတ်နိုင်ချေ။ ထို့ကြောင့် အသက်ကယ်ဆေးပြားအဖြစ် သဘောထားပြီး သိမ်းဆည်းထားကြသည်။ ယခုမူ ဤကိုးနှစ် အတွင်း ဆေးပြားရှစ်ပြားကိုအသုံးပြုပြီးဖြစ်ပြီး ခြောက်ပြားသာ ကျန်ရှိတော့၏။
“ ဒါပေမယ့် အဲဒီအထိန်းအမှတ် ကျောက်တိုင်ထဲက ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ်ဆိုရင် ငါ့ရဲ့ရတနာတွေအားလုံး စွန့်လွှတ်ရရင်တောင် ထိုက်တန်ပါတယ်။ ”
အနက်ဝတ်လူက အသက်ပြင်းပြင်းရှူလျက်ဖြင့် မျက်လုံးများ ပြန်၍တောက်ပလာ၏။
မှားယွင်းစွာသေဆုံးခြင်းမြို့တော်ကို စောင့်ကြပ်နေသော ဤသင်္ချိုင်း၏တန်ဖိုးအပေါ် မြေအောက်ကမ္ဘာရှိ မည်သူထက်မဆို ပိုသိထားချေ၏။
***
ငရဲဘုံကိုးပါးနယ်မြေသည် မှားယွင်းစွာ သေဆုံးခြင်းမြို့တော်၏ တားမြစ်မြေကိုးခုဖြင့် ယှဉ်နိုင်သောဒေသကြီးဖြစ်သည်။
ငရဲဘုံတစ်ခုစီတွင် ရှေးဟောင်း နတ်ဆိုးများစွာ ရှင်သန်နေထိုင်ကြပြီး အဆုံးမရှိ မွေးဖွားနိုင်နေဆဲပေပင်။ ငရဲဘုံအောက်သို့ ပို၍ နက်ရှိုင်းစွာဆင်းသက်သည်နှင့်အမျှ အန္တရာယ်များ ပိုမိုရင်ဆိုင်ရပေမည်။
ဆဠမမြောက် ငရဲဘုံမှစတင်ကာ နတ်ဆိုးများ၏ခွန်အားသည် ဧကရာဇ်များကို ခြိမ်းခြောက်ရန် လုံလောက်လာ၏။ သို့သော် ဤသည်ကပင် အခွင့်အလမ်းဖြစ်ချေပြီ။
ထိုအရပ်သို့ စွန့်စားသွားလာခြင်းဖြင့် တိုက်ပွဲဝင်စွမ်းအားမြင့်မားကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို မြှင့်တင်ပေးနိုင်မည်။
သည့်ပြင် နတ်ဆိုးများထံမှ မဟာတာအိုအချို့နှင့် ရှားပါးခန္ဓာကိုယ် အပိုင်းအစများလည်း ရရှိနိုင်၏။
သို့သော် ယင်-ယန်လမ်းကြောင်းသည် ပြင်းစွာပျက်စီးသွားသောကြောင့် ဧကရာဇ်များ ဝင်ရောက်ရန် အခွင့်အရေးမရှိတော့သကဲ့သို့ ထွက်ခွာရန်လည်း နည်းလမ်းမရှိချေ။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် ပျက်စီးသွားသော ယင်ယန်လမ်း၌ မကောင်းဆိုးဝါးဝိညာဉ်များနှင့် ဧကရာဇ်အချို့တိုက်ပွဲဖြစ်ပွားနေသည်။
နတ်ဆိုးများသည် ဒီရေလှိုင်းများကဲ့သို့ အဆုံးမဲ့လှိမ့်ဝင်လာနေပြီး ၎င်းတို့ရောင်ဝါသည် ကောင်းကင်၌ တိမ်ညိုများအဖြစ် ရစ်သိုင်းနေ၏။
တစ်ဖက်တွင် ဧကရာဇများ၏ တောက်ပသောရတနာများသည် အဖျက် စွမ်းအားများ ထုတ်လွှတ်ပြီး အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကားနေသည်။
“ ဘောင်း ... ။ ”
“ ဝူး .... ။ ”
လက်နက်ပိုင်ရှင် ဧကရာဇ်များမှာ ကြီးမားသော တန်ခိုးတော်များ ပြသလျက် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြင်းထန်လာသည်။
နတ်ဆိုးသားရဲများနှင့် မကောင်းဆိုးရွားများသည် မျက်စိတဆုံး ပြည့်နှက်နေပြီး အရှိန်အဝါသည် ကောင်းကင်ကို ကြေမွစေကာ တောင်နှင့်မြစ်များအပေါ် သက်ရောက်မှုပေး၏။
“ ဒြပ်စင်နှစ်ပါး နတ်ဘုရားတောင်ကို ဆုတ်ခွာကြရအောင် ... ငါတို့ကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးတာ ခွင့်မပြုနိုင်ဘူး။ ”
အားနည်းသော ဧကရာဇ်အချို့မှာ နတ်ဆိုးများ၏ အရှင်ဖမ်းဆီးခြင်းခံနေသဖြင့် အမျိုးသမီးတစ်ဦးက အော်ဟစ်အမိန့်ပေး၏။
ဤသည်မှာ နတ်မီးတောက် နန်းတော်မှ ဖုန်ယွင်ကျစ်ဖြစ်ပြီး ရွှမ်ယုအဆင့် ခွန်အားများ အပြည့်အဝပြသလျက် တိုက်ပွဲအပေါ် ဦးဆောင်ခဲ့သည်။
သူမ၏ ဝတ်ရုံစတွင် သွေးများ စွန်းထင်းနေပြီး ဆံပင်ရှည်များ ဖရိုဖရဲဖြစ်နေ၏။ ကျက်သရေရှိသော ရောင်ဝါပင် ပြိုကျလု နီးပါးဖြစ်လာနေသည်။
သူမ၏ ဓားရည်ရွယ်ချက်သည် ကောင်းကင်ကို လောင်ကျွမ်းစေပြီး ကမ္ဘာမြေထံ ဖျက်ဆီးနိုင်သည့် စွမ်းအားမျိုးရှိသောကြောင့် မရေမတွက်နိုင်သော မကောင်းဆိုးဝါး ဝိညာဉ်များကို အမှုန့်ချေနိုင်ခဲ့၏။
“ မြန်မြန် ... ။ ”
သို့သော် ယခုအချိန်၌ မဝေးလှသော တောင်တန်းကြီးတစ်ခုပေါ်သို့ ဆုတ်ခွာရန်သာ ရွေးချယ်လိုက်ရတော့သည်။ ဤတောင်သည် ယင်ယန်လမ်း၏ ဝင်ပေါက်ဖြစ်၏။
မှားယွင်းစွာ သေဆုံးဆုံးခြင်းမြို့တော်၏ မူလစည်းမျဉ်းများသည် တောင်တန်းကြီးအနှံ့ ဖုံးလွှမ်းနေကာ မကောင်းဆိုးဝါးဝိညာဉ်များကို နှိမ်နင်းပေးသည်။
သည့်ပြင် ငရဲဘုံကိုးပါးမှ နတ်ဆိုးများထွက်လာခြင်း မပြုနိုင်အောင်လည်း ကာကွယ်ပေး၏။ ထို့ကြောင့် ဖုန်ယွင်ကျစ်တို့ အတွက် တစ်ခုတည်းသော ခိုလှုံရာအရပ် ဖြစ်လာခဲ့သည်။
သို့တိုင်လမ်းခရီးတွင် နောက်ထပ် ဧကရာဇ်နှစ်ပါး ဖမ်းဆီးခံလိုက်ရသေးသည်။ ဖုန်ယွင်ကျစ်သည်ပင် ကယ်တင်နိုင်ခြင်းမရှိချေ။ သူမက အမှောင်ညကျေးကျွန်သုံးပါးကို ဖြတ်သန်းကာ ဆုတ်ခွာနေရခြင်းဖြစ်၏။
ထိုကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးများသည် ရွှမ်ယုဧကရာဇ်များ ထက်ပင် သာ၍ အစွမ်းထက်ချေပြီ။
၎င်းတို့ပေါင်းစပ် တိုက်ခိုက်မှုသည် သူမကဲ့သို့အစွမ်းအထက်ဆုံး ဧကရာဇ်ကိုပင် ကြီးမားသောဒုက္ခပေးနိုင်၏။
နောက်ဆုံးတွင် သူမ၏အသက်ကယ် ဝှက်ဖဲများ၏ စွမ်းအားကြောင့်သာလျှင် ဝိုင်းရံမှု အတွင်းမှ ဖောက်ထွက်နိုင်ခဲ့သည်။
နာရီဝက်ခန့်သာ ကြာမြင့်သော်လည်း ဤတိုက်ပွဲသည် ရှုံးနိမ့်မှုဖြင့် ဆုတ်ခွာခဲ့ရသည်။ ဧကရာဇ်နှစ်ဆယ်ကျော်အထိ သူမတို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး ခုနစ်ဦးသာလွတ်မြောက်၏။
ဒြပ်စင်နှစ်ပါး တောင်ထိပ်ပေါ် ရောက်သည်နှင့် ယွင်စုန့်ကျိမှ အသက်ပြင်းပြင်း ရှူလိုက်သည်။ ဆုတ်ခွာလာခဲ့ခြင်းနှင့်အတူ တိုက်ပွဲသည် ယာယီပြီးဆုံးသွားပြီဖြစ်၏။
သို့သော်လည်း ယင်ယန်တောင်ကြီး တစ်ခုလုံးကို ထိုမကောင်းဆိုးဝါးဝိညာဉ်များ၏ စစ်တပ်ကြီးက ဝန်းရံထားသည်။
အရေအတွက်မှာ အလွန်များပြားပြီး ကောင်းကင်နှင့် မြေကြီးကြား မျက်စိတဆုံးပင် ပြည့်နှက်နေ၏။ ၎င်းတို့ထဲတွင် ဧကရာဇ်များနှင့် ယှဉ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များလည်းပါဝင်သည်။
အစွမ်းထက်ဆုံးမှာ ငရဲနတ်ဘုရားနန်းတော် လက်အောက်ခံ မကောင်းဆိုးဝါးကျင့်ကြံသူများ ဖြစ်လေသည်။ အမှောင်ညကျေးကျွန်များနှင့် ငရဲကျီးကန်းကဲ့သို့ ပုဂ္ဂိုလ်များသည်လည်း ရောက်ရှိနေပြီဖြစ်၏။
ကောင်းကင်နှင့် မြေကြီးတုန်ခါသွားပြီး တောင်များနှင့်မြစ်များသည် ခြောက်သွေ့လျက် သွေးများ၊ မီးခိုးများ ပြည့်နှက်နေတော့သည်။
ကျန်ရှိနေသော ဧကရာဇ်များသည် စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းရှိုက်လိုက် ကြလေသည်။
“ ငါတို့အားလုံးက လူမိုက်တွေပဲ ... ယင်ယန်လမ်း ပျက်စီးမှုဟာ ထောင်ချောက် တစ်ခုဆိုတာ မသိခဲ့ဘူး။ ”
ဖုန်ယွင်ကျစ်က အေးစက်စွာဖြင့် ညည်းတွားလိုက်သည်။ လူတိုင်း၏မျက်နှာတွင် အမူအရာများ ပြောင်းလဲသွား၏။ သူတို့၏ နှလုံးသားများ လေးလံလာချေပြီ။
ယနေ့ညတွင် ယင်ယန်လမ်းကို ထိုးဖောက်ဝင်ရောက်ကာ ငရဲဘုံကိုးပါးအတွင်း ပိတ်မိနေသော တပည့်များအပေါ် ကယ်တင်ပေးရန် ကြိုးစားခဲ့၏။
သို့သော် ယင်ယန်တောင်တန်းကို ရောက်ရှိသည်နှင့် ဝိုင်းရံပိတ်ဆို့ခြင်းခံရမည်ဟု မမျှော်လင့်ထားချေ။
“ ငါတာအိုစု စကားကို နားထောင်သင့်တယ်။ ”
လုချောင်မင်က နောင်တရသွားသည်။
“ အစ်ကိုလု မင်းဘာပြောချင်တာလဲ။ ”
ယွင်စုန့်ကျိမှ မေးမြန်းလာ၏။ ကျန်သူများသည်လည်း စိတ်ဝင်စားကုန်သည်။ လုချောင်မင်က ကူကယ်ရာမဲ့စွာ ပြုံးပြီး၊
“ မနေ့ညက တာအိုစုနဲ့တွေ့တော့ ယင်ယန်လမ်းပျက်စီးမှုဟာ ထောင်ချောက်လို့ သူ ငါ့ကိုသတိပေးခဲ့တယ် ... ဝင်မရှုပ်ဖို့လည်း အကြံပေးတယ်။ ”
... ဒါပေမယ့် ငါတို့မဟာမိတ်အင်အားစုနဲ့ အန္တရာယ်တိုင်းကို ဖြေရှင်းနိုင်မယ်လို့ ထင်ခဲ့ပြီး သူ့အကြံဉာဏ်ကို ငါ စိတ်ထဲမထားခဲ့ဘူး။ ”
-ဟု ပြန်ဖြေသည်။
“ အစ်ကိုလု ... မင်းဘာလို့ အစောကြီး မပြောရတာလဲ။ ”
တစ်စုံတစ်ယောက်က ဒေါသတကြီးနှင့် မေးမြန်းလာ၏။ လုချောင်မင်က ထိုသူထံသို့ ပြန်လှည့်ကြည့်ကာ၊
“ ငါပြောခဲ့ရင်ရော ... မင်းတို့က နားထောင်ကြမှာလား။ ”
-ဟု တုန့်ပြန်လိုက်လေသည်။ လူတိုင်း တိတ်ဆိတ်သွားပြီး အတွေးများရှုပ်ထွေးကုန်၏။ ဤသည်မှာ အမှန်ပေပင်။ သူတို့ကဲ့သို့ ဧကရာဇ် (၂၀)ကျော်သည် ပြင်ပကမ္ဘာတွင် မည်သည့် အင်အားစုကိုမဆို ဖိအားပေးနိုင်၏။
ထို့ကြောင့် ဤမတိုင်မီဆိုသော် စုရီစကားများကို သူတို့သည်လည်းလိုက်နာမည် မဟုတ်ချေ။
“ တာအိုမိတ်တွေတို့ ... မင်းတို့မှာ အညံ့ခံဖို့ဆန္ဒရှိနေရင် ထွက်ပေါက်တစ်ခု ပေးမယ်လို့ ငါအာမခံတယ်။ ”
ရုတ်တရက် ချိုမြိန်သော အသံနှင့်အတူ အနက်ရောင်သင်္ကန်းဝတ်ထားသည့် ဘုန်းကြီး တစ်ပါးလှမ်းတက်လာခဲ့သည်။
***
အခန်း ၇၃၅ -
ယင်-ယန်တောင်သို့ ... ။
ဤသည်မှာ အပြစ်ဘုန်းကြီးဖြစ်သည်။ ဖုန်ယွင်ကျစ်၊ ယွင်စုန့်ကျိနှင့် တခြားသူများ၏ မျက်နှာအမူအရာများ မရေမရာဖြစ်လာ၏။
“ ငါတို့လို ဧကရာဇ်တွေက ရှင်ခြင်းနဲ့ သေဆုံးခြင်းကို လျစ်လျူရှုထားတယ် ဒီလို ခြိမ်းခြောက်တိုင်း ကြောက်မယ်ထင်နေလား မင်းအိပ်မက် မက်နေတာပဲ။ ”
ဖုန်ယွင်ကျစ်မှ အေးစက်စွာ တုန့်ပြန်ပြောကြားလိုက်၏။ အပြစ်ဘုန်းကြီးက အနည်းငယ်ပြုံးပြီး၊
“ မဟုတ်ဘူး ... မင်းတို့ကို မသတ်ပါဘူး အသက်ရှင်လျက်ပဲလိုချင်တာ မင်းတို့သေရင် ငါတို့အတွက် ဘာအကျိုးမှ မရှိဘူး။ ”
-ဟု တုန့်ပြန်ပြောကြားလာသည်။
ဖုန်ယွင်ကျစ်နှင့်အဖွဲ့မှာ မျက်မှောင်ကြုတ် လိုက်ကြ၏။ အပြစ်ဘုန်းကြီး၏ စကားများသည် ကျောရိုးတလျှောက် အေးစက်လာစေသည်။
ဆိုလိုသည်မှာ သူတို့ကို အသက်ရှင်လျက် ဖမ်းခြင်းသည် အခြားအစီအစဉ်များ ရှိကြောင်း သေချာစေ၏။ ယင်းသည် သေခြင်းထက် ပို၍ ဆိုးရွားနေမည်မှာ ပြောစရာမလိုချေ။
“ ကောင်းပြီ ... ငါရိုးသားမယ် ... ဒီဒြပ်စင်နှစ်ပါးနတ်တောင်ရဲ့ စည်းမျဉ်းတွေက မကောင်းဆိုးဝါးဝိညာဉ်တွေကို ထိန်းချုပ်နိုင်ပေမယ့် ...
... ငါတို့လို ငရဲနတ်ဘုရားနန်းတော်ရဲ့ တပည့်တွေကို ခြိမ်းခြောက်မှု မပေးနိုင်ပါဘူး ... အခု မင်းတို့ကို ဆုတ်ခွာခွင့် ပေးထားတာက ထွက်ပေါက်အနေနဲ့ပဲ ...
... တနည်းအားဖြင့် မင်းတို့သေတဲ့အထိ တိုက်ခိုက်လာမှာ မလိုလားတာမို့ နောက်ဆုတ် စရာ နေရာရှိလာအောင် ချန်ထားတာပါ။ ”
ထိုစကားကြောင့် ဒြပ်စင်နှစ်ပါး နတ်တောင်ပေါ်ရှိ ဧကရာဇ်များမှာ တုန်ယင် ကုန်တော့သည်။
“ ဟမ့် ... ဒါဆို မင်းစမ်းကြည့်နိုင်တယ် ဒီအတွက်ကြီးမားတဲ့ တန်ဖိုးတစ်ခု မင်းတို့လည်း ပေးဆပ်ရလိမ့်မယ်။ ”
ဖုန်ယွင်ကျစ်က အံကြိတ်လျက် သတ်ဖြတ်လိုသောဆန္ဒများ ထုတ်ဖော်လိုက်ကာ ပြောကြားလိုက်၏။
အပြစ်ဘုန်းကြီးက မျက်မှောင်ကြုတ် လိုက်သည်။ ထိုအချိန်တွင် ငရဲကျီးကန်းသည် အပြစ်ဘုန်းကြီးကို ဟန့်တားလျက် ရုတ်တရက် အေးစက်စက် ဝင်ပြောလာ၏။
“ ငါမင်းတို့ကို စဉ်းစားဖို့ မိနစ်သုံးဆယ် အချိန်ပေးမယ် အဲဒီအချိန်နောက်မှာ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့။ ”
သူ့အသံထွက်လာသည်နှင့် အရပ်မျက်နှာအားလုံးတွင် ပြည့်ကျပ်နေသော မကောင်းဆိုးဝါးဝိညာဉ်များသည် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြတော့သည်။
ကောင်းကင်ပေါ်တွင်မူ ငရဲနတ်ဘုရားနန်းတော်၏ ဧကရာဇ်တစ်စုသည် လေထဲပျံဝဲလျက် လမ်းကြောင်းတိုင်းကို ပိတ်ဆို့လိုက်ကြတော့၏။
သူတို့၏ သတ်ဖြတ်လိုစိတ်သည် သိသိသာသာထင်ရှားသည်။ အပြစ်ဘုန်းကြီးက လက်နှစ်ဖက်နောက်ပို့လျက် တိတ်ဆိတ်စွာ စောင့်မျှော်နေခဲ့၏။
ကောင်းကင်နှင့် မြေကြီးကြား သေမင်းတမန်လို တိတ်ဆိတ်မှု လွှမ်းမိုးနေခဲ့ပြီး ဖိနှိပ်ချုပ်ချယ်လွန်းသော လေထုကြောင့် အသက်ရှူရခက်ခဲလာသည်။
ဒြပ်စင်နှစ်ပါး နတ်တောင်ပေါ်တွင် ဖုန်ယွင်ကျစ်နှင့် အခြားသူများသည် မရေမရာ ခံစားချက်များဝင်လာပြီး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။
“ လူတိုင်း ... ဒီကိစ္စကို စဉ်းစားစရာမလိုပါဘူး ငါတို့ကိုအသက်ရှင်လျက် ဖမ်းမိသွားရင် သေခြင်းထက်ဆိုးတဲ့ ကံကြမ္မာကို ခံစားရမယ်ဆိုတာ သေချာပါတယ်။ ”
ဖုန်ယွင်ကျစ်က သူမဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် သတိပေးလိုက်သည်။ ထို့နောက် တိုက်ပွဲဝင်ဆန္ဒများ တောင်လောင်လာပြီး၊
“ ငါ့အမြင်အရတော့ မင်းတို့အားလုံး ငါနဲ့အတူသေတဲ့အထိ တိုက်ပွဲဝင်သင့်တယ် ဒီလိုနည်းနဲ့ လူယုတ်မာအနည်းငယ်ကို ခေါ်သွားနိုင်ပါလိမ့်မယ်။ ”
“ ကောင်းပြီ ... အဲဒီလိုလုပ်ကြရအောင်။ ”
ယွင်စုန့်ကျိမှ သဘောတူလိုက်သည်။ ကျန်သူများ အားလုံးသည်လည်း ခေါင်းညိတ်၏။ ဤတစ်ကြိမ်တွင် အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးကြောင်း လူတိုင်းသိထားသည်။
ဖုန်ယွင်ကျစ်ပြောသလိုပင် သေမည့်နောက်တွင် လူအနည်းငယ်ကို အတူ ခေါ်သွားရပေမည်။
“ လူတိုင်း၊ ဘာလို့ ဒုက္ခခံချင်ကြတာလဲ ... မင်းတို့သေချင်ပေမယ့် ငါမင်းတို့ဆန္ဒအတိုင်း လုပ်ခွင့်မပေးဘူး။ ”
ဤမြင်ကွင်းကြောင့် အပြစ်ဘုန်းကြီးမှ သက်ပြင်းချကာ ညည်းတွားလိုက်၏။ ထိုစဉ် အေးစက်သော လှိုင်းတစ်ခု တိုခတ်လာသဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
“ သတိထား ... ။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
ရုတ်တရက် အန္တရာယ်ရှိသော အငွေ့အသက်ကို နီးကပ်စွာခံစားလိုက်ရသဖြင့် ယဇ်ပုရောဟိတ်တစ်ပါးက အော်ဟစ် သတိပေးလိုက်သည်။
သို့သော် နောက်ကျသွား၏။ ရွှမ်ကျောက် အလယ်အလတ်အဆင့် ကာကွယ်သူတစ်ဦးမှာ ခန္ဓာကိုယ်အပိုင်းပိုင်းကွဲလျက် မီးလျှံများ လောင်ကျွမ်းခြင်းခံလိုက်ရသည်။
အနီးအနားတွင် ရပ်နေသော မကောင်းဆိုးဝါးဝိညာဉ် ရာပေါင်းများစွာပင် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဤမြင်ကွင်းသည် မကောင်းဆိုးရွားများကို ချက်ချင်းရုတ်ရုတ်သဲသဲ ဖြစ်လာစေတော့သည်။ မရေမတွက်နိုင်သော မျက်ဝန်းများသည်လည်း ထိုအရပ်ထံ လှည့်ကြည့်လာ၏။
အမှောင်ရိပ်အတွင်းမှ လူတစ်စု ထွက်ပေါ်လာသည်။ အစိမ်းရောင်ဝတ် လူငယ် တစ်ယောက်မှ လက်နှစ်ဖက်နောက်ပို့ကာ အဖွဲ့ကို ဦးဆောင်နေ၏။
“ တာအိုစု ... ။ ”
“ ဆရာစု ... ။ ”
လုချောင်မင်နှင့် ယွင်စုန့်ကျိတို့က မျက်လုံးပြူးသွားသည်။ စုရီ၏ ရဲစွမ်းသတ္တိကို သိရှိနားလည်သော်လည်း ဤသည်မှာ အန္တရာယ်များသော လုပ်ရပ်ပေပင်။
လက်ရှိအချိန်၌ ငရဲနတ်ဘုရား နန်းတော်သည် သူ့အင်အားစုများအားလုံးကို ခေါ်ဆောင်ရောက်ရှိနေပြီဖြစ်သည်။
ငရဲကျီးကန်း၊ ယဇ်ပရောဟိတ်ငါးဦး၊ ကာကွယ်သူဆယ်ဦးနှင့် အမှောင်ညအစေခံ သုံးဦး အပါအဝင် မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များရှိနေ၏။
သည့်ပြင် တားမြစ်နယ်မြေများမှ အညံ့ခံလာသော မကောင်းဆိုးဝါးကြီးများလည်း ရှိနေသေးသည်။
ထို့ကြောင့် ရွှမ်ယုဧကရာဇ်ငါးပါး ဦးဆောင်သည့် သူတို့အဖွဲ့မှာ လွတ်မြောက်ရန် မျှော်လင့်ချက်နည်းပါးနေခဲ့ခြင်းဖြစ်၏။
ဤအခြေအနေတွင် ဝိညာဉ်တာအိုနယ်ပယ်လူငယ် တစ်ယောက်မှ လုပ်နိုင်စရာများစွာမရှိချေ။
“ စိတ်အေးအေးထားကြ ဆရာစုက ကောင်းကင်ကိုစိန်ခေါ်နိုင်တဲ့ စွမ်းအားရှိတယ် ဆိုတာ မမေ့ပါနဲ့ ... ငါတို့ဂိုဏ်းရဲ့ ဘိုးဘေး မိုဝူဟန်တောင် သူ့ကိုအလွန်လေးစားတယ် ...
... ဒါ့အပြင် ညလူက သူ့ကို မိတ်ဆွေဟောင်းအဖြစ် သတ်မှတ်ထားတယ် ဒါ သူသာမန်လူ မဟုတ်ဘူးဆိုတာ ပြနေတာပဲ။ ”
လုချောင်မင်က လေးနက်စွာပြော၏။
“ အရေးကြီးဆုံးက ဆရာစုက မိုက်မဲသူ မဟုတ်ပါဘူး ... ဒီကို ရဲရဲဝံ့ဝံ့ လာရဲတဲ့အတွက် သူ့မှာ ဝှက်ဖဲရှိရမယ်။ ”
ထိုစကားများသည် အခြားသော ဧကရာဇ်များကို တိတ်ဆိတ်သွားစေတော့သည်။ သို့သော် မျှော်လင့်ချက် မမြင်ချေ။ တစ်ဖက်တွင် ငရဲကျီးကန်းသည် စုရီကိုစိုက်ကြည့်ပြီး၊
“ စွေ့မိသားစုက ကောင်လေး၊ နောက်ဆုံးတော့ မင်းရောက်လာပြီ ငါမင်းကို ဒီမှာအကြာကြီးစောင့်နေခဲ့ရတာ။ ”
-ဟု နှုတ်ဆက်လိုက်၏။
စွေ့မိသားစုဟူသော အမည်ကြောင့် လုချောင်အင်နှင့်အဖွဲ့သည် အံ့အားသင့်သွား၏။ စုရီသည် စွေ့မိသားစုမှ မည်သို့ဖြစ်နိုင်မည်နည်း။ ငရဲကျီးကန်းနှင့် သိနေသည်လော။ ၎င်းတို့ကြား အထင်လွဲမှားမှု တစ်ခုခု ရှိနေပုံပေပင်။
တစ်ဆက်တည်းမှာပင် ငရဲကျီးကန်း၏ မျက်လုံးများတွင် အမုန်းတရားများလောင်မြိုက် လာတော့၏။ စုရီကို သတ်ဖြတ်ချင်စိတ်များ တိုးပွားလာချေပြီ။
ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားပြီး ကြောက်မက်ဖွယ် ကပ်ဘေးတာအိုစွမ်းအားက စုယီနှင့်သူ့အဖွဲ့အပေါ် ဖုံးလွှမ်းသွားသည်။
“ ရပ်လိုက်စမ်း ... ။ ”
စုယီက လျစ်လျူရှုပြီး ယင်ယန်တောင်တန်းပေါ်သို့ လျှောက်လှမ်းနေ သဖြင့် မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်က ပြေးထွက်လာပြီး ဟန့်တားလေသည်။
“ ရွှပ် ... ။ ”
ယွီရွယ်က အေးစက်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ပေတစ်ထောင်ရှည်သော ဓားအလင်းတစ်လက် ပြေးထွက်သွား၏။
ထိုဓားအလင်း ထွက်ပေါ်လာသည်နှင့် လေဟာနယ်သည် ဖြောင့်တန်းသောပြတ်ရှရာ ဖြစ်ပေါ်လာသည်။
ထိုပြတ်ရှရာသည် တရွေ့ရွေ့ ကျယ်ပြန့်လာပြီး မကောင်းဆို ဝါးဝိညာဉ်များကို ချက်ချင်းလောင်မြိုက် ပျက်ပြယ်သွားစေ၏။
“ ဝုန်း ... ။ ”
အဆုံး၌ ဓားအလင်းသည် မြေပြင်ပေါ် ပြုတ်ကျသွားပြီး ဖုန်မှုန့်များပြန့်ကျဲကုန်လျက် ရှည်လျားသော ပြတ်ရှရာကြီး ပေါ်လာသည်။
ပြတ်ရှရာ နှစ်ဖက်ရှိ မကောင်းဆိုးဝါး ဝိညာဉ်များသည် တစ်ကောင်မျှမကျန်တော့ချေ။ ဓားချက်တစ်ချက်ဖြင့် လမ်းကြောင်းတစ်ခု အလွယ်တကူ ထွက်ပေါ်လာ၏။
ထိုသို့ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားသည် မိစ္ဆာအိုကြီးများကို အံ့အားသင့်မှုများ ဖြစ်ပေါ်လာစေသည်။ တုန့်ဆိုင်းတွေဝေကုန်၏။
“ မင်း ... သေလိုက်တော့ ။ ”
စုရီက လက်နှစ်ဖက်ကို နောက်ပို့လျက် လျှောက်လှမ်းနေဆဲပေပင်။ ထိုမြင်ကွင်းအရ ရွှေရောင်ဝတ် လူတစ်ယောက်သည် သည်းမခံ နိုင်တော့ဘဲ ရှေ့သို့လှမ်းတက်လာ၏။
“ နေဦး ... သူတို့ကို ဝင်ခွင့်ပေးလိုက်။ ”
ငရဲကျီးကန်းက ဟန့်တားလိုက်သည်။ ရွှေရောင်ဝတ်လူသည် ချက်ချင်း ရပ်တန့်လျက် ပြန်၍ဆုတ်ခွာသွား၏။
ထို့နောက်တွင် စုရီနှင့်သူ့အဖွဲ့သည် မကောင်းဆိုးရွားများအတွင်း ဖြတ်ကျော်လျက် ယင်ယန်တောင်သို့ ရောက်ရှိသွားလေသည်။ လုချောင်မင်က ချက်ချင်း လှမ်းတက်ကာ စုရီကိုကြိုဆိုလိုက်၏။
“ ဆရာစု ... ငါ့ဂိုဏ်းက တတိယအကြီးအကဲကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားလျှင် စုရီနှင့်အဖွဲ့ရောက်ရှိ လာမှုသည် အမှန်တကယ် ထူးခြားသည့် ရလာဒ်မျိုး ရရှိနိုင်မည်မဟုတ်ချေ။
သို့တိုင် ယွင်လင်းနင်ကို စုရီအဖွဲအတွင်း မြင်လိုက်ရသဖြင့် ယဉ်ကျေးမှုအရ နှုတ်ဆက်ရ သေးသည်။ စုယီသည် အနည်းငယ် ခေါင်းညိတ်ပြပြီး၊
“ ဒီလိုအရိုအသေပေးဖို့ မလိုအပ်ပါဘူး ဒါကတိုက်ဆိုင်မှုပါ ငါငရဲဘုံကိုးပါးဆီသွားရမှာမို့ ယင်ယန်တောင်ကိုလာတာ သဘာဝပါပဲ။ ”
-ဟု ပြောကြားလိုက်၏။
ယွမ်လင်းနင်သည် လမ်းပျောက်နေသဖြင့် သူနောက်လိုက်လာသူဖြစ်သည်။ တစ်ဖက်တွင် သူသည် သစ်ရွက်ကလေးကို ကယ်တင်ရန် ယင်ယန်တောင်သို့ လာခြင်းဖြစ်၏။
ညလူကို ငရဲနတ်ဘုရားနန်းတော်နှင့် ဆက်ဆံရန် ကတိပေးခဲ့သော်လည်း လက်ရှိတွင် တိုက်ဆိုင်မှုသာဖြစ်သည်။
ဤမျှ အကြပ်အတည်းဖြစ်နေသော လုချောင်မင်တို့ဧကရာဇ်အဖွဲ့နှင့် သည်နေရာ၌ ဆုံလိမ့်မည်ဟုလည်း မမျှော်လင့်ထားချေ။
***