← Chapters

ကောင်းချီးခံ ယီအင်ပါယာ

Vol. 130 Ch. 1808

ကောင်းချီးခံ ယီအင်ပါယာ

Vol. 130 Ch. 1808

တစ်ချိန်တည်း၌ ဝိညာဉ်ရှန့်ထို ဧကရာဇ်ကတော့ ဘာတွေ ဖြစ်နေမှန်း မသိတော့ချေ။ မြေးမြစ်ပေါင်း ရာချီ ရှိနေသည့် သူ့လို လူမျိုးက ထိုသေမျိုးကို ဦးလေးဟု ခေါ်ရတော့မည်လားဟု တွေးနေခဲ့မိသည်။ သို့သော်လည်း... အံ့ဩစရာ ကောင်းသည်က ဝေ့ဝူယင် တည်းဟူသော တည်ရှိမှုကြောင့် သူ ခံစားနေရသည့် စိုးရိမ် ပူပန်မှုများ၊ ကြောက်ရွံ့မှုများ အားလုံး ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးတော်ရတော့မည် ဆိုတော့လည်း ကောင်းပါသည်။ လွန်ခဲ့သည့် နှစ်များစွာတုန်းက ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက်ထံတွင် သူ ရှုံးနိမ့်ခဲ့ဖူးသည်။

“သူ (မ)...”

ချောင်စွေ့ဖုန်း၏ မျက်နှာနီမြန်းနေသော ပါးပြင်များမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။ သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

ဝေ့ဝူယင်မှာ မကြာသေးခင်ကပင် ဇနီးလောင်း တစ်ယောက်ကို ဆိုင်းမဆင့် ဗုံမဆင့် ကြေညာခဲ့ပြီး သူမကို ဒေါသထွက်စေခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍လည်း သူမ ခံစားချက်များကို ဖော်ပြခဲ့သည်။ ချောင်စွေ့ဖုန်းမှာ သဝန်တိုတတ်သည့် သဘာဝ သိပ်မရှိသော်လည်း ဝေ့ဝူယင်၏ အခြား မိန်းကလေးများ အပေါ် သတိကြီးနေဆဲ ဖြစ်သည်။

မိန်းကလေး အများအပြားမှာ သူမတို့၏ ယောက်ျားများကို ကပ်ချွဲကာ အခြား အမျိုးသမီးများကို စွန့်ပစ်ဖို့ တိုးတိုးတိတ်တိတ် တောင်းဆိုလေ့ ရှိကြသည်။ ယောက်ျားများမှာ သူတို့ အချစ်ရဆုံးလူ အတွက် ဆိုလျှင် ဘယ်သူ့ကို မဆို စွန့်ပစ်ဖို့ အဆင်သင့် ရှိနေတတ်ကြသည်။

ဝေ့ဝူယင်မှာ ထိုကဲ့သို့ လူမျိုး မဟုတ်ဟု ထင်ရသော်လည်း အခြားလူများက မကြိုးစားဟု မည်သူမှ အာမ မခံနိုင်ပါချေ။ ဝေ့ဝူယင်မှာ အလွန် ထူးချွန်လွန်းလှသည်။ သူမ ကိုယ်တိုင်ပင် ထိုကဲ့သို့ တောင်းဆိုဖို့ စဉ်းစားခဲ့ဖူးသည်။

ဝှစ်...

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လူအိုကြီး၏ ခန္ဓာကိုယ်အား ချည်နှောင်ထားသည့် သံကြိုးများ အားလုံး ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် သူက လက်ညိုးထိုးလိုက်ရာ စွမ်းအင် အမတေ မျှင်လေး တစ်ခုမှာ သခင်လေးရှန့်၏ ခန္ဓာကိုယ် အတွင်း တိုးဝင် သွားကာ အတွင်း ဒဏ်ရာများနှင့် ကျိုးပဲ့နေသည့် အရိုးများ အားလုံးကို လျှင်မြန်စွာ ကုသလိုက်လေသည်။

“အဟွတ်... အဟွတ်...”

အဆုပ်အတွင်း ပိတ်မိနေသည့် သွေးများနှင့် လေများမှာ ဆက်တိုက် ချောင်းဆိုးသံများနှင့် အတူ အပြင်ဘက်သို့ ထွက်ခွာ သွားခဲ့၏။ သခင်လေးရှန့်မှာ ဖြည်းဖြည်းချင်း ပြန်လည် ထလာခဲ့၏။

“ခင်ဗျားရဲ့ နည်းလမ်းတွေက တကယ် မယုံကြည်နိုင်စရာပဲ...”

လူအိုကြီးက ပွင့်ပွင့်လင်းလင်းပင် ချီးကျူးလိုက်၏။ ဝေ့ဝူယင်က သခင်လေးရှန့်အား သတ်ပစ်မည့် အပေါ် သူ အလွန်အကျူး စိုးရိမ်ခြင်း မရှိပါချေ။ သူတို့က ဘယ်သူတွေကြောင်း ဝေ့ဝူယင်မှာ ရိပ်မိ နေခဲ့ပြီ ဖြစ်သည်။ လူအိုကြီးက နောက်တစ်ဆင့်သို့ တက်လှမ်းလိုက်၏။

“ကျုပ် သခင်လေး ရဲ့ မလေးမစား လုပ်ရပ်အတွက် ကျုပ်ကပဲ တောင်းပန်ပါတယ်... နောက်ပြီး ကျုပ်ရဲ့ အစောပိုင်း စကားလုံးတွေကြောင့် မိန်းကလေးချောင်ရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေခဲ့မယ် ဆိုရင် ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ဝေ့ဝူယင်၏ ရှုထောင့်မှ ကြည့်ရလျှင် သူတို့၏ လုပ်ရပ်မှာ သူ့အိမ်ပေါ်တက်ကာ သူ့မယားကို အသာစီး ပြောဆိုနေသည့် ခပ်ရိုင်းရိုင်း လုပ်ရပ်မျိုး ဖြစ်သည်။‌ ဝေ့ဝူယင်က အလွန်အမင်း ရန်လိုတတ်သူ တစ်ယောက် မဟုတ်တာ ကံကောင်းပေသည်။ မဟုတ်ပါက... စတုတ္ထ သခင်မလေးမှာ သူတို့ကို ဘယ်တော့မှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပါချေ။

“ခင်ဗျား... အဟွတ်... အဟွတ်... ခင်ဗျားက မျက်မမြင် မဟုတ်ဘူးလား”

သခင်လေးရှန့်က ချောင်းဆိုးနေရင်းကြားမှ မေးလိုက်၏။ ထို့အပြင်... သူ့ကို ကြည့်ရသည်က အရိုက်ခံရသည့် အဖြစ်မျိုးနှင့် မစိမ်းပုံ ရသည်။ ထို့အပြင်... သူ၏ လေသံက ဒေါသ ကင်းမဲ့နေကာ လေးစားသည့် အငွေ့အသက် တစ်ချို့ကို သယ်ဆောင်ထားသည်။ အမှန်တကယ်အားဖြင့် သူ၏ လေသံထဲတွင် လေးစားမှု အရိပ်အယောင်များပင် ရှိနေခဲ့သည်။

ချောင်စွေ့ဖုန်းနှင့် ဝိညာဉ် ရှန့်ထို ဧကရာဇ်တို့ နှစ်ယောက် မျက်မှောင်ကြုတ်သွားကြ၏။ မျက်မမြင်... သူတို့က ဝေ့ဝူယင်ကို တခြားသူ တစ်ယောက်ယောက်နှင့် မှားယွင်းနေသည်လား။

ဝေ့ဝူယင် ခါးသီးစွာ ပြုံးလိုက်မိသည်။ သခင်လေးရှန့်၏ ထိုမေးခွန်းက သူ၏ ခန့်မှန်းချက်များကို ပိုမို၍ အတည်ပြု ပေးခဲ့သည်။ သူ့ မျက်မမြင် ဘဝ နေ့ရက်များမှာ အတော်လေး ထူးဆန်းခဲ့သည်။ ကံကောင်း ထောက်မစွာပင်... ထိုကဲ့သို့ ပြဿနာမျိုး ကြုံတွေ့ခဲ့ရခြင်းက ပင်လျှင် သူ့ဘဝ၌ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို ပုံသွင်းရန် အရေးပါသော အထောက်အပံ့ ဖြစ်ခဲ့ပေသည်။

“အင်း... ဟုတ်တယ်... ခဏလောက်ပေါ့...”

ဝေ့ဝူယင်က တိုတိုရှင်းရှင်းပင် ပြန်ဖြေလိုက်၏။ လူအိုကြီးက ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံခြင်း လမ်းစဉ်မှာ ရှည်လျား ခက်ခဲလှပြီး၊ ထိုအချိန် အတောအတွင်း ကျင့်ကြံသူ တစ်ဦးမှာ ရောဂါများစွာနှင့် ကြုံတွေ့နိုင်ပေသည်။ မျက်စိ အမျိုးအစား ဝိညာဉ် ကျင့်စဉ်များနှင့် ကျင့်ကြံခြင်း နည်းလမ်းများကို လေ့ကျင့်ရာမှ မျက်မမြင် ဖြစ်သွားခြင်းမှာ အလွန်ပင် အဖြစ်များသည်။ တစ်ခါတစ်ရံ ဤအရာများမှာ ဘဝတစ်ခုလုံး ကြာရှည်နိုင်ပြီး၊ တစ်ခါတစ်ရံတွင် အချိန်တိုလေးသာ ကြာမြင့်နိုင်သည်။

တစ်ချိန်က သူကိုယ်တိုင်လည်း အနံ့ခံအာရုံကို မတော်တဆ ဖျက်ဆီးမိခဲ့ဖူးသည်။ အရသာရှိသည့် အစားအစာ ဖြစ်စေ၊ လမ်းပေါ်ရှိ နွားချေး ဖြစ်စေ... အလွန် မြင့်မားလှသည့် ဝိညာဉ်အင်အားဖြင့်ပင်လျှင် သူ မည်သည့်အနံ့ကိုမျှ မခံစားနိုင်ခဲ့ပေ။ သူ၏ မိတ်ဆွေတစ်ဦးမှာလည်း အာကာသ ဦးတည်ချက် အာရုံကို ဖျက်ဆီးပစ်ခဲ့ကာ ထိုအရာကပင် သူ့ကို လမ်းပျောက်စေခဲ့သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်လို ရိုးရှင်းသည့် ခွဲခြားမှု လုပ်ဖို့ပင် သူ့အတွက် ခက်ခဲ နေခဲ့သည်။

ကျင့်ကြံခြင်း လမ်းစဉ် သွေဖီခြင်းမှာ သင့်အား ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် အလားတူ ဖြစ်စဉ်မျိုး ကြုံတွေ့ခဲ့ရခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။

“ကောင်းတယ်... မသန်မစွမ်း တစ်ယောက်ဆို ဘယ်ကောင်းပါ့မလဲ...”

သခင်လေးရှန့်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ဓားမှာ ပြန်လည် ရောက်ရှိလာခဲ့၏။ ၎င်းက သားရေ ဝိုင်ဗူးအဖြစ် ပြန်လည် ပြောင်းလဲသွားကာ သူက မော့သောက်လိုက်သည်။

ချောင်စွေ့ဖုန်းနှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်တို့ နှစ်ဦးမှာ ထိုသခင်လေး၏ အေးဆေး တည်ငြိမ်မှုကို ကြည့်ကာ အံ့အားသင့် သွားခဲ့ကြသည်။ သူက စောနကပင် နံရံတစ်ခု အတွင်း ပစ်ပေါက် ဝင်ရောက်သွားခဲ့သော်လည်း ယခုတွင်တော့ ဘာမှ မဖြစ်ခဲ့သလိုပင် တည်တည်ငြိမ်ငြိမ်နှင့် ချီးကျူးစကား ဆိုတာ ဝိုင်ကို သောက်သုံး နေခဲ့သည်။

“ထိုင်ပြီး စကားပြောကြရအောင်”

ဝေ့ဝူယင်က အကြံပြုလိုက်၏။ မကြာမီတွင် စားပွဲတစ်ခု ပြန်လည် ပေါ်လာကာ အရသာ ရှိသည့် အစားအစာများနှင့် ပြန်လည် ပြည့်နှက် လာခဲ့သည်။ ဝေ့ဝူယင်တို့ သုံးယောက် အေးအေးဆေးဆေးပင် နေရာယူ လိုက်ကြ၏။

“ကျုပ်တိုက်ရိုက်ပဲ ပြောမယ်”

လူအိုကြီးက ဆိုလိုက်၏။

“ကျုပ်လည်း ဒါကိုပဲ မျှော်လင့်နေတာပါ...”

ဝေ့ဝူယင်က မှေးမှိန်စွာ ပြုံးရင်း ပြောလိုက်သည်။

လူအိုကြီးက ခေါင်းညိတ်လိုက်၏။

“ခင်ဗျားကို ရှာဖွေဖို့ တစ်ခုတည်း အတွက် ကျုပ်တို့ ဒီအထိ ရောက်လာခဲ့တာ... ဒါပေမဲ့ အာကာသ လက်စွပ်ကနေ ထုတ်ယူထားတဲ့ ခင်ဗျားရဲ့ အော်ရာကလွဲလို့ ကျုပ်တို့ဆီမှာ အခြား ဘယ်သတင်းအချက်အလက်မှ သိပ်မရှိခဲ့ဘူး”

“ဒါနဲ့ ဆရာကြီးတို့က ဘာလို့ ရောက်လာကြတာလဲ...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဝင်ရောက်၍ မေးလိုက်၏။ ထိုကျင့်ကြံသူ နှစ်ယောက်၏ ဇစ်မြစ်ကို ယခုအချိန် အထိ သူ မသိရှိသေးချေ။ ထိုလူများမှာ ပြင်ပလောကမှ ကြယ်ကိုးပွင့် ရှန့်ထိုခန်းမနှင့် ဆက်စပ်နေသည့် ဧည့်သည်များ ဖြစ်ကြောင်း၊ သူတို့ကို အမြင့်မားဆုံးသော လေးစားမှုနှင့် ဆက်ဆံရမည် ဖြစ်ကြောင်း တို့ကိုသာ ချောင်စွေ့ဖုန်းက အတိုချုံး ပြောပြခဲ့ဖူးသည်။

သခင်လေးရှန့်က ရှေ့မှ ပန်းကန် တစ်ခုကို ကောက်ယူကာ ပလုပ်ပလောင်း စားလိုက်ရင်း ရှင်းပြလိုက်သည်။

“ရတနာ ချိုင့်ဝှမ်း ဂလက်စီရဲ့ ကောင်းချီးခံ ယီ အင်ပါယာ... ယီ ဆိုတာက ကျုပ်တို့ ဘိုးဘေး ချန်ထားခဲ့တဲ့ သီလ စကား ဖြစ်ပြီးတော့ ‘စွဲလမ်းမှု’ နဲ့ ‘အချိန်’ ဆိုတဲ့ အဓိပ္ပာယ် နှစ်မျိုးလုံးကို သယ်ဆောင်ထားတယ်... ကျုပ်တို့ ကောင်းချီးခံ ယီ အင်ပါယာ ကျင့်ကြံသူတွေဟာ အချိန်ရဲ့ ကောင်းချီးပေးခံရတယ်လို့ မကြာခဏ ပြောလေ့ရှိတယ်... ကျုပ်တို့တွေဟာ အချိန် မြစ်ကိုယ်တိုင်က ရေတစ်စက် ချီးမြှင့်ခဲ့တယ်လို့ ပြောကြတဲ့ ယီမြစ်ကို ဗဟိုပြုပြီး နေတယ်....”

လူငယ်က ရတနာ ချိုင့်ဝှမ်း ဂလက်စီ၏ ကောင်းချီးပေးခံရသည့် ယီ အင်ပါယာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်တိုင်းကို ကြွားလုံးထုတ်ကာ ရှင်းပြလိုက်လေသည်။

ဝိညာဉ် ရှန့်ထို ဧကရာဇ်ကတော့ ချက်ချင်းပင် မျက်လုံးများ ပြူးလာခဲ့၏။ ‘အချိန် မြစ်’ ဟူသော စကားလုံး တစ်လုံးတည်းကပင် သူ့အတွက် ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ အချိန်အမျိုးအစား လျှို့ဝှက် သင်္ကေတများကို နားလည်ထားသူများမှာ အချိန်မြစ်နှင့် စတင် ထိတွေ့ခွင့် ရရှိလာကြသည်။

သူတို့သည် ခက်ခဲစွာ ကျင့်ကြံထားသည့် ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို စတေးခြင်းဖြင့် အချိန်စီးဆင်းမှုကို ပြောင်းပြန်လှည့်ခြင်း၊ နှေးကွေးစေခြင်း၊ အရှိန်မြှင်ခြင်းတို့ကို လုပ်ဆောင် လာနိုင်ကြသည်။ မြေကြီးရှန့်ထို တစ်ဦး အနေဖြင့် ချောင်ချောင် ထိုစွမ်းရည် သုံးမျိုးစလုံးနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိပေသည်။

***

All Chapters