ချောင်လေး
Vol. 130 Ch. 1809
“သီလစကား...”
ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်းတွင်တော့ ကောင်းကင်စစ် ဝိညာဉ်မှာ လျှို့ဝှက် ဘာသာစကားဖြင့် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
ဝေ့ဝူယင် သူမကို အာရုံစိုက်လိုက်သည်။ သူက သေမျိုး တစ်ယောက် ဖြစ်သော်လည်း ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက်တွင် သေမျိုး၊ လျှို့ဝှက်တာအိုတို့နှင့် သဟဇာတ ဖြစ်ကာ လျှို့ဝှက် ဘာသာစကားကို နားလည်နိုင်၊ ပြောဆို လာနိုင်ခဲ့သည်။
“သီလစကား ဆိုတာက လျှို့ဝှက်ဆန်းကြယ်တဲ့ ဖော်ပြချက် တစ်ခုလို့ ပြောလို့ရတယ်... အဲဒါကို ဒဏ္ဍာရီလာ တည်ရှိမှု ဖြစ်တဲ့ သီလတာအိုကသာ ချန်ထားနိုင်တယ်... အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ငါ့ အသိပညာက ဝိုးတဝါး ဖြစ်နေတယ်... ဒါပေမဲ့ တာအိုသီလရှိတဲ့ လူတွေက မဟာတာအိုရဲ့ အော်ရာကို မြင်တွေ့ဖူးကြတယ်လို့ ဆိုကြတယ်”
‘မဟာ တာအို’ ဟူသော စကားလုံး နှစ်လုံးက ဝေ့ဝူယင်ကို အနည်းငယ် တုန်လှုပ် သွားစေခဲ့သော်လည်း... သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့မှာ အခြေခံအားဖြင့် ယခင်ကနှင့် မတူတော့ပဲ ကွဲပြား နေခဲ့ပြီ ဖြစ်သည်။ တာအို တစ်ခုတည်းကသာ ကောင်းချီးပေးထားသူ မဟုတ်သည့် အတွက် သက်ရောက်မှုက အလွန်အမင်း မပြင်းထန်ခဲ့ချေ။ အခြားသေမျိုးများ ဆိုလျှင် မဟာတာအို အကြောင်း တစ်စွန်းတစ်စ ကြားရုံဖြင့်ပင် ဝိညာဉ်များ ပြိုလဲ သွားနိုင်ပေသည်။
“အဲဒါက ကျင့်ကြံခြင်း အဆင့်လား... သူတော်စင်တွေရဲ့ အဆင့်လိုမျိုးလား”
ဝေ့ဝူယင်က မေးမြန်းလိုက်၏။ သူတော်စင်တို့၏ အဆင့်မှာ ငရဲ၏ ကပ်ဘေးများကို ဖြတ်ကျော်ရန်နှင့် အစစ်အမှန် အပြစ်သား ဝိညာဉ်ကို ကျင့်ကြံရန် လိုအပ်သည့် အနိမ့်ဆုံး လိုအပ်ချက် ဖြစ်သည်။
“ဖြစ်နိုင်တယ်...”
ကောင်းကင်စစ်ဝိညာဉ်က ဝေတေဝါးတားဖြင့် ပြန်လည် ဖြေလိုက်သည်။
အပြင်လောကတွင်တော့ သခင်လေးရှန့်က ပါးစပ် အပြည့် စားစရာများ ပလုပ်ပလောင်းနှင့် ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ ကြယ်ကိုးပွင့် ရှန့်ထိုခန်းမက ကျုပ်တို့ ဂလက်စီဇုန်မှာ ပင်လကိုင်းခွဲ တစ်ခု ရှီတယ်... ကြယ်ကိုးပွင့် ဂလက်စီကလည်း ကျုပ်တို့ရဲ့ သိပ်မဝေးဘူး”
“ဒါနဲ့ ရှင်တို့က ဘာလို့ ဝေ့ဝူယင်ကို စောင့်နေတာလဲ...”
ချောင်စွေ့ဖုန်းက မေးလိုက်၏။ တတိယ သခင်မလေး ဆိုသူနှင့် ပတ်သက်ပြီး သူမ အတော်လေး စိတ်အနှောက်အယှက် ဖြစ်နေခဲ့သည်။
“...”
သခင်လေးရှန့် တစ်ယောက် တိတ်ဆိတ်သွားခဲ့၏။ လူအိုကြီးက တည်ငြိမ်စွာပင် ဝင်ရောက်၍ ရှင်းပြလိုက်သည်။
“ကျုပ်တို့က ဒီကို ကိုယ်ကြိုးအတွက် လာခဲ့ကြတယ် ဆိုပါတော့လေ... ကျုပ်တို့ရဲ့ သခင်မလေးဟာ စစ်မြေပြင် အတွင်း ရာစုနှစ်ပေါင်းများစွာ ပိတ်မိ နေခဲ့ပြီး မျှော်လင့် မထားတဲ့ ကပ်ဘေး တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်... သူ အသက်ရှင်နေသေးတယ် ဆိုတာ သိပေမဲ့ ကယ်တင်ဖို့ ကြိုးစားမှုတိုင်းက ထပ်ခါတလဲလဲ ရှုံးနိမ့်မှုတွေနဲ့ပဲ ရင်ဆိုင်ခဲ့ကြရပါတယ်... သူ့ကို အိမ်ပြန်ခေါ်ဖို့ နည်းလမ်း ရှာမတွေ့ခဲ့ဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်တုန်းက တတိယ သခင်မလေးဟာ စစ်မြေပြင်ကနေ လွတ်လမ်း ရှာတွေ့ပြီး အိမ်ပြန်လာနိုင်ခဲ့ပါတယ်... သူနဲ့ ထိုက်တန်တဲ့ နေရာကို ပြန်ယူခဲ့ပါတယ်”
ထိုအချိန်တွင်ပင် သခင်လေးရှန့်က လူအိုကြီး၏ စကားကို ဖြတ်ကာ ဝင်ပြောလိုက်သည်။
“သူ့ကြောင့်ပဲ အခု ဂလက်စီ စစ်ပွဲတစ်ခု ဖြစ်လုနီးပါး အခြေအနေကို ရောက်နေပြီ”
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ စိတ်ဝင်စားမှုများနှင့် တောက်ပသွားခဲ့၏။ တကယ်ဆိုလျှင် ထိုအရာများက ကောင်းကင်တာအို ကျင်းကျူး အတွက် ဖန်တီးထားခဲ့သည့် ကံကြမ္မာများပင် ဖြစ်သည်။ ယခုတွင်တော့ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်ဆိုသလို ကောင်းကျိုး၊ ဆိုးကျိုး နှစ်တန် စလုံးကို သူ ရိတ်သိမ်းရတော့မည် ဖြစ်သည်။
ကောင်းကင်စစ်ဝိညာဉ်ကတော့ စစ်ပွဲဟူသော အငွေ့အသက် ရရုံမျှဖြင့်ပင် သွားရည်ကျမတတ် ဖြစ်နေရှာသည်။ အကယ်၍ ရွှေရောင်ဒြပ်ထု အနေဖြင့်သာ တည်ရှိ မနေပါက အကျိုးအမြတ်အတွက် ငတ်မွတ်နေသည့် မိန်းမပျိုလေးတစ်ဦးကဲ့သို့ အားတက်သရော အော်ဟစ် ခုန်ပေါက် နေပေလိမ့်မည်။
"ဂလက်ဆီအချင်းချင်း စစ်ပွဲလား..."
သူမ၏ အသံက စွမ်းအားတို့ဖြင့် ထုံလွှမ်းလျှက် ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း လှိုင်းများ အဖြစ် ရိုက်ခတ် သွားခဲ့သည်။ အဆိုပါ တုန့်ပြန်မှုကြောင့် ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှာ အနည်းငယ် တုန်ခါ သွားခဲ့သော်လည်း တည်ငြိမ် ကြံ့ခိုင်လှသည့် စိတ်စွမ်းအားကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါချေ။
ဝေ့ဝူယင်၏ အစစ်အမှန် ခန္ဓာကိုယ်မှာ ပိုင်လင်၏ ကျောထက်တွင် ထိုင်ရင်း မျက်လုံးများကို မှိတ်ထားခဲ့၏။ ချင်ချူးမူမှာ သူ့ရင်ခွင်ထဲတွင် အေးချမ်းစွာ အိပ်ပျော်နေသည်။ သူ၏ နတ်ဘုရား စိတ်အာရုံမှာမူ ကိုယ်ခွဲ (အဗာတာ) နှင့် နက်ရှိုင်းစွာ ချိတ်ဆက် နေခဲ့သည်။
ဤကဲ့သို့ ကိုယ်ခွဲကို အဝေးမှ ထိန်းချုပ်ခြင်းမှာ အတုအယောင် နတ်ဘုရား ကိုယ်ပွား နည်းလမ်းကို အသုံးပြုနိုင်သည့် နည်းလမ်း အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ ကျန်နည်းလမ်းများမှာ ဘုရင်၊ ခရာတို၊ အိုရီတို့ကို ထိန်းချုပ်ခွင့် ပေးခြင်းနှင့် အသိစိတ် ပင်လယ် အတွင်းမှ အစိတ်အပိုင်း တစ်ခုကို အသုံးပြု၍ ကိုယ်ပွား ဖန်တီးခြင်းတို့ ဖြစ်သည်။
စားပွဲတွင် ထိုင်နေသည့် ဝေ့ဝူယင်မှာ အဗာတာ တစ်ခု ဖြစ်ကာ အစစ်အမှန် ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ကပင် တိုက်ရိုက် ထိန်းချုပ်လျှက် ရှိနေပေသည်။ အဗာတာမှာ ယာယီသာ တည်ရှိနိုင်မည် ဖြစ်သော်လည်း ဥပဒေသ အပေါ် သာမည အာဏာ ထုတ်ဖော်ခြင်းတို့ ကဲ့သို့သော ကိစ္စပ်များကို လွယ်ကူစွာ ပြုလုပ်နိုင်သည်။
"ဒီလောက် မရိုးရှင်းဘူး...”
ဝေ့ဝူယင်က ကောင်းကင်စစ်ဝိညာဉ်ကို သတိပေးလိုက်၏။ သခင်လေးရှန့်မှာ အလွန်အမင်း စိတ်လှုပ်ရှားကာ ကမန်းကတန်း ပြောဆိုခဲ့ခြင်း ဖြစ်သောကြောင့် သူတို့၏ စကားဝိုင်း၌ အရေးကြီးသည့် အချက်အလက်များ လိုအပ်နေဆဲ ဖြစ်သည်။
"သခင်လေး... ဂလက်ဆီ စစ်ပွဲဆိုတာက ကျွန်တော်တို့ရဲ့ အခြေအနေကို ဖော်ပြဖို့အတွက် အတော်လေး ပြင်းထန်လွန်းတဲ့ စကားလုံးပါ"
လူအိုကြီးက အဆိုးရွားဆုံး အခြေအနေကို ကြိုတင်တွေးတောမိသွားသည့်နှယ် သခင်လေးရှန့်ကို ကြည့်လိုက်သည်။
"ဘာလို့လဲ..."
သခင်လေးရှန့်က ပြန်လည်မေးခွန်းထုတ်လိုက်၏။ ချောင်စွေ့ဖုန်းနှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်တို့မှာမူ သခင်လေးရှန့်၏ တုံ့ပြန်ပုံကို ကြည့်ရင်း ဂလက်ဆီအချင်းချင်း စစ်ပွဲအမှန်တကယ် ဖြစ်ပွားလာနိုင်သည့် အလားအလာကို ရိပ်မိသွားကြသည်။ စစ်ပွဲအကြောင်း သူတို့နားလည်သော်လည်း ဂလက်ဆီအချင်းချင်း စစ်ပွဲဟူသော အယူအဆမှာမူ သူတို့ စိတ်ကူးနိုင်သည်ထက် များစွာ ပိုမိုကြီးမားနေသည်။
သခင်လေးရှန့်က လူအိုကြီးကို ဂရုမစိုက်တော့ဘဲ ချောင်စွေ့ဖုန်း၏ မေးခွန်းကိုသာ ဖြေရန် ပြင်လိုက်သည်။
"ကျွန်တော်တို့ သူ့ကို ဘာလို့ လိုက်ရှာနေတာလဲ သိလား"
သူက ဝေ့ဝူယင်အား တိုက်ရိုက်လက်ညှိုးထိုးပြလိုက်သည်။ ထိုအပြုအမူမှာ ရိုင်းပျရာ ရောက်သော်လည်း၊ သူရင်ဆိုင်နေရသည့် အခြေအနေအပေါ် စိတ်ပျက်မှု၊ အားမရမှုတို့ကို ဖုံးကွယ် မထားနိုင်တော့ပေ။
"ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အစ်မဟာ ကန့်ကွက်မှုတွေကြားကနေ ဆက်စပ်မှု စစ်မြေပြင်မှာ တွေ့ခဲ့တဲ့ မျက်မမြင် လူငယ်နဲ့ပဲ အတူ နေဖို့ ဆုံးဖြတ်ခဲ့လို့ပဲ”
"ရှင်းပြရမယ်ဆိုရင်တော့..."
လူအိုကြီးက မပြောပြရသေးသည့် အချက်အလက်များကို ဖြည့်စွက်ဖို့ အတွက် သခင်လေးရှန့်၏ စကားကို ကြားဖြတ်ကာ ပြောဆိုလိုက်၏။ ဝေ့ဝူယင် နားလည်မှုလွဲကာ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်မည်ကို သူ စိုးရိမ်နေခြင်း ဖြစ်သည်။
"ဒီကိစ္စတွေအားလုံးက တတိယ သခင်မလေး မွေးဖွားလာခဲ့တဲ့ ချိန်မှာ အထွတ်အထိပ် ငရဲလမ်းပြ အရှင်သခင် ဟောကိန်းထုတ်ခဲ့တဲ့ ရှေးဟောင်း နိမိတ်ဖတ်ချက်နဲ့ သက်ဆိုင်နေပါတယ်... သူ မွေးဖွားတဲ့အချိန်မှာ မင်္ဂလာရှိတဲ့ ဖြစ်ရပ်ဆန်းတွေ ပေါ်ပေါက်ခဲ့သလို အခြားကလေး နှစ်ယောက်ကလည်း အဲဒီနှစ်၊ အဲဒီနေ့၊ အဲဒီအချိန်မှာပဲ မွေးဖွားခဲ့ပါတယ်... အဲဒီကလေး သုံးယောက်အတွက် 'ကောင်းကင်နန်းတော်'၊ 'ငရဲလမ်းပြ' နဲ့ 'သေမျိုးဖုန်မှုန့်' ဆိုတဲ့ အရှင်သခင် သုံးပါးက ဟောကိန်း သုံးခုစီ ထုတ်ပြန်ခဲ့ပါတယ်"
"ကလေးတစ်ယောက်ချင်းစီအတွက် ကံကောင်းခြင်း၊ ကပ်ဘေး ကျရောက်ခြင်းနဲ့ ကံကြမ္မာမဲ့ခြင်း ဆိုတဲ့ ဟောကိန်းတွေပေါ့လေ... ထူးဆန်းတာက အဲဒီကလေးတွေရဲ့ ဟောကိန်းတွေဟာ သူတို့ကိုယ်ပိုင် ဂလက်ဆီဇုံနဲ့ မဆိုင်ဘဲ အခြားသော ဂလက်ဆီဇုံတွေရဲ့ ကံကြမ္မာတွေနဲ့ ဆက်နွှယ်နေတာပါပဲ"
လူအိုကြီးမှာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် မျက်နှာပျက်သွား၏။ သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကြောင့် ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော ဖိအားတစ်ခု စတင်ဖြစ်ပေါ်လာပြီး ပိုမိုဆိုးရွားလာကာ အသက်ရှူပင် ကျပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်မိ၏။
ချောင်စွေ့ဖုန်း၏ နှလုံးသားမှာမူ မြင်းဆယ်ကောင်အားဖြင့် ပြေးနေသည့် အလား တဒိတ်ဒိတ် ခုန်နေခဲ့ပြီ ဖြစ်သည်။ သူမက ဝေ့ဝူယင်၏ လက်ကို ဂြိုဟ်သိမ်တစ်ခုကိုပင် ချေမှုန်းနိုင်လောက်သည့် အင်အားဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိကာ တစ်ကိုယ်လုံး တုန်ရီနေရှာသည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ စိမ်းဖန့်ဖန့် မျက်လုံးများမှာလည်း သွေးများဖြင့် လွှမ်းလာကာ ရဲရဲနီခါစ ပြုလာခဲ့သည်။ သူ၏ လည်ပင်း၊ နဖူးနှင့် လက်မောင်းများမှ သွေးကြောများမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင် ထောင်ထွက်နေ၏။ သူ၏ ပါးစပ်မှ သွားရည်များ စီးကျလာသည်။
သခင်လေးရှန့်မှာမူ မျက်နှာအနည်းငယ် ဖြူဖျော့သွားသည်မှအပ များစွာ ထိခိုက်ခြင်း မရှိပေ။
ဝေ့ဝူယင်ကတော့ လုံးဝ သက်ရောက်မှု မရှိချေ။ သူ ဖြည်းညင်းစွာပင် အင်ပါယာ ဥပဒေသကို အခြေခံထားသည့် ဝိညာဉ် ဥပဒေသ ခြောက်မျိုးအား ချောင်စွေ့ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် ပို့လွှတ်ပေးလိုက်၏။ ချက်ချင်းပင်... ချောင်စွေ့ဖုန်းမှာ စိတ်ဝိညာဉ် အနည်းငယ် တုန်ခါခြင်းနှင့် နှလုံးခုန်မြန်ခြင်းလောက်သာ ခံစားရတော့ပြီး ဝေဒနာများ သက်သာသွားခဲ့သည်။
"ဝေါ့...”
ထင်ရှားကျော်ကြားလှသော မြေကြီးရှန့်ထို တစ်ဦးဖြစ်သည့် ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာမူ မထိန်းချုပ်နိုင်ပဲ ပြင်းထန်စွာ အန်ထုတ်လိုက်ရသည်။ ချက်ချင်းပင် စားပွဲ၏ တစ်ဝက်ခန့်မှာ အဆိပ်အတောက်များ၊ မစင်ကြယ်သော စွမ်းအင်များဖြင့် ပေပွသွား၏။ အန်ဖတ်များထဲတွင် သွေးစများပင် ပါဝင်နေကာ လေထုတစ်လျှောက် တဖျတ်ဖျတ် တောက်ပနေသော အလင်းစက်များနှင့် ပျံ့နှံ့သွားသည်။
"အရှင်သခင် သုံးပါး ဟုတ်လား..."
ဝေ့ဝူယင် ထိုအရှင်သခင် သုံးပါးအကြောင်းကို စိတ်ဝင်တစား ရှိနေသည်။ သခင်လေးရှန့်က အံကို ကြိတ်ရင်း အက်ကွဲနေသည့် လေသံဖြင့် ခက်ခဲစွာ ပြောလိုက်သည်။
"ကျွန်တော့်အစ်မက... မဖြစ်နိုင်ဘူး... အစ်မက... အဲဒီလိုလူနဲ့... အတူမရှိနိုင်ဘူး... အထွတ်အထိပ် ငရဲလမ်းပြ အရှင်သခင်က..."
ထိုကဲ့သို့ပြောပြီးနောက် သခင်လေးရှန့်မှာ မျက်လုံး၊ နားနှင့် ပါးစပ်တို့မှ သွေးများထွက်လာကာ ဒူးထောက်လဲကျသွားတော့သည်။
"...”
လူအိုကြီးက လျှို့ဝှက် ဘာသာစကား၏ အစစ်အမှန် ပုံစံဟု ထင်ရသည့် ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။ ချက်ချင်းပင်... သခင်လေးရှန့်မှာ မျက်လုံးသူငယ်အိမ်များ ပျောက်ကွယ်သွားကာ သတိလစ်သွားတော့၏။ သူက အသက်ရှူရုံမျှသာ ရှိတော့သည့် အသက်မဲ့ ရုပ်အလောင်း တစ်ခုနှယ် မြေပြင်ပေါ်သို့ ခွေကျသွားခဲ့လေတော့၏။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ဤသည်မှာ သူတစ်ခါမျှ မကြုံဖူးသေးသော ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုပင်။ ကျင့်ကြံခြင်း မှတ်တမ်းများတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ဖတ်ဖူးသော်လည်း၊ ယခုမူ လူအိုကြီးနှင့် သခင်လေးရှန့်တို့ နှစ်ဦးစလုံးသည် အရေးကြီးသည့် သတိပေးချက်တစ်ခုကို ပြောပြဖို့ အတွက် အစွမ်းကုန် ကြိုးစားရင်း အသက်အန္တရာယ်အထိ စွန့်စားနေကြခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ်"
လူအိုကြီးက လေးလံသော စိတ်နှလုံးဖြင့် သက်ပြင်းချရင်း တောင်းပန်လိုက်သည်။
"ဒီအကြောင်းအရာက အချို့သော အင်အားကြီး ပုဂ္ဂိုလ်တွေရဲ့ ကန့်သတ်ချုပ်ချယ်မှုကို ခံထားရလို့ပါ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ခင်ဗျားကို ရှာနေရတာက ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ဖို့ပါပဲ... ခင်ဗျားအနေနဲ့ တတိယ သခင်မလေးကို တိုက်ရိုက် ငြင်းပယ်ပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"
“...”
ဝေ့ဝူယင်မှာမူ နှုတ်ဆိတ်နေဆဲ။ ချောင်စွေ့ဖုန်း၏ လက်များမှာ ပိုမိုတင်းကြပ်လာ၏။ သေခါနီး ခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် တူဖြစ်သူကို မြင်တွေ့နေရသော်လည်း ဝေ့ဝူယင် ဘာမျှ မလုပ်သေးသဖြင့် သူမလည်း မလိုအပ်ဘဲ မလှုပ်ရှားရဲချေ။ သူမမှာ အလွန်အမင်း တည်ငြိမ်နေ၏။ ဤသည်မှာ ချစ်ရသူ ဘေးနားတွင် ရှိနေသည့် သတ္တိပင် ဖြစ်သည်။ မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိဘဲ နေရခြင်းမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။
ဝေ့ဝူယင်သည် ဝိညာဉ်ရှန့်ထို ဧကရာဇ်ဘက်သို့ ပေါ့ပေါ့ပါးပါး လက်ဝေ့ယမ်းလိုက်၏။
"အိပ်လိုက်တော့... ချောင်လေး"
ချောင်ချောင် မျက်လုံးများ ပြူးကျယ်သွား၏။ ချောင်လေး ဟုတ်လား...။ တောက်ပသော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီးနောက် သူ သတိလစ်သွားတော့သည်။ တစ်ချိန်က မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထိပ်သီးပညာရှင် သုံးဦးအနက် တစ်ဦးအဖြစ် ရိုသေခြင်းခံရသည့် ထင်ရှားကျော်ကြားလှသော မြေကြီးရှန့်ထို တစ်ယောက် အိပ်မောကျသွားခဲ့ရလေပြီ ဖြစ်သည်။
သူ၏ အသက်ရှူသံများက ပုံမှန် ပြန်ဖြစ်လာကာ ထောင်ပတ်နေသည့် သွေးကြောများသည်လည်း ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သူက ချင်းချူးမူကဲ့သို့ပင် အေးချမ်းစွာ အိပ်ပျော်သွားခြင်း ဖြစ်သည်။ တူဖြစ်သူကို ကြည့်ရင်း ချောင်စွေ့ဖုန်း၏ မျက်နှာတွင် စွဲမက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေ၏။
***