← Chapters

ဆုံးဖြတ်ချက်

Vol. 130 Ch. 1810

ဆုံးဖြတ်ချက်

Vol. 130 Ch. 1810

လူအိုကြီးမှာ ဝေ့ဝူယင်နှင့် ချောင်စွေ့ဖုန်းတို့ကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားမိ၏။ သတိပေးချက်များ ရှိနေလင့်ကစား ဝေ့ဝူယင်ကတော့ မည်သည့် သက်ရောက်မှုမျှ မရှိသကဲ့သို့ပင်။ သူက သေမျိုးတစ်ဦး ဖြစ်နေခြင်းကြောင့် ဤကဲ့သို့ မြင့်မားလှသည့် ကန့်သတ်ချက်များ၏ တားဆီးမှုကို မခံရခြင်း ဖြစ်နိုင်သည်။ အခြားသူများမှာမူ လျှို့ဝှက်တာအို ပေါ်တွင် လျှောက်လှမ်းနေသူများ ဖြစ်လေရာ ပြင်းထန်စွာ တုံ့ပြန်ခံကြရခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း... ချောင်စွေ့ဖုန်းမှာမူ ထူးခြားနေသည်။ သူမ၏ တုံ့ပြန်မှုက အလွန်အမင်း တည်ငြိမ်နေပြီး ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့် လုံးဝ ကွဲပြားနေသည်။ ဤအမျိုးသမီးက လက်သည်းဝှက်ထားသည့် ကျားတစ်ကောင်လော။ ပုန်းကွယ်နေသည့် နဂါးတစ်ကောင်လော။

လူအိုကြီးက ဝေ့ဝူယင်ကို အားကိုးတကြီး ကြည့်လိုက်၏။ ထိုသတိပေးချက်များကို ဝေ့ဝူယင် နားလည်နိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။ အကယ်၍ ဝေ့ဝူယင်သာ ဤငြင်းပယ်မှုကို မလုပ်ဆောင်ခဲ့ပါက၊ သူက အင်အားစုတစ်ခုတည်းကိုသာ ရန်စမိသည် မဟုတ်ဘဲ ဂလက်ဆီဇုံတစ်ခုလုံးကိုပါ ရန်သူ ဖြစ်စေပေလိမ့်မည်။ ယင်းက ဂလက်ဆီတစ်ခုလုံးကို ပရမ်းပတာ အခြေအနေသို့ပင် ဆွဲချသွားနိုင်ပေသည်။

"ဒါနဲ့ ရှင်တို့ရဲ့ ကောင်းချီးပေးခံရသော ယီအင်ပါယာ နဲ့ ရတနာချိုင့်ဝှမ်း ဂလက်ဆီရဲ့ ပထဝီဝင် အနေအထားတွေကို ကျွန်မတို့ကို ရှင်းပြပေးနိုင်မလား... ကျွန်မတို့ရဲ့ အဇူရာ မူလ ဂလက်စီနဲ့ ဘယ်လောက်တောင် ကွာခြားသလဲ... ကျွန်မ သိချင်တာတွေ အများကြီး ရှိတယ်"

ချောင်စွေ့ဖုန်းမှာ ကြောက်ရွံ့စိုးရိမ်စိတ်များ မရှိတော့ဘဲ ထက်မြက်လှသည့် ဉာဏ်ပညာကို ထုတ်ဖော်ကာ၊ ဝေ့ဝူယင် အဖြေမပေးမီ လူအိုကြီးထံမှ ဝေဝါးနေသည့် အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် ကြိုးစားလိုက်လေတော့သည်။

"..."

လူအိုကြီးသည် ချောင်စွေ့ဖုန်းအား အကဲခတ်သလို တစ်ချက်ကြည့်လိုက်၏။ ထိုမိန်းကလေးမှာ ပုန်းကွယ်နေသည့် နဂါးတစ်ကောင် မဟုတ်ကြောင်း သူ ရှင်းလင်း သွားခဲ့သည်။ တတိယ သခင်မလေး စွဲလမ်းနေသည့် ဤဝေ့ဝူယင် ဆိုသည့် လူငယ်သာလျှင် အလွန် နက်နဲလှသည်ဟု ခံစားလိုက်ရသည်။ အထူးသဖြင့် သာမည ဥပဒေသ အာဏာစက်ကို ပိုင်ဆိုင်ထားခြင်းကပင်လျှင် သူ့ကို ထူးခြားဆန်းပြားသည့် မိစ္ဆာ ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

"ကောင်းပါပြီ... ခင်ဗျား သိချင်တာတွေ မေးပါ..."

လူအိုကြီးက မေးလိုက်သည်။ သူက မြေပြင်ပေါ်တွင် လဲကျနေသည့် သခင်လေးရှန့်ကို ကူညီရန် စိတ်ကူးပင် ရှိပုံမရတော့ပေ။

ချောင်စွေ့ဖုန်းက ရှေ့ဆက်ရမလားဟူသော အဓိပ္ပာယ်ဖြင့် ဝေ့ဝူယင်အား ကြည့်လိုက်ရာ၊ ဝေ့ဝူယင်က ခွင့်ပြုသည့်သဘောဖြင့် ပြုံးပြလိုက်၏။ တစ်ဖက်တွင်မူ ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်ထဲ၌ ကောင်းကင်စစ်ဝိညာဉ်နှင့် အပြင်းအထန် ဆွေးနွေးနေခဲ့၏။

"သူတို့ပြောနေတဲ့ ဖြစ်ရပ်ဆန်း သုံးမျိုးနဲ့... ကံကောင်းခြင်း သုံးမျိုး၊ ကပ်ဘေး သုံးမျိုး၊ ကံကြမ္မာမဲ့ခြင်း သုံးမျိုးဆိုတဲ့ ဟောကိန်း ကိုးခုကို ကောင်းကင်နှလုံးသားရဲ့ သုံးပါးပေါင်းတစ်ဆူ လို့ ခေါ်တယ်... ဒါက တကယ့်ကို ပုံမှန်မဟုတ်ဘူး... စစ်မှန်တဲ့ ပညာရှင်ကြီးတွေတောင်မှ ပြောမပြတတ်အောင် ကြောက်လန့်ရတဲ့ ဒါမှမဟုတ် ဝမ်းမြောက်ရတဲ့ ကောင်းကင်ရဲ့ ဖြစ်ရပ်ဆန်းတစ်ခုပဲ"

"ဒါတွေက များသောအားဖြင့် ကောင်းကင်ရဲ့ သားသမီးတွေလိုမျိုး ကံတရား အလွန်အမင်း ကြီးမားတဲ့ လူကိုးယောက်နဲ့ ဆက်နွှယ်နေတတ်တယ်... ဒါပေမဲ့ ဒီကံကောင်းခြင်း၊ ကပ်ဘေးနဲ့ ကံကြမ္မာမဲ့ခြင်းတွေရဲ့ အကြောင်းရင်းခံကိုတော့ ကောင်းကင် နိမိတ်ဖတ် ပညာရှင်တွေတောင်မှ ကျင့်ကြံခြင်း အခြေခံ ကောင်းကင်ထိအောင် မြင့်မားပြီး လောကတစ်ခုလုံးကို ခြုံငုံကြည့်နိုင်တဲ့ အဆင့်ကို မရောက်မချင်း ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး"

အခြားသော အသိပညာများနှင့် မတူဘဲ ကောင်းကင်နှင့် တိုက်ရိုက်သက်ဆိုင်သော အချက်အလက်များတွင် ကောင်းကင်စစ်ဝိညာဉ်သည် အခြားသူများထက် ပိုမိုနားလည်ထားသည်။

"အဲဒီမိန်းမကို ငြင်းပယ်လိုက်ပြီး ဒါတွေကို ရှောင်လိုက်တာ အကောင်းဆုံးပဲ"

ကောင်းကင်စစ်ဝိညာဉ်က မလိုလားသော်လည်း စိုးရိမ်စိတ်ဖြင့် အကြံပေးလိုက်၏။

လူအိုကြီးမှာမူ ချောင်စွေ့ဖုန်း၏ မေးခွန်းများကို ဆက်လက်ဖြေကြားပေးနေခဲ့သည်။ ပထမဦးစွာ သူက ဂလက်ဆီများနှင့် ပတ်သက်၍ ချောင်စွေ့ဖုန်း မသိသေးသော အသေးအဖွဲ ကိစ္စရပ်များကို ရှင်းပြသည်။

ဂလက်ဆီ နှင့် ဂလက်ဆီဇုံတို့မှာ မတူညီပေ။ ဂလက်ဆီဆိုသည်မှာ ကြယ်တာရာများ၏ တည်ရှိမှု၊ သဘာဝ ဟင်းလင်းပြင် အတားအဆီးများဖြင့် သတ်မှတ်ထားသည့် နယ်မြေတစ်ခုလုံးကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်းတွင် နတ္ထိ ဟင်းလင်းပြင် နယ်မြေများ၊ နက်နဲဆန်းပြားလှသည့် အပျက်အစီး နယ်မြေများ၊ ကျင့်ကြံသူများအတွက် အန္တရာယ်ကြီးမားလှသည့် 'အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ' များ သို့မဟုတ် ကမောက်ကမ ဖြစ်နေသော အာကာသ နယ်မြေများ ပါဝင်သည်။

ဂလက်ဆီဇုံ ဆိုသည်မှာမူ ကျင့်ကြံသူများက နယ်နိမိတ် သတ်မှတ်ထားခြင်း ဖြစ်ပြီး များသောအားဖြင့် စီရင်ထုံးများ၊ အစီအမံများဖြင့် တည်ဆောက်ထားသည်။ ဟင်းလင်းပြင် လွတ်လပ်နယ်မြေများ မရှိတော့ပေ။

"ဂလက်ဆီဇုံဆိုတာ ဂလက်ဆီတစ်ခုရဲ့ နယ်မြေချဲ့ထွင် အခြေချထားတဲ့ အပိုင်းပဲ... အဲဒါက ဂလက်ဆီတစ်ခုတည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်တယ်... ကျုပ်တို့ရဲ့ ရတနာချိုင့်ဝှမ်း ဂလက်ဆီက ဂလက်ဆီတစ်ခုတည်း ဖြစ်ပေမဲ့ ဂလက်ဆီဇုံတွေ အများကြီး ရှိတယ်... ကြယ်ကိုးပွင့် ရှန့်ထိုနန်းတော်ရဲ့ ကြယ်ကိုးပွင့် ဂလက်ဆီဆိုရင် သူတို့ပိုင်တဲ့ နယ်မြေအပါအဝင် ဂလက်ဆီဇုံ ကိုးခုအထိ ရှိတယ်... အဲဒီထဲက တစ်ခုက ကျုပ်တို့ ရတနာချိုင့်ဝှမ်း ဂလက်ဆီထဲမှာ ရှိပြီး သူတို့ရဲ့ အဓိက ဂိုဏ်းခွဲကတော့ ကြယ်ကိုးပွင့် ဂလက်ဆီမှာ ရှိတာပေါ့"

"ဂလက်ဆီတစ်ခုရဲ့ ကျယ်ပြောကို စဉ်းစားလို့တောင် မရနိုင်ဘူး... မြေကြီးရှန့်ထို တစ်ယောက် အာကာသ ဖြတ်ကျော်ခြင်းကို သုံးပြီး တစ်ဖက်ကနေ တစ်ဖက်ကို သွားမယ်ဆိုရင်တောင် နှစ်ပေါင်း ထောင်ချီ ကြာနိုင်တယ်... ဂလက်ဆီဇုံတွေကတော့ ဂလက်ဆီတစ်ခုထက် သေးရင်သေး၊ ကြီးရင်ကြီးနိုင်တာပေါ့"

ချောင်စွေ့ဖုန်း၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများဖြင့် တောက်ပနေ၏။ ဤသည်မှာ 'အဆုံးမဲ့ ခရီးသွား နယ်မြေ' တွင် မရှိသော အသိပညာများ ဖြစ်သည်။ သူမ သိထားသည်မှာ 'အဇူရာ မူလ ဂလက်စီဇုန်’ တွင် အဓိက အင်အားစုကြီး သုံးခုသာ ရှိသည်ဟူ၍ ဖြစ်သည်။ လူသား၊ တိုက်တန်နှင့် ကောင်းကင်မျိုးနွယ်တို့ကို အုပ်စိုးနေသည့် အဖွဲ့များပင်။

ယခုအခါ၌ မိမိ၏ ကိုယ်ပိုင် အသိပညာထက် ကျော်လွန်နေသည့် နေရာများ အကြောင်းကို ကြားလိုက်ရလေရာ ထိုနေရာများကို ကိုယ်တိုင် သွားရောက်ကြည့်ရှုလိုသည့် စိတ်ဆန္ဒများ ပြင်းပြလာခဲ့သည်။

မေးခွန်းပေါင်း ဒါဇင်အနည်းငယ်ကို ဖြေကြားပြီးနောက်၊ လူအိုကြီးသည် နှုတ်ဆိတ်နေသော ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်၏။

"ကဲ... ခင်ဗျား ဘယ်လို သဘောရလဲ”

သူသည် အပြင်ပန်းတွင် စိတ်ရှည်နေပုံရသော်လည်း အတွင်းပိုင်းတွင်တော့ မစောင့်နိုင်တော့ပေ။

"ကောင်းပြီလေ"

ဝေ့ဝူယင်က ပြန်ဖြေ၏။

"ကောင်းပြီ ဟုတ်လား"

လူအိုကြီး၏ မျက်လုံးများက လင်းလက်သွားသည်။

"ကောင်းပြီ"

ဝေ့ဝူယင်က တိုတိုတုတ်တုတ် ပြောလိုက်ပြီးနောက် ချောင်စွေ့ဖုန်းဘက်သို့ လှည့်လိုက်သည်။

"ကိုယ်တို့ နောက်မှ စကားပြောကြတာပေါ့... အခုတော့ ခဏလောက် သွားစရာ ရှိတယ်"

ထို့နောက် သူသည် လူအိုကြီးဘက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။

"ခင်ဗျားတို့ ကျုပ်ကို အဲဒီကို ကိုယ်တိုင် လိုက်ခဲ့စေချင်တာ မဟုတ်လား... သူနဲ့ တွေ့ဖို့လေ"

လူအိုကြီးမှာ ပထမတွင် အံ့အားသင့်သွားသော်လည်း၊ သူသည် ကျင့်ကြံခြင်းလောကတွင် အတွေ့အကြုံများစွာ ရှိသူပီပီ ချက်ချင်းပင် ထိန်းချုပ်လိုက်ကာ...

"ဟုတ်ပါတယ်... ခင်ဗျား ကိုယ်တိုင် စိတ်ပါလက်ပါ လိုက်လာတာက အကောင်းဆုံးပါပဲ... အဲဒါဆိုရင် လုံလောက်ပါပြီ"

ဝေ့ဝူယင်က ခေါင်းငြိမ့်ပြလိုက်သည်။ သူက ချောင်စွေ့ဖုန်း၏ လက်ကို ဆုပ်ကိုင်ထားရာ သူမက ပို၍ပင် တင်းတင်းကြပ်ကြပ် ပြန်လည်ဆုပ်ကိုင်ထား၏။

"မင်း လိုက်ချင်ရင်လည်း လိုက်ခဲ့လို့ ရတယ်"

"..."

ချောင်စွေ့ဖုန်း အံ့အားသင့်သွား၏။

"ကိုယ် ခဏနေရင် ပြန်လာခဲ့မယ်... လုပ်စရာလေးတွေ နည်းနည်းရှိလို့... အခုလောလောဆယ်တော့ ကိုယ်ပြန်မလာခင်အထိ ကိုယ့်ရဲ့ ဧည့်သည်ကို ကောင်းကောင်း ဧည့်ခံပေးထားလိုက်ဦး... မင်း ဘာလုပ်ချင်လဲဆိုတာကိုလည်း သေသေချာချာ စဉ်းစားထားပေါ့"

"ကောင်းပါပြီ..."

ချောင်စွေ့ဖုန်းက ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေလျက်နှင့် ငေးငေးငိုင်ငိုင် ခေါင်းငြိမ့်လိုက်မိသည်။

"ကျုပ် ပြန်လာပြီး အဆင်သင့် မဖြစ်မချင်း ဘာပြဿနာမှ မရှာနဲ့ဦး"

ဝေ့ဝူယင်က လူအိုကြီးအား တစ်ချက်ကြည့်ကာ သတိပေးလိုက်သည်။

"ကောင်းပါပြီ"

သူက ရိုးရှင်းစွာ ပြန်ဖြေ၏။ ဤမျှ လွယ်ကူသည်လော။ သူက ပို၍ ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးများ ပေးခဲ့သည့် သတိပေးချက်များက လူငယ်အား ကြောက်ရွံ့သွားစေရန် လုံလောက်သွားခဲ့သည်လော။ ထို့ပြင် သူတို့ ဤလူငယ်အား အတင်းအကျပ် ခေါ်ဆောင်သွားရန်ပင် မလိုတော့ချေ။

ဝေ့ဝူယင်က ချောင်စွေ့ဖုန်း၏ ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်ရာ မိန်းကလေးမှာ ရှက်သွေးဖြာသွား၏။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ ဖြူဖွေးသည့် မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားလေတော့သည်။

***

All Chapters