ပြန်လည် ဆုံဆည်းခြင်း
Vol. 130 Ch. 1813
ဝေ့ဝူယင်၏ ကြေညာချက်သည် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တစ်ခွင်သို့ လှိုင်းလုံးကြီးတစ်ခုနှယ် ပျံ့နှံ့သွားပြီး လူအများ၏ စိတ်လှုပ်ရှားဖွယ် ဆွေးနွေးမှုများနှင့် ပျော်ပွဲရွှင်ပွဲများကို ဖြစ်ပေါ်စေခဲ့သည်။ အာရုဏ်ဦး ကြယ်ကွင်းပြင်သည် ယခုမှ စတင်ဖွံ့ဖြိုးစ အဆင့်တွင်သာ ရှိသေးသော်လည်း အာဏာရှင် ဧကရီ ရွှယ်ရီဖေး၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော စီမံခန့်ခွဲမှုများကြောင့် ပြည်သူပြည်သားတို့မှာ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးနေကြသည်။
ထိုနယ်မြေတစ်ခုလုံးတွင် တင်းမာမှုဟူ၍ အစအနပင် မရှိတော့ချေ။ ကျူးကျော်သူများကိုလည်း ရှင်းလင်းပြီးဖြစ်ကာ သတ်မှတ်ထားသည့် နယ်မြေတစ်ခုအတွင်း၌သာ ငြိမ်ဝပ်စွာ နေထိုင်စေခဲ့သည်။ ထိပ်သီးအင်အားစုများမှ ခေါင်းဆောင်များ ပထဝီဝင်နှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို အချောသတ်နေချိန်တွင် အဆင့်နိမ့် ကျင့်ကြံသူများနှင့် သာမန်အရပ်သားများမှာ ခေတ်သစ်တစ်ခု၏ စဦးကို ကြိုဆိုသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲနေကြသည်။
၎င်းမှာ ခေတ်သစ်တစ်ခုကို ကြိုဆိုဖို့ အတွက် အကောင်းဆုံးသော အချိန်ကာလပင် ဖြစ်တော့သည်။
ထို့အပြင်... လွန်ခဲ့သည့် ထောင်စုနှစ် ကာလများ အတွင်း ချိပ်ပိတ်နယ်မြေတွင် ဖြစ်ပေါ်ခဲ့သည့် ပြစ်မှုများစွာ၏ လက်သည် ဖြစ်ခဲ့သော အစစ်အမှန် မွေးဖွားခြင်းမှာလည်း ယခုအခါ မြေအောက်သို့ ငုပ်လျှိုးသွားခဲ့ပြီ ဖြစ်သည်။ သူတို့က ပြင်ပလောကသို့ ထွက်ခွာခဲပြီး ကိုယ်ပိုင်နယ်မြေကိုသာ နယ်မြေကိုသာ တိတ်တဆိတ် ထိန်းသိမ်း စောင့်ရှောက်နေတော့သည်။
အဆင့်မြင့် ကျင့်ကြံသူများ၏ အမြင်တွင်မူ ဝေ့ဝူယင်က သူတို့ကို လုံးဝဥဿုံ နှိမ်နင်းလိုက်ခြင်းဖြစ်ပြီး နောင်အခါ မည်သည့် ဆူပူသောင်းကျန်းမှုကိုမျှ လုပ်ဆောင်ရဲကြတော့မည် မဟုတ်ချေ။
အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေပြင်ပ၌ 'အရိပ်ဥ' အချို့ ကျန်ရှိနေသေးသော်လည်း အများစုမှာ ဖယ်ရှားခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သူတို့၏ နယ်မြေများ အတွင်း ပြန်လည် မောင်းထုတ်ခြင်းများလည်း ရှိသလို အပြတ်အသတ် ဖျက်ဆီးခံခဲ့ရခြင်းများလည်း ရှိသည်။ ဒုတိယ အခြေအနေမှာ အင်ပါယာ ထျန်းတိုက်ကျုံး၏ ဒေါသတကြီး လက်တုံ့ပြန်မှုကြောင့်ဟုပင် ဆိုနိုင်ပေသည်။
အာရုဏ်ဦး ကြယ်ကွင်းပြင်၌ အေးချမ်းသာယာမှု ရှိနေခြင်းမှာ မဆန်းကြယ်လှပေ။ ရွှယ်ရီဖေးသည် 'ဘေးကင်းဇုံ' များ သတ်မှတ်ခြင်းနှင့် ခရီးသွားလာမှု လုံခြုံရေးတို့ကို အမြဲတစေ အလေးထားသူဖြစ်သည်။ သူမ၏ ဦးဆောင်မှုအောက်တွင် လူသူထူထပ်သော နေရာများ၌ ကျင့်ကြံသူများ ပျောက်ဆုံးမှုနှင့် ဟင်းလင်းပြင် သင်္ဘောများ တိုက်ခိုက်ခံရမှုမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အာဏာရှင် အဖွဲ့ဝင်များကိုလည်း နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။ လွန်ခဲ့သည့် ရက်ပိုင်း အတွင်း မဟာစက်ဝန်း ကြယ်ကွင်းပြင် နေရာဟောင်း၌ ဂြိုဟ်ငယ်တစ်ခုဆီ ဦးတည်နေသော ကုန်တင်သင်္ဘောကြီးတစ်စီးနောက်ကို ဟင်းလင်းပြင် ဓားပြ သင်္ဘောတစ်စင်း လိုက်ပါလာခဲ့သည်။ သို့သော်လည်း... သူတို့ မလှုပ်ရှားရသေးခင်မှာပင် အာဏာရှင် အဖွဲ့ဝင်များက ဝိုင်းဝန်း တိုက်ခိုက်ကာ နှိမ်နင်းခဲ့ကြသည်။
ရွှယ်ရီဖေး၏ အမိန့်အရ အချို့သော နယ်မြေများမှာ တင်းကျပ်သော စောင့်ကြည့်မှုနှင့် အကာအကွယ်အောက်တွင် ရှိနေကြောင်း ထင်ရှားလှသည်။ ထို့ကြောင့် လူအများက သူမအား ချီးကျူးထောပနာ ပြုကြသလို၊ ဝေ့ဝူယင်ကိုလည်း အရည်အချင်းရှိသည့် မိန်းကလေးများအား ရွေးချယ်တတ်သည့် 'အာဏာရှင် အင်ပါယာ' အဖြစ် လေးစားကြသည်။
ရွှယ်ရီဖေးနှင့် တန်းတူ ကျော်ကြားသည့် အာဏာရှင် အင်ပါယာ၏ နောက်ထပ် ချစ်သူ တစ်ဦးမှာ ယွီစွန်းလီ ဖြစ်သည်။ ယွီစွန်းလီ အတွက် လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသည့် အစစ်အမှန် မွေးဖွားခြင်းနှင့် ရင်ဆိုင်ခဲ့သော ဝေ့ဝူယင်၏ ပုံပြင်မှာ လူပြောများပေသည်။ ထိုကဲ့သို့ ရင်ဆိုင်ဖို့ ထိုက်အောင်ရအောင်လည်း ယွီစွန်းလီမှာ အရည်အချင်း ရှိသူ ဖြစ်သည်။
ယွီစွန်းလီမှာ ထျန်းရှောင်ချွမ်း ကဲ့သို့ပင် တစ်ချိန်က မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် အလှမယ် ဖြစ်ခဲ့ဖူးသည်။ ယခုအခါ သူမက လျှို့ဝှက် အာဏာရှင် တစ်ဦး ဖြစ်နေပြီ ဖြစ်သည့် အပြင် မူလယင်ကိုပါ ပိုင်ဆိုင်ထားသေးရာ ကျင့်ကြံသူများ ကြား၌ အလွန် ကျော်ကြားသည်။
ကျောထောက်နောက်ခံအရာတွင်လည်း ယွီစွန်းလီမှာ မသေးလှ။ သူမ၏ မိခင်မှာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ယုံကြည်ရသော လက်အောက်ငယ်သားဖြစ်ပြီး ကြယ်ကိုးပွင့်ရှန့်ထိုနန်းတော်၏ အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ထို့အပြင် သူမ၏ နောက်ကွယ်တွင် အဂ္ဂိရတ်ရှန့်ထို တစ်ဦးနှင့် မြေကြီးရှန့်ထို အများအပြား ရှိနေကြသည်။
ဝေ့ဝူယင်အနေဖြင့် ယွီစွန်းလီကို လက်ထပ်ယူသင့်ကြောင်း များစွာသော လူများက ထောက်ခံကြသည်။ ၎င်းက အာရုဏ်ဦး ကြယ်ကွင်းပြင်အပေါ် ဝေ့ဝူယင်၏ အာဏာစက်ကို ပိုမို ခိုင်မာစေမည်ဟု ယူဆကြသည်။ သို့သော်လည်း... အများစု မသိရှိသည်မှာ ဝေ့ဝူယင်အနေဖြင့် မည်သည့် အင်အားစု၏ မျက်နှာကိုမျှ ကြည့်ရန် မလိုသလို၊ အပေးအယူအတွက် လက်တွဲဖော် ရွေးချယ်ဖို့လည်း မလိုအပ်ကြောင်းပင်။ ပြောရလျှင်... ကြယ်ကိုးပွင့်ရှန့်ထိုနန်းတော်မှာလည်း သူ၏ လက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယွီစွန်းလီမှာ ဝေ့ဝူယင်၏ ဒုတိယမြောက် ဇနီး ဖြစ်လာလိမ့်မည်ဟု လူအများက ခန့်မှန်းနေကြသည်။ သူမက ရွှယ်ရီဖေး ကဲ့သို့ အာရုဏ်ဦး ဧကရီ ရာထူးကို မရလျှင်ပင် အလွန် ကျော်ကြားသော ဂုဏ်သတင်းကို ပိုင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် အင်အားစု အချို့မှာ ယွီစွန်းလီနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် နည်းလမ်းမျိုးစုံကို စဉ်းစားနေကြသည်။ အချို့ဆိုလျှင် ယွီစွန်းလီနှင့် ရန်သူ ဖြစ်ခဲ့ဖူးသည့် ကျန်ရှိနေသေးသော 'အရိပ်ဥ' များနှင့် 'အစစ်အမှန် မွေးဖွားခြင်း' အဖွဲ့ဝင်များကိုပင် လိုက်လံ နှိမ်နင်းရန်ပင် ပြင်ဆင်နေကြသည်။
...
ဝေ့ဝူယင်၏ အစစ်အမှန် ခန္ဓာကိုယ်မှာ အမှောင် ဟင်းလင်းပြင် တစ်နေရာ၌ မျောလွင့်ရင်း အိပ်ပျော်နေသည့် ချင်ချူးမူ၏ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားခဲ့သည်။ သူက နူးညံ့သည့် စွမ်းအင်များကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ပုံမှန် ပို့လွှတ်ပေးနေခဲ့ကာ သူမ ကိုယ်စား ကျင့်ကြံပေးနေ သကဲ့သို့ ရှိသည။
မိန်းကလေး၏ မျက်နှာမှာ သိသိသာသာ ပြန်လည်၍ ကြည်လင်လာခဲ့၏။ သူမ၏ စိတ်အာရုံလှိုင်းများမှာ ဖခင်၏လက်ထဲ၌ လုံခြုံစွာ ခိုလှုံနေသော ကလေးငယ်တစ်ဦး သို့မဟုတ် ခင်ပွန်း ဖြစ်သူ၏ ရင်ခွင် အတွင်း ညင်သာစွာ လှဲလျောင်းနေသော ဇနီးသည်တစ်ဦးကဲ့သို့ ငြိမ်းချမ်းနေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် စိတ်ဖိစီးမှုများမှာ တစ်စက္ကန့်ချင်းစီတိုင်းတွင် လျော့ပါး ပျောက်ကွယ်သွားနေခဲ့သည်။
ဝေ့ဝူယင်သည် ချင်ချူးမူ၏ အသိစိတ် ပင်လယ်အတွင်းသို့ အဂ္ဂိရတ် ဧဒင် စွမ်းအင်များကို ပို့လွှတ်ကာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကိုပါ ဖြည်းဖြည်းချင်း ပြန်လည် ကုစားပေးနေခဲ့၏။ သူက သူမ၌ မည်သည့် လိုအပ်ချက်မျှ မကျန်ရှိစေရန် အစွမ်းကုန် ဂရုစိုက်နေခြင်း ဖြစ်သည်။
ထိုကဲ့သို့ သူ ချင်ကူးယဉ်အား အပြည့်အဝ ဂရုစိုက်နေချိန်တွင် ပိုင်လင်နှင့် အတုအယောင် နတ်ဘုရား အဗာတာမှာမူ ယွီစွန်းလီထံသို့ ပြုံးရွှင်စွာ ရောက်ရှိနေကြသည်။ ချင်ကူးယဉ်အား ပွေ့ဖက်ထားသည့် ဝေ့ဝူယင်မှာ ဒုတိယမြောက် စိတ် ဖြစ်ကာ၊ ယွီစွန်းလီ၏ ရှေ့မှ အာဗာတာကိုတော့ သူ၏ ပင်မ စိတ်က ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် ယွီစွန်းလီနှင့် တွေ့ဆုံရန်အတွက် ပင်မ စိတ်ဝိညာဉ်ကိုသာ အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ အခြားမိန်းကလေးတစ်ဦးကို ရင်ခွင်တွင် ပိုက်လျက် အဝေးထိန်း အဗာတာ တစ်ခုဖြင့် သူမနှင့် တွေ့ဆုံခြင်းမှာ မတရားဟု သူ ယူဆထားသည်။ အနည်းဆုံးတော့ ယွီစွန်းလီထံတွင် သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ရှိနေသင့်သည် မဟုတ်ပါလော။
ဝေ့ဝူယင်၏ ဒုတိယစိတ်မှာ ခပ်တိုးတိုး သက်ပြင်းချလိုက်၏။ စိတ် နှစ်ခုကြားတွင် သိမ်မွေ့သည့် ကွာခြားချက်များ ရှိသော်လည်း အမှတ်တရများမှာမူ တူညီကြသည်။ ဒုတိယ စိတ်ဝိညာဉ်မှာ ကျင့်ကြံခြင်းနှင့် လေ့လာခြင်းကို ပိုမို နှစ်သက်သူ ဖြစ်သည်။ အသိစိတ် ပင်လယ်အတွင်း 'ဧဒင် စာကြည့်တိုက်' ကို တည်ဆောက်ပြီးကတည်းက ဒုတိယမြောက် စိတ်မှာ ပြင်ပကမ္ဘာထက် စာအုပ်စာပေများကြားတွင်သာ အချိန်ကုန်ဆုံးလိုတော့သည်။
ပင်မစိတ် ရင်ဆိုင်နေရသည့် လူမှုရေး ကိစ္စများ၊ ငရဲ၏ ကပ်ဘေးများ၊ သေခြင်းနှင့် ရှင်ခြင်းကြား လက်တစ်လုံခြား ရုန်းကန်ရမှုများ စသည့် အန္တရာယ် အထွေထွေတို့နှင့် နှိုင်းယှဉ်ရပါက သူ၏ ဘဝက များစွာ ပိုမို ငြိမ်းချမ်းပေသည်။ သို့သော်... ဒုတိယ စိတ်တွင်လည်း ခံစားချက်များ ရှိနေဆဲဖြစ်ရာ၊ ချင်ချူးမူ အပေါ် သူ ထားရှိသော သံယောဇဉ်က ဝေ့ဝူယင်နှင့် ထပ်တူပင် ဖြစ်သည်။
"မင်း ဒါမျိုး မကြုံတွေ့သင့်ဘူး... တကယ်ဆို ငါ ပိုပြီး ဂရုစိုက်ခဲ့သင့်တာ"
ဒုတိယမြောက် စိတ်က ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက ထူးခြားစွာပင် နူးညံ့ညင်သာ နေသည်။
"ငါ ကတိပေးတယ်... နောက်တစ်ခါ ဒီလို အမှားမျိုး ထပ်မဖြစ်စေရဘူး"
ဝေ့ဝူယင်မှာ အမှားတစ်ခုကို နှစ်ကြိမ် ထပ်မလုပ်တတ်သူ ဖြစ်သည်။ သူက အမှားများထံမှ အမြဲတစေ သင်ခန်းစာ ယူတတ်ပေသည်။
...
ဝိညာဉ်ဖျက်ဆီးခြင်း နယ်မြေတွင်တော့...
ယွီစွန်းလီမှာ ဝေ့ဝူယင်အား တွေ့လိုက်ရသည်နှင့် ယခင်ကကဲ့သို့ပင် ပြေးလာခဲ့၏။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်မူ သူမ၏ ခြေလှမ်းများက တုန့်ဆိုင်း မနေတော့ပဲ ဝေ့ဝူယင်၏ ရင်ခွင်ကျယ်ကြီးအတွင်းသို့ တိုးဝင်ကာ ဖက်တွယ်လိုက်တော့သည်။
သူမ၏ လက်ထဲမှ ပန်းချီစုတ်တံမှာ ဝေ့ဝူယင်၏ ဝတ်ရုံပေါ်တွင် အမှတ်အသားတစ်ခုကို ထင်ကျန်သွားစေခဲ့တော့၏။
***