← Chapters

ယန်တောင်တန်း လောကနယ်မြေ

Vol. 130 Ch. 1816

ယန်တောင်တန်း လောကနယ်မြေ

Vol. 130 Ch. 1816

လောက ဖျက်ဆီးခြင်း နန်းတော် တည်ရှိရာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ယွီလီရှင်းသည် ဝေ့ဝူယင် ပျံသန်း ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။ ထို့နောက်တွင်တော့... သူမသည် သူပေးအပ်ခဲ့သော လက်ဆောင်များကို စတင် စစ်ဆေးကြည့်ရှုတော့သည်။

ဝေ့ဝူယင်မှာ အာရုဏ်ဦး ကြယ်ကွင်းပြင်၏ ဧကရာဇ် ဖြစ်သလို၊ လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်လည်း ဖြစ်ရာ၊ အဂ္ဂိရတ် ထုတ်ကုန် အချို့ ပါဝင်လိမ့်မည်ဟု သူမ မျှော်လင့်ထားသည်။ ကံကောင်းလျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ မြေကြီးရှန့်ထိုများပင် အလုအယက် လိုချင်နေကြသည့် 'လျှို့ဝှက် မြေကြီး' အဆင့် ထုတ်ကုန်အချို့ပင် ပါဝင်နိုင်သည်။

အမှန်စင်စစ်... ဤလောကတွင် အဂ္ဂိရတ်ရှန့်ထို သုံးဦးသာ ရှိပြီး သူတို့သည်လည်း ဆယ်စုနှစ်တစ်ခုအတွင်း ဆယ်ခုထက် မပိုသည့် 'လျှို့ဝှက် မြေကြီး' အဆင့် ထုတ်ကုန်များကိုသာ ဖော်စပ်နိုင်ကြသည်။ ထိုပစ္စည်းများကိုလည်း သူတို့၏ သက်ဆိုင်ရာ အင်အားစုများကသာ သိမ်းဆည်းထားလေ့ ရှိကြသည်။

သို့သော် ယွီလီရှင်း တစ်ယောက် သူမ၏ ဝိညာဉ်အာရုံကို ရှန့်ထို လက်စွပ် အတွင်း ပို့လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်ခုန်သံများ ထိန်းမနိုင်သိမ်းမရအောင် ပြင်းထန်လာခဲ့တော့သည်။

ထိုအထဲ၌ အဂ္ဂိရတ် ထုတ်ကုန် ၁၃ မျိုးနှင့် ဆေးဖက်ဝင်ပစ္စည်း ၂၁ မျိုး ရှိနေသည်။ တစ်ခုမျှ 'လျှို့ဝှက်-မြေကြီး' အဆင့်ထက် မနိမ့်ချေ။ ထို့ထက် ပို၍အံ့ဩစရာကောင်းသည်က သူမအား ကြက်သီးမွေးညင်း ထသွားစေလောက်အောင် အစွမ်းထက်သည့် အော်ရာများနှင့် လျှို့ဝှက်သင်္ကေတများ ပါဝင်နေသည့် ပစ္စည်းသုံးမျိုးကို တွေ့လိုက်ရခြင်းပင်။ ၎င်းတို့တွင် 'လျှို့ဝှက် လောက' အဆင့်၏ ဖိအားနှင့် အငွေ့အသက်များ ကိန်းဝပ်နေကြသည်။

'လျှို့ဝှက် လောက' အဆင့် ဆေးဖက်ဝင်ပစ္စည်း နှစ်ခုနှင့် 'လျှို့ဝှက်-လောက' အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု...

ယွီလီရှင်း၏ ခြေထောက်များမှာ ပျော့ခွေသွားတော့၏။ ယခုမြင်ကွင်းကို မည်သူမျှ မမြင်လိုက်ခြင်းမှာ ကံကောင်းလှပေသည်။

'လျှို့ဝှက်-လောက' အဆင့် ဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးနှင့် အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုး...

အဂ္ဂိရတ် ထုတ်ကုန်မှာ ကျင့်ကြံခြင်း အခြေခံကို ခိုင်မာစေရန်နှင့် ကျင့်ကြံစဉ် အတွင်း ဖြစ်ပေါ်လာသော အညစ်အကြေးများကို သန့်စင်ရန်အတွက် ဖြစ်ကြောင်း သူမ သိလိုက်သည်။ ဤအရာက သူမ၏ ကျင့်ကြံခြင်းကို ပိုမိုချောမွေ့စေမည့်အပြင် 'လျှို့ဝှက်နှလုံးသား ရည်ရွယ်ချက်' ကို အာရုံခံနိုင်ရန်အတွက်ပင် အထောက်အကူပြုပေလိမ့်မည်။

၎င်းက 'လျှို့ဝှက် အာဏာရှင်' အဆင့်ငါး 'လောကရှန့်ထို' အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းပင် ဖြစ်သည်။

ယွီလီရှင်း တစ်ယောက် ဆွံ့အသွားရပြီး ဝေ့ဝူယင် ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်နေမိ၏။ သူမသည် သမီးဖြစ်သူ၏ ခြံဝန်းဆီသို့ မကြည့်ဘဲ မနေနိုင်တော့ချေ။ သူမ၏ မျက်နှာပေါ်တွင် ယွီစွန်းလီနှင့် ဆင်တူသည့် လှပ တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

...

ဝေ့ဝူယင်မှာ ဝေးကွာသော အရပ်မှပင် ယွီလီရှင်း၏ ပြင်းထန်သော ခံစားချက်များကို အာရုံခံမိနေသည်။ မြေကြီးရှန့်ထို တစ်ဦး၏ စိတ်လှုပ်ရှားမှုမှာ မည်သို့မျှ ဖုံးကွယ်၍ မရနိုင်ချေ။

"ကောင်လေး... နင် အဂ္ဂိရတ် ထုတ်ကုန်တွေရဲ့ တန်ဖိုးနဲ့ ကျင့်ကြံသူတွေအပေါ် သက်ရောက်မှုကို ပိုပြီး သတိထားသင့်တယ်... လျှို့ဝှက်-လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေ ဆိုတာက ဘယ်နေရာမှာမဆို အရမ်း ရှားပါးတဲ့ အရာတွေပဲ... အဆင့်နိမ့်တဲ့ ပစ္စည်းတစ်ခုတည်းနဲ့တောင် ကောင်းကင်ရှန့်ထို အဆင့်တွေကြားမှာ စစ်ပွဲကြီးတစ်ခု ဖြစ်သွားနိုင်တယ်"

ကောင်းကင်စစ် ဝိညာဉ်က ခပ်ပြတ်ပြတ် သတိပေးလိုက်သည်။ သူမသည် ဝေ့ဝူယင် တံစိုးလက်ဆောင် ပေးနေသည်ကို ကန့်ကွက်နေခြင်း မဟုတ်သော်လည်း ထိုပစ္စည်းများ၏ တန်ဖိုးကို သိစေလိုခြင်း ဖြစ်သည်။

အဂ္ဂိရတ်ပညာရှင်များမှာ များသောအားဖြင့် ဖန်တီးခြင်း ပညာရှင်များထဲတွင် အချမ်းသာဆုံး ဖြစ်ကြသော်လည်း ချစ်ရေးချစ်ရာအတွက် အချိန်ပေးရန် ခက်ခဲတတ်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် မိမိတို့နှစ်သက်သော မိန်းကလေးနှင့် မိသားစုများကို မြင်မြင်ချင်းချစ် ဆိုသော ခေါင်းစဉ်အောက်တွင် တန်ဖိုးကြီး လက်ဆောင်များ ပေးကာ သိမ်းသွင်းတတ်ကြသည်။ ၎င်းမှာ ရိုးရှင်းသော်လည်း ကျင့်ကြံခြင်း လောက၌ ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

"လျှို့ဝှက် လောက အဆင့် ထုတ်ကုန်တွေရဲ့ တန်ဖိုးကို ငါ သိထားပါတယ်...”

ဝေ့ဝူယင်မှာ အဂ္ဂိရတ်တာအို၏ အသိအမှတ်ပြုခြင်း ခံထားရသော လောကရှန့်ထို အဆင့် အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်သော်လည်း မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့်ကို သည်အတိုင်း ခုန်ကျော်ခဲ့သူ ဖြစ်ရာ သူပိုင်ဆိုင်ထားသည့် ပစ္စည်းများ၏ တန်ဖိုးကို အမှန်တကယ် နားလည်ပါ့မလားဟု်ကောင်းကင်စစ် ဝိညာဉ် စိုးရိမ်နေခြင်း ဖြစ်သည်။

သို့သော်လည်း... ကောင်းကင် စစ်ဝိညာဉ် မသိလိုက်သည့် အရာက ဝေ့ဝူယင်မှာ ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့်တွင် ဆယ်စုနှစ် တစ်ခုစာ နီးပါး အခြေကျ နေခဲ့သူ ဖြစ်သည်။

ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများက ရှေ့သို့ လှမ်းကြည့်လိုက်၏။

ယန်တောင်တန်း နယ်မြေ...

၎င်းမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေအတွင်းရှိ လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်သည်။ ယန်စွမ်းအင် အခြေခံ ကျင့်စဉ်များကို ကျင့်ကြံသူများအတွက် အကောင်းဆုံးသော နေရာတစ်ခုအဖြစ် ကျော်ကြားသည်။ ပြင်းထန်လှသည့် ယန်စွမ်းအင်များကြောင့် အမျိုးသားများအတွက် သင့်လျော်သော်လည်း အမျိုးသမီးငယ်များအတွက်မူ လာရောက်ရန် မသင့်တော်သော နေရာတစ်ခု ဖြစ်သည်။

ဤပြင်းထန်သော ယန်စွမ်းအင်များ၏ အရင်းအမြစ်မှာ ရွှေရောင် နေမင်းအသေးစားလေး တစ်စင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းကို 'ယန်တောင်တန်း သွေးကြော' ပိုင်ဆိုင်သော 'သေမျိုးတစ်ပိုင်း အရှင်' အဆင့် တစ်ဦးက သူ၏ နောက်ဆုံးထွက်သက်တွင် အကြောများနှင့် 'လျှို့ဝှက်အမြုတေ' ကို အသုံးပြုကာ အခြေခံအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ကြယ်ကိုးပွင့်ရှန့်ထိုနန်းတော်ကလည်း ထိုပုဂ္ဂိုလ်အား ဂုဏ်ပြုသောအားဖြင့် သူ၏ မိသားစုအား ဤတောင်တန်းကို ပိုင်ဆိုင်ခွင့် ပေးခဲ့သည်။ ထိုမိသားစုမှ နောက်ထပ် လျှို့ဝှက်အာဏာရှင်တစ်ဦးမျှ ထပ်မံ ပေါ်ထွက်မလာခဲ့သော်လည်း ကြယ်ကိုးပွင့်ရှန့်ထိုနန်းတော်က ကတိအတိုင်း တည်ခဲ့သည်။ ထိုမိသားစုမှာ စီ မျိုးနွယ်စုဖြစ်ပြီး ယခုလက်ရှိ မျိုးနွယ်စုခေါင်းဆောင်မှာ စီယန်ပင် ဖြစ်သည်။

ဝေ့ဝူယင် မိမိကိုယ်မိမိ ဖုံးကွယ်ထားခြင်း မရှိဘဲ ပေါ်ပေါ်ထင်ထင်ပင် လာရောက်ခဲ့၏။ ပိုင်လင်ကလည်း သူမ၏ နိဗာန ရည်ရွယ်ချက်ကို အသုံးပြု၍ ပတ်ဝန်းကျင်၏ အပူရှိန်များကို မြှင့်တင်လိုက်ရာ စီယန် အပါအဝင် အတွင်းရှိ လူအားလုံး သတိပြုမိသွားကြလေသည်။

မကြာမီ ပိုင်လင်သည် ယန်တောင်တန်း နယ်မြေ အနီးသို့ ဆိုက်ရောက်လာ၏။ ဝေ့ဝူယင် ဟင်းလင်းပြင်ကို အင်အားသုံး ဖောက်ခွဲခြင်း မပြုသလို၊ ဟင်းလင်းပြင် တံခါးကိုလည်း မဖွင့်ခဲ့ချေ။

ဝှစ်... ဝှစ်...

ဟင်းလင်းပြင် ဂယက်များ ဖြစ်ပေါ်လာပြီး လူတစ်ဦး ထွက်ပေါ်လာ၏။ ထိုသူမှာ တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ထူထဲလှသည့် မျက်ခုံးနီနီ၊ ရှုပ်ပွနေသော ဆံပင်နက်များနှင့် ခပ်ပုပု အရပ်အမောင်းတို့ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှာ ယောကျ်ားပီသလှသည့် အားမာန်၊ အော်ရာများနှင့် ဖုံးလွှမ်းနေ၏။

သူက အခြားလူ မဟုတ်... စီမျိုးနွယ်စု ခေါင်းဆောင် စီယန်ပင် ဖြစ်သည်။

"လောကရှန့်ထို အာရုဏ်ဦး..."

စီယန်က ယဉ်ကျေးစွာ ပြုံးလိုက်ရင်း လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။ ဝေ့ဝူယင်မှာ လောကကြီးကို စကားတစ်ခွန်းတည်းဖြင့် သိမ်းပိုက်လိုက်သည်မှာ မကြာသေးသော်လည်း၊ လူအများ၏ စိတ်ထဲတွင် အသားကျရန် အချိန်လိုအပ်သေးသဖြင့် 'အရှင်မင်းကြီး' ဟု ခေါ်ဆိုရန် မလိုအပ်သေးပေ။ ဝေ့ဝူယင်ကလည်း 'လောကရှန့်ထို' ဟု ခေါ်ဆိုခံရသည်ကိုပင် ပိုမို နှစ်သက်သည်။

"ကျုပ် ဒီကို ဘာလို့ ရောက်လာလဲဆိုတာ ခင်ဗျား သိမှာပါ..."

ဝေ့ဝူယင်က ပြုံးရင်း မေးလိုက်၏။ စီယန် တစ်ယောက် ရင်ထဲတွင် တင်းကျပ်သွားခဲ့သည်။ သေမျိုး တစ်ယောက်သာ ဖြစ်သည့်တိုင် ဝေ့ဝူယင်၏ ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ဧကရာဇ် တစ်ပါး၏ အရှိန်အဝါမျိုးပင် ဖြစ်သည်။

"ယန်လေးကို ခွင့်လွှတ်ပေးလိုက်ပါ... သူက အရှင့်ကို လိုက်ရှာဖို့ ကြိုးစားခဲ့ပေမယ့်..."

စီယန်က ဆင်ခြေပေးဖို့ ကြိုးစားလိုက်သော်လည်း ဝေ့ဝူယင်က လက်ကာပြလိုက်သဖြင့် စကားစရပ်သွားခဲ့သည်။

"ကျုပ် သူ့ ဆုံးဖြတ်ချက်ကို အခုထိ လေးစားပေးခဲ့တယ်... ဒါပေမဲ့ အခု ကျုပ်ကိုယ်တိုင်လည်း ဒီအဆင့်အထိ ရောက်နေပြီဆိုမှတော့ ဘယ်လို ဆင်ခြေမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူး... သွားကြမလား"

ဝေ့ဝူယင်က အခြားစကား မဆိုတော့ချေ။ ပိုင်လင်ကလည်း စီယန်ကို အေးစက်စက် ကြည့်နေပြီး အင်အားသုံး ဝင်ရောက်ရန် အသင့်အနေအထား ရှိနေသည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."

စီယန် တစ်ယောက် ချွေးများ ပျံနေခဲ့၏။ အကယ်၍ ပိုင်လင်သာ အင်အားသုံးခဲ့လျှင် ဤလျှို့ဝှက်နယ်မြေ ပျက်စီးသွားပေလိမ့်မည်။ သူသည် လက်ဟန်ချိပ်စည်း အချို့ ပြုလုပ်လိုက်ရာ ယာယီ တံခါးပေါက်တစ်ခု ပေါ်ထွက်လာ၏။

"ကြွပါ... လောကရှန့်ထို အာရုဏ်ဦး "

သူက ယဉ်ကျေးစွာပင် ဖိတ်ခေါ်လိုက်သည်။

ဝေ့ဝူယင် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပိုင်လင်မှာ အော်ဟစ်ကာ တံခါးပေါက်အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။

ယန်တောင်တန်း နယ်မြေအတွင်းရှိ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် တောင့်တင်း ခိုင်မာသော ကြွက်သားများနှင့် ရှည်လျားလှသော အရပ်အမောင်းရှိသည့် လူငယ်တစ်ဦးမှာ ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။ ထွားကျိုင်းလှသော ရုပ်ရည်နှင့် မလိုက်အောင်ပင် သူ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်လျှံနေလေသည်။

ဂီး...

ငယ်စဉ်က ရင်းနှီးခဲ့သော မြင်ကွင်းတစ်ခု ပြန်လည် ပေါ်ပေါက်လာပြန်၏။ ငွေရောင်မျက်ဝန်းများနှင့် ချောမောလှသော လူငယ်တစ်ဦးမှာ ဒဏ္ဍာရီထဲမှ တန်ခိုးရှင်တစ်ဦးကဲ့သို့ အဖြူရောင် ငှက်ကြီးတစ်ကောင်ကို စီးနင်းကာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လူငယ်လေး၏ မျက်ရည်များမှာ တားမနိုင် ဆီးမရအောင် ပိုမို၍ စီးကျလာတော့၏။

"အစ်ကိုလတ်..."

သူက အသံတုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်လေတော့၏။

***

All Chapters