တိုင်းပြည်တစ်ခွင်လုံး အမတ်များအပြည့်အလျှံဖြစ်နေပေမယ့် ထိုလူတစ်ယောက်တည်းသာ အထီးကျန်ဆန်စွာဖြင့် သီးခြားရှိနေတယ်
Vol. 63 Ch. 933
ထန်လင်းအာသည် တားမြစ်ဥယျာဉ်သို့ ရောက်ရှိလာချိန်တွင် ထျန်းရှန့် မြို့တော်ရှိ အမတ်အားလုံးနီးပါးရောက်ရှိ စုဝေးနေကြပြီ ဖြစ်သည်။
လူများသည် အုပ်စုငယ်များဖွဲ့ကာ ယနေ့ ကျင်းပမည့် မွေးနေ့ပွဲတော်အကြောင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
"ဒီနေ့ပွဲက ဘာလို့ ထူးဆန်းနေသလို ခံစားရတာလဲ၊ အထူးသဖြင့် မင်းသားရှစ်ရဲ့ လူတွေလေ အကုန်လုံး မျက်နှာမကောင်းကြဘူး၊ မကောင်းတာ တစ်ခုခုများ ဖြစ်တော့မှာလား"
တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဟုတ်တယ်နော်... မင်းသားရဲ့ လူယုံ အဆင့်မြင့်အမတ်တွေ တစ်ယောက်မှ ပေါ်မလာကြဘူး၊ မထင်မှတ်ထားတဲ့ အပြောင်းအလဲတစ်ခုခုများ ရှိနေမလားပဲ"
နောက်တစ်ယောက်က ဝင်ပြောသည်။
"ကျုပ်ထင်တာတော့ ဒီနေ့ပွဲက သာမန် ပွဲတစ်ခုတော့ မဟုတ်လောက်ဘူး၊ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မင်းသားက ထိပ်တန်း ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်ကို ခေါ်ယူခဲ့သေးတယ်၊ ပြီးတော့ မင်းသားရှစ်က အင်အားစုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပဲ၊ အုပ်စုနှစ်ဖက်ကြားက အခြေအနေက ဓားသွားပေါ် ရောက်နေသလိုဖြစ်နေပြီး စမယ့်သူကို စောင့်နေပုံရတယ်၊ ဒီမွေးနေ့ပွဲက မီးစ ဖြစ်လာနိုင်တယ်"
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မှတ်ချက်ချလိုက်သည်။
လူအုပ်ကြီးသည် ထိုစကားကို လေးနက်စွာ ထောက်ခံလိုက်ကြသည်။
ထန်လင်းအာသည်လည်း ထိုစကားများကို နားထောင်ကာ သူမရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး မေရှသည် နျဲ့ယီဟန်ကို ဦးဆောင်၍ တားမြစ်ဥယျာဉ်ထဲသို့ ဝင်ရောက်လာသည်။
ယန်ရှီဘက်တော်သား အုပ်စု၏ အဓိက ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် သူမရောက်ရှိလာမှုသည် ပွဲခင်းထဲမှ လေထုအခြေအနေကို အနည်းငယ် ထူးခြားသွားစေသည်။
မင်းသားရှစ်၏ ထောက်ခံသူများသည် သူမကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
ထိုစဉ် ကြားနေအုပ်စုများကလည်း အချင်းချင်း တီးတိုး ပြောဆိုလာကြသည်။
"မိန်းကလေးမေ့တောင် ရောက်လာပြီဟေ့၊ ကြည့်ရတာ သူ အဆင်ပြေပုံပါပဲ"
"ဒါပေမဲ့ လူတိုင်း ပြောပြောနေကြတဲ့ နာမည်ကြီး လူငယ်ကျွမ်းကျင်သူ ပညာရှင်က ဘယ်မှာလဲ"
ထိုသို့ တီးတိုးပြောဆိုနေကြသော်လည်း ထန်လင်းအာ၏ အာရုံသည် မေရှ၏ နောက်မှလိုက်ပါလာသော နျဲ့ယီဟန် ထံတွင်သာ ရှိနေသည်။
ထိုမိန်းကလေး၏ အံ့မခန်းလှပမှုသည် သူမအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်နေသည်။
နျဲ့ယီဟန်သည်လည်း ဤတစ်ကြိမ်တွင် နောက်ဆုတ်မည့်ပုံ မပြချေ။ ထန်လင်းအာကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင် အရှုံးမပေးလိုသော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
ထန်လင်းအာ အံ့အားသင့်သွားပြီး မျက်နှာ အနည်းငယ် ပျက်သွားသည်။
ထိုအချိန်တွင် မင်းသားရှစ်ဖြစ်သူ ယန်ဖန် သည် တည်ငြိမ်ကာ ခက်ထန်သော မျက်နှာထားဖြင့် တားမြစ်ဥယျာဉ်ထဲသို့ ဝင်ရောက်လာပြီး မည်သူ့ကိုမျှ စကားမပြောဘဲ သူ့နေရာတွင်သူ ဝင်ထိုင်လိုက်လေသည်။
ဥယျာဉ်အတွင်းရှိ လေထုသည် တဖြည်းဖြည်း လေးလံထိုင်းမှိုင်းလာသည်။
အဆုံးတွင် မွေးနေ့ပွဲတော် စတင်ရန် နီးကပ်လာချိန်၌ ယန်ရှီသည် သူ၏ နောက်လိုက်များနှင့်အတူ တားမြစ်ဥယျာဉ်ထဲသို့ ရောက်ရှိလာလေသည်။
သူ ပေါ်လာသည်နှင့် လူတိုင်း လှည့်ကြည့်မိကြသည်။ သို့သော် လူတိုင်းနီးပါး၏ အာရုံသည် ယန်ရှီ၏ ဘေးတွင် ရပ်နေသော ရွှယ်အန်းထံ၌သာ ကျရောက်နေလေသည်။
"တကယ့်ကို သတင်းကြီးတဲ့အတိုင်း ချောမောတာပဲ၊ မာန်ဝင့်ကြွားတဲ့ ပုံစံလေးနဲ့ ဟုတ်နေတာပဲဟေ့"
တစ်စုံတစ်ယောက်က လေးစားအားကျစွာ ရေရွတ်လိုက်သည်။
အခမ်းအနားအတွက် သေသပ်စွာ ဝတ်ဆင်ထားကြသော မျိုးရိုးမြင့်မိန်းကလေးများသည် စိတ်လှုပ်ရှားလွန်း၍ မူးမေ့လဲမတတ်ဖြစ်နေကြသည်။
"ကောလာဟလတွေအတိုင်း တကယ်ချောတာပဲ"
"ဘုရားရေ... သူ့မျက်ခုံးနဲ့ မျက်လုံးတွေကနေ ထွက်ပေါ်နေတဲ့ အာဏာနဲ့ လွှမ်းမိုးနိုင်စွမ်းတွေက တကယ့်ကို ယစ်မူးစရာပါလား"
ထိုသို့ တမ်းတမ်းတတရေရွတ်သံများသည် ထန်လင်းအာနှင့် နျဲ့ယီဟန်တို့၏ နားထဲသို့ ရောက်ရှိသွားပြီး မိန်းကလေးနှစ်ယောက်စလုံး၏ မျက်နှာထားကို ကညည့်မကောင်းဖြစ်သွားစေသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ထန်လင်းအာ ဘက်သို့ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"မိန်းကလေးထန်..."
ထန်လင်းအာ လန့်သွားပြီး ရင်ခုန်သံများ မြန်သွားသော်လည်း တည်ငြိမ်မှုကို ပြန်ယူကာ ထိန်းထိန်းသိမ်းသိမ်း ပြန်လည် တုံ့ပြန်လိုက်သည်။
"ရွှယ်... အရှင်ရွှယ်..."
ရွှယ်အန်း အနည်းငယ် ပြုံးလိုက်ပြီး မလှမ်းမကမ်းတွင် ရပ်နေသော နျဲ့ယီဟန် ဘက်သို့ အကြည့်လွှဲလိုက်သည်။ နျဲ့ယီဟန်၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ရှိနေသည်ကို တွေ့လိုက်ရပြီး သူ ခေါင်းညိတ်ပြလိုက်သည်။
"မိန်းကလေးနျဲ့..."
နျဲ့ယီဟန်၏ မျက်မှောင်ကြုတ်ထားမှုသည် ပျော်ရွှင်မှုသို့ ပြောင်းလဲသွားပြီး ကျော့ရှင်းစွာဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။
"အရှင့်ကို တွေ့ရတာ ဝမ်းသာပါတယ်"
ထိုအဖြစ်အပျက် ယန်ရှီသည် ဘေး၌ တိတ်ဆိတ်စွာ ရပ်ကြည့်နေခဲ့သည်။
သို့သော် ထန်လင်းအာနှင့် နျဲ့ယီဟန်တို့၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို မြင်လိုက်ရသောအခါ သူမနေနိုင်ဘဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ခဏနေ အန်းယန်ကို တွေ့လိုက်ရရင် မင်းတို့ ဘယ်လို မျက်နှာထားမျိုး ဖြစ်သွားမလဲ ဆိုတာ သိချင်ပါ့...
ထိုင်နေသော ယန်ဖန်သည် ရွှယ်အန်းဝင်လာသည်ကို မြင်သောအခါ သူ့ မျက်လုံးများ တောက်ပသွားပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်။
မင်းရဲ့ မောက်မာမှုတွေကို ခဏလောက် ဆက်ပြီး ပျော်မွေ့နေလိုက်ပါဦး၊ ခဏနေရင် မင်း ငိုတောင်မငိုနိုင်အောင် ငါ လုပ်ပြမယ်...
ထိုအချိန်တွင် တီးလုံးသံများ ထွက်ပေါ်လာပြီး နဂါးဝတ်ရုံ ဆင်မြန်းထားသော ဧကရာဇ်မင်းနှင့် အနီရောင်ဝတ်စုံ ဆင်မြန်းထားသော မိဖုရားကြီးတို့သည် လက်ချင်းချိတ်လျက် ဝင်ရောက်လာကြလေသည်။
ရှိနေသူ အားလုံးလည်း ချက်ချင်း အရိုအသေ ပေးလိုက်ကြသည်။
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ..."
ထိုအခြေအနေတွင် ခေါင်းပင် မငုံ့ဘဲ မတ်မတ်ရပ်နေသော ရွှယ်အန်းသည် ကြက်အုပ်ကြားက ဗျိုင်းတစ်ကောင်ပမာ အလွန်ထင်ရှားပေါ်လွင်နေလေသည်။
ဧကရာဇ်မင်းသည် အိုမင်းရင့်ရော်နေပြီ ဖြစ်သော်လည်း ဆယ်စုနှစ်များစွာ အာဏာဖြင့် နေထိုင်ခဲ့သူဖြစ်သဖြင့် သူ၏ ဟန်ပန်မှာ ထူးခြားနေဆဲ ဖြစ်သည်။
ထို့ကြောင့် အဖြူရောင် ဝတ်စုံဖြင့် မောက်မာစွာရပ်နေသော လူငယ်တစ်ဦးကို မြင်လိုက်ရချိန်တွင် သူ အံ့သြမှင်သက်သွားပြီး လေးနက်သော အသံဖြင့် မေးလိုက်လေသည်။
"မင်းက ဘယ်သူလဲ၊ ငါ့ကိုမြင်တာတောင် ဘာလို့ ဒူးမထောက်တာလဲ"
ထိုမေးခွန်းကြောင့် ခန်းမထဲရှိ လူတိုင်း၏ အာရုံကို ရွှယ်အန်းထံသို့ ချက်ချင်းရောက်သွားစေသည်။
ရွှယ်အန်း၏ မျက်နှာထားမှာ ဂရုမစိုက်ဟန် ပေါ်နေသည်။
"ဒူးထောက်ရမယ်ဟုတ်လား၊ ခင်ဗျားက ပြောလိုက်တာနဲ့လား"
"ရောင့်တက်လှချည်လား"
ကိုယ်ရံတော် ခေါင်းဆောင်တစ်ဦးသည် ရှေ့ထွက်လာပြီး ရွှယ်အန်းကို ရင်ဆိုင်ရန် ပြင်လိုက်သည်။
အခြေအနေ ပိုဆိုးသွားမည်ကို စိုးရိမ်သဖြင့် ယန်ရှီသည် အလျင်အမြန် ထရပ်လိုက်ပြီး ပြောလိုက်သည်။
"ခမည်းတော်... ဒါ သားတော်ရဲ့ သူငယ်ချင်းပါ၊ သူက သဘာဝအတိုင်း ပေါ့ပေါ့နေတတ်သူမို့ ခွင့်လွှတ်ပေးပါ"
ဧကရာဇ်မင်းသည် မပျော်မရွှင် ဖြစ်သွားလေသည်။
"ယန်ရှီ... အိမ်ရှေ့မင်းသား တစ်ယောက် အနေနဲ့ မင်းက ဒီလို အရိုင်းအစိုင်းတွေနဲ့ သိပ်မပတ်သက်သင့်ဘူး"
"ဟုတ်ကဲ့ပါခမည်းတော်"
ယန်ရှီ ခေါင်းငုံ့လိုက်ရသည်။
ထိုအဖြစ်ကိုမြင်သောအခါ ယန်ဖန်က ကျေနပ်သည့် အပြုံးကို ပြသလိုက်သည်။
မည်သို့ပင်ဆိုစေ ဤရုတ်ရုတ်သဲသဲ ဖြစ်ရပ်သည် ယာယီအားဖြင့် ပြီးဆုံးသွားပုံရသည်။
မွေးနေ့ပွဲတော်သည် တရားဝင်စတင်လေသည်။
ဂုဏ်သရေရှိအမတ်များသည် တစ်ယောက်ပြီး တစ်ယောက် အားပါးတရ ခွက်မြှောက် ဆုတောင်းကြသဖြင့် ဧကရာဇ်မင်း၏ မျက်နှာတွင် နှစ်သက်သဘောကျသော အရိပ်အယောင်များ ပေါ်လာသည်။
ထိုစဉ် မိဖုရားကြီးက မင်းသားရှစ် ယန်ဖန်အား သူမ၏ ဘေးနားသို့ ခေါ်လိုက်လေသည်။ ထို့ကြောင့် မင်းသားရှစ်၏ အုပ်စုဘက်တွင် အတော်လေး သက်ဝင်လှုပ်ရှားနေပုံရသည်။
ဆန့်ကျင်ဘက်အားဖြင့် ယန်ရှီ၏ဘက်တွင်မူ ခြောက်ကပ်နေသည်။ လူအများက သူ့ကို တမင်တကာ လစ်လျူရှုထားကြသကဲ့သို့ဖြစ်နေသည်။
ဤအခြေအနေအောက်တွင် ယန်ရှီ၏ မျက်နှာသည် မသက်မသာ ဖြစ်မှုများ ပေါ်လွင်လာသည်။
ထိုအရာကိုမြင်သောအခါ ရွဇယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်ရုံသာပြုံးပြီး သက်တောင့်သက်သာပင်ထိုင်ကာ ဝိုင်ခွက်ကို မော့သောက်လိုက်သည်။
သူ၏ ဧကရာဇ်ကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှုကင်းမဲ့ခြင်းနှင့် လက်ရှိ ဂရုမစိုက်သောပုံစံတို့ ပေါင်းစပ်လိုက်သောအခါ သူ့ကို ခိုးကြည့်နေကြသော မိန်းမပျိုလေးများ၏ နှလုံးသားကို လှုပ်ခါသွားစေသည်။
အဆုံးတွင် မိန်းမပျိုတစ်ယောက်သည် မနေနိုင်တော့ဘဲ ချဉ်းကပ်လာလေသည်။
"အရှင်ရွှယ်... မင်္ဂလာပါ၊ ကျွန်မ ရှင်နဲ့ ရင်းနှီးခွင့်ရမလား၊ ကျွန်မက..."
ထိုမိန်းမပျိုသည် သူမ၏ နောက်ခံအကြောင်း မိတ်ဆက်ရန် ပြင်လိုက်သည်။
ထိုစဉ် ရွှယ်အန်းက ပြုံး၍ ခေါင်းခါပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တောင်းပန်ပါတယ်၊ ကျွန်တော် စိတ်မဝင်စားပါဘူး"
ထိုတုံ့ပြန်မှုက မိန်းမပျို၏ မျက်နှာကို ချက်ချင်းဖြူဖျော့သွားစေပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားလေသည်။
ရွှယ်အန်း၏ လုပ်ရပ်သည် ဂုဏ်သရေရှိ မိန်းကလေးများကို စိတ်ဓာတ်ကျသွားစေသည်။
ထိုအချိန်မှာပင် ယန်ဖန်သည် ယုံကြည်မှုရှိစွာ လျှောက်လှမ်းလာပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"အစ်ကိုတော်... ဒီနေ့က ခမည်းတော်ရဲ့ မွေးနေ့ပွဲလေ၊ ပွဲစည်သွားအောင် ဖျော်ဖြေတဲ့အစီအစဉ်လေးတစ်ခုလောက် လုပ်ဖို့ စိတ်ဝင်စားလား"
ယန်ရှီ လန့်သွားသည်။
"ဘာ ဖျော်ဖြေတာလဲ"
ယန်ဖန်သည် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ရွှယ်အန်းဘက်သို့ ညွှန်ပြကာ ပြောလိုက်သည်။
"ရိုးရိုးလေးပါ၊ ဒီလူက အစ်ကိုတော် အမြဲတမ်းချီးမွမ်းနေတဲ့ ကျွမ်းကျင်သူ ပညာရှင် မဟုတ်လား၊ ကျွန်တော့် လူတွေနဲ့ သူ့ကို ယှဉ်ပြိုင်ခိုင်းပြီး ဘယ်သူ ပိုစွမ်းလဲ ကြည့်ကြရင် ဘယ်လိုလဲ"
ထိုအဆိုပြုချက်သည် ရှိနေသူအားလုံးကို တင်းမာသွားစေသည်။
အချိန်ကျလာပြီဖြစ်သည်။
ယန်ရှီ၏ မျက်နှာထား တင်းမာသွားပြီး စိတ်ထဲတွင် ဝေခွဲမရဖြစ်ကာ သူ့ဘေးနားရှိ ရွှယ်အန်းကို လှမ်းကြည့်လိုက်မိသည်။
မထင်မှတ်ထားသည်မှာ ထိုအချိန်တွင် ရှယ်အန်းသည် ဘာမှမကြားသည့်အလား ခေါင်းငုံ့၍ ဝိုင်သောက်နေခြင်း ဖြစ်သည်။
ယန်ရှီ စိတ်လှုပ်ရှားလာသည်။ ဒါ ဘယ်လို အနေအထားကြီးလဲ...၊ သူက လက်ခံရမှာလား၊ ငြင်းရမှာလား?
ယန်ဖန်က ထိုအခြေအနေကိုမြင်သောအခါ ပို၍ သေချာသွားပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ မြို့တော် တစ်ခုလုံး နေမထိထိုင်မသာ ဖြစ်အောင်
လုပ်ခဲ့တဲ့ အရှင်ရွဇယ်က တကယ်တမ်းကျတော့ ကြောက်နေတာလား"
ပွဲခင်းတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။
ထန်လင်းအာနှင့် နျဲ့ယီဟန်တို့သည်တောင် ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားကြသည်။ အထူးသဖြင့် ထန်လင်းအာ ဖြစ်သည်။ သူမသည် ရွှယ်အန်း၏ ဘေးတိုက်မျက်နှာကို ငေးကြည့်နေရင်း ရုတ်တရက် စာသားတစ်ချို့ ခေါင်းထဲ ပေါ်လာသည်။
"တိုင်းပြည်တစ်ခွင်လုံး အမတ်များအပြည့်အလျှံဖြစ်နေပေမယ့် ထိုလူတစ်ယောက်တည်းသာ အထီးကျန်ဆန်စွာဖြင့် သီးခြားရှိနေတယ်"
သေချာပေါက်ပင် ဤမြင်ကွင်းကို ထိုစကားဖြင့်သာ ဖော်ပြနိုင်ခြင်း
ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင်...
ရွှယ်အန်းသည် မျက်လုံးကို ဖြည်းညှင်းစွာ ပင့်လိုက်ပြီး ယန်ဖန်ကို တစ်ချက်ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်လေသည်။
"ကောင်းပြီလေ... အားလုံးလည်း ပျင်းနေကြတာဆိုတော့ ကစားပွဲလေး တစ်ခုလောက် ဖျော်ဖြေပေးတာပေါ့”