← Chapters

မသေရုံတမယ်ပဲ ရိုက်နှက်လိုက်...

Vol. 63 Ch. 936

မသေရုံတမယ်ပဲ ရိုက်နှက်လိုက်...

Vol. 63 Ch. 936

အန်းယန်သည် ထိုစကားကို ကြားသောအခါ ခေါင်းကို အားပါးတရ ညိတ်လိုက်လေသည်။

"ယောက်ျား... သူ့ကို ဘယ်လောက်ထိ ရိုက်နှက်ရမလဲ"

ရွှယ်အန်းက ပြန်ပြောလိုက်သည်။

"အသက်မသေရင်ပြီးရော... မွကြေသွားအောင် ရိုက်နှက်လို့ရတယ်"

"ကောင်းပြီလေ ယောက်ျား... အဲဒီကိစ္စ မိန်းမကို လွှဲထားလိုက်"

ထိုစကားကို ကြားသောအခါ မျက်နှာဖုံးစွပ် တစ္ဆေကျင့်ကြံသူသည် အံ့အားသင့်သွားပြီး ဟားတိုက် ရယ်မောလိုက်လေသည်။

"ဒီလို နွဲ့နွဲ့နှောင်းနှောင်း မိန်းကလေးကို ငါ့ကို လာရိုက်ခိုင်းတာလား၊ မင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်..."

သူ့ခမျာ ရယ်မော၍ပင် မဆုံးလိုက်ရချေ။

အန်းယန်သည် ရှေ့သို့ ခုန်ဝင်သွားပြီး ဒယ်အိုးဖြင့် တစ္ဆေကျင့်ကြံသူအား ရိုက်ချလိုက်တော့သည်။

တစ္ဆေကျင့်ကြံသူက မထီမဲ့မြင် ပြုံးကာ ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် ထိုဒယ်အိုးသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ မသိခဲ့ပေ။

ဒယ်အိုးထဲမှ ကိုးကောင်းကင်မိုးကြိုးသခင်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"တောက်... ငါစောင့်နေရတာ ကြာလှပြီ၊ နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီဟေ့၊ ရိုက်ချလိုက်စမ်း"

ထိုအသံနှင့်အတူ မျက်စိကျိန်းမတတ် လင်းလက်သော မိုးကြိုးသွားတစ်ချက်သည် မျက်နှာဖုံးစွပ် တစ္ဆေကျင့်ကြံသူ၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာလေသည်။

တစ္ဆေကျင့်ကြံသူသည် ယိုင်နဲ့သွားပြီး တောင့်တင်းကာ ကောင်းကင်မှ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။ ထို့နောက် ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"ဒါ ကောင်းကင်မိုးကြိုးလား၊ ကောင်းကင်မိုးကြိုးကို သုံးနိုင်တာ ဘယ်လို မှော်လက်နက်မျိုးမို့လို့လဲ"

သို့သော် အန်းယန်သည် သူ့ကို စကားပြန်ပြောကာ အချိန်ဖြုန်းမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ယောက်ျားက မသေမချင်း ပြင်းပြင်းထန်ထန် ရိုက်နှက်ရန်မှာထားသောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ အန်းယန်လက်ထဲရှိ ဒယ်အိုးသည် တောင့်တင်းနေသော တစ္ဆေကျင့်ကြံသူ၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားလေသည်။

ထိုစဥ် ဘုန်း ခနဲ အသံအုပ်အုပ် ထွက်ပေါ်လာသည်။

တချိန်က ကြောက်မက်ဖွယ်ကောင်းခဲ့သော တစ္ဆေကျင့်ကြံသူသည် အဝေးသို့ လွင့်စင်သွားပြီး ခက်ခက်ခဲခဲ ပြန်လည် ထိန်းလိုက်ရသည်။

အန်းယန်က လက်ကို မြှောက်လိုက်ရာ ဒယ်အိုးသည် ပျံသန်းထွက်ခွာသွားပြန်သည်။ ဒယ်အိုးထဲမှ လက်နက်ဝိညာဉ်ဖြစ်သော ကိုးကောင်းကင်မိုးကြိုးသခင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"သခင်မ... ဒီကောင်ကို ကျွန်တော့်လက်သာ အပ်လိုက်၊ တောက်... အောင့်အီးထားရတာ ကြာလှပြီ"

ထိုသို့ပြောရင်း မိုးကြိုးများကို တရစပ် ပစ်ခတ်လေတော့သည်။

တစ္ဆေကျင့်ကြံသူခမျာ ဘယ်ပြန်ညာပြန် ရှောင်တိမ်းနေရသော်လည်း မိုးကြိုး၏ အမြန်နှုန်းကို မည်သို့ယှဉ်နိုင်မည်နည်း။ ခဏအတွင်းမှာပင် သူ သေချင်လောက်အောင် အရိုက်ခံလိုက်ရလေသည်။

ထို့အပြင် ကိုးကောင်းကင်မိုးကြိုးသခင်သည် အလွန်ဉာဏ်များလှသည်။ မိုးကြိုးတစ်ချက်ကို ရှောင်လိုက်တိုင်း နောက်ထပ်တစ်ချက်ဖြင့် ထပ်မံပစ်ခတ်လေ့ရှိသည်။

မကြာမီမှာပင် တစ္ဆေကျင့်ကြံသူသည် ဝက်ခေါင်းပမာ ရောင်ရမ်းကာ မောက်မာနိုင်ခြင်း မရှိတော့ပေ။

"တော်ပါတော့... တော်ပါတော့... ကျွန်တော် အရှုံးပေးပါပြီဗျာ၊ ဆက်မရိုက်ပါနဲ့တော့ ကျွန်တော် သေပါတော့မယ်"

တစ္ဆေကျင့်ကြံသူက ဗလုံးဗထွေး ပြောလိုက်သည်။

သူသည် ဒယ်အိုးဖြင့် အရိုက်ခံရသဖြင့် သွားများ ကျိုးကုန်ကာ စကားပြောရာတွင် လေများ ထွက်နေလေသည်။ သူက ရပ်စေချင်သော်လည်း ကိုးကောင်းကင်မိုးကြိုးသခင်က သူ့ကို မလွှတ်ပေးချင်ပေ။

"ကျွတ်... ကျွတ်... မင်းက ခံနိုင်ရည် မရှိလိုက်တာကွာ၊ ငါ အားမရသေးဘူး၊ ထပ်စမ်းကြသေးတာပေါ့"

ထိုသို့ပြောရင်း ဒယ်အိုးသည် လေထဲတွင် ပြန်လည် မြင့်တက်သွားပြီး မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်မိုးကြိုးများကို ထပ်မံ စုစည်းလိုက်ပြန်သည်။

တစ္ဆေကျင့်ကြံသူသည် မျှော်လင့်ချက်မဲ့စွာဖြင့် ခေါင်းကိုလှည့်ကာ မြေပြင်ပေါ်ရှိ ရွှယ်အန်းရှိရာသို့ ပြေးဝင်သွားသည်။

အန်းယန် ထိတ်လန့်သွားပြီး သူ့ကို တားဆီးရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် တစ္ဆေကျင့်ကြံသူ၏ လုပ်ရပ်ကြောင့် လူတိုင်း ကြောင်အသွားကြသည်။ သူသည် ရွှယ်အန်း၏ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်ပြီး ငိုကြွေးကာ ပြောလိုက်လေသည်။

"မိတ်ဆွေ... ကျုပ်ကို သတ်ပြစ်ရင်တောင် ကျုပ်မပြောလိုပေမယ့် ခင်ဗျားရဲ့ မှော်လက်နက်က အရမ်းအနိုင်ကျင့်လွန်းရာ ကျနေပြီ၊ ကျွန်တော် အရှုံးပေးပြီးတာတောင် သူက ဆက်ရိုက်နေတုန်းပဲ၊ ခင်ဗျား ဘာလိုချင်သေးလို့လဲ"

ထိုနေရာရှိ လူတိုင်း ကြောင်အသွားသည်။

အထူးသဖြင့် ယန်ဖန်နှင့် စောစောက ရောက်လာသော တစ္ဆေကျင့်ကြံသူတို့ ဖြစ်သည်။ သူတို့နှစ်ဦးသည် ရွှယ်အန်းရှေ့တွင် ဒူးထောက်နေသော မျက်နှာဖုံးစွပ် တစ္ဆေကျင့်ကြံသူကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိကြသည်။

သူတို့ရဲ့ ဆရာက ဒီလိုပဲ အရှုံးပေးလိုက်တာလား...

ရွှယ်အန်းသည် သူ့ရှေ့တွင် ဒူးထောက်နေသော တစ္ဆေကျင့်ကြံသူကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

"ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား"

ထိုစကားကြောင့် တစ္ဆေကျင့်ကြံသူ၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ ခေါင်းငုံ့လိုက်မိသော်လည်း သူ့ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူသည် မိုးကြိုးဒဏ်ကို ကြောက်သဖြင့် ဒယ်အိုးကို ကြောက်ရွံ့ခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းကိုတော့ သူ မကြောက်ပေ။

အထူးသဖြင့် တစ္ဆေကျင့်ကြံသူများတွင် အခြားစွမ်းရည်မရှိလျှင်တောင် အသက်ကယ်နည်းလမ်းများစွာ ရှိတတ်ကြသည်။ ဝိညာဉ်အစအနလေး ကျန်ရုံဖြင့် သေမင်းလက်မှ လွတ်မြောက်နိုင်ကြသည်။ ထို့ကြောင့်ပင် သူသည် ရွှယ်အန်းကို စကားလုံးများဖြင့် လှည့်စားရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းက သူ့ကို တစ်ချက်တည်းနှင့် အကဲခတ်မိသွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

ထိုအချိန်တွင် ရွှယ်အန်းသည် သူ့အနားသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး အပေါ်စီးမှ ကြည့်ကာ ပြောလိုက်သည်။

"ဒါမှမဟုတ်... ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား"

သူ့ စကားဆုံးသည်နှင့် မျက်နှာဖုံးစွပ် တစ္ဆေကျင့်ကြံသူသည် ရုတ်တရက် ထလာပြီး နာကျည်းဝိညာဉ်များဖြင့် ဖွဲ့စည်းထားသော လက်သည်းကြီးဖြင့် ရွှယ်အန်းကို တိုက်ခိုက်တော့သည်။

"ယောက်ျား!"

အန်းယန် အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ပေါ်မှ ဒယ်အိုးသည် အလင်းတန်းတစ်ခုအသွင်ပြောင်းကာ သူတို့ဆီသို့ ပျံသန်းလာသည်။

သို့သော် ၎င်းတို့နှင့် အလွန်ဝေးကွာနေသဖြင့် အချိန်မီ ရောက်မလာနိုင်တော့ချေ။

လက်သည်းကြီးသည် ရွှယ်အန်းနှင့် ထိလုနီးပါးဖြစ်နေသဖြင့် တစ္ဆေကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်သန်းလာချိန် ရွှယ်အန်း၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ချက် လက်ခနဲဖြစ်သွားသည်။

ထို့နောက် အားနည်းပုံရသော်လည်း အလွန်ပြင်းထန်သော မီးတောက်တစ်ခုသည် ထိုလက်သည်းကြီးကို လွှမ်းခြုံသွားသည်။ လက်သည်းကြီးနှင့် ယှဉ်လျှင် မီးတောက်လေးမှာ အလွန် သေးငယ်လှသည်။ သို့သော် ထိတွေ့လိုက်သည်နှင့် မီးတောက်သည် တောမီးပမာ ပြင်းထန်စွာ တောက်လောင်လာသည်။

အဖြူရောင် မီးတောက်၏ လွှမ်းခြုံမှုအောက်တွင် ထိုလက်သည်းကြီးသည် နေထဲမှ ရေခဲတုံး အရည်ပျော်သွားသည့်ပမာ ပျောက်ကွယ်သွားလေသည်။

သရဲကျင့်ကြံသူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။

"ခင်ဗျား... ခင်ဗျားဆီမှာ ဘာလို့ ဒီမီးတောက်ရှိနေရတာလဲ"

သူ့အသံထဲရှိ ကြောက်ရွံ့မှုသည် စောစောက မိုးကြိုးပစ်ခံရစဉ်ကထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းနေသည်။

"ငါ့ဆီမှာ ဘာလို့မရှိရမှာလဲ"

ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ နာကျည်းဝိညာဉ်လက်သည်းကြီးကို လောင်ကျွမ်းပစ်လိုက်သော မီးတောက်သည် သူ့လက်ဝါးပေါ်သို့ ပြန်ရောက်လာသည်။ ၎င်းသည် ဖယောင်းတိုင်မီးလောက်သာရှိသော မီးတောက်လေး ဖြစ်သည်။

သို့သော် ထိုမီးတောက်လေးကြောင့် သရဲကျင့်ကြံသူသည် ဆန်ကောဝိုင်းကြီးပမာ တုန်ယင်နေတော့သည်။

"သခင်ကြီး... အသက်ချမ်းသာပေးပါ"

ရွှယ်အန်းက ခေါင်းခါလိုက်သည်။

"အခုမှ အသက်ချမ်းသာပေးဖို့ တောင်းပန်တာ အသုံးဝင်မယ်ထင်နေလား"

"မဟုတ်ဘူး"

သရဲကျင့်ကြံသူသည် လှည့်ပြေးရန် ပြင်လိုက်သည်။

သို့သော် ဒယ်အိုးသည် ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်မိုးကြိုးတစ်ချက်ဖြင့် ပစ်ခတ်လိုက်ရာ သရဲကျင့်ကြံသူမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

ထို့နောက် ကိုးကောင်းကင်မိုးကြိုးသခင်က ပျင်းရိစွာ ပြောလိုက်သည်။

"ကောင်လေး... မင်း ဘယ်သူ့ကို သွားထိပါးမိလဲသိရဲ့လား၊ ငါတောင် သူ့ရှေ့မှာ ငြိမ်နေရတာကို... မင်း ဦးနှောက်ထဲ ရေဝင်နေတာလား"

တစ္ဆေကျင့်ကြံသူသည် ရုန်းထရန် ကြိုးစားသော်လည်း ရွှယ်အန်းက အနားရောက်လာပြီး သူ့ခေါင်းကို ခြေထောက်ဖြင့် နင်းကာ ပြောလိုက်သည်။

"မလှုပ်နဲ့... လှုပ်ရင် မင်းရဲ့ဝိညာဉ်ကို ဖျက်ဆီးပစ်မယ်"

"သခင်ကြီး... အသက်ချမ်းသာပေးပါ၊ ကျွန်တော် ငြိမ်ငြိမ်နေပါ့မယ်၊ လုံးဝ ငြိမ်ငြိမ်နေပါ့မယ်"

မျက်နှာဖုံးစွပ် တစ္ဆေကျင့်ကြံသူသည် သနားစဖွယ် အော်ဟစ်လိုက်လေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ အစောဆုံး ရောက်ရှိနေသော တစ္ဆေကျင့်ကြံသူသည် တိတ်တဆိတ် နောက်ဆုတ်ရန် ကြိုးစားလေသည်။

သို့သော် ခြေလှမ်းအနည်းငယ်မျှသာ ဆုတ်ရသေးချိန်တွင် ရွှယ်အန်းက ပြောလိုက်သည်။

"အဲ့ဒီကောင်ကိုပါ ဒီကို ခေါ်လာခဲ့"

"အမိန့်အတိုင်းပါ"

ကိုးကောင်းကင်မိုးကြိုးသခင်သည် စိတ်အားထက်သန်စွာဖြင့် ထိုသရဲကျင့်ကြံသူထံသို့ ပြေးဝင်သွားပြီး ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။

ယခုအခါ လူတိုင်း ကြောင်အသွားကြသည်။

လွန်ခဲ့သောအချိန် အလွန် ကြောက်မက်ဖွယ်ကောင်းခဲ့သော ပုဂ္ဂိုလ်နှစ်ဦးသည် ယခုအခါ ရွှယ်အန်း၏ ခြေဖဝါးအောက်တွင် ရောက်နေလိမ့်မည်ဟု မည်သူထင်ထားမိမည်နည်း။

အထူးသဖြင့် ရုတ်တရက် ပေါ်လာသော ဤအလွန် လှပသည့် အမျိုးသမီးမှာ ဘယ်သူနည်း။ များစွာသော လူတို့သည် စိတ်ထဲတွင် သံသယ ဝင်နေကြသည်။

ထန်လင်းအာ၊ နျဲ့ယီဟန်နှင့် အခြားသော အမျိုးသမီးများ၏ မျက်နှာထားများမှာမူ အလွန်အရုပ်ဆိုးနေသည်။

အဘယ်ကြောင့်ဆိုသော် အန်းယန်၏ ရှေ့မှောက်တွင် သူတို့သည် မိမိကိုယ်ကို အလွန်အမင်း ရှက်ရွံ့နေမိသောကြောင့် ဖြစ်သည်။

ဒီမိန်းကလေးက... သူအမြဲတမ်း စောင့်နေတဲ့သူများလား...

ထန်လင်းအာ၏ နှလုံးသားသည် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားပြီး သူမ ဂုဏ်ယူခဲ့သမျှ အရာအားလုံးသည် အန်းယန်၏ ရှေ့မှောက်တွင် တစစီ ကြေမွသွားတော့သည်။

All Chapters