← Chapters

တစ္ဆေမဟာမိတ်အဖွဲ့

Vol. 63 Ch. 937

တစ္ဆေမဟာမိတ်အဖွဲ့

Vol. 63 Ch. 937

အန်းယန်၏ အလှတရားနှင့် အရှိန်အဝါသည် ထိုနေရာရှိ အမျိုးသမီးများအားလုံးကို လွှမ်းမိုးထားလေသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် သူနင်းထားသော မျက်နှာဖုံးစွပ် တစ္ဆေကျင့်ကြံသူကို ငုံ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"အခု ငါမေးတာ မင်းဖြေရမယ်၊ မင်းရဲ့အဖြေကို ငါသဘောမကျရင် အကျိုးဆက်ကို မင်းခံရမယ်၊ နားလည်လား"

"နားလည်ပါတယ်၊ နားလည်ပါတယ်ခင်ဗျာ"

မျက်နှာဖုံးစွပ် တစ္ဆေကျင့်ကြံသူမှာ အလျင်စလို အော်ဟစ်လိုက်သည်။

"မင်းနာမည် ဘယ်သူလဲ"

"အရှင်... ကျွန်တော့်နာမည်က ကွေ့ရုန်ပါ၊ စောစောက အရှင်သတ်လိုက်တဲ့ ကွေ့ယင်က ကျွန်တော့်ရဲ့ ဂိုဏ်းတူညီအစ်ကိုပါ"

ရွှယ်အန်းက ဘေးနားရှိ အခြားသရဲကျင့်ကြံသူတစ်ဦးကို ခြေထောက်ဖြင့် ကန်လိုက်သည်။

"ဒီကောင်ကရော ဘယ်သူလဲ"

ကွေ့ရုန် စကားမပြောနိုင်ခင်မှာပင် ထိုသရဲကျင့်ကြံသူက အထိတ်တလန့် အော်ပြောလေသည်။

"အရှင်... ကျွန်တော့်နာမည်က ချီရှုပါ၊ ဒီ ကွေ့ရုန်က ကျွန်တော့် ဆရာပါ"

"ဆရာဟုတ်လား"

ကွေ့ရုန်က မျက်နှာချိုသွေးကာ အမြန်ပြောလိုက်သည်။

"အရှင်... ကျွန်တော်က တစ္ဆေမဟာမိတ်အဖွဲ့ထဲက ခေါင်းဆောင်အငယ်စားလေးပါဗျာ၊ ဒီချီရှုက တကယ်ပဲ ကျွန်တော့်လက်အောက်ငယ်သားပါ"

တစ္ဆေမဟာမိတ်အဖွဲ့...

ထိုနာမည်ကို ကြားလိုက်ရသည့်အခါ ရွှယ်အန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ဆက်ပြော ဘာမှမချန်ထားနဲ့"

"ဟုတ်ကဲ့ပါ"

ထို့နောက် ကွေ့ရုန်သည် တစ္ဆေမဟာမိတ်အဖွဲ့အကြောင်း အသေးစိတ် ရှင်းပြလေတော့သည်။

တစ္ဆေမဟာမိတ်အဖွဲ့ဆိုသည်မှာ ဤကမ္ဘာ၌ ပိတ်မိနေသော ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ အစပိုင်းတွင် တစ္ဆေကျင့်ကြံသူများသာ ပါဝင်သောကြောင့် တစ္ဆေမဟာမိတ်အဖွဲ့ဟုခေါ်ဆိုခြင်း ဖြစ်သည်။

သို့သော် ကာလကြာရှည်လာသည်နှင့်အမျှ တစ္ဆေမဟာမိတ်အဖွဲ့တွင် တစ္ဆေကျင့်ကြံသူများသာမက အခြားသော ကျင့်ကြံသူများပါ ပါဝင်လာကြသည်။

သို့သော် ထိုသူများအားလုံးတွင် တူညီသော အချက်တစ်ချက်ရှိသည်။ ၎င်းမှာ ကောင်းမှုမကောင်းမှုဟူသည်ကို ဂရုမစိုက်ဘဲ အကျိုးရလဒ်ကိုသာကြည့်ကာ ရမ်းကားကြခြင်းပင်ဖြစ်သည်။

ကွေ့ရုန်ဆိုသူမှာ ထိုမဟာမိတ်အဖွဲ့ထဲမှ ခေါင်းဆောင်အငယ်စားတစ်ဦးသာ ဖြစ်လေသည်။

သူ့စကားအရဆိုလျှင် သူ၏ ကျင့်ကြံမှုအဆင့်သည် အဖွဲ့အတွင်း၌ သာမန်အဆင့်သာရှိသေးသည်။ သူ၏အထက်တွင် စစ်မှန်အင်မော်တယ် တစ်၀က်အဆင့်ရှိသည့် တစ္ဆေစစ်သူကြီးတစ်ပါး ရှိလေသည်။

ထိုအကြောင်းများကို ကြားလိုက်ရသောအခါ ရွှယ်အန်း၏ မျက်ဝန်းများ ပိုမိုအေးစက်လာသည်။

တစ္ဆေစစ်သူကြီး...

ထိုသူလိုအပ်သော ဝိညာဉ်အရေအတွက်မှာ ဂဏန်းဖြင့် ရေတွက်၍ပင် ရနိုင်မည် မဟုတ်ပေ။ ဤသရဲကျင့်ကြံသူများသည် သေသင့်သောသူများ ဖြစ်ပေသည်။

ကွေ့ရုန်သည် ရွှယ်အန်းထံမှ လူသတ်လိုသော အငွေ့အသက်ကို ခံစားမိသဖြင့် တုန်လှုပ်ချောက်ချားသွားပြီး အသက်ဘေးမှ လွတ်မြောက်ရန် အသည်းအသန် ပြောဆိုလေသည်။

"အရှင်... ကျွန်တော့်မှာ အရေးကြီးတဲ့ သတင်းတစ်ခု ရှိပါသေးတယ်"

"ဒီရွှံ့နွံကမ္ဘာထဲမှာ ကျွန်တော်တို့လို တစ္ဆေမဟာမိတ်အဖွဲ့က ကျင့်ကြံသူတွေပဲ ရှိတာမဟုတ်ပါဘူး၊ အရှင်တို့လို ဖြောင့်မတ်မှန်ကန်တဲ့ ကျင့်ကြံသူတွေလည်း ရှိပါတယ်၊ သူတို့က ရှောင်ချင်ချိုးလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့ထားကြပါတယ်၊ ဒါပေမဲ့ ဒီကမ္ဘာထဲမှာ စွမ်းအားပြန်လည်ဖြည့်တင်းဖို့ မလွယ်ကူတာကြောင့် ကျွန်တော်တို့ တစ္ဆေမဟာမိတ်အဖွဲ့ရဲ့ ဖိနှိပ်ခြင်းကို အမြဲခံနေရတာပါ"

"ပြီးတော့ တစ္ဆေစစ်သူကြီးရဲ့ သတ်ဖြတ်မှုနဲ့ သွေးဆောင်မှုတွေကြောင့် ရှောင်ချင်ချိုး ရဲ့ အင်အားတွေ တစ်စထက်တစ်စ နည်းပါးလာပါပြီ"

ရှောင်ချင်ချိုး...

ထိုအမည်ကိုကြားလိုက်ရသည့်အခါ ရွှယ်အန်းသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုအမည်၏ အဓိပ္ပာယ်သက်ရောက်မှုမှာ အလွန်ထင်ရှားနေပြီး ချင်ချိုးမြေခွေးတိုင်းပြည်နှင့် နက်ရှိုင်းစွာ ပတ်သက်နေသူများသာ ထိုအမည်ကိုရွေးချယ်မည့် အကြောင်းရင်းရှိသောကြောင့်ဖြစ်သည်။

"ရှောင်ချင်ချိုးကလူတွေ အခုဘယ်မှာလဲ"

ရွှယ်အန်းက အေးစက်စွာ မေးလိုက်သည်။

ကွေ့ရုန်သည် ရွှယ်အန်း၏ မျက်နှာထားကို ကြည့်ပြီး ကြောက်လန့်တကြား တုန်ရီစွာ ပြောလိုက်သည်။

"အရှင်... ကျွန်တော် ဒီ ထျန်ရှန်းမြို့တော်ကို လာတာက တကယ်တော့ အရှင့်အတွက် မဟုတ်ပါဘူး၊ ဒီမြို့ထဲက ဝိညာဉ်တွေကို ရိတ်သိမ်းဖို့ လာတာပါ"

ဟစ်...

ထိုစကားကို ကြားလိုက်ရသောအခါ ဤနေရာရှိလူအားလုံး အသက်ရှူမှားသွားကြသည်။ များစွာသော လူတို့မှာ ကြောက်လန့်လွန်း၍ ချွေးစေးများပင်ပြန်လာကြသည်။

အကယ်၍သာ ရွှယ်အန်းသာ ဝင်မပါခဲ့လျှင် ကွေ့ရုန်၏စွမ်းအားဖြင့်ဆိုပါက ဤမြို့တော်သည် လူသေမြို့ကြီး ဖြစ်သွားလောက်ပြီဖြစ်သည်။

ထို့နောက် ကွေ့ရုန်က မျက်နှာငယ်လေးဖြင့် ဆက်ပြောသည်။

"ကျွန်တော်တို့ ဝိညာဉ်တွေအများကြီး လိုအပ်ရတဲ့ အကြောင်းရင်းက တစ္ဆေမဟာမိတ်အဖွဲ့က စီနီယာတွေပေါင်းပြီး ရှောင်ချင်ချိုးကို ဝိုင်းတိုက်နေကြလို့ပါ"

"ဒါပေမဲ့ ရှောင်ချင်ချိုးရဲ့ ခေါင်းဆောင်က အရမ်းစွမ်းအားကြီးပြီး နောက်ဆုံး လက်နက်အနေနဲ့ သူ့ဝိညာဉ်သူ မီးရှို့ပြီး တစ္ဆေစစ်သူကြီးကို ပြန်တိုက်နေလို့ အခြေအနေက မပြီးပြတ်နိုင်ဖြစ်နေပါတယ်၊ ဒါကြောင့် ရှောင်ချင်ချိုးကို တိုက်ခိုက်ဖို့ အခုလို ဝိညာဉ်တွေ လိုက်ဖမ်းနေရတာပါ"

ကွေ့ရုန်သည် လိမ်ညာရဲခြင်း မရှိပေ။ ရွှယ်အန်းကဲ့သို့သော သူမျိုးရှေ့တွင် လိမ်ညာခြင်းသည် သေလမ်းရှာခြင်းနှင့် မခြားနားကြောင်း သူသိသည်။ ထို့ကြောင့် အသက်ရှင်ရန်အတွက်ရှိသမျှ အကုန်ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် စကားဆုံးသည်နှင့် ရွှယ်အန်း၏ မျက်နှာထားပြောင်းလဲသွားပြီး လူသတ်အငွေ့အသက်များ ပေါက်ကွဲထွက်လာလေသည်။ ဘေးပတ်ဝန်းကျင်ရှိ လူများပင် ကြောက်လန့်၍ နောက်ဆုတ်သွားကြရသည်။ ကွေ့ရုန်မှာ ပို၍ပင် ထိတ်လန့်သွားသည်။

ဒါက သူ့ရဲ့ အစစ်အမှန် စွမ်းအားလား...

ထိုအချိန်တွင် အန်းယန်က စိုးရိမ်သော မျက်နှာထားဖြင့် အနားသို့ ရောက်လာသည်။

"ယောက်ျား..."

ရွှယ်အန်းက သူမကို ခေါင်းအနည်းငယ်ညိတ်ပြကာ အဆင်ပြေကြောင်း အချက်ပြလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ အေးစက်စွာ ပြောလိုက်သည်။

"ရှောင်ချင်ချိုး ခေါင်းဆောင်က သူ့ဝိညာဉ်သူမီးရှို့ပြီး မင်းတို့ တစ္ဆေမဟာမိတ်အဖွဲ့ကို ခုခံနေတယ်လို့ ပြောတာလား"

"ဟုတ်... ဟုတ်ပါတယ်၊ ဒီလိုဖြစ်နေတာ တော်တော်ကြာပါပြီ၊ ကျွန်တော် ဒီကို မထွက်လာခင်ကတည်းက ရှောင်ချင်ချိုး ခေါင်းဆောင် မခံနိုင်တော့ဘူးဆိုတဲ့ ကောလာဟလတွေ ကြားခဲ့ရပါတယ်..."

သူ စကားပင် မဆုံးလိုက်ပဲ ရွှယ်အန်းက လက်သီးဖြင့် ထိုးချလိုက်သည်။

ဝုန်း!

ကွေ့ရုန်၏ ခေါင်းကို ဗဟိုပြု၍ထိုးလိုက်သော်လည်း ရင်ပြင်တစ်ခုလုံး ချိုင့်ဝင်သွားလေသည်။ ကွေ့ရုန်၏ စွမ်းအားဖြင့်ဆိုလျှင် သူသည်လည်း သိုင်းပညာရှင်တစ်ယောက်ဟုဆိုနိုင်သည်။ သို့သော် ဒေါသထွက်နေသော ရွှယ်အန်း၏ ရှေ့မှောက်တွင်မူ သူသည် ရေပွက်ပမာ ပျက်စီးလွယ်လှသည်။

လက်သီးတစ်ချက်တည်းဖြင့် ကွေ့ရုန်၏ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံး ကြေမွပျက်စီးသွားသည်။ ထို့နောက် သူ၏ ဝိညာဉ်လွင့်ပျံထွက်လာပြီး ကြောက်လန့်တကြား အော်ဟစ်လေသည်။

ရွှယ်အန်း၏ မျက်ဝန်းများ တောက်ပလာပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏လက်မှ မီးတောက်များက ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဘုန်း!

ကွေ့ရုန်နှင့် သူ့တပည့် ချီရှုတို့သည် ထိုအဖြူရောင် မီးတောက်များကြားတွင် ဝါးမြိုခံလိုက်ရသည်။ စူးရှသော အော်ဟစ်သံများကြား၌ ရွှယ်အန်းသည် သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူပြီး စွမ်းအားကို အပြည့်အဝ အသက်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကျောက်တုံးများမှ စွမ်းအားအများစုကို စုပ်ယူလိုက်သည်။ ရွှယ်အန်း၏ စွမ်းအားအရှိန်အဝါသည်လည်း အရူးအမူး မြင့်တက်လာလေသည်။

အဆုံးတွင် သူသည် အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်လည်း လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီ ဖြစ်သည်။

စစ်မှန်အင်မော်တစ်၀က်အဆင့် ၏ စွမ်းအားအောက်တွင် တစ်မြို့လုံး တုန်ခါသွားလေသည်။ မရေမတွက်နိုင်သော လူများသည်လည်း မထိန်းနိုင်ဘဲ ဒူးထောက်ကျသွားကြသည်။

ယန်ဖန်သည်လည်း ကြောက်လန့်လွန်း၍ မူးမေ့လဲလုနီးပါး ဖြစ်နေသည်။ ဖြေရှင်းရ လွယ်ကူလိမ့်မည်ဟု သူထင်ထားခဲ့သော လူသားသည် ဤမျှ ပြိုင်ဘက်ကင်းသော စွမ်းအားရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ အိမ်မက်ပင်မမက်ခဲ့ဖူးပေ။

သူသည် အသနားခံစကားပင် မပြောနိုင်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ရွှယ်အန်းသည် သူ့ငို တစ်ချက် လှမ်းကြည့်လိုက်သောကြောင့်ဖြစ်သည်။

ယန်ဖန်၏ ခန္ဓာကိုယ်သည် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲသွားပြီး သူ၏ ဝိညာဉ်ပါ ကြေမွပျက်စီးသွားလေသည်။ သို့သော် ဤအရာများမှာ အသေးအဖွဲ ကိစ္စများသာ ဖြစ်သည်။ ယခုအချိန်တွင် ရွှယ်အန်း၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။

ဟူယင်း... မင်း ဘာမှမဖြစ်စေရဘူး...

သို့မဟုတ်ပါက အပြင်ပန်း၌ စိတ်သဘောထား ပြည့်ဝပုံရသော ဟူယွဲ့သည် စကြဝဠာအနှံ့ သွေးချောင်းစီးအောင် လုပ်ပစ်လိမ့်မည်။ ထိုအခါကျလျှင် သူကိုယ်တိုင်လည်း ဝင်ကူညီရပေလိမ့်မည်။

"ယန်အာ"

ရွှယ်အန်းသည် အသက်ပြင်းပြင်းရှုလျက် ခေါ်လိုက်သည်။

"အင်း"

"မင်း ဒီမြို့တော်ကို စောင့်ရှောက်ထားပေး၊ ကိုယ် ခဏသွားလိုက်ဦးမယ်"

"အင်း... ယောက်ျား လမ်းခရီးမှာ ဂရုစိုက်နော်"

အန်းယန်က လေးနက်စွာ ခေါင်းညိတ်ပြသည်။

ရွှယ်အန်း ပြုံးလိုက်ပြီး သူမ၏ ဆံပင်လေးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒီလောကကြီးမှာ မင်းယောက်ျားကို တားဆီးနိုင်တဲ့အရာ မရှိပါဘူး၊ စိတ်အေးအေးသာနေ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ရတနာပြခန်းမှ ထွက်ခွာသွားလေသည်။

ရွှယ်အန်း ထွက်သွားသော်လည်း ပြိုင်ဘက်ကင်းရန်သူများ လာရောက်ခဲ့လျှင်ပင် အန်းယန်တွင် ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိနေသည်။

ထိုအချိန်တွင် ရှန်းရှန်း၊ နျန်နျန်နှင့် ရှောင်ချန်အာတို့သည် ရတနာပြခနထဲမှ ထွက်လာကြသည်။

ကလေးမလေးနှစ်ယောက်မှာ ဖခင်ဖြစ်သူကို အလွန်အမင်း အားကျသူများ ဖြစ်သည့်အတွက် ရွှယ်အန်း ဘာလုပ်လုပ် အဆင်ပြေသည်ဟု ထင်မှတ်နေကြသည်။

သို့သော် ချန်အာလေးမှာမူ စိတ်ညစ်နေပုံရလေသည်။

All Chapters