← Chapters

ငါ ရောက်ပြီ

Vol. 63 Ch. 939

ငါ ရောက်ပြီ

Vol. 63 Ch. 939

သူ့စကားသည် ယမ်းမီးကြိုးကို မီးရှို့လိုက်သကဲ့သို့ဖြစ်သွားစေပြီး လူတိုင်းလည်း မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြသည်။

"ခေါင်းဆောင်လေး... ကျွန်တော်တို့ကို စိတ်မပူပါနဲ့တော့၊ ဒီကမ္ဘာထဲရောက်ပြီးမှ ခေါင်းဆောင်လေးလို လူနဲ့ တွေ့ရတာ ကျွန်တော်တို့ ကျေနပ်လှပါပြီ"

"ဟုတ်တယ်... ကျွန်တော်တို့ကြောင့် ခေါင်းဆောင်လေးရဲ့ ဝိညာဉ်ကို ထိခိုက်မခံပါနဲ့တော့"

အော်ဟစ်သံများ နိမ့်လိုက်မြင့်လိုက် ထွက်ပေါ်လာပြီး ထိုအထဲတွင် အမျိုးသမီးများ၏ ရှိုက်ငိုသံများလည်း ပါဝင်နေသည်။

မိန်းကလေးသည် မျက်လုံးများကို မှိတ်ထားပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"တော်ကြတော့... ငါ ဘယ်မှမသွားဘူး"

"ဒါပေမဲ့..."

လူအုပ်ကြီးမှာ စိုးရိမ်ပူပန်နေကြသည်။

ထိုစဉ် မိန်းကလေးက တိုးညှင်းစွာ ပြောလိုက်သည်။

"တစ်ယောက်သောသူက ငါ့ကို ပြောဖူးတယ်၊ ဘာပဲဖြစ်ဖြစ် ဘယ်တော့မှ အရှုံးမပေးနဲ့တဲ့၊ မဟုတ်ရင် တစ်သက်လုံး လိပ်ပြာမလုံ ဖြစ်နေလိမ့်မယ်တဲ့၊ အဲဒီစကားကြောင့် ငါ နင်တို့ကို စွန့်ပစ်မသွားနိုင်ဘူး"

သူမ၏စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ လူများစွာသည် ခေါင်းငိုက်စိုက်ကျသွားကြပြီး သူတို့ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ အထင်းသားပေါ်နေသည်။

ထိုအချိန်တွင် မိန်းကလေးသည် စိတ်ထဲ၌ တွေးလိုက်မိသည်။

ကိုကြီးဟူယွဲ့၊ ကိုကြီးရွှယ်အန်... ညီမလေး အစ်ကိုတို့ မျက်နှာမပျက်စေရပါဘူး၊ အစ်ကိုတို့ သင်ပေးထားတဲ့အတိုင်း ညီမလေး လုပ်ခဲ့ပါတယ်

ထိုအကြောင်းကို တွေးမိသောအခါ မိန်းကလေး၏ ရင်ထဲ၌ ဝမ်းနည်းမှုလှိုင်းလုံးများ လွှမ်းမိုးသွားသည်။

ဒါပေမဲ့... ညီမလေး အစ်ကိုတို့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး၊ ကိုကြီးဟူယွဲ့... ပုံမှန်ဆို ကိုကြီးက စိတ်ရှုပ်စရာ ကောင်းပေမယ့် ညီမလေးကို တကယ်ဂရုစိုက်မှန်း သိပါတယ်၊ တစ်ခါတလေ ညီမလေး အမှားလုပ်မိရင်တောင် ကိုကြီးက အကြီးအကဲတွေရဲ့ အပြစ်ပေးတာကို အစားခံပေးရှာတာ

ပြီးတော့ ကိုကြီးရွှယ်အန်း...

ရွှယ်အန်းကို တွေးမိသောအခါ မိန်းကလေးငယ်၏ ရင်ထဲ၌ နာကျင်သွားရသည်။

ကိုကြီးရွှယ်အန်း... ကိုကြီး သေသွားပြီဆိုတာ ညီမလေး ဘယ်တုန်းကမှ မယုံခဲ့ဘူး၊ အဲ့ဒါကိုကြီးကို မနာလိုတဲ့သူတွေ လျှောက်ပြောနေတဲ့ ကောလာဟလတွေ ဖြစ်မှာပါ၊ ကိုကြီး တစ်နေရာရာမှာ ဘေးကင်းကင်းနဲ့ ရှိနေမှာပါ၊ အချိန်ကောင်းကို စာင့်ပြီး ကိုကြီးကို အထင်သေးတဲ့သူတွေ၊ သစ္စာဖောက်တဲ့သူတွေကို ရှင်းပစ်ဖို့ ပြန်လာမှာမလား၊ ဟုတ်တယ်မလား

အရင်တုန်းကလည်း ကိုကြီး အဲ့ဒီလို လုပ်နေကျပဲလေနော်၊ ကံဆိုးတာက... အဲဒီမြင်ကွင်းကို ညီမလေး မြင်ခွင့်မရှိတော့တာပါပဲ၊ ကိုကြီးကို အရမ်းလွမ်းတာပဲ

မိန်းကလေးသည် စိတ်ရှုပ်ထွေးနေစဉ် မျက်ရည်တစ်စက်သည် သူမ၏ လှပသော ပါးပြင်ပေါ်သို့ ဖြည်းညှင်းစွာ စီးကျလာသည်။

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က သက်ပြင်းမောတစ်ချက်ချလိုက်သည်

"တကယ့်ကို မင်းကငတုံးလေးဖြစ်နေသေးတာပဲ"

အသံသည် တိုးညှင်းသော်လည်း လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

စင်မြင့်ထက်မှ မိန်းကလေးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မယုံနိုင်စွာဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

ခန်းမ၏ လေဟာနယ်ထဲမှ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။

ရုတ်ခြည်းပင် အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် လူတိုင်း၏ ရှေ့မှောက်တွင်ပေါ်လာသည်။

ထိုလူငယ်ကို မြင်လိုက်ရသောအခါ မိန်းကလေးငသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ခံစားလိုက်ရပြီး သူမ ခေါင်းထဲ၌ ဘာမှမတွေးနိုင်တော့ဘဲ ကြောင်ငေးကြည့်နေမိသည်။

ရွှယ်အန်းသည် မိန်းကလေးငယ်၏ ခန္ဓာကိုယ်မှာ ၁၁ နှစ်၊ ၁၂ နှစ် အရွယ်လောက်အထိ သေးငယ်သွားသည်ကို မြင်သောအခါ သူ့မျက်နှာထားမှာ အေးစက်သွားပြီး မျက်ဝန်းထဲတွင် ပြင်းထန်သော လူသတ်လိုစိတ်များ ဖြတ်သန်းသွားသည်။

သို့သော် မကြာမီ သူသည် စိတ်ကို ပြန်ထိန်းလိုက်ပြီး မိန်းကလေးကို အနည်းငယ် ပြုံးပြလိုက်သည်။

"ယင်းအာ... ကိုကြီး ပြန်လာပြီ"

သူ စကားပြောလိုက်သည့် ခဏမှာပင် ဟူယင်း၏ မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ဝဲလာပြီး ထိန်းချုပ်မရနိုင်အောင် စီးကျလာလေတော့သည်။ သူမသည် အသံတိမ်ဝင်စွာဖြင့် ရေရွတ်လိုက်သည်။

"ကို... ကိုကြီးရွှယ်"

ထို့နောက် သူမသည် စင်မြင့်ပေါ်မှ အပြေးဆင်းလာပြီး ရွှယ်အန်း၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ အားပါးတရ အော်ငိုလေတော့သည်။ သူမ၏ ငိုသံများသည် အဆုံးမရှိသော နာကျင်မှုနှင့် လွမ်းဆွတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ကိုကြီးရွှယ်... ကိုကြီး မသေဘူးဆိုတာ ညီမလေး သိတယ်... ဝူး... ဝူး... ဝူး... ညီမလေး ကိုကြီးကို အရမ်းလွမ်းတာပဲ၊ အခု ညီမလေး အိမ်မက်မက်နေတာ မဟုတ်ဘူးမလား"

ရွှယ်အန်းသည် ထိုကလေးမလေး၏ ဆံပင်ရှည်လေးကို ဖွဖွလေး သပ်ပေးရင်း တိုးညှင်းစွာ ပြောလိုက်သည်။

"ဒါပေါ့... အိမ်မက်မက်နေတာ မဟုတ်ပါဘူး၊ ကိုကြီး တကယ် ပြန်လာတာပါ"

ခန်းမထဲရှိ လူတိုင်းသည် ထိုမြင်ကွင်းကို ကြောင်ငေးကြည့်နေကြသည်။

သူတို့၏ မှတ်ဉာဏ်ထဲတွင် သူတို့ခေါင်းဆောင်လေး ဤမျှ စိတ်လှုပ်ရှား ခံစားလွယ်သည်မျိုး တစ်ခါမှမရှိခဲ့ဖူးပေ။

ခေါင်းဆောင်လေးသည် ပုံမှန်အားဖြင့် ယောက်ျားလေးများနှင့် စကားပင် သိပ်မပြောတတ်သဖြင့် ယခုလို ယောက်ျားတစ်ယောက် ရင်ခွင်ထဲဝင်ပြီး ငိုဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။

ဒီလူကဘယ်သူလဲ...

ထိုစဉ် အပြင်ဘက်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ကျိုးပြီ... ကျိုးသွားပြီ"

"အကာအကွယ် အတားအဆီး နောက်ဆုံးတော့ ပျက်သွားပြီ၊ ရှောင်ချင်ချိုး ခေါင်းဆောင် မခံနိုင်တော့ဘူး"

ထိုအော်သံများကြားတွင် ဟူယင်းသည် ရွှယ်အန်းရင်ခွင်ထဲမှ ရုတ်တရက် ခေါင်းမော့လာသည်။ သူမ မျက်နှာတစ်ပြင်လုံး မျက်ရည်များဖြင့် ပြောလိုက်သည်။

"ဒုက္ခပါပဲ... အကာအကွယ် ပျက်သွားပြီ"

ထိုသို့ပြောရင်း သူမသည် အကာအကွယ်အတားအဆီးကို ဆက်လက်ထိန်းထားရန် စင်မြင့်ပေါ်သို့ ပြန်တက်ဖို့ပြင်လိုက်သည်။

ရွှယ်အန်းက သူမ၏ ပခုံးလေးကို ဖွဖွလေးပုတ်ရင်း ပြုံးကာပြောလိုက်သည်။

"ရပါပြီ... မင်း ကိုကြီးပြန်ရောက်နေပြီပဲ၊ ဝိညာဉ်မီးရှို့စရာလိုသေးလို့လား၊ ဘေးဖယ်နေပြီး ကိုကြီး ဘယ်လို လက်စားချေမလဲဆိုတာ ထိုင်ကြည့်နေလိုက်"

"အွန်း"

ဟူယင်းသည် လိမ္မာစွာဖြင့် ဘေးသို့ ဖယ်နေလိုက်ပြီး ရွှယ်အန်းကို အားကျသော မျက်လုံးများဖြင့် ကြည့်နေသည်။

ထိုအချိန်မှာ သူမ ရင်ထဲ၌ ပျော်ရွှင်မှုများ ပြည့်လျှံနေသည်။ အဘယ့်ကြောင့်ဆို ယခင်တုန်းကလည်း ကိုကြီးရွှယ်အန်းသည် သူမကို ဤသို့ဂရုစိုက်ပေးခဲ့ဖူးသောကြောင့်ဖြစ်သည်။

သိပ်ကောင်းတာပဲ အရာအားလုံး ပြန်ရောက်လာပြီ...

ဟူယင်း ပျော်ရွှင်စွာ တွေးလိုက်မိသည်။

ထိုအချိန်၌ အကာအကွယ် ပျက်စီးသွားသည်ကို မြင်သောအခါ တစ္ဆေစစ်သူကြီး ဟေးဖန်သည် အလွန်ဝမ်းသာသွားသည်။ သူသည် လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် လက်ကျန် အလင်းအတားအဆီးများကို ဖျက်လိုက်ပြီး မထီမဲ့မြင်ပြုံးလိုက်သည်။

"မိန်းကလေး... မငါ်း တော်တော်ကြာကြာ တောင့်ခံထားနိုင်သားပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ ရလဒ်က အတူတူပဲမဟုတ်ဘူးလား၊ စိတ်မပူပါနဲ့၊ ငါက မင်းရဲ့ ဝိညာဉ်နဲ့ သွေးမျိုးဆက်ကိုပဲ လိုချင်တာပါ၊ မင်းအသက်ကိုတော့ ချမ်းသာပေးနိုင်ပါတယ်၊ မင်းက အလှပဂေးလေးလို့ ကြားထားတယ်လေ... ဟားဟားဟား"

သူ၏ ရယ်မောသံသည် မာန်မာနများဖြင့် ဟိန်းထွက်နေသည်။ သူသည် ရွှေရောင်ခန်းမဆောင်၏ ခေါင်မိုးကို ဖျက်ဆီးရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ရွှေရောင်ခန်းမဆောင်၏ အမိုးခုံးသည် ရေခဲများ အရည်ပျော်ကျသကဲ့သို့ ပျောက်ကွယ်သွားသည်။

ထို့နောက် ရွှယ်အန်းသည် အေးစက်သော မျက်နှာထားဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်။

ဟေးဖနါ၏ ရယ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး မရေရာသော မျက်နှာထားဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ၊ ဒီကို ဘယ်လိုရောက်လာတာလဲ"

ရွှယ်အန်းက ထိုမေးခွန်းကို လစ်လျူရှုပြီး ကောင်းကင်ပေါ်ရှိ တစ္ဆေများကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် အေးစက်သော လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။

"တစ္ဆေစစ်သူကြီး မေးတာကို မင်းက လစ်လျူရှုရဲတယ်ပေါ့၊ သေချင်နေတာလား"

တစ္ဆေမဟာမိတ် ကျင့်ကြံသူတစ်ယောက်က ဒေါသတကြီး အော်ဟစ်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ရွှယ်အန်းက လှုပ်ပင်မလှုပ်ဘဲ ထိုလူကို တစ်ချက်ကလေးသာ လှမ်းကြည့်လိုက်သည်။

အနည်းဆုံး လွတ်မြောက်အင်မော်တယ်အဆင့်ရှိသော ထိုကျင့်ကြံသူသည် အော်ပင်မအော်လိုက်ရဘဲ အနက်ရောင် မြူခိုးများအဖြစ် ပေါက်ကွဲသွားပြီး ဝိညာဉ်ပါ ပျက်စီးသွားလေသည်။

ထိုတိုက်ခိုက်မှုကြောင့် ရှိသမျှလူတိုင်း ကြောင်အသွားကြသည်။ တစ္ဆေမဟာမိတ်အဖွဲ့ရော ရှောင်ချင်ချိုးဂိုဏ်းပါမကျန် အားလုံး တုန်လှုပ်သွားကြသည်။

ဟူယင်းသည် တစ်ယောက်သာ မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာထားဖြင့် ကျန်ရစ်သည်။ သူမအတွက်တော့ သူမ၏ ကိုကြီးရွှယ်အန်းသည် ကမ္ဘာပေါ်မှာ အတော်ဆုံးနှင့် အစွမ်းအထက်ဆုံးဖြစ်သည်။

သူ့ကို ဘယ်သူမှ မယှဉ်နိုင်ပေ။

ကိုကြီးရွှယ်သည် ယခုတွင် နတ်ဘုရားအဆင့်အဆင့်မဟုတ်သော်လည်း စကြဝဠာထဲတွင် ကိုကြီးကို တားဆီးနိုင်သည်မှာ ဘာမှမရှိပေ။

ထိုခဏတွင် တစ္ဆေစစ်သူကြီးဟေးဖန်လည်း အစပိုင်း၌ ကြောင်သွားသော်လည်း ချက်ချင်းပင် ယုတ်မာစွာ ပြုံးလိုက်သည်။

"မင်းက အကူခေါ်ထားတဲ့သူကိုး... ဟွန်း... ကြည့်ရတာတော့ နည်းနည်း ကြောက်စရာကောင်းမလိုလိုရှိပေမယ့် မင်းက..."

ရွှယ်အန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။ သူ့ အသံမှာ အေးစက်နေသည်။

"ငါခန့်မှန်းကြည့်မယ်... မင်းက ပိတ်လှောင်ခံထားရလို့ ဒီကမ္ဘာထဲ ရောက်လာတာ မဟုတ်ဘူး တစ်ယောက်ယောက်နဲ့ သဘောတူညီချက် လုပ်ထားတာဖြစ်မယ်၊ ဒီထဲဝင်ပြီး ကျင့်ကြံမှုအဆင့်တက်အောင်လို့ ဝိညာဉ်တွေကို စည်းမဲ့ကမ်းမဲ့ ရိတ်သိမ်းဖို့ လာတာမလား"

ရွှယ်အန်း၏ စကားကြောင့် ဟေးဖန်၏ မျက်နှာသည် ဖြူဖပ်ဖြူရောဖြစ်သွားပြီး အေးစက်စွာ ပြန်မေးလိုက်သည်။

"မင်း... မင်းက ဘယ်သူလဲ"

ရွှယ်အန်းက ရေခဲတမျှ အေးစက်စွာဖြင့် အဝေးရှိ ဟူယင်းကို လက်ညှိုးထိုးပြလိုက်သည်။

"ငါလား... ငါက သူ့အစ်ကိုပဲ"

အစ်ကိုဟုတ်လား...

ဟေးဖန် လန့်ဖျပ်သွားသည်။

တစ်ပြိုင်နက်တည်းမှာပင် ရွှယ်အန်းသည် ပျောက်ကွယ်သွားပြီး ဟေးဖုန်း၏ ရှေ့တည့်တည့်သို့ ရောက်လာသည်။ ဟေးဖန် မတုံ့ပြန်နိုင်ခင်မှာပင် ရွှယ်အန်းက သူ့လည်ပင်းကို ဖမ်းကိုင်လိုက်သည်။

ဟေးဖန် ဒေါသထွက်သွားပြီး ပြင်းထန်စွာ ရုန်းကန်လေသည်။ သို့သော် ရွှယ်အန်း၏ လက်ထဲတွင် သူ၏ ရုန်းကန်မှုအားလုံး အချည်းနှီးသာ ဖြစ်သည်။

ထို့နောက် ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

"မင်းက ငါ့ညီမလေးကို သတ်လုနီးပါး လုပ်ခဲ့တယ်၊ ဒီနေ့... သွားတစ်ချောင်းအစား သွားတစ်ချောင်း၊ သွေးတစ်စက်အစား သွေးတစ်စက်ပြန်ပေးဆပ်ရမယ်”

All Chapters