← Chapters

သေစမ်း မင်းဖြစ်နေတာကိုး

Vol. 116 Ch. 1726

သေစမ်း မင်းဖြစ်နေတာကိုး

Vol. 116 Ch. 1726

“နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ၊ မင်းတို့ ကောင်းကင်ဘုံက ဒီလို လှည့်စားတဲ့စကားတွေ ဖြန့်နေတုန်းပဲလား”

*ဘာ*

သူတော်စင် သော်ပေါင်နှင့် အခြားသူများ အေးစက်လာပြီး ယဲ့ဖန်အား စူးစိုက်ကြည့်လေသည်။

ယဲ့ဖန်က ထီမထင်သော အပြုံးနှင့် ရှေ့တိုးလာသည်။

“သက်ရှိအားလုံးက အတူတူပဲလို့ မင်း ပြောတယ်၊ ဒါပေမဲ့ မင်းက ကောင်းကင်နန်းတော်ကို လက်ဝါးကြီး အုပ်ထားပြီး မြေကမ္ဘာလောကကို စွန့်ပစ်ထားတယ်”

“ကောင်းကင်နန်းတော်က စောင့်ရှောက်ပေးတယ်လို့ မင်း ပြောပင်မယ့် မင်းတို့ကို ပူဇော်ဆက်သဖို့ မေ့လျော့နေတဲ့ ယုံကြည်သူတွေကို မင်းတို့ သတ်ခဲ့တာ ဘယ်လောက် ရှိပြီလဲ”

“မကောင်းဆိုးဝါးတွေ သောင်းကျန်းတယ်လို့ မင်းတို့ ပြောပင်မယ့် အဲ့ကောင်တွေအားလုံးက မင်းတို့ရဲ့ တိရစ္ဆာန်တွေ ဆိုတာကို မပြောခဲ့ဘူး”

ယဲ့ဖန်က သူတော်စင် သော်ပေါင်ကို စိုက်ကြည့်နေသည်။

“မင်းက သာမန်လူတွေရဲ့ ကံတရားကို ခြယ်လှယ်ပြီး လောကကြီးကို ဒုက္ခတွေ့အောင် လုပ်ချင်နေတာပဲ”

“လှပတဲ့လူတွေကို အကျဉ်းတန်အောင် လုပ်တယ်”

“သန်မာတဲ့သူတွေကို ရုပ်သေးရုပ် ဖြစ်အောင် လုပ်တယ်”

“အချင်းချင်း ချစ်ခင်နေတဲ့သူတွေကို မုန်းတီးလာအောင် လုပ်တယ်”

“ညီအစ်ကိုလို ဖြစ်နေတဲ့သူတွေကို ထာဝရ ရန်သူတွေဖြစ်အောင် လုပ်တယ်”

“အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား၊ ဒါ မင်းတို့ ကောင်းကင်ဘုံကိုးလွှာရဲ့အုပ်ချုပ်မှုပုံစံပဲ”

ကောင်းကင်ဘုံကိုးလွှာမှ နတ်ဘုရားများ ထိတ်လန့်ကုန်သည်။

*ဒီကောင်လေးက ဘယ်လိုလုပ် အဲ့လောက် သေချာ သိနေတာလဲ*

“မဖြစ်နိုင်တာတွေ၊ မင်းကများ နတ်ဘုရားတွေကို အပြစ်တင်ရဲတယ်လား”

သူတော်စင် သော်ပေါင်က ယဲ့ဖန်ကို စူးစူးဝါးဝါး စိုက်ကြည့်လေသည်။

“ဧကရာဇ်ကိုးပါးရဲ့ စကားက ဘယ်လိုလုပ် မှားနိုင်မှာလဲ”

ယဲ့ဖန်က အေးစက်စွာ လှောင်ရယ်၍ ပြောလိုက်သည်။

*ဧကရာဇ်ကိုးပါးတဲ့လား*

ထိုစကားလုံး ထွက်ပေါ်လာသောအခါ ဘေးလူများ အုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။

ကျုံးကျိုး ကိုးပြည်နယ်၏ သမိုင်းတစ်လျှောက်တွင် အသန်မာဆုံး ဧကရာဇ် ကိုးပါးသည် သူတို့၏ အင်အားနှင့် အောင်မြင်မှုတို့ကြောင့် မျိုးဆက်အားလုံး၌ ကျော်ကြားပြီး သက်ရှိအားလုံး၏ လေးစားခြင်း ခံရလေသည်။ ယခုအချိန်ထိ ဘယ်သူမှ သူတို့ကို မကျော်တက်ရဲချေ။

“ဧကရာဇ် ကိုးပါးလား”

သူတော်စင် သော်ပေါင် ရုတ်တရက် ဒေါသထွက်သွားပြီး ‌အော်ဟစ်လေသည်။

“ငါတို့ ကောင်းကင်ဘုံ ကိုးလွှာက တန်ဖိုးအရှိဆုံး ဘုံကိုးပါး ယန်စွမ်းအင်ကို ယူသွားတဲ့ အဲ့သောက် မျိုးမစစ်ကောင်လား”

ဘုံကိုးပါး ယန်စွမ်းအင်သည် ဝိညာဉ်အားလုံး၏ အသက်ဓာတ် ဖြစ်သည်။ လောကထဲရှိ အရာအားလုံး၏ အချက်အချာ ဖြစ်လေသည်။

နောက်ဆုံးတွင် ထိုလူကိုးယောက်၏ နည်းနည်းစီ ခိုးယူခြင်း ခံလိုက်ရလေသည်။

ယဲ့ဖန်သည် ဘဝကိုးခုတိုင်တိုင် ဧကရာဇ် ဖြစ်ခဲ့ပြီးမှသာ ထိုကြီးမားလှသော စွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘုံကိုးပါး ယန်စွမ်းအင်က မည်မျှ အစွမ်းထက်သလဲ တွေးကြည့်နိုင်ပေသည်။

အကယ်၍ ဘုံကိုးပါး ယန်စွမ်းအင်ကိုသာ ယဲ့ဖန်က ယူမသွားခဲ့ပါက လက်ရှိ ကောင်းကင်ဘုံ ကိုးလွှာသည် ပို၍ သန်မာနေမည် ဖြစ်ပြီး သူတော်စင်အဆင့်များစွာကို ဖန်တီးကာ လောကထဲ သွားလာနိုင်ပေလိမ့်မည်။

ယဲ့ဖန်က လောကတစ်ခု၊ အနာဂတ်တစ်ခုကို ခိုးသွားသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ကောင်းကင်ဘုံ ကိုးလွှာက သူ့ကို အရိုးထဲအထိ မုန်းတီးနေ၏။

မကြာခင်မှာပင် သူတော်စင် သော်ပေါင်က ပြန်လည် တည်ငြိမ်လာပြီး အေးစက်စက် မျက်နှာထားနှင့် ပြောသည်။

“မင်းက အားလုံးကို သိနေတယ်ဆိုမှတော့ မင်း သေသင့်တယ်”

သုတ်သင်မှ ဖြစ်မည်။ ကောင်းကင်ဘုံ ကိုးလွှာ၏ မကောင်းကြောင်းက ပျံ့နှံ့၍ မဖြစ်ချေ။

ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်။

“ဧကရာဇ် ကိုးပါးတိုင်းက မင်းတို့ကို ဒီစကား ပြောခဲ့ဖူးတာကို ငါ မှတ်မိတယ်၊ မင်းတို့တွေ မင်းတို့လက်သည်းကို ခြေချခွင့် မပေးဘူးဆိုတာလေ”

“တစ်ချောင်းချရင် အဲ့တစ်ချောင်းကို ဖြတ်မယ်၊ တစ်စုံလုံး ချလာရင် တစ်စုံလုံး ဖြတ်ပစ်မယ်”

“မင်းတို့တွေ နားလေးနေတာလား”

ယဲ့ဖန် ဧကရာဇ်ကိုးပါး အဖြစ်နှင့် ကိုးပြည်နယ်တွင်း၌ ရှိနေခဲ့စဉ်က ကောင်းကင်ဘုံ ကိုးလွှာနှင့် နှစ်ပေါင်းများစွာ ထိပ်တိုက် တွေ့ခဲ့သည်။ သူတို့အား ကိုးပြည်နယ်ကို စားကျက်မြေသဖွယ် သုံးခွင့်မပေးခဲ့သလို လူ့အသက်များအား စိတ်ကြိုက် ခြယ်လှယ်ခွင့် မပေးခဲ့ပေ။

ယဲ့ဖန် မပေါ်လာခင်က ကိုးပြည်နယ်အတွင်း၌ သူတော်စင်အဆင့် မဆိုထားနှင့် အင်မော်တယ်အဆင့်များပင် ကောင်းကင်ဘုံ ကိုးလွှာ၏ ဝါးမျိုခြင်း ခံခဲ့ရပြီး ကိုးပြည်နယ်မှ သက်ရှိပေါင်းများစွာက ကျေးကျွန်အဖြစ် နှိမ့်ချခံ ခဲ့ရသည်။

ထိုသို့ ရှေ့ထွက်တားဆီးခဲ့သည့်အတွက် ပေးဆပ်လိုက်ရသည့် တန်ကြေးမှာ ယဲ့ဖန် ဘယ်သောအခါမှ သူတော်စင် အဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပေ။

သူတော်စင် သော်ပေါင်၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းနေပြီး ရွဲ့တဲ့တဲ့ ပြုံးလေသည်။

“ဧကရာဇ် ကိုးပါးလား၊ အရူးကိုးယောက် သေသွားတာတောင် အချိန်ဘယ်လောက် ကြာနေပြီလဲ မသိတော့ဘူး၊ သူတို့ ပြန်လာပြီး မင်းကို ကယ်လိမ့်မယ်လို့ ထင်နေတာလား”

“ခွေးမသား မင်းက ဧကရာဇ်ကိုးပါးကို မလေးမစား လုပ်ရဲတယ်ပေါ့လေ”

အိုးရန်ဟွာ ဒေါသထွက်သွားသည်။ အိုးရန်မျိုးနွယ်သည် မာနကြီး၍ မောက်မာသော်လည်း ဧကရာဇ်ကိုးပါးကို သူတို့ မလေးစားဘဲ မနေနိုင်ပါ။

ဧကရာဇ်ကိုးပါးသည် အသက်နှင့်ရင်း၍ ကောင်းကင်ဘုံကို ဆန့်ကျင့်ခဲ့ပြီး ကောင်းကင်ဘုံအား‌ အောင်မြင်စွာ ဖီဆန်ခဲ့သည်။

သာမန်လူများအတွက်နှင့် သူတော်စင်အဆင့်သို့ ဘယ်သောအခါမှ တက်ရောက်နိုင်ခြင်းမရှိသည့် တန်ကြေးကို ပေးဆပ်ခဲ့သည်က တကယ်ကို မြင့်မြတ်လွန်းလှသည်။

သက်ရှိအားလုံး၏ နှလုံးသားထဲ၌ စံပြုပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

လက်ရှိတွင် သူတော်စင် သော်ပေါင်က ဧကရာဇ်ကိုးပါးအား ဤသို့ စော်ကားနေသည်ကို သာမန်လူများ ကြားသောအခါ ချက်ချင်း ဒေါသထွက်လာကြသည်။

ကိုးပြည်နယ်အတွင်းမှ ဧကရာဇ်ကိုးပါးကို စော်ကားပါက အနည်းဆုံး ထောင်ကျတတ်ပြီး အဆိုးဆုံးအနေဖြင့် အသတ်ခံရသည်။ ထိုလူကိုးယောက်သည် ပြည်နယ်တစ်ခုလုံးက လေးစားရသော ပုဂ္ဂိုလ်များဖြစ်ပြီး မည်သို့သော စော်ကားမှုမျိုး ခံယူခွင့် မပေးနိုင်ပါ။

“မင်းတို့လို ပုရွက်ဆိတ်ကောင်တွေအတွက်နဲ့ သူတို့က သူတော်စင်ဖြစ်ခွင့်ကို လက်လျှော့လိုက်တာလေ၊ သူတို့က ရူးမိုက်တာ မဟုတ်ဘူးလား”

သူတော်စင် သော်ပေါင်က လှောင်ရယ်လာပြီး သူ့စိတ်ရင်းအမှန်ကို ပြသလာသည်။

ထိုစကားကိုကြားသောအခါ အိုးရန်ဟွာနှင့် အခြားသူများ ချက်ချင်း အံ့ကြိတ်လာသည်။ ဧကရာဇ် ကိုးပါးသည် သူတို့မျက်လုံးထဲတွင် ကြီးမြတ်သောသူများ ဖြစ်သည်။

ဧကရာဇ် ကိုးပါးက သူတို့အတွက် ဤလောကကို ဖွင့်လှစ်ပေးခဲ့သဖြင့် သူတို့ ကျင့်ကြံရေးအတွက် နေရာရလာခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူက သူတို့၏ မြင့်မြတ်သောသူများကို စော်ကားနေသည်။

ထို့နောက် သူတော်စင် သော်ပေါင်က ယဲ့ဖန်ကို စိုက်ကြည့်လာသည်။

“ဟေ့ကောင်လေး၊ ဧကရာဇ်ကိုးပါး သေသွားလို့တင် မဟုတ်ဘူး၊ သူတို့ ပြန်မွေးဖွားလာရင်တောင်မှ တတ်နိုင်မှာ မဟုတ်ဘူး၊ အခု ကောင်းကင်ဘုံက အရင်လို မဟုတ်တော့ဘူး၊ သူတို့ကို ခွေးကလေး၊ ကြက်ကလေးကို သတ်သလို သတ်နိုင်တယ်”

“တကယ်လား”

ယဲ့ဖန် လှောင်ရယ်လိုက်သည်။ သူ ကိုးကြိမ်တိတိ သွေးမိုးရွာစေခဲ့သော်လည်း ကောင်းကင်ဘုံအား သင်ခန်းစာ ပေးနိုင်ခြင်း မရှိခဲ့ချေ။

“မင်းတို့ အိုးရန်မျိုးနွယ်ကတော့ ငါတို့ ကောင်းကင်ဘုံရဲ့ ဖိတ်ခေါ်မှုကို ဆက်ငြင်းရဲမယ်ဆိုရင် မင်းတို့လည်း သေရမယ်”

သူတော်စင် သော်ပေါင်က ရက်စက်သော အပြုံးမျိုး ပြောလိုက်သည်။

“မင်းတို့လို ခွေးတွေက ငါ့ကို လွတ်လပ်မှုအကြောင်း ပြောဖို့ ထိုက်တန်သလား”

ထိုစကားက ကိုးပြည်နယ်၏ သက်ရှိအားလုံးကို ဒေါသူပုန် ထသွားစေသည်။

နတ်ဘုရားဟု ပြောနေကြသော ထိုသူများ၏ မျက်လုံးထဲတွင် သူတို့ကဲ့သို့ သေမျိုးများက ခွေးများ၊ ဝက်များ သာသာမျှသာ ဖြစ်သည်။

“ကျစ် … ကျစ် … ကျစ်”

ယဲ့ဖန် ခေါင်းခါ၍ သက်ပြင်းချသည်။

“မင်းတို့ တကယ် အဲ့လို မပြောသင့်ဘူး”

“ဪ … ငါ အဲ့လို ပြောတယ်ဆိုရင် မင်းက ငါ့ကို ဘာလုပ်နိုင်လို့လဲ”

သူတော်စင် သော်ပေါင်က အထင်သေးသော အပြုံးနှင့် ပြုံးနေသည်။ သို့ပသော် ယဲ့ဖန်က သူ့ကို သတ်ချင်နေလေပြီ။

“ငါ မင်းကို ဘာမှမလုပ်နိုင်ပါဘူး၊ မင်းရဲ့ စကားနဲ့ သဘောထားကိုတော့ တိုက်ရိုက် ထုတ်လွှင့်မှုကနေပြီးတော့ တစ်လောကလုံးကို ဖြန့်နိုင်တယ်”

ယဲ့ဖန်က လှောင်ရယ်၍ သူ့လက်ထဲမှ ကိရိယာကို မြှောက်ပြလေသည်။

အစောပိုင်းက သူသည် သူတော်စင် သော်ပေါင်၏ စကားများနှင့် သဘောထားတို့ကို လူအများသိအောင် ပြုလုပ်ခဲ့သည်။

ယခုအခါတွင် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေသရွေ့ ကိုးပြည်နယ်တွင်းမှ လူများသည် သူတော်စင် သော်ပေါင်နှင့် ကောင်းကင်ဘုံ ကိုးလွှာမှ လူများ၏ မျက်နှာကို သေချာ မြင်တွေ့ရပေလိမ့်မည်။

ထို့အပြင် ဤဗွီဒီယိုက ကိုးပြည်နယ်အတွင်း၌ နိုင်ငံတကာ သတင်းတစ်ပုဒ် ဖြစ်လာရန် သိပ်မကြာတော့ချေ။

“မင်း”

သူတော်စင် သော်ပေါင်၏ မျက်လုံးအိမ် တုန်ခါလာပြီး အကြီးအကျယ် မျက်နှာပျက်သွားသည်။

ထိုအခါတွင်မှ သေမျိုးလောက၌ တိုက်ရိုက် ထုတ်လွှင့်မှုသော တစ်စုံတစ်ရာ ရှိသည်ကို သူ ပြန်သတိရ သွားလေသည်။

“ချီးပဲ မင်း သေရမယ်ကွ”

သူတော်စင် သော်ပေါင်၏ မျက်လုံးများ အေးခဲလာပြီး ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်လာပြီးနောက် ယဲ့ဖန် အရှေ့၌ ပြန်ပေါ်လာသည်။

မြန်ဆန်လွန်းလှပြီး လုံးဝ တုံ့ပြန်နိုင်ချေ မရှိပေ။

ဤသည်ကိုမြင်သော် အိုးရန်ဟွာနှင့် အခြားသူများ ချောက်ချားကုန်သည်။

“မိသားစုခေါင်းဆောင်လေး သတိထားပါ”

လူအများက အော်ဟစ်သတိပေးလာသည်။ လီချန်ကျစ်ကမူ စိုးရိမ်တုန်လှုပ်စွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၍ စိတ်ထဲမှ ကြိတ်၍ အော်ဟစ်နေသည်။

“သူ့ကိုသတ်၊ အဲ့မျိုးမစစ်ကောင်ကို သတ်လိုက်”

သို့သော် ယဲ့ဖန်က အထင်အမြင်သေးစွာ ပြုံးနေသည်။

“သေသင့်တာ မင်းပဲ”

သူတော်စင် သော်ပေါင်၏ နားနားသို့ လေပြင်းတစ်ချက် တိုးဝှေ့လာပြီး မရဏ အငွေ့အသက် ထွက်ပေါ်လာသည်။

“မကောင်းတော့ဘူး”

သူတော်စင် သော်ပေါင်သည် တိုက်စစ်ကို မတတ်သာဘဲ လက်လျှော့လိုက်ရပြီး ချက်ချင်း ဘေးသို့ ရှောင်တိမ်း သွားကာ ကြည့်ရဆိုးသော မျက်နှာနှင့် ပြန်ကြည့်နေသည်။

ယဲ့ဖန်အရှေ့တွင် နက်ဗျူလာ ရပ်နေပြီး လေထဲ၌ မျောလွင့်နေကာ သူမခန္ဓာကိုယ်မှ ဟင်းလင်းပြင် စွမ်းအင် ပျံ့လွင့်နေပုံက လောကအပြင်ရှိ ဟင်းလင်းပြင်မှ နတ်ဘုရား ထွက်ပေါ်လာသည်နှင့် တူနေသည်။

“နင် တိုက်လို့ပြီးပြီလား၊ နင် ပြီးရင် ငါ့အလှည့်ပဲ”

နက်ဗျူလာက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် သူမခန္ဓာကိုယ်က လှစ်ခနဲ ရွေ့လျားလာသည်။ အရောင် စုံလင်သော အလင်းတန်းက ကောင်းကင်၌ ဖြာထွက်လာပြီး ဥက္ကာခဲတစ်လုံး ကျဆင်းလာသကဲ့သို့ တောက်ပနေ၏။

ထို့နောက် သူမက သူတော်စင် သော်ပေါင်၏ မျက်နှာကို ခပ်ပြင်းပြင်း ထိုးနှက်လေသည်။

“ဝုန်း ဝုန်း ဝုန်း”

လက်သီးတစ်ချက်က ကောင်းကင်ယံတွင် ရာချီသော တွင်းနက်များ ဖြစ်ပေါ်လာစေပြီး သူတော်စင် သော်ပေါင်ထံ ကျဆင်းနေသည်။

သူတော်စင် သော်ပေါင် မျက်လုံးပြူးကာ ကြောက်လန့်လာသည်။

*ဒါ ဘာနည်းလမ်းကြီးလဲ*

လက်သီးတစ်ချက်ကြောင့် တွင်းနက်များ ဖြစ်ပေါ်လာသည်တဲ့လား။

ဤမြင်ကွင်းက ခမ်းနားထည်ဝါလှပြီး အလွန် ထူးဆန်းလှသည်။

တွင်းနက်များ တုန်ခါလာပြီး လေဟာနယ် စွမ်းအင်က မြင့်တက်လာပြီး ကောင်းကင်ကို အက်ကွဲစေကာ မိုးမြေကို ထိုးဖောက်နိုင်သည်အထိ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ပျံ့လွင့်လာသည်။

ဟင်းလင်းပြင်၌ နှစ်ပေါင်း မရေတွက်နိုင်လောက်အောင် နေထိုင်ခဲ့သော မကောင်းဆိုးဝါးအိုကြီးတစ်ယောက် ဖြစ်သဖြင့် သူမ နှာချေလိုက်ရုံနှင့် ဂြိုဟ်တစ်လုံးကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်နိုင်လေသည်။ ဤလောက၌ သူ့အဆင့်က လွန်စွာ နိမ့်ကျနေသော်လည်း ကုလားအုတ်သေက မြင်းတစ်ကောင်ထက် ကြီးသေးသည် မဟုတ်ပါတကား။

“မင်း သေချင်နေတယ်ဆိုရင်လည်း ငါ ဖြည့်ဆည်းပေးရတာပေါ့”

သူတော်စင် သော်ပေါင်က အံကြိတ်၍ ချက်ချင်း ကြွေးကြော်လေသည်။ သူသည် လောကထ၌ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးဖြစ်ကာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မကြောက်ဖူးပေ။

ချက်ချင်းဆိုသလိုပင် သူက လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ ရှေးဟောင်း မှော်စာလုံးများစွာ ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးလာလေ၏။

တွင်းနက်များ ချက်ချင်း ပေါက်ကွဲပျက်စီးသွားသည်။ အကန့်အသတ်မဲ့သော စွမ်းအင်က သဲသဲမဲမဲ လောကထဲသို့ ပျံ့လွင့်လာသည်။

အောက်ဘက်ရှိ လူတစ်စုသည်လည်း ထိမှန်ပေါက်ကွဲကာ အသတ်ခံလိုက်ရသည်။ သူတို့သည် ဖိအားကို ခံနိုင်ရည် မရှိသဖြင့် ချက်ချင်း အသားစများ ဖြစ်သွားလေသည်။

ထိုစဉ် သူတော်စင် သော်ပေါင်က မှော်လက်နက်တစ်ခုကို ထုတ်သုံး၍ သူတို့ နှစ်ယောက်ကို ဖုံးအုပ်လိုက်သည်။ သို့မဟုတ်ပါက နောက်ဆက်တွဲ စွမ်းအင်က ပျံ့လွင့်သွားလောက်သည်။

အပြစ်မရှိသောလူများ ထိခိုက်ကုန်မည်ကို စိုးရိမ်သောကြောင့် သူ လုပ်လိုက်ခြင်း မဟုတ်ပါ။ သူ့လူများနှင့် စစ်သင်္ဘောများ ပျက်စီးမည် စိုးသောကြောင့်ပင်။

ထို့နောက်တွင်မူ သူတော်စင် သော်ပေါင်က အင်္ကျီလက်ထဲမှနေ၍ မှော်လက်နက် ကိုးမျိုးကို ထုတ်လိုက်သည်။ တစ်ခုချင်းစီက ထည်ဝါ၍ ထူထဲကာ သူတော်စင် အလင်းများ ပါဝင်နေပီး အလွန် ခမ်းနားလှသည်။

မှော်လက်နက် ကိုးမျိုး ထွက်လာသောအခါ လူအများသည် ကောင်းကင်၌ ကောင်းကင်ဘုံ ကိုးလွှာနှင့် မြေကမ္ဘာ ဆယ်ခု ပေါ်လာသကဲ့သို့ အလွန် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။

ဤသည်ကိုမြင်သော် ကောင်းကင်ဘုံ ကိုးလွှာမှ အင်မော်တယ် ဧကရာဇ်အဆင့်များက အားပါးတရ အော်ရယ် ကြသည်။ နှစ်ယောက်လုံးက သိုင်းအဆင့် တူသော်လည်း သူတော်စင် သော်ပေါင်သည် အလွန် ရင်ဆိုင်ရ ခက်သော သူတော်စင်အဆင့် တစ်ယောက် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်တွင် သိုင်းပညာပေါင်းများစွာ ရှိပြီး မရေတွက်နိုင်သော မှော်လက်နက် များစွာ ရှိသောကြောင့်ပင်။ ထို့ကြောင့် သူ့ကို ရင်ဆိုင်ရန် ခက်လှသည်။

နက်ဗျူလာက သူ့ကို လက်ဗလာနှင့် တိုက်ခိုက်ချင်နေသည်။ ဘယ်လိုလုပ် သူ့ကို နိုင်ပါမည်နည်း။

သူတော်စင် သော်ပေါင်က နက်ဗျူလာအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။

“မင်းရဲ့စိတ်ကို ကျင့်ကြံဖို့က လွယ်မယ်မထင်ဘူး၊ မင်း ငါ့ကောင်းကင်ဘုံ ကိုးလွှာကို အညံ့ခံပြီး အဲ့ကောင်ရဲ့ ခေါင်းကို ဖြတ်မယ်ဆိုရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်”

နက်ဗျူလာက ဘာမှမပြောဘဲ ရှေ့တိုးလာပြီး လက်သီးကို ဝင့်၍ တစ်ဖက်လူအား သည်းကြီးမည်းကြီး ထိုးနှက်လေသည်။

သူ့ကိုယ်တွင်းမှ ပြင်းထန်သော ချီစွမ်းအင်နှင့် သွေးတို့ ပွက်ပွက်ဆူ၍ ပျံ့လွင့်နေပြီး ကြီးမားသော စွမ်းအင်များ ပိုင်ဆိုင်ထားသော သူ၏ လက်သီးချက်သည် လောကကို ဖျက်ဆီးနိုင်ရန် လုံလောက်ပေသည်။

“သေချင်နေတာပဲ”

သူတော်စင် သော်ပေါင် ချက်ချင်း ဒေါသထွက်သွားသည်။ တစ်ဖက်လူက ခေါင်းမာလွန်းသဖြင့် သေသင့်ပေသည်။

မှော်လက်နက် ကိုးမျိုးက ပြိုင်တူ ပျံသန်းလာသည်။ တစ်ခုချင်းစီတွင် ကောင်းကင်ကို ဆန့်ကျင့်နိုင်သည့် စွမ်းအင်များ ပါရှိပြီး လောကကို ဖျက်ဆီးနိုင်လေသည်။

“ဝုန်း”

နက်ဗျူလာ နောက်သို့ လွင့်သွားပြီး မှော်လက်နက်တစ်ခုသည်လည်း ပျက်စီးလုနီးပါး ဖြစ်သွားသည်။ သို့သော် ပြန်လည်၍ တည်ငြိမ်သွားသည်။

ထိုအခိုက်တွင် သူတော်စင် သော်ပေါင်၏ မျက်နှာတွင် ထီမထင်ဟန် ပေါ်လာ၏။

“ငါ့ကို လက်ဗလာနဲ့ အနိုင်ရဖို့ ကြိုးစားတာက အရူးပဲ၊ အိပ်မက် မက်နေလိုက်တော့”

သူတော်စင် သော်ပေါင်၏ ဂုဏ်ယူနေသော မျက်နှာပေးကို မြင်သောအခါ နက်ဗျူလာ၏ ကလေးဆန်သော မျက်နှာလေးက ချက်ချင်း သုန်မှုန်သွားသည်။

တစ်ခဏအတွင်း သူမခန္ဓာကိုယ်မှ မိုးကြိုးပစ်ချသံ သို့မဟုတ် ပင်လယ်လှိုင်းသံကဲ့သို့သော ကြောက်စရာ ကောင်းသည့် အသံတစ်သံက နားကွဲမတတ် ထွက်ပေါ်လာ၏။

*ဟမ်*

သူတော်စင် သော်ပေါင် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ့အပြုံးသည်လည်း ချက်ချင်း ပျောက်ကွယ် သွားလေသည်။

All Chapters