← Chapters

အိမ်ပြန်ခရီး၊ ကမ္ဘာမြေသို့ ပြန်ခြင်း

Vol. 63 Ch. 945

အိမ်ပြန်ခရီး၊ ကမ္ဘာမြေသို့ ပြန်ခြင်း

Vol. 63 Ch. 945

နောက်တစ်ရက်တာ ကာလအတွင်းတွင် ရွှယ်အန်းသည် ဤကမ္ဘာ၌ လက်ကျန်ကိစ္စများကို ဖြေရှင်းဆောင်ရွက်ခဲ့လေသည်။

သူသည် ထန်လင်းအာနှင့် နျဲ့ယိဟန်တို့အပါအဝင် အခြားသူများအား ရိုးရှင်းလွယ်ကူသော ကျင့်ကြံနည်းစနစ်တစ်ခုကို ပေးခဲ့သည်။

ဤကမ္ဘာတွင် ချိပ်ပိတ်ခြင်း ပွင့်သွားသည်မှာ မကြာသေးသောကြောင့် မူလအခြေအနေသို့ပြန်ရောက်ရန် အနည်းဆုံး နှစ်အနည်းငယ် ကြာဦးမည်ဖြစ်သည်။ထို့ကြောင့် ဤရိုးရှင်းသော ကျင့်ကြံနည်းစနစ်သည် သူတို့ လေ့ကျင့်ရန်အတွက် အသင့်တော်ဆုံး ဖြစ်ပေသည်။

ထိုကိစ္စရပ်များ ပြီးဆုံးသွားသောအခါ ရွှယ်အန်းသည် အန်းယန်အား သူမ၏ သမီးနှစ်ယောက်နှင့် ဟူယင်းတို့ကိုဦးဆောင်၍ မှော်ရတနာပြတိုက်ထဲသို့ ခေါ်ဆောင်သွားရန် ညွှန်ကြားလိုက်သည်။

ထို့နောက် သူသည် ရှောင်ချင်ချိုးမှ ကျင့်ကြံသူများကို ဦးဆောင်ကာ အာကာသအချိန်အတားအဆီးကို ဖြတ်ကျော်ပြီး ဤကမ္ဘာမှ ထွက်ခွာသွားလေတော့သည်။

ရွှယ်အန်း၏ ပုံရိပ်သည် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားချိန်တွင် နျဲ့ယိဟန်သည် သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ရင်း တိတ်တဆိတ် မျက်ရည်ကျနေရှာသည်။

သို့သော် ထန်လင်းအာကမူ ငေးငိုင်စွာ ခေတ္တကြည့်နေပြီးနောက် ခိုင်မာပြတ်သားသော မျက်နှာထားဖြင့် ပြန်လှည့်ထွက်သွားလေသည်။

ဘယ်လိုပဲဖြစ်ဖြစ်... ငါ့ကို ကျင့်ကြံနည်းစနစ်တစ်ခု ပေးခဲ့ပြီးပြီပဲ...

ငါ ဒါကို လေ့ကျင့်ပြီး ငါ ဘာတွေ လုပ်နိုင်လဲဆိုတာ လူတိုင်းမြင်အောင်ပြရမယ...

ထန်လင်းအာသည် ထိုသို့ပြုလုပ်ရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်လေသည်။

ထိုအချိန်တွင် သွေးနတ်ဘုရားနယ်မြေအတွင်း၌ အာကာသဟင်းလင်းပြင်ထဲတွင် လှိုင်းဂယက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီးနောက် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုသည် ပြင်းထန်စွာ ကွဲအက်ထွက်ပေါ်လာသည်။

ရွှယ်အန်းသည် ရှောင်ချင်ချိုးမှ ကျင့်ကြံသူအများအပြားကို ဦးဆောင်လျက် ထိုအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာလေသည်။ ဤနယ်မြေသို့ ခြေချလိုက်သည်နှင့် ရွှယ်အန်းက အနည်းငယ် အံ့သြသံပြုလိုက်မိသည်။

"ထူးဆန်းလိုက်တာ... ဒီကမ္ဘာကြီးက..."

သူသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ တစ်ချိန်က သွေးနယ်မြေအတွင်း ပေါများကြွယ်ဝခဲ့သော သွေးစွမ်းအင်များ အစအနမကျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။

ကမ္ဘာလောကတစ်ခုလုံးသည် စွန့်ပစ်ခံထားရသော မြေနေရာတစ်ခုပမာ ခြောက်ခြားဖွယ်ရာ ဟာလာဟင်းလင်း ဖြစ်နေသည်။

ရွှယ်အန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး သူ၏လူများကို ဦးဆောင်ကာ သွေးနယ်မြေဗဟိုချက်သို့ ချက်ချင်းသွားလေသည်။

သွေးနယ်မြေ၏ အပြင်ဘက်ပိုင်း ဧရိယာများသည်လည်း ထိုနည်းတူစွာပင် နေရာတိုင်း၌ ဟာလာဟင်းလင်း ဖြစ်ကာ ခြောက်သွေ့နေသည်။ သွေးနယ်မြေတစ်ခုလုံးသည် အခွံသာ ကျန်တော့သည်ဟု ပြောရလောက်အောင် ဖြစ်နေလေသည်။

ရွှယ်အန်း၏ မျက်လုံးများ ပိုမိုအေးစက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နှလုံးသားထဲ၌ အလွန်ဆိုးရွားသော နိမိတ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။

ထိုအချိန်မှာပင် သူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လေဟာနယ်ထဲသို့ လက်လှမ်းကာ အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။

"ထွက်ခဲ့စမ်း"

ရွှယ်အန်းသည် ထိုအရာကို အပြင်ဘက်သို့ ပြင်းထန်စွာ ဆွဲထုတ်လိုက်ရာ ဖရိုဖရဲဖြစ်နေသော ပုံရိပ်တစ်ခုပါလာလေသည်။

ထိုသူသည် အသက်ဘေးမှ ချမ်းသာပေးရန် တရစပ် တောင်းပန်နေရှာသည်။

"သခင်ကြီး အသက်ချမ်းသာပေးပါ... သခင်ကြီး အသက်ချမ်းသာပေးပါ... ကျွန်တော်က ဒီအတိုင်း... ဟင်၊ ရွှယ်... သခင်ကြီးရွှယ်..."

ထိုသူမှာ အံ့အားသင့်သွားသည်။

ထိုအချိန်တွင် ရွှယ်အန်းလည်း ထိုသူကို မှတ်မိသွားလေသည်။

ထိုလူသည် သွေးမျိုးနွယ် ဖိုခနမိသားစုမှ ဟော့အာပင်ဖြစ်သည်။

သို့သော် ယခု ဟော့အာ၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေသည်။ သူ့အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး သူ၏ အရှိန်အဝါများ လုံးဝ ကုန်ခမ်းနေကာ သွေးမျိုးနွယ်တို့၏ အငွေ့အသက်များပင် မရှိတော့ချေ။

ထို့ကြောင့်ပင် ရွှယ်အန်းက သူ့ကို ရုတ်တရက် မမှတ်မိခဲ့ခြင်း ဖြစ်သည်။

ဟော်အာကို မြင်သောအခါ ရွှယ်အန်း မျက်ခုံးပင့်လိုက်သည်။

"ဟော့အာ... ဘာတွေ ဖြစ်ကုန်တာလဲ၊ သွေးနယ်မြေကြီးက ဘယ်လိုဖြစ်သွားတာလဲ၊ အားလက်နဲ့ အိုက်ရှီရော ဘယ်ရောက်ကုန်ပြီလဲ"

ထိုစကားကို ကြားသောအခါ ဟော့အာသည် သက်ပြင်းရှည်ကြီး ချလိုက်သည်။

"သခင်ကြီး... ကျွန်တော် ဒီနေရာမှာ ပုန်းနေရတာက အက်ဒဝပ်က သခင်ကြီး ပြန်လာမယ့်အချိန်ကို ဒီမှာပဲစောင့်နေဖို့ မှာထားခဲ့လို့ပါ"

"ကျွန်တော် မျှော်လင့်ချက်မဲ့နေ‌တဲ့အချိန် သခင်ကြီး တကယ်ပြန်လာမယ်လို့ ထင်မထားခဲ့ဘူး"

ထို့နောက် ဟော့အာသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"သခင်ကြီး... သခင်ကြီး ပျောက်သွားပြီး မကြာခင်မှာပဲ အလွန်ကြောက်စရာကောင်းတဲ့ပုဂ္ဂိုလ်တွေ ဒီနေရာကို ဆင်းသက်လာခဲ့ကြတယ် ပြီးတော့ သွေးနတ်ဘုရား ဂါယားနဲ့ နတ်ဘုရင်အိုဒင်တို့ အပါအဝင် တခြားသူတွေက အဲ့ဒီရောက်လာတဲ့ နတ်ဘုရားတွေနဲ့အတူ သွေးနတ်ဘုရားနယ်မြေကနေ ထွက်ခွာသွားကြတယ်"

"ပြီးတော့ သူတို့ ထွက်သွားတဲ့အချိန်မှာ ဒီနယ်မြေရဲ့ မူလအသက်သွေးကြေ။ကိုပါ ယူသွားကြလို့ ဒီကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ စွန့်ပစ်မြေ ဖြစ်လာရတာပါ"

ရွှယ်အန်းသည် တိတ်ဆိတ်စွာ နားထောင်နေရင်း သူ၏ မျက်နှာထားမှာ ပိုမို အေးစက်လာသည်။

"အဲ့ဒီလူစု ဘယ်ကိုသွားကြလဲ မင်းသိလား"

ထိုမေးခွန်းကို ကြားသောအခါ ဟော့အာက ခါးသက်သက် ပြုံးလိုက်သည်။

"သခင်ကြီး ကျွန်တော်တို့ သခင်ကြီးကို စောင့်နေခဲ့တာက ဒီအကြောင်းကို ပြောပြချင်လို့ပါပဲ"

"ဂါယား၊ အိုဒင်နဲ့ တခြားနတ်ဘုရားတွေကို ဦးဆောင်ပြီး ဆင်းသက်လာတဲ့ အဲဒီနတ်ဘုရားတွေက သခင်ကြီးရဲ့ မွေးရပ်မြေကမ္ဘာမြေဆီကို ဦးတည်သွားကြပါတယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် ရွှယ်အန်း၏ မျက်လုံးအိမ်များ ရုတ်ချည်း ကျဉ်းမြောင်းသွားလေသည်။ အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုသည် တစ်ခဏအတွင်း နေရာအနှံ့ လွှမ်းခြုံသွားပြီး လူတိုင်းကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။ ထို့နောက် ရွှယ်အန်းသည် အံကြိတ်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"သူတို့ ထွက်သွားတာ... ဘယ်လောက်ကြာပြီလဲ"

ဟော့အာသည်လည်း ရွှယ်အန်း၏ အရှိန်အဝါကြောင့် လန့်ဖျပ်သွားသော်လည်း ကြိုးစား၍ ဖြေလိုက်သည်။

"သခင်ကြီး... သူတို့ ထွက်သွားတာ နှစ်လလောက် ရှိပါပြီ၊ သခင်ကြီးရဲ့ မွေးရပ်မြေအန္တရာယ်ရှိမှာ စိုးရိမ်လို့ အားလက်နဲ့ အိုင်ရှီတို့လည်း သူတို့နောက်ကို လိုက်သွားကြပါတယ်၊ သခင်ကြီး ပြန်လာရင် သတင်းအမြန်ဆုံး ပြောပြနိုင်အောင်လို့ ကျွန်တော်က ဒီမှာကျန်ခဲ့ပြီး စောင့်နေတာပါ"

ရွှယ်အန်းသည် တိတ်ဆိတ်စွာဖြင့် မျက်လွှာချလိုက်သည်။ ဟော့အာမှာ အနည်းငယ် ကြောက်လန့်နေမိသည်။

"သခင်ကြီး... သခင်ကြီး... အဆင်ပြေရဲ့လားဟင်"

ရွှယ်အန်းသည် ဖြည်းညှင်းစွာ ခေါင်းမော့လာသည်။ သူ့ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီးနောက် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မရှိသော ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

"ငါ အဆင်ပြေတယ်... ဒီကိစ္စအတွက် ကျေးဇူးပဲ"

"ဘာတွေ ကျေးဇူးနေတာလဲ သခင်ကြီးရယ်၊ သခင်ကြီးကို အလုပ်အကျွေး ပြုခွင့်ရတာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ"

ဟော့အာက အလျင်စလို ပြောလိုက်သည်။

ထို့နောက်မှ ဟော့အာက ဂရုတစိုက် မေးလိုက်သည်။

"သခင်ကြီး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

ရွှယ်အန်းက လေးနက်စွာ ပြောလိုက်သည်။

"သူတို့က နှစ်လစောပြီး ထွက်သွားကြတာဒါပေမဲ့ သူတို့မှာ အာကာသအချိန်ဖြတ်လမ်းမရှိတဲ့အတွက် လေဟာနယ်ကို ဖြတ်သွားရမှာပဲ၊ အဲဒါဆိုရင် သူတို့ အခုမှ ကမ္ဘာမြေပေါ်ကို ရောက်ခါစပဲ ရှိဦးမယ်၊ ငါ အခု ချက်ချင်း အစွမ်းကုန်သုံးပြီးလိုက်သွားရင် အခွင့်အရေး နည်းနည်း ရှိနိုင်သေးတယ်"

ဟော့အာ ကခေါင်းညိတ်လိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"သခင်ကြီး... ကျေးဇူးပြုပြီး သတိထားပါ...၊ ဆင်းသက်လာတဲ့ နတ်ဘုရားတွေက ယှဉ်ပြိုင်ဖို့ မလွယ်ကူတဲ့ ပြိုင်ဘက်တွေပါ"

ရွှယ်အန်းသည် သူ၏ ပုလဲကဲ့သို့ ဖြူဖွေးသော သွားများကို ဖော်လျက် ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

"ငါ သိတယ်... ဒါပေမဲ့ သူတို့က ဘယ်သူတွေပဲ ဖြစ်နေပါစေ၊ သေလူတွေ ဖြစ်သွားပြီလို့သာ မှတ်လိုက်တော့၊ ငါ ပြောလိုက်ရင် ဘယ်သူမှ သူတို့ကို မကယ်နိုင်စေရဘူး"

ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အပြုံးကို မြင်လိုက်ရသောအခါ ဟော့အာ၏ ရင်ထဲတွင် တုန်လှုပ်သွားမိသော်လည်း စိုးရိမ်စိတ် အနည်းငယ်လည်း ပေါ်ပေါက်လာသည်။

ထိုနတ်ဘုရားများ ဆင်းသက်လာသည့် မြင်ကွင်းကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

သူတို့ထဲမှ တစ်ယောက်ချင်းစီသည် အိုဒင်ထက် ပိုမိုအစွမ်းထက်ကြသည်။ ထို့ပြင် ခေါင်းဆောင်လုပ်သူများမှာ ဟော့အာအနေဖြင့် မျက်လုံးချင်းပင် မဆုံရဲလောက်အောင် ကြီးကျယ်ခမ်းနားလွန်းလှသည်။

သူတို့၏ အစွမ်းထက်မှုကြောင့် အလင်းရောင်များပင် သူတို့ပတ်ဝန်းကျင်တွင် တွန့်လိမ်နေသဖြင့် သူတို့၏ မျက်နှာများကိုပင် သေချာ ခွဲခြား၍ မရနိုင်ခဲ့ပေ။

ထိုမျှအဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်များအပြင် အကူအညီပေးမည့်သူ အများအပြားနှင့်အတူရှိနေကြသည်။ ရွှယ်အန်း စွမ်းအားကြီးသော်လည်း ထိုမျှများပြားသော လူအုပ်စုကို ယှဉ်ပြိုင်နိုင်ပါ့မည်လား...

ထိုအချိန်တွင် ရွှယ်အန်းသည် အန်းယန်နှင့် ဟူယင်းတို့ကို မှော်ရတနာပြခန်းထဲမှ ပြန်လည် ထုတ်ပေးလိုက်သည်။ တရားခံများက ကမ္ဘာမြေသို့ ကြိုတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်စလုံး မျက်နှာဖြူဖျော့သွားကြသည်။

အထူးသဖြင့် အန်းယန်၏ အသံမှာ တုန်ရီနေသည်။

"ယောက်ျား... ကမ္ဘာမြေမှာ ဘာပြဿနာမှ မရှိလောက်ဘူးမလားဟင်"

ရွှယ်အန်း ခေါင်းခါလိုက်သည်။

"စိတ်မပူပါနဲ့... အဲဒီလောက် အမြန်ကြီးတော့ ကျရှုံးမှာမဟုတ်ပါဘူး၊ ပြီးတော့ ကိုယ် မထွက်ခွာခင်တုန်းက အများကြီး ကြိုတင်ပြင်ဆင်ခဲ့ပါသေးတယ်၊ အခု ကိုယ်တို့ရဲ့ အဓိကဦးစားပေးက အဲ့ဒီကို ချက်ချင်း ပြန်ရောက်ဖို့ပဲ"

အန်းယန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ"

ရွှယ်အန်းသည် ကြယ်တာရာယာဉ်ပျံကို ထုတ်ယူလိုက်ပြီး အားလုံးကို ဝင်ရောက်စေသည်။

ထို့နောက်မှ သူသည် ယာဉ်ပျံကို အစွမ်းကုန် မောင်းနှင်လိုက်ပြီး ခြောက်ကပ်နေပြီဖြစ်သော သွေးနယ်မြေမှ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။

သူသည် လာတုန်းကကဲ့သို့ အေးအေးလူလူ မဟုတ်တော့ပေ။ ရွှယ်အန်း၏ အပြန်ခရီးသည် ပစ်မှတ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားသော မြှားတစ်စင်းပမာ အရေးတကြီးဖြစ်လှပြီး ကမ္ဘာမြေသို့ ချက်ချင်းဆိုသကဲ့သို့ ရောက်ချင်နေမိသည်။

အဘယ်ကြောင့်ဆိုသော် ဘာမှမဖြစ်လောက်ဘူးဟု အန်းယန်ကို နှစ်သိမ့်ခဲ့သော်လည်း သူ့ကိုယ်တိုင်လည်း မသေချာသောကြောင့် ဖြစ်သည်။

ဟော့အာပြောသကဲ့သို့ပင် ထိုဆင်းသက်လာသောနတ်ဘုရားများသည် ကိုင်တွယ်ရ လွယ်ကူသူများ မဟုတ်ပေ။ အကယ်၍ သူပြန်ရောက်သည်အထိ ကမ္ဘာမြေမှလူများ တောင့်မခံနိုင်ခဲ့ဘူးဆိုလျှင် အကျိုးဆက်များကို တွေးကြည့်၍ပင် မရနိုင်တော့ပေ။

ထိုအတွေးနှင့်အတူ မိုးထိအောင် မြင့်မားသော သတ်ဖြတ်လိုစိတ်များ ရွှယ်အန်း၏ ရင်ထဲတွင် ထွက်ပေါ်လာသည်။ အကယ်၍များ ကမ္ဘာမြေတစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက ရွှယ်အန်းသည်လိုအပ်လျှင် စကြဝဠာရှိ နတ်ဘုရားအားလုံးကို သွေးဖြစ်စတေးပစ်မည်။ ထို့နောက် အကြောင်းအကျိုးတရားအားသုံး၍ ပြောင်းပြန်လှန်နိုင်မည့် နည်းလမ်းကို ရှာဖွေပြီး လူတိုင်းကို ကယ်တင်မည်။

အားလုံးပဲ ကျေးဇူးပြုပြီး ဘေးကင်းအောင်နေကြပါ... ငါပြန်လာမယ့်အထိ စောင့်နေပေးပါ…

All Chapters