← Chapters

ဝါးပူဂစ်

Vol. 10 Ch. 138

ဝါးပူဂစ်

Vol. 10 Ch. 138

မွန်း တစ်ယောက် ဝေဝေဝါးဝါး‌ ဖြစ်နေရင်းကပင် သတိကြီးစွာဖြင့် မျက်တောင်ခတ်လိုက်၏။ သူမ သိရှိထားသည့် ဗဟုသုတများထဲတွင် ‘ကမ္ဘာဦး စုန်းမကြီးများ’ အကြောင်း သတင်းအချက်အလက်များ မပါဝင်ပေ။ ဘော့စ်ပေးသည့် ‘သော့ချက် - ဗဟုသုတများ’ ထဲ၌လည်း ထိုအကြောင်းအရာများ မပါဝင်ချေ။

ရှေးဟောင်း ဒဏ္ဍာရီများနှင့် လျှို့ဝှက်ချက်များမှာ အခြေခံဗဟုသုတ အမျိုးအစားထဲတွင် မပါဝင်ဘဲ သဘာဝလွန် ပုဂ္ဂိုလ် အများစုပင် သိရှိခြင်း မရှိကြပေ။ ကျိကျစ်ရှို့လို နောက်ခံမျိုးရှိသူပင် အနည်းငယ်မျှသာ သိရှိသည်။ ဒိုရစ်ကဲ့သို့ နှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာပြီး အဆင့်အတန်း မြင့်မားသူမျိုးမှသာ ဤအရာများကို နားလည်နိုင်စွမ်း ရှိသည်။

ဒေါ်ရစ်၏ မိသားစုမှာ ဝါးပူဂစ်ည၏ ဘိသိက်ခံသူများ ဖြစ်ကြသည်။ သူတို့က ငွေရောင် သခင်မမှာ အိပ်မက်ဘုံထဲတွင် ရှိနေဆဲဖြစ်ပြီး သူမ နိုးထလာချိန်တွင် သူတို့ကို ကာကွယ်ပေးမည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။ အခြားသော သဘာဝလွန် ပုဂ္ဂိုလ်များထံတွင် ဤရှေးဟောင်းဒဏ္ဍာရီများအပေါ် အယူအဆအမျိုးမျိုး ရှိကြသော်လည်း အများစုကတော့ မယုံကြည်ကြပေ။

နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဤရှေးဟောင်းဒဏ္ဍာရီများမှာ အပိုင်းပိုင်းပြတ်တောက်ကုန်ပြီး အချို့မှာလည်း လုံးဝ တားမြစ်ထားသည့် မိစ္ဆာအယူအဆများအဖြစ် သတ်မှတ်ခံထားရသည်။ ဥပမာအားဖြင့် ‘ကပ်ဘေး ဘုရားကျောင်း’ ဆိုလျှင် ကမ္ဘာဦး စုန်းမကြီးများ တည်ရှိမှုကို ငြင်းပယ်ပြီး ထိုသို့သော အတွေးအခေါ်များကို မိစ္ဆာဝါဒအဖြစ် ပယ်ချထားသည်။ ‘အမိုးခုံး ဘုရားကျောင်း’ သည် လမင်းကို ကိုးကွယ်သော်လည်း သူတို့၏ အဆုံးအမများမှာ ဝါးပူဂစ်ညနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ ထိုအယူအဆနှစ်ခုကို လုံးဝ ခွဲခြားထားသည်။

ဤမော်ဒန်ခေတ်က ယုံကြည်သူများပင်လျှင် မယုံကြည်ပါဟု ဟန်ဆောင်ပြောဆိုနေကြရသည့် ခေတ်ကာလပင် ဖြစ်သည်။

ထိုအချိန်တွင် မွန်းကတော့ ‘ဘိသိက်ခံသူ’ နှင့် ‘ဝါးပူဂစ်’ ဟူသော စကားလုံးများအတွက် မေးခွန်းထုတ်စရာများ ပြည့်နှက် နေခဲ့သည်။ သူမ ဤစကားလုံးများ၏ အဓိပ္ပာယ်ကို မြူမှုန်မျှပင် မသိရှိပေ။

ဝါးပူဂစ်က ထိုအခြေအနေကို ကြိုမြင်ထားပုံရသည်။ သူမသည် စကတ်အနားစကို ပြန်လွှတ်ချလိုက်ပြီး ရေပြင်ပေါ်တွင် လှိုင်းတွန့်လေးများ ထစေလျက် ညတေးသီ ငှက်လေးတစ်ကောင်ကဲ့သို့ သာယာလှသော အသံဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။

“ကလေးလေး... မင်း ငါ့နာမည်ကိုလည်း မသိသလို ငါ့ရဲ့ သမိုင်းကြောင်းကိုလည်း မသိဘူးပဲ...”

“ငါ့နာမည်က ဝါးပူဂစ်... နေ့နဲ့ညကို အလှည့်ကျစေတဲ့သူ၊ နေဝင်ဆည်းဆာကို ခေါ်ဆောင်သူပဲ... နေနဲ့လက ငါ့ရဲ့ အကြီးဆုံး သားနဲ့ သမီးတွေဖြစ်ပြီး ကြယ်တွေနဲ့ ရေကန်တွေက ငါ့ကို ချီးမွမ်းသီချင်း ဆိုကြတယ်”

“နေ့နဲ့ည အလှည့်ကျမှုအောက်မှာ အသက်ရှင်နေတဲ့ အရာရာကို ငါ ကောင်းချီးပေးတယ်... အီသာ စွမ်းအင် ပိုင်ဆိုင်ထားတဲ့ သူအားလုံးနဲ့လည်း ငါ ပဋိညာဉ်ပြုထားတယ်...”

“နေမင်းကို တမ်းတသူတိုင်းကို ငါ ချစ်မြတ်နိုးတယ်...”

“ငါ့ကို သစ္စာဆိုတဲ့သူတိုင်းဟာ ငါ့ရဲ့ ထောက်ပံ့မှုကို ရရှိမယ်...”

“ငါ တန်ဖိုးထားသူတိုင်းဟာ အမှောင်ထုနဲ့ ပရမ်းပတာ အခြေအနေတွေကနေ ကင်းဝေးစေရမယ်...”

သူမက ထိုစကားလုံးများကို သာယာနာပျော်ဖွယ် သီဆို ရွတ်ဖတ်ရင်း မွန်းဆီသို့ တိုးကပ်လာသည်။ မိန်းမငယ်လေးမှာ သတိထားလျက် နောက်သို့ ဆုတ်ရန် ကြိုးစားနေသော်လည်း နောက်တစ်ခဏတွင် ဝတ်စုံနက်နှင့် အမျိုးသမီးမှာ ပျောက်ကွယ်သွားပြီး သူမ၏ နောက်ဘက်မှ သာယာသော အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဇာလက်အိတ်အနက်ရောင် စွပ်ထားသော လက်အစုံမှာ မွန်း၏ ပခုံးပေါ်သို့ တင်လာ၏။ ဝါးပူဂစ်မှာ မိန်းကလေး၏ ကျောဘက်သို့ တိုးကပ်လိုက်ပြီး သူမ၏ လည်ပင်းနောက်ဘက်မှ ဒဏ်ရာကို မြင်လိုက်ရသည်။ ထို့နောက် သူမက ပုံမှန်အသံဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။

“လွတ်လပ်ချင်တဲ့ ကလေးတွေကို ငါ သဘောကျတယ်...”

“ကျွန်မက ရှင့်လူမဟုတ်ဘူး...”

တစ်ဖက်လူကို ဖယ်ထုတ်၍ မရမှန်း သိလိုက်သောအခါ မွန်းက လှည့်ကြည့်လိုက်သည်။

“ကျွန်မကို ဒီအိပ်မက်ထဲ ဆွဲသွင်းပြီး ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”

ဝါးပူဂစ် ပြောသွားသည့် စကားများလုံးများမှာ ကမ္ဘာဦး စုန်းမကြီးများနှင့် ပတ်သက်သည့် သမားရိုးကျ အယူအဆအားလုံးကို မှောက်လှန်ပစ်နိုင်စွမ်းရှိကြောင်း အသိပညာ နည်းပါးသေးသည့် ဉာဏ်ရည်တု မိန်းမငယ်လေးမှာ မသိရှာပေ။

ဝါးပူဂစ်မှာ ညဉ့်နက်ပိုင်းကိုတင်မကဘဲ ပိုမိုကျယ်ပြန့်သော နယ်ပယ်ကိုပါ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

နေ့၊ ည နှင့် ဆည်းဆာ...

ဤအလှည့်ကျ အချိန်များအား ထိန်းချုပ်ထားခြင်းမှာ အချိန်အပေါ် အခွင့်အာဏာ ရှိခြင်းကို ကိုယ်စားပြုသည်။

နေ၊ လ၊ ကြယ် နှင့် ရေကန်...

၎င်းတို့မှာ သူမ၏ လက်အောက်ခံများသာ ဖြစ်သည်။ သူမ၏ အဆင့်အတန်းမှာ ၎င်းတို့ထက် များစွာ သာလွန်ကာ ထိန်းချုပ်ထားနိုင်စွမ်းပင် ရှိသည်။

သူမအား ယုံကြည်သူ နောက်လိုက်များမှာ ညမိစ္ဆာများသာမကဘဲ သက်ရှိအားလုံးနှင့် အီသာစွမ်းအင် ရှိသည့် သတ္တဝါအားလုံး ဖြစ်သည်။ လမင်း၊ မြူနှင်းတံတိုင်းတို့နှင့် နှိုင်းယှဉ်လျှင် ကမ္ဘာဦး စုန်းမကြီး ဝါးပူဂစ်မှာ စစ်မှန်သော ဘုရားတစ်ပါးနှင့် ပို၍ တူညီလှသည်။

ဝါးပူဂစ်က ခေတ္တရပ်တန့်လိုက်ပြီးနောက် ရယ်မောလိုက်၏။

“ငါ့အိပ်မက်ထဲကို ဝင်လာတာ မင်းကိုယ်တိုင်ပါပဲ...”

ထို့ကြောင့်လည်း သူမက မွန်းကို ဘိသိက်ခံသူတစ်ဦးအဖြစ် ထင်မှတ်ကာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက ပဋိညာဉ်အတိုင်း ကာကွယ်စောင့်ရှောက်မှု လာရောက်တောင်းခံသည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

မွန်းလည်း မှင်သက်သွား၏။ ထို့နောက် သူမ အိပ်ပျော်ခါနီးတွင် အိပ်မက်ဖမ်းစက်လေးမှ ငှက်မွှေးလေးအား မြင်လိုက်ရသည်ကို ပြန်လည် သတိရသွားပြီး ချက်ချင်းပင် နားလည်လိုက်သည်။ သူမမှာ ထိုအိပ်မက်ဖမ်းစက် ဖမ်းယူထားသည့် အိပ်မက်တစ်ခုထဲ ရောက်နေခြင်း ဖြစ်ရမည်။ ထိုသို့ဖြစ်စေသည့် ကြားခံပစ္စည်းမှာ သေတ္တာထဲရှိ အမိုးခုံး ဘုရားကျောင်း၏ ဓမ္မအမှတ်တံဆိပ် ဖြစ်ပေလိမ့်မည်။

လင်ကျဲနှင့် ဘုန်းတော်ကြီး ဗင်းဆင့်တို့၏ စကားများကို ပြန်တွေးကြည့်ပြီး ဝါးပူဂစ်၏ စကားများနှင့် ချိတ်ဆက်ကြည့်သောအခါ မွန်း ဆန့်ကျင်ဘက် အချက်အချို့ကို ရှာတွေ့လိုက်သည်။

“ရှင်က လမင်းလား...”

သူမက မေးလိုက်သည်။ ဝါးပူဂစ်က အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးကို ချော့သလိုမျိုး မွန်း၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်၏။

“ငါ မဟုတ်ဘူး... ဒါပေမဲ့ လမင်းဆိုတာ ငါ့ရဲ့ ချစ်လှစွာသော ကလေးလေး တစ်ယောက်ပဲ မင်းလိုပေါ့...”

မွန်း စဉ်းစားကြည့်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

“အဲဒါ ဒီမှာ မရှိဘူးပဲ...”

“အမှောင်ထုက အရာရာကို ဝါးမြိုလိုက်တဲ့အခါမှာ ငါ အဲဒါကို နေမင်းနဲ့အတူ မြှုပ်နှံလိုက်ပြီ...”

ဝါးပူဂစ်က မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်ရင်း ပြောလိုက်၏။

“ဒါပေမဲ့ အမိုးခုံး အသင်းတော်က လမင်းကို ယုံကြည်ကြတယ်လေ... အဲဒါကို တည့်တည့်မကြည့်ရဲကြတာပဲ ရှိတာ”

မွန်းက ပြန်ပြောသည်။

ဝါးပူဂစ်၏ အပြုံးများ ပျောက်ကွယ်သွားကာ မွန်းကို စေ့စေ့ကြည့်လိုက်၏။

“အဲဒါက အတုအယောင် လိမ်လည်မှုတစ်ခုပဲ... စစ်မှန်တဲ့ လမင်းဟာ သူ့ ယုံကြည်သူတွေရဲ့ အကြည့်ကို မကြောက်ဘူး”

“ကြောက်တယ်...”

“အယူမှားရင် လူကို ရူးသွပ်စေနိုင်တယ်... အဲဒါက လိမ်လည်လှည့်ဖြားပြီး နေရာလုထားတာမှန်း လူ သိသွားမှာကို ကြောက်နေတာ... ဒါကြောင့်လည်း လူတွေကို သူ့ရဲ့ ရွံရှာဖွယ်ကောင်းတဲ့ အသွင်အပြင်ကို မကြည့်ဖို့ ကျိန်ဆိုခိုင်းထားတာပဲ... ငါ့မှာ စွမ်းအားတွေ ရှိနေသေးရင် ဒီလို မိုက်မဲတဲ့ လုပ်ရပ်တွေကို ဆက်လုပ်ခွင့် ပေးမှာမဟုတ်ဘူး...”

“ကံမကောင်းစွာနဲ့ပဲ... အခု ငါက ဒီအိပ်မက်ထဲမှာပဲ တည်ရှိနိုင်တော့တယ်။”

ဝါးပူဂစ်က မွန်းကို ရုတ်တရက် ကြည့်လိုက်သည်။

“ဒါမှမဟုတ်... မင်းက ငါ့အတွက် အခွင့်အရေး ဖြစ်လာနိုင်တယ်”

“ရှင်...”

မွန်း မျက်တောင်ခတ်လိုက်၏။ ဝါးပူဂစ်က မိန်းမငယ်လေး၏ ပါးလေးကို လိမ်ဆွဲလိုက်သည်။

“ကလေး... မင်းမှာ ရေလို ကြည်လင်တဲ့ စိတ်ဝိညာဉ် ရှိတယ်... ပုံဖော်လို့ အလွယ်ဆုံး ပစ္စည်းတစ်ခုလိုပဲ... မင်း ဒီအိပ်မက်ကို လက်ခံဖို့ အဆင်သင့်ပဲလား... ငါ့မှာ ကျန်ရှိနေတဲ့ စွမ်းအားအားလုံးကို မင်းကို ပေးမယ်... မင်းကို ဒီအိပ်မက်ဘုံရဲ့ သခင်အဖြစ် ငါ့နေရာမှာ အစားထိုးပေးမယ်။”

မွန်းက သတိကြီးစွာဖြင့် မေးလိုက်၏။

“ကျွန်မ ဘာလုပ်ပေးရမှာလဲ...”

ဝါးပူဂစ်က ပြုံးလိုက်သည်။

“အဲဒီ လမင်းအတုကို သတ်ပေးပါ...”

...

ကိုလင်တစ်ယောက် ထိုင်ခုံတွင် ထိုင်နေခဲ့သည်မှာ နာရီပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ညဉ့်နက်ပိုင်းမှသည် မနက်အစောပိုင်းအထိပင်။

နေရောင်ခြည် ဆိုင်ထဲသို့ ဖြာကျလာသည့်တိုင် သူ၏ ခြေလက်များမှာ အေးစက်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်နေဆဲဖြစ်သည်။

မနေ့ညက သူ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး ဘုန်းတော်ကြီး ပြန်လာချိန်တွင် တံခါးဖွင့်ပေးကာ မိစ္ဆာကို နှင်ထုတ်နိုင်ခဲ့သည့် သတင်းကောင်းကို ကြားရရန် မျှော်လင့်ခဲ့သည်။

တစ်ညလုံး ဘေးအိမ်မှ တိုက်ခိုက်သံ သို့မဟုတ် အော်ဟစ်သံများကို သူ မကြားခဲ့ရပေ။ ပြတင်းပေါက်တွင် သွေးများ စင်သွားခြင်း သို့မဟုတ် တိုက်ပွဲပြင်းထန်မှုကို ပြသသည့် အလင်းတန်းများကဲ့သို့ ထူးခြားသော အရာများကိုလည်း မတွေ့ခဲ့ရပေ။

ပြန်လာသော ဘုန်းတော်ကြီး၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရချိန်တွင် အခြေအနေမှာ အမှန်တကယ် အန္တရာယ်ကြီးမားခဲ့ကြောင်း ကိုလင် သိလိုက်သည်။ သို့သော်လည်း အရာရာမှာ သူ မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

အခြေအနေများ ပြေလည်သွားပြီဟူသော စကားအစား သူ ကြားလိုက်ရသည်က...

“ကောင်လေး... မင်း မှားနေပြီ... ဘေးဆိုင်က စာအုပ်ဆိုင်ပိုင်ရှင်က ကြင်နာတတ်ပြီး ကူညီချင်စိတ်ရှိတဲ့ သာမန်လူတစ်ယောက်ပါပဲ”

ဟူသော စကားပင်။

ဘုန်းတော်ကြီး ဗင်းဆင့်တောင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

‘ငရဲပြည်က အလွတ်ဖြစ်နေပြီ... ငရဲသား မိစ္ဆာတွေတောင် ငါတို့ကြားမှာ လမ်းလျှောက်နေကြပြီ...’

ကိုလင်၏ စိုးရိမ်စိတ်များမှာ အထွတ်အထိပ်သို့ ရောက်သွားပြီး ရုတ်တရက် ဒေါသအဖြစ် ပြောင်းလဲသွားသည်။

အဘယ်ကြောင့် ဤလူများက သူ့ကို မယုံကြည်ကြသနည်း။

ရုပ်မြင်သံကြားဆိုင် ပိုင်ရှင်မှာ တံခါးကို ဖွင့်လိုက်ပြီး ဘေးအိမ်မှ မိစ္ဆာကို ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်တော့သည်။

သူ သေရမည်ဆိုလျှင်တောင် စာအုပ်ဆိုင်ပိုင်ရှင်၏ အစစ်အမှန် ရုပ်သွင်ကို ဖော်ထုတ်ရပေမည်။

***

All Chapters