ဒီကောင် သေကိုသေရမယ်
Vol. 116 Ch. 1728
“မိစ္ဆာ၊ မိစ္ဆာကောင်ပဲ”
ဤမြင်ကွင်းကို မြင်သောအခါ ကောင်းကင်ဘုံ ကိုးလွှာမှ စစ်သည်များအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။
သူတို့၏ ခန္ဓာကိုယ်များသည် ဆန်ကာတင်နေသကဲ့သို့ တုန်ယင်နေကြပြီး အလွန်အမင်း ထိတ်လန့်နေကြသည်။
*ကြောက်စရာကောင်းလိုက်တာ*
*ဒါက ဘာကြီးလဲ၊ ဒါက အိပ်မက်ဆိုး တစ်ခုပဲ*
“သေစမ်း၊ ငါတို့ သူတို့ကို မယှဉ်နိုင်ဘူး၊ ဆုတ်ကြ”
အင်မော်တယ် ဧကရာဇ်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ချုံးချီ သားရဲကြီး ရှိနေသရွေ့ ငါတို့ဘက်က ဘယ်လောက်သွားသွား သေဖို့ပဲ ရှိတယ်၊ ငါတို့ သူတို့ကို မယှဉ်နိုင်ဘူး”
ဤမြင်ကွင်းက အမှန်ပင် ကြောက်စရာ ကောင်းလှပေသည်။
အမှန်ပင် ချုံးချီသည် တကယ်ကို ယဉ်ပါးသွားပြီ ဖြစ်သည်။ ထိုလူသား၏ အမိန့်ကို ခွေးတစ်ကောင်ကဲ့သို့ တသွေမတိမ်း လိုက်နာနေသည်။
"ပြေးမလို့လား၊ မင်းတို့ ကောင်းကင်ဘုံ ကိုးလွှာက ငါတို့ အိုးရန် မျိုးနွယ်ဝင် ဘယ်နှစ်ယောက်ကို သတ်ခဲ့သလဲ၊ အခု အဲ့ဒီအကြွေးတွေကို သွေးနဲ့ ပြန်ဆပ်ရမယ့်အချိန်ပဲ”
အိုးရန်ဟွာက ဟိန်းဟောက်လိုက်ပြီး သူ၏ မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ ရန်သူများကို ပိတ်ဆို့ တိုက်ခိုက် တော့သည်။သူတို့၏ မျက်နှာများသည် လူသတ်ချင်စိတ်နှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့၏ ဘိုးဘေးများသည် ကောင်းကင်ဘုံ ကိုးလွှာ၏ နှိပ်စက်မှုကြောင့် သေကြေပျက်စီးမှု များခဲ့သည်။
တစ်ချိန်က ဤပြည်နယ်တွင် လွတ်လပ်စွာ နေထိုင်ခဲ့သော အိုးရန်မျိုးနွယ်သည် ကျွန်ပြုခြင်းကို လက်မခံခဲ့သဖြင့် ကောင်းကင်ဘုံ ကိုးလွှာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။
ကိုးထပ်ကောင်းကင်၏ မူဝါဒမှာ “ငါ့စကားနားထောင်သူ ကြီးပွားစေ၊ ငါ့ကို ဆန့်ကျင်သူ သေစေ” ဟူ၍ ဖြစ်သည်။ သူတို့မျက်လုံးထဲတွင် မြေပြင်ပေါ်ရှိ လူသားများသည် ကျွန်များ သို့မဟုတ် သတ်ဖြတ်ရန် တိရစ္ဆာန်များသာ ဖြစ်သည်။
ယခုအခါ ရန်ငြိုးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေပြီဖြစ်ရာ တစ်ဖက်ဖက်က သေမှသာ ပြီးပေတော့မည်။
ရူးသွပ်နေသော ဓားသွားများက ကောင်းကင်ဘုံ ကိုးလွှာမှ နတ်ဘုရားများကို သည်းကြီးမည်းကြီး ခုတ်ပိုင်းနေ၏။
“ရွှစ် ရွှစ် ရွှစ်”
သွေးမြူများ ပေါက်ကွဲထွက်ကုန်သည်။ အသားစိုင်များ လွင့်စင်ကာ ဦးခေါင်းများ မြေခကုန်သည်။
အိုးရန်ဟွာနှင့် အခြားသူများသည် လုံးဝ ရူးသွပ်နေပြီ ဖြစ်သည်။ ယခုအခါတွင် ကောင်းကင်မှ အိုးရန်မျိုးနွယ်ထံသော စစ်မှန်သော အရှင်သခင် ဆင်းသက်လာခဲ့ပြီ ဖြစ်ပြီး လက်စားချေရန်အတွက် သူတို့ကို မျှော်လင့်ချက် ပေးခဲ့သည်။ ယဲ့ဖန်၏ ဦးဆောင်မှုအောက်တွင် အိုးရန်မျိုးနွယ်ဝင်များသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အရူးအမူး ကလဲ့စားချေနေကြတော့သည်။
“ဒေါင်”
ရုတ်တရက် ဟင်းလင်းပြင်ကြီး တွန့်လိမ်သွားပြီး သုံးလံခန့်မြင့်သော လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် အလွန်ခန့်ညားထည်ဝါပြီး လက်ထဲတွင် ကောင်းကင်ကို တုန်လှုပ်စေသော လှံရှည်ကြီးကို ကိုင်ဆောင်ထားသည်။ သူသည် ယဲ့ဖန်၏ ကျောပြင်ကို လျှပ်တပြက် တိုက်ခိုက်လိုက်သည်။
“အစုတ်ပလုပ်ကောင်၊ ကောင်းကင်ဘုံ ကိုးလွှာကို ဆန့်ကျင်ရဲတယ်ပေါ့၊ မင်းအသက်ကို ပေးစမ်း”
*မကောင်းတော့ဘူး*
အားလုံး၏ မျက်နှာများ ပျက်ယွင်းသွားသည်။ ထိုတိုက်ခိုက်မှုမှာ အလွန်ပင် လျင်မြန်လှသဖြင့် ချုံးချီပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။
ထိုလှံရှည်ကြီးသည် ယဲ့ဖန်၏ ကျော်သို့ တန်းတန်းမတ်မတ် ကျဆင်းလာပြီး ၎င်း၏ သတ်ဖြတ်လိုသော အငွေ့အသက်က ကောင်းကင်အထိ မြင့်မားနေ၏။
အလွန်အမင်း ရက်စက်ပေသည်။
ထိုအခိုက်တွင် အိုးရန်ဟွာနှင့် အခြားသူများလည်း ဆောက်တည်ရာမရသည့် အမူအရာဖြင့် ကြည့်နေကြသည်။ အကယ်၍ ယဲ့ဖန်သာ သေသွားပါက အိုးရန် မျိုးနွယ်တစ်ခုလုံး ပြီးဆုံးသွားပေလိမ့်မည်။
“မင်း လုပ်ရဲလား”
အိုးရန်ဟွာက ဒေါသတကြီး အော်ဟစ်ရင်း ချက်ချင်း နောက်လှည့်ကာ ယဲ့ဖန်ဆီသို့ ပြေးသွားပြီး သူ၏ မျက်လုံးတွင် ပြင်းထန်သော အမုန်းတရားနှင့် စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
သို့သော် အလွန် နောက်ကျသွားလေပြီ။ တစ်ဖက်လူသည် သူ့အရှေ့၌ ရှိနေပြီး သူ မည်မျှ လိုက်ဖမ်းပါစေ သူ့အား မတားနိုင်ခဲ့ပေ။
အင်မော်တယ် ဧကရာဇ်၏ နှုတ်ခမ်းများက ညစ်ကျယ်ကျယ် ပြုံးလာပြီး ယဲ့ဖန်ကို ကြည့်သည့် သူ့အကြည့်က ပိုပို၍ ရက်စက် ခက်ထန်လာလေသည်။
ထို့နောက် သူ၏လက်များမှာ တဂျွတ်ဂျွတ်မြည်ကာ ရုန်းကန်လှုပ်ရှားလာပြီး အရိုးများမှာလည်း ပဲလှော်နေသည့် အလား တဖြောက်ဖြောက် မြည်ဟည်းလာခဲ့သည်။ သွေးကြောများမှာ အဖုဖုအထစ်ထစ် ထောင်ထွက်လာပြီး သူ၏လက်မောင်းများမှာ သံမဏိကဲ့သို့ ကြံ့ခိုင်ကာ အံ့မခန်းစွမ်းအားများဖြင့် ပြည့်နှက်သွားလေတော့သည်။
ချက်ချင်းပင် လုပ်ကြံသတ်ဖြတ်မည့် အရှိန်အဝါနှင့် စွမ်းအားများမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
ယဲ့ဖန်အပေါ် ထားရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ အလွန်အမင်း ပြင်းထန်လှသည်။ သို့သော်
“ဒေါင်”
ထိုခဏ၌ပင် စူးရှတောက်ပသော မီးပွင့်များ ပေါက်ကွဲထွက်လာခဲ့သည်။
လူအများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ယဲ့ဖန်က စကြာဝဠာဓားကို ကိုင်စွဲထားပြီး ထိုလှံရှည်ကို နှစ်ပိုင်းပိုင်းဖြတ် ပစ်လိုက်လေသည်။
အင်မော်တယ် ဧကရာဇ်၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။
သူ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်နေပြီး မျက်နှာတစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက် နေသော်လည်း၊ ထိုစိတ်များမှာ တဖြည်းဖြည်း လျော့ပါးသွားပြီး နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။
*သူတော်စင်သခင်အဆင့်နဲ့ ငါ့မှော်လက်နက်ကို ဖျက်ဆီးပစ်လိုက်တာလား*
*ထင်ယောင်ထင်မှား ဖြစ်နေတာ*
*ငါ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်*
အခြားသူများ အားလုံးမှာလည်း ဆွံ့အသွားကြပြီး သူတို့၏မျက်လုံးများကို အရူးအမူး ပွတ်သပ်ကြည့်နေကြ သော်လည်း စကားတစ်လုံးမှ မဟနိုင်ကြချေ။
သူတော်စင်သခင်အဆင့်ဖြင့် အင်မော်တယ် ဧကရာဇ်ကို ခုခံနိုင်ခဲ့သည်တဲ့လား။
ထိတ်လန့်စရာပင်။
ထို့နောက် အင်မော်တယ် ဧကရာဇ်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အော်ဟစ်လိုက်သည်။
“မင်းက သူတော်စင်သခင် မဟုတ် …”
သူ၏ စကားမဆုံးခင်မှာပင် ကြီးမားသော အရိပ်ကြီးတစ်ခုက သူ့ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ဟပြဲနေသော ပါးစပ်ကြီးဖြင့် သူ့ကို တစ်ကိုယ်လုံး ဝါးမြိုပစ်လိုက်လေတော့သည်။
“ဂျွတ် ဂျွတ်”
သွေးများ ဖျန်းခနဲ လွင့်စင်သွားခဲ့သည်။
ဤမြင်ကွင်းကြောင့် ကောင်းကင်ဘုံ ကိုးလွှာရှိ လူတိုင်း၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ် သွားကြသည်။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုပင်လျှင် ရှုံးနိမ့်သွားခဲ့လေပြီ။
*ဒီကောင်လေးက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ*
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြင့် ဆူညံသွားလေတော့သည်။ လူတိုင်း၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြသည်။
ဤမြင်ကွင်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။
“ဒီကောင်လေးက သူတော်စင်သခင် အဆင့် မဟုတ်ဘူးလား၊ ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အင်မော်တယ် ဧကရာဇ် တစ်ပါးက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
“သူက လူသားရော ဟုတ်ရဲ့လား”
ကောင်းကင်ဘုံကိုးလွှာမှ နတ်ဘုရားအားလုံး ဆွံ့အနေကြသည်။
ကောင်းကင်ဘုံကိုးလွှာရှိ ထူးကဲအစွမ်းထက်သူများနှင့် ရှေးဦးမျိုးဆက်များပင်လျှင် သူတော်စင်သခင်အဆင့်ဖြင့် အင်မော်တယ် ဧကရာဇ်၏ တိုက်ခိုက်မှုကို တစ်ချက်ကလေးမျှ တောင့်ခံနိုင်စွမ်း မရှိကြချေ။
ဤသည်က သာမန် ခွန်အားကွာခြားမှုမျိုး မဟုတ်တော့ချေ။ ကျင့်ကြံမှုအဆင့်၊ တာအိုပညာရပ်၊ နားလည် သဘောပေါက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့တွင် အပြတ်အသတ် ချေမှုန်းခံလိုက်ရခြင်းပင် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ယဲ့ဖန်သည် အင်မော်တယ် ဧကရာဇ် တစ်ပါး၏ တိုက်ခိုက်မှုကို မည်သို့ တောင့်ခံနိုင်သနည်း။
ထို့အပြင် တစ်ဖက်လူမှာ ဧကရာဇ်လက်နက်ကို ကိုင်စွဲထားသည့် အင်မော်တယ် ဧကရာဇ် တစ်ပါးပင် ဖြစ်သည်။
ဒါဟာ အမှန်တကယ်ပင် တုန်လှုပ်စရာကောင်းလှသည်။
ကောင်းကင်ဘုံ ကိုးလွှာ၏ နတ်ဘုရားများအနေဖြင့် သူတို့၏ သမိုင်းကြောင်းမှာ ကမ္ဘာဦးအစမှ ယနေ့တိုင် ရှည်လျားခဲ့သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရာမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ကြချေ။
သူတို့ပင် မဆိုထားနှင့်၊ သူတော်စင် သော်ပေါင်ပင်လျှင် ဆွံ့အသွားခဲ့ရသည်။ သူ၏ သက်တမ်းတစ်လျှောက်တွင် ဤမျှ ထူးဆန်းသော လူငယ်မျိုးကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ထိုအခိုက်တွင် ယဲ့ဖန်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး သူတော်စင် သော်ပေါင်အား ထူးဆန်းပြီး ရက်စက်သော အပြုံးတစ်ခု ပြုံးပြလိုက်လေသည်။
သူတော်စင် သော်ပေါင် ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။
ယခင်က သူသည် ယဲ့ဖန်ကို အမှိုက်သဖွယ် သဘောထားခဲ့သော်လည်း ယခုအခါတွင်မူ ယဲ့ဖန်က သူ့ကို တုန်လှုပ်စေခဲ့လေပြီ။
သူကဲ့သို့သော သူတော်စင်တစ်ဦးသည် သူတော်စင်သခင် အဆင့်မျှသာ ရှိသောသူကို ကြောက်ရွံ့နေရသည်မှာ စဉ်းစားရပင် ခက်ခဲလှသည်။
ဤအချိန်တွင် ရူးသွပ်သော အတွေးတစ်ခု သူ့ခေါင်းထဲသို့ ရုတ်တရက် ဝင်လာသည်။
*ဒီကောင်က တကယ်ပဲ အိုးရန်မျိုးနွယ်ကို ကောင်းကင်ဘုံ ကိုးလွှာအထိ ဦးဆောင်သွားနိုင်မှာလား*
ထို့နောက် သူ၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။
*ဒီကောင် သေကို သေမှရမယ်*
သူတော်စင် သော်ပေါင် မှင်သက်နေစဉ်မှာပင် အလောင်းတစ်ခုမှာ သူရှိရာသို့ ပျံသန်းလာပြီး တိုက်မိသွားသည်။
သူက လက်တစ်ဖက်ဖြင့် ဖမ်းယူလိုက်ရာ ၎င်းမှာ နှစ်ပေါင်းတစ်သောင်းကျော် သူ၏နောက်သို့ သစ္စာရှိစွာ လိုက်ပါခဲ့သော လက်ရုံးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယခုမူ ထိုသူ၏ ခေါင်းမှာ ဗိုက်ထဲအထိ ရောက်အောင် ရိုက်သွင်းခံထားရလေပြီ။
သူတော်စင် သော်ပေါင်သည် သွားကို တင်းတင်းကြိတ်ကာ ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။ ဤသို့သော အဖြစ်အား ထိုကောင်စုတ်လေး လုပ်ခဲ့သည်မှာ သေချာလှသည်။
“သူတော်စင် ကျွန်တော့်ကို ကယ်ပါဦး”
ကောင်းကင်ဘုံ ကိုးလွှာမှ ဆင်းသက်လာကြသော နတ်စစ်သည်များမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ၊ ဆံပင်များ ဖရိုဖရဲဖြစ်လျက်၊ ကိုယ်လက်အင်္ဂါများ ပျက်စီးကာ အော်ဟစ်ငိုယိုနေကြသည်။ သူတို့၏ မျက်လုံး များမှာလည်း အလွန်အမင်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
“ဝုန်း”
ချုံးချီက ၎င်း၏ ဧရာမအတောင်ပံများကို ခတ်လိုက်ရာ လေပြင်းများ တိုက်ခတ်လာပြီး စစ်သင်္ဘော အတော်များများမှာ ဟန်ချက်ပျက်ကာ တစ်စီးနှင့်တစ်စီး တိုက်မိကုန်ကြပြီး ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လေတော့သည်။ နတ်စစ်သည်များမှာ ကောင်းကင်မှ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကာ သွေးအိုင်ထဲတွင် ပွဲချင်းပြီး သေဆုံးကုန်ကြသည်။
စိတ်ရှုပ်ထွေးခြင်း၊ ကြောက်ရွံ့ခြင်း။
ဤနှိုင်းယှဉ်၍မရသော ကြမ်းကြုတ်သည့် သားရဲကြီးနှင့် ရင်ဆိုင်ရသောအခါ ကောင်းကင်ဘုံ ကိုးလွှာသားများမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားကြသည်။ သူတော်စင်များမှလွဲ၍ မည်သူမျှ သူ့ကို ယှဉ်နိုင်စွမ်း မရှိချေ။ သူသည် သူတော်စင်အဆင့် အောက်တွင် အမှန်တကယ်ပင် နံပါတ်တစ် ဖြစ်လေသည်။
“ယဲ့ဖန် မင်းကများ”
သူတော်စင် သော်ပေါင်သည် ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်လုံးမှ အလင်းတန်းနှစ်ခုကို အောက်သို့ ပစ်လွှတ်လိုက်ရာ ကောင်းကင်တိုင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖန်ကို တိုက်ခိုက် လေတော့သည်။
ဤအခြေအနေတွင် သူသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ချေ။ သူသည် မဟာ အစီအရင်ကို အသက်သွင်းလိုက်ရာ သူတော်စင်၏ အရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။
သူသည် ယဲ့ဖန်ကို အလွန်အမင်း နာကျည်းနေပြီး သူ၏ သားသမီးများနှင့် လက်အောက်ငယ်သားများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရခြင်းက သူ၏ သည်းခံနိုင်စွမ်းကို ကုန်ဆုံးစေခဲ့သည်။
ယဲ့ဖန်ကို မသတ်ရလျှင် သူ လူမဟုတ်တော့ဟု ကျိန်ဆိုလိုက်သည်။
“ဝှစ်”
ထိုစဉ် နက်ဗျူလာသည် တွယ်ကပ်တတ်သော မျှော့တစ်ကောင်ကဲ့သို့ ပြန်လည်ပေါ်ပေါက်လာပြီး လက်သီးတစ်ချက်ဖြင့် သူတော်စင် သော်ပေါင်၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။
တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ဆူပွက်နေသည်။
ချက်ချင်းဆိုသလိုပင် ၎င်းသည် သူတော်စင် သော်ပေါင်၏ တိုက်ခိုက်မှုကို မိုင်ပေါင်းတစ်ရာရှည်လျားသော တိမ်ပင်လယ် များဆီသို့ လမ်းကြောင်းလွှဲပစ်လိုက်လေသည်။
“ငါ့ရှေ့က ဖယ်စမ်း”
သူတော်စင် သော်ပေါင် ဒေါသထွက်နေပြီဖြစ်သည်။ ဤကောင်မလေးသာ သူ့ကို အမြဲတမ်း နှောင့်ယှက်မနေပါက ယဲ့ဖန်မှာ အကြိမ်ပေါင်း တစ်ထောင်မက သေပြီးနေလောက်ပြီ ဖြစ်သည်။
နက်ဗျူလာကမူ ဘာစကားမှ မပြောဘဲ အေးစက်ပြီး ရက်စက်သော အကြည့်ဖြင့် သူတော်စင် သော်ပေါင်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။
“ဆရာ ကျွန်တော့်ကို ကယ်ပါဦး”
ထိုစဉ် အင်မော်တယ် ဧကရာဇ် တစ်ပါးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ချုံးချီ၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
“ကျွန်တော် မသေချင်ဘူး၊ ဘိုးဘိုးကြီး ကျွန်တော့်ကို ကယ်ပါ”
သူတော်စင် သော်ပေါင်၏ မြေးတစ်ဦးမှာ အော်ဟစ်နေစဉ်မှာပင် ချုံးချီက သူတော်စင် သော်ပေါင်ရှေ့မှာပင် သူ့ကို တစ်ကိုယ်လုံး ဝါးမြိုပစ်လိုက်သည်။
သူတော်စင် သော်ပေါင်၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်လာပြီး သတ်ဖြတ်လိုစိတ်များမှာ ရူးသွပ်မတတ် ဖြစ်ပေါ်နေသည်။
ယဲ့ဖန်ကမူ သူ၏အကြည့်ကို မခန့်လေးစားသော အပြုံးဖြင့် အေးအေးဆေးဆေး တုံ့ပြန်နေသည်။
ဤမြင်ကွင်းကို ကြည့်ပြီး နတ်ဘုရားအားလုံး ထိတ်လန့်ကုန်ကြပြီး တစ်ကိုယ်လုံး တုန်ရီနေကြသည်။ ဤသည်မှာ ဤလူကို စော်ကားမိခြင်း၏ အကျိုးဆက်ပင်။ သူတော်စင် သော်ပေါင်ပင်လျှင် ဘာမှမတတ်နိုင်ဘဲ မိမိ၏ သားမြေးများ ဝက်များ၊ ခွေးများကဲ့သို့ အသတ်ခံနေရသည်ကို ရပ်ကြည့်နေရုံသာ ရှိတော့သည်။
ပြီးဆုံးသွားပြီ။
တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။ သူတို့သည် ဤလူကို ယှဉ်နိုင်စွမ်း မရှိတော့ဘဲ ဆက်လက် ခုခံနေပါက သေဖို့သာ ရှိတော့သည်။
“ထွက်ပြေးကြဟေ့”
အော်ဟစ်သံများနှင့်အတူ လူတိုင်း နောက်လှည့်ကာ ထွက်ပြေးကြလေတော့သည်။ သူတို့၏ ကြောက်စိတ်တွင် ကြောက်စိတ်နှင့် ပြည့်နှက်နေ၏။ သူတို့တွင် ဤနတ်ဆိုးကို ရင်ဆိုင်ရဲသော သတ္တိ မရှိတော့ချေ!
လီချန်ကျစ်နှင့် အခြားသူများမှာမူ မြင်နေရသည့် မြင်ကွင်းမှာ အစစ်အမှန် မဟုတ်သကဲ့သို့ ဆွံ့အမှင်သက် နေကြသည်။
လူသားတစ်ယောက်၊ သားရဲတစ်ကောင်နှင့် မကောင်းဆိုးဝါး တစ်ယောက် ပါဝင်သောအဖွဲ့က ကောင်းကင်ဘုံ ကိုးလွှာကို အောင်နိုင်သွားခဲ့လေပြီ။
“သူတော်စင် သော်ပေါင်၊ အဲဒီတုန်းက ငါ့မျိုးနွယ်စုဝင် ဘယ်နှစ်ယောက်ကို မင်းသတ်ခဲ့သလဲ၊ အခု အဲဒါအားလုံးကို ငါအတိုးချပြီး ပြန်ပေးဆပ်ခိုင်းမယ်”
ယဲ့ဖန်က ကောင်းကင်သို့ မော့ကာ ဝင့်ကြွားစွာ အော်ဟစ်လိုက်သည်။
ဒါဟာ ကလဲ့စားချေခြင်း ဖြစ်တဲ့အတွက်ကြောင့် ညှာတာမှု မရှိပေ။
ဆင်းသက်လာသူမှန်သမျှ သေကို သေရပေမည်။
“မျိုးနွယ်စုခေါင်းဆောင်ငယ်... အစွမ်းထက်လှပါတယ်”
အိုးရန်ဟွာက ပထမဦးဆုံး အော်ဟစ်လိုက်ပြီး အားရပါးရ ရယ်မောလျက် သူ၏ စီးတော်ယာဉ်ကို စီးနင်း၍ ရန်သူများနောက်သို့ လိုက်လံတိုက်ခိုက်လေသည်။ သူ၏ ဘဝတစ်လျှောက်တွင် ကောင်းကင်ဘုံ ကိုးလွှာကို ဤမျှအထိ အနိုင်ပိုင်းနိုင်ခဲ့ခြင်းမျိုး မရှိခဲ့ဖူးချေ။
ဤသည်မှာ သူ၏ တစ်သက်တာ ဆန္ဒဖြစ်ပြီး ယခုမူ အမှန်တကယ် ဖြစ်လာခဲ့ပြီ!
“မျိုးနွယ်စုခေါင်းဆောင်ငယ်... အစွမ်းထက်လှပါတယ်”
“မျိုးနွယ်စုခေါင်းဆောင်ငယ်... အစွမ်းထက်လှပါတယ်”
အိုးရန် မျိုးနွယ်စုဝင် အားလုံးမှာလည်း စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ထို့နောက် ရှိနေသော အရပ်သားများမှာလည်း လေးစားမှုအပြည့်ဖြင့် ဝိုင်းဝန်းအော်ဟစ်ကြလေသည်။ ထိုအော်ဟစ်သံများမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေသည်။
လီမိသားစုဝင်များပင်လျှင် မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအော်ကြသည်။ အဘိုးအိုလီက အဘယ်ကြောင့် ဤလူကို သစ္စာမဖောက်ဘဲ အသေခံခဲ့သည်ကို သူတို့ ယခုမှ နားလည်သွားကြတော့သည်။
အကယ်၍ လီမိသားစုသာ စောစောက သစ္စာဖောက်ခဲ့ပါက ယခုအချိန်တွင် သူတို့အားလုံး အလောင်း ဖြစ်နေလောက်သည်။
ကောင်းကင်ဘုံ ကိုးလွှာကို စိန်ခေါ်ရဲပြီး နတ်ဘုရားများကို ပြန်မတိုက်နိုင်အောင် သတ်ဖြတ်နိုင်သည့် ဤလူသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
“ပါးစပ်ပိတ်ထားကြစမ်း၊ အားလုံး ပါးစပ်ပိတ်ထား၊ မဟုတ်ရင် ငါ သူတော်စင်ကို မင်းတို့အားလုံးကို သတ်ခိုင်းလိုက်မယ်”
လီချန်ကျစ်က သူ၏လူများကို မျက်လုံးအိမ်နီလျက် အော်ဟစ်တားမြစ်သော်လည်း သူ၏ ခြိမ်းခြောက်မှုက လူအုပ်ကြီး၏ ကိုးကွယ်ယုံကြည်မှုကို မရပ်တန့်နိုင်ခဲ့ချေ။
အားလုံးက လီချန်ကျစ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ကြပြီး အော်ဟစ်သံများမှာ ပို၍ပင် ကျယ်လောင် လာသည်။
နှစ်ပေါင်းများစွာ ကောင်းကင်ဘုံ ကိုးလွှာ၏ ဖိနှိပ်မှုအောက်တွင် မည်သူမျှ ကောင်းကင်ဘုံ၏ အလိုကို မလွန်ဆန်ရဲခဲ့ကြချေ။
ယနေ့တွင်မူ ကျုံးကျိုးတိုက်ကြီးပေါ်တွင် ကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာပြီး နတ်ဘုရားများ၏ အာဏာကို စိန်ခေါ်လိုက်လေပြီ။
ယဲ့ဖန်သည် ကျုံးကျိုးတစ်ခုလုံးတွင် မည်သူမျှ မလုပ်ရဲသော အရာကို လုပ်ပြခဲ့သည်။ မကြာမီမှာပင် အင်မော်တယ် ဧကရာဇ် အားလုံး သေဆုံးကုန်ကြသည်။ တစ်ယောက်မျှ အသက်မရှင်ခဲ့ဘဲ ချုံးချီ၏ ပါးစပ်ထဲတွင် အဆုံးသတ်သွားခဲ့ရသည်။
ချုံးချီမှာမူ သူ၏လက်သည်းဖြင့် သွားကြားထိုးလျက်၊ ဗိုက်ဝသွားသဖြင့် လေတက်ရင်း အေးအေးဆေးဆေး ရှိနေလေသည်။
ဤမြင်ကွင်းမှာ သူတော်စင် သော်ပေါင်၏ မျက်စိထဲတွင်မူ အလွန်အမင်း ရွံရှာဒေါသထွက်စရာ ကောင်းနေ လေတော့သည်။