နေ့စဉ်နေ့တိုင်း
Vol. 10 Ch. 115
မီးဖိုခန်းထဲတွင်ဖြစ်သည်။
ရွှေရောင်သန်းနေသည့် အသားလုံးများက ယခုမှအိုးထဲကထွက်လာကာ လေထုထဲတွင် မွှေးရနံ့များ ပြန့်နေသည်။
ချီရှောင်ပိုင်က တစ်လုံးယူရန်ပြင်လိုက်သော်လည်း ရှန်းမူမူက သူ့လက်ကို ရိုက်ထုတ်ကာ စိုက်ကြည့်လိုက်သည်။
“လက်ဆေးပြီးပြီလား။”
ချီရှောင်ပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ “အစောကတည်းက ဆေးပြီးပြီ။”
အသားလုံးများ ကြော်နေသည့် အဖွားအိုက ရယ်လိုက်လေသည်။
“ဒါကို လူကလေးက ငယ်ငယ်လေးကတည်းကကြိုက်တာ၊ ငါက ကြော်နေတုန်း သူက ခိုးစားနေတာ၊ သူ့ကို အပြစ်လည်း မတင်ရက်ဘူး၊ စားသလောက်လည်း မဝဘူး။”
အဖွားအိုရယ်နေသည်ကိုမြင်တော့ ရှန်းမူမူကလည်း ရယ်ခဲ့သည်။
ချီရှောင်ပိုင်က နှုတ်ခမ်းစေ့ထားကာ မရယ်ခဲ့ပေ။
အတိတ်အကြောင်းများ ပြန်ပြောနေသဖြင့် သူက အတိတ်ကို ပြန်အမှတ်ရသွားကာ မျက်ဝန်းများ စိုသွားခဲ့သည်။
အတိတ်တုန်းက ချီမိသားစုက မချမ်းသာပဲ သာမာန်မိသားစုသာဖြစ်သည်။
သို့သော် သူ့ကို အဖွားဖြစ်သူက ပျိုးထောင်ခဲ့ကာ အခက်အခဲများကို မခံစားခဲ့ရပေ။
အဖွားက ရယ်မောခြင်းနှင့် မြည်တွန်တောက်တီးရသည်ကို နှစ်သက်သည်။
သူမ ရသည့် ပင်စင်လစာ အားလုံးနီးပါးကို သူ့အတွက်သုံးခဲ့သည်။
“တခြားကလေးမှာ ပစ္စည်းတစ်ခုရှိရင် နင့်မှာလည်းရှိရမယ်။” ဟူသော အဖွားပြောခဲ့သည့်စကားကို သူမှတ်မိနေဆဲဖြစ်သည်။
သူ့အသက် ( ၇ ) နှစ် ၊ ( ၈ ) နှစ်တုန်းက ရီမုကားလေးတွေ ခေတ်ထခဲ့သည်။
မူလက သူ့တွင် တစ်ခုရှိသော်လည်း မတော်တဆ ရေမြောင်းထဲ ပြုတ်ကျသွားခဲ့သည်။
ကားအင်ဂျင်ထဲ ရေဝင်သွားကာ ပြန်ပြင်ပါက ဆင်ဖိုးထက် ချွန်းဖိုးက ပိုကြီးမည်ဖြစ်သည်။
အင်ဂျင်ပြင်ခက ဈေးကြီးသဖြင့် အဖွားကို သူ မပြောရဲခဲ့ပေ။
တစ်နေ့သော နံနက်ခင်းတွင် သူ့အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ပြိုင်ကားအသစ်တစ်စီး တွေ့ခဲ့သည်။
တတိယတန်း မရောက်ခင်တွင် သူက တခြားကလေးများထက် ညှက်သည်။
ကျောင်းယူနီဖောင်း ဝယ်ယူရတွင်လည်း သာမာန်ဆိုဒ်ကို ရသော်လည်း အဝတ်အစားက သူ့ထက်ကြီးနေသည်။
အဖွားဖြစ်သူက ကိုယ်တိုင် ပြန်လည် ချုပ်ပေးခဲ့သည်။
ကျောင်းတွင် မိဘဆရာ အစည်းအဝေးအကြောင်းကို သူမှတ်မိနေဆဲဖြစ်သည်။
သူတို့မြေးဖွား အိမ်အတူပြန်ရန်အတွင် ဘောလုံးကွင်းထဲက ပန်းခြံနား သူရပ်စောင့်နေခဲ့သည်။
ဘေခန်းက ကျောင်းသားတချို့က သူ့ကိုလှောင်ပြောင်ခဲ့သည်။
ကျောင်းတွင် သူကသာ မိဘမရှိသူဖြစ်ကာ မိဘများက သူ့ကို မလိုချင်ဘူးဟု လှောင်ပြောင်ခဲ့သည်။
သူလက်သီးမြှောက်လိုက်သည့်အခါ သူ့ခေါင်းလေးကို နွေးထွေးသည့် လက်တစ်စုံက ဖုံးအုပ်ခဲ့သည်။
ရုတ်တရက်ပဲ သူ့အဖွားက အနောက်ကပေါ်လာကာ တစ်ဖက်ကကောင်လေးများကို ဆူဆဲခဲ့သည်။
နောက်တစ်နေ့တွင် ထိုကလေးများ၏ မိဘများက သူတို့အိမ်သို့ လာရောက်ကာ တောင်းပန်ခဲ့သည်။
ထိုကိစ္စဖြစ်ပွားပြီးသည့်နောက်တွင် သူ့ကို မည်သူမှ မလှောင်ပြောင်ရဲတော့ပေ။
ချီရှောင်ပိုင်တွင် မိဘများ မရှိသော်လည်း ကာကွယ်ပေးတတ်သည့်အဖွားရှိကြောင်း သူတို့သိသွားခဲ့သည်။
ချီရှောင်ပိုင်က အတိတ်ကို အနည်းငယ်ပြန်တွေးလိုက်သော်လည်း အကုန်လုံးကို ပြန်အမှတ်ရသွားခဲ့သည်။
အတိတ်က အဖွားနှင့် ယခုလက်ရှိ သူ့ရှေ့က အဖွားက ယခင်လို ကြင်နာကာ တက်ကြွနေဆဲ ဖြစ်သည်။
သူ့နှလုံးသားထဲ နွေးထွေးသည့် ရေနွေးစီးကြောင်းလေး ဖြတ်သန်းသွားခဲ့သည်။
ချီရှောင်ပိုင်နှင့် ရှန်းမူမူက အဖွား၏ တစ်ဖက်စီတွင် ရှိနေသည်။
ရှန်းမူမူကတော့ ကူညီလုပ်ကိုင်ပေးနေသည်။
ချီရှောင်ပိုင်က ဘာမှ မလုပ်တတ်သဖြင့် စားသာစားနေသည်။
ဟင်းက မွှေးကြိုင်နေကာ သူက ပိုစားသောက်နေသဖြင့် အဖွားက ပို၍ ပြုံးနေခဲ့သည်။
ထိုအချိန်တွင် ရှန်းမူမူ၏ ဖုန်းမြည်သံကို ချီရှောင်ပိုင်က ကြားလိုက်သည်။
သူမက ဖုန်းဖြေပြီးနောက်တွင် ဖုန်းချလိုက်သည်။
ထို့နောက် ရှန်းမူမူက ထိုနံပါတ်ကို ဗီဒီယိုကောလ် ခေါ်လိုက်သည်ကို သူတွေ့လိုက်သည်။
သူမက ဖုန်းထဲတွင် သူနှင့် အဖွားပါ ပါအောင် ကိုင်ထားသည်။
သူမက ခါးထောက်ကာ ဖုန်းပြောလိုက်သည်။ “ကြည့်ဦး၊ အဖွားက အသားလုံးကြော်နေတာ မွှေးနေတာပဲ၊ ရှင် မစားရတာ သနားစရာပဲ။”
သူမ စကားဆုံးတော့ အဖွားက ရယ်နေသည်။
သူ့အဖေ၏ ရယ်သံကိုလည်း ဖုန်းတစ်ဖက်မှ ကြားနေရသည်။
အဖွားက ဘေးမှ ဖုန်းကိုကြည့်ကာပြောလိုက်သည်။ “သားကြီး စိတ်မပူနဲ့၊ ရေခဲသေတ္တာထဲ ထည့်ထားပေးခဲ့မယ်။”
“ဟုတ်ကဲ့ပါ။” ဟူသော စကားကို ဖုန်းထဲမှ ကြားလိုက်ရသည်။
ချီရှောင်ပိုင်က ပြုံးလိုက်မိသည်။
မီးဖိုချောင်ထဲတွင် အဖွားက ပျော်ရွှင်စွာ အသားလုံးကြော်နေခဲ့သည်။
ငယ်ရွယ်သည့်မိထွေးက ဖုန်းဖြင့် မှတ်တမ်းယူနေခဲ့သည်။
တစ်ဖက်က အဖေဖြစ်သူကတော့ အသားလုံးကြော် မစားနိုင်ခဲ့ပေ။
အရာအားလုံးက သာမာန်ဖြစ်သည်။
ထိုသို့သော ရိုးရှင်းသည့်ဘဝကို သူသဘောကျသည်။
အိမ်တော်ထိန်းကျန်းက ဧည့်သည်အခန်းကို သန့်ရှင်းရေးလုပ်ထားသည်။
အိမ်ပြန်လည်ပြုပြင်စဉ်က ထိုအိပ်ခန်းကို အဖွားနေထိုင်ရန် ပြင်ထားခဲ့သည်။
ရေချိုးခန်းထဲတွင် လက်ကိုင်တန်းများထားကာ အခင်းနုများခင်းထားသည်။
ပစ္စည်းများက သက်ကြီးရွယ်အိုများ ဘေးကင်းအောင် ပြုလုပ်ပေးသည့် ပစ္စည်းများထည့်ထားသည်။
ဝရံတာတွင် အပင်ငယ်လေးများ စိုက်ထားပေးသည်။
အထဲတွင် လက်ရေးလှရေးရန် နေရာအစုံမှ စုတ်တံများနှင့် မှင်များထားထားပေးသည်။
ပြီးခဲ့သည့် ဗီဒီယိုကောတုန်းက အဖွားက ထိုက်ချီသွားကစားလေ့ရှိကြောင်းလည်း သိခဲ့ရသည်။
ချီမော့က အနုပညာရှင်များထံမှ ထိုက်ချီဓားများ ဝယ်ယူခဲ့သည်။
နောက်တစ်နေ့ နံနက်တွင်ဖြစ်သည်။
ရှန်းမူမူက အောက်ထပ်ခြံဝင်းထဲက သီချင်းသံကြောင့် နိုးလာခဲ့သည်။
သူမက မျက်လုံးကို ပွတ်သပ်ကာ ဝရံတာထွက်၍ အောက်ထပ်ကို ကြည့်ခဲ့သည်။
အဖွားက ပေါ့ပါးသည့် အဖြူရောင် လက်ရှည်ဘောင်းဘီရှည်ကိုဝတ်ထားကာ ဓားကိုင်ထားသည်။
ဓားကို အပေါ်အောက် ဟန်ချက်ညီစွာ လွှဲနေသည်။
လှုပ်ရှားမှုတိုင်းက လေ့ကျင့်ထားကာ ပုံစံကျသည်။
ရှန်းမူမူက အဖွားကို ပေးထားသည့် ကတိကို ပြန်အမှတ်ရသွားခဲ့သည်။
အဖွား ထိုက်ချီလေ့ကျင့်နေသည်ကို ဖုန်းနှင့် မှတ်တမ်းယူပေးရမည်ဖြစ်သည်။ ထိုအခါမှ ထိုက်ချီ group chat ထဲ သူမ ကြွားဝါနိုင်မည်ဖြစ်သည်။
သူမ တွေးတောနေစဉ်တွင် အော်ခေါ်သံတစ်ခုကို ကြားလိုက်ရလေသည်။
“မူမူ လာလေ။”
ညာဘက်သို့ ဓားယိမ်းကာ အပေါ်ကို မော့ကြည့်လိုက်သည့်အခါတွင် ညအိပ်ဝတ်စုံ ဝတ်ထားသည့် ချွေးမက သမ်းဝေနေသည်ကို သူမ တွေ့လိုက်သည်။
အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် နိုးနိုးချင်းကို သမ်းဝေနေသေးသည်။
နေ့တိုင်း လေ့ကျင့်ခန်း မလုပ်သည်မှာ သိသာသည်။
ယခုတော့ လှုပ်ရှားမှုတချို့လုပ်ရန် လိုအပ်နေသည်။
ရှန်းမူမူက ပြုံးကာ အောက်ထပ်ကို လက်ဝေ့ယမ်းပြကာ ပြောလိုက်သည်။ “ဟုတ်ကဲ့ အဖွား၊ လာခဲ့မယ်။”
ဆေးကြောသန့်စင်ပြီးနောက်တွင် ရှန်းမူမူက လေ့ကျင့်ခန်းဝတ်စုံ ဝတ်ကာ ဆင်းသွားခဲ့သည်။
သူမ ရောက်ရောက်ချင်းတွင် သူမလက်ထဲသို့ ထိုက်ချီဓား ရောက်လာခဲ့သည်။
မြေးအဖွားနှစ်ယောက် မျက်နှာချင်းဆိုင်ကာ သံစဉ်အတိုင်း လုပ်ရှားနေခဲ့သည်။
အသက် ( ၉၀ ) ကျော်အရွယ်အဖွားက တည်ငြိမ်စွာ လှုပ်ရှားနေသည်။
အသက် ( ၃၀ ) တောင် မရှိသေးသည့် အမျိုးသမီးက ခြေလက်များ တည်ငြိမ်နေခြင်း မရှိပေ။
သူတို့၏ ဘေးတွင် အိမ်တော်ထိန်းကျန်းက ခေါင်းခါနေသည်။
မိန်းမငယ်တစ်ဦး ခြေလက်များ မတည်မငြိမ်ဖြစ်နေသည်ကိုမြင်တော့ ရယ်ချင်သော်လည်း မရယ်ရဲခဲ့ပေ။
ပထမဆုံးအတွက် ( ၃၂ ) ကွက်တွင် ( ၈ ) ကွက်လောက် လှုပ်ရှားမှုအပြီးတွင် ရှန်းမူမူက ချွေးများရွှဲနေပြီဖြစ်သည်။
သူမက လက်ခါပြကာ အနားရှိခုံတွင်ထိုင်ပြီး ရေသောက်ပြီးနောက်တွင် ပြောလိုက်သည်။ “အဖွား ကျွန်မ မရတော့ဘူး၊ ခဏနားဦးမယ်၊ အဖွားကို မှတ်တမ်းတင်ပေးမယ်။”
ထိုစကားကြားတော့ အဖွားအိုက ပို၍ တက်ကြွစွာ လှုပ်ရှားခဲ့သည်။
သူမက ကော်လံကို ပြုပြင်ပြီး နောက်ခံလှသည့်ဘက်သို့ နေရာရွှေ့လိုက်သည်။
သူမက တည်ငြိမ်စွာ နောက်တစ်ကွက်ကို စတင်ခဲ့သည်။
လှုပ်ရှားမှုများကို အမိအရ မှတ်တမ်းတင်ရန် ရှန်းမူမူက ဆောင့်ကြောင့်ထိုင်ကာ ရိုက်ကူးရေးလုပ်နေခဲ့သည်။
ထို့နောက် သူမက ပုံ ( ၂၀ ) မှ ( ၃၀ ) အထိ ရွေးယူပြီးနောက်တွင် ( ၁၅ ) ပုံလောက်ကို ပြုပြင်လိုက်သည်။ ထို့နောက် အဖွား၏ ဝီချက်သို့ ပို့လိုက်သည်။
အဖွားက ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီး စားပွဲပေါ်တင်လိုက်သည်။
သူမက အိမ်အကူကမ်းပေးသည့် လက်ဖက်ရည်ကို တစ်ငုံလောက်သောက်ပြီးသည့်နောက်တွင် စောနက ပုံများကို “စီနီယာအတန်း ထိုက်ချီ အတန်း ( ၂ )”ဟူသော ဂရုချက်ထဲသို့ ပို့လိုက်သည်။
သူမက မကျေနပ်သေးသဖြင့် ရှန်းမူမူနှင့် ပုံများကိုရွေးကာ ပုံတင်လိုက်ပြီး ပရိုဖိုင်ပါ ပြောင်းလိုက်သည်။
ရှန်းမူမူက ဖုန်းပြကာ အဖွားကို ပြုံးကာစကားပြောနေသည်။ “အဖွားအတွက် ထည့်ထားပေးတဲ့ liveနောက်ခံကို ကြည့်ဦး။”
ဆံပင်အဖြူနှင့် အဖွားအိုက ပြုံးလိုက်သည်။ “ဟားဟား… ကြည့်ဦး။ သူလည်း ရွေ့နေတယ်။”
သူမက ဖုန်းကို အဖွားအိုကို ပြန်ပေးတော့မည့်အချိန်တွင် လိုက်ခ်တစ်ခုအသစ်ရသည်ဟူသော အသိပေးချက် တက်လာခဲ့သည်။
နှိပ်ကြည့်လိုက်တော့ သူမ မှတ်ထားသည့် “သားကြီး” ဟူသော အကောင့်က လိုက်ခ်ပေးခဲ့သည်ကို တွေ့လိုက်ရသည်။
***