← Chapters

“အင်း၊ ကိုယ် ပြန်ရောက်ပြီ။”

Vol. 10 Ch. 118

“အင်း၊ ကိုယ် ပြန်ရောက်ပြီ။”

Vol. 10 Ch. 118

သူမ၏ အသက်ရှူသံက ထိုအမျိုးသားထံ ဝေ့ဝဲနေသည်။

ချီမော့က အသက်ရှူပင်အောင့်လိုက်ကာ အလွန်အမင်း ရင်ခုန်သွားသည်။

သူ၏ မည်းနက်သော မျက်အိမ်ထဲတွင် အံအားသင့်မှုများ ဖြတ်ပြေးသွားသည်။

အလွန်ပူပြင်းကာ နက်နဲသိမ်မွေ့နေသည်။

သူက ခေါင်းငုံ့ကာ သူ့ရင်ခွင်ထဲကို တိုးဝေ့နေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။

သူ့အကြည့်တွေက ထိုအမျိုးသမီး၏ မျက်လုံးထောင့်၊ နှာခေါင်းထိပ်နှင့် နှုတ်ခမ်းပေါ် ဝေ့ဝဲနေသည်။

ထို့နောက် သူမ၏ ညှပ်ရိုးကို အကြည့်ရောက်သွားခဲ့သည်။

သူက လည်ချောင်းကို အထက်အောက် လှုပ်ရှားလိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

သူက လက်ကို အမျိုးသမီး၏ ကျောပေါ် မထင်မှတ်ဘဲ တင်လိုက်မိသည်။

သူက သူမ၏ ကျောပြင်ကို နှစ်ကြိမ်ပုတ်ပေးလိုက်သည်။

သူ၏ အေးစက်သည့် အမူအရာက ချက်ချင်း နူးညံ့သွားခဲ့သည်။

လေထုက နူးညံ့မှုတွေ ပြည့်နေသည်။

သူ့အသံက နူးညံ့နေကာ အပြုံးကို ဖုံးကွယ်ထားသည်။ “အင်း၊ ကိုယ် ပြန်ရောက်ပြီ။”

ထိုမြင်ကွင်းကို မြင်သည့်လူတိုင်း ကြည်နူးမှုကို ခံစားရမည်ဖြစ်သည်။

ချီမော့တစ်ယောက်သာ အမှန်ကိုသိသည်။

ရှန်းမူမူက သူ့လက်မောင်းကို ဆိတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကူညီပါဦး၊ ရှင်အချိန်မှီ ရောက်လာလို့ပေါ့၊ ကျွန်မ အဖွားရဲ့ စိစစ်မေးမြန်းတာ ခံရတော့မလို့။”

ချီမော့က တိုးဖွစွာရယ်လျက် သူ့ရင်က အထက်အောက် လှုပ်ရှားနေသည်။ “ကိုယ်ရောက်လာပြီလေ။”

သိပ်မဝေးသည့် နေရာတွင်ရှိနေသည့် အဖွားအိုက သူတို့၏ တီးတိုးပြောသံကို မကြားဘဲ ကြင်ခါစလင်မယားကို ပူးကပ်နေသည့် မြင်ကွင်းကိုသာ မြင်လေသည်။

သူမ၏ မျက်နှာတွင် အပြုံးများ ပြည့်သွားခဲ့သည်။

အစောပိုင်းက ရှန်းမူမူတို့လင်မယားကြားက ဆက်ဆံရေးကို သူမ စိုးရိမ်နေခဲ့သည်။

သို့သော် ယခုလို မြင်လိုက်ရတော့ သူမ၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။

ချီမော့က ရှန်းမူမူ၏ ခေါင်းကိုကျော်ကာ အဖွားအိုကို နူးညံ့စွာ လှမ်းကြည့်လိုက်သည်။ “အဖွား။”

အဖွားအိုက ကျယ်လောင်စွာ အော်လိုက်သည်။ “ပြန်လာပြီလား။”

ရှန်ူမူမူက အလွန်အကျွံ မဖြစ်စေရန်အတွင် ပွေ့ဖက်ထားသည်ကို ဖယ်လိုက်သည်။

သူမက အဖွားအိုဘေး ပြန်သွားမည့်အချိန်တွင် သူမ၏လက်ကောက်ဝတ်ကို ဘေးက အမျိုးသားက သူ၏ လက်များဖြင့် ဆွဲထားလေသည်။

သူက လက်ကောက်ဝတ်မှတဆင့် ဆင်းကာ သူမ၏ လက်ချောင်းများကို ကိုင်ထားလိုက်သည်။

သူက သူမကိုဦးဆောင်ကာ အဖွားအိုရှေ့ သွားလိုက်သည်။

သူ့လေသံက တည်ငြိမ်နေသည်။ “အဖွား၊ ကျွန်တော် ဒေါက်တာကျန်းနဲ့ တွေ့ခဲ့သေးတယ်၊ သူက အဖွားကို အရမ်းလွမ်းနေတာ။”

အဖွားအိုက ပြုံးလိုက်သည်။ “ကျန်းအာ၊ ဟုတ်သားပဲ၊ သူက ကျင်းမြို့မှာ ဆေးခန်းဖွင့်ထားတာလေ၊ ငါမေ့တော့မလို့။”

ချီမော့က ပြောလိုက်သည်။ “မနက်ဖြန် ဒေါက်တာကျန်းရဲ့ဆေးခန်းကို အလည်ခေါ်သွားရမလား။”

အဖွားအိုက လက်ခုပ်တီးလိုက်သည်။ “ကောင်းပြီ၊ ကျန်းအာကို မူမူရိုက်ပေးတဲ့ ဓားလေ့ကျင့်နေတဲ့ပုံ ပြရမယ်။”

ချီမော့က ခေါင်းငြိမ့်လိုက်သည်။ “အင်း။”

ရှန်းမူမူက သူမ ဘေးရှိ အမျိုးသားကို နူးညံ့စွာ ကြည့်လိုက်သည်။

သူမက တိတ်တဆိတ် ချီးကျူးလိုက်သည်။

ချီမော့ကတော့ ထင်သည့်အတိုင်းပဲ ဖြစ်သည်။

အဖွားအိုကို စကားလုံးအနည်းငယ် သုံးကာ ဆွဲဆောင်နိုင်သည်။

သူမက ထိုအကြောင်းတွေးနေစဉ်မှာပင် သူမကိုကိုင်ထားသည့်လက်တွေက ပိုတင်းကြပ်လာကာ သူမကို လှည့်ကြည့်ကာ မေးလာခဲ့သည်။ “မင်းရော လိုက်မလား။”

ရှန်းမူမူက မတွေးတော့ဘဲ ခေါင်းငြိမ့်လိုက်သည်။ “သွားမှာပေါ့၊ အဖွားဆေးစစ်တာ အဖော်လိုက်ပေးမယ်။”

ထိုလူ၏နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားကာ သူမ၏ လက်ထိပ်လေးတွေကို ပွတ်ပေးလိုက်သည်။ “ကောင်းပြီ၊ ကိုယ်တို့ အတူတူသွားကြမယ်။”

သူတို့သုံးဦးက စကားပြောနေကြသည်။

ရုတ်တရက်ပင် ချီရှောင်ပိုင်က ချီမော့နှင့် ရှန်းမူမူကြားသို့ ခေါင်းတိုးဝင်ခဲ့သည်။

ထိုကောင်လေးက လိမ္မာပါးနပ်မှု မရှိဘဲ ပြောလိုက်သည်။ “အဖေ၊ သား အဖွားနဲ့အတူတူ အနုပညာပြပွဲမှာ ထိုက်ချီဓားအကနဲ့ ဖျော်ဖြေမှာ။”

ချီမော့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အမ်၊ သိတယ်လေ၊ သွားလေ့ကျင့်တော့။”

“ဟုတ်။” ချီရှောင်ပိုင်က ခေါင်းပြန်ဆုတ်သွားသည်။

ညစာက အလွန်ရိုးရှင်းသည်။

စားဖိုမှူးက အဖွားအို အခဲခံထားသည့် အသားလုံးများဖြင့် ခေါက်ဆွဲစွပ်ပြုတ်များ ပြုလုပ်ထားသည်။

ချီရှောင်ပိုင်က နာရီပေါင်းများစွာ လေ့ကျင့်ထားသဖြင့် ဗိုက်ဆာနေကာ စွပ်ပြုတ်များကို ကုန်အောင် သောက်လိုက်သည်။

ရှန်းမူမူက အစာအိမ်ထဲ နေရာ အနည်းငယ် ချန်ထားပြီး ညစာ စားပြီးသည့်အခါ ငှက်သိုက် နှစ်ဘူး ယူလာပြီး အဖွားအိုကို တစ်ဘူး ပေးလိုက်သည်။

သူမ အဖွားအို၏ အခန်းထဲမှ ထွက်မည့်အချိန်တွင် အိမ်အကူအန်တီယွီက တံခါးခေါက်နေသည်ကို တွေ့လိုက်သည်။

အဖွားအိုက စကားပြောရန်အတွက် အိမ်အကူအန်တီယွီကို အခန်းထဲခေါ်လိုက်သည်။

ရှန်းမူမူက အခန်းထဲကထွက်သည်နှင့် ငှက်သိုက်ပန်းကန်ကို ယူထွက်သွားသည်။

သူမရင်ထဲတွင် သံသယစိတ်များပြည့်နှက်နေကာ မျက်မှောင်ကြုတ်ထားသည်။

အိပ်ခန်းထဲဝင်ပြီးသည့်နောက်တွင်တော့ သူမက တစ်စုံတစ်ခုကို သတိထားမိသွားကာ မျက်လုံးများ စူးရှသွားခဲ့သည်။

သူမက အလွန်အမင်း မျက်မှောင်ကြုတ်ထားသည်။

ယခုတစ်ခါတွင် ချီမော့က အိမ်ပြန်နောက်ကျကာ သူမက လရောင်အောက်တွင် ချီမော့ကို ခိုးကြည့်နေသော်လည်း သူမကို တွေ့သွားခဲ့သည်။

သူမက ရှက်ရွံ့နေကာ ဘေးခန်းတွင် သွားအိပ်မည့်အကြောင်း ပြောလိုက်သည်။

ချီမော့က သူမကို တားလိုက်သည်။ “အဲဒါက ပိုပြီး သံသယဖြစ်စေလိမ့်မယ်။”

ဒါဆို သူအကုန်သိနေတယ်ပေါ့။

အဖွားအိုက စောင့်ကြည့်ရန်အတွက် အိမ်တွင် လူစီစဉ်ထားသည်ကိုသိသော်လည်း သူက မဖော်ထုတ်ခဲ့ပေ။

သို့သော် သူ့နည်းလမ်းသူသုံးကာ အဖွားအို၏ သံသယစိတ်ကို ဖြေဖျောက်ခဲ့သည်။

ရုတ်တရက်ပင် ရှန်းမူမူ၏ မျက်မှာက နီရဲသွားခဲ့သည်။

ဘု‌ရားရေ။

ဒီတစ်ခါတော့…

ချီမော့ပြောပြီးသည့်နောက်တွင် သူမက ကြက်သေသေနေကာ အလွန်ရှက်ရွံ့နေသည်။

ထိုအကြောင်းတွေးလိုက်သည်နှင့် ရှက်ရွံ့နေကာ နာမည်ပြောင်းကာ ညတွင်းချင်း ထွက်ပြေးချင်မိသည်။

မူလက သူမက ငှက်သိုက်သောက်ပြီး မတ်စ်ကပ်ကာ လှလှပပ အိပ်ရန် ရည်ရွယ်ထားသည်။

ယခုတော့ စိတ်ကူးတွေ ပျက်ကုန်ပြီဖြစ်သည်။

သူမက ထိုနေ့က ကိုးရိုးကားရား အခြေအနေကို ပြန်တွေး‌ေနသည်။

ရေချိုးခန်းထဲက ရေကျသံ ရပ်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။

ချီမော့ ရေချိုးဝတ်ရုံနှင့် ရေချိုးခန်းထဲကထွက်လာသည်အထိ သူမက ပြတင်းပေါက်ဘေးတွင် ရပ်နေသည်။

သူမ ဘာတွေ အရမ်းတွေးနေမိတာလဲ။

ချီမော့က သူမက မူမမှန်မှုကို ခံစားမိကာ သူမဘေးသို့ တိတ်တိတ်လေး လျှောက်သွားခဲ့သည်။

“ဘာတွေ တွေးနေတာလဲ။”

ရှန်းမူမူက လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ “စိတ်ဓာတ်ကျနေတာ၊ ဘယ်သူမှ မသိတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် မြေမြှုပ်လိုက်ချင်တယ်။”

သူမ စကားဆုံးသည်နှင့် သူမက ဘေးက အမျိုးသားထံမှ ဆွဲဆောင်မှုရှိသည့် ရယ်သံကို ကြားလိုက်လေသည်။

သူမက အတွေးတွေကို စုစည်းပြီး လှည့်ကြည့်လိုက်သည်။

ချီမော့က သူမနှင့် သိပ်မဝေးသည့်နေရာတွင်ရှိနေကာ ရေချိုးခန်းမှထွက်လာသဖြင့် သူ့မျက်လုံးတွေက ရီဝေနေသည်။

ထိုလူက အလွန်အမင်း ချောမောနေသည်။

သူ့မျက်အိမ်ထဲတွင် ကွယ်ဝှက်ထားသည့် အလင်းရောင် မှိန်မှိန်လေး ဖြတ်ပြေးသွားသည်။

သူက သူမနောက်သို့ လက်လှမ်းကာ အလွန်‌လေးသည့် ဖိုင်ကို ယူကာ သူမ လက်ထဲ ထည့်ပေးပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါလေး ကြည့်ပါဦး၊ စိတ်ခံစားချက် ကောင်းလာဖို့ မျှော်လင့်ပါတယ်။”

ရှန်းမူမူက သူ့ရည်ရွယ်ချက်ကို မသိဘဲ မျက်တောင်ပုတ်ခတ်ပြီး ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ထို့နောက် ရှန်းမူမူသည် သူမ လက်ထဲကဖိုင်ကို ကြည့်လိုက်သည်။

“ဒါက ဘာလဲ။”

ချီမော့က ‌ခေါင်းငုံ့ကြည့်ကာ ပြောလိုက်သည်။ “ဖွင့်ကြည့်လိုက်။”

သူမ အထင်ကြောင့်လား မသိသော်လည်း သူမရှေ့မှလူက အလွန်စိတ်လှုပ်ရှားနေသည်ဟု သူမ ခံစားရသည်။

သူမက ဖိုင်ကို ဖွင့်ကြည့်လိုက်သည်။

သူမက စာရွက်စာတမ်းများစွာကို လျင်မြန်စွာ ကြည့်လိုက်သည်။

စာရွက်ထိပ်တွင် ဟောင်ကောင်ရှိ ဥပဒေရေးရာကုမ္ပဏီတစ်ခု၏ တရားဝင်အမှတ်တံဆိပ် ပါရှိသည်။

အောက်သို့ ဆက်ကြည့်လျှင် ထိုလူ၏ ပိုင်ဆိုင်မှုတွေကို တွေ့နိုင်သည်။

မြေများ၊ ရှယ်ယာများ၊ နိုင်ငံခြားငွေလဲလှယ်မှုများ၊ ရှားပါးသည့်ပိုင်ဆိုင်မှုများ…

ရောင်းရန်လွယ်သည့် ပစ္စည်းများက ဈေးနှုန်း ရှင်းရှင်းလင်းလင်း ရှိသည်။

ရောင်းရန်ခက်သည့်ပစ္စည်းများက ခန့်မှန်းခြေဈေးနှုန်းများ ကပ်ထားသည်။

ရှန်းမူမူက ဖတ်ကြည့်လေလေ ပိုရှုပ်ထွေးလာပြီး ချီမော့က မည်သို့သော ရည်ရွယ်ချက်ဖြင့် ပြသသည်ကို သူမ မသိပေ။

ချီမော့ ရေချိုးထားသည့် ဆပ်ပြာနံ့သင်းသင်းနှင့် သူ၏ ဩရှသည့်အသံက ပျံ့လွင့်လာသည်။

သူ့အသံက ဩရှနေသည်။

သို့သော် အသံမငြိမ်ဖြစ်နေသည်ကို ကြားနိုင်သည်။

“ကိုယ် အသေအချာ တွေးပြီးသွားပြီ၊ မင်းကို WeChatမှာ ဖွင့်ပြောလိုက်တာ ကတိုက်ကရိုက်ဖြစ်သွားတယ်၊ ဒါတွေက ကိုယ်နှစ်ပေါင်းများစွာ ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေပဲ၊ အကုန်လုံး မင်းကို ပေးတယ်၊ ကိုယ့်ရဲ့ ရိုးသားမှုကို ယုံကြည်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်။”

***

All Chapters