← Chapters

ကျေးဇူးတင်ပါတယ် ကိုယ့်သခင်မလေး ခင်ဗျ

Vol. 10 Ch. 123

ကျေးဇူးတင်ပါတယ် ကိုယ့်သခင်မလေး ခင်ဗျ

Vol. 10 Ch. 123

ရှန်းမူမူက မျက်နှာထက်က ရေများကိုသုတ်ပြီး နှုတ်ခမ်းကိုက်ပြီး စာပြန်လိုက်သည်။

“ကျွန်မ ထင်မထားဘူး၊ ရှင်က ရုပ်ချောရုံသာမက….”

အိပ်ခန်းထဲတွင် ချီမော့က ကုတင်ခေါင်းရင်းကိုမှီကာ ဖုန်းကိုင်ထားသည်။ သူ့ဆံပင်တွေက နဖူးထက် ကျဆင်းဝေ့ဝဲနေသည်။

သူ့မျက်ဝန်းထဲတွင် ကြည်နူးမှုနှင့် ရှုပ်ထွေးခြင်းတို့ တစ်ပြိုင်တည်း ဖြတ်ပြေးသွားသည်။

အဓိပ္ပာယ်ကို မစဉ်းစားရသေးခင်မှာပင် သူ့ဖုန်းက နောက်တစ်ကြိမ် တုန်ခါလာခဲ့သည်။

ရှန်းမူမူ။ “ရှင့်ကိုယ်ရှင်လည်း သိပ်အထင်ကြီးတတ်သေးတာကိုး။”

ချီမော့၏မျက်လုံးများ ကွေးညွှတ်သွားကာ ရေချိုးခန်းဘက် ကြည့်လိုက်လေသည်။

သူမ၏ စကားလုံးတိုင်းက ပဟေဠိနှင့်တူကြောင်း သူခံစားမိသည်။

နားလည်ရခက်သည်။

မည်သို့ ဆိုလိုသနည်း။

သဘောတူသည်လား၊ သဘောမတူသည်လား။

သူမထံ ချဉ်းကပ်ချင်ပြီး သူမကို နားလည်ဖို့ ကြိုးစားနေချိန်မှာ သူမကို မမြင်နိုင်တော့သကဲ့သို့ ဖြစ်သည်။

သူ စာပြန်မည့်အချိန်တွင် ဖုန်းက နောက်တစ်ကြိမ် မီးထပ်လင်းလာခဲ့သည်။

ရှန်းမူမူ - “ရှင် ဒီလောက် တောင်းဆိုနေမှတော့လည်း ကျွန်မ ကူညီပေးလိုက်ပါ့မယ်။”

ထို့နောက် စာတစ်စောင် တစ်ဆက်တည်း ထပ်ရောက်လာခဲ့သည်။ “ဒီသခင်မလေးက အမြင်ကောင်းရှိတယ်လေ။”

ချီမော့၏ မျက်ဝန်းနက်ထဲတွင် ရယ်ချင်စိတ်များ ပြည့်လာကာ အသံမက်ဆေ့ချ် ပို့လိုက်လေသည်။

ရေချိုးခန်းထဲတွင်ဖြစ်သည်။

ရှန်းမူမူက ရေချိုးကန်ထောင့်စွန်းကို မှီထားသည်။

သူမရဲ့ လက်ဖျားထိပ်လေးက ရေထဲစိမ်ထားကာ စက်ဝိုင်းပုံ ရေးဆွဲနေသည်။

သူမက ဆံပင်ကို ခပ်ဖွဖွ ထုံးထားကာ ဆံချည်မျှင်လေးများက သူမရဲ့ မျက်နှာထက် ကျဆင်းကပ်ညှိနေသည်။

ဆံပင်တစ်ချောင်းက သူမ နှုတ်ခမ်းထက် ငြိတွယ်နေကာ ပို၍ဆွဲဆောင်မှုရှိသည့် ပုံစံ ဖြစ်စေသည်။

သူမက မျက်တောင်များပုတ်ခတ်ပြီး ဖုန်းမျက်နှာပြင်ကို ထိတွေ့နေသည်။

သူမက တစ်ဖက်လူ၏ ပြန်စာကို စောင့်ဆိုင်းနေခြင်းနှင့်တူသည်။

သူမ၏ ဖုန်းမျက်နှာပြင်က အသံမက်ဆေ့ချ်ဝင်ကာ လင်းသွားသည်။

သူမက မျက်တောင်ခတ်လိုက်သည်။

ချီမော့ထံမှ အသံမက်ဆေ့ချ်ရဖူးခြင်းမှာ ယခုက ပထမဆုံးဖြစ်သည်။

စာနဲ့ရေးလို့မရတဲ့ အကြောင်းများ ရှိနေခြင်းလား။

သူမက အသာလေး ဖွင့်ကြည့်လိုက်သည်။

ချီမော့၏ ဆွဲဆောင်မှုရှိသည့်အသံက ထွက်လာခဲ့သည်။ “ကျေးဇူးတင်ပါတယ် ကိုယ့် သခင်မလေးခင်ဗျ။”

သူမက ရေချိုးကန်ဘောင်ပေါ်တင်ထားသည့် လက်ချော်ကျကာ လူပင် အနည်းငယ် ရေနစ်သွားခဲ့သည်။

ရေပင်မွန်းလုနီးပါးဖြစ်ခဲ့ရသည်။

ရှန်းမူမူ။ “!!!”

သူမက ရေထဲမှပြန်ထွက်ကာ ရေချိုးကန်ဘောင်ကို ထပ်မှီလိုက်သည်။

သူမက မေးစေ့ကို လက်ဖမိုးပေါ်တင်ကာ အသံမက်ဆေ့ချ်ကို ထပ်ဖွင့်လိုက်သည့်အခါ သူမ၏ နားလေးများ နီရဲသွားခဲ့သည်။

“ကျေးဇူးတင်ပါတယ် ကိုယ့်သခင်မလေးခင်ဗျ။”

ယခုတစ်ကြိမ်တော့ သူမ နားကြားမှားခြင်း မဟုတ်ကြောင်း သိလိုက်လေသည်။

သူမ၏ နားများ ပူနွေးသွား၏။

ချီမော့က အစောပိုင်းက သူမ ပြောသည့် သခင်မလေး ဟူသောစကားကို ရည်ညွှန်းကာ ပြန်ပြောဆိုခြင်း ဖြစ်သည်။

မြေခွေးအိုကြီး။

အခွင့်အရေးကို ကောင်းကောင်းယူတတ်တယ်။

သူမက နှုတ်ခမ်းကိုက်ပြီး မျက်မှောင်ကြုတ်ကာ ဖုန်းကိုကြည့်နေသည်။

ဖုန်းမျက်နှာပြင် မည်းသွားသော်လည်း သူမက အကြည့်မလွှဲခဲ့ပေ။

သူမက တိတ်တဆိတ် တွေးတောနေသည်။

ချီမော့က တကယ်ပဲ သမီးရည်းစား အတွေ့အကြုံ မရှိဘူးလား။

ဒါကို ဘာလို့ မယုံနိုင်ဖြစ်နေတာလဲ။

တွေးတောပြီးသည့်နောက်တွင် သူမ ယခုလို မှန်းဆလို့ မဖြစ်ကြောင်း ခံစားမိလိုက်သည်။

သူမက အရင်ဆုံး ခြေလှမ်းစခဲ့သူဖြစ်သဖြင့် သမာဓိ ထိန်းရမည်။

ရေချိုးခန်းထဲကထွက်လာပြီးသည့်နောက်တွင် ရှန်းမူမူက မူလအတိုင်း တည်ငြိမ်နေပြီဖြစ်သည်။

သူမက အိပ်ရာထက်ကနေ ကြည့်နေသည့် အမျိုးသားကို လက်ကွေးပြလိုက်သည်။

သူမလေသံကပြတ်သားနေကာ အမိန့်ပေးခြင်းနှင့်တူနေသည်။ “ဒီကိုလာခဲ့။”

ချီမော့၏ မျက်လုံး ‌အရောင်လက်သွားကာ မျက်မှောင်ကြုတ်လိုက်မိပြီး ရှုပ်ထွေးနေလေသည်။

သို့သော် ရှန်းမူမူကတော့ အဝတ်ဗီရိုထံ သွားလိုက်ပြီဖြစ်သည်။

ချီမော့က သူမ နောက်မှ လိုက်သွားခဲ့သည်။

ရှန်းမူမူက ရေစိမ်ရင်း ပွဲတွင် ဝတ်ရမည့် အဝတ်အစားကို ‌စဉ်းစားပြီးပြီဖြစ်သည်။

ယခုတော့ သူမ ဝတ်သည့်အဝတ်အစားအရောင်ပေါ် မူတည်ကာ ချီမော့အတွက် ရွေးပေးဖို့သာကျန်သည်။

သို့သော် ချီမော့ အဝတ်အစားက ရွေးချယ်စရာ များများစားစား မရှိပေ။

သူ့အဝတ်အစား အများစုက အမည်းရောင်များသာ ဖြစ်သည်။

ဗီရိုတစ်ဝက်နီးပါးက အမည်းရောင်များသာရှိသည်။

ဆင်စွယ်နက်ရောင်၊ ဂျက်နက်ရောင်၊ မီးသွေးနက်ရောင်၊ ကာဗွန်နက်ရောင်၊ အနက်နု‌ရောင်တို့ဖြစ်သည်။

ကျန်တစ်ဝက် အဝတ်အစားများမှာ အညိုရင့်ရောင်၊ နေဗီပြာရောင် စသည့် အနက်ရောင် ဆင်တူနီးပါး အဆင်ကွဲများသာဖြစ်သည်။

ရှန်းမူမူက ပြောလိုက်သည်။ “ရှင့်နာမည်ကို မှင်အနက်ရောင်ထဲက မော့ ချီမော့လို့ ခေါ်သင့်တယ်။”

ချီမော့က ရယ်လိုက်ပြီး သူမကို အလိုလိုက်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

ရှန်းမူမူက အဝတ်ဗီရိုကို လှန်လှောကြည့်ပြီးသည့်နောက်တွင် သူမဘေးက ပြုံးနေသည့်လူကိုကြည့်လိုက်ပြီး ကောက်ကျစ်သည့်အကြံလေး ထွက်ပေါ်လာခဲ့သည်။

သူမက မေးစေ့ကို လက်ချောင်းဖြင့်တောက်ကာ ပြောလိုက်သည်။ “ဒီထဲက ဘယ်ဟာမှ အဆင်မပြေဘူး၊ အိမ်ထောင်ပြုထားတဲ့လူက ပိုပြီး တက်ကြွတဲ့ပုံစံလေး ဝတ်သင့်တယ်။”

ချီမော့က သူမကို တိတ်တဆိတ်ကြည့်နေသည်။

သူက မကောင်းသည့် ခံစားချက်ရနေသည်။

သူက ရုတ်တရက်ပင် ဝတ်စုံအနီကို အမှတ်ရလိုက်သည်။

သိပ်မကြာခင်မှာပင် သူတွေးထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

“ပွဲစဖို့ ရက်လိုသေးတယ်လေ။” ရှန်းမူမူက အပြစ်ကင်းစွာ မျက်တောင် ပုတ်ခတ်လိုက်သည်။ “အသစ်ပဲ ချုပ်ကြမလား၊ အဝါရောင်တောက်တောက်တို့ ခရမ်းရောင်တို့ဆို ပိုအဆင်ပြေမယ်ထင်တယ်။”

ချီမော့။ “....”

ချီမော့က အသက်ပြင်းပြင်းရှူလိုက်ကာ နားထင်ပေါက်ထွက်တော့မတတ် ခံစားနေရသည်။

သူက လက်ပိုက်ပြီး မျက်မှောင်ကြုတ်ကာ သူမကို ကြည့်၍ ပြောလိုက်သည်။ “အဲလိုဝတ်ပြီး ကိုယ်မင်းဘေးမှာ ရပ်နေတဲ့အခါ မင်းအာရုံစိုက်ခံရတာကို စိတ်ထဲမထားရင် ကိုယ်က ဂရုမစိုက်ဘူး၊ ကိုယ်က မင်းဝတ်တာ လိုက်ဝတ်မှာပဲ။”

ရှန်းမူမူ။ “....”

ယခုတော့ ရှန်းမူမူ ကြက်သေသေ သွားသည့်အချိန်ဖြစ်သည်။

ထိုလူကို အနုမြူစိမ်းရောင်ဖြင့်ပင် မခြိမ်းခြောက်ရသေးပေ။

ပျော်ဖို့မကောင်းဘူး။

အသက်ကြီးတဲ့ယောက်ျားတွေက ပျော်ဖို့မကောင်းဘူး။

သူမ သတ္တိမရှိကြောင်းကို သေချာသိနေသည့် ပုံစံမျိုးဖြစ်သည်။

ရှန်းမူမူက သုံးစက္ကန့်လောက် မျက်လုံးမှေးကျဉ်းထားပြီးမှ သူ့ကို စိုက်ကြည့်လိုက်သည်။

ထို့နောက် သူမက လိမ္မာစွာ အဝတ်ထပ်ရွေးနေသည်။

သူမ လှည့်ကြည့်လိုက်သည့်အခါ သူမဘေးရှိလူက တမင်လား မရည်ရွယ်ဘဲ မေးမိသည်လား မသိသည့် စကားကို ကြားလိုက်ရလေသည်။ “အနုမြူစိမ်းရောင်နဲ့ မသွားဘူးမလား၊ မင်းလည်း အဲအရောင်နဲ့ဆိုရင် လိုက်မယ်ထင်တယ်၊ မင်းလိုချင်ရင် လက်ထောက်တုန်းနဲ့ အခုပဲ ဒီဇိုင်နာဆီ ဆက်သွယ်ခိုင်းလိုက်မယ်။”

ရှန်းမူမူက ကျောပြန်ပေးလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ “ဒီလောက် နောက်ကျနေပြီကို လက်ထောက်တုန်းကို မနှောက်ယှက်နဲ့၊ ဒီထဲကရှိတာပဲ ရွေးကြရအောင်။”

ချီမော့၏မျက်တောင်က အနည်းငယ်အောက်စိုက်သွားပြီး သူ့အမူအရာက သာမာန်ပင်ဖြစ်သည်။ “ကောင်းပြီ မင်းသဘောပါပဲ။”

( ၁၅ ) မိနစ် ကြာပြီးသည့်နောက်တွင် ရှန်းမူမူက ဝတ်စုံတစ်ထည်ကို ရွေးထုတ်လိုက်သည်။

ချီမော့က သူမ စစ်ဆေးနိုင်ရန်အတွက် ကိုယ်ကိုမတ်ကာ မေးပင့်ပေးလိုက်သည်။

( ၁၅ ) မိနစ်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။

“ရပြီ၊ ဒီဟာပဲ။”

ရှန်းမူမူက မီးသွေးမီးခိုးရောင် ကုတ်နှင့် အထဲက အနက်ရောင်ရှပ်ကို တွဲထားပေးသည်။

မထင်မရှား အရောင်မှိုင်းမှိုင်းလေးတွေ သီးသန့်ဖြစ်သည်။

မင်္ဂလာပွဲကို အလွန်ပြင်ဆင်ကာ မတက်သင့်ပေ။

သို့သော် သူ့ရုပ်ရည်ဖြင့်ပင် တခြားလူများ အာရုံမစိုက်ဖို့က ခက်မည်။

သို့သော် သူမက အပြင်အဆင်လေးဖြင့် သူ၏ဆွဲဆောင်မှုကို အနည်းငယ် ချလိုက်မည်။

သူမက ရွေးထားသည့်အဝတ်အစားကို အပြင်က ချိတ်တွင် ချိတ်ထားလိုက်သည်။

သူမက ထိုအဝတ်အစားကို သူမ၏ အဝတ်ဘေးတွင် ချိတ်ထားသည်။

အဝတ်ချိတ်သည့် နံရံတွင် မီးရောင်မှိန်မှိန်လေးရှိသည်။

အပေါ်က မီးရောင်က အမျိုးသားနှင့်အမျိုးသမီး နှစ်ဦး၏ ဝတ်စုံထက်တွင် ဖြာကျနေသည်။

ချီမော့က လှည့်ကြည့်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းထဲ ကြည်နူးရိပ်သန်းသွားခဲ့သည်။

နက်ကတိုင်အရောင်က သူမ၏ လက်ဆွဲအိတ် အရောင်နှင့် ဆင်တူသည်။

အမျိုးသမီးက ဘရောက်အင်္ကျီ အနက်ရောင်က သူ၏ ရှပ်အင်္ကျီအရောင်နှင့်တူသည်။

မည်သို့ပင် ကြည့်စေကာမူ စုံတွဲဝတ်စုံဖြစ်သည်။

***

All Chapters