← Chapters

မဟာအရှင်သခင်လား....

Vol. 58 Ch. 835

မဟာအရှင်သခင်လား....

Vol. 58 Ch. 835

" ဟမ့် " ဇီမန်နယ်မြေမှ အင်အားကြီးသူတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး လင်းယွမ်ကို လွှမ်းခြုံသွားသည်။

ပိန်လှီသော လူတစ်ယောက်သာ အခွင့်အရေးကို မြင်ခဲ့သည်မဟုတ်ပေ။ ခဏအတွင်း ကျန်သော အင်အားကြီးသူများကလည်း လှုပ်ရှားလိုက်ကြသည်။ လင်းယွမ်ကို တုန့်ပြန်ရန် အခွင့်အရေးမပေးရန် ရည်ရွယ်လိုက်ကြသည်။

" ဟင်..." စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့သော အင်အားကြီးသူက မျက်မှောင်ကြုတ်သွားသည်။

စိတ်ဝိညာဉ်တိုက်ခိုက်မှုများက ချက်ချင်းဖြစ်ပေါ်ပြီး ထောက်လှမ်း၍ မရသောကြောင့် သူ၏ တိုက်ခိုက်မှုက လင်းယွမ်ထံသို့ ပထမဆုံး ရောက်ရှိသွားခြင်းဖြစ်သည်။ သို့သော် ထိုတိုက်ခိုက်မှုမှာ မည်သည့်တုန့်ပြန်မှုမှ ဖြစ်ပေါ်မလာဘဲ လုံးဝပျောက်ကွယ်သွားခဲ့သည်။

" ဘာဖြစ်တာလဲ။ " ဇီမန်နယ်မြေမှ အင်အားကြီးသူက စိတ်ထဲတွင် သံသယများနှင့် ပြည့်နှက်သွားခဲ့သည်။

ဝုန်း...

ကြောက်စရာကောင်းသောတိုက်ခိုက်မှုများက အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်ပြီး လင်းယွမ်အနီသို့ ရောက်သွားကြသည်။

" ကာကွယ်ရေးအစီအရင်က ဘာလို့မပေါ်လာတာလဲ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကလည်း အနည်းငယ် မှင်သက်သွားသည်။

လင်းယွမ်က ကာကွယ်ရေးအစီအရင်ထဲတွင် ရှိနေသောကြောင့် ယုံကြည်မှုရှိစွာ ထွက်လာခြင်းဖြစ်သည်ဟု သူမက ထင်မှတ်ခဲ့သည်။ သို့သော် ယခု သူမတို့၏ တိုက်ခိုက်မှုများက လင်းယွမ်ဆီသို့ ​ရောက်သွားသော်လည်း အစီအရင်က ထွက်ပေါ်လာခြင်းမရှိပေ။

" ဒါက သူ့ရဲ့ ကိုယ်ပွားတစ်ခုလား။ " ခါးကုန်းကုန်းနှင့် အမျိုးသမီးက လင်းယွမ်ကို ကြည့်ပြီး စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ " ကိုယ်ပွားဟုတ်မဟုတ် သူသေဖို့က သေချာနေပြီ။ "

ဝှစ်...

လင်းယွမ်၏ ညာဘက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ပိန်လှီသော လူက ညာလက်ကို ဆန့်ပြီး လင်းယွမ်ကို ဖမ်းဆုပ်လိုက်သည်။

၎င်းကို မြင်သောအခါ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဂရုမစိုက်တော့ပေ။ လင်းယွမ်သေဆုံးရန် သေချာသွားပြီဖြစ်သောကြောင့် သူမ ကြည့်ရန်မလိုတော့ပေ။ ပိန်လှီသော လူ၏ ရုပ်ခန္ဓာက ဇီမန်နယ်မြေတွင် မဟာအရှင်သခင်အောက် အသန်မာဆုံးဟု ကျော်ကြားသည်။ ရုပ်ခန္ဓာသက်သက်ဖြင့် သူက မဟာအရှင်သခင်အဆင့် တိုက်ခိုက်မှုအနည်းငယ်ကို ခံနိုင်ရည်ရှိသည်။

" မင်းတို့က ဒီလောက်ခွန်အားလေးနဲ့ လာတိုက်ရဲတာလား။ " လင်းယွမ်က ပိန်လှီသော လူကို ကြည့်ပြီး သူ၏ ညာလက်ကို အသာအယာ ဝှေ့ရမ်းလိုက်သည်။

ခန်းမထဲမှာ ထွက်လာသူက မူလစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်ကြောင့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ မူလခန္ဓာကိုယ်အောက် များစွာနိမ့်ကျခြင်းမရှိပေ။

ဝုန်း ဝေါ့....

လင်းယွမ် လက်ဝှေ့ရမ်းလိုက်သည်နှင့် သူ့အနားသို့ရောက်လာသော လူက ရုတ်တရက် မျက်နှာပျက်ကာ ဖြူလျော်သွားပြီး သွေးများအကြိမ်ကြိမ် အန်ထုတ်လိုက်ရသည်။

သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က စတင်ပြိုကွဲလာသော်လည်း အစိမ်းရောင်အလင်းက သူ့ကို ဝန်းရံလာပြီး ဒဏ်ရာများကို ထိန်းချုပ်၍ နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားသည်။ ထိုမြင်ကွင်းကို ကြည့်နေသော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးနှင့် အခြားသူများက မယုံကြည်နိုင်ဖြစ်သွားကြသ​ည်။

" ခွန်ကျန်း..." ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကလည်း အံ့အားသင့်နေသည်။ " သူက ချက်ချင်း ဒီလာက်အပြင်းအထန် ဒဏ်ရာရသွားတာလား။ ဆရာပေးထားတဲ့ အသက်မျက်ရည်သာမရှိရင် သူသေသွားလောက်ပြီ။ "

ခွန်ကျန်း၏ ရုပ်ခန္ဓာက ဇီမန်နယ်မြေတွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သည်။ မဟာအရှင်သခင်၏ တိုက်ခိုက်မှုတစ်ခုပင် သူ့ကို သေအောင်လုပ်ရန် မလွယ်ကူပေ။ သို့သော် လင်းယွမ်က လက်တစ်ချက်ဝှေ့ရမ်းလိုက်ရုံနှင့် သူ့ကို သတ်ပစ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ၎င်းကို လက်မခံနိုင်ဖြစ်နေသ​ည်။ လင်းယွမ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမထဲမှ ထွက်လာရဲခြင်းမှာ အစီအရင်၏ ကာကွယ်မှု သို့မဟုတ် ကာကွယ်ရေးရတနာတစ်ခုခု ရှိလိမ့်မည်ဟုသာ သူမက ထင်မှတ်ခဲ့သ​ည်။

ဝုန်း...

ထိုအချိန်တွင် အခြားသူများ၏ တိုက်ခိုက်မှုများကလည်း ကျရောက်လာသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများက လင်းယွမ်အနီးသို့ ရောက်သည်နှင့် လုံးဝပျောက်ကွယ်သွားသည်အထိ လောင်ကျွမ်းခံလိုက်ရသည်။

" ပြေးကြ သူက မဟာအရှင်သခင်ပဲ။ " မနီးမဝေးသို့ ရောက်သွားသော ခွန်ကျန်းက ရုတ်တရက် အော်လိုက်ပြီး ချက်ချင်း လှည့်ထွက်ပြေးလေသည်။ သူက အသက်ကယ်ရတနာ အသက်မျက်ရည်သာမရှိရင် လင်းယွမ်၏ လက်ဝှေ့ရမ်းမှုတစ်ခုတည်းနှင့် လုံးဝပျောက်ကွယ်သွားရပေလိမ့်မည်။

ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို အသာအယာ ထုတ်လွှတ်နိုင်ခြင်းမှာ လင်းယွမ်က မဟာအရှင်သခင်တစ်ယောက်မှလွဲ၍ အခြားမဖြစ်နိုင်ပေ။ ထို့ကြောင့် သူက သတိပေးလိုက်ခြင်းဖြစ်သ​ည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်ထဲတွင် ထွက်ပြေးရန် အတွေးတစ်ခုသာ ရှိသည်။

အရှင်ချင်းဖန်၏ အငယ်ဆုံးတပည့်က ဘာကြောင့် မဟာအရှင်သခင်ဖြစ်နေသည်ကို စဉ်းစားရန် အချိန်မရှိတော့ပေ။

" မဟာအရှင်သခင်လား။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကလည်း သူငယ်အိမ်များ ကျုံ့သွားပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

ဝုန်း....

ပတ်ဝန်းကျင်ရှိ အချိန်နှင့်လေဟာနယ်က အရပ်မျက်နှာအသီးသီးမှ စုစည်းလာပြီး ဇီမန်နယ်မြေမှ အင်အားကြီးသူအားလုံးကို ပိတ်လှောင်သွားသည်။

" ထွက်ပြေးဖို့ ကြိုးစားနေတာလား။ " လင်းယွမ်က ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ရာ ပိန်လှီသော ခွန်ကျန်း၏ နောက်တွင် ပေါ်လာပြီး သူ၏ လက်ဝါးကို ဖိချလိုက်သ​ည်။

ခွန်ကျန်း၏ ခန္ဓာကိုယ်က ထပ်မံပြိုကွဲသွားခဲ့သ​ည်။ သို့သော် ယခုအချိန်တွင် အသက်မျက်ရည်မရှိတော့သဖြင့် သူ၏ စိတ်ဝိညာဉ် အပိုင်းအစတစ်ခုသာ ကျန်နေခဲ့ပြီး လင်းယွမ်က ဖိနှိပ်ကာ သိမ်းဆည်းလိုက်သည်။

လင်းယွမ်က သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ရမ်းလိုက်သည်။ ကျန်ရှိနေသော ဇီမန်နယ်မြေမှ အင်အားကြီးသူများထဲမှ ကိုးယောက်၏ ရုပ်ခန္ဓာများက မီးတောင်များ လောင်ကျွမ်းလာပြီး မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။

လင်းယွမ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမထဲမှ ထွက်လာချိန်မှ ယခုအချိန်ထိ ခဏအတွင်း ဇီမန်နယ်မြေမှ အင်အားကြီးသူတစ်ဝက်ကျော် သေဆုံးသွားခဲ့ပြီး ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးအပါအဝင် အနည်းငယ်ကသာ အသက်ကယ်ရတနာများကြောင့် မနည်းအသက်ရှင်ခဲ့ရသည်။

အသက်ရှင်ကျန်ရစ်သူများကလည်း အလွန်ထိတ်လန့်နေကြပြီး လင်းယွမ်၏ ရှေ့တွင် သူတို့က ပုရွက်ဆိတ်များသဖွယ် ခုခံနိုင်စွမ်းပင် မရှိကြပေ။

" ဒါက လီယန်နတ်မီးတောက်လား။ နင်က ဘယ်လိုမဟာအရှင်သခင်လဲ။ " သူမ၏ အပေါင်းအဖော်များ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ လီယန်နတ်မီးတောက်ကို လီယန်နတ်ခန္ဓာနိုးထလာသူများသာ အသုံးပြုနိုင်သည်။ လီယန်နတ်ခန္ဓာကို အပြည့်အဝ နိုထလာရန် အနည်းဆုံး လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ရှိရမည်ဖြစ်ပြီး ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်သာ အောင်မြင်နိုင်ပေလိမ့်မည်။

သူတို့လို မဟာအရှင်သခင်အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေသူများကို ကြက်ကလေးငှက်ကလေးသဖွယ် သတ်ဖြတ်နိုင်ခြင်းမှာ လင်းယွမ်က မဟာအရှင်သခင်တစ်ယောက် ဖြစ်နေသည်မှာ သေချာသလောက်ဖြစ်သည်။

လီယန်နတ်ခန္ဓာကိုနိုးထထားသော မဟာအရှင်သခင်တစ်ယောက်။ မဟာအရှင်သခင်တိုင်းပင် လီယန်နတ်ခန္ဓာကို မနိုးထနိုင်ကြသော်လည်း နိုးထနိုင်သူများက ယှဉ်ပြိုင်ရန် အလွန်ခက်ခဲသည်ဟု ကျော်ကြားကြသည်။

" စကားများတယ်။ " လင်းယွမ်က နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။

ဝုန်း...

လင်းယွမ်က အချိန်လေဟာနယ်ကို ထိုးဖောက်ပြီး ကျန်ရှိသော အင်အားကြီးသူများရှေ့သို့ ရောက်သွားခဲ့သည်။ သူ၏ အချိန်လေဟာနယ် လှောင်အိမ်အတွင်း ပိတ်မိနေကြသူများမှာ သူတို့၏ လှုပ်ရှားမှုများက အလွန်နှေးကွေးကြသည်။ လင်းယွမ်၏ တိုက်ခိုက်မှုအောက်တွင် သူတို့၏ ရုပ်ခန္ဓာများက ပျက်ဆီးသွားကြပြီး သူတို့၏ စိတ်ဝိညာဉ်များက လင်းယွမ်၏ သိမ်းဆည်းခြင်းကို ခံလိုက်ရသည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီကလည်း လင်းယွမ်၏ ဖမ်းဆီးမှုကို ရင်ဆိုင်လိုက်ရသည်။ လင်းယွမ်၏ တိုက်ခိုက်မှုက နှေးကွေးသည်ဟု ထင်ရသော်လည်း ၎င်းက အချိန်လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူမက မည်သို့ခုခံရှောင်တိမ်းရန် ကြိုးစားသည်ဖြစ်စေ အချည်းနှီးသာဖြစ်သည်။

ချင်းဖန်မြို့ အစီအရင်၏ အဓိကနေရာတွင် ဖုန်းဝမ်ရှင်းက စောင့်ကြပ်နေသည်။

" ဟိုဘက်မှာလား။ " ဖုန်းဝမ်ရှင်းက တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရှိရာသို့ ကြည့်လိုက်သည်။ သူက ထိုနေရာမှ အချိန်လေဟာနယ်လှိုင်းများကို အာရုံခံမိလိုက်သည်။

" မကောင်းတော့ဘူး။ " ဖုန်းဝမ်ရှင်းက ရုတ်တရက် ထိတ်လန့်သွားသည်။ " ဂျူနီယာညီလေး အန္တရာယ်ရှိနေပြီ။ ဒါပေမယ့် ဂျူနီယာညီလေးက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရဲ့ အစီအရင်အောက်မှာ ရှိနေရင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ "

ဖုန်းဝမ်ရှင်း၏ စိတ်ထဲတွင် အတွေးများစွာ လှုပ်ရှားသွားသော်လည်း စိုးရိမ်ပူပန်မှုက လျော့နည်းခြင်းမရှိပေ။ အကယ်၍ ဇီမန်နယ်မြေမှ အင်မားကြီးသူများက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ အစီအရင်ထဲသို့ ထိုးဖောက်ရန် နည်းလမ်းရှိလျှင် သို့မဟုတ် သူတို့က လင်းယွမ်ကို အပြင်ထွက်ရန် ဆွဲဆောင်နိုင်လျှင် မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်ပေါ်လာနိုင်သည်။

အစပိုင်းတွင် ဖုန်းဝမ်ရှင်းက အရှင်ချင်းဖန်ကို တားဆီးရန် တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့သော ဇီမန်နယ်မြေ၏ စစ်ဆင်ရေးကို သံသယဝင်ခဲ့မိသည်။ ရုပ်သေးရုပ်ရာချီကို ချင်းဖန်နယ်မြေထဲတွင် သောင်းကျန်းခွင့်ပေးရန် သက်သက်ကတော့ အဓိပ္ပါယ်မရှိလှပေ။ သူတို့က ချင်းဖန်မြို့ကို ကြီးကြီးမားမား ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။

ယခု ကောင်းကင်လောင်ကျွမ်းခြင်းခန်းမမှ အချိန်လေဟာနယ်လှိုင်းများကို ခံစားမိသောအခါ ဖုန်းဝမ်ရှင်းက နောက်ထပ်ခန့်မှန်းချက်တစ်ခုကို တွေးမိပြန်သည်။ ဇီမန်နယ်မြေ၏ နောက်ဆုံးပစ်မှတ်က လင်းယွမ်လား။

ထိုဖြစ်နိုင်ခြေကလည်း မယုံကြည်နိုင်စရာပင်။ အရှင်ချင်းဖန်က လင်းယွမ်ကို တန်ဖိုးထားခြင်းမှန်သော်လည်း တာအိုရှာဖွေခြင်းအဆင့်ပင် မရောက်သေးသော ဂျူနီယာလေးတစ်ယောက်အတွက် ထိုမျှအထိပေးဆပ်ရန် မထိုက်တန်ပေ။

All Chapters