လီယန်တော်ဝင်မျိုးနွယ်...
Vol. 58 Ch. 839
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ အပြင်ဘက်တွင် လင်းယွမ်က အရှင်ဇီမန်ကို လက်ဝါးတစ်ချက်တည်းဖြင့် နှိမ်နှင်းပြီးနောက် ဖုန်းဝမ်ရှင်းကို မြင်တွေ့လိုက်သည်။
" စီနီယာအကိုဖုန်း.." လင်းယွမ်က သူ့ကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမအတွင်း ကျင့်ကြံနေချိန်တွင် လင်းယွမ်က ဖုန်းဝမ်ရှင်းနှင့် ဆက်ဆံမှုအချို့ ရှိခဲ့သည်။
" ဂျူ ဂျူနီယာညီလေး..." လင်းယွမ်က သူ့ကို နှုတ်ဆက်မှသာ ဖုန်းဝမ်ရှင်းက ပြန်ထူးရဲသည်။
သူမြင်တွေ့ခဲ့ရသော မြင်ကွင်းက အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။ ထိုမျှကြောက်စရာကောင်းသော အရှင်ဇီမန်က လင်းယွမ်၏ လက်ထဲတွင် အလွယ်တကူ ပျက်ဆီးသွားခဲ့သည်။
" ဂျူနီယာညီလေး အစောက...." ဖုန်းဝမ်ရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။
" အော် အစောကလား။ " လင်းယွမ်က သာမန်အတိုင်း ရှင်းပြလိုက်သည်။ " ဇီမန်နယ်မြေက လူအချို့က ချင်းဖန်မြို့ကို ခိုးဝင်လာပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ကျွန်တော် သူတို့ကို ရှင်းပစ်လိုက်တာပဲ။ "
" ဇီမန်နယ်မြေက လူတွေလား။ " ဖုန်းဝမ်ရှင်းက ဇီမန်နယ်မြေမှ လူများကို မမြင်တွေ့ခဲ့ရသော်လည်း ချင်းဖန်မြို့ထဲသို့ ခိုးဝင်ရဲသူမှာ အနည်းဆုံး လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ရှိပေလိမ့်မည်။
" နောက်ဆုံး အရှင်ဇီမန်က သူမရဲ့ ကိုယ်ပွားကိုစေလွှတ်ပြီး ကျွန်တော်ကို ခြိမ်းခြောက်ခဲ့တယ်။ ကိုယ်ပွားက ဒီလောက်ရဲတင်းနေတာနဲ့ ကျွန်တော်လည်း သူမကိုပါ တစ်ခါတည်းရှင်းပေးလိုက်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" အရှင်ဇီမန်က ရဲတင်းနေတာလား။ " ဖုန်းဝမ်ရှင်းက ဘာပြောရမှန်းမသိတော့ပေ။ " ဂျူနီယာညီလေးရဲ့ စွမ်းအားက..."
" ကျွန်တော် အခုလေးတင် အဆင့်တက်သွားလို့ပါ။ " လင်းယွမ်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
သူက လီယန်နတ်ခန္ဓာကို နိုးထလာပြီးနောက် အရင်းအမြစ်များက အတိုင်းအဆမရှိ လိုအပ်ဦးမည်ဖြစ်သည်။ ထိုကဲ့သို့ အရင်းအမြစ် လိုအပ်ချက်ကြောင့် သူ၏ ခွန်အားကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖုံးကွယ်ထားမည့်အစား ထုတ်ပြရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ရင်းမြစ်ကမ္ဘာတွင် မဟာအရှင်သခင်တစ်ယောက်က ပုံမှန်အားဖြင့် နယ်မြေတစ်ခုအတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။ ရှေးဟောင်းနိုင်ငံများ၏ တော်ဝင်မျိုးနွယ်များကို မဆန့်ကျင်သရွေ့ အေးအေးဆေးဆေး နေနိုင်သည်။ လင်းယွမ်၏ လက်ရှိခွန်အားက မဟာအရှင်သခင်အဆင့်နှင့် ယှဉ်နိုင်ပြီး အချို့ကဏ္ဍများတွင် သာမန်မဟာအရှင်သခင်များထက် သာလွန်နေသည်။
ဖုန်းဝမ်ရှင်းက မေးခွန်းများစွာ ရှိနေသော်လည်း ဘယ်ကစပြီး မေးရမှန်းမသိဖြစ်နေသည်။ ယခုလေးတင် အဆင့်တက်ပြီး မဟာအရှင်သခင်တစ်ယောက်၏ ကိုယ်ပွားကို အေးအေးဆေးဆေး ဖျက်ဆီးပစ်နိုင်လေသည်။ ထိုအချိန်တွင် အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက မနီးမဝေးတွင် ပေါ်လာသည်။
" မြို့စား..." ဖုန်းဝမ်ရှင်းက ချက်ချင်း အရိုအသေပေးလိုက်သည်။
" မင်းသွားလို့ရပြီ။ " အရှင်ချင်းဖန်က ဖုန်းဝမ်ရှင်းကို တစ်ချက်ကြည့်လိုက်သည်။
" ဆရာ " လင်းယွမ်ကလည်း အရှင်ချင်းဖန်ကို နှုတ်ဆက်လိုက်သည်။
သူက အရှင်ချင်းဖန်အပေါ်တွင် လေးစားမှုရှိလေသည်။ အကယ်၍ သူက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမတွင် မကျင့်ကြံနိုင်ခဲ့လျှင် လင်းယွမ်အနေဖြင့် လက်ရှိခွန်အားကို ရရှိရန်အတွက် အချိန်များစွာ ယူရပေလိမ့်မည်။
" အင်း အထဲသွားပြောရအောင်။ " အရှင်ချင်းဖန်က ခေါင်းညိမ့်ပြီး လင်းယွမ်နှင့်အတူ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမထဲသို့ ဝင်ရောက်သွားသည်။
" မင်းရဲ့ လီယန်သွေးမျိုးဆက်က ဒီလောက်ထိသိပ်သည်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
" လီယန်သွေးမျိုးဆက်လား။ " လင်းယွမ်က စဉ်းစားလိုက်ပြီး သူ၏ ခွန်အားက လီယန်သွေးမျိုးဆက်ကြောင့် ဖြစ်သည်ဟု အရှင်ချင်းဖန်က သတ်မှတ်လိုက်သည်ကို နားလည်လိုက်သည်။
လင်းယွမ်ကလည်း လီယန်သွေးမျိုးဆက်အကြောင်း သိထားသည်။ ထိုကြောင့် သူက ထိုကိစ္စကို များစွာရှင်းပြစရာမလိုတော့ပေ။ အရာအားလုံးက လီယန်သွေးမျိုးဆက်ကြောင့်ဟု ပြောနိုင်သည်။
" ကျွန်တော်လည်း သေချာမသိပါဘူး။ ကျင့်ကြံလေ ပိုပြီးလွယ်ကူလေဖြစ်တောပဲ။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" မင်းလို လမ်းခုလတ်မှာ လီယန်သွေးမျိုးဆက်ကို နိုးထလာတဲ့ အခြေအနေက ငယ်ငယ်ကတည်းက ကျင့်ကြံလာတဲ့ တော်ဝင်မျိုးနွယ်တွေနဲ့ ကွဲပြားတယ်။ " အရှင်ချင်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။
" အနာဂတ်မှာ ဘာလုပ်ဖို့ စီစဉ်ထားလဲ။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
" ဆရာက ကျွန်တော်ကို ဘာလုပ်စေချင်လဲ။ " လင်းယွမ်က ပြန်မေးလိုက်သည်။
" မင်းရဲ့ သွေးမျိုးဆက်က တော်ဝင်မျိုးနွယ်အဆင့်ကို ရောက်နေပြီ။ ပုံမှန်ဆိုရင်တော့ မင်းမြို့တော်ကို အမြန်ဆုံးသွားပြီး တော်ဝင်မိသားစုထဲ ဝင်ရောက်သင့်တယ်။ " အရှင်ချင်းဖန်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " ဒါပေမယ့် မင်းက တော်ဝင်မိသားစုထဲမှာ နောက်ခံမရှိဘူး။ အလျင်စလိုသွားတာက မကောင်းဘူး။ "
" မကောင်းဘူးလား။ " လင်းယွမ်က ချက်ချင်း နားလည်လိုက်သည်။
တော်ဝင်မိသားစုအတွင်း အုပ်စုဖွဲ့အားပြိုင်မှုများ ရှိနေသည်။ လင်းယွမ်၏ လီယန်သွေးမျိုးဆက်က မြင့်မားသော်လည်း ပင်မတော်ဝင်မျိုးဆက်မှ ဆင်းသက်လာခြင်းမဟုတ်ပေ။ ရုတ်တရက် ဝင်ရောက်သွားခြင်းက အခြေအနေရှုပ်ထွေးသွားနိုင်သည်။ သာမန်လူတစ်ယောက်က မင်းသားတစ်ပါးအဖြစ် နန်းတော်သို့ ပြန်သွားခြင်းက ချောမွေ့နေမည်မဟုတ်ပေ။
" ဒါကြောင့် မင်း ချင်းဖန်မြို့မှာပဲ နေဖို့ ငါအကြံပေးချင်တယ်။ ပြီးတော့ မဟာအရှင်သခင်အဆင့်ကိုရောက်မှ မြို့တော်ကို သွားပေါ့။ " အရှင်ချင်းဖန်က ပြောလိုက်သည်။
မဟာအရှင်သခင်အဆင့်ရှိသော တော်ဝင်မျိုးနွယ်တစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလောက်အောင် သန်မာသည်။ ထိုအချိန်တွင် ပြန်သွားခြင်းက သူ့ကိုသူ ကာကွယ်နိုင်စွမ်းရှိပေလိမ့်မည်။
" ဒါဆို ဆရာအကြံအတိုင်း ကျွန်တော်လိုက်နာပါမယ်။ " လင်းယွမ်က ပြန်ပြောလိုက်သည်။
အမှန်တော့ လင်းယွမ်ကလည်း တော်ဝင်မိသားစုထဲ မဝင်ရောက်လိုပေ။ အကြောင်းမှာ သူ၏ လက်ရှိခွန်အားက လီယန်သွေးမျိုးဆက်ကြောင့် ရရှိခဲ့ခြင်းမဟုတ်ပေ။ မြို့တော်ကို သွားပြီး တော်ဝင်မိသားစုထဲဝင်ရောက်လျှင် သွေးမျိုးဆက်စစ်ဆေးမှုကို သေချာပေါက် လုပ်ဆောင်ရပေလိမ့်မည်။
ထိုအချိန်ကျလျှင် လင်းယွမ်၏ လျို့ဝှက်ချက်များ ထွက်ပေါ်သွားပေလိမ့်မည်။ ထို့ကြောင့် အကယ်၍ အရှင်ချင်းဖန်က သူ့ကို မြို့တော်သို့ ပြန်သွားခိုင်းလျှင်တောင် သူက လမ်းတစ်ဝက်တွင် ထွက်သွားပြီး ကျင့်ကြံရန် အခြားနေရာတစ်ခုကို ရှာဖွေပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူ၏ ခွန်အားနှင့် ရှေးဟောင်းနိုင်ငံများသို့ လွတ်လပ်စွာ သွားလာနိုင်သည်။
" မင်းရဲ့ လီယန်သွေးမျိုးဆက်အကြောင်း ဘယ်သူ့ကိုမှ ထုတ်ပြောလို့မရဘူး။ "
လီယန်သွေးမျိုးဆက် အလွန်သိပ်သည်းသော လူတစ်ယောက်က ချင်းဖန်မြို့ထဲတွင် ပုန်းအောင်နေလျှင် ပတ်ဝန်းကျင် ရှေးဟောင်းနိုင်ငံမထားက လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားကြမည်ဖြစ်ပြီး နတ်ဘုရာအရှင်သခင်များပင် လှုပ်ရှားလာနိုင်သည်။
" မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ငါလက်ခံထားတဲ့ တပည့်တစ်ယောက်ဖြစ်ပြီးတော့ အပြင်မှာကျင့်ကြံနေပြီး အခုမဟာအရှင်သခင်အဆင့်ရောက်မှ မင်းကို ပြန်ခေါ်လာတာလို့ ငါသတင်းလွှင့်လိုက်မယ်။ " အရှင်ချင်းဖန်က ပြောလိုက်သည်။
ထိုရှင်းပြချက်က ကျိုးကြောင်းဆီလျော်သာ်။ အရှင်ချင်းဖန်က တစ်ခါတစ်ရံ ချင်းဖန်နယ်မြေတွင် လှည့်လည်သွားလာတတ်သောကြောင့် ယုမိသားစုမှ ပါရမီရှင်ကို သတိပြုမိပြီး တပည့်အဖြစ် လက်ခံခဲ့သည်ဟု ဆိုနိုင်သည်။ အချိန်ကွာခြားချက်နှင့် ယုရန်က အသက်ငါးရာမပြည့်သေးသည့် အကြောင်းမှာလည်း ရှင်းပြချက်ရှိသည်။
မဟာအရှင်သခင်တစ်ယောက်က ကမ္ဘာငယ်တစ်ခုကို ဖွင့်လှစ်ပြီး အပြင်လောကနှင့်ဆင်တူသော နိယာမများအတိုင်း အချိန်စီးဆင်းမှုမြန်ဆန်အောင် ပြုလုပ်နိုင်သည်။
" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက မဟာအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့သောကြောင့် အရှင်ချင်းဖန်က ဖုံးကွယ်ရန် ကြိုးစားလျှင် ဇီမန်နယ်မြေက လင်းယွမ်အကြောင်း စုံစမ်းလာနိုင်သည်။ ထိုအခြေအနေတွင် လင်းယွမ်ဖး အချက်အလက်များကို ကြိုတင်ဖန်တီးထားခြင်းက အကောင်းဆုံးဖြစ်သည်။
ထို့နောက် အရှင်ချင်းဖန်က ထွက်ခွာသွားပြီး ကောင်းကင်လောင်ကျွမ်းခြင်းခန်းမတွင် လင်းယွမ်တစ်ယောက်သာ ကျန်နေခဲ့သည်။
" လီယန်ရှေးဟောင်းနိုင်ငံရဲ့ ပင်မတော်ဝင်မိသားစုလား။ " လင်းယွမ်က တွေးလိုက်သည်။ " အဲ့ဒါက အလွှာဆယ့်သုံး သွေးမျိုးဆက်လား။ "
လွှမ်းမိုးခြင်းအဆင့်တစ်ယောက်က မဟာအရှင်သခင်တစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းမှာ ဖရိုဖရဲဟင်းလင်းပြင်တွင် လွှမ်းမိုးခြင်းအဆင့်တစ်ယောက်က ဖရိုဖရဲအရှင်သခင်ကို အနိုင်ယူသကဲ့သို့ဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ထိုသို့သော ဖြစ်ရပ်မျိုး သူမကြားဖူးခဲ့သော်လည်း ဤရင်းမြစ်ကမ္ဘာတွင် ထိုဖြစ်ရပ်မျိုးရှိနေပုံရသည်။
" ဒါပေမယ့် ငါက လွှမ်းမိုးခြင်းအဆင့်မှမဟုတ်တာ။ " လင်းယွမ်က တွေးလိုက်သည်။
သူက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သို့မဟုတ် တာအိုရှာဖွေခြင်းအဆင့်သာ ရှိသေးသည်။
ချင်းဖန်မြို့က တဖြည်းဖြည်း တည်ငြိမ်လာပြီး လင်းယွမ်နှင့်ပက်သက်သော သတင်းများကလည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ ရှေ့တွင် လင်းယွမ်က ဇီမန်နယ်မြေမှကျူးကျော်လာသော အင်အားကြီးသူများကို သတ်ပစ်ခဲ့ရုံသာမက အရှင်ဇီမန်၏ ကိုယ်ပွားကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
ထိုသတင်းက ချင်းဖန်နယ်မြေရှိ အင်အားစုများနှင့် မိသားစုများအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ခန့်မှန်းကြည့်နိုင်သည်။
" ဒါက..." အရှင်ချင်းဖန်၏ တပည့်များက ထိုသတင်းကို ပထမဆုံးသိရှိသူများဖြစ်ပြီး ချက်ချင်း မှင်သက်သွားခဲ့ကြသည်။ သူတို့၏ အငယ်ဆုံး ဂျူနီယာညီလေးက မဟာအရှင်သခင်တစ်ယောက်ဖြစ်နေသည်။
"စီနီယာအကိုကြီး အဲ့ဒါအမှန်ပဲလား။ " တပည့်တစ်ယောက်က ဖုန်းဝမ်ရှင်းကို မေးလိုက်သည်။
" သေချာပေါက် အမှန်ပဲပေါ့။ ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပဲ။ " ဖုန်းဝမ်ရှင်းက ခေါင်းညိမ့်လိုက်သည်။
အစပိုင်းတွင် သူလည်း သံသယရှိခဲ့သော်လည်း အရှင်ချင်းဖန်၏ ရှင်းပြချက်ကို ကြားပြီးနောက် အားလုံးရှင်းလင်းသွားခဲ့သည်။ အရှင်ချင်းဖန်က လင်းယွမ်ကို ကိုယ်တိုင်ခေါ်လာခဲ့ခြင်းမှာ သူက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။