← Chapters

လင်းယွမ်ကို တိုက်ခိုက်ခြင်း...

Vol. 58 Ch. 834

လင်းယွမ်ကို တိုက်ခိုက်ခြင်း...

Vol. 58 Ch. 834

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့အဖွဲ့က ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ချင်းဖန်မြို့၏ ထောင့်တိုင်းသို့ ပျံသန်းနေကြသည်။ မဟာအစီအရင်သလင်းကျောက်က မှိန်ဖျော့သော အလင်းရောင်များ ထုတ်လွှတ်နေပြီး ၎င်းအတိုင်းအတာအတွင်းရှိ အစီအရင်ကို ပုံတူကူးယူနေသည်။

" အစီအရင်ရဲ့ အဓိကနေရာနှစ်ခုပဲ ကျန်တော့တယ်။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဝမ်းသာသွားပြီး အခြားသူများကလည်း ပြုံးနေကြသည်။

ယခုအချိန်ထိ သူတို့၏ လှုပ်ရှားမှုများကို ဘယ်သူမှသတိမထားမိကြပေ။ အရှင်ချင်းဖန်၏ တပည့်များက အစီအရင်၏ အဓိက နေရာများကိုသာ အာရုံစိုက်နေကြပြီး သူတို့က အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို ဂရုမစိုက်ကြပေ။

သူတို့က အစီအရင်၏ အဓိကနေရာများသို့ ချဉ်းကပ်ရုံသာလိုအပ်ပြီး မဟာအစီအရင်သလင်းကျောက်က အဝေးမှ ပုံတူကူးယူနိုင်သည်။ မည်သူမှ တစ်စုံတစ်ခုကို သတိပြုမိလိမ့်မည်မဟုတ်ပေ။

" အဲ့ဒါက အရှင်ချင်းဖန်ရဲ့ အငယ်ဆုံးတပည့် ကျင့်ကြံနေတဲ့ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမပဲ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီ၏ နောက်မှ လူတစ်ယောက်က ပြောလိုက်သည်။

" ကောင်းကင်လောင်ကျွမ်းခြင်းခန်းမလား။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက လှမ်းကြည့်လိုက်သည်။

ကောင်းကင်လောင်ကျွမ်းခြင်းခန်းမက ချင်းဖန်မြို့ မဟာအစီအရင်၏ အရေးကြီးဆုံးနေရာတစ်ခုဖြစ်ပြီး သူတို့က ၎င်းကိုလည်း ပုံတူကူးယူရမည်ဖြစ်သည်။ မကြာမီ သူတို့က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမနှင့် မနီးမဝေးသို့ ရောက်လာကြသည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက မဟာအစီအရင်သလင်းကျောက်ကို ထုတ်ယူပြီး အစီအရင်ကို ပုံတူကူးယူလိုက်သည်။ ထို့နောက် သူမက ထွက်ခွာရန် ပြင်လိုက်ချိန်တွင် နောက်မှ ခါးကုန်းကုန်းနှင့် အမျိုးသမီးက စကားပြောလိုက်သည်။

" အရှင်ချင်းဖန်က ဒီတပည့်ကို သိပ်တန်ဖိုးထားတာ။ ငါတို့သာ သူ့ကို သတ်နိုင်ခဲ့ရင် ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောလို့ရတယ်။ "

ထိုစကားများက အခြားသူများ၏ မျက်လုံးများကိုလည်း တောက်ပသွားစေသည်။ အရှင်ချင်းဖန်တွင် တပည့်ပေါင်းများစွာ ရှိသော်လည်း ဖုန်းဝမ်ရှင်းကဲ့သို့သော သူပင် သူ့ကို မြို့စားဟုသာ ခေါ်ဆိုနိုင်သည်။ ဖုန်းဝမ်ရှင်းက တိုက်ပွဲတွင် ကျဆုံးခဲ့လျှင်တောင် အရှင်ချင်းဖန်က မျက်တောင်တစ်ချက်ပင် ခတ်မည်မဟုတ်ပေ။

သို့သော် လင်းယွမ်မှာမူ အရှင်ချင်းဖန်ကိုယ်တိုင် သွားခေါ်ထားရုံသာမက ဆရာဟုပင် ခေါ်ဆိုခွင့်ပေးထားခဲ့သည်။ ထို့အပြင် အရှင်ချင်းဖန်က သူ၏ ကျင့်ကြံခြင်းနေရာဖြစ်သော ကောင်းကင်လောင်ကျွမ်းခြင်းခန်းမအား လင်းယွမ်ကို ပေးထားသည့်အပြင် လင်းယွမ်တောင်ဆိုမှုမှန်သမျှကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။

ထိုအချက်များကို ကြည့်လျှင် အရှင်ချင်းဖန်က လင်းယွမ်အား မည်မျှတန်ဖိုးထားသည်ကို သိနိုင်သည်။ လင်းယွမ်၏ ပါရမီနှင့် အရည်အချင်းကလည်း ကြောက်စရာကောင်းလောက်အောင် ထူးခြားနေမည်မှာ သေချာသည်။

" စီနီယာအမ အချိန်တွေအများကြီး ကျန်သေးတာပဲ။ အရှင်ချင်းဖန်ကိုလည်း ဆရာက အချိန်ဆွဲထားတယ်။ အခြားသူတွေကလည်း အစီအရင်ရဲ့ အဓိကနေရာတွေမှာ အလုပ်ရှုပ်နေကြတာဆိုတော့ ငါတို့စမ်းကြည့်ကြမလား။ " ပိန်လှီသော လူတစ်ယောက်က စိတ်အားထက်သန်လာသည်။

အရှင်ချင်းဖန်က လင်းယွမ်အပေါ် အလေးထားမှုကို ကြည့်လျှင် သာမန်အခြေအနေမျိုးတွင် သူတို့က လင်းယွမ်ကို မြင်တွေ့ခွင့်ရလိမ့်မည်မဟုတ်ပေ။ သူ့ကို တိုက်ခိုက်ရန် ပို၍ပင်မဖြစ်နိုင်ပေ။

" ငါလည်း စမ်းကြည့်သင့်တယ်လို့ထင်တယ်။ " အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

ရေတိုအနေဖြင့် လင်းယွမ်ကို သတ်နိုင်ခြင်းက ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ဆုလာဘ်များ ရရှိပေလိမ့်မည်။ ရေရှည်အနေဖြင့် လင်းယွမ်၏ ကြောက်စရာကောင်းသော ပါရမီမှာ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ သူ့ကို ကြီးထွားခွင့်ပေးလိုက်လျှင် အနာဂတ်တွင် ဇီမန်နယ်မြေအတွက် ကျော်လွှားရခက်သော အတားအဆီးတစ်ခု ဖြစ်လာပေလိမ့်မည်။

သူက တားဆီးမရသော အင်အားကြီးသူတစ်ယောက် ဖြစ်မလာမီ ယခု အခွင့်အရေးယူပြီး သတ်ပစ်ခြင်းက အကောင်းဆုံးဖြစ်သည်။ ကျရှုံးသွားလျှင်လည်း ပြဿနာမရှိပေ။ သူတို့အတွက် အချိန်များ ကျန်နေသေးပြီး လွတ်မြောက်နိုင်စွမ်းရှိလေသည်။

" ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကလည်း ခဏစဉ်းစားပြီးနောက် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

အရှင်ချင်းဖန်က ထိုမျှ တန်ဖိုးထားသော တပည့်တစ်ယောက်က မည်သို့သော အရည်အချင်းများ ရှိမည်ကို သူမလည်း သိချင်မိလေသည်။ လှုပ်ရှားရန်ဆုံးဖြတ်ပြီးသည်နှင့် သူမတို့က အချိန်မဆွဲတော့ဘဲ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရှေ့တွင် ပေါ်လာကြသည်။

" ဒီကောင်းကင်လောင်ကျွမ်းခြင်းခန်းမက အရှင်ချင်းဖန်ရဲ့ ကျင့်ကြံခြင်းနေရာတစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် အစွမ်းထက်တဲ့ အစီအရင်နဲ့ ကာကွယ်ထားမှာ သေချာတယ်။ ငါတို့ အမြန်လှုပ်ရှားရမယ်။ တကယ်လို့ အစီအရင်ကို မထိုးဖောက်နိုင်ဘူးဆိုရင် ချက်ချင်း ပြန်ဆုတ်ကြမယ်။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့အဖွဲ့က သူတို့၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်ထားကြသည်။

သူတို့၏ တာဝန်မှာ မြို့၏ အစီအရင်များကို ပုံတူကူးရန်သာဖြစ်သည်။ အရှင်ချင်းဖန်၏ တပည့်ကို သတ်ခြင်းက မအောင်မြင်လျှင်တောင် အဓိကတာဝန်ကို ထိခိုက်၍မရပေ။

" နားလည်ပါပြီ။ " အခြားသူများကလည်း သဘောတူညီစွာ ခေါင်းညိမ့်လိုက်ကြသည်။

ကောင်းကင်လောင်ကျွမ်းခြင်းခန်းမအတွင်း၌ လင်းယွမ်က အပြင်ဘက်သို့ ကြည့်နေခဲ့သည်။ အမှန်တော့ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက မဟာအစီအရင်သလင်းကျောက်နှင့် ခန်းမ၏ အစီအရင်များကို ပုံတူကူးရတည်းက လင်းယွမ်က သူတို့ကို အာရုံခံမိထားပြီဖြစ်သည်။

အရှင်ချင်းဖန်၏ စကားကြောင်း သူက လှုပ်ရှားခြင်းမရှိဘဲ ဆက်လက်ကျင့်ကြံနေခဲ့သည်။ သို့သော် သူတို့က ယခု ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရှေ့သို့ ရောက်လာကြသည်။

" သူတို့က ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။ " လင်းယွမ်က ခန်းမအတွင်းမှ ထွက်လာခဲ့သော်လည်း မဟာအစီအရင်၏ ကာကွယ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။

" ဒါဆို ဒါက အရှင်ချင်းဖန်ရဲ့ တပည့်အသစ်လေးပေါ့။ " ခရမ်းရောင် ဆံပင်နှင့် အမျိုးသမီးက လင်းယွမ်ကို မြင်သည်နှင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။

ခရမ်းရောင်စွမ်းအားတစ်ခုက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမကို စတင်ဝန်းရံလာပြီး အခြားသူများကလည်း အချိန်တိုအတွင်း လင်းယွမ်ကို သတ်ပစ်ရန် အသန်မာဆုံး တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။

သူတို့ရရှိသော သတင်းအချက်အလက်အရ လင်းယွမ်က ယုမိသားစုမှ လူငယ်တစ်ယောက်သာဖြစ်ပြီး မဟာအရှင်သခင်အဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်နေသော သူတို့၏ စွမ်းအားနှင့်ဆိုလျှင် မဟာအစီအရင်၏ ကာကွယ်မှုရှိနေလျှင်တောင် စွမ်းအားအကြွင်းအကျန်တစ်ခုက အတွင်းသို့ ရောက်သွားနိုင်လျှင် လင်းယွမ်အနေဖြင့် အသက်ရှင်ရန် အခွင့်အရေး လုံးဝရှိမည်မဟုတ်ပေ။

ဝုန်း...

ကြောက်စရာကောင်းသော စွမ်းအားများက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမဆီသို့ ပြေးဝင်သွားသည်။ ထိုခဏတွင် မမြင်ရသော အတားအတျိးတစ်ခုက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ ပတ်ဝန်းကျင်တွင် ပေါ်လာသည်။

အင်အားကြီးသူများ၏ တိုက်ခိုက်မှုအားလုံးကို ထိုအတားအဆီးက တားဆီးလိုက်ပြီး သူတို့၏ တိုက်ခိုက်မှုများက ခဏအတွင်း ပျောက်ကွယ်သွားကြသည်။

" ဒီလောက်အဆင့်မြင့်တဲ့ ကာကွယ်ရေးအစီအရင်လား။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ အမူအရာက လေးနက်သွားပြီး တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။

ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ ကာကွယ်ရေးအစီအရင်က အလွန်အားကောင်းနေသည်ကို သူမ သိလိုက်သည်။ သူတို့မပြောနှင့် စစ်မှန်သော မဟာအရှင်သခင်တစ်ယောက်ပင် ခဏအတွင်း ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ပေ။

" အရှင်ချင်းဖန်က ဒီတပည့်ကို တကယ်တန်ဖိုးထားတာပဲ။ "

အခြားသူများကလည်း အံ့ဩနေကြသည်။ ၎င်းက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ အလယ်သို့ပင် မရောက်သေးပေ။ ၎င်းက လင်းယွမ်နေထိုင်သောကြောင့် အရှင်ချင်းဖန်က ကာကွယ်ရေးအစီအရင်ကို တိုးမြှင့်ထားခြင်းဖြစ်နိုင်သည်။

" သွားမယ်။ ဒီမှာ အချိန်ဖြုန်းမနေတော့နဲ့။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ အခြားသူများကလည်း ချက်ချင်း နောက်မှ လိုက်သွားကြသည်။

" သူတို့ခွန်အားက ပြောသလောက်လည်း မဟုတ်ပါလား။ " ကောင်းကင်လောင်ကျွမ်းခြင်းခန်းမအတွင်းမှ လင်းယွမ်က အကဲခတ်နေသည်။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော စွမ်းအားကို ကြည့ပြီး လင်းယွမ်က သူတို့၏ ခွန်အားကို ခန့်မှန်းလိုက်သည်။ ထို့နောက် လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး သူ၏ မူလစိတ်ဝိညာဉ်က ထွက်ပေါ်လာသည်။

မူလစိတ်ဝိညာဉ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ အပြင်ဘက်သို့ ထွက်လာပြီး အစီအရင်၏ ကာကွယ်မှုမရှိသော နေရာသို့ လျှောက်လာသည်။ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ချင်းဖန်မြို့ထဲတွင် ဖျက်ဆီးနေသည်ကို သူက တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သူမ၏ ခွန်အားကို သေချာမသိလျှင် လင်းယွမ်က သတိထားပေလိမ့်မည်။ အရှင်ချင်းဖန်၏ စကားကို နားထောင်ပြီး ကောင်းကင်လောင်ကျွမ်းခြင်းခန်းမတွင်သာ ရှိနေပေလိမ့်မည်။

သို့သော် ယခု ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးနှင့် အဖွဲ့၏ ခွန်အားက သူ့အတွက် စိုးရိမ်စရာမရှိပေ။ လင်းယွမ်က သူတို့ကို အရှင်ချင်းဖန်အတွင် ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်သည်။

" ဟင်..." ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမထဲမှ လူတစ်ယောက်ထွက်လာသည်ကို သတိပြုမိလိုက်သည်။

" ယုရန်လား။ " သူမက ရပ်တန့်သွားပြီး လင်းယွမ်ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ ကာကွယ်မှုအောက်တွင် မနေဘဲ ဘာလို့ကိုယ်တိုင်ထွက်လာတာလဲ။

" မင်းတို့က ဇီမန်နယ်မြေကလား။ " လင်းယွမ်က သူတို့ကို ကြည့်လိုက်သည်။

" တိုက်ခိုက်ကြ..." ပိန်လှီသော လူက လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

လင်းယွမ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမထဲမှ ဆန္ဒအလျောက် ထွက်လာခြင်းက သူတို့အတွက် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။ လင်းယွမ်ထွက်လာရဲခြင်းမှာ လျို့ဝှက်ချက်တစ်ခု ရှိနေနိုင်သော်လည်း သူတို့တွင်လည်း ဝှက်ဖဲများ ရှိနေသည်။

All Chapters