အရှင်ဇီယန်၏ ကိုယ်ပွားကို ဖျက်ဆီးခြင်း...
Vol. 58 Ch. 837
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ ကျမ်းစာများစွာကို ဖတ်ရှုထားသော လင်းယွမ်က ထိုသလင်းကျောက်မှာ မဟာအစီအရင်သလင်းကျောက်ဖြစ်သည်ကို သိထားသည်။ ထိုသို့သော ရတနာက တန်ဖိုးကြီးမားလှသည်။
လင်းယွမ်က ၎င်းကို အသုံးမလိုလျှင်တောင် လိုအပ်သော အရင်းအမြစ်များနှင့် လဲလှယ်နိုင်သည်။ ထို့ကြောင့် သူက အစီအရင်၏ လျို့ဝှက်ချက်အနည်းငယ်ကို နားလည်အောင်လုပ်ပြီး အစီအရင်ကို မထိခိုက်စေဘဲ အမျိုးသမီးကို တိုက်ရိုက်သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
" ဖိနှိပ်ထားတဲ့ စိတ်ဝိညာဉ်အချို့က သူတို့ဘာသာ ဖျက်ဆီးသွားကြပြီ။ နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်တစ်ယောက်က ကိုယ်ပိုင်စိတ်ဝိညာဉ်ကို ဖျက်ဆီးရန် အတွေးတစ်ချက်သာ လိုအပ်သောကြောင့် လင်းယွမ်အတွက် တားဆီးရန် ခက်ခဲလှသည်။
" မဟာအရှင်သခင် ဒီမှာရှိတာ ကျွန်မတို့ တကယ်မသိခဲ့တာပါ..." လင်းယွမ် ထပ်မတိုက်သည်ကို တွေ့မှ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက သက်ပြင်းချနိုင်သွားသည်။
" အရှင်က လီယန်ရှေးဟောင်းနိုင်ငံက မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ အရှင်ချင်းဖန်က ရှင့်ကို ဒီမှာနေဖို့ ဘယ်လောက်ပေးထားလို့လဲ။ ကျွန်မတို့ ဇီမန်နယ်မြေက နှစ်ဆပေးပါမယ်။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ချက်ချင်း ကမ်းလှမ်းလိုက်သည်။
ထိုစစ်ဆင်ရေးက ရှေးဟောင်းနိုင်ငံများကြား တိုက်ပွဲများက အလွန်အရေးကြီးကြောင်း သူမကောင်းကောင်းသိနေသည်။ မမျှော်လင့်ထားသော အပြောင်းအလဲများ ရှိနေသည့်တိုင် သူမတို့အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးပြီးမြောက်အောင် လုပ်ရမည်ဖြစ်သည်။
" ပြောလို့ပြီးပြီလား။ " လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အစီအရင်ကို နားလည်သွားပြီး တစ်ဖန် ပြန်လည်လှုပ်ရှားလိုက်သည်။
ဝုန်း....
လင်းယွမ်၏ ညာလက်က ထပ်မံထွက်ပေါ်လာပြီး အချိန်လေဟာနယ်၏ နက်ရှိုင်းသော နေရာသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
" မဟာအရှင်သခင် ရှင်ဘာလုပ်တာလဲ။ " အမျိုးသမီးက အနည်းငယ် ထိတ်လန့်သွားသော်လည်း သူမရှေ့မှ သလင်းကျောက်ကို ကြည့်ကာ စိတ်ကို အနည်းငယ် ထိန်းချုပ်လိုက်သည်။
" ဒီအတိုင်းသွားနေလို့တော့မဖြစ်ဘူး။ အရှင်ချင်းဖန်က ဆရာအတားအဆီးက လွတ်မြောက်သွားရင် မဟာအရှင်သခင်နှစ်ယောက် ပေါင်းမိသွားနိုင်တယ်။ ဒါဆို မြို့ရဲ့ အစီအရင်တွေပါပါလာရင်..." သူမက ထိုသို့စဉ်းစားနေစဉ် လင်းယွမ်၏ ညာလက်က အစီအရင်ကို ထိုးဖောက်ပြီး သူမဆီသို့ ဆက်လက်တိုးဝင်လာသည်ကို သတိပြုမိလိုက်သည်။
ထိုမဟာအစီအရင်က အချိန်လေဟာနယ်ဝင်္ကဘာများစွာပါဝင်ပြီး မဟာအရှင်သခင်တစ်ယောက်ကိုပင် ခဏပိတ်ဆို့ထားနိုင်သည်။ သို့သော် လင်းယွမ်၏ ညာလက်က ထိုအချိန်လေဟာနယ်များကို ဘာမှမရှိသကဲ့သို့ ဖြတ်ကျော်လာခဲ့သည်။
" မဖြစ်နိုင်ဘူး။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ မျက်လုံးများက ပြူးကျယ်သွားသည်။
မဟာအစီအရင်သလင်းကျောက်က လင်းယွမ်ကို မတားဆီးနိုင်ခဲ့ပေ။ မဟာအရှင်သခင်တစ်ယောက်၏ ရှေ့တွင် သူမက ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။ ခဏအတွင်း သူမက လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားပြီး ဖိနှိပ်ခြင်းစွမ်းအားများက သူမကို ဝန်းရံသွားခဲ့သည်။ သူမ၏ အတွေးများက နှေးကွေးသွားသည်ကို သူမက ခံစားလိုက်ရသည်။
" ရှင်က ကျွန်မကို အရှင်ဖမ်းချင်နေတာလား။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက လင်းယွမ်၏ ရည်ရွယ်ချက်ကို ချက်ချင်း သိမြင်လိုက်သည်။ သူမက တွေဝေခြင်းမရှိဘဲ သူမ၏ စိတ်ဝိညာဉ်နှင့် စိတ်အသိကို ဖျက်ဆီးပစ်လိုက်သည်။
လင်းယွမ်၏ လက်ထဲတွင် အလောင်းတစ်ခုသာ ကျန်နေခဲ့ပြီး အလောင်းကလည်း စတင်ပြိုကွဲလာသည်။ သူ၏ အတွေးတစ်ချက်ဖြင့် လီယန်နတ်မီးတောက် ပေါ်လာပြီး အလောင်းကို ပြာဖြစ်အောင် လောင်ကျွမ်းသွားသည်။
ထိုအချိန်တွင် ခရမ်းရောင်မျက်ရည်စက်တစ်ခုပေါ်လာပြီး ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်အဖြစ် စုစည်းသွားသည်။
" ရှင်က ဘယ်မဟာအရှင်သခင်လဲ။ " ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက အရှင်ဇီမန်ပင်ဖြစ်သည်။
သူမက ကြိုတင်ပြင်ဆင်ထားသည့်အနေဖြင့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ နောက်ကွယ်တွင် အရန်အစီအစဉ်တစ်ခုထားရှိခဲ့ပြီး အရေးကြီးသောအချိန်တွင် ကိုယ်ပွားတစ်ခု ထွက်ပေါ်လာနိုင်ခြင်းဖြစ်သည်။ ခွန်ကျန်းဆီမှ သတင်းအချက်အလက်များကို ရရှိပြီးနောက် သူမက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိခဲ့ပြီး ချက်ချင်း ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် သူမက ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီး ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။ အဖြစ်အပျက်များက အလွန်လျင်မြန်လွန်သဖြင့် သူမက ဝင်ရောက်စွက်ဖက်ချိန်မရလိုက်ပေ။
" ငါက ဘယ်မဟာအရှင်သခင်လဲ။ " လင်းယွမ်က ရယ်လိုက်သည်။
အမှန်တော့ သူက မဟာအရှင်သခင်တစ်ယောက် မဟုတ်သေးပေ။ သူ၏ အသက်အနှစ်သာရအရဆိုလျှင် သူက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သို့မဟုတ် တာအိုရှာဖွေခြင်းအဆင့်သာ ရှိသေးသည်။ သို့သော် သူ၏ အခြေခံက အလွန်နက်ရှိုင်းပြီး သူ၏ နည်းစနစ်များက ကြောက်စရာကောင်းလှသည်။
အထူးသဖြင့် လီယန်နတ်ခန္ဓာကို နိုးထပြီးနောက်တွင် ဖြစ်သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် စစ်မှန်သော လီယန်နတ်မီးတောက်ပါဝင်နေသောကြောင့် သူ့ကို မဟယအရှင်သခင်တစ်ယောက်နှင့် ခွဲခြား၍မရနိုင်တော့ပေ။
" လီယန်နတ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ လီယန်ရှေးဟောင်းနိုင်ငံက မဟာအရှင်သခင်အားလုံးကို ငါသိတယ်။ နင်က သူတို့ထဲမှာ မပါဘူး။ " အရှင်ဇီမန်က ခေါင်းခါလိုက်သည်။
" မင်းလိုမြို့စားတစ်ယောက်က လီယန်ရှေးဟောင်းနိုင်ငံရဲ့ မဟာအရှင်အားလုံးကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ " လင်းယွမ်က အထင်သေးစွာ ပြောလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံဖြစ်စေ အခြားမည်သည့်ရှေးဟောင်းနိုင်ငံဖြစ်စေ အရိပ်ထဲတွင် ဖုံးကွယ်နေသာ ပညာရှင်များ ရှိနေမည်သာ ဖြစ်သည်။ လင်းယွမ်၏ စကားကြောင့် အရှင်ဇီမန်က တိတ်ဆိတ်သွားသည်။
" ဒီတစ်ခါ ဇီမန်နယ်မြေကိုယ်စား ငါ အရှုံးပေးပါတယ်။ ဒါပေမယ့် အဲ့ဒီမဟာအစီအရင်သလင်းကျောက်က ငါပိုင်တာမဟုတ်ဘူး။ အဲ့ဒါကို ပြန်ပေးဖို့ တောင်းဆိုပါတယ်။ အဲ့ဒါအတွက် အခြားရတနာတွေနဲ့ လဲလှယ်ပေးပါမယ်။ " အရှင်ဇီမန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
သူမ၏ အစီအစဉ်က ကျရှုံးသွားပြီဖြစ်သောကြောင့် ယခု သူမ၏ အဓိကရည်ရွယ်ချက်မှာ ဆုံးရှုံးမှုကို လျှော့ချရန်ဖြစ်သည်။ မဟာအစီအရင်သလင်းကျောက်က မြို့တော်မှ ပေးအပ်ထားခြင်းဖြစ်ပြီး ၎င်းသာ ဆုံးရှုံးသွားလျှင် သူမက အပြစ်ပေးခြင်းခံရပေလိမ့်မည်။
" မင်းကိုမင်း ဘယ်သူထင်နေတာလဲ။ ကိုယ်ပွားတစ်ခုတည်းနဲ့ ငါနဲ့ လာညှိနှိုင်းရဲတယ်ပေါ့။ "
လင်းယွမ်၏ မျက်လုံးများထဲတွင် လီယန်နတ်မီးတောက်များ တောက်လောင်လာပြီး အရှင်ဇီမန်ထံသို့ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ ညာလက်က ရုတ်တရက် ကြီးထွားလာပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
အရှင်ဇီမန်၏ အမူအရာက ပျက်ယွင်းသွားပြီး သူမ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူမက ကိုယ်ပွားတစ်ခုဖြစ်သောကြောင့် စိတ်ကြိုက် ပျောက်ကွယ်ခြင်း၊ ပြန်ပေါ်လာခြင်းများ ပြုလုပ်နိုင်သည်။
ခရက်...
ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က ရုတ်တရက် ကျုံ့ဝင်လာပြီး အရှင်ဇီမန်၏ ပုံရိပ်က ပြန်လည်စုစည်းလာကာ လင်းယွမ်၏ လက်ဝါးကို ရင်ဆိုင်စေခဲ့သည်။
" ငါနင့်ကို မှတ်ထားမယ်။ " အရှင်ဇီမန်က လင်းယွမ်ကို စိုက်ကြည့်နေပြီး လက်ဝါးချက်အောက်တွင် အပိုင်းအစများအဖြစ် ပျက်ဆီးသွားတော့သည်။
" ရိုးသားမှုတစ်စက်တောင်မရှိဘဲနဲ့ မဟာအစီအရင်သလင်းကျောက်ကို ပြန်လိုချင်နေတာလား။ ငါ့ကို အရူးများထင်နေလား။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
မဟာအစီအရင်သလင်းကျောက်၏ တန်ဖိုးက သာမန် မဟာအရှင်သခင်အဆင့် ရတနာများထက် များစွာ သာလွန်သည်။ အရှင်ဇီမန်က ကိုယ်ပွားတစ်ခုနှင့် ၎င်းကို ပြန်လည်ရယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
မဟာအစီအရင်သလင်းကျောက်များကဲ့သို့သော ရတနာများကို ရှေးဟောင်းနိုင်ငံတိုင်းက လိုချင်ကြသည်။ လင်းယွမ်က လဲလှယ်ချင်လျှင် လီယန်ရှေးဟောင်းနိုင်ငံနှင့် လဲလှယ်ခြင်းက ပိုကောင်းပေသည်။
" မဟာအစီအရင်သလင်းကျောက်..." လင်းယွမ်၏ လက်ထဲတွင် အစီအရင်ပေါင်းများစွာ လည်ပတ်နေသော သလင်းကျောက်တစ်ခုပေါ်လာသည်။ ယခုအချိန်တွင် သူရရှိခဲ့သော အကြီးမားဆုံး အကျိုးအမြတ်မှာ ထိုသလင်းကျောက်နှင့် အခြားရတနာများဖြစ်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမနှင့် မနီးမဝေးတွင် ဖုန်းဝမ်ရှင်း၏ ပုံရိပ်ပေါ်လာသည်။
" ဂျူနီယာညီလေး ဘာမှမဖြစ်လောက်ပါဘူး။ " ဖုန်းဝမ်ရှင်းက အလွန်ပင် စိုးရိမ်နေသည်။ မဟာအစီအရင်၏ အဓိကနေရာတစ်ခု ထိုးဖောက်ခံရခြင်းက အဆင်ပြေသော်လည်း လင်းယွမ်သာ တစ်ခုခုဖြစ်လျှင် ပြဿနာတက်ပြီဖြစ်သည်။
" ဟင် " အနီးသို့မရောက်မီ ဖုန်းဝမ်ရှင်းက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရှေ့တွင် အချိန်လေဟာနယ်က စုစည်းလာသည်ကို သတိပြုမိလိုက်သည်။ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ယောက်က ထိုနေရာတွင် ရပ်နေသည်။
" အဲ့ဒါက အရှင်ဇီမန်လား။ " အရှင်ချင်းဖန်၏ အကြီးဆုံးတပည့် ဖြစ်သဖြင့် ဖုန်းဝမ်ရှင်းက ရန်သူနယ်မြေမှ အရှင်သခင်များကို ရင်းနှီးပြီးသား ဖြစ်သည်။
" ငါထင်တဲ့အတိုင်းပဲ။ ပစ်မှတ်က ဂျူနီယာညီလေး ဖြစ်နေတာပဲ။ " ဖုန်းဝမ်ရှင်းက သူ၏သံသယကို အတည်ပြုလိုက်နိုင်သည်။
အခြားနယ်မြေမှ ဂုဏ်သိက္ခာရှိသော မဟာအရှင်သခင်တစ်ယောက်က ဤနေရာသို့ ရောက်လာခြင်း၏ တစ်ခုတည်းသော ပစ်မှတ်မှာ လင်းယွမ်သာ ဖြစ်နိုင်သည်။ သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်လာသောအရာမှာ ဖုန်းဝမ်ရှင်း တစ်သက်လုံး ဘယ်တော့မှမမေ့နိုင်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
သူ၏ မျက်စိရှေ့တွင် လင်းယွမ်က ခန်းမ၏ တံခါးရှေ့တွင် တည်ငြိမ်စွာ ရပ်နေရင်း သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုလက်က ရုတ်တရက် ကြီးထွားလာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။ အရှင်ဇီမန်က ထိုလက်ဝါးနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝခုခံနိုင်စွမ်းမရှိဘဲ ပြာအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
" ဘာ..." ဖုန်းဝမ်ရှင်းက မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ ဒါက တကယ်ပဲ သူ့ရဲ့ ဂျူနီယာညီလေးလား။
ချင်းဖန်စံအိမ်တွင် အရှင်ချင်းဖန်က ထိုင်နေသော်လည်း သူ၏ စိတ်အသိက အရှင်ဇီမန် ဖန်တီးထားသော အိပ်မက်ကမ္ဘာထဲတွင် ပိတ်မိနေသည်။ ခဏကြာတွင် အရှင်ချင်းဖန်၏ အော်ရာက မြင့်တက်လာပြီး သူ၏ မျက်လုံးများ ပွင့်လာခဲ့သည်။
" ဇီမန် မင်းရဲ့ အိပ်မက်ဖန်တီးမှုက လိုအပ်ချက်တွေ ရှိနေသေးတယာပဲ။ " အရှင်ချင်းဖန်က သူ၏ အာရုံကို ဖြန့်ကျက်လိုက်ပြီး မြို့၏ အခြေအနေကို စစ်ဆေးလိုက်သည်။ အစီအရင်နေရာ ၁၂ခုလုံး ထိခိုက်မှုမရှိသည်ကို အတည်ပြုပြီးသောအခါ အရှင်ဇီမန်ကို ကြည့်လိုက်သည်။