← Chapters

ငါ့တပည့်က မဟာအရှင်သခင်တစ်ယောက်လား...

Vol. 58 Ch. 838

ငါ့တပည့်က မဟာအရှင်သခင်တစ်ယောက်လား...

Vol. 58 Ch. 838

" ဇီမန်..." အရှင်ချင်းဖန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အရှင်ဇီမန်၏ အမူအရာမှာ စိတ်မသက်မသာ ဖြစ်နေပုံရပြီး သူ့ကို နားမလည်နိုင်စွာ ကြည့်နေသည်။ ၎င်းက အရှင်ချင်းဖန်ကိုလည်း မှင်သက်သွားစေသည်။

... မင်းက ငါ့ကို အလစ်တိုက်ခိုက်ခဲ့ပြီးတော့ အခုကျ ဘာလို့ ဒီလိုမျက်နှာပေးမျိုး လုပ်နေတာလဲ...

" ချင်းဖန် နင်ရဲ့ အစီအစဉ်က တကယ်ကို ​ပြောင်မြောက်ပါတယ်။ ကြိုတင်ပြင်ဆင်ထားပြီး မဟာအရှင်သခင်တစ်​ယောက်ကို ဝှက်ထားခဲ့တာပေါ့။ တကယ်ကောက်ကျစ်တာပဲ။ " အရှင်ဇီမန်က စကားပြောပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ဤစစ်ဆင်ရေးက ဇီမန်နယ်မြေအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး သူမအနေဖြင့် ရှေးဟောင်းနိုင်ငံ၏ အပြစ်ပေးခြင်းကို ခံရနိုင်ဖွယ်ရှိသည်။

" ဘာအစီအစဉ်လဲ။ " အရှင်ချင်းဖန်က လုံးဝ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ ကြိုတင်ပြင်ဆင်ထားတယ်။ မဟာအရှင်သခင်တစ်ယောက်ကို ဝှက်ထားတယ်။ ထိုအကြောင်းများကို သူကိုယ်တိုင်ပင် ဘာမှမသိပေ။

" သူမက ဘာတွေလျှောက်ပြောနေတာလဲ။ " အရှင်ချင်းဖန်က မျက်မှောင်ကြုတ်နေသည်။ " ငါက မဟာအရှင်သခင်တစ်ယောက်ကို ဝှက်ထားတယ်ပေါ့။ ဒီမြို့ထဲမှာလား။ "

အကယ်၍ အရှင်ဇီမန်၏ နောက်ဆုံး အမူအရာသာ မစစ်မှန်ခဲ့လျှင် အရှင်ချင်းဖန်က သူမကို အဓိပ္ပါယ်မရှိ လျှောက်ပြောနေသည်ဟုသာ သတ်မှတ်မိပေလိမ့်မည်။

" မဟာအရှင်သခင်လား။ " အရှင်ချင်းဖန်က အစီအရင်ကို အသုံးပြု၍ မြို့ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။

ချင်းဖန်မြို့၏ အစီအရင်က အသက်အနှစ်သာရ၏ နက်ရှိုင်းမှုကို စစ်ဆေးရန် တည်ဆောက်ထားခြင်းဖြစ်သည်။ အကယ်၍ မဟာအရှင်သခင်တစ်ယောက်ရှိနေလျှင် အရှင်ချင်းဖန်က ချက်ချင်း သိနိုင်သည်။

" ရုပ်သေးရုပ်တွေ..." အရှင်ချင်းဖန်က မြို့ထဲတွင် သောင်းကျန်းနေသော လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ရုပ်သေးရုပ်များကို ကြည့်ကာ အတွေးတစ်ချက်နှင့် သိမ်းဆည်းလိုက်သည်။

" ငါ အိပ်မက်ထဲမှာ ပိတ်မိနေတဲ့ အသက်ရှူကြိမ်တစ်ရာအတွင်း မြို့ထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့ပုံပဲ။ " အရှင်ချင်းဖန်၏ မျက်လုံးများက နက်ရှိုင်းလာပြီး ချင်းဖန်မြို့ထဲမှ ပုံရိပ်များက ပြောင်းပြန်ပြန်ဖြစ်သွားသည်။

မဟာအရှင်သခင်တစ်ယောက်အနေဖြင့် အချိန်တွင် သူ၏ ကျွမ်းကျင်မှုမှာ အလွန်ကျယ်ပြန့်လာပြီး မြို့ကဲ့သို့ သတ်မှတ်ထားသော နေရာတစ်ခုအတွင်း အချိန်ကို အလွယ်တကူ ပြောင်းပြန်လှန်ကြည့်နိုင်သည်။ သို့သော် ပြောင်းပြန်လှန်ကြည့်ရုံသာ ဖြစ်ပြီး အတိတ်ကိုတော့ မပြောင်းလဲနိုင်ပေ။

အချိန်များက နောက်ပြန်စီးဆင်းလာပြီး လွန်ခဲ့သော အသက်ရှူကြိမ်တစ်ရာက အချိန်သို့ ရောက်ရှိလာသည်။ အရှင်ချင်းဖန်က အရှင်ဇီမန်၏ အိပ်မက်ကမ္ဘာထဲစို့ ကျရောက်သွားချိန်တွင် ရုပ်သေးရုပ်များက ချင်းဖန်မြို့၏ နေရာအနှံ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

အရှင်ချင်းဖန်က ရုပ်သေးရုပ်များကို ဂရုမစိုက်ဘဲ အရိပ်ထဲတွင် ပုန်းအောင်းနေသော ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့အဖွဲ့ကို ကြည့်လိုက်သည်။

" သူတို့က ဇီမန်ရဲ့ အကြံအစည်ကို အကောင်းထည်ဖော်နေကြတာလား။ " ရုပ်သေးရုပ်များက အာရုံလွှဲရန် အသုံးပြုသော ကိရိယာများသာဖြစ်သည်ကို အရှင်ချင်းဖန်က ခန့်မှန်းလိုက်သည်။

ထို့နောက် ထိုအဖွဲ့က ချင်းဖန်မြို့မှ အစီအရင်၏ အဓိကနေရာများအနီးတွင် လှည့်လည်သွားလာနေသည်ကို သူတွေ့လိုက်ရသည်။ သို့သော် အရှင်ချင်းဖန်ကို အံ့အားသင့်သွားစေသည်မှာ ထိုအဖွဲ့က မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခြင်းဖြစ်သည်။ သူတို့က အစီအရင်၏ အဓိကနေရာများကို ချဉ်းကပ်ပြီး အသက်ရှူကြိမ်အနည်းငယ်ကြာပြီးနောက် တိတ်တဆိတ်ထွက်သွားကြသည်။

" သူတို့ဘာလို့ဖို့ ကြိုးစားနေကြတာလဲ။ " အရှင်ချင်းဖန်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိလိုက်သည်။

အရှင်ဇီမန်က နှစ်ပေါင်းသောင်းချီ အချိန်ယူပြီး အိပ်မက်ကမ္ဘာကို ဖန်တီးခဲ့သည့်အပြင် သူမ၏ မူလအနှစ်သာရပါဝင်သော ကိုယ်ပွားတစ်ခုကိုပင် ပေးဆပ်ခဲ့ခြင်းမှာ သူမ၏ လက်အောက်ငယ်သားများအား မြို့ထဲတွင် ရည်ရွယ်ချက်မရှိလျှောက်သွားရန်သက်သက် မဖြစ်နိုင်ပေ။

" ဖြစ်နိုင်တာက..." အရှင်ချင်းဖန်၏ စိတ်ထဲမှ ခန့်မှန်းချက်တစ်ခုပေါ်လာသည်။

ထိုအချိန်တွင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့အဖွဲ့က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရှေ့သို့ ရောက်လာသည်။ ယခင်ကဲ့သို့ သူတို့က ပြန်လည်ထွက်သွားခြင်းမရှိတော့ဘဲ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမကို စတင်တိုက်ခိုက်လိုက်သည်။

" ဟမ့် မင်းတို့ကများ ငါ့တပည့်ကို တိုက်ခိုက်ချင်တယ်ပေါ့လေ။ " အရှင်ချင်းဖန်က နှာခေါင်းရှုံ့လိုက်သည်။ သူကိုယ်တိုင်ပင် ထိုခန်းမ၏ အစီအရင်ကို အခိုင်မာဆုံးနေရာတစ်ခုဖြစ်အောင် ပြင်ဆင်ထားခြင်းဖြစ်သည်။

အမှန်တကယ်ပင် ထိုအဖွဲ့က ကာကွယ်ရေးအစီအရင်ကို မြင်သောအခါ သူတို့၏ ကြိုးစားမှုကို ချက်ချင်း လက်လျှော့လိုက်ကြသည်။ ထိုအချိန်တွင် လင်းယွမ်က ရုတ်တရက် ခန်းမထဲမှ ထွက်လာသည်။

နောက်ဆက်တွဲအဖြစ်အပျက်များက အရှင်ချင်းဖန်ကို တုန်လှုပ်သွားစေခဲ့သည်။ လင်းယွမ်က လက်ဝါးချက်အနည်းငယ်ဖြင့် သူတို့ကို အမှုန့်ဖြစ်အောင် လုပ်ပစ်လိုက်သည်။ ထို့နောက် အရှင်ဇီမန်က ကိုယ်ပွားတစ်ခု ဆင်းသက်လာခဲ့သော်လည်း လင်းယွမ်၏ လက်ဝါးချက်အောက်တွင် သေဆုံးသွားခဲ့သည်။

အရှင်ဇီမန်က မဟာအရှင်သခင်အဆင့်ဖြစ်သည်။ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများထက် များစွာ ကျော်လွန်နေသည်။

အချိန်များက ပုံမှန်အတိုင်း ​ပြန်လည်စီးဆင်းလာပြီး အရှင်ချင်းဖန်ကလည်း တိတ်ဆိတ်သွားခဲ့သည်။

" ငါ့တပည့်က မဟာအရှင်သခင်တစ်ယောက်လား။ " အရှင်ချင်းဖန်က မယုံကြည်နိုင်ဖြစ်နေသည်။

အရှင်ဇီမန်နှင့် သူမ၏ တပည့်များက အရှင်ချင်းဖန်မှာ မြို့ထဲတွင် မဟာအရှင်သခင်တစ်ယောက် ဝှက်ထားသည်ဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော် အရှင်ချင်းဖန်က ထိုသို့သော အရာမျိုးမလုပ်ခဲ့သည်ကို သူကိုယ်တိုင်အသိဆုံး ဖြစ်သည်။

ထို့အပြင် လင်းယွမ်က သူမကြာသေးမီက လက်ခံခဲ့သော တပည့်တစ်ယောက်ဖြစ်သည်။ ထိုအရာများက ငြင်းမရသော အမှန်တရားများဖြစ်သည်။

" မဟုတ်ဘူး။ ငါ့တပည့်က မဟာအရှင်သခင်မဟုတ်ဘူး။ " အရှင်ချင်းဖန်က အသက်အနှစ်သာရကို စစ်ဆေးသော အစီအရင်မှ အချက်ပေးမှု တစ်စုံတစ်ရာမရှိသည်ကို သတိပြုမိလေသည်။

" မဟာအရှင်သခင်မဟုတ်ဘဲ ဒီလိုစွမ်းအားမျိုးရှိတာလား။ " အရှင်ချင်းဖန်က သူမြင်တွေ့ခဲ့ရသော မြင်ကွင်းများကို သေချာပြန်လည်စဉ်းစားနေသည်။

" လီယန်နတ်ခန္ဓာက ဒီလောက်မြန်မြန် နိုးထလာတာလား။ " အရှင်ချင်းဖန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ " ဒါက သွေးမျိုးဆက် လီယန်သွေးမျိုးဆက်ကြောင့်လား။ "

လီယန်ရှေးဟောင်းနိုင်ငံတွင် လီယန်မျိုးစေ့ကို စုစည်းနိုင်သူတိုင်းတွင် လီယန်သွေးမျိုးဆက်အနည်းငယ် ရှိတတ်သည်။ သို့သော် သာမန်လူများအတွက် ထိုသွေးမျိုးဆက်အနည်းငယ်က အလွန်အမင်း အားနည်းလှသည်။

လီယန်ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မိသားစုက နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်နိုင်ခြင်းမှာ သူတို့၏ လီယန်သွေးမျိုးဆက်က အမြင့်ဆုံးတွင် ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ခြွင်းချက်များလည်းရှိနေသည်။

တော်ဝင်မိသားစုမဟုတ်လျှင်တောင် အချို့သူများက သွေးမျိုးဆက်နိုးထခြင်းကို ကြုံတွေ့နိုင်သည်။ ထိုသို့နိုးထလာလျှင် လီယန်သွေးမျိုးဆက်ကလည်း အလွန်အစွမ်းထက်လာပြီး လီယန်မျိုးစေ့များကို ထူးခြားစွာ စုစည်းနိုင်ပေလိမ့်မည်။ ထို့အပြင် လီယန်နတ်ခန္ဓာ၏ နိုးထမှုနှုန်းမှာလည်း ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လာပေလိမ့်မည်။ ထိုသို့ဖြင့် နောက်ဆုံးတွင် နိုးထလာသော လီယန်နတ်ခန္ဓာကလည်း အခြားသူများထက် ပိုမိုအစွမ်းထက်သည်။

မြင့်မားသော လီယန်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများက ကြီးမားသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ပြီး အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသည့်အပြင် အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းလည်း ရှိကြသည်။

" ငါ့တပည့်ရဲ့ လီယန်သွေးမျိုးဆက်က ကြောက်စရာကောင်းအောင် သိပ်သည်းသွားတာလား။ " အရှင်ချင်းဖန်က စိတ်ထဲမှ ခန့်မှန်းကြည့်နေသည်။

ထိုအကြောင်းရင်းတစ်ခုကြောင့်သာ လင်းယွမ်က လီယန်မျိုးစေ့များစွာကို စုစည်းနိုင်ခြင်းဖြစ်သည်။ သူက မဟာအရှင်သခင်အဆင့် တည်ရှိမှုကို အသက်အနှစ်သာရကို မခံစားနိုင်သည့်အကြောင်းရင်းမှာ လင်းယွမ်က မဟာအရှင်သခင်တစ်ယောက်မဟုတ်ဘဲ လီယန်သွေးမျိုးဆက်ရှိသည့် လွှမ်းမိုးခြင်းအဆင့်ရှိသူဖြစ်နေသောကြောင့်ဖြစ်သည်။

" ဒါပေမယ့် လွှမ်းမိုးခြင်းအဆင့်မှာ မဟာအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ဖို့ဆိုရင် ငါ့တပည့်ရဲ့ လီယန်သွေးမျိုးဆက် သိပ်သည်းမှုက တော်ဝင်မျိုးနွယ်တွေနဲ့ တစ်တန်းတည်းဖြစ်နေရမယ်။ " အရှင်ချင်းဖန်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

အဆင့်ကျော်တိုက်ခိုက်နိုင်ခြင်းမှာ မိမိရောက်ရှိနေသော အဆင့်နှင့် သက်ဆိုင်သည်။ လွှမ်းမိုးခြင်းအဆင့်နှင့် မဟာအရှင်သခင်အဆင့်က တစ်ဆင့်သာ ကွာခြားသော်လည်း ထိုကွာခြားချက်က ကြီးမားလွန်းလှသည်။ လီယန်တော်ဝင်မျိုးနွယ်များကြားမှာပင် ထိုသို့သော စွမ်းဆောင်နိုင်သူက အလွန်ပင်ရှားပါးလွန်းလှသည်။

" ငါ ချင်းဖန်က လီယန်တော်ဝင်မျိုးဆက်တွေနဲ့ ယှဉ်နိုင်တဲ့ တပည့်တစ်ယောက်ကို လက်ခံခဲ့မိလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ " အရှင်ချင်းဖန်က စိတ်လှုပ်ရှားသွားမိသည်။

လီယန်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူများက ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ရှိသည့်အပြင် သူတို့၏ ကြီးထွားမှုနှုန်းကလည်း အတားအဆီးမရှိသလောက်ပင်ဖြစ်သည်။ သူတို့က ကျင့်ကြံခြင်းမလုပ်ဘဲ နေရောင်အောက်တွင် တစ်ချိန်လုံး စားသောက်နေလျှင်တောင် လွှမ်းမိုးခြင်းအဆင့်ကို လျင်မြန်စွာ တိုးတက်လာနိုင်သည်။

မဟာအရှင်သခင်အတွက်မူ ကြိုးစားအားထုတ်မှုအနည်းငယ် ပြုလုပ်လျှင် ရရှိနိုင်သောအရာဖြစ်သည်။ အခြားသူများက မဟာအရှင်သခင်အဆင့်သို့ တက်လှမ်းရန် အရင်းအမြစ်များနှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သော်လည်း ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးနွယ်များအတွက်မူ ထိုသို့မဟုတ်ပေ။

လီယန်သွေးမျိုးဆက် ရှိသူများက ထူးကဲသော ပါရမီနှင့် စွမ်းရည်ကို ပိုင်ဆိုင်ထားကြသော်လည်း သူတို့၏ အမြင့်ဆုံးကန့်သတ်ချက်မှာ မဟာအရှင်သခင်အဆင့်မျှသာ ဖြစ်သည်။ နတ်ဘုရားအရှင်သခင်အဆင့်က သွေးမျိုးဆက်တစ်ခုတည်း မဖြစ်နိုင်ပေ။

သို့သော် လီယန်တော်ဝင်မျိုးနွယ်မှ လူတစ်ယောက်က မဟာအရှင်သခင်အဆင့်တွင် ရှိနေသော်လည်း သူတို့က မဟာအရှင်သခင်အဆင့်တွင် ပြိုင်ဘက်ကင်းပြီး နတ်ဘုရားအရှင်သခင်များကိုပင် စိန်ခေါ်နိုင်စွမ်းရှိကြသည်။

" ငါ့ရဲ့ ကံတရားကတော့..." အရှင်ချင်းဖန်၏ အတွေးများက လှုပ်ရှားနေသည်။

သူက မဟာအရှင်သခင်အဆင့်တွင် ပြိုင်ဘက်ကင်းဖြစ်လာမည့် တပည့်တစ်ယောက်ကို ရရှိလိုက်သည်။ အရှင်ချင်းဖန်က အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

All Chapters