← Chapters

သိုင်းတာအိုလမ်းစဉ်ခွဲ ၉၉ခု....

Vol. 58 Ch. 843

သိုင်းတာအိုလမ်းစဉ်ခွဲ ၉၉ခု....

Vol. 58 Ch. 843

" မဟာအရှင်သခင်ဟုန်ယဲ ဒါက မဟာအစီအရင်သလင်းကျောက်ပါ။ " လင်းယွမ်က သူ၏လက်ကို ဖြန့်လိုက်ပြီး မဟာအစီအရင်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။

ထိုအချိန်တွင် လင်းယွမ်က မဟာအစီအရင်သလင်းကျောက်အတွင်းပါရှိသော မဟာအစီအရင်များအားလုံးကို ဖျက်ထားပြီးပြီဖြစ်သည်။ ၎င်းက ချင်းဖန်မြို့၏ မဟာအစီအရင်များ၏ လျို့ဝှက်ချက်ကို ထိန်းသိမ်းခြင်းဖြစ်သည်။

" အင်း " ဟုန်ယဲက မျက်လုံးများ တောက်ပသွားပြီး မဟာအစီအရင်သလင်းကျောက်ကို ကြည့်ရှုကာ ခေါင်းညိမ့်လိုက်သည်။ " ဒါက တကယ် မဟာအစီအရင်သလင်းကျောက်ပဲ။ "

လက်ရှိတွင် သူက ဖရိုဖရဲမီးတောက်နှင့် ဖရိုဖရဲအသက်တာအိုကိုလမ်းစဉ် နှစ်ခုလုံးတွင် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ တိုးတက်မှုအတွက် ထိုးထွင်းသိမြင်မှုများ ရရှိနိုင်မလားဟူသော ရည်ရွယ်ချက်ဖြင့် အခြားလမ်းစဉ်များကို လေ့လာရန် ရည်ရွယ်ထားခြင်းဖြစ်သ​ည်။

အစီအရင်နှင့် ပက်သက်သော ရတနာများထဲတွင် မဟာအစီအရင်သလင်းကျောက်က အစီအရင်များ၏ ရင်းမြစ်အဖြစ် ချီးကျူးခံရပြီး အစီအရင်ဆရာသခင်များ၏ ကြိုးစားအားထုတ်မှု ရလဒ်ဖြစ်သည်။ ၎င်းအတွင်းရှိ အစီအရင်များကို ဖျက်ပစ်သော်လည်း မဟာအစီအရင်သလင်းကျောက်ကိုယ်တိုင်ကပင် အံ့ဩဖွယ်ကောင်းလောက်အောင် ရှုပ်ထွေးလှသော အစီအရင်တစ်ခုဖြစ်သည်။

" ဒီမှာပါ။ " ဟုန်ယဲက လင်းယွမ်တောင်းဆိုထားသော အရင်းအမြစ်များပါဝင်သည့် သိုလှောင်လက်ပတ်တစ်ခုကို ထုတ်ပေးလိုက်သည်။

လင်းယွမ်က လက်ပတ်ကို စစ်ဆေးပြီးနောက် သိမ်းဆည်းလိုက်သည်။

" မဟာအရှင်သခင်ဟုန်ယဲ ဒီမဟာအစီအရင်သလင်းကျောက်က ရိုးရိုးသားသား နည်းလမ်းနဲ့ရခဲ့တာ မဟုတ်ပါဘူး။ " လင်းယွမ်က အရှင်ချင်းဖန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ယခုအချိန်တွင် အပြင်လူများမှာ ဇီမန်နယ်မြေက ချင်းဖန်မြို့ကို တိုက်ခိုက်ခဲ့သည်ဟုသာ သိကြပြီး ဇီမန်နယ်မြေမှ ပေးဆပ်ခဲ့ရသော တန်ဖိုးအပါအဝင် အသေးစိတ်အချက်အလက်များကို မသိကြပေ။ အရှင်ချင်းဖန်နှင့် လင်းယွမ်တို့က ထိုကိစ္စကို လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ဇီမန်နယ်​မြေကလည်း မဟာအစီအရင်သလင်းကျောက်ကို ဆုံးရှုံးလိုက်ရသည်ကို ကြေညာမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ မဟာအစီအရင်သလင်းကျောက်က ဇီမန်နယ်မြေမှ လာခြင်းဖြစ်ပြီး ရှေးဟောင်းနိုင်ငံ၏ အထက်တန်းလွှာများနှင့် ဆက်စပ်နေသောကြောင့် မဟာအရှင်သခင်ဟုန်ယဲအား အသိပေးရန် လိုအပ်သည်။

" ဒါကို ဘယ်လိုနည်းလမ်းနဲ့ ရခဲ့တာလဲ။ " ဟုန်ယဲက စိတ်ဝင်စားသွားသည်။

ထို့နောက် လင်းယွမ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အကျဉ်းချုပ်ပြောပြလိုက်သည်။

" ဟားဟား ဒီလိုသေးငယ်တဲ့ ကိစ္စတွေကို မင်းတို့ စိတ်ပူစရာမလိုပါဘူး။ " ဟုန်ယဲက ရယ်မောကာပြောဆိုလိုက်သည်။

သူက မည်သည့်အနှောင်အဖွဲ့မှမရှိဘဲ လွတ်လပ်သူဖြစ်ကာ ရှေးဟောင်းနိုင်ငံများက သူ့ကို အမိန့်မပေးနိုင်ပေ။ မဟာအစီအရင်သလင်းကျောက်က ဘယ်ကလာသလဲဆိုတာ အရေးမကြီးပေ။ သူလက်ထဲရောက်လာလျှင် သူပစ္စည်းသာဖြစ်သည်။

" ဒါဆို ကိစ္စမရှိပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အချို့မဟာအရှင်သခင်များက မလိုအပ်သော ပြဿနာများကို မလိုလားကြသော်လည်း မဟာအရှင်သခင်ဟုန်ယဲက ထိုသို့ဖြစ်ပုံမရပေ။ ထို့နောက် သူတို့က အရောင်းအဝယ်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

" ချင်းဖန် ဒီလိုတပည့်မျိုးကို လေ့ကျင့်ပေးဖို့ မင်းအတော်လေး အားစိုက်ခဲ့ရမှာပဲ။ " ဟုန်ယဲက မထွက်ခွာမီ အရှင်ချင်းဖန်ကို ပြောလိုက်သည်။

" အတော်လေးအားစိုက်ခဲ့ရတယ် ဟုတ်လား။ " အရှင်ချင်းဖန်က ရုတ်တရက် မလုံမလဲ ခံစားလိုက်ရသည်။ အရင်းအမြစ်များ ထောက်ပံ့သည်မှ လွဲ၍ သူက များများစားစား သိပ်မလုပ်ခဲ့ပေ။

" ငါလည်း ငါ့ရဲ့ ပညာရပ်တွေ ဆက်ခံဖို့ တပည့်တစ်ယောက် ရှာသင့်ပြီထင်တယ်။ " ဟုန်ယဲက သက်ပြင်းချပြီး ပြောလိုက်သည်။

အရောင်းအဝယ်ကိစ္စပြီးနောက် လင်းယွမ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမသို့ ပြန်လာခဲ့သည်။

" ဒီအရင်းအမြစ်တွေက ငါ့ရဲ့ ကျင့်ကြံမှုကို အချိန်အတော်ကြာအောင် ထောက်ပံ့ပေးနိုင်မှာပဲ။ " လင်းယွမ်က လက်ပတ်အတွင်းမှ အရင်းအမြစ်များကို ကြည့်လိုက်သည်။

မဟာအစီအရင်သလင်းကျောက်ကို ရရှိရန် ဟုန်ယဲက ရက်ရက်ရောရော ပေးခဲ့ခြင်းဖြစ်သည်။ လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိသော်လည်း အရင်းအမြစ်သုံးစွဲမှုမှာ အဆင့်တူများထက် များစွာ သာလွန်နေသည်။

" အခုကစပြီး လွှမ်းမိုးခြင်းအဆင့်ကို မရောက်မချင်း တံခါးပိတ်ကျင့်ကြံတော့မယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။

မဟာအရှင်သခင်ဟုန်ယဲ၏ ခွန်အားကို မြင်တွေ့ပြီးနောက် လင်းယွမ်က ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။ သူ၏ ခွန်အားက မဟာအရှင်သခင်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဟုန်ယဲကဲ့သို့ မဟာအရှင်သခင် အထွတ်အထိပ်တစ်ယောက်နှင့် ယှဉ်လျှင် ကွာခြားနေဆဲ ဖြစ်သည်။

" လွှမ်းမိုးခြင်းအဆင့်.... ငါသာ လွှမ်းမိုးခြင်းအဆင့်ကို ရောက်ရင် မဟာအရှင်သခင်ဟုန်ယဲနဲ့ တန်းတူ ရပ်နိုင်လောက်ပြီ။ "

အကယ်၍ သူက ဖရိုဖရဲအဆင့်သို့ တက်လှမ်းပြီး သူ၏ နည်းစနစ်များဖြင့်ဆိုလျှင် နတ်ဘုရားအရှင်သခင်တစ်ယောက်ကိုပင် ယှဉ်နိုင်ပေလိမ့်မည်။

ဖရိုဖရဲဟင်းလင်းပြင်၊ ကုမင်ဖရိုဖရဲကုန်းမြေ၏ ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က ထိုင်၍ ကမ္ဘာ၏ အသေးစိတ်အချက်အလက်များကို ကြည့်ရှုနေသည်။

" အခုဆို ငါက သိုင်းတာအိုလမ်းစဉ်ခွဲ ၉၉ခုကို ဖန်တီးပြီးသွားပြီ။ တစ်ခုချင်းစီက အလွှာဆယ့်နှစ်ကို ရောက်နိုင်စွမ်းရှိသလို အချို့ကတော့ လွှမ်းမိုးခြင်းအဆင့်နဲ့ ဖရိုဖရဲအဆင့်အထိ ရောက်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

သိုင်းတာအိုလမ်းစဉ်ခွဲ ကိုးခုကို လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကို ပေးအပ်ထားခြင်းဖြစ်ပြီး ကျန်သော ကိုးဆယ်က လူသာမျိုးနွယ်၏ မရေတွက်နိုင်သော ပြည်သူများကြားတွင် စတင်ပျံ့နှံ့နေပြီဖြစ်သည်။ သိုင်းတာအိုလမ်းစဉ်ခွဲ ၉၉ခု နယ်ပယ်များစွာကို လွှမ်းခြုံထားသဖြင့် လူသားမျိုးနွယ်အတွက် အချိန်အတော်ကြာ အသုံးပြုရန် လုံလောက်သည်။

" လမ်းစဉ်ကို ဖြန့်ဝေတယ်။ " လင်းယွမ်က အဆုံးမရှိ တောက်ပနေသော အလင်းစက်များနှင့် ပြည့်နှက်နေသော အခြားဒိုင်မန်းရှင်းတစ်ခုကို အာရုံခံမိလိုက်သည်။ ထိုအလင်းစက်တစ်ခုစီက သိုင်းတာအိုကျင့်ကြံသူတစ်ယောက်စီကို ကိုယ်စားပြုသည်။

" ဒါကမလုံလောက်သေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

သူ၏ ခွန်အားနှင့် နယ်ပယ်တိုးတက်လာသည်နှင့်အမျှ ကျင့်ကြံခြင်းလမ်းစဉ် သို့မဟုတ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဟု ခေါ်ဆိုသောအရာမှာ အနှစ်သာရအားဖြင့် အမှောင်ထဲသို့ ခရီးနှင်ခြင်းသာဖြစ်သည်။

ရှေ့လူများက နောက်လူများအတွက် လမ်းပြပေးနိုင်သည်။ သို့သော် လမ်းသစ်ကို ထွင်းဖောက်ခဲ့သော ရှေ့ဆောင်သူများအတွက် အဘယ်နည်း။ သူတို့အတွက် ရှင်းလင်းသော ဦးတည်ချက်မရှိ ကြိုတင်သတ်မှတ်ထားသော မှန်ကန်သည့် လမ်းကြောင်းမရှိပေ။ သူတို့က အမှောင်ထဲတွင် စမ်းတဝါးဝါး လျှောက်လှမ်းနေခြင်းသာဖြစ်ပြီး အချိန်မရွေး လမ်းပျောက်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။

ထိုသို့သောအချိန်တွင် မိမိကိုယ်မိမိ ထိန်းထားနိုင်မည့် ကျောက်ဆူးတစ်ခုကို ရရှိရန်မှာ အလွန်အရေးကြီးလှသည်။ လင်းယွမ်အတွက်မူ မရေတွက်နိုင်သော သိုင်းတာအိုကျင့်ကြံသူများက သူ၏ သေခြင်းတရားကိုပင် ကျော်လွန်နိုင်သော ကျောက်ဆူးတစ်ခုအဖြစ် ရှိနေကြခြင်းဖြစ်သည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်အတွင်းမှာပဲ ပျံ့နှံ့နေမယ်ဆိုရင် အရှိန်အဟုန်က အရမ်းနှေးကွေးနေဦးမှာပဲ။ "

လူသားမျိုးနွယ်တစ်ခုလုံးရှိ နိုင်ငံသားအားလုံးက သိုင်းတာအိုကို ကျင့်ကြံကြလျှင်တောင် လင်းယွမ်ကဲ့သို့ ကြီးမားသော သက်ရှိတည်ရှိမှုကို ထိန်းထားနိုင်မည့် ခိုင်မာသော ကျောက်ဆူးတစ်ခုဖြစ်လာရန် ခက်ခဲနေသေးသည်။

" လမ်းစဉ်တစ်သောင်းခန်းမ။ " လင်းယွမ်က တွေးလိုက်သည်။

လမ်းစဉ်တစ်သောင်းခန်းမက ဖရိုဖရဲကုန်းမြေများစွာတွင် ပျံ့နှံ့နေပြီး ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး လွှမ်းခြုံထားသည်ဟု ဆိုနိုင်သည်။ သူတို့၏ အရှိန်အဝါနှင့်ဆိုလျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပျံ့နှံ့စေရန် ပိုမိုလွယ်ကူပေလိမ့်မည်။

" ငါ လမ်းစဉ်တစ်သောင်းခန်းမကို သွားကြည့်ဖို့ လိုတယ်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။

လမ်းစဉ်တစ်သောင်းခန်းမက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အမျိုးမျိုးကို ရောင်းချရုံတင်မကဘဲ စုဆောင်းခြင်းလည်း ပြုလုပ်သည်။ လင်းယွမ်က ကိုယ်ပွားတစ်ခုကို စုစည်းပြီး ကုမင်ဖရိုဖရဲကုန်းမြေသို့ ဦးတည်သွားသည်။

" လမ်းစဉ်တစ်သောင်းခန်းမ..." လင်းယွမ်က သူ၏ ရှေ့မှ ခမ်းနားထည်ဝါသော ခန်းမကြီးကို ကြည့်လိုက်သည်။

" အံ့ဩစရာပဲ။ " လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမကို ကြည့်လိုက်သည့်အ​ကြိမ်တိုင်း မတူညီသော ခံစားချက်များကို ရရှိသည်။

အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမ၏ ကြောက်စရာကောင်းသော သဘာဝကို ပိုမိုအာရုံခံမိလာခဲ့သည်။ ရွှမ်ဟွမ်မျိုးနွယ်မှ ချန်ခဲ့သော မှတ်တမ်းများအရ လမ်းစဉ်တစ်သောင်းခန်းမကို မလိုအပ်ဘဲ ရန်မစမိစေရန် သတိပေးထားခဲ့သည်။

ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်သော ဧကရာဇ်ရွှမ်ဟွမ်ပင် လမ်းစဉ်တစ်သောင်းခန်းမကို အလွန်သတိထားခဲ့သည်။ သို့သော် မည်သူဖြစ်စေ လမ်းစဉ်တစ်သောင်းခန်းမ၏ စည်းမျဉ်းများကို မချိုးဖောက်သရွေ့ ပြဿနာမရှိပေ။ သူတို့က တရားမျှတပြီး ကုန်သွယ်မှုကို တန်ဖိုးထားသူများသာ ဖြစ်သည်။

လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမထဲသို့ ဝင်ရောက်သွားသည်။ ထိုစဉ် ခန်းမအတွင်း၌ အလွန်စည်ကားနေပြီး အလွှာဆယ့်နှစ်များ ဝင်ထွက်သွားလာနေကြသည်။ အလွှာဆယ့်နှစ် အင်အားကြီးသူများက သူတို့၏ မျိုးဆက်များအတွက် သင့်လျော်သော ကျင့်ကြံခြင်းလမ်းစဉ်များရှာဖွေရန် လမ်းစဉ်တစ်သောင်းခန်းမသို့ လာရောက်ကြခြင်းဖြစ်သည်။

အလွှာဆယ့်နှစ် အင်အားကြီးသူများက မရေတွက်နိုင်သော စကြာဝဠာခေတ်များတစ်လျှောက် တိုးတက်မှုမရှိဘဲ အတားအဆီးတစ်ခုတွင် ပိတ်မိနေကြသည်။ အဓိကအကြောင်းရင်းမှာ သူတို့လျှောက်လှမ်းနေသော လမ်းစဉ်က သူတို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့်ပင်ဖြစ်သည်။ သူတို့၏ နိယာမနားလည်မှုများ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က အထွတ်အထိပ်သို့ ရောက်နေသော်လည်း အဆင့်တက်နိုင်ခြင်းမရှိကြပေ။ ထို့ကြောင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ပြောင်းလဲရန် ဆုံးဖြတ်ကြခြင်းဖြစ်သည်။

All Chapters