ယုမိသားစုတစ်ခုလုံး တုန်လှုပ်သွားခြင်း...
Vol. 58 Ch. 840
" အခုကစပြီး ငါ့ကို စီနီယာအကိုကြီးလို့ မခေါ်ကြနဲ့။ " ဖုန်းဝမ်ရှင်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
အရှင်ချင်းဖန်၏ တပည့်များကြားတွင် ခွန်အားကို အလေးထားကြသည်။ ယခင်က မသိခဲ့ကြသော်လည်း ယခု လင်းယွမ်က မဟာအရှင်သခင်တစ်ယောက်မှန်း သိသွားကြပြီဖြစ်သည်။ ဖုန်းဝမ်ရှင်းက သူ့ကိုသူ စီနီယာအကိုကြီးအဖြစ် ဆက်လက်သတ်မှတ်ရန် မဝံ့ရဲတော့ပေ။
ယုမိသားစု။
လင်းယွမ်က အရှင်ချင်းဖန်၏ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့်အချိန်မှစ၍ ယုမိသားစု၏ နေ့ရက်များက အလွန်သက်သောင့်သက်သာရှိလှသည်။ မဟာအရှင်သခင် ချင်းဖန်ကိုယ်တိုင် သူတို့၏ မျိုးဆက်ကို တပည့်အဖြစ် ခေါ်ဆောင်သွားခြင်းဖြစ်ဖြစ်သည်။
" ချင်းဖန်မြို့တော်က ကျယ်ပြောပြီး ရှုပ်ထွေးနေတာ။ ယုရန်တစ်ယောက် အဲ့ဒီနေရာနဲ့ အသားကျပါ့မလား ငါတွေးမိတယ်။ " ဝေချီလင်းက စိုးရိမ်မှုများနှင့် သက်ပြင်းချလိုက်သည်။
" ကြီးမားတဲ့ အောင်မြင်မှုကို လိုချင်ရင် ပိုကြီးမားတဲ့ နေရာကို သွားရမှာပဲ။ " ယုရှောင်လုံးက ဘေးမှ ပြောလိုက်သည်။
" သူသာ ယုမိသားစုမှာ နေမယ်ဆိုရင် သူ့ရဲ့ ပါရမီဘယ်လောက်ပဲကောင်းကောင်း သူ့ရဲ့ အလားအလာက အကန့်အသတ်ရှိနေမှာပဲ။ အကောင်းဆုံးတွေ ဖြစ်လာရင်တောင် ဘိုးဘေးတွေအဆင့်လောက်ပဲ ရောက်နိုင်လိမ့်မယ်။ "
" ချင်းဖန်မြို့ကို သွားပြီး အရှင်ချင်းဖန်ရဲ့ အနားမှာနေရင် ယုရန်က လွှမ်းမိုးခြင်းအဆင့်ကို တက်လှမ်းဖို့ အခွင့်အရေးရှိတယ်။ ဒါမှမဟုတ်..."
ယုရန်က မဟာအရှင်သခင်အဆင့်ကို ထိတွေ့နိုင်ရန် မျှော်လင့်ချက်ရှိသည်ဟူသော စကားကို ယုရှောင်လုံက ဆက်မပြောပေ။
" ငါက နည်းနည်းစိုးရိမ်လို့ပါ။ " ဝေချီလင်းက ပြောလိုက်သည်။ " ယုရန်က ချင်းဖန်မြို့မှာ အနိုင်ကျင့်ခံရမှာစိုးလို့ပါ။ သူက သိပ်မသန်မာသေးဘူးလေ။ "
" အနိုင်ကျင့်ခံရမယ်ဟုတ်လား။ " ယုရှောင်လုံက ခဏတိတ်ဆိတ်သွားသည်။
အရှင်ချင်းဖန်၏ မျက်နှာသာပေးမှုနှင့်ဆိုလျှင် အပေါ်ယံအားဖြင့် ယုရန်ကို ဘယ်သူမှ အနိုင်ကျင့်ရဲမည်မဟုတ်ပေ။ သို့သော် ကောက်ကျစ်သော နည်းလမ်းများနှင့်ဆိုလျှင် ဘယ်သူမှမသိနိုင်ပေ။ တောအုပ်ထဲတွင် အမြင့်ဆုံးသစ်ပင်က အရင်ဆုံးခုတ်ခံရသည်ဟူသော စကားပုံကဲ့သို့ ဖြစ်သည်။
အရှင်ချင်းဖန်က ယုရန်ကို မျက်နှာသာပေးနေလျှင် အခြားစီနီယာတပည့်များက ဘယ်လိုတွေးကြမလဲ။ အချိန်တိုအတွင်း ကိစ္စမရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခွန်အားမရှိဘဲ မျက်နှာသာပေးမှုက ကောင်းချီးတစ်ခုထက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
" ဒါကတော့..." ယုရှောင်လုံကလည်း အနည်းငယ် စိုးရိမ်သွားမိသည်။
ထိုအချိန်တွင် အပြင်ဘက်မှ အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက ယုမိသားစု၏ အိမ်ထဲသို့ ဝင်ရောက်လာသည်။
" ခေါင်းဆောင်... ချင်းဖန်မြို့တော်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားပြီ။ " ထိုလူက ပြင်ပမှ သတင်းအချက်အလက်များ စုဆောင်းရန် တာဝန်ပေးထားသော ယုမိသားစုဝင်တစ်ယောက်ဖြစ်သည်။
" ချင်းဖန်မြို့က အရေးကြီးတဲ့ကိစ္စလား။ " ယုရှောင်လုံက စိတ်ထဲမှ တင်းကျပ်သွားသည်။
" ဘယ်လိုအရေးကြီးတဲ့ ကိစ္စမျိုးဖြစ်ခဲ့တာလဲ။ " ယုမိသားစု၏ ဘိုးဘေးများကလည်း ပေါ်လာကြပြီး သူတို့၏ မျက်နှာများကလည်း လေးနက်နေကြသည်။
" သခင်လေးယန် သခင်လေးယန်က...." ယုမိသားစုဝင်မှာ စကားမပြောနိုင်ဖြစ်နေပြီး သူရရှိခဲ့သောသတင်းကိုလည်း မယုံကြည်နိုင်ဖြစ်နေသည်။
" ယုရန် ဘာဖြစ်လို့လဲ။ " ယုရှောင်လုံက မျက်မှောင်ကြုတ်သွားသည်။
" သခင်လေးရန်က မဟာအရှင်သခင်ဖြစ်သွားပြီ။ " ယုမိသားစုဝင်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး တုန်ယင်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ယုမိသားစုဝင်အားလုံးက တိတ်ဆိတ်သွားကြသည်။ ယုရန်က မဟာအရှင်သခင်တစ်ယောက်လား။
" မင်း အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလား။ " ယုရှောင်လုံက ချက်ချင်း တုန့်ပြန်လိုက်သည်။
" ခေါင်းဆောင် ဒါက လုံးဝအမှန်တရားပါ။ အရှင်ချင်းဖန်ကိုယ်တိုင် ပြောခဲ့တာပါ။ " ထိုလူက ချက်ချင်း ပြန်ပြောလိုက်သည်။
သူလည်း ထိုသတင်းကို စတင်ရရှိချိန်တွင် လိမ်ညာနေသည်ဟု ထင်ခဲ့သော်လည်း သူက ၎င်းကို အကြိမ်ကြိမ် အတည်ပြုခဲ့သည်။ အထူးသဖြင့် ဇီမန်နယ်မြေကြောင့် ချင်းဖန်မြို့က ဖရိုဖရဲဖြစ်သွားခြင်းနှင့်ပက်သက်၍ သခင်လေးရန်က မဟာအရှင်သခင်တစ်ယောက်ဖြစ်လာသည်မှာ ငြင်းမရနိုင်လောက်အောင် ရှင်းလင်းသွားခဲ့သည်။
" ငါထပ်ပြီး စုံစမ်းကြည့်လိုက်ဦးမယ်။ " ယုမိသားစု၏ ဘိုးဘေးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချင်းဖန်မြို့မှ သတင်းကို အတည်ပြုရန် သူတို့၏ အဆက်အသွယ်များကို ချက်ချင်း ဆက်သွယ်လိုက်ကြသည်။ ယုရှောင်လုံကလည်း ထိုနည်းတူ လုပ်ဆောင်ခဲ့သည်။
ခဏကြာတွင် ယုမိသားစု၏ ဘိုးဘေးများက မျက်လုံးများ ဖွင့်လိုက်ကြပြီး သူတို့၏ မျက်နှာများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာကြသည်။ အမှန်တရားမှာ သူတို့စုံစမ်းခြင်းမပြုမီ အခြားမိသားစုများက ယုမိသားစုကို ဆက်သွယ်လာပြီး သတင်းပေးခြင်းနှင့် ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားလာကြသည်။
" မဟာအရှင်သခင်... ယုရန်က တကယ် မဟာအရှင်သခင်တစ်ယောက် တကယ်ဖြစ်လာပြီ။ "
" အရှင်ချင်းဖန်ရဲ့ စကားအရ သူက ယုမိသားစုနားက ဖြတ်သွားချိန်မှာ ယုရန်ရဲ့ ပါရမီကို လွန်ခဲ့တဲ့နှစ်တွေကတည်းက သတိပြုမိခဲ့ပြီး တပည့်အဖြစ် လက်ခံခဲ့တာပေါ့။ "
" ဒါပေမယ့် ယုရန် မဟာအရှင်သခင်အဆင့်ကို မရောက်ခင် ဒီကြောင်းကို လျို့ဝှက်ထားပြီး အခုမှ ယုရန်ကို လာခေါ်သွားခဲ့တာပဲ။ "
" ယုရန်က ယုမိသားစုထဲမှာနေရင်း မဟာအရှင်သခင်အဆင့်ကို တက်လှမ်းသွားခဲ့တာလား။ ဒီလိုအော်ရာကို ဖုံးကွယ်နိုင်တာ ဘိုးဘေးတွေဖြစ်တဲ့ ငါတို့တောင် သတိမပြုမိခဲ့ဘူးပဲ။ "
" ပြီးတော့ တုန်ယန်မိသားစုက ယုရန်ကို လုပ်ကြံဖို့တောင် ကြိုးစားခဲ့သေးတယ်။ မဟာအရှင်သခင်တစ်ယောက်ကို လုပ်ကြံဖို့လား။ ဟားဟား အဲ့ဒီတုန်းက ယုရန်က သူတို့ကို ပြန်တိုက်ဖို့ စိတ်မဝင်စားခဲ့တာ သူတို့ကံကောင်းတာပဲ။ "
ယုမိသားစု၏ ဘိုးဘေးများက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြပေ။ သူတို့က ထိုကိစ္စကို သံသယဝင်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ အရှင်ချင်းဖန်၏ တိတ်တဆိတ် ပျိုးထောင်မှုနှင့် လမ်းညွှန်မှုတို့ဖြင့် လင်းယွမ်က မဟာအရှင်သခင်အဆင့်ကို မတက်လှမ်းနိုင်စရာ အကြောင်းမရှိပေ။
" ငါ့သားက မဟာအရှင်သခင်အဆင့်ကို တက်လှမ်းသွားပြီလား။ " ယုရှောင်လုံကလည်း အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ယုရန်..." ဝေချီလင်းကလည်း အလားတူ စိတ်လှုပ်ရှားနေသည်။ နယ်မြေတစ်ခုလုံးတွင် မဟာအရှင်သခင်တစ်ယောက်ကို အနိုင်ကျင့်ရဲသူ ရှိမည်မဟုတ်ပေ။
" အင်အားစုတော်တော်များများက ယုမိသားစုကို လာလည်ဖို့ ပြင်ဆင်နေကြပြီ။ " ဘိုးဘေးတစ်ယောက်က ပြောလိုက်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ မဟာအရှင်သခင်ယုရန်ကို လာရောက်ဂုဏ်ပြုခြင်းပင်ဖြစ်သည်။
" ဘိုးဘေး ကျွန်တော်အထင် အခုလောလောဆယ် အရေးကြီးဆုံးတာဝန်က ယုမိသားစုရဲ့ အခြေအနေကို ပြန်လည်ပြုပြင်ဖို့ပဲ။ "
အရှင်ချင်းဖန်က လင်းယွမ်ကို ချင်းဖန်မြို့သို့ ခေါ်ဆောင်သွားချိန်တွင် ယုမိသားစုက ပထမအဆင့် မိသားစုတစ်ခုဖြစ်လာပြီး မိသားစုဝင်အချို့မှာ ပို၍ မောက်မာလာကြသည်။
ယုရှောင်လုံက ၎င်းကို အနှေးနှင့်အမြန် ဖြေင်ရှင်းရန် ရည်ရွယ်ထားသော်လည်း ယခု ယုရင်က မဟာအရှင်သခင်တစ်ယောက်ဖြစ်လာချိန်တွင် ထိုကိစ္စက နှောင့်နှေး၍ မရတော့သည်ကို သူနားလည်လိုက်သည်။ အကယ်၍ ထိုကိစ္စကို လွှတ်ထားလျှင် ယုမိသားစုဝင်အချို့က လင်းယွမ်၏ ကျော်ကြားမှုကို အသုံးချပြီး မကောင်းမှုများ ကျူးလွန်လာနိုင်သည်။
ယုရှောင်လုံက အခြေအနေကို ကောင်းစွာ နားလည်သည်။ သူက လင်းယွမ်ကို များစွာ မကူညီနိုင်သော်လည်း လင်းယွမ်၏ ဂုဏ်သိက္ခာကျဆင်းမည့်အရေးကို သူခွင့်ပြုနိုင်မည်မဟုတ်ပေ။
" သေချာတာပေါ့။ " ယုမိသားစု၏ ဘိုးဘေးများကလည်း ခေါင်းညိမ့်လိုက်ကြသည်။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမတွင် လင်းယွမ်နှင့် အရှင်ချင်းဖန်တို့က ထိုင်နေကြသည်။
" ဒါဆို ဇီမန်နယ်မြေက အဲ့ဒီကိစ္စကို အစကတည်းက စီစဉ်ခဲ့တာပေါ့။ " အရှင်ချင်းဖန်က လင်းယွမ်၏ လက်ထဲမှ မဟာအစီအရင်သလင်းကျောက်ကို ကြည့်ပြီး ထိတ်လန့်သွားမိသည်။
အရှင်ဇီမန်က အရှင်ချင်းဖန်ကို အချိန်ဆွဲရန် သူမ၏ မူလခန္ဓာကိုယ်မှ အနှစ်သာရအချို့ကို အသုံးပြုခဲ့ပြီး ချင်းဖန်မြို့ကို ဖရိုဖရဲဖြစ်စေရန် ရုပ်သေးရုပ်ရာချီကို စေလွှတ်ခဲ့သည်။ နောက်ကွယ်တွင် သူမ၏ တပည့်များက မဟာအစီအရင်သလင်းကျောက်ကို အသုံးပြု၍ ချင်ဖန်မြို့၏ မဟာအစီအရင်ကို ပုံတူကူးယူခဲ့သည်။
ချင်းဖန်မြို့၏ မဟာအစီအရင်က အရှင်ဇီမန်၏ လက်ထဲသို့ ကျရောက်သွာသည်နှင့် ချင်းဖန်မြို့၏ ကာကွယ်ရေးအစီအရင်များက အသုံးဝင်တော့မည်မဟုတ်ပေ။ ထိုသို့သော ရလဒ်က ခန့်မှန်း၍ပင်မရနိုင်ပေ။ အရှင်ဖီမန်က မဟာအရှင်သခင်အချို့ကို စုစည်းပြီး ချင်းဖန်မြို့ကို အလွယ်တကူထိုးဖောက်ကာ ဖျက်ဆီးသွားပေလိမ့်မည်။
" ကျွန်တော်ကံကောင်းသွားတာလို့ထင်တယ်။ " လင်းယွမ်က ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီ၏ လက်ထဲမှ မဟာအစီအရင်သလင်းကျောက်ကို မြင်လိုက်ရသည်နှင့် သူတို့၏ အစီအစဉ်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
" မင်းဒီမှာရှိနေလို့ တော်သေးတာပေါ့။ " အရှင်ချင်းဖန်က စိတ်သက်သာရာရဟန်ဖြင့် ပြောလိုက်သည်။
အကယ်၍ ဇီမန်နယ်မြေ၏ အစီအစဉ်သာ အောင်မြင်သွားခဲ့လျှင် သူတို့က ယခုကဲ့သို့ အေးအေးဆေးဆေး ထိုင်နေနိုင်မည်မဟုတ်ပေ။
" ဒီတစ်ခါ ဇီမန်နယ်မြေက ကြီးကြီးမားမား ဆုံးရှုံးသွားတာပဲ။ ဒီမဟာအစီအရင်သလင်းကျောက်က ရှေးဟောင်းနိုင်ငံရဲ့ အထက်လူကြီးတွေ ပေးအပ်ထားတာဖြစ်လိမ့်မယ်။ ဒါကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဇီမန်က ပြင်းထန်တဲ့ ပစ်ဒဏ်ကို ခံရလိမ့်မယ်။ "
" ငါ သူမ ဖန်တီးထားတဲ့ အိပ်မက်ထဲက လွတ်မြောက်တဲ့အချိန်မှာ သူမမျက်နှာကဖြူဖတ်သွားတာ မထူးဆန်းပါဘူး။ " အရှင်ချင်းဖန်က ပြုံး၍ ပြောလိုက်သည်။
" ဒီမဟာအစီအရင်သလင်းကျောက်က တကယ် ဘယ်လောက်တန်ဖိုးရှိလို့လဲ။ " လင်းယွမ်က သူ၏ လက်ထဲရှိ သလင်းကျောက်ကို ပွတ်သပ်ပြီ မေးလိုက်သည်။
ထိုသလင်းကျောက်က အင်အားစုများအတွက် အရေးပါသော်လည်း လင်းယွမ်အတွက်မူ ပုဂ္ဂိုလ်ရေးအရ အဓိပ္ပါယ်သိပ်မရှိပေ။ ၎င်းအတွင်းမှပါရှိသော မဟာအစီအရင်များကိုလည်း လင်းယွမ်က ရရှိပြီးနောက် မကြာမီ နားလည်သွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် သူက သလင်းကျောက်အတွင်းမှ အစီအရင်များကို စိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်ပြီဖြစ်သည်။