← Chapters

မဟာအရှင်သခင်ဟုန်ယဲ....

Vol. 58 Ch. 842

မဟာအရှင်သခင်ဟုန်ယဲ....

Vol. 58 Ch. 842

" တန်ဖိုးအနည်းဆုံးနဲ့ သိမ်းပိုက်ဖို့ မဖြစ်နိုင်ရင် ငါတို့ ပုံမှန်အတိုင်းပဲ တိုက်ခိုက်ကြတာပေါ့။ " စိတ်ဝိညာဉ်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။

သူက ဘုရင်အဖြစ် အသစ်တက်လှမ်းလာသူဖြစ်ပြီး မဟာအရှင်သခင်အဆင့်နှင့် တက်လှမ်းလာသူဖြစ်ရာ သူ၏ ဂုဏ်သတင်းနှင့် ခွန်အားမှာ အသိအမှတ်ပြုခံရမှု အားနည်းနေဆဲ ဖြစ်သည်။ သူ၏ ရပ်တည်မှုကို ခိုင်မာစေရန်အတွက် စစ်ပွဲတစ်ခုကို သူအရေးတကြီး လိုအပ်နေသည်။

ရှေးဟောင်းနိုင်ငံများအားလုံးတွင် အခြားသူများအတွက် တော်ဝင်သွေးမျိုးဆက်က မြင့်မြတ်ပြီး ထိပါး၍ မရပေ။ သို့သော် မဟာအရှင်သခင်နှင့် ကောင်းကင်အရှင်သခင်များကြားတွင် တော်ဝင်သွေးမျိုးဆက်ဆိုသည်မှာ ကံကောင်းမှုတစ်ခုသာဖြစ်ပြီး ဘိုးဘေးသွေးမျိုးဆက် အနည်းငယ် ပိုမိုသိပ်သည်းနေခြင်းထက် မပိုပေ။

သူတို့အားလုံး၏ သွေးကြောထဲတွင် တည်ထောင်သူဘိုးဘေး၏ သွေးများစီးဆင်းနေပြီး သွေးမျိုးဆက်က ပိုမိုသန့်စင်လျှင်တောင် ခွန်အား သို့မဟုတ် ကျော်ကြားမှုမရှိလျှင် ဘယ်သူမှအမိန့်နာခံမည်မဟုတ်ပေ။

၎င်းက နတ်ဘုရားအရှင်သခင်များအတွက် ပို၍ မှန်ကန်သည်။ သူတို့၏ ခွန်အားမှာ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေပြီး ပင်မတော်ဝင်မျိုးဆက်များပင် သူတို့၏ စွမ်းအားကို ယှဉ်ပြိုင်နိုင်ရုံမျှသာဖြစ်သည်။ သူတို့က ပုံမှန်အားဖြင့် တော်ဝင်မိသားစုကို သိပ်ဂရုစိုက်လေ့မရှိပေ။ သူတို့အနေဖြင့် ဘွဲ့ချီးမြှင့်ခြင်းကို လက်ခံခြင်းမှာ ရှေးဟောင်းနိုင်ငံ၏ တည်ထောင်သူဘိုးဘေးကို လေးစားသောကြောင့်ဖြစ်သည်။

" ပုံမှန်အတိုင်း တိုက်ခိုက်မယ်။ " အရှင်ဇီမန်နှင့် အခြားသူများ၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။ ၎င်းက ရှေးဟောင်းနိုင်ငံနှစ်ခုကြား စစ်ပွဲက မရှောင်လွှဲနိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။ သေချာသည်မှာ ၎င်းက ဒေသတွင်းစစ်ပွဲတစ်ခုသာ ဖြစ်ပြီး အများဆုံး နယ်မြေဆယ်ခုကျော်အတွင်းသာ ဖြစ်ပွားပေလိမ့်မည်။

" ငါ ဘုရင်ဘွဲ့အပ်နှင်းခံရတာ မကြာသေးဘူး။ ပုံမှန်ဆို ငါ သတိထားပြီး လှုပ်ရှားသင့်တာ မှန်ပေမယ့် အချိန်က အလုံအလောက်မရှိဘူး။ "

စိတ်ဝိညာဉ်ဘုရင်က တွေးလိုက်သည်။ " နောက်ထပ်နှစ်တစ်သန်းအတွင်းမှာ ခမည်းတော်က နန်းစွန့်တော့မယ်။ အဲ့ဒီအချိန်ကျရင် ဧကရာဇ်အသစ်ကို တော်ဝင်ဘုရင်တွေထဲက ရွေးချယ်လိမ့်မယ်။ "

ရင်းမြစ်ကမ္ဘာမှ ရှေးဟောင်းနိုင်ငံများ၏ ဧကရာဇ်များက နှစ်ပေါင်း သန်သုံးရာထက် ပို၍ နန်းမစံကြပေ။ နှစ်ပေါင်းသန်းသုံးရာကျော်လွန်သည်နှင့် နောက်ထပ်ဧကရာဇ်ကို ဘုရင်များထဲမှ ရွေးချယ်ရမည်ဖြစ်သည်။

" ငါ့မှာ ကျော်ကြားမှုလည်းမရှိဘူး။ အာဏာလည်းမရှိဘူး။ ဧကရာဇ်လောင်းဖြစ်ဖို့ ငါ့မှာ အချိန်နှစ်တစ်သန်းပဲ ကျန်တော့တယ်။ ဒါက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ။ "

စိတ်ဝိညာဉ်ဘုရင်က ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ဖြစ်လာရန် ရည်မှန်းချက်အမြဲထားသူဖြစ်သည်။ ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်တစ်ပါးက တည်ထောင်သူဘိုးဘေးချီးမြှင့်ထားသော အမြင့်ဆုံးရတနာကို ကိုင်ဆောင်ခွင့်ရပြီး ၎င်းမှာ ကိုယ်ပိုင်ကျင့်ကြံမှုနှင့် သွေးမျိုးဆက်ကို ပိုမိုသန့်စင်ရန်အတွက် များစွာအကျိုးရှိသည်။

နတ်ဘုရားအရှင်သခင်များက တော်ဝင်မိသားစုကို လျစ်လျူရှုလျှင်တောင် တည်ထောင်သူဘိုးဘေး၏ ကိုယ်စားလှယ်နှင့် ဆင်တူသော ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ကိုမူ လျစ်လျူမရှုရဲကြပေ။

" ငါ့မှာ ကျော်ကြားမှုမရှိရင် ငါကိုယ်တိုင် တည်ဆောက်မယ်။ အလွယ်ဆုံးနည်းလမ်းကတော့ ရှေးဟောင်းနိုင်ငံရဲ့ နယ်မြေတွေကို ချဲ့ထွင်တာပဲ။ " စိတ်ဝိညာဉ်ဘုရင်က တွေးလိုက်သည်။

ချင်းဖန်နယ်မြေသာ သူ၏ လက်ထဲသို့ ရောက်လာခဲ့လျှင် အချိန်တိုအတွင်း ပတ်ဝန်းကျင်ရှိ နယ်မြေများစွာအထိ ဩဇာလွှမ်းမိုးနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သူက ရှေးဟောင်းနိုင်ငံကို နယ်မြေများစွာ သိမ်းပိုက်ပေးနိုင်ခြင်းက ဧကရာဇ်လောင်းဖြစ်လာရန် အခွင့်အရေးရှိနိုင်သည်။

" အရှင်မင်းသားက စစ်ပွဲစတင်ဖို့ စီစဉ်နေတာလား။ " အရှင်ဇီမန်က သတိကြီးစွာ မေးလိုက်သည်။

" ဘာဖြစ်လို့လဲ။ " စိတ်ဝိညာဉ်ဘုရင်က အရှင်ဇီမန်ကို တစ်ချက် ကြည့်လိုက်သည်။

" ဘာမှမဟုတ်ပါဘူး။ စစ်ပွဲတစ်ခုအတွက် ပြင်ဆင်ဖို့က အချိန်အများကြီး လိုအပ်လို့ပါ..." အရှင်ဇီမန်က ပြောလိုက်သည်။

အကယ်၍ သူတို့၏ မူလအစီအစဉ်တိုင်းသာ အောင်မြင်ခဲ့လျှင် ချင်းဖန်မြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ပေလိမ့်မည်။ သို့သော် စစ်ပွဲဆိုသည်မှာ ထောက်ပံ့ပို့ဆောင်ရေးနှင့် ပြင်ဆင်မှုဆိုင်ရာ စိန်ခေါ်မှုများစွာ လိုအပ်သည်။ တစ်ဖက်ရန်သူမှာလည်း ပြင်ဆင်ရန် အချိန်ရသွားမည်ဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်မှုများစွာ ဖြစ်ပေါ်လာပေလိမ့်မည်။

" ဒါဆို ချက်ချင်း သွားပြီး ပြင်ဆင်တော့။ " စိတ်ဝိညာဉ်ဘုရင်က မျက်မှောင်ကြုတ်ပြီး အခြားပုံရိပ်များကို ကြည့်လိုက်သည်။ " ဒီစစ်ပွဲအတွက် မင်းတို့အားလုံး အချိန်မရွေး လှုပ်ရှားနိုင်အောင် ပြင်ဆင်ထားပါ။ "

" နားလည်ပါပြီ။ " အခြားပုံရိပ်များကလည်း ပြန်ပြောလိုက်ကြသည်။

တော်ဝင်ဘုရင်တစ်ပါးအနေဖြင့် စိတ်ဝိညာဉ်ဘုရင်တွင် စစ်ပွဲစတင်ရန် အခွင့်အာဏာရှိသည်။ သို့သော် စစ်ရှုံးပြီး ရှေးဟောင်းနိုင်ငံက ဆုံးရှုံးမှုကြီးမားခဲ့လျှင် စိတ်ဝိညာဉ်ဘုရင်က တာဝန်အပြည့်အဝ ယူရမည်ဖြစ်သည်။

တစ်ဖက်တွင် စစ်နိုင်ခဲ့လျှင် စိတ်ဝိညာဉ်ဘုရင်က ကြီးမားသော ဆုလာဘ်ကို ရရှိပေလိမ့်မည်။ သို့သော် တော်ဝင်ဘုရင်များက စစ်ပွဲစတင်ရန် ပေါ့ပေါ့တန်တန် မလုပ်ဆောင်ကြပေ။ အန္တရာယ်က အလွန်ကြီးမားပြီး အောင်ပွဲမှာ အာမခံချက်မရှိပေ။

စိတ်ဝိညာဉ်ဘုရင်က သူ၏ ကျော်ကြားမှုကို မြှင့်တင်ရန် အလျင်လိုနေသဖြင့် ဤအန္တရာယ်ကို တွက်ချက်ကာ စွန့်စားနေခြင်းဖြစ်သည်။

ချင်းဖန်မြို့။ လင်းယွမ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမအတွင်း ကျင့်ကြံနေခဲ့သည်။ ထိုအချိန်တွင် အရှင်ချင်းဖန်၏ အသံက ထွက်ပေါ်လာသည်။

" ယုရန် ခဏလာခဲ့ဦး။ "

လင်းယွမ်က ချက်ချင်း တုန့်ပြန်လိုက်ပြီး ခန်းမမှ ထွက်ကာ မြို့စားအိမ်တော်ဆီသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာက အရှင်ချင်းဖန် ကျင့်ကြံနေသောနေရာဖြစ်သည်။ ထိုအချိန်တွင် အိမ်တော်အတွင်း၌ ပုံရိပ်နှစ်ခု စကားပြောနေခဲ့သည်။

ဘယ်ဘက်မှပုံရိပ်က အရှင်ချင်းဖန်ဖြစ်ပြီး ညာဘက်မှပုံရိပ်က သာမန်ပုံစံရှိသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်သည်။ ထိုလူက သူ၏ အော်ရာကို ထိန်းချုပ်ထားသဖြင့် သာမန်လူတစ်ယောက်ဟု ထင်ရသော်လည်း သူ၏ မျက်လုံးများက တည်ငြိမ်နေပြီး ကမ္ဘာတစ်ခုကို သယ်ဆောင်ထားသကဲ့သို့ ရှိနေသည်။

ထိုနေရာတွင် ထိုင်နေရင်း သူက ပတ်ဝန်းကျင် လေဟာနယ်မှတစ်ဆင့် အကန့်အသတ်မဲ့သော အသက်စွမ်းအားများကို ထုတ်လွှတ်​နေသဖြင့် အခြားသူများကို အလိုအလျောက် နီးကပ်သွားလိုစိတ်ကို ဖြစ်ပေါ်စေသည်။

" မဟာအရှင်သခင်ဟုန်ယဲလား။ " လင်းယွမ်က ထိုအမျိုးသားကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားသည်။

ကောင်းကင်လောင်ကျွမ်းခြင်းခန်းမရှိ ကျမ်းစာများထဲတွင် မဟာအရှင်သခင်နှင့် နတ်ဘုရားအရှင်များအကြောင်း အသေးစိတ်ရေးသားထားသော မှတ်တမ်းတစ်ခုရှိသည်။ ထိုသူများထဲတွင် မဟာအရှင်သခင်ဟုန်ယဲက အထူးပင်ကျော်ကြားလှသည်။

မဟာအရှင်သခင်က ကန့်သတ်ချက်များအောက်တွင် နေရခြင်းကို မနှစ်သက်သဖြင့် တရားဝင်ဘွဲ့များ လက်ခံခဲ့ခြင်းမရှိဘဲ မည်သည့်ရှေးဟောင်းနိုင်ငံတွင်မှ မြို့စားဘွဲ့ကို လက်ခံခဲ့ခြင်းမရှိပေ။

ခွန်အားအရဆိုလျှင် မဟာအရှင်သခင်ဟုန်ယဲက အရှင်ချင်းဖန်ထက် ကျော်လွန်သည်။ အကြောင်းမှာ သူက ဖရိုဖရဲမီးတောက်နှင့် ဖရိုဖရဲအသက်လမ်းစဉ်နှစ်ခုလုံးကို နားလည်ထားသောကြောင့် ဖြစ်သည်။ ဖရိုဖရဲနိယာမကို အခြေခံအဖြစ် အသုံးပြုပြီး မရေတွက်နိုင်သော တာအိုများကို ဆင့်ကဲပြောင်းလဲစေခြင်းဖြင့် ၎င်းက ရင်းမြစ်ကမ္ဘာရှိ မဟာအရှင်သခင်များ လျှောက်လှမ်းရန် ရည်မှန်းထားသော လမ်းစဉ်ဖြစ်သည်။

" ယုရန် အကိုဟုန်ယဲက မင်းရဲ့ မဟာအစီအရင်သလင်းကျောက်ကို အတော်လေး စိတ်ဝင်စားနေတယ်။ " အရှင်ချင်းဖန်က စကားစလိုက်သည်။

" မဟာအရှင်သခင် ဟုန်ယဲ..." လင်းယွမ်က ချက်ချင်း နှုတ်ဆက်လိုက်သည်။ သူက မဟာအရှင်သခင်ဟုန်ယဲကို လေ့လာလိုက်ရာ သူ၏ ခန္ဓာကိုယ်ထဲတွင် တောက်လောင်နေသော အပူနှင့် အသက်စွမ်းအား နှစ်မျိုးလုံးစီးဆင်းနေသည်ကို အာရုံခံမိသည်။

" ဖရိုဖရဲမီးတောက်ကို လောင်ကျွမ်းဖို့ ဖရိုဖရဲအသက်စွမ်းအားကို လောင်စာအဖြစ် အသုံးပြုတာလား။ မဟာအရှင်သခင်ဟုန်ယဲရဲ့ ခွန်အားက တကယ်ကြောက်စရာကောင်းတာပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

သူစုဆောင်းထားသော အခြေခံနှင့် နည်းစနစ်များစွာဖြင့် မဟာအရှင်သခင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သော်လည်း နိယာမနားလည်မှုတွင် အစွမ်းထက်သော မဟာအရှင်သခင်များကို မမီပေ။ ထို့အပြင် မဟာအရှင်သခင်အဆင့် အထွတ်အထိပ်တွင် ရှိနေပြီး နတ်ဘုရားအရှင်သခင်အဆင့်နှင့် နီးစပ်နေပြီဖြစ်သည်။

" မဟာအရှင်သခင် ယုရန်..." ဟုန်ယဲကလည်း အသစ်တက်လှမ်းလာသော မဟာအရှင်သခင်လင်းယွမ်ကို လေ့လာနေခဲ့သည်။

" ဟင်..." ဟုန်ယဲ၏ စိတ်ထဲတွင် အနည်းငယ် အံ့ဩသွားသည်။

သူက လင်းယွမ်ထံမှ ဖရိုဖရဲနိယာမ ဆင့်ကဲပြောင်းလဲမှုလှိုင်းများကို အာရုံမခံမိခဲ့ပေ။ ၎င်းကို ဖုံးကွယ်နိုင်သော နည်းစနစ်များရှိသောကြောင့် ကျိုးကြောင်းဆီလျော်သည်။ သို့သော် ဟုန်ယဲက လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ နက်ရှိုင်းသော အော်ရာတစ်ခုကို အာရုံခံမိလိုက်သည်။

" ဘယ်လိုတောင် ထူးခြားတဲ့ ခန္ဓာကိုယ်လဲ။ အရည်အသွေးမြင့်မားတဲ့ လီယန်နတ်ခန္ဓာအပြင် နက်ရှိုင်းတဲ့အခြေခံတွေ ပါဝင်နေတယ်။ " ဟုန်ယဲက တိတ်တဆိတ် တွေးလိုက်သည်။

သူ၏ အဆင့်နှင့် လင်းယွမ်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိဘဲ အတွင်းစကြာဝဠာကိုလည်း မမြင်နိုင်ပေ။ သို့သော် လင်းယွမ်ထံမှ ထွက်ပေါ်နေသာ နက်ရှိုင်းမှုက ကမ္ဘာထက်ပင် ကျော်လွန်နေသကဲ့သို့ သူခံစားလိုက်ရသည်။

" သူက အခုမှတက်လှမ်းလာတဲ့ မဟာအရှင်သခင်တစ်ယောက်ဆိုပေမယ့် ဒီလိုခိုင်မာတဲ့ အခြေခံနဲ့ဆို အနာဂတ်မှာ မဟာအရှင်သခင်အထွတ်အထိပ်ကို ရောက်ဖို့ သိပ်ခက်ခဲမှာမဟုတ်ဘူး။ " ဟုန်ယဲက တွေးလိုက်သည်။

တစ်ချိန်တည်းတွင် သူက အရှင်ချင်းဖန်ကို ကြည့်လိုက်သည်။ သူက အရှင်ချင်းဖန်နှင့် ခင်မင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ထိုကဲ့သို့ တပည့်မျိုးကို ပျိုးထောင်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

မိမိကိုယ်တိုင် ကျင့်ကြံမှုကို ကျွမ်းကျင်ခြင်းနှင့် အခြားသူများကို သင်ကြားပေးခြင်းတို့မှာ ကွဲပြားသော အရာနှစ်ခုဖြစ်သည်။ မဟာအရှင်သခင်သုံးယောက်က ထိုင်လိုက်ကြပြီး အပြန်အလှန် နှုတ်ဆက်ကာ စကားအချို့ ပြောလိုက်ကြသည်။

All Chapters