← Chapters

အချိန်စက်ဝန်းမှ ရုန်းထွက်ရန်...

Vol. 58 Ch. 845

အချိန်စက်ဝန်းမှ ရုန်းထွက်ရန်...

Vol. 58 Ch. 845

လင်းယွမ်က စောင့်ဆိုင်နေစဉ် သူ၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး အခြားဟင်းလင်းပြင်တစ်ခုသို့ ရောက်သွားခဲ့သည်။

" ဒါဘယ်နေရာလဲ။ " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။

ပတ်ဝန်းကျင်တွင် လျို့ဝှက်ဆန်းကြယ်သော အမှတ်အသားများက ဖြည်းညင်းစွာ လည်ပတ်နေကြသည်။ ဤနေရာတွင် သူက ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ်ပြတ်သွားသကဲ့သို့ ခံစားခဲ့ရပြီး မူလခန္ဓာကိုယ်နှင့် ဆက်သွယ်မှုပင် အားနည်းသွားသည်။

" မထိတ်လန့်ပါနဲ့။ " အသံတစ်ခုထွက်ပေါ်လာသည်။

လင်းယွမ်က လှမ်းကြည့်လိုက်သောအခါ ဝိုင်ဘူးကို ကိုင်ဆောင်ထားသော အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။

" လမ်းစဉ်တစ်သောင်းခန်းမသခင်လား။ "လင်းယွမ်က ထိုအဘိုးအိုကို မှတ်မိလိုက်သည်။ ကုမင်ဖရိုဖရဲကုန်းမြေတွင် မည်သူများမထိပါးရဲသူများထဲတွင် ပါဝင်နေသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

လင်းယွမ်က အဘိုးအို၏ အထက်သို့ ကြည့်လိုက်ရာ ဝဲဂယက်တစ်ခုထဲတွင် ကြီးမားသော ရွှေရောင်မျက်လုံးတစ်ခု ရှိနေသည်။

" လမ်းစဉ်တစ်သောင်းမျက်လုံး။ " လင်းယွမ်က စိတ်ထဲမှ ထိတ်လန့်သွားသည်။

လမ်းစဉ်တစ်သောင်းခန်းမ၏ အမြင့်ဆုံးထိန်းချုပ်သူအကြောင်းကို အခြားသူများသိရှိသူ အလွန်နည်းပါးသော်လည်း ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့က ကောင်းစွာသိရှိကြပြီး သေချာသတိပေးထားခဲ့သည်။

" မင်းက ငါ့ကို သိနေတဲ့ပုံပဲ။ " လမ်စဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

" လမ်းစဉ်တစ်သောင်းမျက်လုံးကို ဂါရဝပြုပါတယ်။ " လင်းယွမ်က အနည်းငယ် ဦးညွှတ်လိုက်သည်။

ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင် လမ်းစဉ်တစ်သောင်းမျက်လုံးနှင့် ရင်ဆိုင်ရချိန်တွင် အရိုအသေပေးရလေသည်။ ထို့ကြောင့် လင်းယွမ်ကလည်း ရိုင်းစိုင်းစွာ ပြုမူခြင်းမရှိပေ။

" အင်း လမ်းစဉ်ခွဲတွေကို ဖန်တီးနိုင်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက သာမန်အရင်းအမြစ်ကနေ လာတာမဟုတ်လောက်ဘူး။ မင်းငါ့အကြောင်းသိနေတာ သဘာဝကျပါတယ်။ "

လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို စိုက်ကြည့်နေသည်။ ၎င်း၏ ကျော်ကြားမှုမှာ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် လွှမ်းမိုးခြင်းအဆင့်များအတွက် စိမ်းနေနိုင်သော်လည်း ဖရိုဖရဲအရှင်သခင်၊ ဖရိုဖရဲမဟာသူတော်စင်နှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များအတွက်မူ ရင်းနှီးမှုရှိပေသည်။

ထိုစကားများကို ကြားသောအခါ လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သေခြင်းရှင်ခြင်းသိုင်းတာအိုလမ်းစဉ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ ခွဲထွက်လာသည်ကို လမ်းစဉ်တစ်သောင်းမျက်လုံးက သိနေသည်။ သို့သော် ၎င်းက လက်ခံနိုင်စရာပင်ဖြစ်သည်။

ဧကရာဇ်ရွှမ်ဟွမ်၏ ခန့်မှန်းချက်အရ လမ်းစဉ်တစ်သောင်းမျက်လုံးက အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် ဆက်စပ်နေနိုင်သောကြောင့် လမ်းစဉ်များအား ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။

" ငါ့ရဲ့ လမ်းစဉ်တစ်သောင်းခန်းမကို အသုံးပြုပြီး မင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ချင်တာလား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက တိုက်ရိုက်မေးလိုက်သည်။

" မှန်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ဝန်ခံလိုက်သည်။

" မရေတွက်နိုင်တဲ့ စကြာဝဠာခေတ်တွေ ဖရိုဖရဲစက်ဝန်းတွေ တစ်လျှောက်မှာ မင်းလိုပဲ ငါ့ရဲ့ လမ်းစဉ်တစ်သောင်းခန်းမကို အသုံးပြုပြီး သူတို့ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ဖြန့်ကျက်ချင်တဲ့ သက်ရှိတွေ အများကြီးရှိခဲ့ဖူးတယ်။ "

" သူတို့ထဲက အများစုက ဖရိုဖရဲအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေကြပြီ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။

" ဖရိုဖရဲအဆင့် အထွတ်အထိပ်လား။ " လင်းယွမ်က အံ့အားသင့်သွားသည်။

ဖရိုဖရဲအဆင့် အထွတ်အထိပ်ဆိုသည်မှာ ဖရိုဖရဲမဟာသူတော်စင်ကို ဆိုလိုခြင်းဖြစ်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အခြေခံအားဖြင့် ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်နေကြသော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက ဖရိုဖရဲ မဟာသူတော်စင်များထက် များစွာ သာလွန်နေပြီဖြစ်သည်။

ယခုအချိန်ထိ လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ပါးသာ တွေ့ခဲ့ဖူးသည်။ သူတို့က ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင်ဖြစ်သည်။ ဖရိုဖရဲအရှင်သခင်များက ဖရိုဖရဲမဟာသူတော်စင်များရှေ့တွင် လွတ်မြောက်ရုံသာ တတ်နိုင်ကြသည်။

" ဒါပေမယ့် အချို့က အချိန်စက်ဝန်းထဲမှာ ပိတ်မိနေကြတယ်။ ရှင်တာလည်းမဟုတ် သေတာလည်းမဟုတ်ဘဲ ထာဝရနှိပ်စက်ခံနေရတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ဆက်ပြောလိုက်သည်။

" အချိန်စက်ဝန်းထဲမှာ ပိတ်မိတာလား။ " လင်းယွမ်က နားမလည်နိုင်ဖြစ်သွားသည်။

" အလွှာဆယ့်နှစ်ကနေ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ဆိုရင် လူတစ်ယောက်က ကိုယ်ပိုင်အချိန်စက်ဝန်းထဲက ရုန်းထွက်နိုင်ရမယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက တည်ငြိမ်စွာ ပြောလိုက်သည်။

လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ အလွှာဆယ့်နှစ်မှ အလွှာဆယ့်သုံးသို့ တက်လှမ်းသည့် ထိုသို့သောအချက်အလက်များကို သူပထမဆုံး ကြားဖူးခြင်းဖြစ်သည်။

" တကယ်လို့ ရုန်းမထွက်နိုင်ရင် ဘာဖြစ်မှာလဲ။ " လင်းယွမ်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

" ကျရှုံးတာပေါ့။ မင်းက အချိန်စက်ဝန်းထဲမှာ ထာဝရပိတ်မိနေလိမ့်မယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြန်ဖြေလိုက်သည်။ " အမှန်တော့ အချိန်စက်ဝန်းထဲမှာ ပိတ်မိတာက နာကျင်စရာမရှိပါဘူး။ အဲ့ဒီထဲမှာ အရာအားလုံးက သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းပဲ သွားနေတာ။ ဖြစ်နိုင်ခြေအသစ်လည်း မရှိဘူး။ ဖြစ်ရပ်တွေက အဆုံးမရှိ ထပ်ခါတလဲလဲ ဖြစ်ပျက်နေတာပဲ။ "

" ကြည့်ရတာ တကယ်မနာကျင်ရဘူးပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သို့သော် ဖရိုဖရဲအဆင့် အထွတ်အထိပ်များအတွက်မူ ထိုအခြေအနေက သေခြင်းတရားထက်ပင် ဆိုးရွားလှသည်။

" မင်းအနေနဲ့ နည်းနည်းသိထားရင်ရပါပြီ။ အသေးစိတ် သိထားဖို့တော့ မလိုသေးပါဘူး။ ဖရိုဖရဲအဆင့် အထွတ်အထိပ်တိုင်းက အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတဲ့အချိန်တိုင်း တစ်မူထူးခြားတဲ့ အချိန်စက်ဝန်ကို ရင်ဆိုင်ရတာပဲ။ ကြိုသိနေတာကလည်း ဘာအကျိုးကျေးဇူးမှ ရှိမှာ မဟုတ်ဘူး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်ကလည်း စဉ်းစားမိသည်။

အလွှာဆယ့်နှစ်မှ အလွှာဆယ့်သုံးသို့ တက်လှမ်းခြင်းနှင့်ပက်သက်၍ ရွှမ်ဟွမ်မျိုးနွယ် သို့မဟုတ် နတ်ဆိုးကျောက်စိမ်းမျှော်စင်တို့က မည်သည့်သတင်းအချက်အလက်မှ မချန်ခဲ့ခြင်းမှာ အံ့ဩစရာမရှိပေ။ အကြောင်းမှာ အလွှာဆယ့်နှစ် ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ မရောက်မချင်း အချက်အလက်များ ကြိုတင်သိထားခြင်းက အဓိပ္ပါယ်မရှိသောကြောင့် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်လျှင် အချက်အလက်များကို အလိုအလျောက် သိလာပေလိမ့်မည်။

" ဒါဆို ဧကရာဇ်ရွှမ်ဟွမ်နဲ့ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ ပျောက်ကွယ်သွားတာက သူတို့ အချိန်စက်ဝန်းထဲမှာ ပိတ်မိသွားတာဖြစ်နိုင်မလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

ယခုအချိန်ထိ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် အလွှာဆယ့်နှစ် တည်ရှိမှု တစ်ယောက်မှ မထွက်ပေါ်လာသေးသော်လည်း ဧကရာဇ်ရွှမ်ဟွမ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခြေအနေက အချိန်စက်ဝန်းထဲတွင် ပိတ်မိနေသော အခြေအနေနှင့် အလွန်ဆင်တူလေသည်။

" ကိုယ်ပိုင်လမ်းစဉ်ကို ဖြန့်ကျက်တာက အချိန်စက်ဝန်းကနေ ရုန်းထွက်ဖို့ အထောက်အကူဖြစ်စေတာလား။ " လင်းယွမ်က မေးလိုက်သည်။

" မင်း ဒီအထိတောင် လာပြီးပြီပဲ။ မေးနေဖို့ လိုသေးလို့လား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။ " အချိန်စက်ဝန်းထဲမှာ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းထွက်နိုင်ဖို့ဆိုတာ အခွင့်အရေး တကယ်နည်းပါးလွန်းတယ်။ "

" ဒါပေမယ့် ပြင်ပက ကျောက်ဆူးတွေ လမ်းပြအလင်းတွေကို အသုံးချတာက ရုန်းထွက်နိုင်ခြေကို မြင့်မားစေတယ်။ ဒါကြောင့် ဖရိုဖရဲအဆင့် တည်ရှိမှုတွေက ကြိုတင်ပြင်ဆင်ကြတယ်။ ငါ့ရဲ့ လမ်းစဉ်တစ်သောင်းခန်းမရဲ့ အရှိန်အဝါကို သုံးပြီး သူတို့ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ဖြန့်ကျက်ပြီး အလွှာဆယ့်သုံးကို တက်လှမ်းနိုင်မယ့် အခွင့်အလှမ်းကို မြှင့်တင်ကြတာပဲ။ "

လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ " ဒါပေမယ့် မင်းလို လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ပဲ ရှိသေးတဲ့သူက ကိုယ်ပိုင်လမ်းစဉ်ကို ဖြန့်ကျက်ဖို့ ကြိုးစားတာက အတော်လေးရှားပါးတဲ့ ကိစ္စပဲ။ "

၎င်းမှာ လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ယခုထိ စကားပြောနေရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ လမ်းစဉ်ခွဲထွက်ခြင်းသက်ရှိများက သူတို့၏ လမ်းဆုံးကို နားမလည်ကြသေးပေ။

အနာဂတ်တွင် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြောင်းလဲသွားမလားလည်း မဆုံးဖြတ်နိုင်ကြသေးပေ။ ထို့ကြောင့် ထိုအဆင့်ရှိ မည်သူမှ သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ကြခြင်းမရှိပေ။

ဖြန့်ကျက်နေစဉ် လမ်းခုလတ်တွင် ထိုလမ်းစဉ်က မိမိနှင့် မကိုက်ညီကြောင်း သိမြင်လာပြီး နောက်ထပ်လမ်းစဉ်တစ်ခုကို ပြောင်းလဲလိုက်လျှင် ယခင်သူတို့ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်သွားကြပေလိမ့်မည်။

လင်းယွမ်အနေဖြင့် ထိုသို့ လုပ်ဆောင်ရဲခြင်းမှာ အကြောင်းရင်းတစ်ခုသာ ရှိသည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူနှင့် လုံးဝကိုက်ညီသည်ဟု အကြွင်းမဲ့ ယုံကြည်သောကြောင့်ဖြစ်သည်။ ထိုသို့သော ယုံကြည်မှုမှ ကိုယ်ပိုင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကိုယ်တိုင်ဖန်တီးသူများသာ ရရှိနိုင်သော အရာဖြစ်သည်။

မိမိကိုယ်တိုင် ဖန်တီးထားသော လမ်းကြောင်းတစ်ခုသာ မိမိနှင့် လုံးဝ ကိုက်ညီနေမည်ဖြစ်သည်။ အခြားလမ်းစဉ်တစ်ခုကို လျောက်လှမ်းသူများက ဖရိုဖရဲအဆင့်ကို ရောက်မှသာ ထိုလမ်းစဉ်က သူတို့နှင့် ကိုက်ညီမှုရှိမရှိကို ယုံကြည်ကြသည်။

All Chapters