← Chapters

အခန်း (၃၆၆-၃၇၀)

Vol. 16 Ch. 366-370

အခန်း (၃၆၆-၃၇၀)

Vol. 16 Ch. 366-370

အပိုင်း၃၆၆

လုံရှီ၏ ကြယ်ခုနစ်ပွင့်တပ်

ကျိုးယာ့ထုံ လုံးဝငုတ်တုတ်မေ့နေခဲ့သည်။

သူမရှေ့တွင် မှန်တစ်ချပ်မရှိလျှင်ပင် သူမ၏မျက်နှာသည် ဤအချိန်၌ ကြောက်စရာကောင်းလောက်အောင် ဖြူလျော်နေမည်ကို သူမသိပေသည်။ သူမသည် မော်ကြွားပြီးစွမ်းဆောင်ရည်ရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ကြက်သွေးရောင် မီးတောက်မီလျှ ံအဖြစ် သူမကိုယ်တိုင်အတွက် နာမည်တစ်ခုတည်ဆောက်နိုင်ခဲ့မည် မဟုတ်ပေ။

တစ်လျှောက်လုံး တိဗက်များကို ရှုံးနိမ့်သွားခဲ့ရခြင်းမှာ သူမတို့၏ရန်သူသည် အလွန်အားကောင်းသောကြောင့်ဟု သူမထင်နေခဲ့သည်။ သူမတို့ကျူးလွန်မိခဲ့ကြသော အမှားကြီးတစ်ခုကြောင့်ဖြစ်မည်ဟု သူမဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။

သံသယရှိစရာမလိုအောင်ပင် ဝမ်ချောင်၏ စကားလုံးများက ကျိုးယာ့ထုံ၏ ဂုဏ်သိက္ခာအတွက် ထိုးနှက်မှုကြီးတစ်ခုဖြစ်သွားခဲ့သည်။

ဝမ်ချောင်၏ စကားများကို ငြင်းဆန်ရန် သူမပါးစပ်ဟလိုက်သော်လည်း ပြောစရာစကားလုံး တစ်လုံးမှ ရှာမတွေ့ခဲ့ပေ။

"...နောက်ပြီး အနားယူရာနေရာအထိ မင်းတို့ကိုလိုက်ဖမ်းမယ့်အစား အဲတောင်မှာ ကျန်နေဖို့ သူတို့ရွေးချယ်ခဲ့ကြတာက သူတို့ဟာ သနားကြင်နာတတ်ပြီး သူတို့ရဲ့အောင်ပွဲပိုရဖို့အခွင့်အရေးကို ဘယ်လိုအသုံးချရမလဲဆိုတာ မသိတာကြောင့်မဟုတ်ဘူး။ အဲဒါက သူတို့ဟာ အဲလိုမလုပ်ရဲတာကြောင့်ပဲ။"

"သူတို့ရဲ့တပ်ဖွဲ့မှာ လူသုံးရာပါဝင်နေတာက တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူး။ အဲဒါက ခံတပ်ချီစက်ကွင်းရဲ့အခြေခံပုံစံကို တည်ဆောက်ဖို့ သူတို့ရဲ့ချီစက်ကွင်းတွေကို အတူတကွ စည်းချက်ညီစေဖို့ သူတို့လိုအပ်တဲ့ အနိမ့်ဆုံးအင်အားပဲ။ အဲဒါကို သူတို့ရဲ့လေးလံတဲ့ချပ်ဝတ်တန်ဆာနဲ့ တွဲဖက်လိုက်တဲ့အခါမှာ ဘယ်လိုတပ်ဖွဲ့အတွက်မဆို သူတို့ကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေဖို့ ခက်ခဲသွားလိမ့်မယ်။"

"ဒါက တိဗက်တွေဟာ လူအင်အားအပြည့်ကျန်နေချိန်မှာ မင်းတို့ဟာ အဲလိုကြီးမားတဲ့ဆုံးရှုံးမှုတွေကို ဘာလို့ခံစားခဲ့ရသလဲဆိုတာရဲ့ အကြောင်းအရင်းပဲ။ အဲလိုပဲ မင်းအတွက် တိဗက်မြင်းစစ်သည်တွေက ဘာလို့ မင်းထက်သန်မာနေပုံပေါ်နေရသလဲဆိုတာရဲ့ အကြောင်းအရင်းပဲ။"

ဝမ်ချောင်၏ စကားလုံးများသည် ကျိုးယာ့ထုံ၏ စိတ်ဝိဉာဉ်ထဲသို့တိုးဝင်လာနေသော ဓားသွားများကဲ့သို့ပင်။ ဤအချိန်တွင် သူမ၏မျက်နှာသည် အရောင်လုံးဝမရှိတော့ပေ။

သူမသည် ထိုကဲ့သို့ အမှားကြီးတစ်ခုကိုပြုလုပ်ခဲ့မိမည်ဟု သူမလုံးဝမတွေးခဲ့ဖူးပေ။

ဝမ်ချောင်ကြောင့် မဟုတ်ခဲ့ပါက သူမသည် သူမ၏ရှုံးနိမ့်မှုနောက်ကွယ်ရှိ အကြောင်းပြချက်များကို မသိဘဲ လေ့ကျင့်ရေးစခန်းသို့ ပြန်သွားခဲ့ရပေလိမ့်မည်။

ထို့အပြင် ဤသည်က ကျိုးယာ့ထုံတွင်သာ ကန့်သတ်မထားခဲ့ပေ။ ပိုင်စီလင်၊ရှုကန်းနှင့်ဟွမ်ရုံတုတို့သည်လည်း ပြောမပြတတ်လောက်အောင် တုန်လှုပ်သွားခဲ့ကြသည်။

ထိုတိဗက်မြင်းစစ်သည်များကို ကိုယ်တိုင်မမြင်ခဲ့ရသေးသော်လည်း သူသည် အခြေအနေနောက်ကွယ်ရှိ အမှန်တရားကို လေ့လာသုံးသပ်နိုင်ခဲ့သေးသည်။

ထိုသို့သော စွမ်းဆောင်ရည်သည် သူတို့အတွက် မတွေးတတ်လောက်အောင်ပင်။ ဤသည်က သံမဏိဝတ်ရုံမြင်းစီးဓားပြများနှင့်ရင်ဆိုင်တိုက်ပွဲတွင် ဝမ်ချောင်ပြသခဲ့သည့် ထိုးထွင်း သိမြင်နိုင်စွမ်းထက် များစွာသာလွန်နေခဲ့၏။

'တကယ့်ကိုမယုံနိုင်စရာပဲ။ မြို့တော်မှာ ဒေသဆိုင်ရာတပ်မှူးများဖြစ်ရပ်ကို သူတစ်ကိုယ်တည်းစတင်ခဲ့ပြီးလှုံဆော်ခဲ့တယ်လို့ ကောလဟာလတွေရှိခဲ့တယ်။ အဲတုန်းက အဲဒီကောလဟာလတွေဟာ အလွန်အကျွံချဲ့ကားလွန်းတယ်လို့ ငါတွေးထင်ခဲ့တယ်။ အဆုံးမှာမြို့တော်အပြင်ဖက်ကို လုံးဝမထွက်ခဲ့ဖူးတဲ့ လူတစ်ယောက်က မဟာထန်ရဲ့လက်ရှိအခြေအနေကို လေ့လာသုံးသပ်ဖို့ထိုးထွင်းသိမြင်နိုင်စွမ်းဘယ်လိုလုပ်ရှိနိုင်မှာလဲ။ အဲဒါကြောင့် ဒါဟာမြို့စားကြီးကျူးက သူ့ကိုလမ်းခင်းပေးဖို့ကြိုးစားမှုတစ်ခုဖြစ်နိုင်တယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် အခုကြည့်ရတာတော့ ငါသူ့ကို အလွန်အကျွံလျှော့တွက်ထားမိခဲ့ပုံပဲ။'

'ငါက သူ့အတွက် တကယ်ပဲလုံးဝပြိုင်ဖက်မဟုတ်ဘူး'။

ဝမ်ချောင်ကိုကြည့်ကာ ရှုကန်း လေးနက်စွာသက်ပြင်းချလိုက်မိသည်။ သူတို့ပထမဆုံးတွေ့ဆုံစဉ်အခါက နိမ့်ကျသောဇစ်မြစ်မှဖြစ်ခြင်းကြောင့် တစ်ဖက်လူကိုသူလှောင်ပြောင်ခဲ့သည်။ ထိုကိစ္စကို ယခုပြန်တွေးလိုက်သောအခါ သူရှက်ရွံ့သလိုသာ ခံစားလိုက်ရ၏။

ဖြစ်ရပ်နှစ်ခု တစ်ခုက သံမဏိဝတ်ရုံမြင်းစီးဓားပြများနှင့်ဖြစ်ပြီး ကျန်တစ်ခုက ဤဖြစ်ရပ်တို့သည် မသိလိုက်ဘဲ ရှုကန်း၏စိတ်ကို လွှမ်းမိုးသွားခဲ့ကြသည်။ သူသူ့ဘဝတွင် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။

ထိုသည်ကို ဤအခိုက်တွင် ရှုကန်းက လွဲ၍မည်သူမျှမသိခဲ့ပေ။

တစ်ဖက်တွင် မူဟွမ်ရုံတုသည်လည်း ဝမ်ချောင်ကို ချင့်ချိန်စဉ်းစားလျက်စိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း သူကိုယ်တိုင်ကလွဲ၍ မည်သူမျှသူတွေးနေသည့်အရာကို မပြောနိုင်ပေ။

ဆန့်ကျင်ဘက်အနေနှင့် ဝမ်ချောင်က အခြေအနေကို အလွယ်တကူလေ့လာသုံးသပ်သွားသည်ကို ကြည့်ကာ ပိုင်စီလင်၏မျက်နှာသည် ပျော်ရွှင်မှုဖြင့်ပြည့်နှက်နေခဲ့ပြီးဖြစ်နိုင်သည်မှာ ဂုဏ်ပင်ယူနေခဲ့နိုင်သည်။

"...အဲဒီ တိဗက်တွေက အဲတောင်ကနေစွန့်ခွာပြီး မြေပြန့်တွေထဲစွန့်စားဖို့ရွေးချယ်ခဲ့ရင် သူတို့ဟာ သူတို့ရဲ့တိုက်ခိုက်မှုစွမ်းအားအများကြီး လျော့ကျသွားတာကိုခံစားကြရလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ အဲဒါကထောင်ချောက်တစ်ခုဖြစ်နိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်းထည့်တွက်ရမယ်။ သူတို့ရဲ့ လူအရေအတွက်က သုံးရာအောက်လျော့သွားခဲ့ရင် သူတို့က ချီစက်ကွင်းခံတပ်ကိုထုတ်ဖော်နိုင်တော့မှာမဟုတ်ဘူး။ အဲဒီချီစက်ကွင်းကနေ ကာကွယ်ပေးတာမရှိဘဲ ရန်သူတိုင်းပြည်ရဲ့ပိုင်နက်ထဲမှာ သူတို့ဘယ်လောက်နက်နက်ရှိုင်းရှိုင်းရောက်နေသလဲဆိုတာကို ထည့်သွင်းစဉ်းစားလိုက်ရင် သူတို့ကသေလူတွေပဲ။ အဲဒါက သူတို့ဟာ ဘာလို့ကမူးရှူးထိုးမလုပ်ရဲသလဲဆိုတာရဲ့အဓိကအကြောင်းအရင်းပဲ။ သူတို့က အခွင့်အရေးကို ဘယ်လိုဆုပ်ကိုင်ရမလဲဆိုတာကိုမသိတာကြောင့်မဟုတ်ဘူး ဒါပေမယ့် သူတို့က မဆုပ်ကိုင်ရဲခဲ့တာပဲ"။

ဝမ်ချောင် ယုံကြည်မှုရှိရှိ တည်ငြိမ်စွာရှင်းပြလိုက်သည်။

ထိုအမှားကင်းပုံပေါ်သော တိဗက်စစ်တပ်ကို သူ့စကားလုံးများနှင့်ရှင်းပြလိုက်ခြင်းဖြင့် သူတို့သည် သာမာန်စစ်သည်များထက် ဘာမှမပိုတော့ပေ။

တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုအား အလွန်အမင်းအထင်ကြီးမိစေသည်မှာ ၎င်းအပေါ်နားလည်မှုကင်းမဲ့မှုကြောင့်ဖြစ်ပြီး ၎င်းအပေါ်သူတို့၏ ယုတ္တိမရှိသော ကြောက်ရွံ့မှု သို့မဟုတ် လေးစားမှုကိုဖြစ်စေသည်။

သို့သော် ဝမ်ချောင်၏ မျက်လုံးထဲတွင် သူတို့သည် တိဗက်စစ်တပ်တစ်ခုထက်မပိုပေ။ သူတို့သည် အဟုတ်ပင် သန်မာကြ၏။ သို့သော် 'အမှားကင်းသည်' ဟူသောစကားလုံးဖြင့် သမုတ်ရန် သူတို့သည် အရည်အချင်းပြည့်မီကြခြင်းမရှိပေ။

ဝမ်ချောင်၏ စကားလုံးများကိုကြားလိုက်ရသည်နှင့် ဂုဏ်ယူဝင့်ကြွားသော ဖီးနစ်ငှက်တစ်ကောင်သည် ပြာကျသွားသကဲ့သို့ ကျိုးယာ့ထုံ၏ နှလုံးသားသည် ချောက်နက်ကြီးအောက်သို့ကျဆင်းသွားခဲ့ကာ သူမ၏ ယုံကြည်မှုများပျောက်ဆုံးသွားခဲ့ရသည်။ ဤအချိန်တွင် ပိုင်စီလင်ပင်လျှင် ရပ်ကြည့်မနေနိုင်တော့ပေ။

"တော်တော့…..စကားအများကြီးပြောပြီးဘာလုပ်မို့လဲ။ ဒါက ယာ့ထုံရဲ့အမှားမဟုတ်ဘူး။ အဆုံးမှာ ငါတို့ဟာလေ့ကျင့်ရေးစခန်းက ကျောင်းသားတွေသာသာပဲ ဒီစစ်ဆင်ရေးရဲ့ ကွက်ကဲသူတွေ မဟုတ်ကြဘူး။ ငါတို့က အများကြီးဘယ်လိုလုပ်သိနိုင်မှာလဲ။ ယာ့ထုံ သူ့ကိုလျစ်လျူရှုလိုက်။ သူကအဲအတိုင်းပဲ"။

ပိုင်စီလင် သူမ၏သူငယ်ချင်းကောင်းကို နှစ်သိမ့်လိုက်ကာ ဝမ်ချောင်ကို အပြစ်တင်လိုက်သည်။

လုံ့ဝေ လေ့ကျင့်ရေးစခန်း၌ပင် ကျိုးယာ့ထုံကို မုန့်အနှစ်ဟုသတ်မှတ်နိုင်သည်။ အားလုံးပြီးနောက် သူမ၏ ကြက်သွေးရောင်မီးတောက်အလျှံ ဟူသောဂုဏ်ပုဒ်သည် မိုးပေါ်မှကျလာခဲ့ခြင်းမဟုတ်ပေ။ သို့သော်မည်သို့ဆိုစေကာမူ သူမသည် ဤတစ်ကြိမ် သူမ၏ကံကြမ္မာဆိုးနှင့် လာဆုံခဲ့သည်။

နှစ်ပေါင်းများစွာ သူမတည်ဆောက်ထားခဲ့သော ဂုဏ်သိက္ခာနှင့်ယုံကြည်မှုတို့သည် ဘာမှမရှိခြင်းအဖြစ်သို့ ပျက်စီးသွားခဲ့ကြသည်။

"အင်း...

စီလင်မှန်တယ်။ ဒါက အမိန့်ပေးနေတဲ့အရာရှိရဲ့အမှားပဲ။ ဒီစစ်ဆင်ရေးမှာ ပါဝင်နေတဲ့လေ့ကျင့်ရေးစခန်းက ကျောင်းသားတစ်ယောက်အနေနဲ့ မင်းက ဒီစစ်ဆင်ရေးရဲ့ ဆုံးဖြတ်ချက်ချမှုလုပ်ငန်းစဉ်မှာ မပါဝင်ခဲ့ဘူး ဒါကြောင့် ဒီဆုံးရှုံးမှုတွေအတွက် မင်းကိုအပြစ်တင်လို့မရဘူး"။

ဝမ်ချောင် အလျှော့ပေးလိုက်၏။

ပိုင်စီလင်သည် ထိုစကားလုံးများကို သူမ၏ သူငယ်ချင်းကောင်းအား နှစ်သိမ့်ရန်ပြောဆိုခဲ့သော်လည်း သူမ၏စကားလုံးများတွင် အမှန်တရားအချို့ အမှန်တကယ်ရှိသည်။

ထို့အပြင် ဤစကားအား ပြောဆိုရန် သူရွေးချယ်ခဲ့ရခြင်း၏ အကြောင်းအရင်းမှာလည်း ကျိုးယာ့ထုံ၏ ယုံကြည်မှုကို ဖျက်ဆီးရန်မဟုတ်ခဲ့ပေ။ ယင်းအစား တတိယမစ်ရှင်အတွက် လုပ်ဆောင်ရမည့်အရာများကို လူတိုင်းနားလည်နိုင်စေရန်အတွက် သူသည် သူတို့ကြုံတွေ့နေရသည့်အခြေအနေအမှန်ကို ထောက်ပြရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ကျိုးယာ့ထုံကို စိတ်ဒဏ်ရာပေးရန်မှာ သူ့ရည်ရွယ်ချက်လုံးဝမဟုတ်ခဲ့ပေ။

ဝမ်ချောင်က ဤစကားများကို ပြောဆိုခဲ့ခြင်းမှာ သူမကို ချော့ရန်ဖြစ်ဖို့များသည်ကို ကျိုးယာ့ထုံသိသော်လည်း သူမအနည်းငယ်ခံစားရသက်သာလာခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် သွေးရောင်အနည်းငယ် ပြန်လွှမ်းလာခဲ့သည်။

"ကောင်းပြီ……အခုအမိန့်ပေးနေတဲ့အရာရှိဆီကို အကြောင်းကြားကြစို့"။

ဝမ်ချောင်ပြောလိုက်၏။

---

အနားယူရာ နေရာထဲသို့ လျှောက်သွားကာ ဝမ်ချောင်နှင့်အခြားသူများသည် သူတို့မည်သူမည်ဝါဖြစ်ကြသည်ဆိုသည်ကို သက်သေပြရန်သူတို့၏ တံဆပ်များကို ထုတ်ပြလိုက်ကြသည်။ မကြာမီသူတို့ရှေ့၌ အရပ်မြင့်မားပြီး တုတ်ခိုင်သန်မာသည့် စစ်ဖက်အရာရှိတစ်ယောက် ပေါ်လာခဲ့သည်။

ဤလူသည် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့တွင်ကြမ်းတမ်းသော်လည်း ဩဇာအာဏာပြည့်ဝသည့်အရှိန်အဝါရှိ၏။ သူ့ဘယ်ဘက် ပုခုံးပေါ်ရှိကြယ်လေးခုနစ်လုံးဝန်းရံထားသော ငွေရောင်ကြယ်ကြီးတစ်လုံး၏ အမှတ်သင်္ကေတက သူမည်သူမည်ဝါဖြစ်သည်ဆိုသည်ကို ဖော်ပြနေသည်။

သူသည် ကြယ်ခုနစ်ပွင့်စစ်တပ်မှ အရာရှိတစ်ယောက်ဖြစ်ပြီး ထိုနေရာတွင် အုပ်ချုပ်သူတစ်ယောက်ဖြစ်၏။ သူသည် အတော်လေးအဆင့်မြင့်သည့် အုပ်ချုပ်သူတစ်ယောက်မဟုတ်သော်လည်း ၎င်းက ရှိန်ဖို့ကောင်းသည့် ရာထူးတစ်ခုဖြစ်နေသေး၏။

ထိုကြယ်ခုနစ်ပွင့် စစ်တပ်အုပ်ချုပ်သူက ဝမ်ချောင်တို့တင်ပြလာသည့် စစ်မှုထမ်းဌာနမှ စာလွှာများကိုဖတ်ရှုလိုက်ပြီး သူ့ရှေ့ရှိလူလေးယောက်ကိုကြည့်ရှုလိုက်သည်။ ၎င်းသည် သာမန်အကြည့်တစ်ချက်ဖြစ်သော်လည်း သူတို့၏စိတ်ဝိဉာဉ်ထဲသို့ နက်ရှိုင်းစွာထိုးဖောက်သွားပုံရသည်။

"မင်းတို့အားလုံးက သံမဏိဝတ်ရုံမြင်းစီးဓားပြတွေကို အနိုင်ယူလိုက်တဲ့ကျောင်းသားတွေလား။"

"ဟုတ်ပါတယ်အရှင်"

ရှုကန်း တုံ့ပြန်လိုက်၏။

စကားအမြဲပြောနေကျဝမ်ချောင်သည် ဤအချိန်တွင် တစ်မူထူးခြားစွာတိတ်ဆိတ်နေပုံရသည်။ သူ့နှုတ်ခမ်းပါးများသည် လုံးဝစေ့နေခဲ့ကြပြီး စကားတစ်ခွန်းပြောဆိုရန် ငြင်းဆန်နေကြသည်။

"မဆိုးဘူး။ သံမဏိဝတ်ရုံမြင်းစီးဓားပြတွေကို အနိုင်ယူလိုက်နိုင်တယ်ဆိုတဲ့အချက်က မင်းတို့ရဲ့စွမ်းရည်ကိုသက်သေပြနေတာပဲ။ ဒါပေမယ့်လည်း မင်းတို့က သူတို့ရဲ့ပိတ်ဆို့ခြင်းကို အရင်ဆုံးခံလိုက်ရတယ်ဆိုတဲ့အချက်က မင်းတို့ရဲ့အခြေအနေတွေကို သိမြင်မှုအားနည်းနေသေးတယ်ဆိုတာကို ပြသနေတာပဲ။ ရန်သူတွေကို စောင့်ကြည့်တာက တပ်စုတစ်ခုရဲ့အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တယ်။ ဒါကမင်းတို့မှာ သွားရမယ့်ခရီးရှည်ကြီးကျန်နေသေးကြောင်းပြသနေတာပဲ"။

ထိုကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူသည် ချီးကျူးစကားနှင့် အစချီခဲ့သော်လည်း သူ့နောက်ပိုင်းစကားများက ရှုကန်း၏ရင်ကို တင်းကြပ်သွားစေသည်။

"ခင်ဗျားမှန်ပါတယ် ကျွန်တော်တို့အနာဂတ်မှာ ဒါကိုမှတ်သားထားပါ့မယ်"။

ရှုကန်း အလျင်အမြန်တုံ့ပြန်လိုက်၏။

ထိုကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူသည် သူ့ရှေ့ရှိလူလေးယောက်ကို ခပ်တည်တည်ဆက်၍အကဲခတ်နေခဲ့သည်။ သူ့အကြည့်က ဝမ်ချောင်ကိုဖြတ်သွားသောအခါ တခဏမျှရပ်တန့်သွားပုံပေါ်သည်။

ဒုန်းးး

ဝမ်ချောင်၏ နှလုံးသားတစ်ချက်ခုန်သွားခဲ့၏။ သို့သော် မကြာမီထိုကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူသည် သူ့အကြည့်ကို ရှုကန်းဆီပြန်လှည့်လိုက်သည်။ သူသည် သံမဏိဝတ်ရုံမြင်းစီးဓားပြများနှင့်ဆက်စပ်နေသည့် မေးခွန်းအနည်းငယ်ကို ဆက်လက်မေးမြန်းနေခဲ့ပြီး ရှုကန်း သူတို့ကိုလေးစားစွာပြန်ဖြေခဲ့သည်။

"ဒါအကုန်ပဲ မင်းတို့တန်းဖြုတ်လို့ရပြီ။ အနားယူရာနေရာကနေ ထွက်ခွာပြီးနောက် မင်းတို့ဘယ်ဘက်ခြံစည်းရိုးမှာ လက်ထောက်ဇုကိုတွေ့ရမယ်။ ဒီစစ်ဆင်ရေးအတွက် မင်းတို့က သူ့ကွက်ကဲမှု အောက်မှာရှိလိမ့်မယ်"။

ထိုကြယ်ခုနစ်ပွင့် စစ်တပ်အုပ်ချုပ်သူသည် သူ့လက်ကိုဝေ့ယမ်းလိုက်ပြီး သူတို့အုပ်စုကိုထွက်ခွာခွင့်ပြုလိုက်သည်။

"ဟုတ်ကဲ့ပါအရှင်"

ရှုကန်းပြန်ဖြေလိုက်ကာ စိတ်ထဲတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

"စစ်ဆင်ရေးက နောက်သုံးရက်မှာစလိမ့်မယ်။ မင်းတို့လက်ခံရရှိတဲ့အမိန့်တွေကို နာခံဖို့သေချာပါစေ။ အမိန့်တွေကိုဖီဆန်ရဲတဲ့သူ ဒါမှမဟုတ် ကိုယ့်သဘောဆန္ဒအရစွန့်စားရဲတဲ့သူ ဘယ်သူမဆို စစ်ဥပဒေနဲ့အညီအရေးယူခံရမယ်"။

ထိုကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူသည် စစ်မှုထမ်းဌာနမှ စာလွှာများအား သူတို့ကိုပြန်ပေးပြီးနောက် မျက်နှာထားတင်းမာစွာ သတိပေးလိုက်သည်။

သူတို့ဘယ်လိုလုပ်သူ့ကိုပြန်ပြောဝံ့မည်နည်း။ သူတို့ချက်ချင်းခေါင်းညိတ်လိုက်ကြပြီး အလျင်အမြန်ထွက်ခွာလိုက်ကြသည်။

ထိုအနားယူရာနေရာမှ ထွက်ခွာပြီးနောက် ပိုင်စီလင် ရုတ်တရက် ဝမ်ချောင်ဆီလှည့်လာပြီးမေးလိုက်သည်။

"ဟဲ့ဘာဖြစ်နေတာလဲ။ နင်ဘာလို့ခုနက အရမ်းတိတ်ဆိတ်နေခဲ့ရတာလဲ"။

ဤအနားယူရာနေရာတွင် ဝမ်ချောင်သည် ထူးဆန်းစွာတိတ်ဆိတ်နေခဲ့ပြီး နိမ့်ချနေခဲ့ကာ ဤသည်က သူမကို တော်တော်လေးဦးနှောက်ခြောက်သွားစေသည်။

"ငါ့မှာကြယ်ခုနစ်ပွင့်စစ်တပ်နဲ့ရာဇဝင်အချို့ရှိခဲ့တယ်"။

ဝမ်ချောင် ခါးသီးစွာပြောလိုက်၏။

"နင့်မှာသူတို့နဲ့ပဋိပက္ခရှိခဲ့တာလား"။

ပိုင်စီလင် အံ့အားသင့်စွာမေးလိုက်၏။

နောက်ဆုံးတွင် ရှုကန်းက ပိုင်စီလင်၏မေးခွန်းကိုပြန်ဖြေလိုက်သည်။

"ထပ်မေးစရာမလိုတော့ဘူး။ သူတို့ကအတိတ်မှာ ပဋိပက္ခအချို့ရှိခဲ့ကြတယ်။ ခုနက သူစကားပြောခဲ့ရင် အဲဒါကငါတို့အတွက် ကိစ္စတွေကိုပဲ ခက်ခဲစေလိမ့်မယ်"။

သူ သူမဆီ လှည့်လိုက်ပြီး သူမ၏နားထဲသို့ အကြောင်းအရာအချို့ကို တီးတိုးပြောဆိုလိုက်ကာ ပိုင်စီလင်၏ မျက်လုံးများသည် သူမသဘောပေါက်လာသည်နှင့်အမျှ တဖြည်းဖြည်းပြူကျယ်လာခဲ့ကြသည်။

"ကော်ရှုဟန်..."

ဝမ်ချောင် သူတို့၏မှန်းဆချက်ကို ခေါင်းညိတ်အတည်ပြုပေးလိုက်၏။ ရှုကန်း၊ဟွမ်ရုံတုနှင့်ပိုင်စီလင်တို့အား သူမည်သူမည်ဝါဖြစ်သည်ဆိုသည်ကို မဖော်ပြခဲ့သည်မှာ သူတို့ကိုဟာသလုပ်ရန် မဟုတ်ခဲ့ပေ။

ထို့အစား ဒေသဆိုင်ရာတပ်မှူးများဖြစ်ရပ်ကြောင့် ဝမ်ချောင်သည် လူအတော်များများကို စော်ကားခဲ့မိပြီး သူတို့ထဲမှတစ်ယောက်မှာ လုံရှီ၏ကြယ်ခုနစ်ပွင့်စစ်တပ်ကွပ်ကဲသူ ကော်ရှုဟန်ဖြစ်သည်။

ကော်ရှုဟန်သည် ဝမ်ချောင်ကို ကွပ်မျက်ရန်အားပေးခဲ့သော မဟာစစ်သူကြီးများထဲမှတစ်ယောက်ဖြစ်သည်။ ပိုးထည်လမ်းမတည်ရှိနေသော ဒေသများထဲမှ တစ်ခုဖြစ်သည့် လုံရှီမှာ ကော်ရှုဟန်၏ပိုင်နက်ဖြစ်သည်။

ဤရန်ငြိုးကိုမြင်မိသောကြောင့် ဝမ်ချောင် သူ့ကိုယ်သူဖုံးကွယ်ရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ကော်ရှုဟန်၏ဂုဏ်ဒြပ်အရ မစ်ရှင်ကို အလွယ်တကူနှောက်ယှက်နိုင်ပြီး အရှုံးဖြင့် အဆုံးသတ်သွားစေနိုင်သည်။

ဤသည်က သာမန်မစ်ရှင်တစ်ခုသာဖြစ်ခဲ့ပါက အကြောင်းမဟုတ်သော်လည်း ဆည်းဆာရောင်မြင်းလားချီစက်ကွင်းက ပါဝင်နေခဲ့သည်။ ဝမ်ချောင် ကျရှုံးခွင့်မပေးနိုင်ချေ။

ထို့ကြောင့် ဤမစ်ရှင်ကို အောင်မြင်စွာ အဆုံးမသတ်မီ သူ့မစ်ရှင်ကို ထိခိုက်နိုင်သောအန္တရာယ်မှန်သမျှကို သူလျှော့ချချင်ခဲ့သည်။

"ငါသိပြီ"

ထိုကိစ္စ နောက်ကွယ်ရှိ အမှန်တရားကိုသိရှိပြီးနောက် ပိုင်စီလင် တိတ်ဆိတ်သွားခဲ့သည်။

'တခြားတစ်ယောက်၏ အမိုးအောက်တွင် တစ်ယောက်သည် ခေါင်းငုံ့ထားရပေမည်' ဟူသောစကားပုံကဲ့သို့ပင်။ ဝမ်ကလန်သည် ဩဇာအာဏာကြီးမားသော်လည်း ၎င်း၏ဩဇာက လုံရှီတွင် ကော်ရှုဟန်ထက် မပိုနိုင်ပေ။

------

ထိုအနားယူရာနေရာမှ ထွက်ခွာလာပြီးနောက် သူတို့အုပ်စုသည် လက်ထောက်ဇုကို အကြောင်းကြားလိုက်ကြသည်။ ထို့နောက်တွင် ပိုင်စီလင်သည် အဖွဲ့အားပြန်လည်အားဖြည့်ရမည့် တာဝန်ကို လုပ်အားပေးခဲ့သည်။

လက်ထောက်ဇုဆီမှ နောက်ထပ်မြင်းစစ်သည်လေးဆယ်ကို လက်ခံရရှိပြီးနောက် သူတို့အဖွဲ့သည် ၎င်းတို့၏ မူလအင်အား ရှစ်ဆယ်သို့ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။ ထို့နောက်တွင် အနားယူရာနေရာက တိတ်ဆိတ်သွားခဲ့၏။

လူတိုင်းသည် နောက်သုံးရက်ကြာပြီးနောက် တိုက်ပွဲကြီးအတွက်ပြင်ဆင်နေခဲ့ကြသည်။

မှတ်ချက်- ဒီအပိုင်းမှာ ပါဝင်တဲ့ ကော်ရှုဟန်ရဲ့ပြောစကားမှာ students လို့သုံးထားတာကြောင့် နောက်အပိုင်းတွေမှာ တပ်သားသစ်ကို ကျောင်းသားလို့ပဲ သုံးသွားပါမယ်။

____

အပိုင်း၃၆၇

တောင်ထိပ်ပေါ်ရှိတိဗက်မြင်းစစ်သည်များ

မြင့်မားလှသော တောင်ထိပ်တစ်ခုပေါ်မှနေ၍ အထက်မှအောက်သို့ ဖြာကျနေသည့် တိမ်ပင်လယ်ကြီးကို မြင်နိုင်ပြီး ၎င်းတို့သည် လုံးလုံးလျားလျားပျောက်ကွယ်သွားသည်အထိ တဖြည်းဖြည်းလွင့်ပါးပျောက်ကွယ်လာခဲ့ကြသည်။

ဤအချိန်မှာပင ်သူတို့၏ ခါးများ၌ ဆကေဘာဓားများကိုချိတ်ဆွဲထားသော ချပ်ဝတ်တန်ဆာဝတ် စစ်ဖက်ဆိုင်ရာအရာရှိနှစ်ယောက်တို့သည် ဤခမ်းနားထည်ဝါသည့်မြင်ကွင်းကို ကြည့်နေခဲ့ကြသည်။ သူတို့၏လက်များသည် ဗလာကျင်းနေခဲ့ကြပြီး သူတို့၏ တစ်မူထူးခြားစွာ နီမြန်းနေသော မျက်နှာများက သူတို့၏ ဇစ်မြစ်ကိုညွှန်ပြနေသည်။

သူတို့သည် တိဗက်စစ်သားများဖြစ်ကြ၏။

အေးစိမ့်စိမ့်လေညင်းလေးတိုက်ခတ်နေခဲ့ပြီး ထိုအေးစိမ့်မှုကို ရင်ဆိုင်ရသည်တွင် သစ်ရွက်များက အနည်းငယ်ဖြူရော်သွားပုံရသည်။ ထိုနှစ်ယောက်သည် ဤမျှမြင့်မားလှသောနေရာတွင် ထိုလေညင်းကို ဆန့်ကျင်ရပ်တည်နေခဲ့ကြသော်လည်း ထိုလေညင်းကြောင့်ဖြုံသွားပုံမရပေ။

"... အခုက နှစ်ဆယ့်ခုနစ်ရက်မြောက်နေ့ ဟုတ်တယ်မလား"။

ထူထဲသော မျက်ခုံးများနှင့် သိမ်းငှက်နှင့် ဆင်တူသော စူးရှသည့်မျက်လုံးများဖြင့် တိဗက်အရာရှိတစ်ယောက်က တောင်အောက်သို့ကြည့်နေခဲ့ကာ မေးလိုက်သည်။

"အင်း………မဟာထန်က တကယ့်ကို အားနည်းသွားတာပဲ"။

ဒုတိယ စစ်ဖက်အရာရှိပြန်ဖြေလိုက်၏။ သူ့အသံတွင် အနည်းငယ် အထင်သေးပြီး ရန်လိုမှုကို သယ်ဆောင်ထားသည်။

တိဗက်လူမျိုးတို့သည် အရပ်ပုကြသော်လည်း သူတို့ကို အထူးသဖြင့် ရက်စက်ကြမ်းကြုတ်ကြသည်ဟု လူသိများကြသည်။

နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း မဟာထန်ကဝူရှန်းကို မကျူးကျော်နိုင်ခဲ့သည်မှာ အကြောင်းပြချက်မရှိ၍မဟုတ်ပေ။ သူတို့၏နယ်မြေသည် မြင့်မားသောနေရာတွင် တည်ရှိနေခြင်းက ယင်းအတွက်အရေးပါသော အခန်းကဏ္ဍမ ှပါဝင်နေသော်လည်း တိဗက်လူမျိုးများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သတ္တိရှိမှုတို့သည်လည်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။

"... ဒီကို လာတဲ့လမ်းမှာ ငါတို့ကို အမှန်တကယ်ခြိမ်းခြောက်နိုင်ခဲ့တဲ့ အရာဘာမှမရှိခဲ့ဘူး။ မဟာစစ်သူကြီးက မဟာထန်ကို စမ်းသပ်ဖို့ အလယ်ပိုင်းလွင်ပြင်ဒေသရဲ့ အနက်ဆုံးအပိုင်းတွေကို စိမ့်ဝင်ဖို့ ငါတို့ကို အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် ခုကြည့်ရတာတော့ ကော်ရှုဟန်ရဲ့ ကြယ်ခုနစ်ပွင့် စစ်တပ်ကလွဲလို့ ငါတို့စိုးရိမ်ရမယ့်ဟာမရှိဘူး"။

ဒုတိယ စစ်ဖက်အရာရှိ တွေးတွေးဆဆ ထပ်ဖြည့်ပြောလိုက်သည်။

နှစ်ပေါင်းများစွာအကြာ တိဗက်တို့သည် မဟာထန်ကို သူတို့၏အခဲမကျေသော ရန်သူအဖြစ်ရှုမြင်ခဲ့ကြပြီး သူတို့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခဲ့ကြသည်။ ဝူရှန်းသည် အသစ်အဆန်းများကို စမ်းသပ်ပြီး ရှေ့ဆက်တိုးတက်နေခဲ့ချိန်တွင် မဟာထန်သည် သူတို့၏ငြိမ်းချမ်းရေးကို ဆင်နွှဲနေခဲ့ပြီး တဖြည်းဖြည်းချင်းဆုတ်ယုတ်ကျဆင်းလာကာ သူတို့တစ်ချိန်က ပိုင်ဆိုင်ခဲ့သော အင်အားကို ဆုံးရှုံးနေမည်ဟု မည်သူသိမည်နည်း။

လူသုံးရာမျှသာ အင်အားရှိသော်လည်း သူတို့သည် တစ်ဖက်တိုင်းပြည်ထဲသို့ အဝေးကြီးအထိစိမ့်ဝင်နိုင်ခဲ့ကြသည်။ ဤအချက်အရသူတို့သည် ရန်သူကို မည်သို့လေးစားနိုင်တော့မည်နည်း။

"အင်း……..မဟာထန်ကို စမ်းသပ်ဖို့ မဟာဝန်ကြီးချုပ်က အဖွဲ့နှစ်ဖွဲ့ကိုစေလွှတ်ခဲ့တယ်။ သူတို့ထဲက တစ်ဖွဲ့က ငါတို့ဖြစ်ပြီး ကျန်တစ်ဖွဲ့က ငါတို့ရဲ့ပထမမင်းသားနဲ့ လူကြီးမင်းတုစုန့်မန့်ဖော်ကျယ်တို့ ပါဝင်တဲ့အဖွဲ့ဖြစ်တယ်။ ငါတို့ရဲ့မစ်ရှင်က မဟာထန်ရဲ့အင်အားကိုတိုင်းတာဖို့ဖြစ်ပြီး ပထမမင်းသားကမြို့တော်ရဲ့ နက်ရှိုင်းတဲ့နေရာတွေကို စိမ့်ဝင်အောင်လုပ်ဆောင်ဖို့ တာဝန်ပေးအပ်ခံခဲ့ရတယ်။ အခုငါတို့က ငါတို့ရဲ့မစ်ရှင်ကို အကြမ်းဖျင်းပြီးစီးလောက်ပြီ၊ ဒါကြောင့် ငါတို့ဟာမကြာခင်ပြန်ရလောက်တယ်။ ပထမမင်းသားဖက်မှာ အခြေအနေဘယ်လိုရှိလဲ ငါသိချင်မိပါရဲ့"။

ပထမအရာရှိ မှတ်ချက်ပြုလိုက်သည်။

"အဟက်…..သူ့ဘေးမှာ လူကြီးမင်းတုစုန့်မန့်ဖော်ကျယ်ရှိတာကြောင့် ဘာတွေမှားယွင်းနိုင်မှာလဲ"။

ဒုတိယအရာရှိ ပြန်ဖြေလိုက်၏။

"အဲဒါအမှန်ပဲ"

ပထမအရာရှိရယ်မောလိုက်သည်။ တုစုန့်မန့်ဖော်ကျယ်သည် ကုန်ပြင်မြင့်၏ "လင်းယုန်ငှက်များ" ထဲမှ တစ်ယောက်ဖြစ်ပြီး တိုင်းပြည်၏ မဟာစစ်သူကြီးတစ်ယောက်ဖြစ်သည်။ သူ့အဆင့်အတန်းသည် မဟာစစ်သူကြီးဝိဿရခုံးလို အောက်နိမ့်သေးသော်လည်း မြို့တော်၏ ထောက်တိုင်တစ်ခုဖြစ်သည်။

သူပါသောကြောင့် သူတို့မကျော်လွှားနိုင်သည့် ပြဿနာမရှိနိုင်ပေ။

"ငါတို့ရဲ့ကင်းထောက်က ခုလေးတင်ပြန်ရောက်လာခဲ့တယ်၊ မဟာထန်ရဲ့အနားယူရာနေရာမှာ တခြားတပ်တွေစုဝေးလာခဲ့ပုံပဲ။ ငါတို့ဒီအသုတ်ကို သတ်ပြီးရင် ချက်ချင်းကုန်းပြင်မြင့်ဆီထွက်ခွာကြမယ်"။

ဒုတိယ စစ်ဖက်အရာရှိပြောလိုက်ပြီး သူတို့နှစ်ယောက်သည် တောင်ခြေသို့ရက်စက်စွာကြည့်လိုက်ကြကာ သူတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများယောင်ပြန်ဟပ်နေခဲ့သည်။

ဟူး………..

လေတစ်ချက်တိုက်သွားခဲ့ပြီး ထိုနှစ်ယောက်နောက်ရှိ သစ်ပင်များလှုပ်ယမ်းသွားခဲ့သည်။ တခဏမျှထိုစိမ်းလန်းစိုပြေသည့် သစ်ပင်များကြားတွင် ရက်စက်သည့်မျက်လုံးအစုံပေါင်းများစွာ နှင့်မြင့်မားလှသောကုန်းပြင်မြင့်မြင်းများကို ဝိုးတဝါးမြင်တွေ့နိုင်သည်။

သို့သော် ထိုလေတိုက်ခတ်ပြီးသည်နှင့် အရာအားလုံးသည် အရိပ်များထဲတွင် ပျောက်ကွယ်သွားခဲ့ကြသည်။ တိဗက်အရာရှိနှစ်ဦးပင်လျှင်မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြ၏။

တိဗက်များ၏ သဲလွန်စအားလုံးပျောက်ကွယ်သွားခဲ့ကြသည်။ လက်တစ်ဆုပ်စာစစ်သားများမှလွဲ၍ အလယ်ပိုင်းလွင်ပြင်ဒေသရှိ မည်သူမျှ တိဗက်စစ်တပ်တစ်ခုသည် ၎င်းတို့၏နယ်မြေများအတွင်း နက်ရှိုင်းသောတောင်တန်းတစ်ခုပေါ်တွင် စခန်းချနေမည်ဟု စိတ်ကူးမိမည် မဟုတ်ပေ။

---

အနားယူရာနေရာအတွင်းတွင် ဝမ်ချောင်မေးလိုက်သည်။

"ဘယ်လိုလဲ။ မင်းသတင်းတစ်ခုခုရလာခဲ့လား"။

ဤအတောအတွင်း သူတတ်နိုင်သမျှသိုသိုသိပ်သိပ်နေရန်ကြိုးစားနေခဲ့သည်။ ထို့ကြောင့်သတင်းအချက်အလက်များကို စုဆောင်းသည့်အလုပ်ကို အခြားသူများအား သူခွဲဝေပေးခဲ့သည်။

"အင်း…….တခြားသူတွေဆီကနေ ငါတစ်ခုခုရနိုင်ခဲ့တယ်။ ဒီအနားယူရာနေရာမှာ ကျောင်းသားနှစ်ဆယ် ဝန်းကျင်ရှိတယ်၊ ဒါ့အပြင်ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်ကလည်း လူလေးရာပါတဲ့ စစ်တပ်တစ်ခုနဲ့ အတူလာခဲ့တယ်။ ပြီးတော့ စစ်တပ်ထောက်ပို့အဖွဲ့က အကြမ်းဖျင်း ခုနစ်ချီရှည်တဲ့ထူထဲတဲ့ဒိုင်းကာတွေကို ယူဆောင်လာခဲ့ပုံရတယ်။ ငါအဲဒီသတ္တာတွေထဲက တစ်လုံးကိုဖွင့်ကြည့်ဖို့အခွင့်အရေးတစ်ခုကို ရှာတွေ့နိုင်ခဲ့ပြီး သူတို့အပေါ်မှာ ကြယ်ခုနစ်ပွင့်အမှတ်အသားကို ငါတွေ့ခဲ့ရတယ်"။

"ဒါတွေက ကြယ်ခုနစ်ပွင့်စစ်တပ်ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေဖြစ်နိုင်ပြီး အဲအုပ်ချုပ်သူက ဒီပစ္စည်းတွေကို တိဗက်မြင်းစစ်သည်တွေကို ရင်ဆိုင်ဖို့ရည်ရွယ်ချက်နဲ့ ဒီကိုလာယူခဲ့တာဖြစ်နိုင်တယ်"။

ကျိုးယာ့ထုံ လေးနက်သည့် အမူအရာဖြင့်တင်ပြလိုက်သည်။

ဤအနားယူရာနေရာသို့ စောရောက်လာသူများထဲမှ တစ်ဦးအနေဖြင့် သူမသည် ရင်းနှီးသည့်မျက်နှာတစ်ခုဖြစ်ကာ လူတိုင်း၏ သံသယဝင်ခံရခြင်းမရှိဘဲ သူမအား လှည့်ပတ်သွားလာနိုင်စေသည်။ ထို့ကြောင့် သတင်းအချက်အလက်များကို စုဆောင်းသည့် အလုပ်မှာ သူမ၏ ပုခုံးပေါ်သို့ကျလာခဲ့သည်။

"မြင့်မားတဲ့ဒိုင်းကာလေးရာ... သူတို့က တိဗက်တွေနဲ့ရင်ဆိုင်ဖို့ကြယ်ခုနစ်ပွင့် စစ်တပ်အသုံးပြုလေ့ရှိတဲ့ဖွဲ့စည်းပုံကို ထုတ်ဖော်ဖို့ဖြစ်နိုင်တယ်။ ဒီအရွေ့ကို စဉ်းစားရရင် အဲဒီကွပ်ကဲသူက အရမ်းကြီးမဆိုးဘူး။ အနည်းဆုံး သူကတိုက်ပွဲမှာကျဆုံးသွားခဲ့တဲ့ အရင်ကွပ်ကဲသူတွေထက်ပိုဉာဏ်ကောင်းတယ်။ ဒါပေမယ့် ဒီတိဗက်တွေကို ရင်ဆိုင်ဖို့မြင့်မားတဲ့ ဒိုင်းကာတွေကို အသုံးပြုတာက ကောင်းတဲ့အကြံတစ်ခုဖြစ်ပေမယ့် သူက ကော်ရှုဟန်မဟုတ်တာ သနားစရာပဲ"။

ဝမ်ချောင် သူ့ဘာသာရေရွတ်လိုက်ကာ ခေါင်းယမ်းလိုက်မိသည်။

ကော်ရှုဟန်သည် လုံရှီကို ကျော်လွန်ပြီးမြို့တော်အထိပင် ကျော်ကြားသော အလွန်လေးစားခံရသည့် စစ်သူကြီးတစ်ဦးဖြစ်သည်။

"ခုနစ်စင်ကြယ်အောက် ညတစ်ညတွင် ကော်ရှုဟန်သည် သူ့ဆကေဘာဓားနှင့်အတူ လာရောက်လည်ပတ်သည်" ဟူသော ကျော်ကြားသည့်အဆို အတိုင်းပင်။ ဤအဆိုသည်ကြယ်ခုနစ်ပွင့်စစ်တပ်မှ အရင်းခံလာခဲ့ခြင်းမဟုတ်ပေ။ သို့သော် လုံရှီပြည်သူများဆီမှ လာခဲ့ခြင်းဖြစ်၏။ ဤသည်မှနေ၍ လုံရှီတွင် ကော်ရှုဟန်မည်မျှကျော်ကြားကြောင်း ထင်ရှားသည်။

ဤသို့ဖြင့် လုံရှီရှိစစ်သည်များကို သူမှနေ၍ နက်ရှိုင်းစွာ လွှမ်းမိုးထားခဲ့သည်။

ဤသည်က ဝမ်ချောင် ဤနေရာတွင် သိုသိုသိပ်သိပ်နေရန် ရွေးချယ်ခဲ့ရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။

သံသယရှိစရာမလိုအောင်ပင် ဤအနားယူရာနေရာအတွင်းရှိ ကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူသည်လည်း ကော်ရှုဟန်ကို နက်ရှိုင်းစွာ လေးစားသူများထဲမှ တစ်ဦးဖြစ်သည်။ ထိုအုပ်ချုပ်သူ အသုံးပြုဖွယ်ရှိသည့်ဖွဲ့စည်းပုံမှာ တောင်ခြေတွင် ဒိုင်းကာများကိုစိုက်ထူပြီးချီတက်လာနေသော မြင်းစစ်သည်များကိုပိတ်ဆို့ရန်၎င်း တို့ကိုအသုံးချသည့်နည်းဗျူဟာဖြစ်မည်။ ၎င်းမှာ ကော်ရှုဟန် သူ့အစောပိုင်းနှစ်များတွင် တိဗက်များနှင့်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည့်နည်းဗျူဟာဖြစ်၏။

သို့သော်လည်း ကော်ရှူဟန်သည် သူက မတ်စောက်သောမြေပြင်တွင် တိဗက်များနှင့်ရင်ဆိုင်တွေ့ပြီး သူ့တွင် အခြားရွေးချယ်စရာမရှိဘဲ သူတို့နှင့်တိုက်ကိုတိုက်ရမည့်အခြေအနေမှသာ ဤနည်းဗျူဟာကို အသုံးပြုပေလိမ့်မည်။ ဤသို့မဟုတ်ပါက သာမန်အခြေအနေအောက်တွင် သူသည် ဤကဲ့သို့မြေပြင်အနေအထားတွင် တိဗက်များနှင့် တိုက်ခိုက်ရန်ရှောင်ရှားပေလိမ့်မည်။

ထိုကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူသည် ကော်ရှုဟန်၏ စစ်ရေးဗျူဟာကို အသုံးပြုရန်ကြိုးပမ်းခဲ့သော်လည်း သူသည် အပေါ်ယံမျှသာဆုပ်ကိုင်နိုင်ခဲ့သည်မှာ သနားစရာကောင်းလှသည်။

ဤအရာကို နားလည်လိုက်ကာ ဝမ်ချောင်မတတ်နိုင်ဘဲသက်ပြင်းရှည်ကြီးချလိုက်မိသည်။

ဝမ်ချောင်ကိုကြည့်နေပြီး သူ၏ထူးဆန်းသောအမူအရာကို သတိပြုမိလိုက်ကာ ကျိုးယာ့ထုံစိုးရိမ်တကြီးမေးလိုက်သည်။

"ငါတို့အခုဘာလုပ်ကြမလဲ"။

မြို့တော်ရှိကျော်ကြားသော ကြက်သွေးရောင်မီးတောက်လှံအနေဖြင့် သူမသည် မောက်မာပြီးအလွန်နည်းပါးသောလူများသာ သူမ၏မျက်လုံးထဲတွင်ရှိသည်။ သို့သော်ဤတစ်ကြိမ်တွင် သူမသည်ဝမ်ချောင်၏ စကားလုံးများကြောင့် အမှန်ပင်စိတ်ဒဏ်ရာရသွားခဲ့ရပြီး သူမတွင်ရှိခဲ့သောယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ရသည်။

တိဗက်များနှင့်စပ်လျဉ်းသည့်ကိစ္စတွင် ဝမ်ချောင်၏ အတွေးအမြင်များကို နားထောင်ပြီးနောက် သူမသည် ဝမ်ချောင်ကို ယုံကြည်လိုစိတ်ရှိခဲ့သည်။ သူမ၏ မသိစိတ်များက ထိုကိစ္စအပေါ် ဝမ်ချောင် မှန်ကန်နိုင်ဖွယ်ရှိသည်ဟု သူမကိုပြောနေခဲ့ကြသည်။

"ဒါနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး၊ အမှားတွေမှာတောင် သူတို့ကိုယ်ပိုင်ကောင်းကျိုးတွေရှိတယ်။ အဲဒီမြင့်မားတဲ့ဒိုင်းကာတွေက တိဗက်မြင်းစစ်သည်တွေကို ရပ်တန့်နိုင်ဖွယ်မရှိပေမယ့် အဲဒါက ငါ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ငါ့အတွက် ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်တီးပေးတယ်။ ငါမင်းကိုရှာခိုင်းခဲ့တဲ့ လူတွေကိုရှာတွေ့ခဲ့ပြီလား"။

ဝမ်ချောင်မေးလိုက်၏။

ပိုင်စီလင်၊ရှုကန်း၊ဟွမ်ရုံတု၊ကျိုးယာ့ထုံနှင့် သူကိုယ်တိုင်တို့၏ တပ်သားများကို ပေါင်းလိုက်ပါက သူတို့ဖက်တွင် လူတစ်ရာသာရှိသည်။ ဤလူတစ်ရာဖြင့် တိဗက်မြင်းစစ်သည်သုံးရာကို ရင်ဆိုင်ရန်မဖြစ်နိုင်ပေ။ အကယ်၍ဝမ်ချောင်က သူ့အစီအစဉ်ကို အကောင်အထည်ဖော်လိုပါက သူလူပိုလိုပေသည်။

ပိုများသည့် လူအင်အားဖြင့်သာ တိုက်ပွဲအဆုံးတွင် သေဆုံးသည့် လူအရေအတွက် နည်းပါးနိုင်မည်ဖြစ်သည်။

အားလုံးပြီးနောက် ထိုတိဗက်မြင်းစစ်သည်များသည် သံမဏိ ဝတ်ရုံမြင်းစီးဓားပြများနှင့်ဘာမှမဆိုင်ပေ။ ၎င်းတို့၏တိုက်ခိုက်မှုသည် သူတို့အစောပိုင်းက ကြုံတွေ့ခဲ့ရသည့်အရာထက် များစွာကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ထိုသည်က ဝမ်ချောင်သည် လူအရေအတွက် များစွာကွာခြားသော်လည်း သံမဏိဝတ်ရုံ မြင်းစီးဓားပြများကို ရင်ဆိုင်ရန်ရွေးချယ်ခဲ့ရခြင်း၏ အကြောင်းအရင်းဖြစ်သည်။ သို့သော် ဤအချိန်တွင် သူ့ဖက်၌ သူ့ရန်သူများထက်ပိုများသည့် စစ်သည်အင်အားရှိသည်။

ဤအားသာချက်ဖြင့် ၎င်းကို အကျိုးရှိရှိအသုံးမချပါက သူသည် အရူးတစ်ယောက်ဖြစ်ရပေလိမ့်မည်။

"ဒီစုဝေးရာနေရာမှာ လူအတော်များများကိုငါသိတယ်။ ဒါကြောင့်ဒီကိစ္စမှာ သူတို့ရဲ့အကူအညီကို ရနိုင်လောက်တယ်။ ဒါပေမယ့်လည်း အရင်က ကွပ်ကဲသူတွေနဲ့မတူဘဲ လက်ရှိတစ်ယောက်ကကြယ်ခုနစ်ပွင့်စစ်တပ်ကဖြစ်တယ်။ သူက လူတိုင်းဟာ သူတို့ရဲ့တပ်ဖြန့်ချထားမှုကို လိုက်နာရမယ်လို့ ရှင်းလင်းတဲ့သတိပေးချက်ထုတ်ပြန်ထားခဲ့ပြီး လိုက်နာဖို့ပျက်ကွက်တဲ့ဘယ်သူမဆို စစ်တပ်ဥပဒေနဲ့အရေးယူခံရလိမ့်မယ်"။

"ကြယ်ခုနစ်ပွင့်စစ်တပ်ဟာ သူတို့ရဲ့တိကျခြင်းနဲ့ကျော်ကြားတယ်။ ဒါကြောင့် တခြားကျောင်းသားတွေက ဒီကိစ္စမှာတုံ့ဆိုင်းနေကြမှာမလွဲဧကန်ပဲ"။

ကျိုးယာ့ထုံပြောလိုက်၏။

မြို့တော်ရှိ သူမ၏ဂုဏ်သတင်းဖြင့် ဤကိစ္စတွင် အခြားကျောင်းသားများကို စည်းရုံးရန်သူမအတွက်မခက်ခဲသင့်ပေ။ သို့သော်လည်း လုံရှီသည်ကြယ်ခုနစ်ပွင့်စစ်တပ်၏ အခြေစိုက်စခန်းဖြစ်ပြီး ဤနေရာရှိစစ်ရေးအမိန့်များကို မလိုက်နာခြင်း၏ အကျိုးဆက်များကပြင်းထန်နိုင်သည်။

"အဲဒါနဲ့ပတ်သက်ပြီး မင်းစိုးရိမ်စရာမလိုဘူး။ တကယ်လို့ အဲဒီကွပ်ကဲသူက ဒီကိစ္စကို တကယ်ပဲ အရေးယူချင်ရင် ငါတာဝန်ယူမယ်"။

ဝမ်ချောင်ပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး ထိုကိစ္စကိုအနည်းငယ်သာတွေးလိုက်သည်။

"ဒါပေမယ့်..."

ကျိုးယာ့ထုံဝမ်ချောင်၏ အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း နောက်တခဏတွင် သူမမျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး တိတ်ဆိတ်သွားခဲ့သည်။

ထိုသည်မှာ အဘယ်ကြောင့်ဆိုသော် ဝမ်ချောင်က သူ့ခါးမှနေ၍ ရွှေရောင်တံဆိပ်တစ်ခုကို ထုတ်ယူလိုက်သောကြောင့်ဖြစ်၏။

"နင့်မှာ အဲဒါရှိတာလား"။

ကျိုးယာ့ထုံ ဝမ်ချောင်ကို မယုံနိုင်စွာကြည့်လိုက်သည်။

"ဒါပေမယ့် နင့်မှာ အဲဒါရှိတာမို့ ဒါကပြဿနာမဟုတ်တော့ဘူး။ အဲဒီ ကွပ်ကဲသူကတောင်မှ ဒီအကြောင်းကိုဘာမှပြောမှာမဟုတ်ဘူး။ ဒါဆိုလည်း ကောင်းပြီ.. လူအင်အားပြဿနာကို နင်စိုးရိမ်စရာမလိုတော့ဘူး။ နင့်မှာ အဲလိုပစ္စည်းတစ်ခုရှိနေတာကိုသိရင် သူတို့တွေ သေချာပေါက် ကူညီဖို့တုံ့ဆိုင်းနေတော့မှာမဟုတ်ဘူး"။

"ကောင်းတယ်"

ဝမ်ချောင် ထိုတံဆိပ်ကို သူ့ခါးတွင် ပြန်ချိတ်လိုက်ကာ ရယ်မောလိုက်၏။

စုန့်ဘုရင်၏တံဆိပ်သည် ဟန်ပြသက်သက်မဟုတ်ပေ။ ဘာမဟုတ်သည့် တပ်မှူးတစ်ယောက်ကို ဘေးဖယ်လိုက်ပါက ကြယ်ခုနစ်ပွင့်စစ်တပ်၏ စစ်သူကြီးများသည်ပင် ၎င်းကိုအလျှော့ပေးရပေလိမ့်မည်။

အားလုံးပြီးနောက် မဟာထန်၏ ချင်းဝမ်ဖြစ်သည့်အပြင် သူသည်မဟာထန်စစ်မှုထမ်းဌာန၏ ခေါင်းဆောင်လည်းဖြစ်၏။

ပြီးခဲ့သည့်နှစ်များတစ်လျှောက် သူသည် မဟာထန်တွင် စစ်ဆင်ရေးများနှင့်တပ်ဖြန့်ချထားခြင်းများကို အမိန့်ပေးနေသူဖြစ်သည်။

ထို့အပြင် လင်းယုန်ငှက်ဂိုဏ်း၏ ခေါင်းဆောင်အနေဖြင့် သူသည် တပ်ထဲတွင်လည်းမယုံနိုင်စရာကောင်းသည့် ဩဇာကို ပိုင်ဆိုင်ထားသည်။

ဂိုစုန့်ကျီ၏ အနောက်ပိုင်းကာကွယ်ရေး အိမ်တော်အတွက်ပင်လျှင် သူ့စစ်တပ်၏ ရိက္ခာများကို စုန့်ဘုရင်၏ လူများမှအဓိကဆောင်ရွက်ပေးရခြင်းဖြစ်၏။ စုန့်ဘုရင်၏ ခေါင်းဆောင်မှုအောက်တွင် မဟာထန်၏ကာကွယ်ရေးစစ်သူကြီးများနှင့် စစ်သူကြီးတို့သည် ထောက်ပံ့ရေးပစ္စည်းများနှင့် ဤကဲ့သို့သော ထွေရာလေးပါးကိစ္စများအတွက် ဘယ်သောအခါမ ှမစိုးရိမ်ခဲ့ကြရပေ။

တစ်ဖက်တွင်မူ ဤအရာက သူတို့သည် စုန့်ဘုရင်အပေါ်မှီခိုနေကြသည်ဟုဆိုလိုပြီး ဤသည်က သူ့အားကြီးမားသည့်ဩဇာကိုရရှိစေခဲ့သည်။

အကယ်၍ ကော်ရှုဟန်ကို သတိပြုမိစေပြီး မလိုလားအပ်သော ပဋိပက္ခများဖြစ်ပေါ်စေမည်ကို မစိုးရိမ်ပါက ဝမ်ချောင်သည် ကွပ်ကဲမှုအာဏာကို လုယူပြီး သူ့ကိုယ်ပိုင်အစီအစဉ်များကို အခြေခံ၍ ထိုတိဗက်များကိုတိုက်ခိုက်ခဲ့ပြီးဖြစ်နိုင်သည်။

-----------------------

မူရင်းပြန်သူအမှာစာ- တုစုန့်ကတိဗက်မှာ 'ကြီးမြတ်တဲ့လင်းယုန်ငှက်' လို့ဆိုလိုပြီး ကလန်တစ်ခုရဲ့အကောင်းဆုံးစစ်သည်ကို ပေးအပ်တဲ့ဂုဏ်ပုဒ်ပါတဲ့။

ချင်းဝမ်ကို မြို့စားတစ်ယောက်ရဲ့အထက်က မြင့်မြတ်တဲ့ အဆင့်အတန်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး တော်ဝင်သွေးမျိုးဆက်ပါဝင်တဲ့ လူတွေအတွက်သာ သီးသန့်ဖြစ်ပါတယ်တဲ့။

______

အပိုင်း ၃၆၈

ကင်းထောက်များကိုဖမ်းဆီးခြင်း

ကျိုးယာ့ထုံသည် အမှန်ပင်ကျွမ်းကျင်လှ၏။ သူမ၏ ထင်ရှားကျော်ကြားသော ဂုဏ်သတင်းနှင့် စုန့်ဘုရင်တံဆိပ်၏ အံ့မခမ်းဩဇာတို့မှတဆင့် လုံ့ဝေနှင့်ရှန်းဝေတို့မှ ကျောင်းသားများကို သူတို့ဘက်သို့ စည်းရုံးရန် သူမအတွက် အချိန်အကြာကြီး မယူလိုက်ရပေ။

ရှုကန်းနှင့်ဟွမ်ရုံတုတို့ကဲ့သို့ပင် ထိုကျောင်းသားများသည် သူတို့ဟာနှင့်သူတို့ ရှိန်ဖို့ကောင်းကြသည်။ သူတို့သည်လည်း ဂုဏ်သရေရှိ နောက်ခံများမှ လာခဲ့ကြ၏။ ကြယ်ခုနစ်ပွင့်စစ်တပ်၏ မဟာစစ်သူကြီးအနေဖြင့် ကော်ရှုဟန်၏ ထင်ရှားသောဂုဏ်သတင်းနှင့် အံ့မခမ်းဩဇာအရှိန်အဝါကြောင့် မဟုတ်ပါက သူတို့ကို ထိန်းသိမ်းထားရန် ခက်ခဲပေလိမ့်မည်။

အုပ်စုထဲတွင် လူငါးယောက်ဝင်ရောက်လာခြင်းနှင့်အတူ ဝမ်ချောင်တို့ဖက်တွင် မဟာထန်မြင်းစစ်သည် စုစုပေါင်းအရေအတွက် နှစ်ရာသို့တိုးသွားခဲ့သည်။

ဤအင်အားသည်ကြီးမားသည်ဟုယူဆ၍ မရသော်လည်း ကြယ်ခုနစ်ပွင့်စစ်တပ်၏ ခေါင်းဆောင်လက်အောက်ရှိ အခြားစစ်သည်လေးရာနှင့် ထို့အတ ူအခြားမြင်းစစ်သည် သုံးရာတို့နှင့်တွဲဖက်လိုက်သောအခါ ဝမ်ချောင်၏အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် လုံလောက်သွားခဲ့ပြီဖြစ်သည်။

ထို့အပြင် ဝမ်ချောင်သည်လည်း ဤလူနှစ်ရာအုပ်စုဖြင့် တောင်ထိပ်ပေါ်တွင် တပ်စွဲနေသည့် ထိုတိဗက်စစ်တပ်ကို ဖြုတ်နိုင်မည်ဟု ယုံကြည်မှုရှိပေသည်။

---

ကြီးမားသည့် တောင်ကြီးတစ်တောင်သည် မြေပြင်မှထိုးထွက်နေခဲ့ပြီး မြူခိုးမြူငွေ့အလွှာများက ၎င်း၏ထိပ်ကို ဖုံးကွယ်နေခဲ့ကြသည်။ ထိုတောင်ခြေတွင် ကြည့်ကောင်းသောလူငယ်နှင့် အမျိုးသမီးငယ်ဆယ်ယောက်တို့သည် မြင်းများပေါ်တွင် ရှိနေခဲ့ကြပြီး သူတို့ရှေ့ရှိ ထိုတောင်ကို အကဲခတ်နေခဲ့ကြသည်။

ထိုတောင်သည် တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာမြင်ကွင်းတစ်ခုဖြစ်သည်။ ၎င်းသည် စိမ်းလန်းစိုပြေပြီး မိုးကုတ်စက်ဝိုင်းအထိ ထိုးထွက်နေကြသော သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေခဲ့ကာ ပန်းချီကားတစ်ချပ်ရေးဆွဲထားသကဲ့သို့ပင်။ သို့သော်လည်း လူအင်အားသုံးရာပါသော ရန်သူတိဗက်စစ်သည်များက ထိုတောင်ထိပ်ပေါ်တွင် ပုန်းအောင်းနေသည်ကို သိကြသောကြောင့် ထိုသဘာဝအလှကို ရှုစားလိုသည့် လူတစ်ယောက်မှမရှိကြပေ။

"မြေပြင်အနေထားက အရမ်းကိုမတ်စောက်ပြီး ခံစစ်ဘက်အတွက် အားသာချက်ရှိတဲ့စစ်မြေပြင်ပဲ။ သူတို့က ဘယ်အချိန်မှာမဆို တပ်သားတစ်သုတ်ကို စေလွှတ်နိုင်ပြီး ငါတို့ကိုကြီးမားတဲ့ဆုံးရှုံးမှုခံစားရစေနိုင်တယ်။ ဒါ့အပြင် အဲတောင်ပေါ်မှာ ရက်အတော်ကြာတပ်စွဲနေပြီးနောက်မှာ သူတို့ကလည်းမြေပြင်အနေအထားကို စေ့စေ့စပ်စပ်နားလည်နေကြပြီ။ ဒါကလည်း ငါတို့ရဲ့အားသာချက်နဲ့ ဆန့်ကျင်ဘက်ပဲ"။

စကားပြောလိုက်သူမှာ ဂုဏ်သရေရှိမိသားစုမှ အသက်နှစ်ဆယ်အရွယ်ရှိ လူငယ်လေးတစ်ယောက်ဖြစ်၏။ သူ့တွင် ရှည်လျားပြီးသေးသွယ်သည့်ခန္ဓာကိုယ်ရှိပြီး သူ့ကိုယ်ဟန်အမူအရာများနှင့် တွဲဖက်လိုက်သောအခါ တော်တော်လေးတင့်တယ်သွားခဲ့သည်။

ထိုလူ့နာမည်မှာ ဖန်ရွှမ်းယင်ဖြစ်ပြီး ကျိုးယာ့ထုံ စည်းရုံးခဲ့သော ကျောင်းသားများထဲမှ တစ်ဦးဖြစ်သည်။ ကျိုးယာ့ထုံနှင့်မတူဘဲ သူသည်ရှန်းဝေလေ့ကျင့်ရေးစခန်းမှဖြစ်၏။ ထို့ကြောင့်ဤမစ်ရှင်မတိုင်မီက သူသူမကိုကောင်းကောင်းမသိခဲ့ပေ။ ဤမစ်ရှင်တွင် အကြိမ်တော်တော်များများသူမနှင့်အတူ ပါဝင်ခဲ့ပြီး သူတို့တပ်များရှုံးနိမ့်ပြီးနောက် ကျိုးယာ့တုံက သူ့အသက်ကိုကယ်တင်ခဲ့သည့် အဖြစ်အပျက် တစ်ခုဖြစ်ပြီးနောက်မှသာ သူတို့သည် အချင်းချင်းရင်းနှီးလာခဲ့ကြခြင်းဖြစ်သည်။

သူသည် အစကထွက်ခွာရန်စီစဉ်နေခဲ့သော်လည်း လက်ထဲတွင် စုန့်ဘုရင်တံဆိပ်ပိုင်ဆိုင်ထားသည့် ဝမ်ကလန်၏ ဝမ်ချောင်ထံမှ ဖိတ်ကြားချက်ဖြစ်သည် ကိုကြားသိပြီးနောက် သူဆက်နေရန် ရွေးချယ်ခဲ့သည်။

သူသည် ဝမ်ချောင်ထက် အသက်ကြီးသော်လည်း အသက်အရွယ်ကြောင့် ဝမ်ချောင်ကိုအထင်မသေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူဝမ်ချောင်ကို လေးလေးစားစားဆက်ဆံခဲ့၏။

ဖန်ကလန် သည်မြို့တော်ရှိ နောက်ထပ်အားကောင်းသော ကလန်တစ်ခုဖြစ်သော်လည်း ဝမ်ကလန်ကို မယှဉ်နိုင်ပေ။

ထို့အပြင် သခင်လေးများ၏ အသိုင်းအဝိုင်းတွင် အသက်အရွယ်သည် ဘယ်တုန်းကမ ှပြဿနာတစ်ခု မဟုတ်ခဲ့ပေ။

လက်ရှိအချိန်တွင် ဝမ်ချောင်၏နာမည်ကို မကြားဖူးသူ မြို့တော်တွင်မည်သူမျှမရှိတော့ပေ။ ငယ်ရွယ်သော်လည်း သူသည်မြို့စားကြီးကျူးနှင့် ပညာရှင်ဧကရာဇ်တို့၏ မျက်နှာသာပေးမှုကို ရရှိထားခဲ့ပြီး သူသည်အနာဂတ်တွင် ဝမ်ကလန်၏ သြဇာနှင့်အမွေအနှစ်များကို ဆက်ခံမည့်သူဖြစ်သည်။

ဝမ်ကလန်၏ အနာဂတ်ဆက်ခံသူရှေ့တွင် သူ့အသက်ကို မည်သို့ဝါကြွားနိုင်မည်နည်း။

"ဒါတော့မတတ်နိုင်ဘူး။ တိဗက်တွေက သူတို့ကိုယ်သူတို့ တောင်ပေါ်မှာ ခြေကုပ်ထားရင် ငါတို့တတ်နိုင်တာဘာမှမရှိဘူး။ ငါတို့က တည်နေရာကို ထောက်လှမ်းဖို့အုပ်စုငယ်စေလွှတ်လိုက်ရင် သူတို့က အလွယ်တကူသတ်ဖြတ်ခံရလိမ့်မယ်။ တစ်ဖက်မှာ ငါတို့က အုပ်စုကြီးကို စေလွှတ်လိုက်ရင် တိဗက်တွေက သူတို့ရဲ့ဖွဲ့စည်းပုံနဲ့အောက်ကို ချီဆင်းလာမှာဖြစ်ပြီး သူတို့ကိုသတ်ဖြတ်လိမ့်မယ်"။

အခြားကျောင်းသားတစ်ဦးက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လျက် သဘောတူလိုက်သည်။

ထိုတောင်ပေါ်ရှိ တိဗက်များသည် သူတို့၏ လမ်းတွင်ရှိနေသော မလွယ်ကူသည့်ကျောက်တုံးကြီးတစ်ခုဖြစ်၏။ သူတို့သည် ၎င်းကို ဖယ်လို့လည်းမရ ဖျက်ဆီးလို့လည်းမရပေ။ သို့တိုင် ၎င်းသည် သူတို့၏လမ်းတွင်ရှိနေသေးပြီး လျစ်လျူရှုမရဖြစ်နေသည်။

လက်ရှိတွင် ကြယ်ခုနစ်ပွင့်စစ်တပ်သည် လူအင်အားကြပ်တည်းနေသောကြောင့် ထိုဖိအားသည် သူတို့ပုခုံးရောက်လာခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။

ထိုတိဗက်များနှင့် သူတို့ပထမဆုံးထိပ်တိုက်တွေ့ဆုံခဲ့သည့်အချိန်မှနေ၍ အခုထိ မဟာထန်သည် ကျောင်းသားများနှင့်မြင်းစစ်သည်များအတွင်း များပြားသည့် အသေအပျောက်ကို ခံစားခဲ့ရပြီးဖြစ်သည်။

သူ့မြင်းပေါ်တွင် ထိုင်လျက် ဝမ်ချောင် ထိုတောင်ကိုကြည့်နေခဲ့ပြီးပြောလိုက်သည်။

"ငါတို့အပေါ်ကိုချီတက်စရာမလိုပါဘူး၊ ငါတို့ သူတို့ကို ငါတို့ဆီဆင်းလာအောင်လုပ်ရုံပဲ"။

သူသည် ဤအုပ်စုတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း သူ့အမူအရာနှင့်ဟန်ပန်များသည် အခြားသူများ၏ယုံကြည်မှုကို တစ်နည်းနည်းဖြင့်ဆွဲဆောင်နေခဲ့ကာ သူတို့၏ယုံကြည်မှုကို သူဆီပုံအပ်ထားရန်စည်းရုံးနေသည်။

စကားပုံကဲ့သို့ပင်

"ရန်သူအကြောင်းကို သိပြီး ကိုယ့်အကြောင်းကို သိခြင်းက တိုက်ပွဲပေါင်းတစ်ရာတွင် အောင်ပွဲတစ်ရာကို ပေါ်ထွက်စေပေလိမ့်မည်။"

တိုက်ပွဲမဖြစ်မီ ပထမဆုံးလုပ်ရမည့်အရာမှာ ရန်သူကို နားလည်ခြင်းနှင့် စစ်တလင်းဖြစ်မည့်မြေပြင်အနေအထားကို နားလည်ရန်ဖြစ်သည်။ ထိုကြောင့် ဤသည်က ဝမ်ချောင်တို့လာရောက်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်လည်းဖြစ်သည်။

မြေမျက်နှာသွင်ပြင်ကို စေ့စေ့စပ်စပ်နားလည်သဘောပေါက်မှသာလျှင် တိုက်ပွဲအတွက် ကောင်းစွာပြင်ဆင်နိုင်မည်ဖြစ်သည်။

ကြီးကျယ်ခမ်းနားသော ထိုတောင်တခွင်နှင့် ထို့အတူ မြေအနေအထားရှိ အမို့အမောက်များကိုဖြည်းညင်းစွာစစ်ဆေးကြည့်ရှုလျက် သူမသိမသာခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလုံလောက်ပြီ။ မနက်ဖြန်တိုက်ပွဲအတွက် ငါတို့လုပ်ရမယ့်အရာကိုငါသိပြီ။"

ဝမ်ချောင်ပြောလိုက်၏။

"အရမ်းမြန်တာပဲလာ"။

ဝမ်ချောင်၏ စကားကိုကြားလိုက်သည်နှင့်လူတိုင်းမှင်သက်သွားခဲ့ကြသည်။ ဝမ်ချောင် သူတို့ကို ဤနေရာသို့ခေါ်လာခဲ့ပြီး သူမနက်ဖြန်တိုက်ပွဲအတွက် စစ်မြေပြင်ကို ထောက်လှမ်းချင်သည်ဟုပြောခဲ့သည်။ သို့သော် သူတို့ရောက်လာပြီး ခဏအကြာမှာပင် သူသည် သူ့အလုပ်ပြီးပြီ ဟုပြောနေခဲ့သည်လော။

ဝမ်ချောင်နှင့် ယခုမှ ဆုံတွေ့ခဲ့ကြသော ဖန်ရွှမ်းယင်နှင့်တခြားသူများသည် သူ့အပြုအမူကြောင့် လန့်ဖျပ်သွားခဲ့ကြသည်။

ဤအချိန်မှာပင် ပိုင်စီလင် စကားထပြောလိုက်၏။

"ကောင်းပြီလေ။ ဝမ်ချောင်က သူ့အလုပ်ပြီးပြီလို့ ပြောနေပြီမို့ အဲလိုပဲဖြစ်ရမယ်။ သူပြောတဲ့အတိုင်း လုပ်ကြရုံပေါ့"။

ဤနေရာရှိ အုပ်စုတွင် သူမသည် ဝမ်ချောင်နှင့် အချိန်အကြာဆုံးရှိခဲ့သူဖြစ်သည်။ သူတို့ကိစ္စများစွာကို အတူတကွကျော်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သူမသည် သူ့အကြောင်းကိုလည်း အနက်ရှိုင်းဆုံး နားလည်ထားခဲ့၏။

သူအဓိပ္ပာယ်မရှိသည့် မည်သည့်အရာကိုမျှ လုပ်လိမ့်မည်မဟုတ်သည်ကို သူမသိသည်။ ထို့ကြောင့် သူတို့လုပ်ရမည့်အရာမှာ သူ့ဆုံးဖြတ်ချက်အပေါ် ယုံကြည်ကိုးစားရန်ဖြစ်သည်။

"စီလင်က အဲလိုပြောနေပြီမို့ အဆင်ပြေလောက်မှာပါ"။

ကျိုးယာ့ထုံသည်လည်း ထောက်ခံပြောဆိုခဲ့သည်။

မြို့တော်ရှိ ပိုင်ကလန်၏ ဂုဏ်သတင်းမှာ အထူးထင်ရှားပြီး ကြက်သွေးရောင်မီးတောက်လှံသည်လည်း ကျော်ကြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ဝမ်ချောင် ကိုယ်စားပြောပေးနေခဲ့သောကြောင့် စိတ်ပူစရာမရှိလောက်ပေ။

"သခင်လေးက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။ ပညာရှင်ဧကရာဇ်ရဲ့မျက်နှာပေးမှုကိုရနိုင်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး။ ကျွန်တော်တို့မနက်ဖြန်တိုက်ပွဲမှာ သခင်လေးရဲ့အမိန့်တွေကို အာရုံစိုက်ပါ့မယ်"။

ဖန်ရွှမ်းယင်ပြောလိုက်၏။

"ဟုတ်ကဲ့ပါ ကျွန်တော်ခင်ဗျားတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း မနက်ဖြန်တိုက်ပွဲမတိုင်မီ ကျွန်တော်တို့ကိုယ်တွယ်ရမယ့်ကိစ္စတစ်ခုရှိပါသေးတယ်။ ဒီကိစ္စကို မဖြေရှင်းခဲ့ရင် ကျွန်တော် ကျွန်တော့်ရဲ့အစီအစဉ်ကို ထုတ်ဖော်နိုင်မှာမဟုတ်ဘူး"။

ဝမ်ချောင် သူတို့ကိုပြောလိုက်သည်။

ဤစကားလုံးများက လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့၏။

"သခင်လေး အားမနာတမ်းပြောပါ။ ကျွန်တော်တို့ ခင်ဗျားနဲ့ပူးပေါင်းဖို့ အကောင်းဆုံးလုပ်မှာပါ"။

ဖန်ရွှမ်းယင်ပြန်ဖြေလိုက်သည်။

ကျိုးယာ့တုံနှင့်တခြားသူများသည်လည်း သဘောတူခေါင်းညိတ်လိုက်ကြ၏။ မနက်ဖြန်တိုက်ပွဲသည် သူတို့၏ ရှင်သန်မှုနှင့်လည်း ဆက်စပ်နေခဲ့သောကြောင့် သူတို့တွင် ၎င်းကိုကြီးလေးသောအမြင်ဖြင့် ရှုမြင်ရန်မှ တပါးရွေးချယ်စရာမရှိပေ။

ရယ်မောလျက် ဝမ်ချောင် ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။

"အဲဒါက အမှန်မဖြစ်နိုင်ပါဘူး"။

ဝမ်ချောင်၏ စကားကိုကြားသည်နှင့် ကျိုးယာ့ထုံ၏ မျက်နှာအလွန်အံ့အားတကြီးဖြင့် နီရဲသွားခဲ့သည်။

"ငါတို့ အဲတိဗက်တွေနဲ့အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရပေမယ့် အဲလိုအရာမျိုး တစ်ခါမှမတွေ့ခဲ့ရဘူး။ အဲလိုတကယ်ဖြစ်ခဲ့ရင် ငါတို့က တစ်ခုခုကို သေချာပေါက်သတိပြုမိခဲ့မှာပါ"။

ဖန်ရွှမ်းယင်နှင့် အခြားသူများသည်လည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ ကျိုးယာ့ထုံကဲ့သို့ပင် သူတို့သည်လည်း ဝမ်ချောင်ပြောသည့်အရာမျိုးကို တစ်ခါမှသတိမပြုမိခဲ့ကြပေ။

"စိတ်မပူပါနဲ့ တိဗက်တွေက အရူးမဟုတ်ဘူး။ သူတို့က လုံရှီရဲ့မြေအနေအထားနဲ့ မရင်းနှီးတာကို ထည့်သွင်းစဉ်းစားလိုက်ရင် သူတို့က အဲလိုသေချာပေါက်လုပ်လိမ့်မယ်။ အဲဒါကို မင်းတို့အရင်က သတိမပြုမိခဲ့ရုံပါပဲ"။

ဝမ်ချောင် အပြုံးတစ်ခုဖြင့်ပြန်ဖြေလိုက်သည်။

"နင်က ဒီလိုပြောနေပြီဆိုတော့ အဲဒါကို ငါတို့အနီးကပ်စောင့်ကြည့်မယ်။ ငါတို့ သူတို့ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ရတာပဲ"။

ကျိုးယာ့ထုံ သက်ပြင်းတစ်ချက်ချလျက် ပြန်ဖြေလိုက်၏။

အရင်တုန်းကဆိုပါက သူမသည် ဝမ်ချောင်၏စကားများကို အထင်အမြင်သေးလျက် အရေးမစိုက်လိုက်ရုံပင်။ သို့သော ်လွန်ခဲ့သည့်နှစ်ရက်က အဖြစ်အပျက်များပြီးနောက် သူမ သူမရှေ့ရှိ အသက်ဆယ့်ခြောက်နှစ်အရွယ်လူငယ်လေးကို လျှော့မတွက်ရဲတော့ပေ။

"စီလင်၊ရှုကန်းနဲ့ဟွမ်ရုံတု မင်းတို့အားလုံး သူတို့နဲ့ချိတ်ဆက်ဆောင်ရွက်ရလိမ့်မယ်"။

ဝမ်ချောင် ပိုင်စီလင်နှင့် အခြားသူများဆီ လှည့်လိုက်ပြီး အမိန့်ပေးလိုက်၏။

"အင်း"

ထိုသုံးယောက် ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည်မကြာသေးမီကမ ှရောက်လာခဲ့ကြသောကြောင့် ဤနေရာရှိမြေအနေအထားကို အနည်းငယ်သာ နားလည်ထားကြသည်။ ထို့ကြောင့် သူတို့သည် တိုက်ပွဲတွင် အရန်အခန်းကဏ္ဍသာ ပါဝင်နိုင်ကြသည်။

ထို့နောက ်ပြင်ဆင်မှုများကို ဝမ်ချောင်၏ညွှန်ကြားချက်များအတိုင်း ပြုလုပ်လိုက်ကြသည်။ မဟာထန်မြင်းစီးသူရဲနှစ်ရာတို့သည် နေရာအနှံ့ဖြန့်ကျက်သွားခဲ့ကြကာ အနားယူရာနေရာ ပတ်ဝန်းကျင်တွင်ကြီးမားသော ပိုက်ကွန်တစ်ခုဖြစ်ပေါ်လာစေသည်။

---

အချိန်သည် လျင်မြန်စွာ ကုန်သွားခဲ့ပြီး မကြာမီ မနက်မှနေ့လည်သို့ရောက်လာခဲ့၏။ အချိန်အနည်းငယ်ကြာပြီးနောက် အနောက်အရပ်တွင် နေဝင်တော့မည့်လက္ခဏာများပြသလာခဲ့သည်။ လူနှစ်ရာပါသောမြင်းစစ်သည်တို့သည် အနားယူရာနေရာဝန်းကျင်တွင် ဆက်လက်၍ ကင်းလှည့်နေခဲ့ကြသော်လည်း သူတို့သည် ဘာကိုမှ ရှာမတွေ့နိုင်ခဲ့ကြပေ။

အနားယူရာ နေရာ၏ အပြင်ဘက်နားလေးတွင် မြင်းအတော်များများ အတူတကွစုဝေးနေခဲ့ကြသည်။ နောက်ဆုံးတွင် ပိုင်စီလင် သူမကိုယ်သူမ ထိန်းမထားနိုင်တော့ဘဲ မေးလိုက်၏။

"ဝမ်ချောင် နင်ဘာမှမရတဲ့ အပေးအယူကြီးတစ်ခုလုပ်နေတာ မဟုတ်ဘူးလား။ အဲတိဗက်တွေရဲ့တိုက်ခိုက်မှုစွမ်းပကာ ကငါတို့ထက်အများကြီးသာလွန်ပြီး ပြီးခဲ့တဲ့တိုက်ပွဲလေးခုမှာ ငါတို့ကို လုံးဝချေမှုန်းလိုက်နိုင်တယ်။ ကင်းထောက်တွေ စေလွှတ်ပြီး ငါတို့ကိုစစ်ဆေးဖို့ သူတို့အတွက် တကယ်လိုလို့လား"။

သူမသည် ဝမ်ချောင်ကို မယုံကြည်ချင်၍မဟုတ်ပေ။ သို့သော် နေ့တစ်ဝက်ထက်ပို၍ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူတို့သည် တိဗက်ကင်းထောက်တစ်ယောက်ကိုမျှ သတိမပြုမိခဲ့သေးပေ။

အလယ်ပိုင်းလွင်ပြင်ဒေသ၏ ပြည်သူများနှင့်တိဗက်များအကြား ကွဲပြားသည့်ခြားချက်နားချက်များရှိကြသောကြောင့် သူတို့သည် ဤပတ်ဝန်းကျင်တွင် ပေါ်လာခဲ့ပါက သတိမပြုမိရန် မဖြစ်နိုင်ပေ။

"ဒါမှမဟုတ် တိဗက်ကင်းထောက်တွေက ညဘက်မှာ ပဲပေါ်လာတာဖြစ်နိုင်လောက်လား။ နင်ပြောခဲ့သလိုမျိုး သူတို့က တောင်ပေါ်ကနေ အလွယ်တကူ မစွန့်ခွာရဲကြဘူး ဒါကြောင့် သူတို့က သူတို့အားသာချက်ရှိမယ့် အခြေအနေတွေကို စောင့်ဆိုင်းနေတာ ဖြစ်လောက်လား"။

ကျိုးယာ့ထုံ မေးမြန်းရန်ကြိုးစားလိုက်၏။

အမှန်တွင် သူတို့သည် ဤနေရာ၌ ကင်းစောင့်များချထားရန် ဆန္ဒရှိနေသည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ ၎င်းကိုထုတ်ပြောခဲ့သူမှာ ဝမ်ချောင်ဖြစ်သောကြောင့်ဖြစ်သည်။ တခြားတစ်ဦးဦးသာဆိုပါက သူတို့သည် ကဲ့ရဲ့ရှုံ့ချပြီး မဆီမဆိုင်ပြောဆိုခြင်းဟုသာ သဘောထားကြပေလိမ့်မည်။

"မပူပါနဲ့ သူတို့သေချာပေါက်လာလိမ့်မယ်။ ဒီနယ်မြေကို ငါစစ်ဆေးကြည့်ပြီးပြီ၊ ဒီနယ်မြေက နည်းနည်းလေးစိုစွတ်ပုံရပြီး မနက်စောစောမှာ နှင်းထူထပ်စေတယ်။ နှင်းတွေက သူတို့ရဲ့မြင်ကွင်းကို ပိတ်ဆို့နေတာကြောင့် မင်းတို့လာနေတာကိုတွေ့ရဖို့ သူတို့အတွက်လုံးဝဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် တောင်ထိပ်ပေါ်က လေပြင်းတွေကို ထည့်သွင်းစဉ်းစားလိုက်ရင် မြင်းတွေရဲ့ခွာသံတွေကို ကြားရဖို့ကလည်း သူတို့အတွက် ခက်ခဲလိမ့်မယ်။"

"မင်းပြောခဲ့တာအရ ပြီးခဲ့တဲ့တိုက်ခိုက်မှုလေးခုမှာ တိုက်ခိုက်တဲ့အချိန်တွေမတူကြပေမယ့် တိဗက်တွေက တောင်ခြေမှာ မင်းတို့စတင်စုရုံးတဲ့အချိန်မှာ သူတို့ရဲ့တိုက်ခိုက်မှုကို အချိန်အတိအကျပြုလုပ်နိုင်ခဲ့ကြတယ်။ ငါတို့ရဲ့စစ်တပ်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေတဲ့ ကင်းထောက်တွေမရှိဘဲ သူတို့အတွက် အဲလိုတိကျတဲ့ဆုံးဖြတ်ချက်တွေ ချဖို့မဖြစ်နိုင်ဘူး"။

"ငါ မင်းတို့ကို အစောက ပြောခဲ့သလိုမျိုးပဲ တိဗက်တွေက မဟာထန်ရဲ့ပထဝီဝင်မြေအနေအထားနဲ့ မရင်းနှီးနေနိုင်ဘူးဆိုပေမယ့် သူတို့ကအရူးတွေမဟုတ်ကြဘူး။ စစ်သားတွေမရောက်ခင် ရိက္ခာတွေလာတယ်၊ ရိက္ခာတွေရှေ့မှာ တောင်ကင်းထောက်တွေပဲ။ မဟာထန်ဖြစ်ဖြစ် တခြားတိုင်းပြည်ဖြစ်ဖြစ် သတင်းအချက်အလက်တွေစုစည်းဖို့ တိုက်ပွဲရဲ့အရှေ့ကို ကင်းထောက်တွေမစေလွှတ်တာက သူတို့အတွက် မဖြစ်နိုင်သလိုလုံးဝရူးသွပ်နေတာပဲ။ ဒါကသာမာန်အသိပါ"။

ဝမ်ချောင် ခပ်တည်တည်ပြောလိုက်သည်။ သို့သော် သူ့အသံတွင်ကြီးလေးသောအာဏာကို သယ်ဆောင်ထားသည်။

သတင်းအချက်အလက်သည် စစ်ပွဲ၏အခရာဖြစ်သည်။ ထိုတိဗက်ကင်းထောက်များကိုကြိုတင်၍ ရှင်းလင်းမထားခဲ့ပါက သူတို့စစ်တပ်၏လှုပ်ရှားမှုများမှာ တိဗက်များအတွက် နေ့ဘက်ကဲ့သို့ ရှင်းလင်းနေပေလိမ့်မည်။

ဤသည်မှာ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် ဤအဆင့်က မရှိမဖြစ်လိုအပ်သည်ဟု ဝမ်ချောင်ပြောခဲ့ရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။

လူများသည် ထိတ်လန့်အံ့ဩစွာ ပါးစပ်များပွင့်ဟနေခဲ့ကြပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ကြပေ။

ဤသည်မှာ အထူးသဖြင့် ကျိုးယာ့ထုံအတွက်ဖြစ်၏။ သူမသည် သူမရှေ့ရှိ အခြေအနေကြောင့် လုံးဝ ကြက်သေသေနေခဲ့ပေသည်။

လွန်ခဲ့သည့် နှစ်ရက်က ထိုအချက်အလက်များကို ဝမ်ချောင်က သူမအားမေးမြန်းခဲ့သော အချိန်က ကျိုးယာ့ထုံ သူမသိသမျှကိုပြောပြခဲ့သည်။ သို့သော်ငြားလည်း သူမပြောခဲ့သည့် အသေးအဖွဲဖြစ်ပုံရသော အချက်အလက်များသည် ဤမျှအရေးကြီးမည်ဟု သူမ မထင်ခဲ့ပေ။

စစ်မြေပြင်ကို သာမန်တစ်ချက်ကြည့်ရုံမျှဖြင့် ဝမ်ချောင်သည် အခြေအနေများစွာကို ခန့်မှန်းနိုင်ခဲ့သည်။

---------------------------

အပိုင်း ၃၆၉

ကြက်သွေးရောင်ပန်းဖွားလှံ

ဤအချိန်တွင် ပိုင်စီလင်ကျိုးယာ့ထုံကို သနားစပြုလာခဲ့၏။

ဤအခိုက်၌ ကျိုးယာ့ထုံခံစားနေရသည့်မသိနားမလည်ခြင်းအတွက် ကူကယ်ရာမဲ့ခြင်းနှင့်ခံပြင်းနာကျည်းခြင်းတို့ကို သူမကွက်ကွက်ကွင်းကွင်းနားလည်သဘောပေါက်ပေသည်။ အကြောင်းမှာ သူမသည်လွန်ခဲ့သောရက်အနည်းငယ်က သူမကိုယ်တိုင် ထိုအဆင့်ကိုဖြတ်သန်းခဲ့ရသောကြောင့်ဖြစ်သည်။

ဝမ်ချောင်သည် ဆိုးရွားသောအခြေအနေတွင် ကျရောက်ခဲ့ရပြီး သူ့ဘဝအတွက် ခါးသီးသောအဆုံးသတ်အထိတိုက်ပွဲဝင်ရန် တွန်းအားပေးခံခဲ့ရသည့်တိုင် သူသည် လွတ်မြောက်သွားသော သံမဏိဝတ်ရုံမြင်းစီးဓားပြများကို သူ့အစီအစဉ်များတွင် ထည့်သွင်းနိုင်ခဲ့သေးသည်။

ထိုအချိန်က သူတို့၏တည်ရှိမှုကို ဝမ်ချောင်မေ့လိုက်ပြီဟု ပိုင်စီလင်တွေးထင်ထားခဲ့သော်လည်း သူသည် သံမဏိဝတ်ရုံလီ၏ ရတနာသိုက်ကို ဖွင့်လှစ်ရန် သူတို့ကို အမှန်တကယ်အသုံးချခဲ့မည်ဟ ုမည်သူသိနိုင်ခဲ့မည်နည်း။

ထိုအဖြစ်အပျက်ပြီးကတည်းက အချိန်တစ်ချို့ရှိခဲ့ပြီဖြစ်သော်လည်း သူမသည် ၎င်းကိုမနေ့ကကဲ့သို့ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။

သို့သော်လည်း ကံကောင်းသည့်အရာတစ်ခုမှာ အနည်းဆုံးတော့ သူမသည် ဝမ်ချောင်နှင့်အတူသေခြင်း၊ရှင်ခြင်းအခြေအနေကို ဖြတ်သန်းခဲ့ရပြီး ထိုပြင်းထန်သည့်အတွေ့အကြုံက သူမကို ဤအရာအားလုံးအား ကျော်ဖြတ်နိုင်စေခဲ့သည်။

သို့သော်လည်း ကျိုးယာ့ထုံအတွက် ထိုသို့မဟုတ်ခဲ့ပေ။

ကျိုးယာ့ထုံ၏ နောက်ကျောကို ဖွဖွလေးပုတ်နေခဲ့ကာ ပိုင်စီလင်ပြောလိုက်သည်။

"ယာ့ထုံ အများကြီးတွေးနေရာစရာ မလိုပါဘူး။ လုံရှီရဲ့ ကော်ရှုဟန်၊အနောက်ပိုင်းကာကွယ်ရေးအိမ်တော်ရဲ့ ဂိုစုန့်ကျီနဲ့အနောက်ပိုင်းဒေသကာကွယ်ရေးအိမ်တော်ရဲ့ ဖုမင်လင်းချာတို့က သူလုပ်ခဲ့တဲ့အရာကြောင့် တော်ဝင်ရုံးတော်တစ်ခုလုံးကို မုန်တိုင်းထန်စေခဲ့ပြီး သူ့ကိုကွပ်မျက်ဖို့သူတို့နဲ့ဆက်နွယ်နေတဲ့လူတိုင်းကို စည်းရုံးခဲ့တာတောင်မှ ဒေါသတကြီးနဲ့ ဘယ်လို ကတုန်ကယင်ဖြစ်ကျန်ခဲ့ရသလဲဆိုတာကို နင်ပြန်တွေးလိုက်ဖို့ပဲလိုတာပါ၊ နင်ဒါကို အသားကျနိုင်လောက်ပါတယ်။"

မြို့တော်ရှိ လူအနည်းငယ်ကိုသာ သူမမျက်လုံးထဲတွင် ထည့်ထားသော ကြက်သွေးရောင်မီးတောက်လှံသည်ပင် ဝမ်ချောင်ကြောင့် နှစ်ကြိမ်အရှက်ခွဲခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ရလိမ့်မည်ဟု တွေးကြည့်လိုက်ပါက...။

ပိုင်စီလင်သည် ကျိုးယာ့ထုံကို ဤကိစ္စထဲသို့ခေါ်ခဲ့မိခြင်းမှာ သူမအတွက် မှန်ကန်သည့်ဆုံးဖြတ်ချက်ဟုတ်မဟုတ် စတင်တွေးတောလာခဲ့ပြီဖြစ်သည်။

"ကောင်းပြီလေ ဝမ်သခင်လေးက အဲလိုပြောနေပြီမို့ သူပြောတဲ့အတိုင်းလုပ်ကြရုံပေါ့။"

ပိုင်စီလင်၏ စကားလုံးများက အလုပ်ဖြစ်ခဲ့သောကြောင့်ဖြစ်နိုင်သည်။ ကျိုးယာ့ထုံသည် လွန်ခဲ့သော အခိုက်အတန့်ကကဲ့သို့ မွန်းကျပ်နေသည့်ပုံမပေါ်တော့ပေ။

ထိုစကားများပြောပြီးနောက် လူတိုင်းသည် သူတို့၏ အလုပ်ကို လုပ်ဆောင်ရန်ချက်ချင်းလူစုခွဲလိုက်ကြသည်။

---

ထိုအုပ်စု လူစုခွဲနေသည့် အခိုက်မှာပင် သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့်ရက်စက်ကြမ်းကြုတ်သည့် မျက်လုံးတစ်စုံသည် လက်ရှိတွင် အရာအားလုံးကိုကြည့်ရှုနေခဲ့ပြီး ဤအရေးကြီးသည့်စုဝေးရာနေရာသို့ တဖြည်းဖြည်းချဉ်းကပ်လာနေသည်ကို မည်သူမျှသတိမပြုမိခဲ့ကြပေ။

အနားယူရာ နေရာ၏ ပတ်ပတ်လည်တွင် မြင်းတပ်သားများနှင့်တပ်သားအများအပြားဝင်ထွက်သွားလာနေကြသောကြောင့် ကျူးကျော်သူတိုင်းအား ချဉ်းကပ်လာရန်ခက်ခဲစေသည်။

သို့သော်လည်း ဤလူကို မည်သူမျှသတိမထားမိခဲ့ကြပေ။

သူ့လှုပ်ရှားမှုများသည် နှေးကွေးသော်လည်းတည်ငြိမ်၏။ အကြောင်းမှာ ဤသည်က သူဤနေရာသို့ ရောက်ဖူးသည်မှာပထမဆုံးအကြိမ်မဟုတ်သောကြောင့်ဖြစ်သည်။

အနားယူရာနေရာ၏ အသွင်အပြင်တစ်ခုလုံး၊ ကင်းသမားတစ်ဦးစီ၏ နေရာချထားမှု၊အဆိုင်းလိုက်ပြောင်းမည့် အချိန်၊ကျွမ်းကျင်သူများတပ်စွဲထားသည့် နေရာများ၊ရိက္ခာဂိုဒေါင်၏တည်နေရာ... ဤအရာအားလုံးသူ့ဖမ်းဆုပ်မှုထဲတွင်ရှိကြသည်။

ဖြစ်နိုင်သည်မှာ သူသည်ရောက်လာတာကြာပြီဖြစ်သော ကျောင်းသားများထက်ဤနေရာနှင့်ပို၍ပင်ရင်းနှီးနေနိုင်သည်။ အမှန်တွင်သူသည် ဤနေရာရှိမြင်းတပ်သားများနှင့်အတူ ထမင်းတစ်ခါစားခဲ့ဖူးသည်။

သို့တိုင် မည်သူမျှသူ့ကိုသံသယမဝင်ခဲ့ကြပေ။

"အဟက် ဒီအရူးတွေ။ မနက်ဖြန်ကျရင် မင်းတို့အားလုံးအလောင်းပုံဖြစ်သွားကြလိမ့်မယ်။ မင်းတို့တစ်ယောက်မှ ငါတို့မဟာတိုင်းပြည်ရဲ့မြင်းတပ်ကိုမဆန့်ကျင်နိုင်ကြဘူး။ တောင်ထူထပ်တဲ့မြေအနေအထားမှာ ငါတို့ကိုတိုက်ခိုက်ဖို့တောင်အိပ်မက်မက်နေဖို့ဆိုတာ ဘယ်လောက်ရူးမိုက်လိုက်သလဲ။"

ထိုလူသည် ရှေ့သို့ချီတက်လျက် အသံနိမ့် ရေရွတ်လိုက်သည်။

သူသည်လည်း ဤနေရာသို့ လွန်ခဲ့သည့်ရက်အနည်းငယ်မ ှရောက်လာခဲ့သော်လည်း ဘယ်အရာကမှ သူ့အာရုံစိုက်မှုနှင့်မထိုက်တန်ချေ။ နောက်ထပ်အရူးတစ်သိုက်သည် သူတို့၏ သေခြင်းတရားဆီသို့ချီတက်လာကြခြင်းသာဖြစ်၏။

သူသည် သူတို့ဘယ်အချိန်တိုက်ခိုက်မည်နှင့် သူတို့၏အင်အားကိုပင်သိ၏။ သို့တိုင် ထိုစစ်သားများသည် ဘာကိုမှသံသယမဝင်ခဲ့ကြဘဲ တိဗက်များက သူတို့၏တိုက်ခိုက်မှုကို တောင်ပေါ်တွင်ကျိုးကျိုးနွံနွံစောင့်ဆိုင်းနေခဲ့ကြသည်ဟု တွေးထင်နေခဲ့ကြသည်။

"စောင့်ကြည့်လိုက်ပါ ဒါကအစပဲရှိသေးတယ်၊ လက်ရှိမဟာထန်က အရင်ကလိုမဟုတ်တော့ဘူး။ မဟာဝန်ကြီးချုပ်က သူ့နောက်ဆုံးဆင့်ခေါ်မှုအသုတ်ပြီးတဲ့အချိန်ဟာ ငါတို့လုံရှီကိုဖြတ်ကျော်ပြီးအလယ်ပိုင်းလွင်ပြင်ဒေသကိုစိုးမိုးတဲ့နေ့ဖြစ်လိမ့်မယ်။ အဲလိုခြိမ်းခြောက်မှုကြီးတစ်ခုရှေ့မှာ မင်းတို့ကမသိဘဲနေနိုင်နေကြတာရယ်စရာကောင်းတာပဲ။"

ထိုလူ အထင်သေးစွာသရော်လိုက်၏။

တစ်ချိန်က မဟာထန်သည် သူ့အံ့မခမ်းအင်အားကြောင့်ကျော်ကြားခဲ့သည်။ စစ်သည်တစ်သောင်းပါဝင်သော စစ်တပ်တစ်တပ်မျှဖြင့်ပင် သူတို့သည်သူတို့ထက်အဆပေါင်းများစွာ သာလွန်သောရန်သူများကိုအနိုင်ယူနိုင်ခဲ့ကြသည်။

သို့သော် လက်ရှိမဟာထန်မျိုးဆက်သည် သူတို့၏ ဘိုးဘေးဘီဘင်များကဲ့သို့တက်ကြွပြီးရဲစွမ်းသတ္တိမရှိကြတော့ပေ။

ကုန်းပြင်မြင့်၏ လေပြင်းများက ဝူရှန်းရှိအသန်မာဆုံးသောစစ်သည်များကို ပြုစုပျိုးထောင်နေခဲ့ချိန်တွင် ငြိမ်းချမ်းရေးက ၎င်းတို့၏ထက်မြက်မှုကိုတိုက်စားသွားခဲ့သည်။ သိပ်မကြာမီ သူတို့၏မြင့်မြတ်သောလင်းယုန်ငှက်အလံများက အလယ်ပိုင်းလွင်ပြင်ဒေသအနှံလွင့်ထူပေလိမ့်မည်။

ကောင်းကင်သားတော်က အလယ်ပိုင်းလွင်ပြင်ဒေသကို အုပ်ချုပ်ပေလိမ့်မည်။

စိတ်ထဲတွင် ထိုအတွေးများဖြင့် ထိုလူသည် အနားယူရာနေရာသို့ဖြည်းညင်းစွာချဉ်းကပ်လာခဲ့ပြီး သူနားထဲရောက်လာသည့် အပြန်အလှန်ပြောစကားတိုင်းကိုနားစွင့်နေခဲ့သည်။ သူသည်သမ်းဝေသံတစ်ချက်ကိုပင် အလွတ်မခံခဲ့ပေ။

ဤနေရာတွင်သူသည လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။

ဝမ်းးး

သို့သော် သူအပျော်ထဲနှစ်မျောနေစဉ်မှာပင် ရုတ်တရက်သူ့နှလုံးသားတစ်ချက်ခုန်သွားခဲ့၏။ ဆိုင်းမဆင့်ဗုံမဆင့်ပင် ထက်ရှသည့်အကြည့်တစ်ခုကသူ့ကိုကြည့်နေသည်ဟုသူခံစားလိုက်ရသည်။

ထိုလူသည် သူ့နှလုံးကစိုးရိမ်တကြီးခုန်နေသည်ဟု ခံစားလိုက်ရသည်။ သူထိုစူးရှသော အကြည့်လာရာဘက်သို့ အလိုလိုကြည့်လိုက်မိပြီး အသက်ဆယ့်ခြောက်နှစ်အရွယ ်လူငယ်လေးတစ်ယောက်က သူ့ကိုစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

၎င်းသည် သာမန်ဆန်သောအကြည့်တစ်ခုဖြစ်သော်လည်း မယုံနိုင်စရာကောင်းလောက်အောင် စူးရှကာသူ့ကျောရိုးကိုချမ်းတုန်သွားစေသည်။

သူသည် တစ်ဖက်လူအား သံသယဝင်စေသည့်မည်သည့်အရာကို မတော်တဆပြသခဲ့မိသလဲဟု စိုးရိမ်နေစဉ်မှာပင် ထိုလူငယ်၏အကြည့်က အခြားနေရာသို့ရောက်သွားခဲ့သည်။

ထိုသည်မှာ ထိုအကြည့်က သူ့အပေါ်တိုက်ဆိုင်မှုတစ်ခုကြောင့်ကျလာသကဲ့သို့ပင်။ ထို့အပြင်ထိုလူငယ်က လှပသည့်အနီရောင်ဝတ်မိန်းမပျိုလေးဆီလျှောက်သွားသည်ကို ထည့်သွင်းစဉ်းစားလိုက်ပါက ထိုသို့ဖြစ်ဖို့များပေသည်။

---

"ကျိုးယာ့ထုံခဏနေဦး"

ဝမ်ချောင်အော်လိုက်၏။

"ဘာဖြစ်လို့လဲ"

ကျိုးယာ့ထုံ အံ့အားတကြီးလှည့်ကြည့်လိုက်ကာ ဝမ်ချောင်က သူမကိုဘာကြောင့်ရုတ်တရက်ခေါ်ရသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေသည်။

"ငါ မင်းက ိုပြောဖို့မေ့သွားတာကို ရုတ်တရက်သတိရသွားလို့ပါ။"

ဝမ်ချောင် သူ့မြင်းကိုမောင်းနှင်လျက်အော်လိုက်သည်။

"ဘာဖြစ်လို့လဲ။"

ကျိုးယာ့တုံ စိတ်ဝင်တစားမေးလိုက်၏။

"ဒီလိုမျိုးကင်းထောက်တွေကိုဖမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ငါပြောဖို့မေ့သွားတယ်။ ငါတို့ရဲ့အစီအမံတွေကို နည်းနည်းပြင်ရမယ်။"

ဝမ်ချောင် ခါးသက်သက်အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

အလွန်အရေးကြီးသည့်ကိစ္စတစ်ခုကို ထည့်သွင်းစဉ်းစားရန်ပျက်ကွက်ခဲ့သည်ကို သူယခုလေးတင်နားလည်သွားခဲ့သည်။ ဟိုးအစကတည်းက သူတို့သည် မှားယွင်းသည့်နေရာများတွင် ရှာဖွေနေခဲ့ကြခြင်းဖြစ်ပြီး အကယ်၍သူတို့သည် ဤလမ်းကြောင်းကို ဆက်လျှောက်သွားပါက သူတို့၏ရှာဖွေမှုသည် အရှုံးဖြင့်အဆုံးသတ်သွားပေလိမ့်မည်။

စုဝေးရာနေရာ၏ ပတ်ဝန်းကျင်တွင် ရဲမက်များစွာဝင်ထွက်သွားလာနေခဲ့ကြသည်။ ဝမ်ချောင်သည် ကျိုးယာ့ထုံဆီသို့ဦးတည်သွားနေစဉ်တွင် ခြံစည်းရိုးတစ်ခုမှ ဖြတ်သွားရာ ဒဏ်ရာပြင်းထန်စွာရထားသော ချပ်ဝတ်တန်ဆာတွင် သွေးများဖြင့်စိုရွှဲနေသည့်မြင်းစစ်သည်တစ်ဦးကို သတိပြုမိလိုက်သည်။ သူသည်သွားလာရန်အလွန်ခက်ခဲနေပုံရ၏။

ဝမ်းးး

ဝမ်ချောင်၏ မျက်လုံးထဲထက်ရှသည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒပေါ်လာခဲ့ကာ သူမျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်။

'ဒီနေရာကို လာရဲဖို့ မင်းဘယ်လောက်တောင်သတ္တိရှိလိုက်သလဲ။'

မိုးခြိမ်းသံက အနားယူရာ နေရာတစ်ခုလုံးကို တုန်ခါသွားစေသကဲ့သို့ပင်။ ထိုပြင်းထန်စွာဒဏ်ရာရထားသောမြင်းစစ်သည်၏ ခန္ဓာကိုယ်သည်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဘုန်းးး

ထိုအခိုက်တွင် ဝမ်ချောင်ရုတ်တရက်တိုက်ခိုက်လိုက်၏။

"ဒေါသထွက်နေတဲ့ရေနဂါးရဲ့ခြေရှစ်လှမ်း"

တုံ့ဆိုင်းမနေဘဲ ဝမ်ချောင် သူ့အစွမ်းအထက်ဆုံးနည်းစနစ်ကိုအသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်ကို အကန့်အသတ်သို့တွန်းပို့လိုက်ကာ နဂါးရှစ်ကောင်သည် ဘက်ပေါင်းစုံမှပေါ်လာခဲ့ပြီး ထိုမြင်းစစ်သည်ကိုတင်းကြပ်စွာပိတ်ဆို့လိုက်ကြသည်။

မု

ထိုခဏတွင် နွားအော်သံနှင့် ဆင်တူသော နားအူမတတ်မြည်ကြွေးသံထွက်ပေါ်လာခဲ့ပြီးကြံခိုင်သည့် အဖြူရောင် တိဗက်နွားရိုင်းတစ်ကောင်၏ ပုံရိပ်တစ်ခုထိုမြင်းစစ်သည်အထက်တွင်ပေါ်လာခဲ့သည်။ သူ့ခြေဖဝါးအောက်တွင် အဖြူရောင်ချီစက်ကွင်းတစ်ခုဂယက်ထလာခဲ့ကာ သူ့၏တလိပ်လိပ်စီးထွက်လာနေသော ကြယ်တာရာစွမ်းအင်နှင့် အတူဖြာထွက်လာခဲ့သည်။

ဝမ်ချောင်၏ ကျောက်စိမ်းရိုင်းသံမဏိဓားသည် ထိုမြင်းစစ်သည်၏ ကြယ်တာရာစွမ်းအင်ကို ခုတ်ဖြတ်သွားခဲ့ပြီး သူ့ရင်ဘက်ညာဘက်သို့ထိုးစိုက်သွားခဲ့သည်။ သို့သော်တစ်ချိန်တည်းမှာပင် ပြင်းထန်သည့်ထိုးနှက်ချက်ကိုခံစားနေရသော်လည်း ထိုလူသည်လည်း ဝမ်ချောင်ကိုနောက်သို့တွန်းထုတ်နိုင်ခဲ့သည်။

ဝမ်ချောင်နောက်သို့ဆုတ်သွားသည့်အခိုက်တွင် ထိုအဖြူရောင်ချီစက်ကွင်းသည် ချက်ချင်းသူ့မြင်းအောက်သို့ တိုးချဲ့သွားခဲ့ပြီးထိုမြင်းမောင်းသူနှင့်မြင်းတို့်သည် ချက်ချင်းတတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးလိုက်ကြသည်။

"သူ့ကိုတား"

သူမြေပြင်သို့ဆင်းသက်လိုက်သည့်အခိုက်တွင် သူ့လက်ဖြင့်မြေပြင်ကိုထောက်လိုက်ကာ သူ့ကိုယ်သူအပေါ်သို့တွန်းတင်လိုက်ပြီး ခွာဖြူအရိပ်၏ ကျောပေါ်သို့နောက်တစ်ကြိမ်ခုန်တက်လိုက်သည်။

ထိုလူ၏ တိုက်ခိုက်ခြင်းစွမ်းအားသည် သူစိတ်ကူးထားသည်ထက် များစွာကြောက်ဖို့ကောင်းနေခဲ့ပြီး သူ၏တုံ့ပြန်မှုနှင့်ပြတ်သားမှုတို့သည်လည်း ထိပ်တန်းဖြစ်ကြသည်။

ဝမ်ချောင်၏ဓားသည် ထိုလူ၏ညာဘက်နှလုံးအိမ်ကိုရည်ရွယ်ခဲ့သော်လည်း ထိုလူသည်နောက်ဆုံးအချိန်ကျမှ ရှောင်ရှားနိုင်ခဲ့ကာသူ့ဓားကို တစ်ဖက်လူ၏ညာဘက်အဆုတ်အား ထိမှန်သွားစေသည်။ ဤထိုးနှက်ချက်ကိုခံယူကာ သူသည်ဝမ်ချောင်ကိုအဝေးသို့တွန်းထုတ်ရန် အခွင့်အရေးတစ်ခုရရှိသွားခဲ့ပြီး ထွက်ပြေးရန်အချိန် တချို့ရသွားသည်။

ထိုလူက ဝမ်ချောင်ကို အဝေးသို့တွန်းထုတ်လိုက်ပြီး ထွက်ပြေးသည့်အချိန်ကြားတွင် တခဏသာကြာမြင့်ခဲ့သော်လည်း သူ့မြင်းကိုအတော်လေးမြန်သည့်အရှိန်သို့ ရောက်ရှိစေနိုင်ခဲ့ပြီဖြစ်သည်။

သူ့မြင်းစီးကျွမ်းကျင်မှုသည်လည်း မယုံနိုင်စရာကောင်းသည့် ကျွမ်းကျင်မှုသို့ရောက်နေခဲ့ပုံပေါ်သည်။

ဝုန်းး

ထိုနေရာတွင် ဝရုန်းသုန်းကားဖြစ်သွားခဲ့၏။ ကျောင်းသားတစ်ယောက်က သူတို့၏ကိုယ်ပိုင်မြင်းစစ်သည်ကို ဘာကြောင့်ရုတ်တရက်တိုက်ခိုက်သလဲဆိုသည်ကို မည်သူမှနားမလည်နိုင်ခဲ့ကြပေ။ ဘာတွေဖြစ်ပျက်နေသည်ကို သူတို့နားမလည်နိုင်မီမှာပင် ထိုမြင်းစစ်သည်သည်ကြောက်လန့်စွာထွက်ပြေးနေခဲ့ပြီဖြစ်သည်။

လူတချို့သည် ဝမ်ချောင်၏အမိန့်ကို အလိုလိုလိုက်နာလိုက်မိကြပြီး ထိုမြင်းစစ်သည်ကိုတားဆီးလိုက်ကြသည်။ ကျန်သည့်လူများသည်တော့ သူတို့ရှေ့ရှိအခြေအနေကြောင့် ကြက်သေသေနေခဲ့ကြကာနေရာတွင်ပင် ရပ်နေခဲ့ကြသည်။

ဤစုဝေးရာနေရာသည် အချိန်အကြာကြီးငြိမ်းချမ်းနေခဲ့ပြီး ထိုသို့သောအခြေအနေတစ်ခုသည် ယခင်ကမဖြစ်ပျက်ခဲ့ဖူးပေ။

ဒီးဒါဒါ

လူအများစုက ပြောင်းလဲသွားသည့်ဖြစ်ရပ်များကြောင့် ထုံအနေစဉ်မှာပင် ထိုတိုက်ခိုက်ခံခဲ့ရသောမြင်းစစ်သည်သည် အနားယူရာနေရာ၏ အပြင်ဘက်အလွှာသို့ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။

သူ့ကိုတိုက်ခိုက်ရန်ကြိုးစားခဲ့ကြသည့် လူအနည်းငယ်ရှိခဲ့ကြသော်လည်း သူတို့သည် သူ၏ အံ့မခမ်းအမြန်နှုန်းဖြင့်ခါထုတ်ခြင်းခံခဲ့ရသည်။

ထိုလူ၏ရှေ့တွင် အလင်းရောင်တစ်ခုပေါ်လာခဲ့၏။ သူသည် အနားယူရာနေရာ၏ အပြင်ဘက်ခံစစ်စည်းဝိုင်းသို့နီးလာနေခဲ့ပြီဖြစ်၏ အပြုံးရိပ်တစ်ခုက သူ့နှုတ်ခမ်းထက်ချိတ်ဆွဲလာခဲ့သည်။

သူသည်မည်သို့ဖော်ထုတ်ခံလိုက်ရသည်ကို မသိသော်လည်း သူ့အသက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ဆဲဖြစ်သည်။

သူ့ရန်သူများသည် အရေအတွက်များပြားကြသော်လည်း သူတို့ သူ့ကိုဘာမှမလုပ်နိုင်ခဲ့ကြပေ။

"ဟမ်"

ထိုလူသည် အောင်ပွဲမှ လက်တစ်ကမ်းအကွာတွင် အေးစက်သည့် နှာခေါင်းရှုံ့သံတစ်ခုက ရုတ်တရက်သူ့နားထဲရောက်လာခဲ့၏။ ၎င်းသည်တိမ်တိုက်ထဲမှနေ၍ သေမျိုးပုရွက်ဆိတ်များကိုငုံ့ကြည့်နေသည့် ဖီးနစ်တစ်ကောင်ကဲ့သို့ မောက်မာကာ အထက်စီးဆန်လှပြီး ကျက်သရေရှိလှသည်။

"နင်လွတ်မြောက်နိုင်မယ်လို့တွေးနေတာလား။ ငါနင့်ကိုပြောပါရစေ ငါ့ရဲ့ခွင့်ပြုချက်မရှိဘ ဲဒီနေရာကနေ ဘယ်သူမှ ထွက်သွားလို့မရဘူး။"

ထိုအေးစက်သည့်အသံက သစ်တောထဲမှထွက်ပေါ်လာခဲ့၏။ ၎င်းသည်ကျယ်လောင်ခြင်းမရှိသလို နူးညံ့ခြင်းလည်းမရှိပေ။ သို့သော် သူစကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

အလွန်ကြီးမားသော အန္တရာယ်ခံစားချက်တစ်ခုက သူ့ကိုဖိနှိပ်လာခဲ့ကာ ထိုလူ၏ ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားခဲ့သည်။

သူချက်ချင်း သူ့မြင်းဇက်ကြိုးကိုဆွဲလိုက်ပြီး ထိုအသံမှ ဆန့်ကျင်ဘက်အရပ်သို့ထွက်ပြေးရန်ကြိုးပမ်းလိုက်သည်။ သို့သော် သူသူ့လက်ချောင်းများအား လှုပ်လို့မရတော့သည်ကိုနားလည်သွားခဲ့၏။

လောကကြီးသည် သူ့အနားတွင်ချာချာလည်နေခဲ့ပြီး သူ့ခေါင်းကလေထဲတွင် လွင့်ပျံနေသည်ကို သူသဘောမပေါက်မီ အချိန်တခဏ ယူလိုက်ရသည်။

ဟီးးးး

အဝေးသို့ဒုန်းဆိုင်းပြေးသွားလျက် စစ်မြင်းတစ်ကောင်မြည်ကြွေးလိုက်၏။ ထိုမြင်းနောက်ကျောပေါ်ရှိ ခေါင်းမပါသောအလောင်းမှ သွေးများဖြာထွက်နေသည်ကိုကြည့်ကာ ထိုလူအမှန်တရားကိုရုတ်တရက်သဘောပေါက်လိုက်သည်။ သူသေသွားခဲ့ပြီဖြစ်သည်။

'မြန်တယ်...'

ဤသည်က သူ့ခေါင်းလေထဲတွင် တဖြည်းဖြည်းမြင့်တက်သွားစဉ် သူ့စိတ်ထဲတွင်ပေါ်လာသော နောက်ဆုံးအတွေးဖြစ်သည်။ သူနောက်ဆုံးမြင်လိုက်ရသည့်အရာမှာ ကြက်သွေးရောင်မြင်းတစ်ကောင်နှင့် ထိုမြင်းပေါ်ရှိရဲရင့်သော မိန်းမပျိုတစ်ယောက်ဖြစ်၏။

သူမ၏ လက်ထဲတွင်အလွန်တောက်ပသော ကြက်သွေးရောင်မီးတောက်များထွက်ပေါ်နေသည့် ရှည်လျားသောကြက်သွေးရောင်ပန်းဖွား လှံတစ်ချောင်းဖြစ်သည်။

ထို့နောက် နောက်တခဏတွင် အရာအားလုံးမှောင်မိုက်သွားခဲ့သည်။

_____

အပိုင်း ၃၇၀

တိဗက်ကင်းထောက်များ

ဤသည်မှာ ကျိုးယာ့ထုံလှုပ်ရှားသည်ကို ဝမ်ချောင်ပထမဆုံးမြင်တွေ့ဖူးခြင်းဖြစ်သည်။ သူမ၏ လှံကို တစ်ချက်လွှဲလိုက်ခြင်းနှင့်အတူ မီးတောက်များနှင့်ဆင်တူသော ကြက်သွေးရောင်တိမ်တိုက်များသည် ရှေ့သို့ ပြေးထွက်သွားခဲ့ကာ ခုနစ်ကျန့်အကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။

ထိုကြက်သွေးရောင်တိမ်တိုက်၏ လျင်မြန်လှသည့်မွှေယမ်းမှုဖြင့် ထိုလူ၏ဦးခေါင်းသည် လေထဲတွင်လိမ့်နေခဲ့ပြီဖြစ်သည်။ အရာအားလုံးမှာ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် ဖြစ်ပျက်သွားခဲ့ကြ၏။

ထိုလူသည် သူကိုယ်တိုင်က ကျွမ်းကျင်သူတစ်ဦးဖြစ်ကာ ဝမ်ချောင်ဆီမှ ဒေါသထွက်နေသည့် ရေနဂါးခြေရှစ်လှမ်း၏ ရုတ်ချည်းတိုက်ခိုက်မှုအောက်၌ပင် သူ့သေကွင်းသေကွက်များကို ထိခိုက်မိခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ သို့တိုင်သူသည် ကျိုးယာ့ထုံ၏လှံကို လုံးဝမရှောင်ရှားနိုင်ခဲ့ပေ။

ထိုကြက်သွေးရောင်လှံအောက်တွင် သူ့ကိုဖုံးလွှမ်းထားသည့် ထူထဲသောကြယ်တာရာ စွမ်းအင်အလွှာသည် တခဏချင်း အပြတ်အသတ်ဖြိုဖျက်ခံလိုက်ရသည်။

'အရမ်းမြန်တယ်'

ဝမ်ချောင်စိတ်ထဲရေရွတ်လိုက်၏။

ထိုလူ၏တုံ့ပြန်မှုသည် နှေးကွေးသောကြောင့်မဟုတ်ပေ။ သို့သော်ကျိုးယာ့တုံ၏လှံက အလွန်လျင်မြန်နေခဲ့ခြင်းဖြစ်၏။ ဝမ်ချောင်ပင်လျှင် သူ့လက်ရှိခွန်အားဖြင့် ထိုလှံကို ဆန့်ကျင်ရပ်တည်နိုင်မည်ဟု ယုံကြည်ချက်ရှိစွာ မပြောနိုင်ပေ။

"ကျိုးကလန်ရဲ့ လှံကျွမ်းကျင်မှုက တကယ့်ကို မယုံနိုင်စရာပဲ။"

ဤသည်မှာ ကျိုးကလန် ကြက်သွေးရောင်မီးတောက်လှံ၏ အစစ်အမှန်ခွန်အားကို ဝမ်ချောင် မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

အစောပိုင်းတွင် ပိုင်စီလင်က ကျိုးယာ့တုံတွင် သူမ၏ လက်ရှိကျင့်ကြံခြင်း နယ်ပယ်ထက်ကျော်လွန်သောခွန်အားကို ဆွဲထုတ်စေနိုင်သည့်နည်းစနစ်တစ်ခုရှိသည်ဟု ပြောဆိုခဲ့သော အချိန်က ဝမ်ချောင်ရယ်မောနေခဲ့သည်။ သို့သော်လည်း ၎င်းက ခုချိန်တွင် အမှန်ဖြစ်ပုံရသည်။

ဘုန်းး

ကျောက်တုံးကြီးတစ်တုံးရေကန်ထဲသို့ပြုတ်ကျသွားသကဲ့သို့ ထိုခေါင်းသည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ကျဆင်းသွားခဲ့သည်။ ဤအချိန်တွင် အနားယူရာနေရာအနားရှိလူများသည် နောက်ဆုံးတွင်နိုးထလာခဲ့ကြသည်။

"ဘာတွေဖြစ်နေတာလဲ။"

"သူတို့က ဘာလို့ ငါတို့ရဲ့လူကို သတ်ဖြတ်နေကြတာလဲ။"

"ဒီလူတွေ ရူးနေကြတာလား။"

"သူတို့ကိုဖမ်း၊ သူတို့ကို စစ်ခုံရုံးတင်လိုက်ကြရအောင်။"

"ခွေးမသားတွေ ဥပဒေတွေက သူတို့အတွက် ဘာမှမဟုတ်ဘူးလား။"

လူအုပ်ကြားတွင် ဆူညံပွက်လောရိုက်သွားခဲ့၏။ ဤနေရာရှိ စစ်သားအကုန်နီးပါး ဒေါသထွက်သွားခဲ့ကြသည်။ သူတို့အားလုံး၏ မျက်စိရှေ့တွင် ဤလူများသည် သူတို့၏မြင်းစစ်သည်တစ်ယောက်ကို အမှန်တကယ်သတ်ဖြတ်ခဲ့ကြသည်။ ထိုသည်က မိုက်ရူးရဲဆန်ခြင်းဖြစ်၏။

လူအုပ်ကြီးသည် ထိုနေရာတွင် တဖြည်းဖြည်းဝိုင်းပတ်လာခဲ့ကြကာ လူအနည်းငယ်က ထိုကိစ္စကို တင်ပြရန် အနားယူရာနေရာသို့ ချက်ချင်းပြေးထွက်သွားခဲ့ကြသည်။

မြေပြင်ပေါ်ရှိ ထိုအလောင်းနှင့် လတ်ဆတ်သော သွေးများကိုကြည့်ကာ သူတို့အံ့အားတကြီးဖြင့် အေးခဲသွားခဲ့ကြသည်။

စစ်သားအချင်းချင်းသတ်ဖြတ်ခြင်းသည် ကြီးလေးသောပြစ်ဒဏ်ကို အာမခံနိုင်သောပြင်းထန်သည့် ရာဇဝတ်မှုတစ်ခုဖြစ်သည်။

ဤပြောင်းလဲသွားသောကိစ္စရပ်များကြောင့်ကျိုးယာ့ထုံမျက်နှာပျက်သွားခဲ့၏။မည်သို့ဆိုစေကာမူသူမဝမ်ချောင်ဆီသို့မေးခွန်းထုတ်နေသည့်အကြည့်ဖြင့်လှည့်ကြည့်လိုက်သောအခါသူမတည်ငြိမ်မှုကိုထိန်းထားနိုင်ခဲ့သေးသည်။

ဝမ်ချောင်၏ လှုံဆော်မှုအောက်တွင် သူမလှုပ်ရှားခဲ့ရသော်လည်းခုချိန်အထိပင် ဘာတွေဖြစ်ပျက်နေသည်ကို သူမနားမလည်သေးပေ။ သို့ဆိုလျှင်ပင် သူမသည် သူ့အပေါ်ယုံကြည်မှုအချို့ရှိခဲ့သည်။

ဤနေရာတွင် ဒေါသတကြီး အော်ဟစ်နေကြသော်လည်း ဝမ်ချောင် အပြုအမူနောက်ကွယ်တွင် ကောင်းမွန်သည့်အကြောင်းပြချက်ရှိရမည်ဟု ကျိုးယာ့ထုံယုံကြည်ပေသည်။

"ဝမ်သခင်လေးကိုကာကွယ်ကြ"

အခြေအနေက သူတို့အားဆန့်ကျင်လာသည်ကိုမြင်လိုက်ကာ ရှုကန်း၊ဟွမ်ရုံတုနှင့်တခြားသူများချက်ချင်းတုံ့ပြန်လိုက်ကြပြီး ဝမ်ချောင်၏နံဘေးသို့ အလျင်အမြန်တိုးလာခဲ့ကြသည်။

သူတို့သည်လည်း ဘာတွေဖြစ်ပျက်သွားသည်ကိုမသိလိုက်ကြပေ။ ဝမ်ချောင်က သူတို့၏ကိုယ်ပိုင်တပ်သားကို ဘာကြောင့်ရုတ်တရက်တိုက်ခိုက်ခဲ့သည်ကို သူတို့သဘောမပေါက်နိုင်ခဲ့ကြပေ။ သို့သော်လည်း သူတို့သည်သူနှင့်အတူတစ်လှေတည်းစီးသူများဖြစ်ကြသောကြောင့် သူတို့၏ပထမဆုံးတုံ့ပြန်မှုမှာ သူ့ကိုကာကွယ်ရန်ဖြစ်သည်။

အားလုံးပြီးနောက် တခြားသူများမသိနိုင်ကြသော်လည်း ဝမ်ချောင်သည်မြို့စားကြီးကျူး၏မြေးဖြစ်ပြီး ဝမ်ကလန်၏ အလားအလာရှိသောဆက်ခံသူဖြစ်သည်။ မြို့တော်ရှိသခင်လေးများထဲတွင်ပင် သူသည် အလေးစားခံရဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည်။

"ဝမ်ချောင် နင်ရူးနေတာပဲ။"

ပိုင်စီလင် မြင်းစီးလာခဲ့ကာ စိုးရိမ်တကြီးပြောလိုက်သည်။ သူမ၏မျက်လုံးများမှာ ထိတ်လန့်မှုကြောင့်နီရဲနေကြ၏။

သူမဒုက္ခရောက်မည်ကို မကြောက်သော်လည်း ဝမ်ချောင်အတွက် စိုးရိမ်ပေသည်။

ဝမ်ချောင်သည် သူတို့၏ရဲမက်များထဲမှ တစ်ဦးကိုသတ်ပစ်ကာ အဘယ်ကြောင့် ဤမျှအဆင်အခြင်မဲ့သော အပြုအမူကိုပြုလုပ်ခဲ့ကြောင်း သူမနားမလည်နိုင်ခဲ့ပေ။

"လန့်စရာမလိုပါဘူး။"

ပိုင်စီလင်၏ စိုးရိမ်နေသည့်အခြေအနေကိုမြင်လိုက်ရသောအခါ ဝမ်ချောင်ရင်ထဲထိသွားခဲ့သော်လည်း တစ်ချိန်တည်းတွင် အခြေအနေကရယ်စရာကောင်းသည်ကိုတွေ့လိုက်ရသည်။ ဤငတုံးမလေးက သူ့ကိုစိတ်လွှတ်သွားခဲ့ပြီဟု တွေးထင်နေသည်လော။

"မလန့်ခင် အဲလူက ဘယ်သူလဲဆိုတာအရင်ကြည့်လိုက်ပါဦး။"

ဝမ်ချောင် ထိုလူ၏ပြုတ်ကျနေသော ဦးခေါင်းဆီသို့မြင်းစီးသွားလိုက်ကာ ယုံကြည်မှုရှိရှိပြောလိုက်သည်။ သူ့ညာလက်ညိုးကို အနည်းငယ်လှုပ်လိုက်ခြင်းနှင့်အတူ ဓားချီတစ်ခုပြေးထွက်သွားခဲ့ပြီး ထိုမြင်းစစ်သည်၏ဦးထုပ်ကို တိကျစွာထိမှန်သွားခဲ့သည်။

ဒန်းး

ထိုဦးထုပ်သည် အပိုင်းပိုင်းအစစဖြစ်သွားခဲ့ပြီး မူလကမြေပြင်ကိုမျက်နှာမူနေသည့်မျက်နှာသည် ဝမ်ချောင်၏တိုက်ခိုက်မှုအောက်တွင် အနည်းငယ်လှည့်ပတ်သွားခဲ့ကာ ရက်စက်ကြမ်းကြုတ်သော နီမြန်းနေသည့်မျက်နှာကို လှပ်ပြလိုက်သည်။

ဝုန်းး

မျက်စိတစ်မှိတ်အတွင်းမှာ ပင်တိတ်ဆိတ်မှုက ထိုခေါင်းပြတ်အနားရှိ ပတ်ပတ်လည်ကိုလျင်မြန်စွာကြီးစိုးသွားခဲ့သည်။

ထိုလူကို သူမကိုယ်တိုင်သတ်ဖြတ်ခဲ့သည့် ကျိုးယာ့ထုံပင်လျှင် ပြောင်းလဲသွားသောအခြေအနေကြောင့် လန့်ဖျပ်သွားခဲ့သည်။ တခြားသူများဆိုလျှင် ပြောစရာပင်မလိုချေ။

'တိဗက်လူမျိုး'

ယခုလေးတင် သတ်ဖြတ်ခံခဲ့ရသောထိုမဟာထန်မြင်းစစ်သည် ကတိဗက်လူမျိုးဖြစ်နေမည်ဟု မည်သူမျှမထင်ထားခဲ့ကြပေ။ သို့သော်နီမြန်းနေသည့် အသားအရောင်ကိုကြည့်ပါက ထိုအကြောင်းနှင့်ပတ်သက်၍ သံသယရှိစရာမလိုပေ။

ဝမ်ချောင် သူမကိုသတ်ခိုင်းခဲ့သည့် လူကတိဗက်တစ်ယောက်ဖြစ်သွားမည်ဟု ကျိုးယာ့ထုံမမျှော်လင့်ထားခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ"

ပိုင်စီလင်သည်လည်း အံ့ဩသွားခဲ့ကာ သူမ၏မြင်းကိုမောင်းနှင်လိုက်ပြီး ထိုလူ၏ခေါင်းပြတ်နေသော အလောင်းနားတွင်ခုန်ဆင်းလိုက်သည်။ သူမညာခြေထောက်ဖြင့် ဖွဖွလေးကန်လိုက်ရာ အလောင်းပေါ်ရှိချပ်ဝတ်တန်ဆာက ကွာကျသွားခဲ့၏။

မဟာထန်ချပ်ဝတ်တန်ဆာအောက်တွင် တိဗက်မြင်းတပ်သားများဝတ်ဆင်လေ့ရှိသော ရှပ်အင်္ကျီတစ်ထည်ပေါ်လာခဲ့သည်။

အရာရာတိုင်းက ဤအရာထက်ပို၍ မရှင်းလင်းနိုင်တော့ပေ။

ဤလူသည် မဟာထန်မြင်းစစ်သည်၏ ချပ်ဝတ်တန်ဆာ၊မြင်းနှင့်ဦးထုပ်တို့ကို အသုံးပြုပြီး သူတို့လူအဖြစ် ဟန်ဆောင်ထားသော တိဗက်ကင်းထောက်တစ်ယောက်ဖြစ်သည်မှာ ရှင်းလင်းလှသည်။

တိဗက်စစ်သားတစ်ဦးသည် သူတို့၏စုဝေးရာနေရာအနီးသို့ ပေါ်တင်ကြီးဝင်လာမည်ဟု တွေးကြည့်လိုက်ပါက...။

ဝမ်ချောင်ကြောင့် မဟုတ်ပါက သူသည်ခုချိန်တွင် စုဝေးရာနေရာသို့ ရောက်နှင့်ပြီးဖြစ်နိုင်ကာ မည်သူကမျှ၎င်းကို သတိပြုမိကြမည်မဟုတ်ပေ။

ထိုခဏတွင် ပိုင်စီလင် ဝမ်ချောင်ကို အံ့အားတကြီးလှည့်ကြည့်လိုက်မိသည်။ သူမသည် ဝမ်ချောင်၏ သာမန်မဟုတ်သော နည်းလမ်းများကို ကျင့်သားရနေပြီဖြစ်သော်လည်း သူမရှေ့ရှိအခြေအနေက မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။

တိဗက်လူမျိုးများ ဤအရာကိုပြုလုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်သည်မှာ ထင်ရှားလှသည်။ မဟာထန်တပ်သား ပုံစံဝတ်ဆင်ကာဦးထုပ်ဆောင်းထားပြီး ဒဏ်ရာရဟန်ဆောင်ထားသောကြောင့် ၎င်းက သူ့ခေါင်းကိုငုံ့ထားစေရန် အကြောင်းပြချက်ရသွားစေသည်။ ထို့ကြောင့် သူ့အထောက်အထားကို ဖုံးကွယ်နိုင်စေခဲ့၏။

ဤဖုံးကွယ်မှုဖြင့် သူသည် မည်သူ၏ အာရုံစိုက်မှုကိုမျှ မကျရောက်စေဘဲ ဝမ်ချောင်နှင့်မဆုံခင်အချိန်အထိ စခန်းထဲသို့ စိမ့်ဝင်နိုင်ခဲ့သည်။

ဝမ်ချောင်က ထိုသည်ကို မည်သို့ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်ကို ပိုင်စီလင်လုံးဝနားမလည်နိုင်ခဲ့ပေ။ သူ့နေရာမှနေ၍ ထိုတိဗက်စစ်သား၏ မျက်နှာကိုမြင်တွေ့ရန် မဖြစ်နိုင်ပေ။

တစ်ဖက်တွင်မူ ကျိုးယာ့ထုံသည် ပိုင်စီလင်ထက်ပို၍ပင် အံ့ဩနေခဲ့၏။ အကြောင်းမှာ ထိုတိဗက်စစ်သားကို သတ်ဖြတ်ခဲ့သူမှာ သူမဖြစ်သောကြောင့်ဖြစ်သည်။

ဝမ်ချောင် သူမကိုရပ်ခိုင်းခဲ့သည့် အကြောင်းအရင်းမှာ တိဗက်ကင်းထောက်တစ်ယောက်ကို သတ်ဖြတ်ရန်ဖြစ်နေမည်ဟု သူမလုံးဝမထင်ထားခဲ့ပေ။

"ဘာဖြစ်နေကြတာလဲ"

ပြင်းထန်သည့် အသံတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်ပြင်းထန်သော အရှိန်အဝါနှင့်အတူ လူအုပ်ကြီး၏အာရုံထဲတွင် ကျယ်လောင်သော ခြေသံများထွက်ပေါ်လာခဲ့ကြသည်။

အစောင့်အကြပ်အနည်းငယ်နှင့်အတူ ဩဇာအာဏာပြည့်ဝသည့် လူတစ်ယောက် အနားယူရာနေရာမှ လျှောက်လာခဲ့သည်။ ထိုလူသည်လူအုပ်ကြီးကိုကြည့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လေထုက ရုတ်ချည်းပြောင်းလဲ သွားခဲ့သည်။

မြင်းစစ်သည်များနှင့် ကျောင်းသားများကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်မိကြသည်။

တစ်ချိန်တည်းမှာ ပင်ဝမ်ချောင် သူ့အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ ရှုကန်းနှင့်ဟွမ်ရုံတုတို့၏ နံဘေးသို့သွားလိုက်သည်။

"ဒီနေရာက လူတစ်ယောက်မှ ဘာဖြစ်နေသလဲဆိုတာ မသိကြဘူးလား။"

ထိုကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူ၏ လေသံမှာအတော်လေးကျယ်လောင်သွားခဲ့ပြီး မကြာမီဒေါသထွက်တော့ မည်ကဲ့သို့ပင်။

ကျိုးယာ့ထုံ သူမ၏မြင်းနှင့်အတူ ရှေ့မထွက်မီ ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်သည်။

"အရှင့်ကိုတင်ပြပါတယ် ကျွန်မတို့ရဲ့စခန်းကို ခိုးဝင်လာတဲ့ ကျွန်မတို့ရဲ့ရဲမက်တစ်ယောက်လိုဟန်ဆောင်ထားတဲ့ တိဗက်မြင်းတပ်သားတစ်ယောက်ကို ကျွန်မရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မ သူ့ကိုသတ်လိုက်ပါတယ်။"

ကျိုးယာ့ထုံ ထိုကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူရှေ့တွင် ကျယ်လောင်စွာတင်ပြလိုက်သည်။

"တိဗက်ထောက်လှမ်းသူတစ်ယောက်လား"

ထိုကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်၏ မျက်နှာသည်အလွန်အံ့အားသင့်စွာပျက်ယွင်းသွားခဲ့သည်။ သူဤနေရာကိုလျင်မြန်စွာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး ထိုတိဗက်ထောက်လှမ်းသူ၏ အလောင်းဆီသို့ဦးတည်သွားလိုက်သည်။

ဤအချိန်တွင် ဝမ်ချောင်လူအုပ်ကြား တိုးဝင်ပျောက်ကွယ်နေခဲ့သည်။

ကျိုးယာ့ထုံက ထိုကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်ကို ကိုင်တွယ်လိုက်သောကြောင့်ပြဿနာမရှိလောက်တော့ပေ။

"နင်သူ့ကိုဘယ်လိုသတိပြုမိခဲ့တာလဲ"

ဝမ်ချောင် ထိုလူအုပ်ကြီးဆီမှ အဝေးသို့ဆုတ်ခွာနေစဉ်မှာပင် ပိုင်စီလင် သူ့ဆီအလျင်စလိုတိုးလာခဲ့သည်။ သူမ၏ဘေးတွင် ဖန်ရွှမ်းယင်နှင့်အခြားသူများက သူ့ကိုချီးကျူးသည့်အကြည့်များဖြင့်ကြည့်နေခဲ့ကြသည်။

အမှန်မှာ သူတို့သည်ဝမ်ချောင်ကို ကောင်းစွာမသိကြသေးဘဲ ဝမ်ချောင်၏တပ်ဖြန့်မှုကို သဘောတူရန်ရွေးချယ်ခဲ့သည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ မြို့စားကြီးကျူး၏ ဂုဏ်ကျက်သရေကြောင့်ဖြစ်သည်။ ထို့အတူ ပိုင်စီလင်နှင့်ဟွမ်ရုံတုတို့ကလည်း သူ့ကိုယ်စားပြောပေးနေသောကြောင့်ဖြစ်သည်။

သို့သော်လည်း ထိုတိဗက်တပ်သားကို သတ်ဖြတ်ခြင်းမှာ ဤအချိန်တွင် သူတို့အား အမှန်တကယ်ထိတ်လန့်အံ့သြစေခဲ့သည်။

"ဒါက မယုံနိုင်စရာပဲ သခင်လေး ခင်ဗျားသူ့ကို ဘယ်လိုမှတ်မိခဲ့တာလဲ။"

တခြားသူများသည်လည်း စိတ်ဝင်တစားမေးလိုက်ကြသည်။

သူတို့သည် စခန်းနားတွင် တစ်ချိန်လုံးချောင်းမြောင်းလှည့်လည်နေခဲ့ကြသော်လည်း တိဗက်စစ်သားတစ်ယောက်၏ သဲလွန်စအနည်းငယ်ကိုမျှရှာမတွေ့နိုင်ခဲ့ကြပေ။ သို့သော်လည်း သာမန်အကြည့်တစ်ချက်မျှဖြင့် ဝမ်ချောင်သည် တိဗက်စစ်သားတစ်ယောက်ကို မှတ်မိနိုင်ခဲ့သည်။ သူတို့အတွက် ဤသည်က မယုံနိုင်စရာစွမ်းဆောင်မှုတစ်ခုဖြစ်၏။

"ဒါကတကယ်တော့ဘာမှမဟုတ်ပါဘူး။"

ဝမ်ချောင် အမှုမထားသလိုပြောလိုက်သည်။

"တိဗက်တွေက အခြေအနေကိုစစ်ဆေးဖို့ ကင်းထောက်တွေ စေလွှတ်လိမ့်မယ်ဆိုတာ သံသယရှိစရာမလိုဘူး။ အချိန်အတော်ကြာရှာဖွေပြီးနောက်မှာ မင်းတို့အားလုံးအတွက် သူတို့ရဲ့ဘယ်လိုသဲလွန်စကိုမှ ရှာမတွေ့နိုင်ဘူးဆိုတာက အဓိပ္ပာယ်မရှိဘူး။ သမားရိုးကျနည်းလမ်းတွေကနေ ငါတို့သူတို့ကိုရှာမတွေ့နိုင်ခဲ့တာကို စဉ်းစားကြည့်လိုက်ရင် ဒါကတစ်ခုတည်းသာဆိုလိုတယ်။ သူတို့က သတင်းတွေစုဆောင်းဖို့ တခြားနည်းလမ်းတွေ အသုံးပြုနေကြတာပဲ။"

"နောက်ပြီး သဘာဝအားဖြင့် အလွယ်ကူဆုံးနည်းလမ်းက..."

"... ငါတို့ရဲ့ရဲမက်တွေထဲက တစ်ယောက်အဖြစ်စခန်းထဲကိုစိမ့်ဝင်တာ"

ထိုစကားကို အဆုံးသတ်လိုက်သူမှာ ကျောင်းသားများထဲမ ှတစ်ယောက်ဖြစ်သည်။

"အဲဒါအမှန်ပဲ"

ဝမ်ချောင် ထိုကျောင်းသားကိုကြည့်လိုက်သည်။ သူ သူ့ကိုရေးရေးလေးမှတ်မိပေသည်။ ကျိုးယာ့ထုံ၏ ပြောစကားအရ ထိုလူ၏နာမည်မှာ စွန်းပိုင်လုဖြစ်ပုံရပြီး မြို့တော်စွန်းကလန်၏ အမွေဆက်ခံသူတစ်ယောက်ဖြစ်သည်။ ကျိုးယာ့ထုံနှင့် အခြားသူများနှင့်မတူဘဲ သူသည်ရှန်းဝေလေ့ကျင့်ရေးစခန်းမ ှကျောင်းသားတစ်ယောက်ဖြစ်သည်။

"အရင် တိုက်ပွဲတွေမှာ မင်းတို့ဟာ ရဲမက်အများကြီးနဲ့မြင်းတွေဆုံးရှုံးခဲ့ရတယ်။ မြင်းတွေနဲ့ချပ်ဝတ်တန်ဆာတွေ အလွယ်တကူရရှိနိုင်တာကို စဉ်းစားကြည့်ရင် ငါတို့သာ သူတို့နေရာမှာဆို အလားတူလုပ်ဆောင်လိမ့်မယ်ဆိုတာ သံသယရှိစရာမလိုဘူး။ အဆုံးမှာ အဲဒါကအလွယ်ကူဆုံးနည်းလမ်းပဲ။"

ဝမ်ချောင်ဆက်ပြောလိုက်သည်။

"ကင်းထောက်တွေက အဲလိုမစ်ရှင်းတေ ွဆောင်ရွက်ဖို့လေ့ကျင့်ခံထားရတဲ့ လက်ရွေးစင်တွေပဲ။ သူတို့က ငါတို့ရဲ့အသုံးအဆောင်ကို အသုံးပြုပြီး ဘယ်လိုသံသယကိုမှ မဆွဲဆောင်စေဖို့ ဂရုတစိုက် လုပ်ဆောင်နေသရွေ့ သူတို့ကိုသတိပြုမိဖို့ခက်ခဲလိမ့်မယ်။ ငါအဲလူကိုတွေ့လိုက်တဲ့အချိန်မှာ ဒီကိစ္စအကြောင်း ကျိုးယာ့ထုံကို သတိပေးတော့မို့ပဲ။"

"ဒါပေမယ့် မင်းကသူ့မျက်နှာကိုမမြင်နိုင်ခဲ့ဘူးဆိုတာကို ထည့်သွင်းစဉ်းစားလိုက်ရင် သူကတိဗက်တစ်ယောက်ဖြစ်တယ်ဆိုတာ မင်းဘယ်လိုလုပ် အတိအကျကောက်ချက်ချနိုင်ခဲ့တာလဲ။ မင်းရဲ့ကောက်ချက်ချတာက မှားယွင်းသွားခဲ့ရင် ငါတို့ထဲကတစ်ယောက်ယောက်ကို မတော်တဆသတ်မိသွားမှာ မဟုတ်ဘူးလား။"

ရှုကန်းမျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

သူ့တွင်လည်း အလားတ ူမှန်းဆချက်များရှိခဲ့ပေသည်။ သို့သော် သူနားမလည်နိုင်သည့် အရာတစ်ခုရှိရုံပင်။

ဝမ်ချောင်သည် တိဗက်ကင်းထောက်များကို သူတို့၏လူများထဲမှ တစ်ယောက်အဖြစ်အသွင်ယူထားသည်ဟု မှန်းဆနိုင်ခဲ့သော်လည်း မြင်းတပ်သားများကြားတွင် တိကျသည့်လူအနည်းငယ်ကိုရှာတွေ့ရန်မှာ လွယ်ကူသော လုပ်ဆောင်ချက် မဟုတ်ပေ။

ထို့အပြင် ဝမ်ချောင်သည် ထိုတိဗက်ကင်းထောက်ကို ထိုလူ၏ အထောက်အထားအား အတည်ပြုရန် အခွင့်အရေးမရမီမှာပင် ကျိုးယာ့ထုံနှင့်အတူ ဗြုန်းစားလုပ်ကြံသတ်ဖြတ်ခဲ့သည်။ အကယ်၍ သူသည် သူ့ဆုံးဖြတ်ချက်တွင် အမှားလုပ်မိသွားပါက နောက်ဆက်တွဲ့အကျိုးဆက်များသည် ပြင်းထန်ပေလိမ့်မည်။

ဝမျးးး

All Chapters