အခန်း (၃၇၁-၃၇၅)
Vol. 17 Ch. 371-375
အပိုင်း ၃၇၁
မဟာဗျူဟာရေးဆွဲခြင်း
"မင်းကအများကြီးတွေးနေတာပဲ။"
ဝမ်ချောင် တည်ငြိမ်စွာပြောလိုက်သည်။
"တိဗက်လူမျိုးတွေက ငါတို့ဟန်လူမျိုးတွေထက် အရပ်ပုလေ့ရှိကြတယ်။ မသင်္ကာစရာကောင်းစွာပြုမူနေတဲ့ ခန္ဓာကိုယ်သေးလေးတွေနဲ့ လူတွေကို မင်းအာရုံစိုက်နေသရွေ့ သူတို့ကို ရိပ်စားမိဖို့က အရမ်းမခက်ခဲဘူး။"
"မသင်္ကာစရာကောင်းစွာပြုမူနေတာလား။"
ရှုကန်းမျက်မှောင်ကြုတ်လိုက်၏။
"ဟုတ်တယ်"
ဝမ်ချောင်တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
"ကင်းထောက်တွေက ငါတို့ရဲ့လူတွေလို အယောင်ဆောင်ဖို့ သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြပေမယ့် နောက်ဆုံးမှာ ငါတို့နဲ့သူတို့ကြားမှာ အခြေခံကွာခြားချက်ရှိသေးတယ်။ သူတို့ရဲ့ ကွဲပြားမှုတွေကို ဖုံးကွယ်ဖို့ သူတို့ရဲ့အမူအရာတွေက ငါတို့ရဲ့ရဲမက်တွေကနေ နည်းနည်းလေးကွဲပြားနေလိမ့်မယ်။ ဥပမာတစ်ခုအနေနဲ့ ဒီမှာရှိတဲ့ ငါတို့လူအများစုဟာ သူတို့ရဲ့ခေါင်းတွေကို မော့ထားကြတယ် ဒါပေမယ့် ဒီတိဗက်ကင်းထောက်တွေကတော့ သူတို့ရဲ့ခေါင်းကို တစ်ချိန်လုံးငုံ့ထားကြတယ်။ ဒါ့အပြင်မတူညီတဲ့ ယဉ်ကျေးမှုတွေကနေလာတာကြောင့် သူတို့မှာသဘာဝမကျတဲ့ အလေ့အကျင့်တွေရှိနေမှာ မလွဲဧကန်ပဲ။ မင်းဂရုတစိုက်အာရုံစိုက်ကြည့်သရွေ့ သူတို့ကို သတိပြုမိဖို့ အရမ်းခက်ခဲမှာ မဟုတ်ဘူး။"
"ဒါပေမယ့် အဲလိုဆိုရင်တောင် သူက နည်းနည်းအရပ်ပုပြီး ထူးဆန်းတဲ့အပြုအမူနဲ့ ဒဏ်ရာရနေတဲ့ မြင်းစစ်သည် တစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ငါတို့ထည့်မတွက်လို့မရဘူး။"
ဖန်ရွှမ်းယင်၏ အဖွဲ့နှင့်အတူတူဖြစ်သည့် နောက်ထပ်ကျောင်းသားတစ်ယောက်က မေးလိုက်သည်။
ဝမ်ချောင်၏ လုပ်ဆောင်မှုများက အလွန်စိန်ခေါ်မှုများခဲ့သည်ဟု သူခံစားနေရသေးသည်။ အားလုံးပြီးနောက် သူသည်ယုံကြည်မှုရှိသော်လည်း ၎င်းကထိုအချိန်တွင် မှန်းဆချက်တစ်ခုထက်မပိုခဲ့ပေ။ အရာအားလုံးသည် သူပြောသည့်အတိုင်းဖြစ်သွားပါက အဆင်ပြေလိမ့်မည် ဖြစ်သော်လည်း မှားသွားခဲ့ပါက ဆိုးရွားသည့်ရလဒ် တစ်ခုဖြစ်သွားနိုင်သည်။
အားလုံးပြီးနောက် လူမြင်ကွင်းတွင် စစ်သားတစ်ယောက်ကို သတ်ဖြတ်ခြင်းက အမှားတစ်ခု အဖြစ်ကျေအေးပေးလိုက်၍ရသော အရာမဟုတ်ပေ။
"အဲဒါကြောင့် ငါကသူ့ကို မစမ်းသပ်ခဲ့လို့လား။"
ဝမ်ချောင် ရယ်မောလိုက်၏။
ထိုစကားကိုနားထောင်ကာ လူတိုင်းတခဏမျှမှင်သက်သွားခဲ့ကြသည်။ သူတို့ရုတ်တရက် ဝမ်ချောင်က သူ မတိုက်မီမိုးခြိမ်းသံကဲ့သို့အော်လိုက်သည်ကို အမှတ်ရသွားခဲ့ကြပြီး သဘောပေါက်သွားခဲ့ကြသည်။
"ငါသိပြီ"
"သခင်လေးက တကယ့်ကိုအမြော်အမြင်ရှိပြီးအသေးစိတ်ကျလှပါတယ်။ ကျွန်တော်လေးစားမိပါတယ်။"
"ကျွန်တော်တို့ အဲဒီတိဗက်ကင်းထောက်တွေကို တစ်နေ့လုံးရှာဖွေခဲ့ကြပေမယ့် အချည်းနှီးဖြစ်သွားခဲ့တယ်။ သခင်လေးက ဒီကိစ္စမှာမှားသွားခဲ့ပြီလို့ ကျွန်တော်ထင်ထားခဲ့တာ။ သူတို့ရဲ့ဖုံးကွယ်မှုကို သခင်လေးဖော်ထုတ်ခဲ့တာကြောင့်မဟုတ်ရင် သူတို့က ဒီလောက်ရဲတင်းကြလိမ့်မယ်လို့ ကျွန်တော်တွေးမိမှာမဟုတ်ဘူး။"
"အမှန်ပဲ။ သူတို့က ငါတို့ရဲ့စခန်းကို ပေါ်တင်ကြီးစိမ့်ဝင်ရလောက်အောင် ဘယ်လောက်တောင်အတင့်ရဲလိုက်သလဲ။ ဒါပေမယ့် အဲဒါကိုအခုပြန်တွေးကြည့်ရင် ငါတို့မသိခဲ့တာက တကယ့်ကိုကြောက်စရာပဲ။"
ထိုတိဗက်ကင်းထောက်များကို သူတို့စိတ်ကြိုက်ပြုမူရန်ခွင့်ပြုထားခဲ့မိခြင်း၏ အကျိုးဆက်ကို တွေးတောလိုက်ကာ ကျောင်းသားများသည် ကြောက်ရွံ့စွာကြက်သီးထသွားခဲ့ကြသည်။
ဤအနားယူရာနေရာသည် အစောင့်ထူထပ်စွာချထားခဲ့ပြီး အပြင်ဘက်နယ်မြေတွင် သူတို့၏လူနှစ်ရာပင်လျှင်ကင်းလှည့်နေခဲ့ကြသည်။ သို့တိုင် ထိုတိဗက်ကင်းထောက်များသည် သူတို့၏မျက်စိအောက်၌ပင် သူတို့ကိုဖြတ်ကျော်နိုင်ခဲ့ကြသေးသည်။ ထိုအကြောင်းကို တွေးရုံမျှဖြင့်ကြောက်ဖို့ကောင်းလှ၏။
ဝမ်ချောင်ကြောင့် မဟုတ်ပါက တိဗက်ကင်းထောက်များသည် သူတို့အကြောင်းကို သိရှိရန်အရာအားလုံးကို စုဆောင်းပြီးသူတို့ကြားတွင် လှည့်လည်သွားလာနေမည်ဟု သူတို့ဘယ်တော့မှ သိကြလိမ့်မည်မဟုတ်ပေ။
ဤအချိန်တွင် သူတို့သည် ဝမ်ချောင်ကိုမလေးစားဘဲမနေနိုင်ကြတော့ပေ။ သူတို့သည်မြို့တော်တွင် တောမီးကဲ့သို့ပျံ့နှံ့နေသော ကောလဟာလများက အမှန်ဖြစ်နိုင်သည်ဟု ရုတ်တရက်ခံစားလိုက်ကြရသည်။
ထိုးထွင်းသိမြင်နိုင်စွမ်းတွင် ဝမ်ချောင်၏ပါရမီသည် သူတို့ထက်များစွာသာ လွန်နေပုံရသည်။
"မင်းတို့ကိုလည်း အပြစ်တင်လို့မရဘူး။ အဆုံးမှာ တိဗက်စစ်သားတွေက ကျဆုံးသွားတဲ့မဟာထန်စစ်သားတွေရဲ့မြင်းတွေကို စီးနင်းပြီးချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားလိမ့်မယ်လို့ ဘယ်သူကတွေးထားမိမှာလဲ။"
ဝမ်ချောင်ပြောလိုက်၏။
ဝူရှန်းသည် မဟာထန်ကဲ့သို့ကြီးပွားချမ်းသာပြီးယဉ်ကျေးမှုထွန်းကားခြင်းမရှိသည်မှာ အမှန်ဖြစ်သော်လည်း သူတို့၏စစ်သည်များမှာ မလွှဲဧကန်အင်အားကြီးမားသော ရန်သူများဖြစ်ကြသည်။
သူတို့သည် လိမ္မာပါးနပ်မှုနှင့်စဉ်းလဲမှုတို့တွင် လျော့နည်းနေသည့်ပြိုင်ဘက်လုံးဝမဟုတ်ခဲ့ပေ။ သူ့ယခင်ဘဝတွင် မဟာထန်နှင့်ဝူရှန်းကြားတိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသည့် ကျော်ကြားသော မဟာစစ်သူကြီးများစွာရှိခဲ့သည်။
ထိုကဲ့သို့ကြိုတင်သိရှိထားခြင်းကြောင့် ဝူရှန်း၏ယဉ်ကျေးမှုသည် မဟာထန်၏ယဉ်ကျေးမှုကဲ့သို့ မဖွံ့ဖြိုးသေးသော်လည်း ဝူရှန်ူကိုလျှော့မတွက်ရန်မှာ ဝမ်ချောင်အတွက်သာမန်အသိဖြစ်သည်။ သို့သော် အခြားသူများကို အလားတူပြော၍ မရပေ။
အလယ်ပိုင်းလွင်ပြင်ဒေသရှိ သခင်လေးအများစုတို့သည် အခြားတိုင်းပြည်များကို အထင်မကြီးကြပေ။ ဝမ်ချောင်သည်လည်း သူ့ယခင်ဘဝတွင် ထိုကဲ့သို့သော စိတ်ဓာတ်မျိုးရှိခဲ့သောကြောင့် သူ့အတွက်အံ့ဩစရာမဟုတ်ခဲ့ပေ။
ဝမ်ချောင်၏ သာဓကဖြင့် ရှာဖွေမှုကို မည်သို့ဆောင်ရွက်ရမည်ကို သိသွားသောကြောင့် ကင်းလှည့်မှုများသည် ပိုမိုထိရောက်လာခဲ့သည်။ ထို့အပြင် ဤတစ်ကြိမ်တွင် အနားယူရာနေရာ တစ်ခုလုံးလည်းပါဝင်ခဲ့သည်။
မကြာမီ ဒုတိယမြောက်နှင့်တတိယမြောက် တိဗက်ကင်းထောက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး... တခဏအတွင်းမှာပင် လူငါးယောက်ဖမ်းမိခဲ့ကြသည်။
စခန်းကို မည်သူမဆို အလွယ်တကူချဉ်းကပ်ရန်မှာလည်း မဖြစ်နိုင်ဖြစ်လာခဲ့သည်။ စခန်းအတွင်းသို့ ဝင်ရောက်လိုသော စစ်သားများအားလုံးတို့သည် ၎င်းတို့၏ဦးထုပ်ကိုချွတ်ကာ ၎င်းတို့၏အထောက်အထားများကို စစ်ဆေးခံရမည်ဖြစ်သည်။
ဤသို့သော အခြေအနေအောက်တွင် သူတို့၏ ထူးခြားစွာနီမြန်းနေသော အသားအရောင်များဖြင့် တိဗက်လူမျိုးများသည် အနားယူရာနေရာသို့ချဉ်းကပ်ရန်နည်းလမ်း မရှိတော့ပေ။
---
"ဘာဖြစ်နေတာလဲ။ ဘာလို့ ကင်းထောက်တွေက ခုထိပြန်မလာကြသေးတာလဲ။"
တိဗက်စစ်သားများရှိနေသည့် စိမ်းစိုသောတောင်ပေါ်တွင် ကျောပြင်ကျယ်ပြီး မုတ်ဆိတ်မွေးများဖြင့် တိဗက်ကွပ်ကဲသူသည် တိဗက်လူဆယ်ယောက်တပ်ဖွဲ့ခေါင်းဆောင်ကို ဒေါသတကြီးစိုက်ကြည့်နေသည်။
"အရှင့်ကို တင်ပြပါတယ် ကင်းထောက်တွေက ပြန်ရောက်မလာကြသေးပါဘူး။ ကျွန်တော်တို့ အခြေအနေကို စစ်ဆေးကြည့်ဖို့ အုပ်စုသုံးခုစေလွှတ်ထားပြီး အချိန်ကိုကြည့်ရရင် သူတို့ခုချိန်ပြန်ရောက်လာသင့်ပါတယ်။ ကျွန်တော်စိုးရိမ်မိတာက သူတို့တွေ..."
ထိုတိဗက်ဆယ်ယောက်တပ်ဖွဲ့ခေါင်းဆောင်သည် ခေါင်းငုံ့ထားလျက် ကြောက်ရွံ့စွာတင်ပြလိုက်သည်။
သူသည် စစ်တပ်အတွက် အရေးကြီးသော စစ်ထောက်လှမ်းရေးသတင်းကို စုဆောင်းရန်တာဝန်ရှိသော ကင်းထောက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ဤသည်က လွန်ခဲ့သောတစ်လခွဲအတွင်း ဤကဲ့သို့ပြဿနာမျိုးကို သူပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်။
ထိုတင်ပြချက်ကိုကြားသည်နှင့် ဒေါသထွက်နေသော မုတ်ဆိတ်မွေးနှင့်ကွပ်ကဲသူသည် တစ်ဖက်လူကို ကန်ကျောက်ရန်လုပ်လိုက်သည်။ သို့သော်လည်း တစ်ခုခုကို အမှတ်ရမိလိုက်ကာ သူသက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။
ထိုလူဆယ်ယောက်တပ်ဖွဲ့ခေါင်းဆောင်ကို စိုက်ကြည့်လျက် ထိုကွပ်ကဲသူမေးခွန်းထုတ်လိုက်သည်။
"ငါတို့ရဲ့ဟန်ဆောင်ဖုံးကွယ်မှုတွေကို သူတို့ရှာတွေ့သွားတာဖြစ်နိုင်လား။"
"ဒါကမဖြစ်နိုင်ပါဘူး။ အရင်က ကျွန်တော်တို့ရဲ့ဖုံးကွယ်မှုကို သူတို့တွေလုံးဝရှာမတွေ့ခဲ့ကြပါဘူး။"
ထိုဆယ်ယောက်တပ်ဖွဲ့ခေါင်းဆောင် တုံ့ဆိုင်းမနေဘဲပြန်ဖြေလိုက်၏။
"အရင်က မဖြစ်ခဲ့ဖူးရုံနဲ့အဲဒါကမဖြစ်နိုင်ဘူးလို့ မဆိုလိုဘူး။"
မုတ်ဆိတ်နှင့် ကွပ်ကဲသ ူလက်သီးဆုပ်လျက်ပြန်ဖြေလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့အရင်နည်းလမ်းတွေက အလုပ်မဖြစ်တော့ဘူးဆိုတာသေချာတယ်။ ငါတို့ရဲ့လူတွေ ထပ်မဆုံးရှုံးဖို့ကင်းထောက်တွေ ထပ်မပို့နိုင်တော့ဘူး။ အဲစစ်ဆင်ရေးကိုဖြုတ်သိမ်းလိုက်ပါ။ ဘာလိုပဲဖြစ်ဖြစ် ငါတို့ရှာဖွေနေတဲ့ ထောက်လှမ်းရေးသတင်းတွေကို ငါတို့ရရှိထားပြီးပြီ။"
"နှစ်ပေါင်းများစွာငြိမ်းချမ်းနေပြီးနောက်မှာ မဟာထန်ကကျေနပ်ရောင့်ရဲလာခဲ့တယ်၊ သူတို့ကငါတို့ကို အရူးတွေလို့ထင်နေကြတယ်။ သူတို့ရဲ့စစ်ဆင်ရေးနောက်ကွယ်က လျှို့ဝှက်ချက်ဟာ ထိခိုက်ခံထားရမှန်းသိသွားရင် တောင်မှသူတို့ရဲ့အစီအစဉ်တွေကို ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး။ အဲလိုဖြစ်တာမို့ ငါတို့တွေငါတို့ရဲ့မူလ အစီအစဉ်အတိုင်း သွားကြမယ်။ မနက်ဖြန် ငါတို့တွေသူတို့ကို လုံးဝချေမှုန်းကြမယ်။"
ထိုတိဗက်ကွပ်ကဲသူသည် ရက်စက်ကြမ်ကြုတ်သည့် အကြည့်ဖြင့်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါအရှင်"
ထိုဆယ်ယောက်တပ်ဖွဲ့ခေါင်းဆောင် ချက်ချင်းခေါင်းငုံ့လိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။
မည်သူမ ှမမြင်နိုင်သည့်နေရာတွင် စစ်ပွဲ၏ဂီယာများ စတင်ရွေ့လျားလာခဲ့သည်။
--
ဒုန်းဒုန်းဒုန်းဒုန်း
နံနက်ခင်းတွင် ကျယ်လောင်သော စစ်ဗုံသံက ဤနေရာရှိရစ်ဝဲနေသောမြူခိုးများကို လွင့်ပျံသွားစေခဲ့ကာ အနားယူရာနေရာ တစ်ခုလုံးကိုပဲ့တင်ထပ်နေစေခဲ့သည်။ ယောက်ယက်ခတ်နေသည့် ခြေသံများနှင့်မြင်းခွာသံများ ဤနေရာတွင် အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သောသုံးရက်နှင့် နှိုင်းယှဉ်ရပါက ဤနေရာရှိလေထုမှာ လေးကြိုးတစ်ချောင်းကဲ့သို့တင်းမာနေခဲ့၏။ စစ်ပွဲ၏အငွေ့အသက်ကလေထဲတွင် ပေါ်လွင်နေသည်။
ဗရုတ်ကျလေ့ရှိသော ကျောင်းသားများနှင့်မြင်းစစ်သည်များတွင် သူတို့၏မျက်နှာပေါ်၌ လေးနက်သည့်အမူအရာများရှိနေခဲ့ကြပြီး သူတို့သည် ယခင်ကထက်ပို၍တည်ကြည်လေးနက်နေခဲ့ကြသည်။ အတိတ်တွင် ထိုတိဗက်စစ်သားများနှင့် တိုက်ခိုက်ခဲ့ဖူးသည့် လူများအတွက်သူတို့သည် ဤတိုက်ပွဲ၏အရေးပါမှုကို နားလည်ထားကြသည်။
"မြန်မြန် မင်းတို့ရဲ့ဒိုင်းတွေကိုကိုင်ထား။ အဲဒါတွေက မင်းတို့အသက်ရဲ့အဆောင်လက်ဖွဲ့တွေဖြစ်လာလိမ့်မယ်။"
"ပုဆိန်စစ်သားတွေ ဒိုင်းကိုင်ဆောင်သူတွေက ရန်သူရဲ့တဟုန်ထိုးချီတက်မှုကို တွန်းလှန်လိုက်နိုင်တာနဲ့ချက်ချင်းလှုပ်ရှားမယ်။ သူတို့ရဲ့မြင်းတွေကို ခုတ်ဖြတ်လိုက်။ အဲဒီတိဗက်စစ်သားတွေကို မင်းတို့ကိုဖြတ်ကျော်မသွားစေနဲ့။"
"လေးသခင်တွေ သူတို့ချပ်ဝတ်တန်ဆာရဲ့ အဟကြားကိုသေချာချိန်ပါ။ လေးလံတဲ့ချပ်ဝတ်တန်ဆာက အားနည်းချက်မရှိတာမဟုတ်ဘူး။ မင်းတို့သေချာချိန်နိုင်တာနဲ့ မင်းတို့သူတို့ကို သတ်နိုင်သေးတယ်။"
"လူတိုင်းပဲ အမိန့်တွေကို သေချာလိုက်နာပါ။ ဘယ်သူမဆိုဖွဲ့စည်းပုံကို ဗြောင်းဆန်အောင်လုပ်ရင် ကွပ်မျက်ခံရမယ်။"
မနက်စောစောတွင် ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်သည် ပြင်ဆင်နေသည့်တပ်သားများအကြား လျှောက်သွားကာ သူတို့ကိုလှုံ့ဆော်လိုက်သည်။ သူ့အသံသည် ထက်ရှပြီး သူအမူအရာမှာ တင်းမာနေခဲ့ကာ ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်နှင့် ဆင်တူပေသည်။
ကြယ်ခုနစ်ပွင့်စစ်တပ်၏ အမြင့်ဆုံးကွပ်ကဲသူမှာ လက်ရှိတွင် ကော်ရှုဟန်ဖြစ်သော်လည်း ၎င်းကိုတည်ထောင်ခဲ့သူမှာ မဟာစစ်နတ်ဘုရား ထို့အတူ သရဖူဆောင်းမင်းသား၏ လက်ရှိဧကရာဇ်ဆရာသခင်ဝမ်ကျုံးစီဖြစ်သည်။
မဟာထန်တွင် ဝမ်ကျုံးစီကိုတိုင်းပြည်၏ အစစ်အမှန်ထောက်တိုင်အဖြစ် ယူဆနိုင်ပြီးနံပါတ်တစ် ဟန်စစ်သူကြီးဖြစ်၏။ သူ့အဆင့်အတန်းနှင့်ဩဇာလွှမ်းမိုးမှုတို့မှာ အရှေ့ပိုင်းကာကွယ်ရေးစစ်သူကြီးကျန်းရှို့ကွေ့ ထက်ပင်ကျော်လွန် နေခဲ့သည်။
ဝမ်ကျုံးစီသည် သူ့ကွပ်ကဲမှုအောက်တွင် တင်းကျပ်သော စစ်တပ်ရင်းတစ်ခုကို ထိန်းသိမ်းထားခဲ့ပြီး ကြယ်ခုနစ်ပွင့်စစ်တပ်တွင်ရှိသော လက်ရှိအစဉ်အဆက်သည် သူ့ထံမှအရင်းခံလာခဲ့ခြင်းဖြစ်သည်။ ကောင်ရှုဟန်ပင်လျှင် သူ့အမွေအနှစ်ကိုဆက်ခံခဲ့ခြင်းသာဖြစ်သည်။
ဤကဲ့သို့သော ပုံစံကိုကြယ်ခုနစ်ပွင့်စစ်တပ်၏ အထက်မှအောက်ခြေအထိ လက်ခံကျင့်သုံးခဲ့ပြီး ဤတပ်မှူးသည်ခြွင်းချက် မဟုတ်ခဲ့ပေ။
ဤပုံစံသည် စစ်တပ်အတွင်းစည်းကမ်းထိန်းသိမ်းရာတွင်လည်း အလွန်ထိရောက်မှုရှိသည်။ ဤတင်းကျပ်သော စစ်တပ်တပ်ရင်းမှ တဆင့်ကြယ်ခုနစ်ပွင့်စစ်တပ်တွင် အာဏာကိုမထီမဲ့မြင်ပြုသောစစ်သားမရှိခဲ့ပေ။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် ထူးဆန်းသောရင်းနှီးသည့် ခံစားချက်တစ်ခု ဝမ်ချောင်ကို ဖမ်းဆုပ်လာခဲ့သည်။
သူပြန်ဝင်စားချိန်မှစ၍သူပါဝင်ခဲ့သည့်တစ်ခုတည်းသောအဓိကတိုက်ပွဲမှာဂိုဂူလျောများနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်သည်။သို့သော်အရာအားလုံးသည်သူ့အတွက်အလွန်ရင်းနှီးပြီးလွမ်းဆွတ်ဖွယ်ရာကောင်းနေ၏။
၎င်းမှာသူ့ကိုစစ်မြေပြင်သို့ဆင့်ခေါ်နေသည့်သူ့သွေးနှင့်ဝိညာဉ်များအတွင်းနက်ရှိုင်းစွာမြှုပ်နှံထားသည့်ခေါ်ဆိုမှုတစ်ခုဖြစ်နိုင်သည်။
စုဝေးရာနေရာ၌တိုက်ပွဲပြင်ဆင်မှုများကိုတခဏကြည့်ရှုပြီးနောက်ဝမ်ချောင်သည်ရှုကန်း၊ပိုင်စီလင်၊ဖန်ရွှမ်းယင်၊ကျိုးယာ့ထုံနှင့်အခြားသူများဆီသို့လှည့်လိုက်ပြီးမေးလိုက်သည်။
"ဘယ်လိုလဲ၊ပြင်ဆင်မှုတွေအဆင်သင့်ဖြစ်ပြီလား။"
"ဟုတ်ကဲ့"
ထိုအုပ်စုလေးနက်စွာခေါင်းညိတ်လိုက်ကြသည်။
ရှုကန်းနှင့်ဟွမ်ရုံတုတို့သည်ယခင်ကတိဗက်စစ်တပ်နှင့်တိုက်ခိုက်ခဲ့ဖူးခြင်းမရှိပေ။သူတို့သည်၎င်းတို့၏စွမ်းပကားများနှင့်မရင်းနှီးသောကြောင့်များစွာမသက်ရောက်ခဲ့ကြပေ။သို့သော်တင်းမာမှုကိုဖန်ရွှမ်းယင်နှင့်အခြားသူများ၏မျက်နှာပေါ်တွင်ထင်ရှားစွာမြင်တွေ့နိုင်သည်။
ကျိုးယာ့ထုံသည်ပင် ဤအချိန်၌ စိတ်မသက်မသာခံစားနေရသည်။
အကြိမ်များစွာရှုံးနိမ့်ခဲ့ပြီးနောက်ထိုတိဗက်စစ်တပ်နှင့်နောက်တစ်ကြိမ်ရင်ဆိုင်ရာတွင်သူတို့စိုးရိမ်ပူပန်နေကြမည်မှာမလွဲဧကန်ပင်ဖြစ်သည်။
ဝမ်ချောင်ဤအရာကို သတိထားမိခဲ့သော်လည်း လျစ်လျူလိုက်ရန်ရွေးချယ်ခဲ့သည်။
ဤအချိန်တွင်သူတို့၏စိုးရိမ်ပူပန်မှုများကိုထိန်းညှိပေးနိုင်သည့်စကားလုံးမရှိတော့ပေ။တိုက်ပွဲဝင်ပြီးသည်နှင့်သူတို့သည်အရာအားလုံးကိုသဘာဝအလျောက်နားလည်လာပေလိမ့်မည်ဖြစ်သည်။
"အစီအစဉ်အတိုင်းသွားကြမယ်။ ပထမအသုတ်က ဒုတိယအသုတ်မတိုင်မီခွဲထွက်မယ်ပြီးရင် တတိယ၊စတုတ္ထစသဖြင့်... ဒီအချိန်မှာ ငါတို့မှာလူအများကြီးရှိတယ် ဒါကြောင့်ငါတို့ရဲ့လူအရေအတွက်က ရုတ်ချည်းလျော့နည်းသွားရင် အရမ်းသိသာသွားလိမ့်မယ်။"
ဝမ်ချောင်သည်အဖွဲ့အတွက်နောက်ဆုံးအစီအစဉ်များကိုပြန်လည်အလေးပေးမှာကြားလိုက်သည်။ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်က၎င်း၏စစ်သားများအမိန့်ဆန့်ကျင်နေသည်ကိုတိတ်တဆိတ်ကြည့်နေမည်မဟုတ်သောကြောင့်သူ့အစီအစဉ်ကိုဖော်ဆောင်ရန်မှာလွယ်ကူသည့်အလုပ်ဆောင်ချက်တစ်ခုမဟုတ်ပေ။
သို့သော်လည်းဝမ်ချောင်စိုးရိမ်မနေခဲ့ပေ။
"ခနနေ နာမည်ခေါ်လိမ့်မယ် ဒါကြောင့် အဲမှာသေချာရှိနေဖို့လိုတယ်။ ဒီအနားယူနေရာကနေ ထွက်ခွာတဲ့အချိန်ဟာ ငါတို့လှုပ်ရှားမယ့်အချိန်ဖြစ်လိမ့်မယ်။ ငါတို့ရဲ့ကြီးကြပ်သူက စိတ်ကြီးဝင်တဲ့လူတစ်ယောက်ဖြစ်တာမို့ သူ့အာရုံက ငါတို့အစားကြယ်ခုနစ်ပွင့်စစ်တပ်ရဲ့ဒိုင်းကိုင်ဆောင်သူ လေးရာနဲ့ပုဆိန်စစ်သားတွေအပေါ်မှာ ရောက်နေလိမ့်မယ်။ နာမည်ခေါ်ပြီးနောက်မှာ သူ့အာရုံက ငါတို့ဆီကနေဖယ်ခွာသွားလိမ့်မယ်။ အဲဒါက ငါတို့လှုပ်ရှားဖို့ အခွင့်အရေးတစ်ခုဖြစ်လိမ့်မယ်။"
"နားလည်ပါပြီ"
လူတိုင်းလေးနက်စွာပြန်ဖြေလိုက်ကြသည်။
"ကောင်းပြီလှုပ်ရှားတော့"
လူတိုင်း၏တုံ့ပြန်မှုကိုကြားသည်နှင့်ဝမ်ချောင်ခေါင်းညိတ်လိုက်ပြီးတန်းဖြုတ်ရန်အမူအရာပြလိုက်သည်။
--
ဟောင်းလောင်လောင်
မကြာမီတုန်ခါနေသည့်ကမ္ဘာမြေကြီးနှင့်လွင့်ပျံနေသောဖုန်မှုန့်များကြားတွင်ကြယ်ခုနစ်ပွင့်စစ်တပ်အုပ်ချုပ်သူ၏ဦးဆောင်မှုအောက်၌ခြေလျင်တပ်သားများနှင့်မြင်းစစ်သည်များသည်တိဗက်များရှိနေသောတောင်ခြေသို့စတင်ချီတက်လိုက်ကြသည်။
သို့သော်လည်းဖွဲ့စည်းပုံ၏နောက်ဆုံးတွင်ဝမ်ချောင်၏လူနှစ်ရာပါသောအုပ်စုသည်တစ်သုတ်ပြီးတစ်သုတ်ထွက်ခွာနေခဲ့ကြသည်ကိုမည်သူမျှသတိမပြုမိခဲ့ကြပေ။
ဤအရာဖြင့်ဝမ်ချောင်၏အစီအစဉ်ကိုထုတ်ဖော်ရန်နောက်ဆုံးခြေလှမ်းပြီးမြောက်သွားခဲ့၏။
----------------
အပိုင်း ၃၇၂
တိုက်ပွဲစတင်ခြင်း
ဂျုံးကျက်ဂျုံးကျက်ဂျုံးကျက်
မဟာထန်စစ်တပ်သည် ထိုဧရာမတောင်ခြေသို့ရောက်သည်နှင့် ဒိုင်းကိုင်ဆောင်သူလေးရာတို့သည် သူတို့၏ဒိုင်းများကို မြှောက်လိုက်ကြပြီး မြေပေါ်သို့အဆက်မပြတ်ဆောင့်ချလိုက်ကြကာ တောင်ထိပ်ပေါ်ရှိအုပ်စုကို ရန်စနေပုံပေါ်သည်။
ဤအရာမှတဆင့် ထိုစစ်တပ်သည် ရဲမက်ထောင်ချီပါသော စစ်တပ်တစ်တပ်နှင့်ဆင်တူသည့် မယုံနိုင်စရာကောင်းသောအဟုန်ကို ဖြစ်ပေါ်စေခဲ့သည်။ ထိုလွှမ်းမိုးကြီးစိုးသော ဆူညံသံက တောင်တန်းတစ်လျှောက် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့၏။
ထိုနားအူမတတ် အသံလှိုင်းများသည် တောတောင်တစ်လျှောက်အားကောင်းသည့် လေပြင်းကိုဖြစ်ပေါ်စေသည်။
ထိုခြေလျင်တပ်သားလေးရာကို လက်ရွေးစင်များအဖြစ် ယူဆ၍မရသော်လည်း သူတို့သည်ကြယ်ခုနစ်ပွင့်စစ်တပ်၏ ပြင်းထန်သောလေ့ကျင့်ခြင်းကိုကြုံတွေ့ခဲ့ကြရပြီး သူတို့ကိုလုံရှီရှိအမျိုးမျိုးသောတပ်စုများမှ ဂရုတစိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူတို့ထဲမှ အချို့ကို တပ်မှူးကိုယ်တိုင်ကပင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဤသည်က ထိုတပ်မှူးသည် သူ့ခြေလျင်တပ်သားများအပေါ် အကြွင်းမဲ့ယုံကြည်နေရခြင်း၏ အကြောင်းအရင်းဖြစ်၏။
"ပုံစံအတိုင်း စနစ်တကျခင်းကျင်းကြ။ သူတို့သဘောနဲ့သူတို့အုပ်စုထဲက ထွက်ခွာရဲတဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်။"
အားကောင်းသည့်အသံက လေထဲတွင်ပေါက်ကွဲထွက်လာခဲ့၏။ ကြယ်ခုနစ်ပွင့်စစ်တပ်တပ်မှူးသည် သူ့ဓားကိုလေထဲမြှောက်လိုက်ပြီး သူ့ဓားသွား၏အေးစက်သည့်အလင်းက လေထဲတွင် တလက်လက်တောက်ပနေခဲ့သည်။
သူ့နောက်ရှိအကွာအဝေးတစ်ခုတွင် မြင်းတပ်အုပ်စုကြီးတစ်ခုက သပ်သပ်ရပ်ရပ်စီတန်းနေခဲ့ကြသည်။
ဤတပ်စွဲထားခြင်းသည်လည်း နည်းဗျူဟာဖြစ်၏။ ခြေလျင်စစ်သားများက ရန်သူ၏ချီတက်မှုကို ဒိုင်ခံရန်ရှေ့တန်းတွင်နေရာယူထားခဲ့ကြသည်။ ထို့အတူမြင်းစစ်သည်များက ရန်သူ၏အခင်းအကျင်းထဲသို့ဖြတ်ဝင်ပြီး တပ်သားများကိုဖြန့်ကြဲရန်သူတို့၏ အရှိန်အဟုန်ကို နှေးကွေးစေရန်လည်းဖြစ်သည်။
ဤရည်ရွယ်ချက်အတွက် မြင်းစစ်သည်များသည် လုံလောက်သောအရှိန်အဟုန်ကို စုစည်းရန်အုပ်စု၏ နောက်မြီးတွင် ရည်ရွယ်ချက်ရှိရှိကျန်နေခဲ့ကြခြင်းဖြစ်သည်။
ဤသည်မှာ တိဗက်များနှင့်ရင်ဆိုင်ရန် လုံရှီရှိကြယ်ခုနစ်ပွင့်စစ်တပ်မှ မကြာခဏအသုံးပြုလေ့ရှိသော လူကြိုက်များသည့် ခြေလျင်-မြင်းတပ် ဗျူဟာများထဲမှ ဥပမာတစ်ခုဖြစ်သည်။
ရံဖန်ရံခါတွင် စစ်ပွဲသည် လူတစ်ယောက်က မည်မျှစေ့စပ်တိကျသလဲဆိုခြင်းနှင့်ပတ်သက်၏။
တပ်သားများကို နေရာချထားခြင်းဖြစ်စေ၊ ဧရာမဒိုင်းကာကြီးများဖြစ်စေ ဤအရာများက ထိုကြယ်ခုနစ်ပွင့်စစ်တပ်တပ်မှူးသည် တိုက်ပွဲနှင့်စိမ်းသက်သူ မဟုတ်ကြောင်းသက်သေပြနေခဲ့ကြသည်။
ဤစီမံချက်များဖြင့် ကြယ်ခုနစ်ပွင့်စစ်တပ်တပ်မှူးသည် ဤတိုက်ပွဲကို အောင်နိုင်မည်ဟုယုံကြည်ချက်ရှိပေသည်။
ဒုန်းဒုန်း
စစ်ဗုံများ ကျယ်လောင်စွာထုနှက်သံနှင့်အတူ ကြယ်ခုနစ်ပွင့်စစ်တပ်တပ်မှူးက မျက်နှာချင်းဆိုင်ကိုစိုက်ကြည့်နေပြီး တိဗက်စစ်တပ်က မျက်နှာချင်းဆိုင်တောင်ပေါ်တွင် ပေါ်လာရန် စောင့်ဆိုင်းနေစဉ်မှာပင် သူရုတ်တရက် ဆူဆူညံညံမြင်းခွာသံများကို ကြားလိုက်ရသည်။
စစ်ဖက်ဆိုင်ရာ စစ်ဆေးသူက သူဆီအလျင်အမြန်ပြေးလွှားလာနေခဲ့၏။
"အရှင်သတင်းဆိုး"
"ဘာမှားလို့လဲ"
ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင် မပျော်မရွှင်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"အရှင့်ကိုတင်ပြပါတယ် ကျွန်တော်တို့ရဲ့အခင်းအကျင်းက နေရဲမက်နှစ်ရာပျောက်နေပါတယ်။"
"ဘာ"
ထိုကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်၏ မျက်နှာသည်ဒေါသတကြီး ဆိုးရွားသွားခဲ့သည်။
"မင်းခွေးကောင်မင်း ငါ့ကိုလာနောက်နေတာလား။"
ဤအချိန်ကျမှ လူနှစ်ရာပျောက်နေရန်မှာ နောက်စရာကိစ္စမဟုတ်ပေ။ စစ်ဖက်ဆိုင်ရာစစ်ဆေးသူ၏ နဖူးပေါ်မှချွေးအေးများစီးကျလာခဲ့၏။ သူထိုကိစ္စကိုသူသည်လည်း ထိုမြင်းစစ်သည်များပျောက်နေခြင်းကို ခုမှသာသတိပြုမိကြောင်း အလျင်အမြန်ရှင်းပြလိုက်သည်။
ကြယ်ခုနစ်ပွင့်စစ်တပ်၏ သူတို့တပ်သားများအပေါ်စည်းကမ်းတင်းကြပ်သည်ကို ထည့်သွင်းစဉ်းစားလိုက်ပါက ဤသည်မှာ လေးနက်သည့်ကိစ္စဖြစ်သည်။
"ထွက်ပြေးသွားတဲ့လူတွေက ဘယ်သူတွေလဲဆိုတာမင်းသိလား။"
ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်တင်းမာစွာမေးလိုက်သည်။
"ဟုတ်ကဲ့ကျွန်တော်တို့ပျောက်သွားတဲ့လူတွေကိုအတည်ပြုပြီးပါပြီ။"
စစ်ဖက်ဆိုင်ရာ စစ်ဆေးသူပျောက်သွားသော လူများ၏နာမည်များကို လျင်မြန်စွာတင်ပြလိုက်သည်။ ပျောက်သွားသော တပ်သားများအားလုံးတို့မှာ မြို့တော်သခင်လေးများ၏ ဦးဆောင်မှုအောက်မှဖြစ်ကြသည်။
မြို့တော်မှ သခင်လေးများသည် သေမှာကြောက်ကြသော အလိုလိုက်ခံထားရသည့် ကောင်စုတ်များဖြစ်ကြသည်။ ရှင်းလင်းစွာဖြင့် သူတို့သည် ဤတိုက်ပွဲကိုစိုးရိမ်သောကြောင့် တိုက်ပွဲမစမီ ထွက်ပြေးရန်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပေမည်။
ဤသည်မှာတပ်ပြေးခြင်းဖြစ်၏။
"ဒီခွေးကောင်တွေ"
ကြယ်ခုနစ်ပွင့်စစ်တပ်တပ်မှူး၏ မျက်နှာယခင်က ထက်မည်မှောင်သွားခဲ့၏။
တိုက်ပွဲမတိုင်မီထွက်ပြေးခြင်းသည် သေဒဏ်ဖြစ်သည်။ ထိုသခင်လေးများထွက်ပြေးခြင်းမှာ ကိစ္စတစ်ခုဖြစ်သော်လည်း သူတို့လက်အောက်ရှိ ထိုဝါရင့်မြင်းစစ်သည်များကပါ အတူတူလိုက်လုပ်ကြလိမ့်မည်ဟုတွေးကြည့်ပါက...။ ဤအရာမှာခွင့်မလွှတ်နိုင်စရာဖြစ်သည်။
၎င်းတို့၏ကြယ်ခုနစ်ပွင့်စစ်တပ်ကို သူတို့ကဲ့သို့ သခင်လေးများအား ကွပ်မျက်ရဲမည်မဟုတ်ဟု သူတို့ထင်နေကြသည်လော။ သို့သော် ထိုခဏတွင် အားကောင်းသောအရှိန်အဝါက တောင်ထိပ်မှနေ၍ ရုတ်တရက်ပေါ်ထွက်လာခဲ့၏။
ဟူးးး
လေထဲတွင် အားကောင်းသည့်လေပြင်းတစ်ခုတိုက်ခတ်သွားခဲ့လေသည်။ မြင်းနောက်ကျောပေါ်ရှိ ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်နှလုံး တစ်ချက်ခုန်သွားခဲ့သည်။ သူခေါင်းမော့လိုက်ကာ ထူထပ်သည့်သစ်တောကြားတွင် စစ်မြင်းများစွာပေါ်လာနေသည်ကို တွေ့လိုက်ရသည်။
'ကုန်းပြင်မြင့်မြင်းတွေ'
ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင် တောင်ထိပ်ပေါ်ရှိထိုစိမ်းနက်ရောင်စစ်မြင်းများကို အချိန်မဆိုင်းဘဲမှတ်မိလိုက်သည်။ ထိုကုန်းပြင်မြင့်မြင်းများသည် ဝူရှန်းကုန်းပြင်မြင့်တွင် အကောင်းဆုံးမျိုးကောင်းမျိုးသန့်မြင်းများဖြစ်ကြသည်။ အလယ်ပိုင်းလွင်ပြင်ဒေသမြင်းများနှင့်နှိုင်းယှဉ်ပါက သူတို့တွင်ခြေတံတိုလက်တံတိုများနှင့် သေးငယ်သောခန္ဓာကိုယ်ရှိသော်လည်း သူတို့သည်ထူးခြားသော အသက်ရှုနိုင်စွမ်းနှင့် အားကောင်းသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြပေသည်။
ဆိုလိုသည်မှာ သူတို့သည် ကြောက်ခမန်းလိလိပြေးလွှားနိုင်ကြသောကြောင့် သူတို့၏ တဟုန်ထိုးချီတက်မှုတွင် ကြီးမားသောခွန်အားကိုရရှိစေသည်။
အတိတ်တုန်းက မဟာထန်နှင့်ဝူရှန်းကြားတိုက်ပွဲများတွင် ထိုစစ်မြင်းများသည် ထိတ်လန့်စရာ တိုက်ခိုက်ခြင်းစွမ်းပကာများကိုပြသခဲ့ကြသည်။
ကျောက်ရုပ်တုများကဲ့သို့ ထိုရာချီသောကုန်းပြင်မြင့်မြင်းများသည် တောင်ခြေရှိတပ်သားများကို ကြည့်ကာ အခင်းအကျင်းပုံစံတစ်ခုအတွင်း ခံစားချက်မဲ့စွာရပ်နေခဲ့ကြသည်။
သူတို့ဆီမှ ထုတ်ဖော်နေသောအရှိန်အဝါသည် သူတို့အောက်တွင် ရပ်နေသော လူများကိုပြင်းထန်စွာဖိနပ်နေခဲ့သည်။
"အခုမင်းနေရာကိုပြန်သွား။ငါတို့အဲတပ်ပြေးတွေကိုနောက်မှကိုင်တွယ်မယ်။"
ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်သည် စစ်ဆေးသူကိုပြန်သွားစေလိုက်ပြီး သူ့လက်ထဲရှိဓားကိုမြှောက်လိုက်ကာ အာဏာသံပါသည့်အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။
"လူတိုင်းပဲကိုယ့်ကိုယ်ကိုပြင်ဆင်ထားကြ"
ဤအမိန့်ဖြင့် လေထုသည်ခဲဆွဲထားသကဲ့သို့ ရုတ်တရက်လေးလံသွားခဲ့သည်။ လူတိုင်း၏မျက်လုံးများသည် သူတို့ရှေ့ရှိတောင်ပေါ်တွင် စူးစိုက်နေခဲ့ကြသည်။
ဤအခိုက်တွင် မည်သူမျှထိုစစ်ပြေးများကို ဂရုစိုက်မနေကြတော့ပေ။
စစ်ပြေးနှစ်ရာသည် တိုက်ခိုက်မှုစွမ်းအားကို သိသိသာသာအားလျော့သွားစေနိုင်သော်လည်း ဤတပ်တွင်စစ်သည်ရှစ်ရာ ကျန်ရှိနေသေးသည်။ ဤအရေအတွက်ဖြင့် သူတို့သည် တိဗက်စစ်သားများထက် နှစ်ဆကျော်ရှိသေးသည်။
ဟူးလောင်
တောင်ထိပ်ပေါ်တွင် တိဗက်စစ်သားသုံးရာသည် ငရဲတံခါးဝမှ ထွက်ပေါ်လာနေသော နတ်ဆိုးများကဲ့သို့ သစ်တောများထဲမှ ဖြည်းညင်းစွာထွက်ပေါ်လာကြကာ လူတိုင်း၏မြင်ကွင်းထဲသို့ ဝင်ရောက်လာကြသည်။
၎င်းတို့၏မြင်းများနှင့်အတူ ဤမြင်းစစ်သည်များကို ခေါင်းမှခြေဖျားအထိ ထူထဲသည့်ချပ်ဝတ်တန်ဆာဖြင့် ဆင်ယင်ထားကြသည်။ သူတို့သည် ရွေ့လျား၍မရနိုင်သော တောင်များနှင့်ဆင်တူသည့် လေးလံသောအရှိန်အဝါကို ထုတ်ဖော်ထားကြ၏။
အဝေးမှနေ၍ မဟာထန်စစ်သားများသည် ထိုအရှိန်အဝါကို ရှင်းလင်းစွာ သတိမူမိပြီး သူတို့သည်မတတ်နိုင်သော်လည်း လေးလံသည့်ဖိအားက သူတို့အပေါ်ဖိကျလာသည်ကို ခံစားလိုက်ကြရသည်။ ကြယ်ခုနစ်ပွင့် စစ်တပ်ကွပ်ကဲသူ၏မျက်နှာမှာ ထိတ်လန့်စွာအနည်းငယ် ပျက်ယွင်းသွားခဲ့၏။
သံသယရှိစရာမလိုဘဲ ဤလူများသည် လက်ရွေးစင်တပ်သားများဖြစ်ကြသည်။
"မင်းတို့ရဲ့ဒိုင်းတွေကိုမြေပေါ်မှာထောင့်ဖြတ်စိုက်လိုက်ကြ။"
"မြှားသမားတွေမင်းတို့ရဲ့လေးတွေကိုတင်ထား။"
"မြင်းစစ်သည်တွေကိုယ်ကိုယ်ကိုပြင်ဆင်ထားကြ။ငါ့အမိန့်ကိုစောင့်။"
ကလင်းးး... ရီးးး
ကြယ်ခုနစ်ပွင့်စစ်တပ်တပ်မှူးအမိန့်များကိုဆက်တိုက်ထုတ်ပြန်လိုက်သည်။သူ့အမိန့်ပြီးနောက်ထူထဲသည့်ဒိုင်းကာများမြေထဲသို့ထိုးစိုက်လိုက်သံနှင့်လေးကြိုးဆွဲတင်သံများထွက်ပေါ်လာခဲ့ကြသည်။
---
"စတော့မယ်"
တစ်ချိန်တည်းမှာပင် တောင်ထိပ်ပေါ်၌ တိဗက်စစ်တပ်ကွပ်ကဲသူသည် တောင်ခြေရှိစစ်တပ်၏ ပုရွက်ဆိတ်ကဲ့သို့ အခင်းအကျင်းကိုကြည့်ကာ ရက်စက်သည့်အပြုံးတစ်ခုက သူ့မျက်နှာပေါ်ပေါ်လာခဲ့သည်။
သူတို့၏နောက်ဆုံးတိုက်ပွဲက စတင်တော့မည်ဖြစ်သည်။
မဟာထန်စစ်သားများ၏ ဤနောက်ဆုံးအသုတ်ကို အနိုင်ယူပြီးအနားယူရာနေရာကို ဖျက်ဆီးပြီးနောက်တွင် သူတို့၏မစ်ရှင်ပြီးမြောက်ပြီဖြစ်သည်။ သူတို့ဤနေရာမှ ထွက်ခွာပြီးဝူရှန်းဆီသို့ပြန်နိုင်ပေလိမ့်မည်။
သံသယရှိစရာမလိုဘဲ လက်ရှိမဟာထန်သည်ဝူရှန်းကို မည်သည့်နေရာမှမယှဉ်နိုင်ပေ။
ရွှမ်းး
တိဗက်ကွပ်ကဲသူသည် သူ့ခါးရှိဓားကောက်ကို ဆွဲထုတ်လိုက်ပြီး သူ့ခေါင်းထက်မြှောက်လိုက်သည်။
ဤတိဗက်ဓားကောက်သည် ၎င်း၏ဓားသွားမှ အရိုးခိုက်မတတ်အေးစက်သည့် အလင်းရောင်ကို ယောင်ပြန်ဟပ်နေခဲ့သည်။
"စစ်သည်တွေ ငါ့အမိန့်တွေကိုအာရုံစိုက်။ ဒီအရူးတွေကိုချေမှုန်းပြီးတာနဲ့ ငါတို့တွေအိမ်ကိုပြန်နိုင်ကြလိမ့်မယ်။"
ဟုန်းးး
သုံးရာသောမြင်းစစ်သည်များ၏ မျက်လုံးများတွင် စိတ်လှုပ်တရှားဖြင့် အလင်းရောင် တလက်လက်တောက်ပလာခဲ့ကြပြီး သူတို့ကျယ်လောင်စွာမြည်ကြွေးလိုက်ကြသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ခန္ဓာကိုယ်များမှနေ၍ ဒီရေကဲ့သို့စတင် စီးထွက်လာခဲ့သည်။
"ဟီးဟီးကောင်းတယ်။"
သူ့နောက်ရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ခံစားကာရှေ့တွင်ရှိနေသော တိဗက်ကွပ်ကဲသူ၏ နှုတ်ခမ်းထက်တွင် ရက်စက်သည့်အပြုံးတစ်ခုတွဲခိုလာခဲ့သည်။ သူအော်လိုက်ကာ မြှောက်ထားသောဓားကောက်ကို ရုတ်ချည်းခုတ်ချလိုက်သည်။
"ချီတက်"
ဝုန်းးး
ကျယ်လောင်သည့် တုန်ခါသံဖြင့် သုံးရာသောတိဗက်စစ်သားများသည် သူတို့၏ ကုန်းပြင်မြင့်မြင်းများနှင့်အတူ တောင်အောက်သို့ ချီဆင်းလိုက်ကြသည်။
သူတို့၏ အစပိုင်းအမြန်နှုန်းမှာ အရမ်းမမြန်ခဲ့သော်လည်း တဖြည်းဖြည်းနှင့်သူတို့သည် မြန်လာမြန်လာခဲ့ကာ နောက်ဆုံးတွင် သူတို့အောက်ရှိမြေကြီးပင်လျှင် တုန်ရီသွားပုံရသည်။
သူတို့၏ ချီတက်မှုနှင့်အတူ သူတို့ထုတ်ဖော်ထားသော လေးလံသည့်တောင်ကဲ့သို့ အရှိန်အဝါသည် လျင်မြန်စွာသိပ်သည်းလာခဲ့ပြီး အဆပေါင်းများစွာပို၍ အားကောင်းလာခဲ့သည်။
သူတို့၏ အစပိုင်းအခင်းအကျင်းသည်လည်း ချီတက်နေစဉ် လျင်မြန်စွာပြောင်းလဲလာခဲ့သည်။ တစ်သုတ်၊နှစ်သုတ်... သိပ်မကြာမီ တောင်ခြေသို့ ဆူနာမီလှိုင်းလုံးကဲ့သို့ ချီတက်နေစဉ် လူသုံးရာရှိသောစစ်တပ်သည် အသုတ်ပေါင်း တစ်ဒါဇင်လောက် ခွဲထွက်သွားခဲ့သည်။
ပျံသန်းနေသော သပ်ချောင်းချီတက်ခြင်း အခင်းအကျင်း...။
၎င်းသည် တိဗက်လူမျိုးတို့ အချိန်အတော်ကြာအောင် တီထွင်ပြုပြင်မွမ်းမံထားခဲ့သော အထိရောက်ဆုံးနှင့် အစွမ်းထက်ဆုံး ချီတက်ခြင်းအခင်းအကျင်းဖြစ်သည်။
ဤအခင်းအကျင်းတွင် မြင်းတပ်သားများသည် ရန်သူ့ခံစစ်စည်းကို တစ်လှိုင်းပြီးတစ်လှိုင်း လွှဲရိုက်ကာ၎င်းတို့ကို လျင်မြန်စွာ အားပျော့သွားစေမည်ဖြစ်သည်။
အားကောင်းသော ဒိုင်းကိုင်ဆောင်သူအုပ်စုသည် ပထမဆုံးချီတက်တိုက်ခိုက်မှုကို တောင့်ခံနိုင်ကောင်းတောင့်ခံနိုင်သော်လည်း သူတို့သည် ဒုတိယ၊တတိယ... ဆယ်ကြိမ်မြောက်၊ ဆယ့်နှစ်ကြိမ်မြောက်ချီတက် တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်လော။
တစ်ချိန်ချိန်တွင် သူတို့သည် ရန်သူ၏ရှေ့တန်းကို ဖြိုဖျက်နိုင်လိမ့်မည်ဖြစ်ပြီး သူတို့၏အခင်းအကျင်းကို ဖျက်ဆီးနိုင်ပေလိမ့်မည်။
ခံစစ်စည်းကို သူတို့ချိုးဖောက်နိုင်လိုက်သည်နှင့် ထိုတပ်ဖွဲ့အတွင်းလျင်မြန်စွာ ဝရုန်းသုန်းကားဖြစ်သွားပေလိမ့်မည်။
ဤသည်က အလယ်ပိုင်းလွင်ပြင်ဒေသတွင် တိုက်ပွဲများစွာတိုက်ခိုက်ပြီးနောက် တိဗက်တို့တွေ့ရှိခဲ့သည့်အချက်တစ်ခုဖြစ်သည်။
ပျံသန်းနေသော သပ်ချောင်းချီတက်ခြင်းအခင်းအကျင်းသည် လိုအပ်ပါက ၎င်းတို့၏တည်နေရာကို ချိန်ညှိနိုင်စေရန်မြင်းတပ်သားများကြားတွင် နေရာအချို့ကိုချန်ထားစေခဲ့သည်။ ဤနည်းဖြင့် အစောပိုင်းအသုတ်ရှိမြင်းတပ်သားများက ကျရှုံးလျှင်ပင် ၎င်းသည် နောက်ဆက်တွဲချီတက်လာနေသော အသုတ်များကို ထိခိုက်လိမ့်မည်မဟုတ်ပေ။
ကျစ်လျစ်သပ်ရပ်သော အခင်းအကျင်းနှင့်နှိုင်းယှဉ်ပါက ထိုဒီဇိုင်းသည် ဆက်တိုက်ချီတက်မှုကို ပိုမိုကောင်းမွန်စေပြီး တိုက်ခိုက်မှု၏ကြာချိန်ကို တိုးမြှင့်ကာ အားကောင်းစေသည်။
ကမ္ဘာပေါ်ရှိမြင်းတပ်သားများတွင် ပျံသန်းနေသော သပ်ချောင်းချီတက်ခြင်းအခင်းအကျင်း၏ စွမ်းရည်ကိုအပြည့်အဝဆွဲထုတ်နိုင်သည့် တစ်ဦးတည်းသောလူများမှာ တိဗက်လူမျိုးများဖြစ်ကြသည်။
ဟူးလောင်းလောင်း
မြင်းခွာသံများနှင့် ဒေါသတကြီးတိုက်ပွဲမြည်ကြွေးသံများ၏ ကျယ်လောင်သော တုန်ခါသံများကြားတွင် တိဗက်မြင်းစစ်သည်များ၏ ချီတက်မှုသည် မြန်လာမြန်လာခဲ့ပြီး မယုံနိုင်စရာကောင်းသော အရှိန်တစ်ခုသို့ရောက်ရှိသွားခဲ့သည်။
အဝေးမှနေ၍ကြည့်ပါက စိမ်းနက်ရောင်လျှပ်စီးကြောင်းများက တောင်အောက်သို့ပစ်ချလာကာ မဟာထန်စစ်သည်များဆီသို့ ဦးတည်နေသကဲ့သို့ပင်။
သူတို့ပိုင်ဆိုင်ထားသော မယုံနိုင်စရာကောင်းသည့် အရှိန်အဟုန်က လူသားတို့၏စွမ်းအားဖြင့် ရပ်တန့်၍မရပုံပေါ်သော တောင်ပေါ်မှနှင်းထုများလျှော့ကျလာသည်နှင့် ဆင်တူပေသည်။
သူ့ရှေ့ရှိထိုမြင်ကွင်းကိုကြည့်ကာ လေးနက်သည့်အမူအရာက ကြယ်ခုနစ်ပွင့်စစ်တပ် ကွပ်ကဲသူ၏မျက်နှာတွင် ပေါ်လာခဲ့သည်။
သူသည် တိဗက်စစ်တပ်ကို တလျှောက်လုံးလျှော့တွက်နေခြင်းဖြစ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။
အမှာစာ-တိဗက်တွေ ချီတက်နေတဲ့ပုံစံက ကမ်းခြေက လှိုင်းလုံးပုံစံလို၊တောင်ပေါ်က လှေကားထစ်ပုံစံလိုပါ။မဟာထန်ရဲ့ စစ်တပ်ကတော့ ကမ်းခြေက ကျောက်ဆောင်လိုပေါ့။
-----
အပိုင်း ၃၇၃
တပ်သားများကြားတိုက်ပွဲ
"နောက်ဆုံးတော့စတင်ပြီ"
တစ်ချိန်တည်းမှာပင် စစ်ဖက်ဆိုင်ရာ စစ်ဆေးသူပြောဆိုခဲ့သော "တပ်ပြေးများ" သည် အခြားတောင်ကုန်းမှနေ၍ အခြေအနေများကိုကြည့်ရှူနေခဲ့ကြသည်။
အဝေးမှနေ၍ တိဗက်စစ်သားသုံးရာက သူတို့ကို သူတို့အသုတ် တစ်ဒါဇင်ခန့်ခွဲထုတ်လိုက်သည်ကို သူတို့မြင်နေရသည်။ ဖုန်မှုန့်တိမ်တိုက်ကြီးကိုဖြစ်စေလျက် သူတို့သည် ကြောက်ခမန်းလိလိအဟုန်ဖြင့် တောင်အောက်သို့ ချီဆင်းနေခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်တွေ့ရခြင်းမှာ ကျိုးယာ့ထုံ၊ဖန်ရွှမ်းယင်နှင့်တခြားသူများအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ ထို့ကြောင့် သူတို့တည်တည်ငြိမ်ငြိမ်ရှိနိုင်ကြသေး၏။ သို့သော်လည်း လူသစ်ဖြစ်ကြသည့် ပိုင်စီလင်၊ဟွမ်ရုံတုနှင့်ရှုကန်းတို့မှာမူ သူတို့ရှေ့ရှိမြင်ကွင်းကြောင့် လန့်ဖျန့်သွားခဲ့ကြသည်။
ထိုစစ်သားသုံးရာ၏ချီတက်မှုသည် သူတို့နားလည်မှုထက်များစွာ ကျော်လွန်နေသော အင်အားတစ်ခုကဲ့သို့ ခံစားရစေသည်။
သူတို့နှင့်နှိုင်းယှဉ်ရပါက သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် ဘာမှမဆိုင်သကဲ့သို့ပင်။
"သူတို့က ဘယ်လိုလုပ်အရမ်းအားကောင်းနေရတာလဲ။"
သူ့ရှေ့ရှိမြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့ကာ ဟွမ်ရုံတုတီးတိုးရေရွက်လိုက်မိ၏။
ဤသည်မှာ ရန်သူတိုင်းပြည်စစ်သားများနှင့် ရင်ဆိုင်တိုက်ပွဲတွင်သူဝင်ပါသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ရန်သူသည်အင်အားသုံးရာသာရှိသော်လည်း ၎င်းသည် သူ၏ စစ်နှင့်ပတ်သက်အလွန်ရိုးစင်းသည့် အတွေးအမြင်များကို ကျွမ်းထိုးမှောက်ခုံဖြစ်စေခဲ့သည်။
ရှုကန်းသည် သူ့ထက်အနည်းငယ်တည်တည်ငြိမ်ငြိမ်ရှိသော်လည်း သူ့အမူအရာက သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူကြက်သေသေနေခဲ့သည်ကိုပြသနေခဲ့သေးသည်။
အရာအားလုံးကိုရင်ဆိုင်ရသည်တွင် ဝမ်ချောင်သည် တည်တည်ငြိမ်ငြိမ်ရှိနေသည့်တစ်ဦးတည်းသောသူဖြစ်သည်။ သူ့တွင်ပိုင်စီလင်၏ ထိတ်လန့်မှုသို့မဟုတ် ကျိုးယာ့ထုံ၏ စိုးရိမ်ပူပန်မှုမျိုးမရှိခဲ့ပေ။
သူ့အတွက် စစ်ပွဲမှာ နေ့စဉ်လုပ်နေကျအရာ တစ်ခုထက် မပိုပေ။
သူ့ရှေ့ရှိ တိဗက်စစ်သားသုံးရာမှာ သူ့အတွက် ပန်းခြံထဲလမ်းလျှောက်နေရသကဲ့သို့ပင်။ သူ့ရှေ့ရှိမြင်ကွင်းမှာ အမြည်းသဘောသက်သက်သာဖြစ်သည်ကိုပင် သူသိပေသည်။
ထိုတိဗက်မြင်းတပ်၏ အစစ်အမှန်ခွန်အားမှာ ခုထိမဖော်ပြသေးပေ။
ဝုန်းး
မျှော်လင့်ထားသကဲ့သို့ပင် အဝေးမှနေ၍ ထိုတိဗက်စစ်သည်သုံးရာတို့သည် လမ်းတစ်ဝက်သို့ရောက်သည်နှင့် တစ်စုံတစ်ခုက လင်းလက်သွားခဲ့သည်။ ၎င်းကတောက်ပမှုတစ်ခုမျှဖြင့်စတင်ခဲ့၏။ သို့သော် သိပ်မကြာမီနှစ်ခုမြောက်၊သုံးခုမြောက်၊လေးခုမြောက်... စသဖြင့်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင်တောင်ခါးပန်းရှိ တိဗက်မြင်းစစ်သည် အခင်းအကျင်းတစ်ခုလုံးမှာ အဖြူရောင်အလင်းရောင်ဖြင့်ဖုံးလွှမ်းသွားခဲ့သည်။
"အဲဒါဘာလဲ"
တွန့်ချိုးနေသည့် မျက်ခုံးများဖြင့် ဟွမ်ရုံတုစိုးရိမ်တကြီးမေးလိုက်သည်။
"တိဗက်စစ်သားတွေရဲ့တိုက်ပွဲချီစက်ကွင်း-တိဗက်နွားရိုင်းဖြူချီစက်ကွင်း။"
ဝမ်ချောင်ပြန်ဖြေလိုက်၏။
တိဗက်လူမျိုးတို့သည် အဖြူရောင်တိဗက်နွားရိုင်းကို အမြဲတမ်းလေးစားကြည်ညိုခဲ့ကြပြီး ၎င်းကိုအထွတ်အမြတ်ထားအပ်သော သားရဲအဖြစ်ရှုမြင်ခဲ့ကြသည်။ တိဗက်နွားရိုင်းဖြူချီစက်ကွင်းမှာ တိဗက်တို့၏ အကျော်ကြားဆုံးတိုက်ပွဲချီ စက်ကွင်းများထဲမှတစ်ခုလည်းဖြစ်၏။
၎င်း၏ဦးခေါင်းတွင်ရှိသော ချိုဖြူနှစ်ချောင်းသည် ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်စေရန် စွမ်းဆောင်နိုင်လောက်အောင်ထက်ရှလှသည်။
ဝုန်းး
ဝမ်ချောင် ထိုစကားကိုပြောပြီးသည်နှင့် လေထဲတွင်မရေမတွက်နိုင်သော ဧရာမတိဗက်နွားရိုင်းဖြူပုံရိပ်၏ အသွင်အပြင်ပေါ်လာပြီး တောင်ခြေရှိမဟာထန်စစ်သည်များ၏ အခင်းအကျင်းဆီသို့ပြေးလွှားနေခဲ့သည်။
ကျယ်လောင်သော ပါးစပ်များဖြင့် သူတို့သည် ဒေါသတကြီးပဲ့တင်ထပ်နေသည့် နွားအော်သံမြည်ကြွေးလိုက်ကြသည်။
ထိုကမ္ဘာမြေကြီး ကွဲကြေမတတ်အော်သံနှင့်အတူ တိဗက်မြင်းစစ်သည်များကြောင့်ဖြစ်ပေါ်လာသော ဖုန်မှုန့်တိမ်တိုက်ကြီးက ရုတ်တရက်ဆယ်ဆကြီးမားလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့ခြေထောက်အောက်ရှိ အဖြူရောင်ချီစက်ကွင်းများသည် အချင်းချင်းပဲ့တင်ထပ်သွားခဲ့ကြပြီး နောက်ဆုံးတွင် ဧရာမအဖြူရောင်အခင်းအကျင်းကိုဖြစ်ပေါ်လာစေသည်။
တခဏအတွင်းမှာပင် တိဗက်မြင်းစစ်သည်သုံးရာတို့၏ အရှိန်အဝါသည်လည်း မယုံနိုင်စရာကောင်းသည့် အဆင့်တစ်ခုသို့ထိုးတက်သွားခဲ့သည်။
ထိုခဏတွင် တောင်ပေါ်ရှိသူတို့အုပ်စုမှာ ထိတ်လန့်တကြားဖြူလျော်သွားခဲ့ကြ၏။
ဆိုရိုးစကားကဲ့သို့ပင် အခြေအနေကို အရှင်းလင်းဆုံးမြင်ကြသူများမှာ အမြဲတမ်းဘေးမှ ရပ်ကြည့်နေသူများဖြစ်ကြသည်။
ဤသည်မှာ ကျိုးယာ့ထုံနှင့်အခြားသူများသည် အဝေးမှနေ၍ ထိုတိဗက်စစ်သားသုံးရာ၏ ချီတက်မှုကိုမြင်နေကြရသည့်ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသည်မှာသူတို့သည် ထိုချီတက်မှု၏ မျက်နှာချင်းဆိုင်ဘက်တွင်ရှိနေခဲ့သော အချိန်ကပုံစံနှင့်လုံးဝမတူပေ။
"ဒါကအဆုံးသတ်မဟုတ်သေးဘူး။"
ဤမြင်ကွင်းကိုကြည့်ကာဝမ်ချောင်သက်ပြင်းချလိုက်မိသည်။
ထိုကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်၏ အကြီးမားဆုံးအမှားမှာ ထိုသို့သောမြေအနေအထားတွင် တိဗက်များကိုရင်ဆိုင်ရန် မောက်မာစွာရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူသည် ခံစစ်စည်းကို တောင်ခြေအပြင်ဘက်မီတာသုံးရာအကွာအဝေးသို့ ရွေ့ထားခဲ့သော်လည်း ဘာကွာသွားမည်နည်း။
တိဗက်မြင်းတပ်သားများ၏ ဆက်တိုက်ရိုက်ခတ်မှုအောက်တွင် ဝမ်ချောင်သည် မဟာထန်စစ်သည်များ၏ အခင်းအကျင်းပျောက်ကွယ်သွားကာ စစ်တပ်တစ်ခုလုံးပြိုကျပျက်စီးသွားမည်ကိုတွေ့မြင်နိုင်နေပြီဖြစ်သည်။
"ကိုယ့်ကိုယ်ကိုပြင်ဆင်ထားကြ၊ငါတို့မကြာခင်ထွက်ခွာမယ်။"
တိဗက်မြင်းစစ်သည်များ၏ ချီတက်မှုကြောင့် လူတိုင်းကြက်သေသေနေစဉ်မှာပင် ဝမ်ချောင်သူ့ညာလက်ကိုမြှောက်လိုက်ပြီးထွက်ခွာရန် အချက်ပြလိုက်သည်။
တိဗက်မြင်းစစ်သည်များဖြစ်စေခဲ့သော ရုတ်ရုတ်သဲသဲဆူညံသံများဖြင့် ထို့အတူတိဗက်နွားရိုင်းဖြူချီစက်ကွင်းမှ နားအူမတတ်ပဲ့တင်သံဖြင့် ဝမ်ချောင်တို့အုပ်စုပြုလုပ်မည့်အရာနှင့် ပတ်သက်၍ မည်သည့်ဆူညံသံကိုမဆို ဖုံးကွယ်ပေးလိမ့်မည်ဖြစ်ကာ သူတို့ကိုသတိပြုမိစေရန် ခက်ခဲစေမည်ဖြစ်သည်။
တစ်နည်းအားဖြင့် ဤသည်မှာ သူတို့ကိုတိုက်ခိုက်ရန်ပြီးပြည့်စုံသောအချိန်ဖြစ်၏။
ဝုန်းး
သူ့မြင်းနောက်ကျောပေါ်သို့ခုန်တက်ကာ ဝမ်ချောင်ဦးဆောင်လိုက်ပြီး တောင်ကုန်းစောင်းမှ တဟုန်ထိုးထွက်ခွာလိုက်သည်။ အခြားသူများသည်လည်း အလျင်အမြန်လိုက်ပါလိုက်လာကြ၏။
စိမ်းစိုသည့် သစ်ပင်များကြားပုန်းကွယ်နေသည့် မဟာထန်မြင်းစစ်သည်နှစ်ရာနှင့်အတူ ပိုင်စီလင်၊ကျိုးယာ့ထုံ၊ရှုကန်း၊ဟွမ်ရုံတု၊ဖန်ရွှမ်းယင်နှင့် အခြားလေးယောက်တို့သည် ထိုတောင်စောင်းမှတဟုန်ထိုးပြေးဆင်းလိုက်ကြသည်။
ထို့အပြင် ဤအခိုက်တွင် နှစ်ဖက်စလုံးမှ လူတစ်ယောက်မှ သူတို့ကို သတိမထားမိကြသေးပေ။
---
ဟောင်းလောင်လောင်
တိဗက်မြင်းတပ်သားသုံးရာ၏ ချီတက်မှုက သူတို့ရှေ့တန်းသို့ရောက်ခါနီးတွင် ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်၏ မျက်နှာသည် မယုံနိုင်လောင်အောင်တည်ကြည်လေးနက်နေခဲ့ပြီဖြစ်သည်။
သူနောက်ဆုံးတွင် သူပြုလုပ်ခဲ့မိသော အရေးကြီးသည့်အမှားကို သတိပြုမိလိုက်သည်။
တိဗက်မြင်းစစ်သည်များ၏ ချီတက်မှုကိုရင်ဆိုင်ရန် ကြယ်ခုနစ်ပွင့်စစ်တပ်မှနေ၍ ဒိုင်းများကိုသူငှားရမ်းခဲ့သော်လည်း ဒိုင်းများကသူတို့ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ရပ်တန့်စေလိမ့်မည်ဟူသော ခံယူချက်အတွက် သူယူခဲ့ခြင်းဖြစ်သည်။
ထိုဒိုင်းလေးရာကို ငှားရမ်းပြီးနောက် သူရရှိလာသောယုံကြည်မှုသည် တိဗက်တပ်သားများ၏ အံ့မခမ်းချီတက်မှုကြောင့်ပျက်စီးသွားခဲ့သည်။
သို့သော် ဤအချိန်တွင် နောင်တရရန် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
"ကိုယ့်ကိုယ်ကိုပြင်ဆင်ထားကြ"
သူ့နောက်ဆုံးအမိန့်ကို ရေရွတ်လိုက်ကာ သူ့အသံသည် မဟာထန်စစ်သားများအကြား ရှင်းလင်းစွာထွက်ပေါ်လာခဲ့သည်။
တိုက်ပွဲကစတင်တော့မည်ဖြစ်၏။
မုန်တိုင်းတစ်ခုက ဤနေရာတွင် မကြာမီကျဆင်းလာတော့မည်ကဲ့သို့ခံစားရပြီး တိုက်ပွဲအငွေ့အသက်များက သူ့ထိပ်ဆုံးသို့လျင်မြန်စွာရောက်လာခဲ့သည်။
ဒိုင်းကိုင်ဆောင်သူများ၊ ပုဆိန်ကိုင်ဆောင်သူများ၊ လေးပစ်သမားများနှင့်မြင်းစစ်သည်တို့သည် တင်းကြပ်နေသည့်ခန္ဓာကိုယ်များဖြင့် သူတို့၏လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ထားကြသည်။ သူတို့၏မျက်လုံးများသည် ချီတက်လာနေသော တိဗက်မြင်းစစ်သည်များအပေါ်ရှိနေခဲ့ကြပြီး တိုက်ခိုက်ရန်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ဟူးလောင်လောင်
ပျံသန်းနေသော သပ်ချောင်းအခင်းအကျင်းတွင် နေရာယူထားသောမြင်းများသည် သူတို့ဆီသို့လျင်မြန်စွာနီးကပ်လာသည်နှင့်အမျှ ခွာသံများက ကျယ်လောင်လာခဲ့သည်။
တိဗက်မြင်းစစ်သည်များက ကျန့်သုံးအရာအကွာအဝေးသို့ရောက်လာသည့်အချိန်တွင် ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်သူ့ဓားကို ထောင့်ဖြတ်ခုတ်ချလိုက်သည်။
ဟူးလောင်
ဒိုင်းကာလေးရာ မြေပေါ်သို့ပြင်းထန်စွာကျဆင်းသွားခဲ့ပြီး ဧရာမတူကြီးဖြင့် တုချလိုက်သကဲ့သို့ မြေပြင်သည် ပြင်းထန်စွာတုန်ခါသွားခဲ့သည်။
ထိုဒိုင်းကာလေးရာသည် တပ်ဖွဲ့၏အဓိကခံစစ်စည်းအဖြစ် ဆောင်ရွက်ပေးသော ရှည်လျားသည့်နံရံတစ်ခုကိုဖြစ်စေလေသည်။
တစ်ချိန်တည်းမှာပင် ကတ္တရာစေကဲ့သို့နက်မှောင်သော တိုက်ပွဲချီစက်ကွင်းများက ဒိုင်းကိုင်ဆောင်သူများ၏ ခြေဖဝါးရောက်တွင်ပေါ်လာခဲ့သည်။ ထိုချီစက်ကွင်းလေးရာက တစ်ခုတည်းအဖြစ်ပဲ့တင်ထပ်သွားခဲ့ကာ လေထဲတွင်ကျယ်လောင်သော သတ္တုသံများ ပဲ့တင်ထပ်ထွက်ပေါ်လာစေခဲ့သည်။
တခဏအတွင်းမှာပင် ဒိုင်းကိုင်ဆောင်သူလေးရာကို ဖုံးလွှမ်းနေသော အရှိန်အဝါက နှစ်ဆဖြစ်သွားခဲ့၏။ သူတို့နှင့်ကမ္ဘာမြေကြားတွင် ချိတ်ဆက်မှုတစ်ခုကို ထူထောင်လိုက်သကဲ့သို့ သူတို့သည် မြေကြီးပေါ်တွင်မြဲမြံစွာရပ်နေခဲ့ကြသည်။
လုံခြုံဘေးကင်းစေသော အရှိန်အဝါတစ်ခုက ရှေ့တန်းရှိဒိုင်းကိုင်ဆောင်သူများထံမှ ပေါက်ကွဲထွက်လာခဲ့သည်။
ကျားးးး
ဒိုင်းကိုင်ဆောင်သူလေးရာပြင်းထန်စွာမြည်ကြွေးလိုက်ကြသည်။ တိဗက်စစ်သားများ၏ ရန်စမှုအောက်တွင် သူတို့တွင်လည်း အကြောက်အရွံ့ကင်းပြီး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
မဟာထန်ကို ကမ္ဘာပေါ်တွင် နံပါတ်တစ် စစ်အင်အားဟု တင်စားခေါ်ဝေါ်ခဲ့ခြင်းမှာ အကြောင်းပြချက်မရှိ၍ မဟုတ်ပေ။
မဟာထန်ဒိုင်းကိုင်ဆောင်သူလေးရာတို့သည် ကြယ်ခုနစ်ပွင့်စစ်တပ်မှ ပြင်းထန်သည့် လေ့ကျင့်ခြင်းကိုကြုံတွေ့ခဲ့ကြရပြီး သူတို့အားလုံးတို့မှာ အရည်အချင်းပြည့်မီသည့် စစ်သည်များဖြစ်ကြသည်။
တိဗက်မြင်းတပ်က သူတို့ထက်နှစ်ဆလောက် သန်မာခဲ့လျှင်ပင် သူတို့သည် အကြောက်အရွံ့ကင်းမဲ့စွာ ရင်ဆိုင်ကြပေလိမ့်ဦးမည်။
စိတ်ပိုင်းဖြတ်ထားသည့် ဒိုင်းကိုင်ဆောင်သူများကို ကြည့်ကာ နောက်ဆုံးတွင် ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်၏ မျက်လုံးများဆီသို့ စိတ်ဓာတ်တက်ကြွမှုအချို့ပြန်ရောက်လာခဲ့သည်။ အမှန်ပင် တိဗက်များကာ ကြောက်ဖို့ကောင်းလျှင်ပင် ဘာအရေးနည်း။
ဤဒိုင်းကိုင်ဆောင်သူများဖြင့် တိဗက်တပ်သားများကိုကြောက်ရွံ့ရန်မလိုအပ်ပေ။ သူတို့၏ ပထမဆုံးချီတက်မှုကို ရပ်တန့်နိုင်သရွေ့သူသည် တိုက်ပွဲ၏ ဒီရေများကို သူ့ဘက်သို့ လှည့်နိုင်ပေလိမ့်မည်။
"မြှားပစ်သူတွေအသင့်ပြင်"
ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်အော်လိုက်သည်။
ဤအချိန်တွင် ရှစ်ရာပါသောတပ်ဖွဲ့သည် ၎င်း၏စွမ်းပကာများကိုပြသရန်စတင်လာကြသည်။ မတူကွဲပြားသော အထူးတပ်ဖွဲ့များဖြင့်ပြည့်နှက်နေပြီး ရဲမက်တစ်ဦးစီတွင် သူတို့၏ ကိုယ်ပိုင်အခန်းကဏ္ဍများရှိကြသည်။
သူတို့၏အစစ်အမှန် သိုင်းချီစက်ကွင်းများကို ထုတ်လွှတ်လိုက်ကာ တောက်ပသည့်အလင်းရောင်က အခင်းအကျင်းအနှံ့ထွက်ပေါ်လာခဲ့သည်။ ယင်းနောက်တွင် မရေမတွက်နိုင်သော ချီစက်ကွင်းများသည် အင်အားကြီးမားသောတိုက်ပွဲအခင်းအကျင်းကို ပေါ်ပေါက်စေရန် အချင်းချင်းရောယှက်သွားခဲ့ကြသည်။
"မြှားတွေကိုလွှတ်လိုက်"
ကျောက်တုံးများကိုပင် ဖြိုခွဲနိုင်သည့်ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သယ်ဆောင်နေသည့် မရေမတွက်နိုင်သောမြှားများသည် မိုးရွာသကဲ့သို့ တိဗက်မြင်းစစ်သည်များ၏ အခင်းအကျင်းအပေါ်ကျဆင်းသွားခဲ့သည်။ အံ့အားသင့်စရာကောင်းစွာဖြင့် ပထမဆုံးစတင်တိုက်ခိုက်ခဲ့သူမှာ တိဗက်စစ်သားများမဟုတ်ဘဲ မဟာထန်တပ်ဖွဲ့ဖြစ်နေ၏။
မည်သည့်တိုက်ပွဲတွင်မဆို လေးပစ်သူများသည် အမြဲတမ်း ရန်သူကို စတင်တိုက်ခိုက်သူများဖြစ်ကြသည်။
ဟောင်းလောင်လောင်
မရေမတွက်နိုင်သည့်မြှားများက တိဗက်မြင်းစစ်သည်များအပေါ် ကျဆင်းလာသောအခါ သူတို့သည် ခေါင်းငုံ့လိုက်ကြပြီးထိုမြှားများကို သူတို့၏ ထူထဲသည့်ချပ်ဝတ်တန်ဆာဖြင့် ထိပ်တိုက်ခံယူလိုက်ကြသည်။
ထိုမြှားများသည် တိဗက်မြင်းတပ်သားများ၏ အလွယ်တကူလွှဲဖယ်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ပြီး ၎င်းတို့အနက်မှ အစွမ်းထက်ဆုံးပင်လျှင် ထိုမြင်းတပ်သား၏ ချပ်ဝတ်တန်ဆာကို ချိုင့်ဝင်သွားစေခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။
"ဟားဟားဟား..."
တိဗက်မြင်းတပ်သားများက မြှားမိုးကိုဖြတ်ကျော်လာနိုင်သည်နှင့် ကြောက်စရာကောင်းသော ရယ်မောသံက စစ်မြေပြင်တွင်ပြည့်နှက်သွားခဲ့သည်။
"စစ်မှန်တဲ့စစ်သည်တော်တစ်ယောက်က ဘာလဲဆိုတာ အဲဒီမဟာထန်စစ်သားတွေကို သင်ပေးလိုက်ကြစို့။ စိတ်ပျက်အားငယ်မှု အစစ်အမှန်က ဘယ်လိုဘယ်ပုံလဲဆိုတာ သူတို့ကိုငါတို့ပြကြမယ်"
ရှေ့ကိုချီတက်နေသည့် တိဗက်ကွပ်ကဲသူက တိဗက်စကားအနည်းငယ်ကို ရုတ်တရက်ပြောလိုက်ပြီး တိဗက်မြင်းတပ်သားများသည် ရုတ်တရက် လှုပ်ရှားစပြုလာသည်။
ဟောင်းလောင်
တိဗက်တပ်သားသုံးရာထံမှ မတူညီသော စွမ်းအင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ သူတို့၏အရှိန်သည် အမြင့်ဆုံးသို့ရောက်နေခဲ့သော်လည်း ရုတ်တရက်ပင် သူတို့၏အရှိန်အဝါသည် တောင်တန်းကဲ့သို့ ရုတ်တရက်လေးလံလာခဲ့သည်။ သူတို့အောက်ရှိမြေပြင်ပင်လျှင် ဖိနှိပ်ခံလိုက်ရပုံပေါ်သည်။
အရိပ်များက သူတို့အနားတွင် စုဝေးလာခဲ့ပြီးဝိုးတဝါးဖြင့်တစ်ယောက်သည် စက်ဝိုင်းခြမ်းကဲ့သို့ခံတပ်တစ်ခုကိုမြင်နိုင်ပေသည်။ ၎င်းသည်အခြေခံအဆင့်တွင်သာရှိသောကြောင့် ၎င်း၏အပြည့်ဝပုံစံကို မပြသနိုင်တော့ဘဲ မပီပြင်မပြတ်သားသော အသွင်အပြင်ကိုဖြစ်ပေါ်စေလေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ထံမှ ထွက်ပေါ်လာသော ဖိအားသည် ဆယ်ဆနီးပါးတိုးလာသည်။
ဝုန်းးး
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်သည် ရုတ်တရက် ထိန်းမနိုင်သိမ်းမရတုန်လှုပ်သွားပြီး သူ့မျက်နှာသည် မီးခိုးရောင်ဖြစ်သွားခဲ့သည်။
"ခံတပ်ချီစက်ကွင်း"
ဤခဏ၌ သူသည်မသက်မသာဖြစ်နေသည့် ခံစားချက်က ဘယ်ကလာသည်ကိုနားလည်သွားခဲ့သည်။ သူသည် သေစေနိုင်သော အမှားတစ်ခုကိုကျူးလွန်ခဲ့၏။
ဟူးလောင်
နောက်တခဏတွင် တိဗက်တပ်သားသုံးရာ၏ ပထမဆုံးအသုတ်သည် ရှေ့တန်းရှိဒိုင်းကိုင်ဆောင်သူများပေါ်သို့ ပြင်းထန်စွာတိုက်ခိုက်လိုက်ကြသည်။
-----------------------
အပိုင်း ၃၇၄
အလစ်ဖမ်းခြင်း
မြင်းစစ်သည်တစ်ယောက်က တောင်ထိပ်မှနေ၍ ပြေးဆင်းလာခဲ့မည်ဆိုပါက တောင်ခြေသို့ရောက်ချိန်တွင် ဘယ်လောက်အထိမြန်လိမ့်မည်နည်း။
ဤအချိန်တွင် တိဗက်မြင်းတပ်က သူတို့ရှေ့ရှိစစ်တပ်အား ဤအရာကို ထင်ရှားစွာပြသနေခဲ့ကြသည်။ သူတို့၏ ထိတ်လန့်ဖွယ်ရာ အမြန်နှုန်းနှင့် ကုန်းပြင်မြင့်မြင်းများ၏ အံ့မခမ်းကြံ့ခိုင်မှုတို့ဖြင့် သူတို့ချီတက်မှုမှစွမ်းအားသည် မယုံနိုင်စရာကောင်းလုနီးပါးဖြစ်သည်။
ဟောင်းလောင်
အပြင်ဖက်အာကာသမှ ကြယ်တံခွန်ကြွေကျလာသကဲ့သို့ တိဗက်မြင်းတပ်၏ ပထမဆုံးအသုတ်သည် ဧရာမဒိုင်းများကိုတိုက်မိသွားခဲ့ကြသည်။
ဟောင်းလောင်
နားအူမတတ်ပေါက်ကွဲသံထွက်ပေါ်လာခဲ့ကာ လီတစ်ရာအကွာအဝေးသို့ ရောက်ရှိသွားခဲ့သည်။
သံမဏိများက သံမဏိများကို ရင်ဆိုင်ပြီး ချီစက်ကွင်းများက ချီစက်ကွင်းများကို ရင်ဆိုင်ကာ ကြယ်တာရာစွမ်းအင်များက ကြယ်တာရာစွမ်းအင်များကို ဆန့်ကျင်လိုက်ကြသည်။ မတူညီသောစွမ်းအားအမျိုးအစားအားလုံးတို့သည် ဤခဏတွင် အချင်းချင်းကြမ်းတမ်းစွာထိပ်တိုက်တွေ့လိုက်ကြသည်။
ထိုမြင်းတပ်နှင့် မြင့်မားသည့်ဒိုင်းကာများ ရိုက်ခတ်မိသွားသည့်နေရာတွင် တောက်ပသည့် မီးပွားစများပင်ရှိနေခဲ့ကြသည်။
ဟီးးး
ထိုထိပ်တိုက်တွေ့ဆုံမှုမှ ကျယ်လောင်သည့်ပေါက်ကွဲသံနှင့် ရက်စက်ကြမ်းကြုတ်မှုတို့က မြင်းများကိုကြောက်လန့်တကြားမြည်ကြွေးသွားစေသည်။
ဝုန်းး
ဒိုင်းများက ပြင်းထန်စွာတုန်ခါသွားခဲ့ကြ၏။ ဤသို့သော အားကောင်းသည့်တိုက်ခိုက်မှုအောက်တွင် သတ္တုအပိုင်းအစပင်လျှင် ဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်သည်။ လူသားတစ်ယောက်၏ ခန္ဓာကိုယ်ဆိုပါက ပြောစရာပင်မလိုပေ။
ဒိုင်းများ၏နောက်ကွင် ဒိုင်းကိုင်ဆောင်သူများ၏ မျက်နှာများဖြူလျော်သွားခဲ့ကြပြီး သူတို့၏ခန္ဓာကိုယ်များတုန်ခါသွားခဲ့ကြသည်။ အချို့သောသူများသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် သူတို့၏လက်မနှင့်လက်ညှိုးအကြား ကွဲအက်နေသောနေရာများပင်ရှိခဲ့ကြပြီး သွေးစိမ်းများက လက်မှစီးကျလာခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူတို့တောင့်ခံနိုင်ခဲ့ကြသေးသည်။
တောင်ထိပ်ပေါ်မှ မြန်နှုန်းပြည့်ဖြင့်ပြေးဆင်းလာသော တိဗက်မြင်းစစ်သည်များကို တားဆီးနိုင်ရန်မှာ ဒိုင်းကိုင်ဆောင်သူများသာ ထိုကဲ့သို့စွမ်းဆောင်ချက်ကို အောင်မြင်နိုင်ပေသည်။
သူတို့၏ အားကောင်းပြီးကြံ့ခိုင်သော ခန္ဓာကိုယ်များက အခြားစစ်သားများအတွက်ဖြစ်နိုင်လိမ့်မည်မဟုတ်သော အရာများကို သူတို့အားအောင်မြင်စေခဲ့သည်။
သို့သော် ဤသို့ဆိုလျှင်ပင်ကြယ်ခုနစ်ပွင့်စစ်တပ်ခေါင်းဆောင်သည် အနည်းငယ်မျှပင်မပျော်ရွှင်နိုင်ခဲ့ပေ။ အကြောင်းမှာ ဒုတိယ၊တတိယ၊စတုတ္ထနှင့်ပဉ္စမလှိုင်းများသည်လည်း ရောက်လာတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။
ဟောင်းလောင်လောင်
တိဗက်မြင်းစစ်သည်များသည် မယုံနိုင်စရာကောင်းသည့်အမြန်နှုန်းဖြင့် ထိုဒိုင်းကာများကို ပြင်းထန်စွာ တစ်သုတ်ပြီးတစ်သုတ်တိုက်မိသွားခဲ့ကြပြီး နားအူမတတ်ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့ကြသည်။
နောက်ဆက်တွဲ အသုတ်များရောက်လာချိန်တွင် ဒိုင်းကိုင်ဆောင်သူများသည် ပထမဆုံးအသုတ်ကို တောင့်ခံနိုင်ရုံမျှတောင့်ခံနိုင်ခဲ့ကြသည်။ ထိုအဆက်မပြတ်ရိုက်ခတ်မှုအောက်တွင် သူတို့၏ဒိုင်းများသည် ကြီးမားပြင်းထန်စွာတုန်ခါသွားခဲ့ကြကာ သူတို့၏ဒူးများသည် အထိန်းအကွပ်မရှိစွာတုန်ခါသွားခဲ့ကြပြီး သူတို့လက်မောင်းများရှိသွေးကြောမျှင်များသည် ပေါက်ပျက်သွားခဲ့ကြသည်။ သူတို့၏ ခြေဖဝါးအောက်ရှိချီစက်ကွင်းများသည်လည်း မှိန်ဖျော့စွာတုန်ခါသွားခဲ့ကြ၏။
ဖိအားများနှင့်ဒဏ်ရာများက သူတို့ကြားတွင်တဖြည်းဖြည်းတိုးလာခဲ့သည်။ ခဏလေးအတွင်းမှာပင် သူတို့သည်ကြောက်စရာကောင်းသည့် ဒဏ်ရာများရသွားခဲ့ကြပြီးဖြစ်သည်။
အရည်အချင်းပြည့်မီသော ဒိုင်းကိုင်ဆောင်သူများပင်လျှင် လက်ရွေးစင်မြင်းတပ်၏ ခွန်အားပြည့်ချီတက်မှုကို အကြိမ်မည်မျှတောင့်ခံနိုင်မည်နည်း။
အဖြေသည် ပျမ်းမျှခုနစ်ကြိမ်ဖြစ်သည်။
ထိုသို့လုပ်နိုင်ရန်မှာ ဒိုင်းကိုင်ဆောင်သူတိုင်းသည် သူတို့၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အကန့်အသတ်အထိ ဆွဲထုတ်ထားရပေလိမ့်မည်။
သို့သော်ဤသို့ဆိုလျှင်ပင် ထိုတိဗက်မြင်းတပ်ကို ခုခံကာကွယ်ရန်သူတို့အတွက် လုံလောက်ရန်ဝေးကွာနေသေးသည်။
အကြောင်းမှာ သူတို့၏ချီတက်မှုသည် တစ်ကြိမ်မျှဖြင့်ရပ်တန့်မသွားသောကြောင့်ဖြစ်သည်။ ဒိုင်းကိုင်ဆောင်သူတစ်ယောက်၏ ခွန်အားသည် မည်မျှအားကောင်းပါစေ မြင်းတပ်၏အဆက်မပြတ်ရိုက်ခတ်မှုလှိုင်းလုံးများကို သူမည်သို့တောင့်ခံနိုင်မည်နည်း။
ဟောင်းလောင်
အချိန်ခဏသာရှိသေးသော်လည်း ၎င်းကရှည်ကြာလွန်းသည်ဟုခံစားရစေသည်။ တိဗက်မြင်းစစ်သည်များ၏ ရှစ်ကြိမ်မြောက်အသုတ်က ဒိုင်းများကိုရိုက်ခတ်သွားချိန်တွင်
ဟောင်းလောင်
ကြံ့ခိုင်ပုံရသော မြင့်မားသည့်နံရံက နောက်ဆုံးတွင်ပြိုပျက်သွားခဲ့၏။
ဟောင်းလောင်လောင်
တိဗက်မြင်းစစ်သည်များက ဒိုင်းကိုင်ဆောင်သူများကို ကျော်ဖြတ်၍ တိုးဝင်လာချိန်တွင် လူတိုင်း၏ မျက်နှာများဖြူလျော်သွားခဲ့ကြသည်။
ဒိုင်းကိုင်ဆောင်သူ လေးရာပါဝင်နေသော အခင်းအကျင်းသည် သူတို့၏အကြီးမားဆုံးကာကွယ်ရေးအဆောင် လက်ဖွဲ့ဖြစ်သည်။ သူတို့၏တာဝန်မှာ တိဗက်များ၏အမြန်နှုန်းကို လျှော့ချရန်ဖြစ်သည်။ ဤသို့ဖြင့် အခြားတပ်သားများအတွက် တိဗက်များနှင့်တိုက်ခိုက်ရ ပိုလွယ်ကူစေပေလိမ့်မည်။
အားလုံးပြီးနောက် အရှိန်အဟုန်ဖြင့် ချီတက်လာသော တိဗက်မြင်းစစ်သည်များကို ဒိုင်းကိုင်ဆောင်သူများက လွဲ၍ မည်သူမျှမတားဆီးနိုင်ကြပေ။
သမိုင်းထဲရှိ မရေမတွက်နိုင်သော တိုက်ပွဲများတွင် တပ်ဖွဲ့တစ်ခု၏ ခံစစ်စည်ချိုးဖောက်ခံလိုက်ရပါက ၎င်းတို့၏ ကာကွယ်ပေးမှုနောက်ကွယ်တွင် ပုန်းခိုနေကြသောတပ်သားများအတွက် ဘေးဒုက္ခဖြစ်စေလိမ့်မည်ဟု သက်သေပြခဲ့ကြပြီးဖြစ်သည်။
"လူတိုင်းပဲစိတ်ငြိမ်ငြိမ်ထားကြပါ။ မြင်းတပ်မင်းတို့ရဲ့ချီတက်မှုကိုပြင်ဆင်ထား။"
ပရမ်းပတာများကြားတွင် ကွပ်ကဲသူအော်ဟစ်လိုက်သည်။ သို့သော်နောက်ကျနေပြီဖြစ်၏။ ချီတက်မှုတစ်ခုကို စတင်ရန်နည်းပါးသော နေရာလွတ်ဖြင့် မြင်းစစ်သည်များသည် တိဗက်စစ်သားများကို ယှဉ်နိုင်ရန် လုံလောက်သည့်အရှိန်အဟုန်ကို မတည်ဆောက်နိုင်ပေ။
လက်ရှိအခြေအနေအရ မြင်းတပ်သည် လုံးဝကူကယ်ရာမဲ့ နေခဲ့ကြသည်။
အစီအစဉ်တစ်ခုလုံးသည် တိဗက်မြင်းတပ်ကို အောင်မြင်စွာထိန်းထားမည့် ဒိုင်းကိုင်ဆောင်သူများ အပေါ်လုံးဝပုံအောထားခဲ့သည်။ ရှေ့တန်းမှနေ၍ အပေါက်တစ်ခုပွင့်သွားသည့် အချိန်ကစပြီး လူတိုင်း၏ ကံကြမ္မာသည်ချိတ်ပိတ်ခဲ့ပြီဖြစ်သည်။ သူတို့ကိုစောင့်ကြိုနေသည့်အရာမှာ ရှုံးနိမ့်မှုနှင့်သေခြင်းတရားဖြစ်သည်။
နွားရိုင်းဖြူချီစက်ကွင်းနှင့် ခံတပ်ချီစက်ကွင်းတို့ဖြင့်အားဖြည့်ထားသော ရက်စက်ကြမ်းကြုတ်စွာချီတက်လာနေသည့် တိဗက်မြင်းစစ်သည် သုံးရာသည် နောက်တန်းရှိ မဟာထန်စစ်သည်များအတွက် ကံကြမ္မာဆိုးဖြစ်သည်။
"ဟားဟား ……..ဒီအရူးတွေကိုသတ်ကြစမ်း။ ဒီတစ်ကြိမ် ငါတို့တွေသူတို့ကို လုံးဝချေမှုန်းကြမယ်။"
ရှေ့ဆုံးရှိ တိဗက်ကွပ်ကဲသူက ကျိုးပေါက်သွားသည့်နေရာမှတဆင့် မြင်းစစ်သည်အုပ်စုတစ်ခုကို ဦးဆောင်ကာ ရယ်မောလျက် အော်ဟစ်လိုက်သည်။
ဤအချိန်တွင် မဟာထန်စစ်တပ်၏အရှုံးကို သူမြင်နိုင်နေပြီဖြစ်သည်။ ဤတစ်ကြိမ်သူတို့ဆီမှနေ၍ မည်သူမျှထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ ထို့အပြင် နောက်ဆက်တွဲတိုက်ပွဲများလည်း ထပ်ရှိတော့မည်မဟုတ်ပေ။ ဤနေရာရှိရဲမက်များကို သတ်ဖြတ်ပြီး အနားယူရာနေရာကို ဖျက်ဆီးပြီးနောက်သူတို့သည် ဝူရှန်ကိုပြန်ပြီး သူတို့၏ နောက်ထပ်အမိန့်များကို စောင့်ဆိုင်းပေလိမ့်မည်။
ဝုန်းးး
မဟာထန်စစ်သားရှစ်ရာက သူတို့၏ အန္တိမပျက်စီခြင်းနှင့်ကြုံဆုံခါနီး၊ ဤအရေးကြီးသည့်အခိုက်အတန့်တွင် ကျယ်လောင်သော မြင်းဟီသံများကတိုက်ပွဲထဲသို့ ရုတ်တရက်ကျူးကျော်ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲ၏ရေစီးကြောင်းကို ရှုပ်ထွေးသွားစေလေသည်။
တိဗက်စစ်တပ်၏ ညာဘက်မှနေ၍ လူနှစ်ရာပါသော နောက်ထပ်အုပ်စုတစ်ခုက ချီတက်လာခဲ့ကာ သူတို့ပေါ်လာသည့်အချိန်တွင် သူတို့သည် အမြင့်ဆုံးအမြန်နှုန်းဖြင့်ချီတက်လာနေခဲ့ကြပြီဖြစ်သည်။ သူတို့ပိုင်ဆိုင်ထားသည့် အရှိန်အဟုန်မှာ အံ့အားသင့်စရာကောင်းစွာဖြင့် တိဗက်မြင်းစစ်သည်များနှင့်အဆင့်တူ နေခဲ့ကြပြီဖြစ်သည်။
"ဘယ်လိုလုပ်နောက်ထပ်မဟာထန်တပ်ဖွဲ့တစ်ခုရှိနေရတာလဲ။"
ထိုမြင်းတပ်၏ ရုတ်ချည်းဝင်ရောက်လာမှုကို ကြည့်ကာ တိဗက်ကွပ်ကဲသူ၏ မျက်နှာအံ့အားတကြီးဖြင့်ပျက်ယွင်းသွားခဲ့သည်။ သူဤအရာကို လုံးဝမမျှော်လင့်ထားခဲ့ပေ။
ပြီးခဲ့သည့် တိုက်ပွဲများတွင် ဤသို့သော အရာမျိုးလုံးဝမဖြစ်ခဲ့ဖူးပေ။
သူ့အတွက်ပို၍ပင် လက်မခံချင်စရာကောင်းသည့်အရာမှာ ဤမြင်းတပ်က သူ့နှင့်နီးကပ်လာချိန်အထိ သူအမှန်တကယ်သတိမပြုမိခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မဖြစ်သင့်ပေ။
"ဒီဉာဏ်နီဉာဏ်နက်များတဲ့ခွေးမသားတွေ။"
လက်သီးကို တင်းကြပ်စွာဆုပ်လိုက်ကာ တိဗက်ကွပ်ကဲသူ လျင်မြန်စွာသဘောပေါက်လာခဲ့သည်။ သံသယရှိစရာမလိုအောင်ပင် ဤလူများသည် တိဗက်များ၏ ချီတက်မှုမှ ဖြစ်ပေါ်စေသောဆူညံသံများကို အသုံးချကာ သူတို့၏ တည်ရှိမှုကိုဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။
သူတို့သည် သူတို့ကိုယ်ပိုင် ချီတက်မှုမှဖြစ်ပေါ်စေသော ကျယ်လောင်သည့်ဆူညံသံများဖြင့် ဝိုင်းပတ်ခံနေခဲ့ရသည်ကို စဉ်းစားလိုက်ပါက သူတို့သည် အခြားဆူညံသံများကို မည်သို့ကြားနိုင်မည်နည်း။
သို့မဟုတ် ထိုမဟာထန်မြင်းစစ်သည်များမှ ဆူညံသံကို သူတို့ကြားခဲ့လျှင်ပင် သူတို့သည် ၎င်းက သူတို့၏လူများဆီမှ လာခဲ့ခြင်းဖြစ်မည်ဟု တွေးထင်ကြပေလိမ့်မည်။
ထိုသည်က တကယ့်ကိုဉာဏ်ရည်ထက်မြက်သည့် လှုပ်ရှားမှုတစ်ခုဖြစ်၏။ သူတို့၏ပြိုင်ဘက်သည် အမှန်ပင် ဉာဏ်များလှသည်။
သူ့အားပို၍ပင် စိုးရွံ့စေခဲ့သည့်အရာမှာ ရန်သူသည် အဝေးတစ်နေရာမှ ရောက်လာပြီး ဤအရေးကြီးသော အခိုက်အတန့်သို့ရောက်ရှိရန် အချိန်ကိုက်နေခြင်းဖြစ်သည်။ ဤအရာမှတဆင့် သူတို့သည် သတိပြုမိခြင်းမှ ရှောင်ရှားနိုင်သည်သာမက သူတို့မြင်းတပ်၏ အရှိန်အဟုန်ကိုလည်း အကန့်အသတ်အထိ တည်ဆောက်နိုင်မည်ဖြစ်သည်။
၎င်းတို့၏ အမြန်နှုန်းသည်လည်း အကန့်အသတ်တွင်ဖြင့် ထိုမြင်းစစ်သည်နှစ်ရာသည် သူတို့စစ်တပ်အတွက် သူတို့ရှေ့၌ရှိသည့် ရဲမက်ရှစ်ရာထက်ပင် ပို၍ကြီးမားသည့်ခြိမ်းခြောက်မှုကြီးကို ပိုင်ဆိုင်ထားသည်။
"ပြန်ဆုတ်ဘယ်ဘက်ကိုလှည့်။ လော်ဆန်အဲတပ်ဖွဲ့ကို တိုက်ခိုက်ဖို့မင်းရဲ့အုပ်စုကို မင်းဦးဆောင်ရမယ်။ မင်းသူတို့ကို အကုန်ရင်းပြီးတိုက်ခိုက်ရမယ်။"
ချီတက်လာနေသော ထိုမြင်းတပ်အတွင်းပါရှိနေသည့်အန္တရာယ်ကို အလိုလိုအာရုံခံလိုက်မိကာ တိဗက်ကွပ်ကဲသူက ချက်ချင်းပင်စိုးရိမ်တကြီး အမိန့်ပေးလိုက်သည်။
ရန်သူသည် လက်ရှိ၌ သူတို့၏အားအနည်းဆုံးနေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။ အကယ်၍ တန်ပြန်တိုက်ခိုက်မှုများမပြုလုပ်ပါက သူတို့သည် ဆုံးရှုံးမှုကြီးကြီးမားမားခံစားရပေလိမ့်မည်။
"မဆိုးဘူး မင်းရဲ့တုံ့ပြန်မှုက တော်တော်လေးမြန်တာပဲ၊ ဒါပေမယ့်လည်း အရမ်းနောက်ကျသွားတာနှမြောစရာပဲ။"
သူ့ရှေ့ရှိ တိဗက်မြင်းစစ်သည်များက တိုက်ခိုက်မှုကိုရင်ဆိုင်ရန် ၎င်းတို့၏အခင်းအကျင်းကို ချက်ခြင်းပြုပြင်ပြောင်းလဲလိုက်သည်ကို ကြည့်ကာ ဝမ်ချောင် အထင်တသေးဖြင့် အေးစက်စွာ သရော်လိုက်သည်။
ရန်သူ့ကွပ်ကဲသူသည် ကြယ်ခုနစ်ပွင့်စစ်တပ်၏ ဒိုင်းကာအခင်းအကျင်းကို ကျော်လွှားနိုင်သည်အထိ အမှန်တကယ်ကြောက်ဖို့ကောင်းလှသည်။ သို့သော်လည်း ၎င်းက သူတတ်စွမ်းသမျှအကုန်ဖြစ်နေသည်မှာ သနားစရာကောင်းလှသည်။ သူသည်ဝမ်ချောင်ကို ယှဉ်နိုင်ရန် အလှမ်းဝေးနေသေးသည်။
အမှန်တွင် ဝမ်ချောင်တို့ကိုမြင်သည်နှင့် ရန်သူကွပ်ကဲသူသည် ကြယ်ခုနစ်ပွင့်စစ်တပ်မှ ကွပ်ကဲသူကျူးလွန်ခဲ့သည့်တစ်ခုနှင့် ဆင်တူသည့်အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့သည်။
ကြယ်ခုနစ်ပွင်စစ်တပ်ကွပ်ကဲသူကျူးလွန်ခဲ့သည့် အကြီးမားဆုံးအမှားမှာ တိဗက်များကို တောင်ခြေတွင်တိုက်ခိုက်ခြင်းဖြစ်ပြီး တိဗက်ကွပ်ကဲသူကျူးလွန်ခဲ့သည့်အမှားမှာ သူ့ကိုရင်ဆိုင်ရန်နောက်ဆုံးအချိန်ကျမှ ၎င်းတို့၏အခင်းအကျင်းကို ပြောင်းလဲခြင်းဖြစ်သည်။
အမြင့်ဆုံးအရှိန်တွင်ရှိနေသော ချီတက်နေသည့်မြင်းတပ်တစ်ခုအား ၎င်း၏ဦးတည်ရာကို အလွယ်တကူပြောင်းလဲ၍မရပေ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သိသိသာသာအရှိန်လျော့သွားမည်ဖြစ်သည်။
ဦးတည်ချက်ပြောင်းလဲခြင်းက ကြီးမားလေအရှိန်ပို၍လျော့ကျလေဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရလျှင် အကယ်၍ ဦးတည်ချက်ပြောင်းလဲခြင်းက ကိုးဆယ်ဒီဂရီနှင့်အထက်ဖြစ်ပါက (ရှေ့တည့်တည့်သွားနေတာကနေ ဘေးကိုလှည့်လိုက်တာ) အစောပိုင်းက ရှိနေသောအရှိန်အဟုန်သည် လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။
အကယ်၍ ရန်သူကွပ်ကဲသူသည် ၎င်း၏နည်းဗျူဟာကို ဆက်လက်ကိုင်စွဲထားပြီး ရှေ့သို့ဆက်လက်ချီတက်ရန် ရွေးချယ်ခဲ့ပါက သူသည်မဟာထန်စစ်သားရှစ်ရာကို အကျအဆုံးကြီးကြီးမားမား ပြုလုပ်နိုင်လောက်သည်။
သို့သော် ယခုတွင်မူ...
ရှင်းရှင်းပြောရပါက သူတို့သည် သေလူများဖြစ်ကြသည်။
ရန်သူ့ကွပ်ကဲသူပြုလုပ်ခဲ့သောအမှားသည် သူတို့ကြုံတွေ့နေရသောအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့သော်လည်း ဝမ်ချောင်တို့အဖွဲ့ကို သူတို့နှင့်အလွန်နီးကပ်အောင် သူတို့ခွင့်ပြုလိုက်သည့်အခိုက်အတန့်မှာ သူတို့၏ကံကြမ္မာကို ချိတ်ပိတ်ခဲ့ပြီဖြစ်သည်။
သူ့ညာလက်ကို မြှောက်လိုက်ကာ ဝမ်ချောင်အမိန့်ပေးလိုက်သည်။
"မြှားပုံစံအခင်းအကျင်း၊ချီတက်"
မြင်းစစ်သည် နှစ်ရာတို့သည် သူတို့၏ မူလနေရာမှ ချက်ချင်းရွေ့လျားလိုက်ကြကာ ကြီးမားသည့်မြှားပုံစံအခင်းအကျင်းကို ဖြစ်ပေါ်စေခဲ့သည်။
ဟောင်းလောင်
တခဏအတွင်းမှာ ပင်ဝမ်ချောင်၊ကျိုးယာ့ထုံ၊ပိုင်စီလင်၊ ရှုကန်း၊ဟွမ်ရုံတု၊ဖန်ရွှမ်းယင်နှင့်အခြားသူများသည် တိဗက်မြင်းစစ်သည်များ၏ အခင်းအကျင်းဆီသို့ကြမ်းကြုတ်စွာ တိုးဝင်ခဲ့ကြပြီးဖြစ်သည်။
ပျံသန်းနေသော သပ်ချောင်းပုံစံ ချီတက်ခြင်းအခင်းအကျင်းက မြှားပုံစံအခင်းအကျင်းကို ရင်ဆိုင်ခြင်း..။
လုံရှီနယ်မြေ၏ နယ်နိမိတ်နားတွင် လုံးဝကွဲပြားသည့် မြင်းတပ်အခင်းအကျင်းနှစ်ခုက ပထမဆုံးထိပ်တိုက်တွေ့လိုက်ကြသည်။
ဤကဲ့သို့ လုံးဝကွဲပြားသော မြင်းတပ်ပုံစံနှစ်မျိုးကို ယနေ့ခေတ်စစ်ပွဲများတွင်ပင် တွေ့ရခဲသည်။
ဟောင်းလောင်
လူနှစ်ရာအင်အားရှိသော မြှားပုံစံအခင်းအကျင်းက တိဗက်စစ်တပ်၏အခင်းအကျင်းထဲသို့ နက်ရှိုင်းစွာထိုးဝင်လိုက်သည်နှင့် ဝမ်ချောင်သည်လည်း သူ့တိုက်ပွဲချီစက်ကွင်းကို ချက်ချင်းထုတ်ဖော်လိုက်သည်။
လက်ဆုပ်လက်ကိုင်မပြနိုင်သည့် လှိုင်းဂယက်တစ်ခုက စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းရန် ဝမ်ချောင်ဆီမှ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ တိဗက်မြင်းစစ်သည်သုံးရာမ ထုတ်ဖော်ထားခဲ့သော ခံတပ်ချီစက်ကွင်းသည် လုံးဝပျောက်ကွယ်မသွားမီ ချက်ချင်း မှိန်တုတ်မှိန်တုတ်ဖြစ်သွားခဲ့ပြီး တိဗက်နွားရိုင်းဖြူချီစက်ကွင်း၏အဆင့်သည် ချက်ချင်း ကျဆင်းသွားခဲ့သည်။
စစ်မြေပြင်ပျက်စီးခြင်း..။
လပေါင်းအတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ်ဝမ်ချောင် သူ့တိုက်ပွဲချီစက်ကွင်းကိုထုတ်ဖော်လိုက်၏။ ဤသို့ဖြင့် သူသည် တိဗက်စစ်သည်သုံးရာတို့ ကိုင်စွဲထားသောအရေးကြီးသည့် အားသာချက်များကို ပျက်ပြယ်စေကာ မဟာထန်စစ်တပ်ကို အပြတ်အသတ် အသာစီးရစေခဲ့သည်။
ပြောင်းလဲမှုများကို အာရုံခံမိလိုက်ကာတိဗက်မြင်းစစ်သည်သုံးရာ၏ မျက်နှာများမဲပြာသွားခဲ့ကြသည်။
ထိုခံတပ်ချီစက်ကွင်းမရှိဘဲ သူတို့သည်သာမန်မြင်းစစ်သည်များ နှင့်ဘာမှမခြားပေ။
ဟောင်းလောင်
ကျယ်လောင်သော တိုက်ပွဲမြည်ကြွေးသံနှင့်အတူ လူအင်အားနှစ်ရာပါသော မြှားပုံစံအခင်းအကျင်းသည် တိဗက်မြင်းတပ်ကိုအတွင်းဘက်မှနေ၍ ဆုတ်ဖြဲကာ ၎င်းတို့၏ အခင်းအကျင်းကို လုံးဝဖျက်ဆီးလိုက်ကြသည်။
----------------------
အပိုင်း ၃၇၅
အောင်ပွဲ
【တိဗက်မြင်းစစ်သည်တစ်ဦးကိုပထမဆုံးသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။အပိုဆုလာဘ်- ကံကြမ္မာမှတ်၁မှတ်】
【တိဗက်မြင်းစစ်သည်၂ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၃ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
---
【တိဗက်မြင်းစစ်သည်၇ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၈ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၉ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
---
သတိပေးချက် တသီတတန်းက ဝမ်ချောင်၏ခေါင်းထဲရုတ်တရက်ပေါ်ထွက်လာခဲ့၏။ မြှားပုံစံအခင်းအကျင်းက တိဗက်မြင်းစစ်သည်များ၏ အခင်းအကျင်းထဲသို့ နက်ရှိုင်းစွာဝင်ရောက်ပြီးနောက် တခဏအတွင်းမှာပင် သူတို့၏ လူများကြား၌ အသေအပျောက်များ ထွက်ပေါ်လာခဲ့သည်။
တိဗက်မြင်းစစ်သည်များသည် သူတို့ရှေ့ရှိ မဟာထန်တပ်သားရှစ်ရာအပေါ်အလွန်အမင်းအာရုံစိုက်နေခဲ့သောကြောင့် ဝမ်ချောင်နှင့် သူ့အုပ်စုပေါ်လာခြင်းက လုံးဝအလစ်အငိုက်ဖြစ်သွားခဲ့သည်။ မပြင်ဆင်ထားခဲ့သောကြောင့် သူတို့သည် ထိရောက်သော မည်သည့် တန်ပြန်လှုပ်ရှားမှုကိုမျှမပြုလုပ်နိုင်ခဲ့ကြပေ။
ထို့အပြင် ဝမ်ချောင်၏ ချီတက်မှုက သူတို့အားစဉ်းစားရန် မည်သည့်အချိန်မျှမကျန်စေအောင် တမင်ကြံစည်ထားခဲ့သည်။ ဝမ်ချောင်တို့အုပ်စုကို တိဗက်တပ်ဖွဲ့သတိပြုမိသည့်အချိန်မှစ၍ မြှားပုံစံအခင်းအကျင်းက သူတို့၏အခင်းအကျင်းထဲသို့ ထိုးဖောက်သည့် အချိန်အထိ ခြောက်စက္ကန့်မျှသာ ကြာသေးသည်။
ခြောက်စက္ကန့်သည် တိဗက်တပ်သားသုံးရာအတွက် သူတို့အားထိထိရောက်ရောက် ချေမှုန်းရန် လုံးဝမလုံလောက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသို့ပြုလုပ်ရန်ကြိုးပမ်းမှုတိုင်းက ပို၍သာပရမ်းပတာဖြစ်စေခဲ့သည်။
မဟာထန်မြင်းတပ်သားများ၏ သဲကြီးမဲကြီးချီတက်တိုက်ခိုက်မှုအောက်တွင် စစ်သားများနှင့်မြင်းများလေထဲသို့ လွင့်စင်သွားခဲ့ကြသည်။
တိဗက်မြင်းစစ်သည်များ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားသည်ကို ကြည့်ကာကျိုးယာ့ထုံအိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ယခင်ထိပ်တိုက်တွေ့ဆုံမှုအနည်းငယ်ပြီးနောက် ထိုတိဗက်စစ်တပ်သည် သူမ၏စိတ်ထဲတွင် အားနည်းချက်မရှိသော ပုံရိပ်တစ်ခုအဖြစ်စွဲထင်နေခဲ့ပြီဖြစ်သည်။ သူတို့ကဒိုမီနိုကဲ့သို့လဲပြိုကျသွားသည့် တစ်နေ့ရောက်လာလိမ့်မည်ဟု သူမ လုံးဝစိတ်မကူးထားခဲ့ပေ။
သူမရှေ့၌ဖြစ်ပျက်နေသောအရာများသည် အမှန်တကယ်ဖြစ်လိမ့်မည်ဟု သူမယုံကြည်ရခက်နေပေသည်။
"သူတို့ကိုသတ်"
သဲကြီးမဲကြီးအော်ဟစ်လိုက်ခြင်းနှင့်အတူ ကျိုးယာ့ထုံသည် သူမ၏ကြက်သွေးရောင်ပန်းဖွားလှံကို လျင်မြန်စွာပေါင်းစပ်လိုက်ပြီး နှစ်မီတာရှည်သော လှံတစ်ချောင်းကိုဖြစ်ပေါ်စေသည်။
ဟူးး
ကျိုးကလန်၏ ထင်ရှားကျော်ကြားသော နည်းစနစ်လောင်မြိုက်နေသည့် မီးတောက်လှံကနောက်တစ်ကြိမ်ပေါ်ထွက်လာခဲ့ကာ ထိုလှံမှနေ၍မီးတောက်လှိုင်းလုံးကြီးရှေ့သို့ပြေးထွက်သွားခဲ့သည်။ လက်ခနဲဖြစ်သွားခြင်းနှင့်အတူ တိဗက်စစ်သားသုံးဦး၏ ဦးခေါင်းများ ပြတ်ထွက်သွားခဲ့ကြသည်။
ဝမ်ချောင်၏ စစ်မြေပြင်ပျက်စီးခြင်းပေါ်လာခြင်းက တိုက်ပွဲချီစက်ကွင်းအားလုံးကို အဆင့်တစ်ဆင့်လျှော့ကျသွားစေခဲ့သည်။ ဤသို့ဖြင့်တိဗက်မြင်းစစ်သည်များ ထုတ်ဖော်ထားခဲ့သောနွားရိုင်းချီစက်ကွင်းက အဆင့်တစ်ဆင့်လျှော့ကျသွားခဲ့သည်။ အဆိုးဆုံးမှာ သူတို့ ခက်ခဲကြီးစွာထုတ်ဖော်ထားသောအခြေခံအဆင့်ခံ တပ်ချီစက်ကွင်းက မတည်မငြိမ်ဖြစ်လာခဲ့ပြီး ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
ကံကြမ္မာ ကျောက်စာက သူ့အားပေးထားသည့်တိုက်ပွဲချီစက်ကွင်းသည် ဤသို့သောစစ်မြေပြင်တွင် ၎င်း၏စစ်မှန်သော စွမ်းပကားကိုပြသခဲ့သည်။
၎င်းက တခြားသူများနှင့်ယှဉ်တိုက်ရန်ရည်ရွယ်ချက်ဖြင့်မွေးဖွားလာခဲ့ခြင်းမဟုတ်ဘဲ တိုက်ပွဲဒီရေကိုပြောင်းလဲရန်ရည်ရွယ်ချက်ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
ဤသည်က တတိယမစ်ရှင်တွင် ပါဝင်ရန်တုံ့ဆိုင်းခြင်းမရှိဘဲ ဝမ်ချောင်ရွေးချယ်ခဲ့ရခြင်း၏ အဓိကအကြောင်းပြချက်များထဲမှ တစ်ခုလည်းဖြစ်သည်။
အဆင့်တစ် စစ်မြေပြင်ပျက်စီးခြင်း၏ သက်ရောက်မှုများအောက်တွင် တိဗက်တပ်သားသုံးရာသည် ခြိမ်းခြောက်မှုလုံးဝမဟုတ်ခဲ့ပေ။
"ဘာကြီးလဲ၊ဘာတွေဖြစ်နေတာလဲ။"
"ချီစက်ကွင်းက ဘယ်ကမ္ဘာရောက်သွားတာလဲ"
"သေစမ်းကွာ။ ငါတို့မှာလူသုံးရာရှိသေးတယ် ဒါကြောင့်ငါတို့ရဲ့ခံတပ်ချီစက်ကွင်းက ဘာလို့သောက်ကျိုးနည်းပျောက်ကွယ်သွားရတာလဲ။"
"ဘာလို့ ငါ့ရဲ့ကျင့်ကြံခြင်းက ရုတ်တရက်ကြီးကျဆင်းသွားရတာလဲ။"
"ဘာတွေဖြစ်နေတာလဲ။"
ဝမ်ချောင်မြင်းတပ်၏ ရုတ်ချည်းပေါ်လာခြင်းက တိဗက်မြင်းစစ်သည်များကို ပရမ်းပတာအခြေအနေသို့ ကျဆင်းသွားစေခဲ့ပြီဖြစ်သည်။ သို့သော်သူတို့ကို အမှန်တယ်ထိတ်လန့်စေပြီး ကြောက်ရွံ့စေခဲ့သည့် အရာမှာခံတပ်ချီစက်ကွင်း၏ ရုတ်ချည်းပျောက်ကွယ်သွားခြင်းနှင့် ထို့အတူ သူတို့ခွန်အား၏ ရုတ်တရက်ထိုးကျသွားခြင်းဖြစ်သည်။
ပထမတစ်ခုက သူတို့၏အပြင်းထန်ဆုံးလက်နက်ဖြစ်ပြီး နောက်တစ်ခုက သူတို့၏ကိုယ့်ကိုကာကွယ်သည့် လက်နက်ဖြစ်သည်။ ထိုနှစ်ခုအပေါ်အခြေခံ၍ သူတို့တိုက်ခိုက်ခဲ့သော စစ်မြေပြင်များစွာတွင် အောင်ပွဲများပေါ်ထွက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်သူတို့၏ ကျင့်ကြံခြင်းရုတ်ချည်းကျဆင်းသွားခြင်းက သူတို့အတွက် အလွန်အမင်းကြောက်မက်ဖွယ်ရာဖြစ်သည်။ ၎င်းကသူတို့သည် ကျိန်စာတိုက်ခံရထားရသကဲ့သို့ အောက်လမ်းပညာဖြင့်ပြုစားခံထားရသကဲ့သို့ ခံစားရစေသည်။
သို့သော် ဘာတွေဖြစ်ပျက်နေသည်ကို သူတို့အဖြေရှာမရမီ သူတို့အစိုးရိမ်ဆုံးသောကိစ္စက ဖြစ်ပွားလာခဲ့သည်။
ဝေါ
သဲကြီးမဲကြီးအော်ဟစ်သံက တောင်ခြေမှထွက်ပေါ်လာခဲ့၏။ ဝမ်ချောင်တို့မြင်းစစ်သည်နှစ်ရာရောက်လာခြင်းက သူတို့ကိုယ်သူတို့ ကံကြမ္မာဆီပုံအပ်ထားခဲ့ကြသော မဟာထန်စစ်သည်ရှစ်ရာအတွက် ရုတ်ချည်းပေါ်လာသောမျှော်လင့်ချက်ရောင်ခြည်ကဲ့သို့ပင်။
သူတို့ကို ပို၍ပင်စိတ်လှုပ်ရှားသွားစေသည့်အရာမှာ အားနည်းချက်မရှိပုံရသောတိဗက်စစ်သည်များသည် လူနှစ်ရာပါသော ထိုမဟာထန်မြင်းတပ်ကို လုံးဝမယှဉ်နိုင်ခြင်းဖြစ်သည်။
"ချီတက်"
ထိုသို့သောမြင်ကွင်းက သူတို့၏စိတ်ဓာတ်များကို တက်ကြွသွားစေခဲ့ပြီး တိဗက်မြင်းတပ်၏ အားနည်းနေသော အခိုက်အတန့်ကို အသုံးချကာ သူတို့သည်ဝမ်ချောင်တို့၏ အုပ်စုနှင့်ပူးပေါင်းရန်ရှေ့သို့ချက်ချင်းချီတက်လိုက်ကြသည်။
"ဒိုင်းကိုင်ဆောင်သူတွေ၊ပုဆိန်စစ်သည်တွေ၊မြှားပစ်သူတွေနဲ့မြင်းစစ်သည်တို့... ချီတက်ကြ။"
ကြယ်ခုနစ်ပွင့်စစ်တပ် ကွပ်ကဲသူသည်လည်းရုတ်ချည်းပြောင်းလဲသွားသော အခြေအနေများကြောင့် ကြက်သေသေသွားခဲ့သည်။ သူသူ့မျက်လုံးများကိုယုံကြည်ရခက်နေပေသည်။ ထို "တပ်ပြေးများ" က ဤအရေးကြီးသည့် အခိုက်အတန့်တွင်ပေါ်လာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
မည်သို့ဆိုစေကာမူ တိဗက်မြင်းစစ်သည်များကို လုံးဝချေမှုန်းရန် ဤအခွင်အရေးကို ဆုပ်ကိုင်ရာတွင်သူတုံ့ဆိုင်းမနေခဲ့ပေ။
ထိုမြင်းစစ်သည်နှစ်ရာက အမိန့်များကိုမနာခံဘဲ ပျောက်ကွယ်သွားခဲ့ပြီး ရုတ်တရက်ပေါ်လာခဲ့ခြင်းနှင့် ပတ်သက်သောကိစ္စမှာ နောက်မှလာပေမည်။
လက်ရှိအရေးအကြီးဆုံးကိစ္စမှာ တိဗက်မြင်းစစ်သည်သုံးရာကို လျင်မြန်စွာချေမှုန်းရန် လက်ရှိအခွင့်အရေးအပေါ်အမြတ်ထုတ်ရန်ဖြစ်သည်။ အကယ်၍သူတို့ကိုလွတ်မြောက်ရန်ခွင့်ပြုခဲ့ပါက သူတို့သည် မဟာထန်ထဲသို့ ပိုမိုနက်ရှိုင်းစွာစွန့်စားဝင်ရောက်ပြီး သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လက်တုံ့ပြန်ဖျက်ဆီးသွားမည်ကို မည်သူသိနိုင်မည်နည်း။
ဟောင်းလောင်း
ဒိုင်းကိုင်ဆောင်သူလေးရာတို့သည် သူတို့၏ဒိုင်းများကိုမြှောက်လိုက်ကြပြီး တိဗက်မြင်းစစ်သည်များဆီသို့ချီတက်လိုက်ကြသည်။
ဘုန်းးး
ထိုထူထဲမြင့်မားသောဒိုင်းများသည် ကုန်းပြင်မြင့်မြင်းများနှင့်ပြင်းထန်စွာတိုက်မိသွားခဲ့ကြသည်။
ဟီးးး
ဤကုန်းပြင်မြင့်မြင်းများသည် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ကြသော်လည်း ၎င်းတို့၏အရိုးများနှင့်အရွတ်များသည် ဒိုင်းနောက်ကွယ်ရှိ မယုံနိုင်လောက်အောင်ပြင်းထန်သော စွမ်းအားအောက်တွင်ကျိုးကြေသွားခဲ့ကြသေးသည်။
မြင်းစီးစစ်သည်များ၏ တဟုန်ထိုးချီတက်မှုကို တောင့်ခံနိုင်ရန်မှာ ဤဒိုင်းကိုင်ဆောင်သူများ၏ခွန်အားသည် အင်မတန်ကြီးမားလှသည်။ အကယ်၍သင်ကဤဒိုင်းကိုင်ဆောင်သူများ၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ရန်သူများကိုခုခံကာကွယ်ရန်ဖြစ်မည်ဟုယူဆထားပါက သင့်ထက်မှားယွင်းနိုင်သောသူမရှိတော့ပေ။ သူတို့သည်စွမ်းအားကြီးမားသော တိုက်ခိုက်ခြင်းလက်နက်များလည်းဖြစ်ကြ၏။
နာကျင်စွာ ဟီသံများကြားတွင် ကုန်းပြင်မြင့်မြင်းများသည် မြေကြီးပေါ်လဲပြိုကျသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် နောက်တန်းရှိ မဟာထန်မြင်းတပ်သည်လည်း သူတို့၏ချီတက်မှုကိုစတင်လိုက်ကြသည်။
တခဏချင်းမှာပင် တိဗက်များသည် ရှေ့နှင့်နောက်နှစ်ဖက်စလုံးမှညှပ်တိုက်ခံလိုက်ကြရသည်။ သူတို့၏ အခင်းအကျင်းသည် ပရမ်းပတာဖြစ်သွားခဲ့ကာ နောက်ဆုံးတွင် ယိုယွင်းပျက်ပြားသွားခဲ့တော့သည်။
မဟာထန်နှင့်ဝူရှန်းတို့ မရေမတွက်နိုင်သော တိုက်ပွဲများအပြီးတွင် တိဗက်မြင်းတပ်များ၏ ဟိုတစ်စုဒီတစ်စုဖြစ်မှုများသိသာလာခဲ့သည်။
ဟောင်းလောင်လောင်
တခဏအတွင်းမှာပင် တိဗက်မြင်းစစ်သည်သုံးရာတို့သည် သေခြင်းရှင်ခြင်းအခြေအနေသို့ ကျရောက်သွားခဲ့တော့သည်။
စစ်မြင်းများက စစ်မြင်းများနှင့်တိုက်မိသွားခဲ့ကြပြီး ဓားများကဓားများနှင့်တိုက်ခိုက်လိုက်ကြကာ ကြယ်တာရာ စွမ်းအင်များက ကြယ်တာရာစွမ်းအင်များနှင့် ယှဉ်ပြိုင်အန်တုလိုက်ကြပြီး ဒေါသတကြီးအော်ဟစ်သံများနှင့် နာကျင်စွာအော်ဟစ်သံများ... ဤအရာအားလုံးတို့သည် ဖရိုဖရဲဖြစ်နေသည့်မြင်ကွင်းတွင် ပေါင်းစည်းပါဝင်နေခဲ့ကြသည်။
【တိဗက်မြင်းစစ်သည်၂၃ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၂၄ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၂၅ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
...
【တိဗက်မြင်းစစ်သည်၃၇ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၃၈ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၃၉ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိဗက်မြင်းစစ်သည်၄၀ဦးကိုသတ်ဖြတ်ခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
---
တိဗက်မြင်းစစ်သည်များလဲကျသွားသည်နှင့် သတိပေးချက်များက ဝမ်ချောင်၏ခေါင်းထဲ အဆက်မပြတ်ပေါ်ထွက်လာခဲ့သည်။
ဟူးလောင်
အဆုံးမရှိပုံရသော စွမ်းအင်အရင်းအမြစ်များသည် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲတိုးဝင်လာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင ်စစ်မြေပြင်ပျက်စီးခြင်းချီစက်ကွင်းသည်လည်း နောက်တစ်ကြိမ်ကျယ်ပြန့်လာခဲ့သည်။ လှပသော်လည်း ခန့်ညားထည်ဝါသည့်အဖြူယောင် လှိုင်းဂယက်များက ၎င်းတို့၏နယ်နိမိတ်များကိုပို၍ချဲ့ထွင်ထာကြသည်ကို ဝမ်ချောင်မြင်နိုင်ပေသည်။
"အံ့မခမ်းပဲ"
သူ့ခွန်အားများ အဆက်မပြတ်တိုးတက်လာသည့် အံ့ဩဖွယ်ရာ ခံစားမှုတွင် သူ့ကိုယ်သူစီးမျောစေလျက် ဝမ်ချောင်မျက်လုံးများပိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ရှိဆဲလ်တိုင်းကအားရကျေနပ်စွာအော်ဟစ်နေကြသကဲ့သို့ပင်။
တိဗက်မြင်းစစ်သည်သုံးရာတို့သည် သေရမည့်သူများဖြစ်ကြသောကြောင့် တိုက်ပွဲထဲတွင် သူနောက်ထပ်ဝင်ပါစရာမလိုတော့ပေ။
အမှန်တွင် ကွပ်ကဲသူတစ်ယောက်အတွက်ကိုယ်တိုင်ဝင်ပါစရာလည်းမလိုအပ်ပေ။ ဝမ်ချောင်သူ့အစီအစဉ်ကို အောင်မြင်စွာအကောင်အထည် လိုက်နိုင်ချိန်မှစ၍ သူနိုင်သွားပြီဆိုသည်ကို သူသိပေသည်။
ဆိုရိုးစကားအတိုင်းပင် "နက်ရှိုင်းစွာလေ့လာသုံးသပ်ထားသူကတိုက်ပွဲကိုအောင်နိုင်သူဖြစ်၏။" ထိုသည်က ကွပ်ကဲသူတစ်ဦးတာဝန်ယူရမည့် တကယ့်အခန်းကဏ္ဍဖြစ်သည်။
ဝမ်ချောင်ဖမ်းဆုပ်ထားသည့် နည်းဗျူဟာများနှင့်နှိုင်းယှဉ်ရပါက ဤခေတ်ရှိတိုက်ပွဲနည်းဗျူဟာများသည်များစွာ လိုအပ်နေသေးသည်။
သူတို့သည် တိုက်ပွဲဆင်ခြင်းက အခင်းအကျင်းတစ်ခုတွင် တပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းကာတိုက်ပွဲအနိုင်ရရန် မိမိတို့အလိုရှိသမျှကို အသုံးချခြင်းသာဖြစ်သည်ဟူသော အယူအဆနှင့်စွဲငြိနေခဲ့သေးသည်။
သူ့ယခင်ဘဝတွင် ဤလောကသို့ဝမ်ချောင် ပထမဆုံးရောက်ရှိချိန်က ဤကမ္ဘာပေါ်တွင် အဆင့်မြင့်သိုင်းပညာများရပ်တည်ရှိနေသော်လည်း စစ်ပွဲဆင်ခြင်းသည် အလွန်မဖွံ့ဖြိုးသေးကြောင်း သူသဘောပေါက်ထားပြီးဖြစ်သည်။
အသုံးပြုထားသော နည်းဗျူဟာများသည်ရိုးရှင်းလွန်းလှသည်။ ဥပမာအားဖြင့် တိဗက်လူမျိုးများသည်မြင့်မားသောအနေအထားမှ ချီတက်ခြင်းမှရရှိသောအကျိုးကျေးဇူးများအပေါ် အလွန်အမင်းအားကိုးအားထားပြုထားကြသည်။
တစ်ဖက်တွင်မူ မဟာထန်သည် သူတို့အားရပ်တန့်ရန်မြင့်မားသောဒိုင်းများကို အသုံးပြုရန်အထိ ထက်မြက်သော်လည်းကျရှုံးပါက နောက်ဆက်တွဲအစီအစဉ်ကိုပြင်ဆင်ထားရန် ပျက်ကွက်ခဲ့သည်။
စစ်ရေးနည်းဗျူဟာများကို အဓိက အမျိုးအစားနှစ်မျိုးဖြစ်သော သမားရိုးကျနှင့်ဆန်းသစ်ခြင်းဟူ၍ခွဲခြားထားသည်။ သမားရိုးကျနည်းဗျူဟာများမှတဆင့် တစ်ယောက်သည် ၎င်း၏တပ်ဖွဲ့ကိုထိုးစစ်သို့မဟုတ် ခံစစ်ကိုပြင်ဆင်ရန်စီစဉ်နိုင်သော်လည်း ဆန်းသစ်သည့်နည်းဗျူဟာများမှတဆင့် တစ်ယောက်သည် ၎င်း၏ပြိုင်ဘက်ထက်သာလွန်နိုင်လိမ့်မည်ဖြစ်ပြီး အောင်ပွဲခံနိုင်ပေလိမ့်မည်။
ဤလောကရှိစစ်တပ်များသည် "သမားရိုးကျ" ရှုထောင့်တွင်ကောင်းမွန်ကြသော်လည်းသူတို့၏ နည်းဗျူဟာတွင် "ဆန်းသစ်သော" ပဲ့ကိုင်ခြင်းများပြတ်လပ်နေခဲ့ကြသည်။ ဤအရာအပေါ်အခြေခံ၍ဝမ်ချောင်သည် မဟာစစ်သူကြီးများဖြစ်စေ၊ အပ်နှင်းခံထားရသော စစ်သူကြီးများဖြစ်စေ၊ ကာကွယ်ရေးစစ်သူကြီးများဖြစ်စေ စစ်သူကြီးအများစုထက်သာလွန်နိုင်ခဲ့ပြီးတိုင်းပြည်အကြီးအကဲများ၏ ထောက်ခံမှုကိုအောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဤလောကရှိ ကြောက်မက်ဖွယ်ကောင်းသော စစ်သူကြီးများအားလုံးတွင် သူသည်ထိပ်ဆုံးသို့တက်လှမ်းကာသူ့ကိုယ်သူ "တိုက်ပွဲသူတော်စင်" ဘွဲ့ကိုဆွတ်ခူးနိုင်ခဲ့သောတစ်ဦးတည်းသောသူဖြစ်သည်။
ဤတိုက်ပွဲသည် အခြားသူများအတွက ်သေခြင်း၊ရှင်ခြင်းတိုက်ပွဲဖြစ်နိုင်သော်လည်း ဝမ်ချောင်အတွက်မူပန်းခြံထဲလမ်းလျှောက်သကဲ့သို့ပင်။
ဟူးလောင်လောင်
ကုန်းပြင်မြင့်မြင်းများ တစ်ကောင်ပြီးတစ်ကောင်လဲကျသွားခဲ့ကြပြီးတိဗက်မြင်းတပ်၏စစ်သည်များ တစ်ဦးပြီးတစ်ဦး အသတ်ခံလိုက်ရသည်။
【တိုင်းတစ်ပါးသားစစ်သည်၁၇၁၈ဦးကျဆုံးခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိုင်းတစ်ပါးသားစစ်သည်၁၇၁၉ဦးကျဆုံးခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိုင်းတစ်ပါးသားစစ်သည်၁၇၂၀ဦးကျဆုံးခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
...
【တိုင်းတစ်ပါးသားစစ်သည်၁၈၃၄ဦးကျဆုံးခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိုင်းတစ်ပါးသားစစ်သည်၁၈၃၅ဦးကျဆုံးခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
【တိုင်းတစ်ပါးသားစစ်သည်၁၈၃၆ဦးကျဆုံးခြင်းအတွက်အသုံးပြုသူအားဂုဏ်ယူပါသည်။】
---
တိဗက်မြင်းစစ်သည် သေဆုံးသည့်အရေအတွက်က တစ်ရာသို့ရောက်လာသောအခါ ဝမ်ချောင်၏ခေါင်းထဲတွင် ကွဲပြားသည့် သတိပေးချက်ပေါ်လာခဲ့သည်။ ၎င်းကဝမ်ချောင်ပြီးခဲ့သည့်အချိန်များက စုဆောင်းခဲ့သောတိုင်းတစ်ပါး စစ်သည်များအသတ်ခံခဲ့ရသည့် အရေအတွက်ကိုပြသခဲ့သည်။
ထိုသတိပေးချက်ကိုကြည့်ကာ သူသည်စစ်မြေပြင်ပျက်စီးခြင်းအဆင့်နှစ်သို့ ရောက်ရန်သိပ်မလိုတော့ပေ။
"အားးးး"
ကျယ်လောင်သော အော်ဟစ်သံတစ်ခုထွက်ပေါ်လာခဲ့၏။ ထိုတိဗက်ကွပ်ကဲသူသည် နောက်ဆုံးတွင်ကြယ်ခုနစ်ပွင့်စစ်တပ်ကွဲကဲသူ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။
သူတို့၏ ခေါင်းဆောင်အသတ်ခံလိုက်ရခြင်းနှင့်အတူ ကျန်ရှိနေသည့်တိဗက်မြင်းတပ်သည် ကြောက်လန့်စွာထွက်ပြေးလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် စက်ရုပ်သံတစ်ခုထွက်ပေါ်လာပြီး စစ်ပွဲပြီးဆုံးကြောင်းအချက်ပြလာခဲ့သည်။
【သူတစ်ပါးတိုင်းပြည်ထဲဝင်ရောက်လမ်းသလားနေသည့် တိဗက်မြင်းစစ်သည်သုံးရာကိုသတ်ဖြတ်ပြီး ကံကြမ္မာကိုပြောင်းလဲစေခဲ့ခြင်းအတွက် အသုံးပြုသူအားဂုဏ်ယူပါသည်။ ဆုလာဘ်- ကံကြမ္မာမှတ်၃မှတ်】
-------------------------